Friday, March 26, 2021

သစ်ထူးလွင်

သစ်ထူးလွင်


မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေ ကန် နဲ့ ဗြိတိန် အမည်မည်း စာရင်း သတ်မှတ်

Posted: 25 Mar 2021 04:23 PM PDT

မှတ်တမ်းဓါတ်ပုံ - ၂၀၁၉မတ်လ တုန်းက ကျင်းပတဲ့ တပ်မတော်နေ့အခမ်းအနား။မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းခဲ့ပြီး၊ ဆန္ဒပြပြည်သူတွေ အသက်ဆုံးပါးတဲ့ အထိ ရက်ရက်စက်စက် နှိမ်နင်းနေတဲ့ မြန်မာစစ်တပ် ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကို အမေရိကန်ပြည်ထောင်စုကရော ဗြိတိန်အစိုးရကပါ ကြာသပတေးနေ့မှာ အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့ပါတယ်။မြန်မာစစ်တပ်ဟာ စက်ဆုပ်ရွံရှာဖွယ် အကြမ်းဖက်မှုတွေနဲ့ မတရားပြုကျင့် နေ

တောင်ကြီးမှာ Smoke ဗုံး ၇ လုံးခန့်နဲ့ အတူ လူငယ် ၁ ဦး ရိုက်နှက် ဖမ်းဆီးခံရ

Posted: 25 Mar 2021 04:18 PM PDT

ပုံစာ - ရိုက်နှက် ဖမ်းဆီးခံရတဲ့ စည်သူထွေး (ခ) စိုးမိုးအောင်။တောင်ကြီး၊ မတ် ၂၅၊ ၂၀၂၁ ရှမ်းပြည်နယ် တောင်ကြီးမြို့ ချမ်းမြသာစည် ရပ်ကွက်မှာ မတ်လ ၂၄ ရက် ညပိုင်းက လူငယ် ၁ ဦး Smoke ဗုံး ၇ လုံးခန့်နဲ့ အတူ ရိုက်နှက် ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။  "သူငယ်ချင်းအိမ်က ပြန်လာတာ နည်းနည်း မိုးချုပ်သွားတာ၊ ဆိုင်ကယ်ကိုတွန်းလဲှ လူကိုရိုက်နှက်ပြီး ဖမ်းသွားတာ။ ဆိုင်ကယ် ထဲမှာ Smoke ဗုံးတွေ ပါသွားတယ်။ တောင်လေးလုံးကို

ဒေါ်အောင်ဆန်းစုကြည် ရှေ့နေနဲ့ တွေ့ခွင့်ရတော့မလား

Posted: 25 Mar 2021 04:08 PM PDT

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသင်တန်းကျောင်းဖွင့်ပွဲမှာတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဖေဖော်ဝါရီလ ၁ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပုဒ်မ ၅ မှုနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် ရှေ့နေနှစ်ဦးရဲ့ ကိုယ်စားလှယ်လွှဲစာကို မတ်လ ၂၅ ရက်နေ့မှာ ရဲတပ်ဖွဲ့ဘက်က ပထမဆုံးအကြိမ် ထုတ်ပေးလိုက်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုမှာ လိုက်ပါဆောင်ရွက်ပေးဖို့ ဝါရင့်ရှေ့နေကြီးတွေ

ဖခင်ရင်ခွင်ထဲက ကလေးသေဆုံးရမှု မြန်မာစစ်တပ်ရဲ့ ကြောက်မက်ဖွယ်စရိုက်ကိုဖော်ပြ (ကန်နိုင်ငံခြားရေးရုံး ကြေညာချက်)

Posted: 25 Mar 2021 04:04 PM PDT

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Ned Priceကလေးငယ်တွေ အပါအဝင် ပြည်သူတွေကို မြန်မာစစ်တပ်က သတ်ဖြတ်နေတာ အတွက် အမေရိကန်ပြည်ထောင်စုက ပြင်းပြင်းထန်ထန် ရုတ်ချကြောင်း မတ်လ ၂၅ ရက် ကြာသပတေးနေ့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ကလေးငယ်အများအပြား အပါအဝင် ပြည်သူ ၂၇ ယောက် ထက်မနည်း သေဆုံးခဲ့ရတဲ့ အထိ လုံခြုံရေးတပ်တွေက မြန်မာပြည်သူတွေ အပေါ်

အကြမ်းဖက်နှိမ်နင်းမှု ရပ်တန့်ဖို့ အင်ဒို နဲ့ စင်္ကာပူ တိုက်တွန်း

Posted: 25 Mar 2021 04:03 PM PDT

စင်္ကာပူ နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးများမြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်လှုပ်ရှားမှုတွေအပေါ် အကြမ်းဖက် နှိမ်နင်းနေတာတွေကို ရပ်ဖို့ အင်ဒိုနီးရှားနဲ့ စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးတွေက တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေး အကျပ်အတည်းတွေ အပေါ်မှာ စိုးရိမ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီး ၂ ဦးစလုံးက ပြောဆိုခဲ့ကြတာပါ။"မြန်မာနိုင်ငံက လက်ရှိအခြေအနေအပေါ် စိုးရိမ်

မြေပေါ်တစ်လှည့် ရေပေါ်တစ်ခါ ဆန့်ကျင်ဆန္ဒပြတဲ့ မြို့လေးတစ်မြို့

Posted: 25 Mar 2021 04:00 PM PDT

ဧရာဝတီတိုင်းက တစ်ခြားမြို့တွေလိုပဲ ဝါးခယ်မမှာ စစ်အာဏာသိမ်းဆန့်ကျင် ဆန္ဒပြပွဲတွေက ပုံစံမျိုးစုံနဲ့ ဆက်ဖြစ်နေဆဲပါ။သူတို့မြို့မှာ နောက်ဆုံးအကြိမ် ရိုက်နှက်ပစ်ခတ်ဖြိုခွဲခံခဲ့ရတာက မတ်လ ၂၂ ရက်နေ့ကဖြစ်ပြီး ဒီနေ့ မတ်လ ၂၅ ရက်နေ့မှာလည်း အဲဒီမြို့ကျဉ်းကျဉ်းလေးထဲက ရပ်ကွက်တစ်ချို့မှာ လူငယ်လေးတွေရဲ့ ဆန္ဒပြဟစ်ကြွေးသံတွေ ပေါ်ပေါ်လာနေဆဲပဲလို့ မြို့ခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။"ဒီမြို့မှာ ဆန္ဒပြသူ တစ်ယောက်မှ မ

ဦးပိုင်နဲ့ MEC ကိုအမေရိကန်နဲ့ဗြိတိန်တို့က အရေးယူ

Posted: 25 Mar 2021 03:57 PM PDT

ဦးပိုင်ရဲ့ MEC ထွက်ကုန်တွေကို လူအများကသပိတ်မှောက်နေကြမြန်မာစစ်တပ်ပိုင် ကုမ္ပဏီကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် MEHL ကို အမေရိကန်နဲ့ ဗြိတိန်တို့က ပိတ်ဆို့ အရေးယူကြောင်း မတ်လ ၂၅ ရက်နေ့မှာထုတ်ပြန်ကြေညာလိုက်ပါတယ်။အမေရိကန်က ဦးပိုင်ကို ပိတ်ဆို့အရေးယူကြောင်းကြေညာပြီးနောက်မှာ ဗြိတိန်ကလည်း အမေရိကန်နဲ့ အတူသူတို့ကလည်း ဦးပိုင်ကိုပိတ်ဆို့အရေးယူကြောင်း ကြေညာခဲ့ပါတယ်။ဗြိတိန်ရဲ့ ကြေညာချက်ထွက်ပေါ်လာ

နိုင်ငံတဝန်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြတဲ့ သေဆုံး၊ ဒဏ်ရာရသူတွေ ထပ်တိုး

Posted: 25 Mar 2021 10:11 AM PDT

မတ်လ ၂၂ ရက်နေ့ မန္တလေးမြို့ သပိတ် စစ်ကြောင်း ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတဦးကို သယ်ဆောင်နေတဲ့ မြင်ကွင်း။ (မတ် ၂၂၊ ၂၀၂၁)စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်မှုတွေ နိုင်ငံတဝန်း နည်းမျိုးစုံနဲ့ ဆက်လက် ပြုလုပ်နေကြတဲ့တချိန်ထဲမှာပဲ အကြမ်းဖက် ဖြိုခွဲမှုတွေလည်း ဆက်တိုက်ရှိနေတာကြောင့် နေ့စဉ်နီးပါး အသက်ဆုံးရှုံးမှုတွေ ဖြစ်နေတာပါ။ မြန်မာနိုင်ငံတဝန်း ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွဲခဲ့တဲ့ နောက်ဆုံး အခြေအနေတွေ

နိုင်ငံတဝန်း အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖြစ်ပေါ်

Posted: 25 Mar 2021 10:08 AM PDT

ကလေးမြို့ ဆိုင်ကယ်သပိတ်စစ်ကြောင်းမြင်ကွင်း။ (ဓာတ်ပုံ - CJ- မတ် ၂၅၊ ၂၀၂၁)မြန်မာနိုင်ငံအနှံ့မြို့တွေမှာ မနေ့ ဗုဒ္ဓဟူးနေ့က အသံတိတ်သပိတ်ဆင်နွှဲခဲ့ကြပေမဲ့ ဒီကနေ့တော့ လမ်းမပေါ်ချီတက်ဆန္ဒပြတာတွေ ပြန်လုပ်လာကြပါတယ်။ ရန်ကုန်၊ မုံရွာ၊ မန္တလေး၊ မိတ္ထီလာ၊ ပခုက္ကူ၊ ပဲခူး၊ ထားဝယ်၊ ပြင်ဦးလွင်၊ ကသာစတဲ့မြို့တွေမှာ လူထောင်ချီပါဝင်တဲ့သပိတ်တွေ၊ အရုဏ်ဦးသပိတ်တွေအပြင် ဆိုင်ကယ်သပိတ်တွေ ပြုလုပ်ခဲ့ကြပါတယ်။မန္တလေးမြို့က

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အတွက် ရှေ့နေ ၂ ဦးသာ ပါဝါရ

Posted: 25 Mar 2021 10:06 AM PDT

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူတွေ့ရတဲ့ ဦးဝင်းမြင့်စစ်ကောင်စီဘက်ကနေ တရားစွဲဆိုတာခံရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ အမှုတွေအတွက် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးနဲ့ အထက်တန်းရှေ့နေ ဦးယုယချစ်တို့ ၂ ဦး ပါဝါရသွားပြီလို့သိရပါတယ်။"ပါဝါတင်တာ ရှေ့နေ ၆ ဦးမှာ ၂ ဦးပဲရတယ်။ ဆရာဦးခင်မောင်ဇော်မရပေမယ့် သူ့ညွှန်ကြားချက်အတိုင်း အဖွဲ့နဲ့ လုပ်ဆောင်မှာပါ။ ဒေါ်အောင်ဆန်းစု

ရခိုင်အပြင် အဖိနှိပ်ခံတိုင်းရင်းသားပြည်သူတရပ်လုံးအတွက် ရပ်တည်မယ်လို့ အေအေပြော

Posted: 25 Mar 2021 10:05 AM PDT

အေအေအဖွဲ့ပြောခွင့်ရသူ ခိုင်သုခရခိုင့်တပ်တော် AA ဟာ အဖိနှိပ်ခံ ရခိုင်တွေတင်သာမက တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအတွက် ရပ်တည်မယ်လို့ AA အဖွဲ့ ပြောခွင့်ရသူ ခိုင်သုက ဘီဘီစီကိုပြောပါတယ်။AA ဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း တပ်မတော်နဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ခဲ့ပြီး အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ဒါပေမဲ့ အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်က AA ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာခဲ့တာကို ပြန်ရုတ်သိမ်းခဲ့ပါတယ်။

သုဝဏ္ဏ ရန်ကုန်သစ်မှာ စစ်တပ်နဲ့ရဲတို့က အင်အားသုံးဖမ်းဆီးနေ

Posted: 25 Mar 2021 10:01 AM PDT

သုဝဏ္ဏ ရန်ကုန်သစ်မှာ စစ်တပ်နဲ့ရဲတို့က အင်အားသုံးဖမ်းဆီးနေ ရဲတပ်ဖွဲ့ဝင်တွေကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမှာ ၂၀၂၁၊ မတ် ၂၅ ရက်နေ့က တွေ့ရစဉ် / Photo: CJရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ရန်ကုန်သစ်ရပ်ကွက်ထဲက သောကြာပတ် ဆွမ်းလောင်းအသင်းကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ တို့က ဆွမ်းလောင်းရုံမှာရှိနေတဲ့ လူငယ် ငါးယောက်တို့ကို ဖမ်းဆီးသွားပါတယ်။ဆွမ်းလောင်းရုံထဲ ဆွမ်းချက်ပြုတ်တဲ့ အိုး၊ ခွက်

ရွှေဘိုမြို့နယ်မှာ လူ ၈၀ နီးပါး ဖမ်းဆီးခံထားရဆဲ

Posted: 25 Mar 2021 10:00 AM PDT

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှာ ဖေဖော်ဝါရီလ ၂၈ ရက်ကနေ မတ်လ ၂၄ ရက်နေ့အထိ၊ လူ ၈၁ ဦး အဖမ်းခံခဲ့ ရပြီး၊ အဲဒီထဲက ၆ ဦးကို မနေ့က ပြန်လွှတ်ပေးလိုက်တာကြောင့် စုစုပေါင်း ၇၅ ဦး အဖမ်းခံထားရဆဲ ဖြစ်ပါတယ်။အဖမ်းခံရသူအများစုဟာ ရွှေဘိုမြို့ပေါ် ရပ်ကွက်တွေကဖြစ်ပြီး တချို့လည်း ဆိတ်ခွန်၊ တည်တော၊ တက်တူ စတဲ့ အနီးတစ်ဝိုက်‌ ကျေးရွာတွေက ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။အဖမ်းခံရသူ ၇၅ ဦးအနက် ၆၀ ကို ပုဒ်မမျိုးစုံနဲ့ တရား

ခင်ဦး ပစ်ခတ်မှု CDMဝန်ထမ်းတစ်ဦးအပါအဝင် နှစ်ဦးကျဆုံး

Posted: 25 Mar 2021 09:52 AM PDT

ဓာတ်ပုံ -CJမုံရွာ၊မတ်-၂၅စစ်ကိုင်းတိုင်း၊ခင်ဦးမြို့တွင် ယနေ့နေ့လည်ပိုင်းက ပစ်ခတ်မှုဖြစ်ခဲ့ရာ အမျိုးသားသုံးဦး ကျည်ထိမှန်ပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။သေဆုံးသူနှစ်ဦးတွင် တစ်ဦးမှာ ခင်ဦးမြို့နယ်မြေတိုင်းစာရင်းရုံးမှ မြေတိုင်းစာရေးတစ်ဦးဖြစ်ပြီး CDMပြုလုပ်နေသူ ကိုတိုးဇော်အောင်ဖြစ်သည်။ကျန်တစ်ဦးမှာ အသက် ၁၉ နှစ်အရွယ် မောင်ဇော်ဝင်းမောင်ဆိုသူဖြစ်သည်။" ကားပေါ်က ဆင်းပြီး

စစ်ကိုင်းတိုင်း ခင်ဦးမြို့က နောက်ဆုံးအခြေအနေ

Posted: 25 Mar 2021 09:49 AM PDT

(၂၅/၃/၂၀၂၁)ခင်ဦးမြို့လူထုက အကြမ်းဖက်စစ်တပ်က အရာရှိ အိမ်တွေကို ဖျက်ဆီးသည်။ စစ်အရာရှိ (၂) ဦးအိမ်ဖျက်စီးခံရ။ရဲက လိုက်လံဖမ်းဆီးရာ တချို့ အဖမ်းခံရသည်။  လူထုက  ပြန်လွတ်ပေးဖို့ တောင်းဆိုရာက ပစ်ခတ်မှုတွေဖြစ်သည်။ အကြမ်းဖက်စစ်တပ်က စစ်ကူရောက်လာပြီး ပစ်ခတ်သည်။ အတည်မပြုနိုင်သေးသည့်သတင်းအရ စခန်းမှူး သေဆုံးပြီး ရဲ တချို့ဒဏ်ရာရသလို ပြည်သူ အနဲဆုံး (၃) ဦးကျဆုံးသည်ဟုဆို။ ရပ်ကွက်တွေထဲကို စစ်တပ်က ပစ်ခတ်၀င်ရောက်

ကလေးမြို့မှာ အသက် ၁၄ နှစ်အရွယ် Salai Mang Lam Tuang ဟာ စက်မှုဇုန်ကနေ Saikhua ရွာ ဘက်ကို ဆိုင်ကယ်မောင်းနေတုန်း အနောက်ကနေ စစ်ကားတစီးက တိုက်ပြီး၊ သေနတ်နဲ့လည်း ပစ်

Posted: 25 Mar 2021 09:45 AM PDT

 Chin World tlStp2onsorredh  ·မတ်လ ၂၁ ရက်နေ့ ညတွင် ကလေးမြို့မှာ အသက် ၁၄ နှစ်အရွယ် Salai Mang Lam Tuang ဟာ  စက်မှုဇုန်ကနေ Saikhua ရွာ ဘက်ကို ဆိုင်ကယ်မောင်းနေတုန်း အနောက်ကနေ စစ်ကားတစီးက တိုက်ပြီး၊ သေနတ်နဲ့လည်း ပစ်ကာ ဆလိုင်းမာန်လမ်းတွာမ်ကို ချူပ်နှောင်ပြီး စစ်ဆေးရုံကို ခေါ်ဆောင်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူဆီကနေ သိရပါတယ်။သူ့ကို ဆေးရုံမှာ (၄၅) ရက် နေခိုင်းမှာ ဖြစ်သလို စစ်ကားကို တိုက်တဲ့အတွက် အခုလို

တောင်ကြီးမြို့ တွင် ယနေ့ (မတ် ၂၅)ရက်ကျဆုံးသွားသူကို အကြမ်းဖက် စစ်ကောင်စီက တရွတ်တိုက်ဆွဲပြီးလုယူသွားတဲ့ ဗွီဒီယိုရုပ်သံဖြစ်ပါတယ်။

Posted: 25 Mar 2021 09:38 AM PDT

တောင်ကြီးမြို့ တွင် ယနေ့ (မတ် ၂၅)ရက်ကျဆုံးသွားသူကို အကြမ်းဖက် စစ်ကောင်စီက တရွတ်တိုက်ဆွဲပြီးလုယူသွားတဲ့ ဗွီဒီယိုရုပ်သံဖြစ်ပါတယ်။Video CJ SHAN News (Burmese Version)https://www.facebook.com/shannewsburmese

တောင်ကြီး လူငယ်(၄)ဦး ကျဆုံး၊ အမျိုးသမီး တဦးပါ

Posted: 25 Mar 2021 09:35 AM PDT

Photo by CJ သျှမ်းသံတော်ဆင့်၊မတ် ၂၅ရက် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ယနေ့ (မတ် ၂၅)ရက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့်လူငယ် ၄ဦး ကျဆုံးကာ၊ထိုထဲတွင် အမျိုးသမီး တဦး ပါရှိကြောင်း သတင်းရရှိသည်။ယနေ့ (မတ် ၂၅)ရက်မှာ အကြမ်းဖက် စစ်ကောင်စီသည် တောင်ကြီးတမြို့လုံးနီးပါးရှိ ဆန္ဒပြသပိတ်များကို ကျည်အစစ်သုံးကာ ဖြိုခွင်းမှုပြုလုပ်သဖြင့် လူငယ် ၄ဦး ကျဆုံးကာ၊ထိုထဲတွင် အမျိုးသမီး လူငယ်တဦးလည်း ပါရှိ

ဒေါ့ဖုန်းယန်မြို့နယ်က အာဏာသိမ်းစစ်တပ်၏ တပ်စခန်းတခုကို KIA သိမ်းပိုက်

Posted: 25 Mar 2021 09:05 AM PDT

ဒေါ့ဖုန်းယန်မြို့နယ် အလောဘွမ်တွင်အာဏာသိမ်းစစ်တပ်၏ တပ်စခန်းတခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIO/KIAမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကပြောသည်။" အောင်နိုင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး စစ်ဦးစီးချုပ်ရုံးကနေ အတည်ပြုပေးတာကတော့ မရှိသေးဘူး။ ဒါပေမယ့် ရှေ့တန်းက ရဲဘော်တွေသတင်းပို့လာတာကတော့ ဒီမနက် ၄နာရီနဲ့၅နာရီကြားမှာ သူတို့ သိမ်းပိုက်နိုင်ခဲ့ပြီဆိုပြီး ပြောခဲ့တယ်။ " ဟု

မိုးညှင်းမြို့ မိုးဒါစု ချောင်းတံတားတွင် ပစ်သတ်ခံရသည့် လူငယ်မှာ မြစ်ကြီးနားနည်းပညာတက္ကသိုလ်၏ ပြင်ပဆက်ဆံရေးတာဝန်ခံဟုသိရ

Posted: 25 Mar 2021 09:04 AM PDT

မိုးညှင်းမြို့ မိုးဒါစု ချောင်းတံတားတွင် ပစ်သတ်ခံရသည့် လူငယ်မှာ မြစ်ကြီးနားနည်းပညာတက္ကသိုလ်၏ ပြင်ပဆက်ဆံရေးတာဝန်ခံကိုစိုးနိုင်ထွန်းဖြစ်ကြောင်း  မြစ်ကြီးနားနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ထုတ်ထားသည်။ယနေ့ မတ်လ ၂၅ ရက်နေ့ နေ့လယ် ၁၂ နာရီက မိုးညှင်း သပိတ်ကို ရဲနှင့် တပ်မှ ဖြိုခွင်းခဲ့ရာ ၂ ဦး သေဆုံးခဲ့ပြီဖြစ်ပြီး တစ်ဦးမှာ ဝမ်းဗိုက်တွင် ကျည်ထိမှန်ခဲ့သောကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။Myitkyina News

စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်မနေဖို့ "ဝ" စစ်တပ်ကို လူငယ်တွေတောင်းဆို

Posted: 25 Mar 2021 08:57 AM PDT

စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်မနေဖို့ "ဝ" စစ်တပ်ကို လူငယ်တွေတောင်းဆို ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA / Photo- Reutersမြန်မာစစ်တပ်က ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတာကို ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA အနေနဲ့ နှုတ်ဆိတ်ကြည့်မနေဘဲ ပြည်သူတွေနဲ့အတူ ရပ်တည်ပေးဖို့ ဝ ပြည်နယ်က လူငယ်တွေကတောင်းဆိုလိုက်ပါတယ်။ဝ လူငယ်ကျောင်းသားတွေ၊ အမျိုးသမီးအဖွဲ့တွေ အပါအဝင် အဖွဲ့ ၁၀ ဖွဲ့က UWSA စစ်ဦးစီး

စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ MEC ကို အမေရိကန် ပိတ်ဆို့အရေးယူ

Posted: 25 Mar 2021 08:53 AM PDT

စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ MEC ကို အမေရိကန် ပိတ်ဆို့အရေးယူ မြန်မာတပ်မတော်သားများPhoto- Reutersအာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆက်နွယ်နေတဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကို ပိတ်ဆို့အရေးယူလိုက်ကြောင်း အမေရိကန်ပြည်ထောင်စုက မတ်လ ၂၅ ရက် ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။မြန်မာစစ်တပ်ဟာ ဒီမိုကရေစီအစိုးရကို အာဏာပြန်လွှဲပေးဖို့

မြန်မာ့အရေး ကုလ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ကန့်ကွက်သူမရှိ အတည်ပြု

Posted: 25 Mar 2021 08:52 AM PDT

အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကို အပြင်းအထန် ရှုတ်ချထားတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းကို အဖွဲ့ဝင်နိုင်ငံတွေကြား ခြွင်းချက်မရှိ အတည်ပြုခဲ့ပါတယ်။မြန်မာနိုင်ငံတဝန်း လူ့အခွင့်အရေးချိုးဖောက်နေမှုတွေ၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတွေ ကျူးလွန်နေသူတွေကိုလည်း တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ အရေးတကြီး လိုအပ်နေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက

ဖြူးရဲစခန်းအနီး ညပိုင်းပစ်ခတ်မှုဖြစ် ဒုတိယနှစ်ကျောင်းသားတစ်ဦးသေဆုံး

Posted: 25 Mar 2021 08:51 AM PDT

ပဲခူးတိုင်းဒေသကြီးဖြူးမြို့မှာ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြသူတစ်ဦးကို ဖမ်းဆီးထားတာကိုပြန်လွှတ်ပေးဖို့တောင်းဆိုတဲ့လူအုပ်ကို ပစ်ခတ်ရာကနေ လူ ၃ဦးခန့် သေနတ်ထိမှန်ခဲ့ပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။သေနတ်ကျည် ထိမှန်သေဆုံးခဲ့သူက‌တော့ ဖြူးမြို့ ဘူတာမြောက်လမ်း ၂၀ နေ ဒုတိယနှစ်ကျောင်းသား မောင်ရန်အောင် လို့လည်းသိရပါတယ်၊ဖြူးမြို့ရဲစခန်းရှေ့မှာ ပစ်ခတ်မှုတွေဖြစ်ခဲ့တာဖြစ်ပြီးတော့ ညနေပိုင်းက စစ်

မြန်မာ့မြေပေါ်မှ လက်နက်အားကိုးအနိုင်ကျင့်သည့် စစ်အာဏာရှင်စနစ်အမြစ်ဖြုတ် ဖယ်ရှားနိုင်ရေး အတွက် အလှူငွေများ ပြန်လည်လှူဒါန်းနိုင်ပြီဖြစ်ကြောင်း

Posted: 25 Mar 2021 08:48 AM PDT

မြန်မာ့မြေပေါ်မှ လက်နက်အားကိုးအနိုင်ကျင့်သည့် စစ်အာဏာရှင်စနစ်အမြစ်ဖြုတ် ဖယ်ရှားနိုင်ရေး အတွက် အားတက်သရော ပါဝင်လှူဒါန်းကြသူများအားလုံးကို မြန်မာပြည်သူများကိုယ်စား CRPH မှ အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါသည်။ဤသို့ အချိန်တိုအတွင်း နိုင်ငံပေါင်းစုံ လူမျိုးပေါင်းစုံမှ အားတက်သရော ပါဝင်လှူဒါန်းကြသည့်အတွက်လည်း အလွန်ပင် ဝမ်းမြောက်ဝမ်းသာဖြစ်ရပြီး လက်ရှိအချိန်အထိရရှိထားသော အလှူငွေများသည် မြန်မာနိုင်ငံ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.