Saturday, March 27, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ယနေ့ ကျရောက်သည့် ၇၆ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့တွင် အကြမ်းဖက်စစ်ကောင်စီ နှင့် ၎င်း၏ လက်ပါးစေ လက်နက်ကိုင်သောင်းကျန်းသူများသည် ဖက်ဆစ်များကဲ့သို့ပင် ပြုမူပြီး နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများ အား ပစ်ခတ်သတ်ဖြတ်ခဲ့ကြသည်။

Posted: 27 Mar 2021 07:59 AM PDT

ကြေညာချက် အမှတ် ( ၁၆/၂၀၂၁ )၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်မတ်လ (၂၇)ရက်၊ ၂၀၂၁ခုနှစ်။၁။ ယနေ့ ကျရောက်သည့် ၇၆ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့တွင် အကြမ်းဖက်စစ်ကောင်စီ နှင့် ၎င်း၏ လက်ပါးစေ လက်နက်ကိုင်သောင်းကျန်းသူများသည် ဖက်ဆစ်များကဲ့သို့ပင် ပြုမူပြီး နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများ အား ပစ်ခတ်သတ်ဖြတ်ခဲ့ကြသည်။၂။ အကြမ်းဖက်စစ်ကောင်စီ နှင့် ၎င်း၏ လက်ပါးစေ လက်နက်ကိုင်သောင်းကျန်းသူများ၏ ပစ်ခတ်သတ်ဖြတ်မှု အတွင်း လူ

တစ်နှစ်သားအရွယ်ကလေး ရာဘာကျည် ထိမှန်

Posted: 27 Mar 2021 07:18 AM PDT

(၂၇/၃/၂၀၂၁)ရန်ကုန် မရမ်းကုန်မြို့နယ် သမိုင်းမြို့သစ် ၁ ရပ်ကွက်တွင် ယနေ့ နေ့လယ် ၁ နာရီကျော်ခန့်က အကြမ်းဖက် စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်ဖြိုခွင်းမှုကြောင့် တစ်နှစ်သားအရွယ် ကလေးငယ်တစ်ဦး မျက်လုံးကို ရာဘာကျည်ထိမှန်ခဲ့သည်။အိမ်ရှေ့ ပလက်ဖောင်းမှာရှိနေစဉ် အပစ်ခံရ ခြင်းဖြစ်သည်ဟု မိဘများက ပြောသည်။ Burma News Networkhttps://www.facebook.com/burmanewsnetwork

ပခုက္ကူတွင် သေနတ်ထိမှန်သူ အနည်းဆုံး ၈ ဦးရှိပြီး ၅ဦးထက်မနဲ သေဆုံး၊

Posted: 27 Mar 2021 07:16 AM PDT

(၂၇/၃/၂၀၂၁)ပခုက္ကူတွင် သေနတ်ထိမှန်သူ အနည်းဆုံး ၈ ဦးရှိပြီး ၅ဦးထက်မနဲ သေဆုံး၊ ၂၀ဦးကျော် အဖမ်းခံရCrd# The Magway PostBurma News Networkhttps://www.facebook.com/burmanewsnetwork

မြန်မာစစ်တပ်ရဲ့ စခန်းတစ်ခု KNU သိမ်းပိုက်၊ စစ်တပ်သား ၁၀ ဦးသေဆုံး

Posted: 27 Mar 2021 07:14 AM PDT

မြန်မာစစ်တပ်ရဲ့ စခန်းတစ်ခု KNU သိမ်းပိုက်၊ စစ်တပ်သား ၁၀ ဦးသေဆုံး KNU က ထုတ်ပြန်တဲ့ မြန်မာစစ်ခစန်းတစ်ခုကို သိမ်းပိုက်ခဲ့ပုံ။ Photo - Thoolei Newsမတ်လ ၂၇ ရက်ဒီကနေ့မှာ မြန်မာစစ်တပ်ရဲ့ တပ်စခန်းတစ်ခုကို သိမ်းပိုက်လိုက်ကြောင်း ကရင်လွတ်မြောက်ရေး တပ်မတော် KNU/KLNA တပ်မဟာ ၅ က ကြေညာပါတယ်။မြန်မာစစ်တပ်ရဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ခြေမြန်တပ်ရင်း (၃၉၄) သီးမူထာ အခြေစိုက်စခန်းကို သိမ်းပိုက်လိုက်တာဖြစ်ပြီး

မတ်လ ၂၇ ရက်နေ့မှာ လူပေါင်း ၉၀ ကျော်ပစ်သတ်ခံရ

Posted: 27 Mar 2021 07:12 AM PDT

ဒီနေ့ မတ်လ ၂၇ ရက်နေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့သူတွေကို စစ်တပ်နဲ့ ရဲပစ်ခတ်လို့ သေဆုံးတဲ့သူ ၉၀ ကျော်ရှိသွားပြီလို့ AP၊ ရိုက်တာသတင်းဌာနနဲ့ Myanmar Now သတင်းဌာနက ဖော်ပြပါတယ်။သေဆုံးသူ စာရင်းတိတိကျကျကို RFA က သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။သေဆုံးမှုတွေထဲမှာတော့ ရန်ကုန်တိုင်း ဒလမှာ ၁၂ ယောက်၊ အင်းစိန်မှာ သုံးယောက်၊ ရှမ်းပြည်နယ် လားရှိုးမှာ သုံးယောက်၊

တပ်မတော်နေ့အခမ်းအနား အနောက်နိုင်ငံတွေမတက်၊ ရှစ်နိုင်ငံက စစ်သံတွေ တက်ရောက်ခဲ့တယ်လို့ဆို

Posted: 27 Mar 2021 07:09 AM PDT

နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ၇၆ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို ဒီမိုကရေစီ အနောက်နိုင်ငံတွေ အများအပြား မတက်ရောက်ခဲ့ကြဘူးလို့ Nikkei Asia သတင်းမှာဖော်ပြထားပါတယ်။ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဘက်က ရပ်တည်ပေးလေ့ရှိတဲ့ ရုရှားနဲ့ တရုတ် နိုင်ငံတို့အပြင် အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ့်တို့နဲ့ အာဆီယံနိုင်ငံတွေထဲက ဗီယက်နမ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့က စစ်သံတွေ အခမ်းအနားတက်ရောက်ခဲ့တယ်လို့လည်း အဲဒီသတင်းမှာ

တပ်မတော်နေ့ ပစ်ခတ်မှုတွေကြောင့် လုံခြုံရေးတပ်ဖွဲ့တွေကိုယ်တိုင်အရှက်တကွဲ ဖြစ်စေတယ်လို့ ဗြိတိသျှသံအမတ်ပြော

Posted: 27 Mar 2021 07:08 AM PDT

ဒီကနေ့ တပ်မတော်နေ့ ဆန္ဒပြမှုတွေကို နိုင်ငံတစ်ဝန်း ပစ်ခတ်မှုတွေကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူတွေသေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီးဗြိတိသျှသံအမတ် ဒန်ချက်ကကြေညာချက်ထုတ်ခဲ့ပါတယ်။"မြန်မာ့တပ်မတော်နေ့မှာ လက်နက်မဲ့ ပြည်သူတွေကို ပစ်ခတ်နေခြင်းအားဖြင့် လုံခြုံရေးတပ်ဖွဲ့‌တွေဟာ ၎င်းတို့ကိုယ်တိုင် အရှက်တကွဲအကျိုးနည်းဖြစ်‌စေခဲ့ပြီ ဖြစ်ပါတယ်။ ကလေးသူငယ်တွေအပါအ၀င် အပြစ်မဲ့ပြည်သူ အမြောက်အများအသက်ဆုံးရှုံး‌နေရပါတယ်။

၇၆ နှစ်မြောက် တပ်မတော်နေ့ ဂုဏ်သရေမှေးမှိန်ခဲ့ပြီလို့ ဥရောပသမဂ္ဂပြော

Posted: 27 Mar 2021 07:05 AM PDT

၇၆ နှစ်မြောက် တပ်မတော်နေ့ဟာ ကြောက်မက်ဖွယ်ရာနဲ့ ဂုဏ်သရေမှေးမှိန်စရာနေ့အဖြစ် အမြဲတမ်း အမှတ်ရစရာဖြစ်သွားပြီလို့ ဥရောပသမဂ္ဂက ပြောလိုက်ပါတယ်။ ကလေးတွေအပါအဝင် လက်နက်မဲ့ ပြည်သူတွေကို သတ်ဖြတ်တာဟာ ဘယ်လိုအကြောင်းပြချက်နဲ့မှလုပ်ခွင့်မရှိတဲ့ လုပ်ရပ်တွေပဲလို့လည်း ဆိုပါတယ်။BBC Burmesehttps://www.bbc.com/burmese/live/burma-56331237

သန်လျင်မြေ သွေးစွန်းခဲ့ပြီ

Posted: 27 Mar 2021 06:59 AM PDT

 မတ်လ ၂၇ ရက် ၂၀၂၁ သန်လျင်မြေသွေးစွန်းခဲ့ပြီ  7 ဦး ထိ 4 ဦး စိုးရိမ်ရ ၁ဦး ခေါင်းထိပွဲချင်းပြီသန်လျှင်မြို့နယ်တွင် မှ ဖို့မြေထိပ်တွင် မတ်လ ၂၇ ရက်နေ့တွင် စစ်ကောင်စီတပ်များ အကြမ်းဖက်နှိမ်နှင်းမှုကြောင့်ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။ ဒဏ်ရာရရှိသူများထဲမှ တစ်ဦးမှာ  စိုးရိမ်ရကြောင်းသိရှိရသည်။ သန်လျင် ပြည်သူများ ပြန်လည် ခုခံမှုကြောင့် ရဲ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး သန်လျင်ဆေးရုံကြီးသို့

သံအမတ်ကြီးသောမတ်စ်ဗိုက်ဒါ၏ကြေညာချက်

Posted: 27 Mar 2021 06:41 AM PDT

မတ် ၂၇၊ ၂၀၂၁မြန်မာ့တပ်မတော်နေ့တွင် လုံခြုံရေးတပ်ဖွဲ့များသည် ၎င်းတို့ကာကွယ်စောင့်ရှောက်ပါမည်ဟု ကတိသစ္စာပြုထားသည့် ကလေးများအပါအဝင်လက်နက်မဲ့ပြည်သူများကို နိုင်ငံတစ်ဝန်း၌ သတ်ဖြတ်နေပါသည်။ ဤသွေးမြေကျမှုမှာ ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းလှသည်။ ဤလုပ်ရပ်များသည် အရည်အချင်းပြည့်ဝသောတပ်မတော်တစ်ရပ် သို့မဟုတ် ရဲတပ်ဖွဲ့၏လုပ်ရပ်များမဟုတ်ပါ။ စစ်တပ်အုပ်ချုပ်မှုအောက်တွင် မနေထိုင်လိုကြောင်း မြန်မာပြည်သူလူထုက ရှင်းလင်း

နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန် ရေကစားမဏ္ဍပ် နှင့် မန္တလေး သင်္ကြန် ဗဟိုမဏ္ဍပ် စတင်ဆောက်လုပ်

Posted: 27 Mar 2021 06:22 AM PDT

နေပြည်တော်၊ မတ် ၂၆၊ ၂၀၂၁နေပြည်တော် မြို့တော်ဝန် ရေကစားမဏ္ဍပ်ကြီးကို ပျဉ်းမနား - တောင်ညို ကားလမ်းဘေး နေပြည်တော် မြို့တော်ခန်းမ ရှေ့မှာ တည်ဆောက်နေတာကို ဒီနေ့ နေ့လယ်ပိုင်းက မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။သတင်း - ကိုထွန်း (VOM)မန္တလေး သင်္ကြန် ဗဟိုမဏ္ဍပ် စတင်ဆောက်လုပ်မန္တလေး၊ မတ် ၂၇၊ ၂၀၂၁မြန်မာနိုင်ငံမှာ ဆန္ဒပြမှုတွေရှိနေပေမယ့်လည်း နီးကပ်လာတဲ့ မြန်မာ့ ရိုးရာ သင်္ကြန် ပွဲတော် ကျင်းပဖို့အတွက် မန္တလေး

ရန်ကုန်မြို့က အမေရိကန်စင်တာ သေနတ်ပစ်ခံရ

Posted: 27 Mar 2021 06:15 AM PDT

ဓာတ်ပုံ - အင်တာနက် စာမျက်နှာရန်ကုန်၊ မတ် ၂၇၊ ၂၀၂၁ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက အမေရိကန် စင်တာဟာ မတ်လ ၂၇ ရက် နေ့လယ်ပိုင်းက သေနတ်နဲ့ အပစ်ခံ ခဲ့ရတယ်လို့ မြန်မာနိုင်ငံ အမေရိကန် သံရုံးရဲ့ တွစ်တာ စာမျက်နှာမှာ ဖော်ပြထားပါတယ်။ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သတင်းရရှိပြီး ဒီကိစ္စကို စုံစမ်းစစ်ဆေး နေတယ်လို့လည်း သံရုံးက ဆက်လက် ရေးသားထားပါတယ်။Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာhttps://

ဗန်မော်မြို့ သပိတ်တွင် ၃ ဦးကျဆုံး။

Posted: 27 Mar 2021 06:09 AM PDT

မတ်လ ၂၇ရက်နေ့ ဒီကနေ့ ဗန်းမော်မြို့ စစ်အာဏာဆန့်ကျင်သည့် သပိတ်စစ်ကြောင်းတွင် ၃ ဦးကျဆုံးသွားကြောင်းသိရသည်။သေဆုံး(၃)ဦးမှာ ပလောင်အမျိုးသမီး မရွှေမြင့်နှင့် အမျိုးသား ၂ဦးပါဝင်ကြောင်းသိရသည်။လက်ရှိသတင်းအရ သူရဲကောင်း ပလောင်အမျိုးသမီးဖြစ်သည့် မရွှေမြင့်၏ ရုပ်အလောင်းအား စစ်တပ်မှယူဆောင်သွားသည်ဟု သိရပြီး ကျန်(၂)ဦး၏ သတင်းအချက်လက်အား အသေးစိတ် မသိရသေးချေ။Kachin News Grouphttps://www.facebook.com/theKachinNews

ညောင်ဦးမှာ ပစ်ခတ်ခံရလို့ သေဆုံးသူနှစ်ဦးရှိ

Posted: 27 Mar 2021 06:07 AM PDT

ညောင်ဦးမှာ ပစ်ခတ်ခံရလို့ သေဆုံးသူနှစ်ဦးရှိသွားပါပြီ။ အရင်တယောက်က ကိုဝေဇင် အသက် ၃၅နှစ်ဖြစ်ပြီး နောက်တစ်ယောက်ကတော့  ဦးမြင့်ထွန်းအောင် ၊အသက်(၄၇) မင်္ဂလာသာစည်ရပ်၊အမှတ်(၅) ဖြစ်ပါတယ်။Voice of Myanmarhttps://www.facebook.com/VoiceofMyanmarNews

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၄၁ လမ်း ၈၇ လမ်းအနီးမှာ သတင်းယူရင်း Frontierသတင်းဌာနရဲ့ ဓါတ်ပုံသတင်းထောက် ကိုစည်သူလွင် ကျည်ဆံထိမှန်တဲ့ မှတ်တမ်း

Posted: 27 Mar 2021 06:06 AM PDT

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၄၁ လမ်း ၈၇ လမ်းအနီးမှာ သတင်းယူရင်း Frontierသတင်းဌာနရဲ့ ဓါတ်ပုံသတင်းထောက် ကိုစည်သူလွင် ကျည်ဆံထိမှန်တဲ့ မှတ်တမ်း ( ဘယ်လက်ကျည်ထိမှန်တာကြောင့် အကြောတချို့ထိခိုက်ပေမယ့် အသက်အန္တရာယ်မရှိပါ)ရိုက်ကူး ထက်ထက်Voice of Myanmarhttps://www.facebook.com/VoiceofMyanmarNews

KNU တပ်မဟာ ၅ မှ အကြမ်းဖက် စစ်စခန်းတပ်သိမ်းရာမှာ KNU သူရဲကောင်းတယောက်ကျဆုံးသွား

Posted: 27 Mar 2021 06:01 AM PDT

 27.3.2021ဒီမနက် KNU တပ်မဟာ ၅ မှ အကြမ်းဖက် စစ်စခန်းတပ်သိမ်းရာမှာ KNU သူရဲကောင်းတယောက်ကျဆုံးသွားရပါတယ် မွန်မြတ်စွာ အသက်ပေးလိုက်ရတဲ့ ရဲဘော် ရဲ့ မိသားစုနှင့်အတူ ထပ်တူ ဝမ်းနည်းရပါတယ်...အမျိုးသမီး နဲ့ ကလေး ၂ ယောက်ကျန်ခဲ့ပါတယ်

ကချင် ဖားကန့်မှာ ရဲကား ၃ စီး မိုင်းခွဲတိုက်ခိုက်ခံရ

Posted: 27 Mar 2021 05:58 AM PDT

KIA Kachin Soldiersကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ရဲကား (၃) စီး တိုက်ခိုက်ခံရသလို ဗန်းမော်မြို့နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ KIA ကချင်လွတ် လပ်ရေးတပ်ဖွဲ့တို့ အကြားတိုက်ပွဲဖြစ်ပွါးနေဆဲအခြေအနေအကြောင်း ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်နယ် ဆိပ်မူ-ဆိုင်းတောင်ကျေးရွာ ကျောက်သွေးတောင်လမ်းမှာ မနေ့ ညနေ (၄)နာရီ လောက်မှာ ကျောက်စိမ်းတူးဖော်ရေး လုံခြုံရေး

ဖက်ဆစ်တော်လှန်ရေးနေ့ဆန္ဒပြမှုများ ပစ်ခတ်ခံရ ၉ ၀ ထက်မနည်းသေဆုံး

Posted: 27 Mar 2021 05:56 AM PDT

မတ်လ ၂၇ ရက်ကို ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် ဆန္ဒပြမြင်ကွင်း။မြန်မာနိုင်ငံမှာ ဒီကနေ့ မတ်လ ၂၇ ရက်နေ့မှာ တပ်မတော်နေ့အခမ်းအနား ကျင်းပတဲ့နေ့မှာပဲ နိုင်ငံတဝှမ်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြကြသူတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ဒီနေ့တရက်တည်းမှာတင် ညနေစောင်းအထိ လူ ၉၀ ထက်မနည်း သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။အခုချိန်ထိ နောက်ဆုံးရရှိတဲ့ စာရင်းတွေအရ ရန်ကုန်တိုင်း၊ ဒလမြို့နယ်တခုတည်းမှာ မနေ့ညက

ပိတ်ဆို့ထားတဲ့ လမ်းတွေကို စစ်တပ်က လာရောက်ရှင်းလင်းချိန် အမျိုးသားတစ်ဦးရဲ့ လည်ပင်းကို ကျည်ဆံထိမှန်

Posted: 27 Mar 2021 04:48 AM PDT

မန္တလေး စစ်ကိုင်းမန္တလေးလမ်းနဲ့ ဘိုအိမ်လမ်းထောင့်မှ ညနေ ၅နာရီ ၃၅ အချိန်က လမ်းရှင်းရင်းနဲ့ စစ်ကားပေါ်ကဆင်းပစ်သွားလို အသက် ၃၀ကျော် အမျိုးသားတဦး လည်ပင်းကျည်ထိမှန်မန္တလေး၊ မတ် ၂၇- ၂၀၂၁မန္တလေးမြို့ ၈၄ လမ်း ဗိုလ်အိမ်လမ်းဒေါင့် (စစ်ကိုင်း- မန္တလေး) လမ်းပေါ်မှာ ပိတ်ဆို့ထားတဲ့ လမ်းတွေကို လာရောက်ရှင်းလင်းချိန်မှာ ပစ်ခတ်မှုတွေရှိခဲ့တာကြောင့် အမျိုး သားတစ်ဦးရဲ့ လည်ပင်းကို ကျည်ဆန်ထိမှန်ခဲ့ပါတယ်။အဲ့ဒီ

မရမ်းကုန်းမှာ စစ်တပ်က ပစ်ခတ်လို့ လူ ၂ ဦးသေဆုံးပြီး ၁ နှစ်အရွယ် ကလေးငယ်မျက်လုံး ရာဘာကျည်ထိမှန်

Posted: 27 Mar 2021 04:45 AM PDT

ရန်ကုန်၊မတ် ၂၇-၂၀၂၁မရမ်းကုန်းမြို့နယ် ၂ရပ်ကွက်မှာ ဒီနေ့ နေ့လယ် ၁နာရီလောက်က စစ်တပ်က ဝင်ရောက်ပစ်ခတ်ခဲ့လို့ လူ ၂ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၇ဦးရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။၂ရပ်ကွက်နေပြည်သူတစ်ဦးက "ခေါင်းကို ထိပြီးသေသွားတာပါ ဒဏ်ရာရတဲ့သူလည်းများ ဆေးရုံကို သွားလို့မရဘူး အပြင်ထွက်ရင်ပစ်တာ" လို့ VOMကို ပြောပါတယ်။သေဆုံးသူ နှစ်ဦးထဲက ၂ရပ်ကွက်မှာနေတဲ့ အသက် ၂၂အရွယ်ရှိ ကိုဝေဠုကတော့ ကျည်အစစ် ဦးခေါင်းထိမှန်

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဒုရင်းမှူးတစ်ဦးအပါအဝင် ၁၀ဦး ကျဆုံးကာ ၈ ဦးဖမ်းမိဟု KNU ပြော

Posted: 27 Mar 2021 04:42 AM PDT

မတ်လ ၂၇ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီမူတြော်(ဖာပွန်)ခရိုင်၊ သံလွင်မြစ်ကမ်းနံဘေးရှိ စစ်ကောင်စီ၏ သီးမူထာတပ်စခန်းကို ယနေ့နံနက် အစောပိုင်းက တက်ရောက်သိမ်းပိုက်ခဲ့ရာ တွင် စစ်ကောင်စီဘက်မှ ဒုရင်းမှူးအဆင့် တစ်ဦးအပါအဝင် ၁၀ ကျဆုံးပြီး ၈ ဦး အရှင်ဖမ်းဆီးရမိထားသည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ တပ်မဟာ ၅ ဘက်က ပြောသည်။ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်-တပခ လက်အောက်ခံ ခြေမြန်တပ်ရင်း -ခမရ ၃၄၉ ၏ သီးမူထာစခန်းအား ယနေ့

ဒလမြို့နယ်မှာ မတ် ၂၆ညပိုင်းပစ်ခတ်မှုတွေကြောင့် ၅ ဦးထက်မနည်းသေဆုံး

Posted: 27 Mar 2021 04:39 AM PDT

ကျည်ထိမှန်ကွယ်လွန်သူတစ်ဦးရန်ကုန်တိုင်း ဒလမြို့နယ်မှာ မတ်ည၂၆ရက် ညပိုင်းက ပစ်ခတ်မှုတွေကြောင့် သေဆုံးသူ၅ ဦးထက်မနည်းရှိခဲ့ပြီး ကျည်ထိမှန်ဒဏ်ရာရသူ ၂၀ထက်မနည်းရှိခဲ့တယ်လို့ ဒလမြို့ခံတွေထံကသိရပါတယ်။သမ္မတကမ်းခြေရပ်ကွက်ရှိ အမျိုးသမီးငယ်၂ ဦး အဖမ်းခံရတာကနေ ပြန်လွှတ်ပေးဖို့တောင်းဆိုရာက ရဲစခန်းအနီးလူစုလူဝေးနဲ့ဖြစ်ပေါ်ခဲ့ပြီး ရဲနဲ့တပ်ပူးပေါင်းအဖွဲ့က ပစ်ခတ်တာတွေရှိခဲ့ပါတယ်။"ညနေက ဖြစ်တဲ့ကိစ္စနဲ့ တပ်ကူတွေလာတယ်ဆို

ဟံသာဝတီယူနိုက်တက် ယူ ၂၁ အသင်းခေါင်းဆောင် ကျည်ထိမှန်သေဆုံး

Posted: 27 Mar 2021 04:36 AM PDT

ဟံသာဝတီယူနိုက်တက် ယူ ၂၁ အသင်းခေါင်းဆောင်ကိုချစ်ဘိုငြိမ်းဟံသာဝတီယူနိုက်တက် ယူ ၂၁ အသင်းခေါင်းဆောင်ကိုချစ်ဘိုငြိမ်းကျည်ထိမှန်ခဲ့တဲ့ ကိုချစ်ဘိုငြိမ်းကို သယ်ဆောင်လာစဉ်အင်းစိန်မြို့နယ်၊ ရွာမထိပ်က စစ်အာဏာသိမ်းဆန့်ကျင်သပိတ်ကို ဒီနေ့ မတ်လ ၂၇ ရက်မနက်က စစ်ကောင်စီရဲ့လက်နက်ကိုင်တပ်တွေ ပစ်ခတ်ဖြိုခွင်းရာ ဟံသာဝတီယူနိုက်တက်ဘောလုံးအသင်း ယူ ၂၁ အသင်းခေါင်းဆောင် ကိုချစ်ဘိုငြိမ်း သေနတ်ကျည်ဆန်ထိမှန်ပြီးသေဆုံးခဲ့ပါတယ်။

ယင်းမာပင်သပိတ် ပစ်ခတ်ဖြိုခွင်းရာက တစ်ဦးသေဆုံး၊ ဒဏ်ရာရသူတွေရှိ

Posted: 27 Mar 2021 04:33 AM PDT

ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦး အောင်ဇေယျတပ်ကုန်းမှာ ဒီကနေ့ မတ် ၂၇ မနက်ပိုင်းက လူထောင်ချီဆန္ဒပြရာမှာ ရဲနဲ့တပ်က ပစ်ခတိဖြိုခွင်းခဲ့တဲ့အတွက် လူတစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။"သေတဲ့သူက ဆားလင်းကြီးနယ်၊ရွာသာကျေးရွာက မောင်ဖိုးချမ်းဆိုတဲ့ အသက်၂၀အရွယ်ကောင်လေးပါ။ အခု အလောင်းက နေအိမ်ကိုရောက်ပါပြီ။ ဝမ်းဗိုက်ကို ထိသွားတာ။ ကျည်ထိတာ ၃ဦးရှိတယ်"လို့ မျက်မြင်ကြုံရသူက ဘီဘီစီကိုပြောပါ

မုံရွာမြို့ သာစည်လမ်း စိန်ပဒေသာစက်ဝန်းနီး တွင် ယနေ့မတ်(၂၇)က နေ့လယ် ၁နာရီခွဲက ပစ်ခတ်ရာ အမျိုးသား ၄ဦး ဒဏ်ရာပြင်းထန်စွာရပြီး ရတနာပုံ ကျောက်ကျင်းရပ်နေအမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံး

Posted: 27 Mar 2021 04:31 AM PDT

မုံရွာမြို့ သာစည်လမ်း စိန်ပဒေသာစက်ဝန်းနီး တွင် ယနေ့မတ်(၂၇)က နေ့လယ် ၁နာရီခွဲက ပစ်ခတ်ရာ အမျိုးသား ၄ဦး ဒဏ်ရာပြင်းထန်စွာရပြီး ရတနာပုံ ကျောက်ကျင်းရပ်နေအမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးကြောင်း ကနဦးသတင်းရရှိသည်။ခြေသလုံးမှန်သူ တစ်ဦး၊ ပေါင်ထိမှန်သူ တစ်ဦး၊တစ်ဦး၊လက်မောင်းထိသူ တစ်ဦး၊ဆီးခုံထိသူ တစ်ဦး တို့ရှိသည်။ဒဏ်ရာရသူများဆက်လက်ရှိနေပြီး  လူနာများအား ဆေးရုံများသို့ပို့ရန် လမ်းမများထက်တွင် တပ်ချထားမှုများရှိ၍

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.