သစ္ထူးလြင္ |
- အကြမ်းဖက် စစ်ကောင်စီ သည် ရပ်ကွက်ထဲရှိ နေအိမ်များထဲထိ လိုက်လံပစ်ခတ်နေ
- တောင်ကြီး ချယ်ရီကွင်းနား အကြမ်းဖက် စစ်ကောင်စီ ကျည်အစစ်ဖြင့် ပစ်ခတ် ကျည်ထိသူ (၄)ဦးရှိ အခြေအနေ ဆိုးရွားနေ ကြောင်းမြေပြင်သတင်းအရသိရသည်။
- အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုမှ ကေအဲန်ယူ - မူတြော်ခရိုင် အတွင်းရှိ ထီးဆွယ်နီးကျေးရွာ အနီးတဝိုက်ကို လေယာဉ်ဖြင့် လာရောက်ပစ်ခတ်
- စစ်ကောင်စီတပ်မှ KNU တပ်မဟာ (၅) နယ်မြေတွင်း လေယာဉ်ဖြင့် ထပ်မံပစ်ခတ်
- ဖားကန့်မြို့က ယနေ့ ဦးခေါင်းပွင့်ကျဆုံးရသူ၏ ရုပ်အလောင်းထားရှိရာ ရပ်ကွက်အတွင်း စစ်သားများက သေနတ်နှင့် ဝင်ရောက်ပစ်ခတ်ပြီး ဆဲဆိုကြိမ်းမောင်းမှုများ ပြုလုပ်ခဲ့ဟုဆို
- ယနေ့ စစ်ကိုင်းတိုင်းအတွင်းပစ်ခတ်မှု ၈ဦးကျဆုံး
- အဆိုတော်ထူးအယ်လင်း ရဲ့ အစ်မဖြစ်သူ-အကြမ်းဖက်ဖက်စစ်တပ်တွေ ပစ်သတ်မှုကြောင့် ကျဆုံး
- လှိုင်မြို့နယ် (သံလမ်း) ၏ ညသပိတ်
- တောင်ကြီး တွင် အာဏာသိမ်းစစ်ကောင်စီ စက်သေနတ်ပစ်၊ ကင်းသမား ၂ဦးထိမှန်ထား
- တောတောင်များတွင် ထွက်ပြေးပုန်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်များ အကူအညီလိုအပ်နေ
- အာဏာသိမ်းစစ်တပ်မှ လိုင်ဇာအနီးက KIA တပ်စခန်းများကို လက်နက်ကြီးဖြင့် (၄)ကြိမ်ပစ်ခတ်ခဲ့
- အာဏာသိမ်းစစ်တပ်မှ ကေအဲန်ယူ - တပ်မဟာ ၅ ထိန်းချုပ်နယ်မြေကို လေယာဉ်ဖြင့်လာရောက်ပစ်ခတ်
- ရန်ကုန်ဆန္ဒပြပွဲ သေဆုံးသူ ဆယ်ဂဏန်းရှိ
- စစ်အာဏာရှင်ဆန့်ကျင်ရေး မန္တလေးဆန္ဒပြပွဲ လူ ၁၀ ဦးမနည်းသေဆုံး
- မုံရွာ သာစည်လမ်း ပစ်ခတ်မှု နှစ်ဦးသေဆုံး
- ရွှေဘိုမြို့ ပစ်ခတ်မှု နေအိမ်အနီးစက်ဘီးစီးနေသော ကလေးငယ် အပါအဝင် သုံးဦးသေဆုံး
- မိုးကုတ်မြို့တွင် ရဲနှင့်စစ်တပ်က ဆန္ဒပြပြည်သူတွေကို ပစ်ခတ်
- မေမြို့(ပြင်ဦးလွင်) မှာ ၇ ဦးသေဆုံး
- ပြင်ဦးလွင်မှာ စစ်တပ် ပစ်သတ်တာကြောင့် သေဆုံးသူ ခြောက်ဦးရှိလာ
အကြမ်းဖက် စစ်ကောင်စီ သည် ရပ်ကွက်ထဲရှိ နေအိမ်များထဲထိ လိုက်လံပစ်ခတ်နေ Posted: 28 Mar 2021 07:15 AM PDT တောင်ကြီးမြို့ ယနေ့ (မတ် ၂၈) ရက် ညနေ ၅နာရီခွဲဝန်းကျင် အကြမ်းဖက် စစ်ကောင်စီ အဖွဲ့ ရမ်းသန်း ပစ်ခတ်ဖြိုခွင်းနေသည့်အတွက် ထိခိုက်ဒဏ်ရာရသူ အများအပြားရှိနေကြောင်း သိရသည်။အကြမ်းဖက် စစ်ကောင်စီ သည် ရပ်ကွက်ထဲရှိ နေအိမ်များထဲထိ လိုက်လံပစ်ခတ်နေကြောင်း သိရသည်။ဖမ်းဆီးခေါ်ဆောင်နေသူများပြားနေကြောင်းလည်း သိရသည်။Photo by CJSHAN News (Burmese Version)https://www.facebook.com/shannewsburmese |
Posted: 28 Mar 2021 07:12 AM PDT တောင်ကြီး ချယ်ရီကွင်းနား အကြမ်းဖက် စစ်ကောင်စီ ကျည်အစစ်ဖြင့် ပစ်ခတ် ကျည်ထိသူ (၄)ဦးရှိ အခြေအနေ ဆိုးရွားနေ ကြောင်းမြေပြင်သတင်းအရသိရသည်။ကျည်ထိမှန်သူများမှာ ခေါင်းထိ (၁)ဦးနှခေါင်းထိ (၁)ဦးပေါင်ထိ(၁)ဦးကျောထိ (၁)ဦးEdit-အူထွက်ကျသူများနဲ့ခေါင်းထိသူများပါတယ် ကျည်အစစ်နဲ့ပစ်တာပါ ဒဏ်ရာရသူများပြားSHAN News (Burmese Version)https://www.facebook.com/shannewsburmese |
Posted: 28 Mar 2021 07:09 AM PDT ၂၈ မတ်လ ၂၀၂၁ ခုနှစ် သူးလေသတင်းစဉ်ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် အတွင်းရှိ ထီးဆွယ်နီး ကျေးရွာ အနီးတဝိုက် ကို အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုမှ ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့ည ၇ နာရီ မှ နံနက် ၂ နာရီအထိ လေယာဉ် ၂ စင်း ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ပါသည်။ ထိုသို့ ပစ်ခတ်ရာတွင်နေအိမ်တစ်လုံးမီးလောင်ပျက်စီး၍ ထိုအိမ်အတွင်းတွင်နေထိုင်သော သူသည်လဲထိခိုက်သေဆုံးပြီးမီးလောင်ကျွမ်းခဲ့သည်။ထို့ပြင် အခြားသော |
စစ်ကောင်စီတပ်မှ KNU တပ်မဟာ (၅) နယ်မြေတွင်း လေယာဉ်ဖြင့် ထပ်မံပစ်ခတ် Posted: 28 Mar 2021 07:05 AM PDT မတ်လ ၂၈ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီမူတြော်ခရိုင် ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းနံဘေးရှိ ဟိုကေကျေးရွာထဲကို ယနေ့ မွန်းလွဲ ၃နာရီခွဲအချိန်တွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ စစ်လေယာဉ် ၂စင်းဖြင့် ၃ ကြိမ်တိတိ လာရောက်ပစ်ခတ်သွားသည်ဟု ဒေသခံများက ပြောသည်။ ဟိုကေဒေသခံရွာသားများသည် နေ့လည်ကတည်းက လွတ်မြောက်ရာသို့ ရှောင်တိမ်းသွားသည့်အတွက် အဆိုပါ ပစ်ခတ်မှုအတွင်း မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရရှိခဲ့မရှိကြောင်းလည်း |
Posted: 27 Mar 2021 10:08 AM PDT ဖားကန့်၊၂၇ဖားကန့်မြို့ ၊ အေးမြသာယာသပိတ်စစ်ကြောင်းအား ရဲနှင့် စစ်တပ်က ပစ်ခတ်ဖြိုခွင်းရင်း ဦးခေါင်းကို သေနတ်မှန်ပြီး ဦးခေါင်းပွင့် သေဆုံးခဲ့သည့် ကိုသန့်ဇော်ရုပ်အလောင်းထားရှိရာ မြို့မရပ်ကွက်အတွင်းသို့ ည (၉) နာရီခွဲခန့်အချိန်၌ စစ်သားများ မှရပ်ကွက်တွင်း ဝင်ရောက်လာပြီး လမ်းမတစ်လျှောက် သေနတ်များ တရစပ် ပစ်ဖောက်ခဲ့ကြောင်း သိရသည်။" ဘယ်ကောင်သေရဲလဲ သတ္တိရှိရင် လာခဲ့။ လမ်းပေါ်ထွက်ခဲ့ကြ"ဟု စစ်သားများက အော်ဟစ် |
ယနေ့ စစ်ကိုင်းတိုင်းအတွင်းပစ်ခတ်မှု ၈ဦးကျဆုံး Posted: 27 Mar 2021 09:56 AM PDT မုံရွာ၊မတ်-၂၇ယနေ့ (မတ်-၂၇)တရက်တည်းမှာပင် စစ်ကိုင်းတိုင်းရှိ မြို့နယ် ၄ ခု၌ ဆန္ဒပြလူထုနှင့် လမ်းများတပ်ဖြန့်ထားမှု၌တွေ့ဆုံမှုဖြစ်ရာ ရဲနှင့်စစ်တပ် ပစ်ခတ်မှုကြောင့် ကျဆုံးသူ ၈ဦးရှိခဲ့သည်။စစ်ကိုင်းမြို့တွင် ဆန္ဒပြလူထုအားပစ်ခတ်ရာ ကျဆုံးသူများမှာ ကိုအာကာ(၂၄နှစ်)၊သဗြုရွာနှင့် ကိုဘော် (၃၃နှစ်) ဇေယျာတို့ချဲ့ရပ်တို့ ဖြစ်သည်။ရွှေဘိုမြို့တွင် ကိုကောင်း (၁၉နှစ်)အမှတ် ၇ ရပ်၊ ကိုဇင်ထွန်း၂၁)နှစ်၊ညောင်ပင်သာရွာ |
အဆိုတော်ထူးအယ်လင်း ရဲ့ အစ်မဖြစ်သူ-အကြမ်းဖက်ဖက်စစ်တပ်တွေ ပစ်သတ်မှုကြောင့် ကျဆုံး Posted: 27 Mar 2021 09:22 AM PDT (၂၇/၃/၂၀၂၁)မရမ်းကုန်း လဝက ရုံးရှေ့က ထူးအယ်လင်းမိခင်အိမ်ကို အကြမ်းဖက်စစ်သားတွေက ဒီနေ့ နေ့လယ်ပိုင်းက ဝင်ပစ်ခတ်ခဲ့တာပါ။ ရရှိ ဒဏ်ရာနဲ့ အခု ညပိုင်းမှာ သေဆုံးသွားတာဖြစ်ပါတယ်။ ညီဖြစ်သူလဲ ထိမှန်ထားတယ်သိရပြီး နောက်ဆုံးအခြေအနေမသိရသေးပါဘူး။Burma News Networkhttps://www.facebook.com/burmanewsnetwork |
လှိုင်မြို့နယ် (သံလမ်း) ၏ ညသပိတ် Posted: 27 Mar 2021 09:18 AM PDT လှိုင်မြို့နယ် (သံလမ်း)မှာတော့ တစ်ညလုံး ည သပိတ်ဆင်နွှဲကြပါတယ်။ ယနေ့ မွန်းလွဲ ၄ နာရီခန့်က သံလမ်းသို့ စစ်အကြမ်းဖက် များမှ ဝင်ရောက်ပစ်ခတ်သောကြောင့် အသက် (၄၂) အရွာ်အမျိုးသားတစ်ဦး ဝမ်းဗိုက် ကျည်ထိပြီး ကျဆုံးသွားပါတယ်။Burma News Networkhttps://www.facebook.com/burmanewsnetwork |
တောင်ကြီး တွင် အာဏာသိမ်းစစ်ကောင်စီ စက်သေနတ်ပစ်၊ ကင်းသမား ၂ဦးထိမှန်ထား Posted: 27 Mar 2021 09:15 AM PDT သျှမ်းသံတော်ဆင့်၊ မတ် ၂၇ရက်တောင်ကြီးမြို့ ရတနာသီရိ ရပ်ကွက်တွင် ယနေ့ (မတ် ၂၇)ရက် ည ၁၀နာရီ ၂၅မိနစ်တွင် အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီ က စက်သေနတ်ဖြင့် ဆွဲပစ်ကာ ရပ်ကွက် ကင်းသမား ၂ဦးခြေထောက်ထိသွားကြောင်း သိရသည်။SHAN News (Burmese Version)https://www.facebook.com/shannewsburmese |
တောတောင်များတွင် ထွက်ပြေးပုန်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်များ အကူအညီလိုအပ်နေ Posted: 27 Mar 2021 09:13 AM PDT 27 March 2021 - N Jang Yangမတ်လ ၁၅ရက်တွင် ဧရာဝတီမြစ်ဆုံအထက် ဂွေထောင်ကျေးရွာ၌ တိုက်ပွဲဖြစ်ပြီးနောက် နှစ်ဖက်တပ်မှ စစ်အင်အားများ တိုးလာသည့်အတွက် တောတောင်ထဲသို့ ထွက်ပြေးနေရသည့် အင်ဂျန်ယန်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များ အခက်အခဲများစွာကြုံနေကြောင်း သိရသည်။ နေစရာတဲ ဆောက်ရန် အမိုးအကားများ အရေးတကြီးလိုအပ်နေသလို အစားအသောက်များလည်း အခက်အခဲဖြစ်နေသည်ဟု သိရသည်။ ၎င်းစစ်ဘေးဒုက္ခသည်များသည် |
အာဏာသိမ်းစစ်တပ်မှ လိုင်ဇာအနီးက KIA တပ်စခန်းများကို လက်နက်ကြီးဖြင့် (၄)ကြိမ်ပစ်ခတ်ခဲ့ Posted: 27 Mar 2021 09:08 AM PDT မတ် ၂၇ မတ်လ ၂၇ ရက်နေ့ နေ့လယ် ၁၁နာရီ၀န်းကျင်ခန့်တွင် ခရာဘွမ်ရှိ အာဏာသိမ်းစစ်တပ်မှ လိုင်ဇာအနီးက မိုင်ဆပ်ပါကျေးရွာအနီးနှင့် အလဲန့်ဘွမ် KIA တပ်စခန်းများသို့ လက်နက်ကြီးဖြင့် ၄ကြိမ်ပစ်ခတ်ခဲ့ကြောင်း KIO/KIA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။" ဒီနေ့ ၁၁နာရီ၀န်းကျင်မှာ ၃/၄ကြိမ်ပစ်တယ်တဲ့။ နေရာတကာတိုင်း လျှောက်ပစ်နေတာဖြစ်ပါတယ်။" ဟု ၎င်းကပြောသည်။ဒေါ့ဖုန်းယာန်မြို့နယ် အလောဘွမ်တွင်အာဏာသိမ်း |
အာဏာသိမ်းစစ်တပ်မှ ကေအဲန်ယူ - တပ်မဟာ ၅ ထိန်းချုပ်နယ်မြေကို လေယာဉ်ဖြင့်လာရောက်ပစ်ခတ် Posted: 27 Mar 2021 09:06 AM PDT ၂၇ မတ်လ ၂၀၂၁ ခုနှစ်ယနေ့ ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့ ည ၈းဝဝ နာရီခန့်အချိန်တွင် ကေအဲန်ယူ - တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ ဒေပူနို နေရာကို အာဏာသိမ်းစစ်တပ်မှ လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ပါသည်။ဖြစ်စဉ်မှာ ယနေ့တွင် အာဏာသိမ်းစစ်တပ်၏ သီးမူထာ အခြေစိုက်တပ်စခန်းကို ကေအဲန်ယူ - တပ်မဟာ ၅ မှ တိုက်ခိုက်သိမ်းယူပြီးနောက် အာဏာသိမ်းစစ်တပ်သည် ကေအဲန်ယူ - တပ်မဟာ ၅ ၏ ထိန်းချုပ်နယ်မြေကိုလေယာဉ်ဖြင့် လာရောက်ကြည့်ရှုလေ့လာခဲ့ပါသည် |
ရန်ကုန်ဆန္ဒပြပွဲ သေဆုံးသူ ဆယ်ဂဏန်းရှိ Posted: 27 Mar 2021 09:02 AM PDT ဦးခေါင်းကျည်ထိသေဆုံးသူတဦးရဲ့ မိသားစုဝင်များ။ (မတ်လ ၂၇၊ ၂၀၂၁)ဖတ်ဆစ်တော်လှန်ရေးနေ့အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်တာကြောင့် ရန်ကုန်မြို့မှာလည်း ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။ အင်းစိန်မြို့နယ်တခုတည်းမှာပဲ ၅ ဦးထက်မနည်းသေဆုံးတာပါ။ ရန်ကုန်ကရတဲ့ သတင်းကို ကိုရန်နိုင် ပြောပြပါမယ်။ဒီကနေ့ တော်လှန်ရေးနေ့မှာ ရန်ကုန်တိုင်း နေရာအနှံ့ စစ်ကောင်စီတပ်ဖွဲ့တွေကလိုက်လံနှိပ်ကွပ် |
စစ်အာဏာရှင်ဆန့်ကျင်ရေး မန္တလေးဆန္ဒပြပွဲ လူ ၁၀ ဦးမနည်းသေဆုံး Posted: 27 Mar 2021 09:00 AM PDT မတ်လ ၂၇ ရက်၊ စစ်အုပ်ချုပ်ရေးဆန့်ကျင်ကန့်ကွက်နေရင်း ဒဏ်ရာရသွားသူတဦးကို တွဲခေါ်လာစဉ်။ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် မြန်မာနိုင်ငံတဝှမ်းပြုလုပ်နေကြတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်နှိမ်နင်းရာမှာ မန္တလေးတမြို့တည်းမှာပဲ လူ ၁၀ ဦးထက်မနည်း သေဆုံးမှုရှိခဲ့ပါတယ်။ ဒီအကြောင်း မန္တလေးကရတဲ့သတင်းကို ကိုသားညွန့်ဦး ပြောပြပါမယ်။ဒီကနေ့ မတ်လ ၂၇ ရက်နေ့ မြန်မာနိုင်ငံတဝှမ်း မြို့ကြီးတွေမှာ ဆန္ဒ |
မုံရွာ သာစည်လမ်း ပစ်ခတ်မှု နှစ်ဦးသေဆုံး Posted: 27 Mar 2021 08:24 AM PDT ဓာတ်ပုံ-ကျည်ထိမှန်သေဆုံးသူကိုထွန်းဦးအား ကနဦးကုသမှုပေးစဉ် မုံရွာ၊ မတ်-၂၇စစ်ကိုင်းတိုင်း၊ မုံရွာမြို့ သာစည်လမ်းတလျောက် ရဲ၊စစ်တပ်တို့မှ ရပ်ကွက်နေသူများနှင့်တွေ့ပြီး ယနေ့ တနေကုန်ပစ်ခတ်မှုတွင် အမျိုးသား နှစ်ဦးသေဆုံးသည်။မွန်းလွဲ ၁နာရီကျော်က ပစ်ခတ်မှုတွင် ရတနာပုံရပ်ကွက်မှ ဦးကျော်သိန်း ၄၀နှစ် ကျည်ထိမှန်ကျဆုံးကြောင်းရပ်ကွက်နေသူများက အတည်ပြုသည်။ညနေ ၄နာရီကျော်တွင် သာစည်လမ်း ကိုးတောင်ပြည့်ဘုရားအနီး ထပ်မံ |
ရွှေဘိုမြို့ ပစ်ခတ်မှု နေအိမ်အနီးစက်ဘီးစီးနေသော ကလေးငယ် အပါအဝင် သုံးဦးသေဆုံး Posted: 27 Mar 2021 08:14 AM PDT မုံရွာ၊မတ်-၂၇စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့လယ်ရှိ လမ်းလေးခွဆုံတွင်ယနေ့(မတ်-၂၇)စစ်တပ်နှင့်ရဲက ဆန္ဒပြလူအုပ်သို့ ပစ်ခတ်ရာ သုံးဦးသေဆုံးကြောင်း သတင်းရရှိသည်။ပစ်ခတ်မှုကြောင့် ကျဆုံးသူတစ်ဦးမှာ ရွှေဘိုမြို့ ၊အမှတ် (၇)ရပ်ကွက်နေ ကိုကောင်းကောင်း( ၁၉နှစ်) ဖြစ်ပြီး မေးစေ့ကျည်ထိမှန်သဖြင့် ကျဆုံးခြင်းဖြစ်သည်။နောက်တစ်ဦးမှာ ညောင်ပင်သာကျေးရွာမှ ကျန်းမာရေးဝန်ထမ်း ကိုဇင်ထွန်း (၂၁နှစ်) ဖြစ်ပြီး ရွှေဘိုပြည်သူ့ |
မိုးကုတ်မြို့တွင် ရဲနှင့်စစ်တပ်က ဆန္ဒပြပြည်သူတွေကို ပစ်ခတ် Posted: 27 Mar 2021 08:12 AM PDT ဒီကနေ့ မတ်လ ၂၇ ရက်နေ့မှာ မိုးကုတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ရဲနှင့်စစ်တပ်က ပစ်ခတ်ခဲ့ပါတယ်။RFA Burmesehttps://www.facebook.com/rfaburmese |
မေမြို့(ပြင်ဦးလွင်) မှာ ၇ ဦးသေဆုံး Posted: 27 Mar 2021 08:09 AM PDT ပြင်ဦးလွင် မတ် ၂၇-၂၀၂၁မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှာ ဆန္ဒပြတဲ့သူတွေကို စစ်တပ်က ပစ်ခတ်လို့ (၇)ဦး သေဆုံးသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေကပြောပြပါတယ်။ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ (၇) ဦးကတော့၁။ခေါင်းထိ ကျဆုံး(မောင်ဟိန်းထက် ၂၃နှစ်)၂။လည်ပင်းထိ ကျဆုံး( ကိုဟိန်းမင်းသိန်း)၃။ဗိုက်ထိ ကျဆုံး( အနီးစခန်း)၄။သေနတ်မှန် ကျဆုံး( ကိုရဲဇင်၀င်း - အနီးစခန်း)၅။ခေါင်းထိ ကျဆုံး( ကိုအောင်မင်း |
ပြင်ဦးလွင်မှာ စစ်တပ် ပစ်သတ်တာကြောင့် သေဆုံးသူ ခြောက်ဦးရှိလာ Posted: 27 Mar 2021 08:05 AM PDT မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ စစ်ကောင်စီတပ်က ဒီနေ့ ပစ်ခတ်လို့ သေဆုံးသူ ခြောက်ဦး ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ဆန္ဒပြပြည်သူတွေကို စစ်သားနဲ့ ရဲက ပစ်ခတ်ဖြိုခွင်းတာကြောင့် အသက် (၂၃) နှစ်အရွယ် အမျိုးသားတစ်ဦး အပါအဝင် ခေါင်းထိမှန် သေဆုံးသူ သုံးဦး၊ လည်ပင်းထိမှန် သေဆုံးသူ တစ်ဦး၊ ဗိုက်ထိ သေဆုံးသူ တစ်ဦးနဲ့ နောက်ထပ်သေဆုံးသူ တစ်ဦး စုစုပေါင်း ခြောက်ဦး သေဆုံးခဲ့တာပါ။ RFA Burmesehttps:// |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.