သစ္ထူးလြင္ |
- သြစတြေးလျရောက် မြန်မာတွေကို အတင်းပြန်လွှတ်မှာ မဟုတ်ဘူးလို့ သြစတြေးလျအစိုးရပြော
- မြန်မာနဲ့ စီးပွားရေးလုပ်ရင် သတိထားဖို့ ကနေဒါကုမ္ပဏီတွေကို ကနေဒါအစိုးရ အကြံပြု
- ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်း ထိန်းသိမ်းခံရ 14 ဧၿပီ၊ 2021
- ပြည်နယ်အများမှာ သင်္ကြန်ပွဲတော်မရှိ၊ ရခိုင်နဲ့ ပလက်ဝမှာ အနည်းငယ်ရှိ
- သင်္ကြန်အကျနေ့မှာ သွေးမတိတ်ဆေးသပိတ်အဖြစ် ပြည်သူတွေဆန္ဒပြ
- ဖမ်းထားသူတွေ မလွှတ်မချင်း စစ်ကောင်စီနဲ့ မဆွေးနွေးနိုင်ဘူးလို့ ဒေါက်တာဇော်ဝေစိုးပြော
- CDM ဆရာဝန်ကြီးတွေကို ဝရမ်းထုတ်၊ ကုသခွင့်ပေးတဲ့ ဆေးရုံဆေးခန်းတွေကို လိုင်စင်ပိတ်မယ်လို့ ကြေညာ
- ဗိုလ်မှူးချစ်ကောင်းရဲ့ဇာတိလယ်သစ်ရွာကို စစ်တပ်ကစီးနင်း
- ဆေးဝန်ထမ်းများ CDM လှုပ်ရှားမှု ဘယ်လောက်ထိရောက်သလဲ
- မြစ်ငယ်မှာ ပစ်ခတ်ဖြိုခွဲမှု ၆ ဦးထက်မနည်း သေဆုံး
- မြစ်ငယ်မြို့ပစ်ခတ်မှု ၅ ဦးသေဆုံး၊ ဒေသခံ ၃ဝ ခန့် ဖမ်းဆီးခံရ
- မြင်းခြံမှာ ပစ်ခတ်နေ၊ နှစ်ယောက်သေဆုံး
- ဧပြီလ ၇ ရက်ကတည်းကပျောက်ဆုံးနေတဲ့ဆလိုင်းအီဇကဲလ်အလောင်းပြန်တွေ့
- ကလေးမြို့တွင် အရေးပေါ် လူနာအတွက် အောက်ဆီဂျင်ဗူးယူပြီးပြန်လာသည့်လူငယ် ပစ်ခတ်ခံရ
- သက်ငယ်မုဒိမ်းကျူးလွန်သူ ကို TNLA မှ သေဒဏ်ချ
- လေယာဥ်ဖြင့်တိုက်ခိုက်နေသည့်အတွက် မိုးမောက်မြို့ပြည်သူအချို့ ထွက်ပြေးတိမ်းရှောင်နေရ
- ပဲခူးမြို့ အင်းဝင် ၁၀ လမ်းထိပ် မီးလောင်မှု
- ဧပြီ ၉ ရက်နေ့က ပဲခူးတွင်ဖမ်းဆီးခံထားရသည့်အလွတ်တန်းသတင်းထောက်ဆေးကုသမှုခံယူနေရ
- မုံရွာတွင် နံနက်ပိုင်း ပေါက်ကွဲမှုထပ်ဖြစ်
- မြန်မာသံအမတ်ဟောင်းကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ မိသားစု ဆွေမျိုးတွေ တိမ်းရှောင်နေရတယ်လို့ ဆို
- ရန်ကင်း အတာအိုးလှုပ်ရှားမှု တစ်ဦး ဖမ်းဆီးခံရ
- ဖာပွန်ခရိုင် KNU နဲ့ တပ်မတော်ကြား စစ်ရေးတင်းမာဆဲ
- နိုင်ငံတကာက မဟန့်တားရင် မြန်မာနိုင်ငံ ဆီးရီးယားလို ဖြစ်လာနိုင် (UNHCR)
- မြန်မာနဲ့စီးပွားတွဲလုပ်နေသည့် ကနေဒါကုမ္ပဏီတွေကို အကြံပြုချက် ကနေဒါအစိုးရထုတ်ပြန်
- မြစ်ငယ်ပစ်ခတ်မှု ဒဏ်ရာရသူတွေရှိ
သြစတြေးလျရောက် မြန်မာတွေကို အတင်းပြန်လွှတ်မှာ မဟုတ်ဘူးလို့ သြစတြေးလျအစိုးရပြော Posted: 14 Apr 2021 07:43 AM PDT ဖေဖော်ဝါရီလ ၁၂ ရက်နေ့က သြစတြေးလျရောက် မြန်မာတွေ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြနေကြစဉ်သြစတြေးလျနိုင်ငံမှာ ခေတ္တရောက်နေတဲ့ မြန်မာနိုင်ငံသား ၃၃၀၀ ကျော်ကို ပြည်ဝင်ခွင့်ဗီဇာ သက်တမ်းကုန်တဲ့အခါ မြန်မာနိုင်ငံကို အတင်းပြန်ခိုင်းမှာ မဟုတ်ဘူးလို့ သြစတြေးလျအစိုးရက ပြောပါတယ်။သြစတြေးလျမှာ ခေတ္တရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် ပိုစိတ်ချရတဲ့ အာမခံချက်မျိုးပေးဖို့ တောင်းဆိုမှုတွေ ရှိနေပေမဲ့လည်း သြစတြေးလျ |
မြန်မာနဲ့ စီးပွားရေးလုပ်ရင် သတိထားဖို့ ကနေဒါကုမ္ပဏီတွေကို ကနေဒါအစိုးရ အကြံပြု Posted: 14 Apr 2021 07:40 AM PDT စစ်အာဏာသိမ်းအပြီး ကန့်ကွက်ဆန္ဒပြမှုတွေကနေဒါ ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံက ကုမ္ပဏီတွေနဲ့ စီးပွားရေး ပူးတွဲ လုပ်ကိုင်တဲ့အခါ ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ ထုတ်ကုန် ထိန်းချုပ်ထားမှုတွေကို လေးစားလိုက်နာဖို့နဲ့ မြင့်မားတဲ့ လူ့အခွင့်အရေး စံချိန် စံညွှန်းတွေအတိုင်း ဆောင်ရွက်ဖို့ ကနေဒါအစိုးရက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းခဲ့တဲ့ စစ်တပ်ရဲ့ ပစ်ခတ်ဖြိုခွဲမှုတွေအတွင်း |
ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်း ထိန်းသိမ်းခံရ 14 ဧၿပီ၊ 2021 Posted: 14 Apr 2021 07:39 AM PDT ဦးအောင်လှထွန်း ( ပြန်ကြားရေးဒုဝန်ကြီး)NLD အစိုးရလက်ထက်က ပြန်ကြားရှေးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းကို အင်္ဂါနေ့မနက် ၁၀ နာရီခွဲမှာ ရန်ကုန်မြို့နေအိမ်ကနေ အရပ်ဝတ်နဲ့ စစ်ဘက် ရဲဘက် ယူနီဖောင်း ဝတ်ထားသူတွေ ခေါ်ဆောင်သွားခဲ့ပါတယ်။လာခေါ်စဉ်က ဖမ်းဝရမ်းတစုံတရာမပါဘဲ မေးစရာရှိလို့ လာခေါ်တာဖြစ်ကြောင်း ပြောသွားတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။ မိသားစုက လိုအပ်တဲ့ ဆေးဝါးတွွေနဲ့ သုံးလေးရက်စာ |
ပြည်နယ်အများမှာ သင်္ကြန်ပွဲတော်မရှိ၊ ရခိုင်နဲ့ ပလက်ဝမှာ အနည်းငယ်ရှိ Posted: 14 Apr 2021 07:37 AM PDT ရိုးရာသင်္ကြန်အကျနေ့ဖြစ်တဲ့ ဧပြီလ ၁၄ ရက် ဒီကနေ့မှာ ပြည်နယ်အတော်များများမှာ ရေကစားပျော်ပါးတာ မရှိသလောက်ပါပဲ။ ဒါပေမယ့်လည်း စစ်ရေးပဋိပက္ခဖြစ်ခဲ့တဲ့ ဒေသတချို့မှာတော့ အရင်နှစ်တွေက သင်္ကြန်ပွဲ မဆင်နွှဲနိုင်ခဲ့ဘဲ ဒီနှစ်မှာ သင်္ကြန်ပွဲ ဆင်နွှဲကြတာရှိပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။ယခင် ရိုးရာအတာသင်္ကြန်စည်ကားစွာကျင်းပခဲ့တဲ့ မွန်ပြည်နယ်မှာတော့ ဒီ |
သင်္ကြန်အကျနေ့မှာ သွေးမတိတ်ဆေးသပိတ်အဖြစ် ပြည်သူတွေဆန္ဒပြ Posted: 14 Apr 2021 07:35 AM PDT ဒီနေ့ကျရောက်တဲ့ အတာသင်္ကြန်အကျနေ့မှာ ပြည်သူလူထုဟာ ကြိုတင်ကြေညာထားတဲ့အတိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုအနေနဲ့ သွေးမတိတ် ဆေးသပိတ်ဆိုပြီး အနီရောင်တွေနဲ့ ဆန့်ကျင် ဆန္ဒပြပွဲတွေကို နိုင်ငံအနှံ့ တောရော၊ မြို့တွေမှာ ပြုလုပ်ခဲ့ကြပါတယ်။ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေး၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေမှာ အနီရောင် ဆေးတွေ ခြယ်ပြီး စစ်အာဏာရှင်အုပ်ချုပ်ခွင့်မရစေရဆိုတဲ့ စာတမ်းတွေရေးတာ |
ဖမ်းထားသူတွေ မလွှတ်မချင်း စစ်ကောင်စီနဲ့ မဆွေးနွေးနိုင်ဘူးလို့ ဒေါက်တာဇော်ဝေစိုးပြော Posted: 14 Apr 2021 07:34 AM PDT လက်ရှိပြည်သူလူထုရဲ့ နစ်နာချက်တွေ တောင်းဆိုချက်တွေမရနိုင်ဘဲ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေးကို စဉ်းစားမှာ မဟုတ်ဘူးလို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုးက ပြောလိုက်ပါတယ်။Civil Disobedient Movment လို့ခေါ်တဲ့ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM စတင်ခဲ့ရတဲ့ အခြေအနေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက CDM ရှေ့ဆက်လုပ်ဆောင်မဲ့ အစီအစဉ် |
CDM ဆရာဝန်ကြီးတွေကို ဝရမ်းထုတ်၊ ကုသခွင့်ပေးတဲ့ ဆေးရုံဆေးခန်းတွေကို လိုင်စင်ပိတ်မယ်လို့ ကြေညာ Posted: 14 Apr 2021 07:29 AM PDT ဒီနေ့ ဧပြီ ၁၄ရက်မှာ ကျန်းမာရေးမိသားစုအဖွဲ့နဲ့ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက သွေးမတိတ်သပိတ် စစ်ကြောင်းပူးပေါင်းပြီး ပြုလုပ်တဲ့ ဆန္ဒပြပွဲအာဏာသိမ်း စစ်ကောင်စီကနေ ဆရာဝန် ၁၉ ဦး ကို ပုဒ်မ ၅၀၅ (က)နဲ့ ဝရမ်း ထုတ်တာကို စစ်ကောင်စီပိုင် မီဒီယာတွေကနေ ကြေညာလာတဲ့နောက် ဒီလုပ်ရပ်ဟာ သူတို့ကို "ကြောက်ရွံ့သွားအောင် ခြိမ်းခြောက်လိုက်တာပဲ"လို့ CDM ဆရာဝန်တွေက ဘီဘီစီကို ပြောပါတယ်။နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို |
ဗိုလ်မှူးချစ်ကောင်းရဲ့ဇာတိလယ်သစ်ရွာကို စစ်တပ်ကစီးနင်း Posted: 14 Apr 2021 07:27 AM PDT ဧပြီ ၁၃ ရက် မြင်းခြံ အတာသင်္ကြန်သပိတ်"ရွာသားတချို့ကို အရင်ဖမ်းပြီးမှ စစ်တပ်ကရွာထဲကိုဝင်လာကြတာဗျ။ ရွာကလေးသေးသေးလေးကို စစ်တိုက်သလို သေနတ်တွေနဲ့ ပစ်ကြခတ်ကြတယ်ဗျာ။ တွေ့တဲ့ယောက်ျားမှန်သမျှကိုလည်း ဖမ်းပြီး ခါးပတ်နဲ့ရိုက်တယ်။ စစ်ဦးထုပ်နဲ့ရိုက်တယ်။ ဝါးရင်းတုတ်နဲ့ရိုက်ကြတယ်ဗျ။" လို့ လယ်သစ်ရွာသားတယောက်က ပြောပါတယ်။ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့မှာ မြင်းခြံမြို့မြောက်ဘက်က လယ်သစ်ကျေးရွာကို စစ်တပ်က စီးနင်း၊ |
ဆေးဝန်ထမ်းများ CDM လှုပ်ရှားမှု ဘယ်လောက်ထိရောက်သလဲ Posted: 14 Apr 2021 07:24 AM PDT မှတ်တမ်းဓါတ်ပုံ- ဖေဖော်ဝါရီ ၃ ရက်နေ့က ရန်ကုန်ဆေးရုံကြီးတွင် CDM လုပ်သည့် ဆေးဝန်ထမ်းဆရာဝန် ဆရာမများဖေဖေါ်ဝါရီလ (၁)ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက စတင်ခဲ့တဲ့ ဝန်ထမ်းတွေရဲ့ CDM အာဏာဖီဆန်ရေး လှုပ်ရှားမှုဟာ အစိုးရ ဆေးရုံတွေအပါအဝင် စစ်ကောင်စီ ယန္တရားကြီးတခုလုံး ရပ်တန့်အောင် ထိန်းထားနိုင်ဆဲဖြစ်တယ်လို့ CRPH ယာယီ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။တဖက်မှာလည်း ကိုဗစ်-၁၉ကပ်ရောဂါကြောင့် |
မြစ်ငယ်မှာ ပစ်ခတ်ဖြိုခွဲမှု ၆ ဦးထက်မနည်း သေဆုံး Posted: 14 Apr 2021 07:22 AM PDT CDM လုပ်ဆောင်ကြဖို့ ဆန္ဒပြကြစဉ် (ဖေဖော်ဝါရီ ၂၂၊ ၂ဝ၂၁)မန္တလေးတိုင်းဒေသကြီး မြစ်ငယ်မြို့မှာ CDM ပြုလုပ်တဲ့ မီးရထားဌာနက အင်ဂျင်နီယာကို စစ်တပ်နဲ့ ရဲက လာရောက်ဖမ်းဆီးတာကြောင့် ပြန်လွှတ်ပေးဖို့ မြို့ခံတွေက တောင်းဆိုတာကို စစ်တပ်နဲ့ရဲကပစ်ခတ်တာကြောင့် ၆ ဦးထက် မနည်းသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိသလို ဖမ်းဆီးခံရတာတွေလည်း ရှိပါတယ်။ ဒီအကြောင်း မန္တလေးကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းက ပြောပြထားပါတယ်။၀န်ထမ်းအများ |
မြစ်ငယ်မြို့ပစ်ခတ်မှု ၅ ဦးသေဆုံး၊ ဒေသခံ ၃ဝ ခန့် ဖမ်းဆီးခံရ Posted: 14 Apr 2021 07:20 AM PDT မြစ်ငယ်မြို့ပစ်ခတ်မှု ၅ ဦးသေဆုံး၊ ဒေသခံ ၃ဝ ခန့် ဖမ်းဆီးခံရ မြစ်ငယ်မြို့က ဒဏ်ရာရသူတစ်ဦးအား ကြက်ခြေနီအဖွဲ့တွေ ကုသပေးနေစဉ်။ Photo-CJမန္တလေးတိုင်း မြစ်ငယ်မြို့မှာ မနေ့က စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသားငါးဦး သေနတ်ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။မနေ့က ညနေ ၄ နာရီလောက်မှာ မြစ်ငယ်မြို့ သပိတ်ခေါင်းဆောင်တစ်ဦး ပုန်းရှောင်နေတဲ့ ရွာသစ်ကျောင်းကို စစ် |
မြင်းခြံမှာ ပစ်ခတ်နေ၊ နှစ်ယောက်သေဆုံး Posted: 14 Apr 2021 07:19 AM PDT မြင်းခြံမှာ ပစ်ခတ်နေ၊ နှစ်ယောက်သေဆုံး မြင်းခြံမြို့ အမှတ် ၆ ရပ်ကွက်ခံတပ် / Photo-CJမန္တလေးတိုင်း၊ မြင်းခြံမြို့မှာ ဒီနေ့ည ၇ နာရီအချိန်ထိ စစ်ကောင်စီက ပစ်ခတ်နေပြီး သေဆုံးသူ နှစ်ယာက် ရှိတယ်လို့ မျက်မြင်တွေ့သူတွေက RFA ကိုပြောပါတယ်။ဒီနေ့ နေ့လယ်ပိုင်းမှာ မြင်းခြံမြို့ အမှတ် ၂ ရပ်ကွက်က ကိုကျော်ရဲနိုင် (၂၃ နှစ်)ကို စစ်ကောင်စီတပ်တွေက ပစ်ခတ်တာကြောင့် ဝမ်းဗိုက်ကျည်ထိမှန်သေဆုံးသွားတယ်လို့ မျက်မြင်တွေ့သူက |
ဧပြီလ ၇ ရက်ကတည်းကပျောက်ဆုံးနေတဲ့ဆလိုင်းအီဇကဲလ်အလောင်းပြန်တွေ့ Posted: 14 Apr 2021 07:09 AM PDT ကလေးမြို့ တာဟန်းပင်မသပိတ်စခန်းကို စစ်ကောင်စီတပ်ဖွဲ့တွေက ဧပြီ (၇)ရက်က ဖြိုခွင်းပြီးတဲ့အချိန်ကတည်းပျောက်ဆုံးနေတဲ့ Salai Ezekiel ကို ကလေးမြို့အနောက်ဘက်က တောင်အောက်နားကသစ်ပင်ပေါ်မှာပြုတ်ကျသေဆုံးနေတာကို ဒီမနက်မှာတွေ့ရှိရတယ်လို့သိရပါတယ်။Salai Ezekiel (ဆလိုင်း အီဇာကယ်လ်) ဟာ ကလေးတက္ကသိုလ်မှာ ပထဝီဘာသာနဲ့ တက်ရောက်နေတဲ့နောက်ဆုံးနှစ်ကျောင်းသားဖြစ်ပြီးကလေးမြို့မှာစစ်တပ်အာဏာသိမ်းခြင်းကိုဆန့်ကျင်တဲ့လှုပ်ရှားမူ |
ကလေးမြို့တွင် အရေးပေါ် လူနာအတွက် အောက်ဆီဂျင်ဗူးယူပြီးပြန်လာသည့်လူငယ် ပစ်ခတ်ခံရ Posted: 14 Apr 2021 07:07 AM PDT စစ်ကိုင်းတိုင်း ကလေးမြို့ စမ်းမြို့ရပ်ကွက်ရှိ ကမ္ဘောဇ ဘဏ် (၂) ရှေ့တွင် ဧပြီလ ၁၃ ရက်နေ့ည ၈း၃၀ အချိန်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် မကျန်းမာသည့်သူငယ်ချင်း မိခင်အတွက်အောက်ဆီဂျင်ဗူးသွားယူပြီးအိမ်ပြန်လာသည့်ဒေသခံလူငယ် ၁ ဦး ဝမ်းဗိုက်ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။အဆိုပါ သေနတ်ထိမှန်ခဲ့သည့်သူမှာ အရေးပေါ်လူနာသူငယ်ချင်း မိခင်ဖြစ်သူအတွက် အောက်ဆီဂျင်ဗူးပို့ဆောင်ရန်အပြန်လမ်းတွင် |
သက်ငယ်မုဒိမ်းကျူးလွန်သူ ကို TNLA မှ သေဒဏ်ချ Posted: 14 Apr 2021 07:04 AM PDT Photo by TNLA သတင်းနှင့်ပြန်ကြားရေးဌာနသျှမ်းသံတော်ဆင့် /ဧပြီ ၁၄ရက် နမ့်ဆန်မြို့နယ်၊ ကောင်းကလောအုပ်စု၊ လွယ်ခလေးကျေးရွာနေ အသက် (၂၄)နှစ် အရွယ်ရှိ မိုင်းအပတ် သည် တရွာတည်းနေ အသက် (၅) နှစ်အရွယ် နန်းအီးအား အဓမ္မ သားမယားပြုကျင့်ပြီး သတ်ပစ်ခဲ့မှုကြောင့် PSLF/TNLA တရားစီရင်ရေးဌာနက ဧပြီလ ၁ ရက်နေ့တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။တရားခံ မိုင်းအပတ်သည် ယခင်ကလည်း ၄ နှစ်အရွယ် ကလေးငယ်နှင့် ၅၄ နှစ် |
လေယာဥ်ဖြင့်တိုက်ခိုက်နေသည့်အတွက် မိုးမောက်မြို့ပြည်သူအချို့ ထွက်ပြေးတိမ်းရှောင်နေရ Posted: 14 Apr 2021 07:01 AM PDT စစ်ကောင်စီမှ မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာအနီး လေယာဥ် ဖြင့်ပစ်နေ စစ်ကောင်စီတပ်မှ မိုးမောက် မြို့နယ်မြို့သစ်၊ စီဟပ်ကျေးရွာအနီးက မိုက်ခရိုဝေ့တာဝါတိုင်နားကို ယနေ့ ညနေ ၅ နာရီခန့်ကလေကြောင်းဖြင့် လာရောက်ပစ်ခတ်နေကြောင်း သိရသည်။ လေယာဥ်မှ ပစ်ခတ်သည့် ဗုံးတစ်လုံး မြို့သစ်တောင်ခြေအနီး၌ ကျရောက်သဖြင့် ကျေးရွာပြည်သူများ စိုးရိမ်နေကြသည်ဟု သိရသည်။စစ်ကောင်စီတပ်မှ ကျေးရွာအနီးများသို့ လေ |
ပဲခူးမြို့ အင်းဝင် ၁၀ လမ်းထိပ် မီးလောင်မှု Posted: 14 Apr 2021 06:52 AM PDT ရုပ် သံ သ တင်း မှတ် တမ်း !ပဲခူး ဧပြီ ၁၄ ။ယနေ့ညနေ့ ပဲခူးမြို့ အင်းဝင် ၁၀ လမ်းထိပ် မီးလောင်မှုမြင်ကွင်းတစ်ချို့ဖြစ်သည်။မီးသတ်တပ်ဖွဲ့ဝင်များနှင့် အတူ တာဝန်ရှိသူများ၊ရဟန်းရှင်လူ ပြည်သူများ၊ ပဲခူးမြို့ပရဟိတအသင်းအဖွဲ့များ၏ အဖွဲ့သားများမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည်။နေ့(၂)နာရီဝန်းကျင် စတင်လောင်ကျွမ်းခဲ့ရာ နေ့(၃)နာရီတွင် မီးညွန့် ကျသွားသည်။မီးလောင်းမှုကြောင့် လူနေအိမ် ၄ လုံးနှင့် ဂိုထောင်ထဲရှိဆိုင် |
ဧပြီ ၉ ရက်နေ့က ပဲခူးတွင်ဖမ်းဆီးခံထားရသည့်အလွတ်တန်းသတင်းထောက်ဆေးကုသမှုခံယူနေရ Posted: 14 Apr 2021 06:47 AM PDT ပဲခူး ဧပြီ ၁၄ ။ဧပြီ ၉ ရက်နေ့က ပဲခူးမြို့တွင်ဖြစ်ပွားခဲ့သည့်ပစ်ခတ်ဖြိုခွင်မှုအားသတင်းသွားရောက်ယူစဉ်ဖမ်းဆီးခံလိုက်ရသည့် အလွတ်တန်းသတင်းထောက် ဦးအေးမင်းသည်ပဲခူးဆေးရုံတွင်ဆေးကုသမှုခံယူနေသည်ဟု ပဲခူးဆေးရုံကအတည်ပြုပြောကြားသည်။ယမန့်နေ့မွန်းလွဲပိုင်းက ပဲခူးဆေးရုံသို့ရောက်ရှိလာခြင်းဖြစ်သည်ဟုပဲခူဆေးရုံမှသိရသည်။ဖမ်းဆီးခံလူနာဦးအေးမင်းအားသွားရောက်သတင်းမေးနိုင်သည်ဟု ပဲခူးဆေးရုံနှင့်နီးစပ်သူတစ်ဦးကဆိုသည်။ဦးအေးမင်း |
မုံရွာတွင် နံနက်ပိုင်း ပေါက်ကွဲမှုထပ်ဖြစ် Posted: 14 Apr 2021 06:41 AM PDT ဓာတ်ပုံ-ယနေ့နံနက် ကျောက္ကာလမ်းပေါက်ကွဲမှုအား ဒေသခံတစ်ဦးမှတ်တမ်းယူထားစဉ်မုံရွာ၊ဧပြီ-၁၄မုံရွာမြို့တွင် ယနေ့ နံနက်ပိုင်းကပေါက်ကွဲမှုထပ်ဖြစ်ကြောင်း ဒေသခံများကပြောသည်။ကျောက္ကာလမ်း ဆုံဆည်းရာ လက်ဖက်ရည်ဆိုင်အနီး မိုးကောင်းဘုရားရှေ့ လမ်းဘေးတမာပင်တွင်တစ်ကြိမ်၊မုံရွာ-မန္တလေးကားလမ်းမြို့ဝင်ဂိတ်အနီးတွင်တစ်ကြိမ်ဖြစ်ပွားသည်။ယမန်နေ့ (ဧပြီ-၁၃)ကလည်း မုံရွာတတက္ကသိုလ်ရှေ့တွင် တစ်ကြိမ်၊ ညပိုင်း ၆နာရီကျော်က |
မြန်မာသံအမတ်ဟောင်းကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ မိသားစု ဆွေမျိုးတွေ တိမ်းရှောင်နေရတယ်လို့ ဆို Posted: 13 Apr 2021 04:21 PM PDT မြန်မာသံရုံးကို စစ်သံမှူးနဲ့အဖွဲ့ ဝင်ရောက်သိမ်းပိုက်ခဲ့အပြီး စစ်ကောင်စီက သံအမတ် ဦးကျော်စွာမင်းကို တာဝန်ကနေ ရပ်စဲလိုက်တာဝန်ကနေ ရပ်စဲခံလိုက်ရတဲ့ ယူကေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်းက မြန်မာနိုင်ငံမှာ ရှိနေတဲ့ သူ့ရဲ့မိသားစု၊ ဆွေမျိုးမိတ်ဆွေတွေ သူ့ကြောင့် တိမ်းရှောင်နေရတယ်လို့ ပြောကြောင်း ဗြိတိန်နိုင်ငံထုတ် ဂါးဒီးယန်းသတင်းစာမှာ ဖော်ပြထားပါတယ်။သူကိုယ်တိုင်လည်း လန်ဒန်မြို့ မြောက်ပိုင်းက |
ရန်ကင်း အတာအိုးလှုပ်ရှားမှု တစ်ဦး ဖမ်းဆီးခံရ Posted: 13 Apr 2021 04:19 PM PDT ရန်ကင်းမြို့နယ်မှာ ဒီကနေ့ အတာအိုးတော်လှန်ရေးလှုပ်ရှားမှု ဆောင်ရွက်နေချိန်အတွင်းဖြိုခွင်းခံရပြီး သပိတ်ခေါင်းဆောင် ကိုနန်းလင်း လွတ်မြောက်သွားပေမယ့် အမျိုးသမီးတစ်ဦး အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။"တကသကျောင်းသားဟောင်းများ အင်အားစုနဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂရန်ကုန်တို့ ပူးပေါင်း ပြီး ရဲရဲနီဆွေး အတာအိုးတော်လှန်ရေးဆိုတဲ့ ပြောက်ကျား လှုပ်ရှားမှု ရန်ကင်းမှာလုပ်နေတဲ့ အချိန် ကျွန်တော်တို့ကို လာရောက်ဖြိုခွဲ |
ဖာပွန်ခရိုင် KNU နဲ့ တပ်မတော်ကြား စစ်ရေးတင်းမာဆဲ Posted: 13 Apr 2021 04:17 PM PDT KNU တပ်ဖွဲ့ဝင်များစစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတဲ့ ကရင်အမျိုးအသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်ထားတဲ့နေရာတွေအပေါ် စစ်လေယာဉ်တွေ ပျံဝဲခဲ့လို့ ဒေသခံတွေ ဗုံးကြဲမှာ စိုးရိမ်ပြီး ထွက်ပြေးနေကြပါတယ်။ ဖာပွန်ခရိုင်က မမောင်းမြို့နယ်ထဲမှာလည်း လက်နက်ကြီးတွေနဲ့ နှစ်ဖက်ပစ်ခတ်မူတွေရှိနေပါတယ်။ ကရင်ပြည်နယ်ဘက်မှာ ခုလိုဖြစ်နေတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပေးမှာပါ။KNU တပ်မဟာ ၅ |
နိုင်ငံတကာက မဟန့်တားရင် မြန်မာနိုင်ငံ ဆီးရီးယားလို ဖြစ်လာနိုင် (UNHCR) Posted: 13 Apr 2021 04:15 PM PDT မြန်မာနိုင်ငံမှာ စစ်တပ်က ကိုယ့်လူထုကို အကြမ်းဖက် သတ်ဖြတ်နေတာတွေ ရပ်တန့်ရေး နိုင်ငံတကာက ထိထိရောက် မဟန့်တားဘူးဆိုရင် ဆီးရီးယားနိုင်ငံမှာကြုံတွေ့ရတဲ့ ဘေးဒုက္ခအန္တရာယ်မျိုး၊ လူတွေ သန်းနဲ့ချီဘေးဒုက္ခ ရောက်ရတဲ့ အမှားတွေ ထပ်ကြုံရလိမ့်မယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet က သတိပေးပါတယ်။ ဒီကနေ့ ဂျနီဗာမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ လူ့အခွင့်အရေး မဟာမင်းကြီးရဲ့ |
မြန်မာနဲ့စီးပွားတွဲလုပ်နေသည့် ကနေဒါကုမ္ပဏီတွေကို အကြံပြုချက် ကနေဒါအစိုးရထုတ်ပြန် Posted: 13 Apr 2021 04:13 PM PDT မြန်မာနဲ့စီးပွားတွဲလုပ်နေသည့် ကနေဒါကုမ္ပဏီတွေကို အကြံပြုချက် ကနေဒါအစိုးရထုတ်ပြန် ကနေဒါနိုင်ငံ ဝန်ကြီးချုပ် Justin Trudeau။ Photo: Reutersမြန်မာနိုင်ငံနဲ့ ဆက်စပ်ပြီး စီးပွားလုပ်ကိုင်နေတဲ့ ကနေဒါကုမ္ပဏီတွေအပေါ် အကြံပြုချက်တစောင်ကို ဒီကနေ့ပဲ ကနေဒါအစိုးရက ထုတ်ပြန်လိုက်ပါတယ်။စီးပွားရေးဈေးကွက်တခုခု ဒါမှမဟုတ် မြန်မာနိုင်ငံတွင်းမှာ လုပ်ကိုင်နေဆဲ ကနေဒါကုမ္ပဏီတွေအနေနဲ့ လူ့အခွင့်အရေးကို လေးစားမယ်၊ ဥပဒေနဲ့အညီ |
မြစ်ငယ်ပစ်ခတ်မှု ဒဏ်ရာရသူတွေရှိ Posted: 13 Apr 2021 04:11 PM PDT CDM လုပ်နေသူ ဝန်ထမ်းတွေနေထိုင်နေတဲ့ မန္တလေးတိုင်း မြစ်ငယ်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ မြို့ ခံတွေကြား ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပြီး ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။CDM လုပ်တဲ့ ဝန်ထမ်းတွေအတွက် လှူထားတဲ့ပစ္စည်းတွေကိုစစ်တပ်ဘက်က လာသိမ်းဖို့ ကြိုးစားရာကနေ စတင်ဖြစ်ပွားခဲ့တာလို့ အခင်းဖြစ်နေတဲ့နေရာမှာ ဒဏ်ရာရသူတွေ အကူအညီပေးခဲ့တဲ့ ကြက်ခြေနီအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။" စဖြစ်တဲ့အချိန်ကညနေ၅နာရီ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.