Thursday, April 15, 2021

သစ်ထူးလွင်

သစ်ထူးလွင်


မြစ်ကြီးနား ရမ်ပူရပ်ကွက်မှာ အမျိုးသမီးတစ်ဦး အသတ်ခံရ

Posted: 15 Apr 2021 07:44 AM PDT

ရမ်ပူရပ်ကွက် ဧပြီ ၁၁ ရက်က ဆန္ဒပြ သပိတ်စစ်ကြောင်းမြစ်ကြီးနားမြို့ ရမ်ပူ ရပ်ကွက် နယ်မြေ ၂၁ ထဲမှာ မနေ့ ဧပြီလ ၁၄ ရက် ည ၈ နာရီ ဝန်းကျင်လောက်က အမျိုးသမီးတဦး ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ရပ်ကွက်နေသူတွေက တွေ့ရှိခဲ့ပါတယ်။လူမှုကွန်ရက်မှာတော့ သေဆုံးသူရဲ့ ရုပ်အလောင်းဘေးမှာ"ဒလန်သို့သွားရာလမ်း" ဆိုပြီးရေးသားထားတဲ့ ကတ်ထူပြား တစ်ခု ကို တွေ့ရတယ်လို့ ဆိုပါတယ်။သေဆုံးသူဟာ အဲဒီ ရပ်ကွက်မှာနေထိုင် အသက် ၄၆ နှစ် အရွယ်

မြန်မာဆရာဝန်တွေ ယူကေဆေးကုသခွင့်လိုင်စင်ရဖို့ မြန်မာဆေးကောင်စီရဲ့ ထောက်ခံစာမလိုတော့ဘူးလို့ဆို

Posted: 15 Apr 2021 07:42 AM PDT

မြန်မာနိုင်ငံကနေ ယူကေနိုင်ငံကို လာရောက်ကြဖို့ ရှိတဲ့ဆရာဝန်တွေအတွက် ယူကေမှာ ဆေးကုသမှု လိုင်စင် လျှောက်ထားတဲ့ အခါမှာ မြန်မာနိုင်ငံ ဆေးကောင်စီ Myanmar Medical Council ရဲ့ပြစ်မှုကင်းရှင်း စာရိတ္တကောင်းကြောင်း Certificate of Good Standing မလိုအပ်တော့ဘူးလို့ ယူကေက General Medical Council က ပြောတဲ့ အကြောင်း ယူကေအခြေစိုက် မြန်မာဆရာဝန်ကြီးတစ်ဦးဖြစ်တဲ့ ဒေါက်တာ သက်ကိုကိုက ဘီဘီစီကို ပြောပါတယ်။အရင်က ယူကေမှာ

မန္တလေး ကျန်းမာရေးမိသားစုသပိတ် ဖြိုခွင်းခံရ

Posted: 15 Apr 2021 07:40 AM PDT

မန္တလေး ကျန်းမာရေးမိသားစုသပိတ် ဖြိုခွင်းခံရ ၂၀၂၁၊ ဧပြီ ၁၅ ရက်နေ့က မန္တလေးမှာ ကျန်းမာရေးမိသားစုသပိတ်စစ်ကြောင်း ဆန္ဒပြဖို့ စုဝေးနေစဉ် စစ်ကောင်စီတပ် ဝင်ရောက်ဖမ်းဆီးစဉ် / Photo: MPSမန္တလေးမြို့က စစ်အာဏာရှင်အလိုမရှိကြောင်း သံချပ်နဲ့ ဆန္ဒပြဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးမိသားစု သပိတ်စစ်ကြောင်းကို ဧပြီ ၁၅ ရက်၊ ဒီနေ့ မနက် ၉ နာရီကျော်က ၇၆ လမ်း ၃၄ လမ်းအနီးမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖြိုခွင်းခဲ့ပါတယ်။အခုလို

နွေဦးအသံ နေ့စဉ်သတင်းလွှာထုတ်ဝေ

Posted: 15 Apr 2021 07:38 AM PDT

သတင်းစီးဆင်းမှု ရပ်မသွားဖို့ ရည်ရွယ်ချက်နဲ့ နွေဦးအသံဆိုတဲ့ သတင်းလွှာကို လူငယ်တစု ထုတ်ဝေနေပါတယ်။ သတင်းအမှောင်ချထားချိန်မှာ ကောလဟလတွေအစား သတင်းမှန်သိဖို့ လူငယ်တစုက လျှို့ဝှက်ထုတ်ဝေတဲ့ The Voice of Spring နွေဦးအသံ မြေအောက် နေ့စဉ်သတင်းလွှာဟာ ရက်ပိုင်းအတွင်း လူထုကြား ပျံ့နှံ့ပြီး လူထုကလူထုဆီ ဖြန့်ဝေတဲ့ သတင်းစာ ဖြစ်သွားတယ်လို့ နွေဦးအသံသတင်းစာ စီစဉ်သူတဦးက ပြောကြားလိုက်ပါတယ်။သတင်းစီးဆင်းမှု ရပ်မသွားဖို့

ဆိုက်ဘာတိုက်ခိုက်မှုတွေအတွက် ရုရှားကို အမေရိကန်က ပိတ်ဆို့အရေးယူတုံ့ပြန်မယ်

Posted: 15 Apr 2021 07:36 AM PDT

ကြာသပတေးနေ့မှာ ဒီပိတ်ဆို့မှုတွေကို ကြေညာမယ်လို့ ခန့်မှန်းထားကြပါတယ်အမေရိကန် အစိုးရက ရုရှားအပေါ် ပိတ်ဆို့ အရေးယူမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်သွားဖို့ ရှိနေတယ်လို့ သတင်းတွေမှာ ဆိုပါတယ်။၂၀၂၀ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ခြေရှုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပါအဝင် အမေရိကန်ပြည်ထောင်စုကို ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ် ဆိုတာနဲ့ ပတ်သက်လို့ တုံ့ပြန်တဲ့ သဘောဖြစ်ပါတယ်။ကြာသပတေးနေ့မှာ ဒီပိတ်ဆို့မှုတွေ

အခါကြီးရက်ကြီးမှာသွေးစွန်းခဲ့ရတဲ့မြစ်ငယ်မြို့

Posted: 15 Apr 2021 07:33 AM PDT

မြစ်ငယ်မီးရထားဝန်ထမ်းတွေရဲ့ညဘက်မီးထွန်းသပိတ်သင်္ကြန်အကြိုနေ့နဲ့ သင်္ကြန်အကျနေ့ ၂ ရက်ဟာ မြစ်ငယ်မြို့အတွက်တော့ သွေးစွန်းတဲ့ ရက်နှစ်ရက်ဖြစ်ခဲ့ရပါပြီ။ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့ ညနေ ၃ နာရီခွဲအချိန်လောက်မှာ တမြို့လုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ စစ်ကားတွေ မြို့ထဲဝင်လာလို့ပါ။ တခြားမြို့တွေမှာ စစ်ကားတွေ ဝင်လာပြီးရင် ဘာတွေဖြစ်ပျက်တတ်တယ်ဆိုတာ သတင်းတွေကြားသိကြပြီး ဖြစ်တာမို့

စစ်ကောင်စီတပ် ပစ်ခတ်လို့ သေဆုံးသူ ရှစ်ဦး ထပ်တိုးလာ

Posted: 15 Apr 2021 07:30 AM PDT

ဒီနေ့ မဟာသင်္ကြန်အကြတ်နေ့မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် လူသေဆုံးမှု ရှိခဲ့ပြီး၊ ဧပြီလ ၁၄ ရက် နေ့လည်ပိုင်းကနေ ဧပြီလ ၁၅ ရက် မွန်းလွဲပိုင်းထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သေဆုံးသူ ရှစ်ဦး ရှိသွားပြီဖြစ်သလို သုံးဆယ်ကျော်လောက် အဖမ်းခံခဲ့ရပါတယ်။မုံရှာမြို့က ပင်မသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ကို စစ်ကောင်စီက ဒီနေ့ ကားနဲ့တိုက်ပြီး ရိုက်နှက် ဖမ်းဆီးသွားပါတယ်။မြို့နယ်တော်တော်

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးက ဖယ်ရှားဖို့ စစ်ကောင်စီ ကြိုးစားနေ

Posted: 15 Apr 2021 07:26 AM PDT

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲချက်အမျိုးမျိုးနဲ့ တစ်မှုပြီးတစ်မှု ထပ်တိုးတရားစွဲလာတာ အခုဆိုရင် အမှုပေါင်း ၆ မှု ရှိသွားပါပြီ။ ဒီလို ထောင်ဒဏ်နှစ်ရှည်ကျနိုင်တဲ့ ပုဒ်မတွေတပ်ပြီး တရားစွဲဆိုနေတာဟာ မြန်မာ့နိုင်ငံရေးကနေ ဒေါ်အောင်ဆန်းစုကြည်ကို အပြီးအပိုင် ဖယ်ရှားဖို့ အာဏာသိမ်းစစ်ကောင်စီက ကြိုးစားနေတာလို့ ရန်ကုန်မြို့က တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က သုံးသပ်

မြန်မာ့စီးပွားရေး IMF ခန့်မှန်းချက်

Posted: 15 Apr 2021 07:24 AM PDT

စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုအပေါ် ဆိုးဆိုးရွားရွား သက်ရောက် ထိခိုက်လာမယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ခန့်မှန်း ပြောဆိုသတိပေးထားပါတယ်။ မသိင်္ဂ ီထိုက် စုစည်း တင်ပြထားပါတယ်။သိင်္ဂီထိုက်/ VOA Burmesehttps://burmese.voanews.com/a/myanmar-business-imf/5854190.html

ဦးဇင်ဝိုင်း ဖမ်းဆီးခံရ

Posted: 15 Apr 2021 07:20 AM PDT

နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်လည်းဖြစ်၊ ဒီမိုကရေစီအရေးနဲ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ရှေ့တန်းကနေ အမြဲတမ်း ပါဝင်လေ့ရှိတဲ့ ဦးဇင်ဝိုင်းကို အာဏာသိမ်းစစ်ကောင်စီက မကြာသေးခင် အချိန်ပိုင်းအတွင်းကပဲ အိမ်မှာ လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။ဦးဇင်ဝိုင်းကို အခုလို နေအိမ်မှာ လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားတဲ့အကြောင်း မိသားစုဝင်တစ်ဦးက လူမှုကွန်ယက်မှာ အတည်ပြု ရေးသားထားပါတယ်။ဦးဇင်ဝိုင်းဟာ ၁၉၈၈ ခုနှစ်

မုံရွာမြို့၏ လူထုခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဝေမိုးနိုင် ဖမ်းဆီးခံရသည်ကို ဆွီဒင်သံရုံးမှ စောင့်ကြည့်နေ

Posted: 15 Apr 2021 07:08 AM PDT

မုံရွာမြို့၏ လူထုခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဝေမိုးနိုင် ယနေ့ နေ့လည်တွင် ဖမ်းဆီးခံရသည်ကို ဆွီဒင်သံရုံးမှ သိရှိရပါသည်။ ဖမ်းဆီးခံရသည့် ဗီဒီယိုဖိုင်အရ အဖမ်းမခံရမီတွင် ကိုဝေမိုးနိုင်စီးလာသည့် ဆိုင်ကယ်အား ကားတစ်စီးမှ ဝင်တိုက်သည်ကို တွေ့ရှိရပါသည်။ ကိုဝေမိုးနိုင်အပါအဝင် ဖမ်းဆီးထိန်းသိမ်း ခံရသူ အားလုံး သင့်တော်လုံလောက်သည့် ဆေးကုသမှု ရရှိရန်နှင့် ၎င်းတို့၏ လူ့အခွင့်အရေးများကို လေးစားလိုက်နာရန် တောင်းဆို

တရားမဝင်စစ်ကောင်စီက တရားမဝင်ကားတွေကိုအသုံးပြု

Posted: 15 Apr 2021 07:03 AM PDT

(၁၅/၄/၂၀၂၁)ဒီကနေ့ မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ဖမ်းဆီးရာမှာ အသုံးပြုခဲ့တဲ့ကားဟာ လိုင်စင်မဲ့ ကားဖြစ်တယ်လို့ ကားလိုင်စင်နံပါတ်ကျွမ်းကျင်သူတွေကပြောပါတယ်။ လိုင်စင်မဲ့ကားကို တခြားအိမ်စီးကားတစီးရဲ့နံပါတ်ကို ယူပြီးတပ်ထားတယ်ဆိုပါတယ်။ ကားနံပါတ်နဲ့ အမျိုးအစားကို စစ်ဆေးရာမှာ မတူညီဘူးလို့ သူတို့ကပြောပါတယ်။ မူရင်းနံပါတ်အစစ်နဲ့ကားက Toyota Noah AZR60 ဖြစ်နေပီး အခု ကိုဝေမိုးနိုင်ကို တိုက်ပီးဖမ်း

ပူတာအိုဒေသခံများ လူသားဒိုင်းအဖြစ် အသုံးပြုခံနေရ

Posted: 15 Apr 2021 07:00 AM PDT

April 15, 2021/ Kachin News Groupပူတာအို ခရိုင် ရှေ့တန်းစစ်မျက်နှာများတွင် အာဏာသိမ်းစစ်တပ်က အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း ဒေသခံများက ပြောဆိုသည်။ဧပြီလ ၁၃ရက်နေ့ ဆွမ်ပရာဘွမ် နှင့် ပူတာအိုမြို့နယ်ကြားရှိ အင်ဆိုင်းယာန်နဲ့ ဆွမ်ပီယာန်ကြား၊ ခင်ဒူယာန်နဲ့ ဖုန်ကျန်းကျေးရွာ စသော နေရာ ၂ ခုတွင်  တိုက်ပွဲဖြစ်ပွားရာတွင် အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်ကျဆုံးမှု များခဲ့ပြီးနောက် ယခုလို ပြုလုပ်လာ

PVTV ၏ သတင်းထုတ်လွှင့်မှု

Posted: 15 Apr 2021 06:52 AM PDT

Public Voice Television (PVTV) သည် ပြည်သူလူထုတစ်ရပ်လုံးလိုလားတောင့်တလျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု (Federal Democracy Union) ဖြစ်တည်ပေါ်ပေါက်လာရေးကို ဦးတည်တိုက်ပွဲဝင်နေသည့် ကြားကာလအချိန်အတွင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw – CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (National Unity Consultative Council – NUCC) နှင့် အမျိုးသား

နွေဦးတော်လှန်ရေးကာလ ပြည်သူ့အသံများကို Public Voice Television (PVTV) ရုပ်သံအစီအစဉ်များအဖြစ် ထုတ်လွှင့်ပြသသွားပါမည်

Posted: 15 Apr 2021 06:47 AM PDT

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က စစ်အာဏာရှင်စနစ်ကျဆုံးရေ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်နိုင်ရေး လှုပ်ရှားဆောင်ရွက်နေမှုများကို ပြည်သူလူထုထံသို့ စဉ်ဆက်မပြတ် အစီရင်ခံတင်ပြနိုင်ရန်အတွက် အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ တားဆီးပိတ်ဆို့ကန့်သတ်မှုများရှိနေသော်လည်း ပြည်သူလူထုထံ တိကျမှန်ကန်သော သတင်းအချက်အလက်များရောက်ရှိနိုင်ရေးကို နည်းလမ်းပေါင်းစုံသုံးကာ ဆက်လက်ဆောင်ရွက်သွား

သာစည်လမ်းဖြိုခွင်းမှု ဝေမိုးနိုင်ဖမ်းဆီးခံရ

Posted: 15 Apr 2021 06:42 AM PDT

မုံရွာ၊ ဧပြီ၊ ၁၅သကြင်္န်အကြတ်နေ့တွင် မုံရွာမြို့ သာစည်လမ်းဆိုင်ကယ်သပိတ်ကို အိမ်စီးကားများဖြင့် လာရောက်ဖြိုခွင်းခဲ့ပြီး ဝေမိုးနိုင်အပါအဝင် လူငယ်အချို့ဖမ်းဆီးခံခဲ့ရသည်ဟု မျက်မြင်များကဆိုသည်။ " ဆိုင်ကယ်လဲသွားပြီး ခြေလျင်ထွက်ပြေးတာတွေ့လိုက်တယ် လွတ်မလွတ်တော့မသိဘူး အရပ်ဝတ်တွေနဲ့ အိမ်စီးကားတွေနဲ့ လိုက်တိုက်ပြီး ဖမ်းတာပါ" ဟု သပိတ်စစ်ကြောင်းတွင် ပါဝင်သူတစ်ဦးက ဆိုသည်။ မုံရွာဂေဇက်အနေဖြင့် ပတ်ဝန်းကျင်ကို

ဟုမ္မလင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးသစ် ပစ်သတ်ခံရ

Posted: 15 Apr 2021 06:41 AM PDT

ဟုမ္မလင်း၊ဧပြီ-၁၅စစ်ကိုင်းတိုင်း ဟုမ္မဟင်းမြို့နယ် ဟဲခမ်းရွာအုပ်စု သဖန်းကုန်းရွာ၌ အသစ်ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူး ဦးဥက္ကာ( ၃၉ နှစ်)မှာ သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဧပြီ-၁၄)နံနက် ၈ နာရီခန့်က ၎င်းနေအိမ်ရှေ့တွင် မျက်နှာဖုံးစွပ်ထားသော လက်နက်ကိုင် ၄ ဦးက လာရောက်ပစ်ခတ်သွားသည်ဟု ဒေသခံများက ပြောသည်။အဆိုပါ အုပ်ချုပ်ရေးမှူးအသစ်သည် သေနတ်ဒဏ်ရာ ၁၇ ချက်ထိမှန်ပြီး နေရာတွင်ပင် သေဆုံးသွား

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.