Sunday, April 18, 2021

သစ်ထူးလွင်

သစ်ထူးလွင်


အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံဆန္ဒပြသူ နှစ်ဦး ဖမ်းဆီးခံရ

Posted: 18 Apr 2021 08:15 AM PDT

ဒီနေ့ မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့မှာ နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲတွေ ဆက်လက် ပေါ်ပေါက်ခဲ့ပြီး ရဲနဲ့စစ်တပ်ရဲ့ ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။ ရန်ကုန်မှာ တော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကနေ မနေ့က ဖွဲ့စည်းလိုက်တဲ့ အမျိုးသား ညီညွတ်ရေးအစိုးရကို ထောက်ခံဆန္ဒပြသူတွေထဲက နှစ်ဦး ဒီကနေ့ ဖမ်းဆီးခံခဲ့ရပါတယ်။စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းမှု KNU တပ်မဟာ ၅ ထောက်ခံ

Posted: 18 Apr 2021 08:11 AM PDT

KNU တပ်ဖွဲ့ဝင်များမြန်မာပြည်မှာ ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ တပ်မဟာ(၅)က ကြိုဆိုလိုက်ပြီး၊ ဖယ်ဒရပ်တပ် ဖွဲ့စည်းမှု ရှိလာခဲ့ရင် ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့ အကြောင်း ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ တိုင်းရင်းသားတွေ လိုလားတဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက် နိုင်လိမ့်မယ်လို့

မိုးကုတ်မှာ ပစ်ခတ်ဖြိုခွဲမှု သေဆုံး ဒဏ်ရာရသူရှိ

Posted: 18 Apr 2021 08:09 AM PDT

မိုးကုတ်မြို့မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နင်းနေတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (ဧပြီ ၁၇၊ ၂၀၂၁။ ဓာတ်ပုံ - CJ)ဒီကနေ့ မြန်မာ့ရိုးရာ နှစ်ဆန်း ၁ ရက်နေ့မှာ မိုးကုတ်မြို့ ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ ရဲက ပစ်ခတ်ဖြိုခွဲတာကြောင့် ဆန္ဒပြသူ ၁ ဦးထက်မနည်း သေဆုံးပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရပါတယ်။ ရန်ကုန်မှာတော့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးတရုံးမှာ ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက်

မြင်းခြံ ကမ္ဘောဇဘဏ် ပေါက်ကွဲမှုဖြစ်

Posted: 18 Apr 2021 08:07 AM PDT

မြင်းခြံ မြို့မှာ ကမ္ဘောဇဘဏ် ဒီကနေ့ ဧပြီလ ၁၈ ရက်နေ့ ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ဘီဘီစီကို ပေးပို့လာတဲ့ဒေသခံတွေရဲ့ ဓာတ်ပုံနဲ့ သတင်းအချက်အလက်တွေအရ ဗုံးလို့ယူဆရပြီး ပျက်စီးတဲ့ ပမာဏများတာကိုလည်း တွေ့ရပါတယ်။စစ်ကောင်စီရဲ့ မြန်မာ့ရုပ်သံက တော့ လက်လုပ်မိုင်းနဲ့လာရောက်ပစ်ခတ်တာဖြစ်တယ်လို့ ည ၈ နာရီသတင်းမှာထုတ်ပြန်ခဲ့ပါတယ်။ဒီနေ့ မနက်ပိုင်းကလည်း မြင်းခြံမြို့ စည်ပင်

ဂျပန် သတင်းထောက်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အိမ်မှာဝင်ဖမ်း

Posted: 18 Apr 2021 08:05 AM PDT

ရန်ကုန်မြို့ ပုဇွန်တောင်ရပ်ကွက် ရေကျော်လမ်းမကြီးပေါ်ရှိ တိုက်အမှတ် ၄၉ လေးလွှာမှာနေထိုင်တဲ့ ဂျပန်လူမျိုး သတင်းထောက်တစ်ဦးကို ပြီးခဲ့တဲ့နာရီပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေအိမ်မှာဝင်ဖမ်းသွားတယ်လို့ မျက်မြင်တွေ့သူ တစ်ဦးကပြောပါတယ်။အဲ့ဒီ သတင်းထောက်ကို လက်နှစ်ဖက်မြှောက်ခိုင်းပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားပေါ်တင်ခေါ်သွားတာတွေ့ရတယ်လို့လည်း သူကပြောပါတယ်။အဖမ်းခံရတဲ့သတင်းထောက်ဟာ မြေနီကုန်းမှာ

မိုးညှင်းမြို့နယ်က ရထားသံလမ်းတံတားတစ်ခု မိုင်းခွဲခံရ

Posted: 18 Apr 2021 08:03 AM PDT

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းက ကာဒူဘူတာနဲ့ မော်ဟန်ဘူတာကြားမှာရှိတဲ့ အမှတ် (၅၅၅) တံတားတစ်စင်း ဒီနေ့မနက် ၆ နာရီလောက်က မိုင်းခွဲဖျက်ဆီးခံရတယ်လို့ အနီးအနားမှာရှိတဲ့ ဒေသခံ ကျေးရွာသားတွေက ပြောပါတယ်။မော်ဟန်ကျေးရွာက အမည်မဖော်လိုတဲ့ ကျေးရွာသားတစ်ဦးက မိုင်းခွဲခံရလို့ ရထားသွားလို့ မရတော့တဲ့ အခြေအနေ ဖြစ်နေတယ်လို့ ပြောပါတယ်။"တံတားအမှတ် (၅၅၅) ပါ ။ မာလာရေပေါက်တံတားလို့ ခေါ်ပါတယ်။ အခုလောလောဆယ်တော့ ရထား

ဆန္ဒပြပွဲတွေ ဖြိုခွင်းမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေရှိ

Posted: 18 Apr 2021 08:01 AM PDT

မြန်မာနိုင်ငံတဝှမ်းမှာ ဒီနေ့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲတွေ၊ CRPH က ဖွဲ့စည်းလိုက်တဲ့ အမျိုးသား ညီညွတ်ရေးအစိုးရကိုထောက်ခံဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့သလို မန္တလေးတိုင်း မြင်းခြံမြို့မှာတော့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတချို့လည်းရှိခဲ့ပါတယ်။မန္တလေးတိုင်း မြင်းခြံမြို့ အမှတ် (၈) ရပ်ကွက်မှာ ဒီမနက် ၁၁ နာရီလောက်က စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် အရပ်သား နှစ်ဦး ထိခိုက်

မြင်းခြံ ဘုရားလမ်းထိပ် ဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးသွားသော KBZ ဘဏ်ခွဲ

Posted: 18 Apr 2021 07:47 AM PDT

(၁၈/၄/၂၀၂၁)မြင်းခြံ အမှတ် (၆) ရပ်ကွက်ကို ရှေ့တန်းမသွားရဲသည့် စစ်ခွေးများက ရှက်ရမ်းရမ်း ပစ်ခတ်နေဟုသိရသည်။Burma News Networkhttps://www.facebook.com/burmanewsnetwork

ကျောက်မဲမြို့ ယမန်နေ့ (ဧပြီ ၁၇)ရက် ည ၉နာရီကျော်တွင် အကြမ်းဖက်စစ်ကောင်စီ ပစ်ခတ်မှုကြောင့် လျှပ်စစ်ဝန်ထမ်းတဦး ကျဆုံးသွားခဲ့

Posted: 18 Apr 2021 07:40 AM PDT

ကျောက်မဲမြို့ ယမန်နေ့ (ဧပြီ ၁၇)ရက် ည ၉နာရီကျော်တွင် အကြမ်းဖက်စစ်ကောင်စီ ပစ်ခတ်မှုကြောင့် လျှပ်စစ်ဝန်ထမ်းတဦး ကျဆုံးသွားခဲ့ပြီး၊ ထိုကျဆုံးသွားသည့် နေရာ ကို ယနေ့ (ဧပြီ ၁၈)ရက် မှာ ကျောက်မဲဒေသခံပြည်သူများ ဆိုင်ကယ်သပိတ်ဖြင့် ချီတက်ကာ လွမ်းဆွတ်ပန်းခွေ သွားရောက်ချခဲ့ကြောင်း သိရသည်။SHAN News (Burmese Version)https://www.facebook.com/shannewsburmese

ဖားကန့် စစ်​ကောင်စီတပ်စခန်း တစ်ခု ​ကေအိုင်​အေ သိမ်း

Posted: 18 Apr 2021 07:37 AM PDT

April 18- kachinwaves ဖားကန့်မြို့နယ် ​အောင်ဘာ​လေ ​ကျေးရွာ တန်းကောင်​တောင် ရှိ စစ်​ကောင်စီလက်နက် စခန်းအား ​ကေအိုင်​အေ ​တွေ သွားတိုက်ကာ သိမ်းလိုက်ပြီဖြစ်​ကြောင်း သတင်းရရှိသည်။ယ​နေ့ည​နေ ထိုစခန်းအား ​ကေအိုင်​အေမှသွားတိုက်ခဲ့ပြီး သိမ်း နှိင်ခဲ့ပြီဖြစ်​ကြောင်း ​ကေအိုင်​အေ အရာရှိတစ်ဦးကဆိုသည်။Kachinwaveshttps://www.facebook.com/kachinwavesnews

မုံရွာ ယာကြီး -ကလေးဝ ကားလမ်းမှာ တပ်နဲ့ဒေသခံ ရွာသားတွေ အပြန်အလှန် ပစ်ခတ်ကြလို့ ၂ ဖက် ထိခိုက်သေဆုံးရှိ

Posted: 18 Apr 2021 07:32 AM PDT

ဧပြီ ၊ ၁၈ ၊ ၂၀၂၁စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ၊ တောင်တွင်းချောင်ဒေသ ၊ မုံရွာ ယာကြီး ကလေးဝ ကားလမ်း ၊ စစ်လျင်ချောင်းကျေးရွာအနီးဝန်းကျင်မှာ ဧပြီ ၁၇ ရက် မနေ့က ညနေပိုင်းမှာ လုံခြုံရေး တပ်ဖွဲ့နဲ့ ဒေသခံ ရွာသားတွေအကြား ၂ ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားတာကြောင့် သေဆုံး ဒဏ်ရာရသူတွေရှိတယ်လို့ သိရပါတယ်။မင်းကင်းမြို့နယ် စစ်လျင်ချောင်းက ရွာခံ တစ်ယောက်ပြောတာက " ရဲနဲ့ စစ်တွေက ကျွန်တော်တို့ရွာက. ကိုအောင်ဘ ဆို

ရန်ကင်းမြို့နယ်ထွေအုပ်ရုံး ဗုံးပေါက်ပြီးနောက် လူငယ်၁၂ဦးကို ဖမ်းဆီး

Posted: 18 Apr 2021 07:30 AM PDT

ပုံစာ - ရန်ကင်းမြို့နယ် အမှတ်၂ရပ်ကွက် ရန်အောင် ၆လမ်းမှာရှိတဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုး ဗုံးပေါက်ကွဲ့ပြီး အသွားလာမရှိတဲ့ပုံရန်ကုန်-ဧပြီ ၁၈-၂၀၂၁နှစ်ဆန်းတစ်ရက်နေ့ နေ့လယ်ပိုင်းက ရန်ကင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးရုံး ဗုံးပေါက်မှုအပြီး ညပိုင်းနဲ့ဒီနေ့မနက်ပိုင်းအထိ ရဲတပ်ဖွဲ့က လူငယ် ၁၂ဦးကို ဖမ်းဆီးခဲ့ပါတယ်။"ဗုံးပေါက်ပြီးတော့ ညဘက်ဧည့်စာရင်းစစ်သလိုဘာလိုလိုနဲ့ လူငယ်တွေကို ဝင်ဖမ်းတာ တစ်ယောက်မိ

မော်လမြိုင်တွင် ဘုန်ကြီးမောင်းလာသည့်ကားဆိုင်ကယ် ၆ စီးအားဝင်တိုက် ၂ ဦးသေ

Posted: 18 Apr 2021 07:28 AM PDT

မော်လမြိုင် ဧပြီ ၁၈ ။ယနေ့ညနေ့ပိုင်း မော်လမြိုင် စျေးကြိုဆန်တန်းတွင် ဘုန်းကြီး(၁)ပါးမောင်းလာသောကားမှ ဆိုင်ကယ်၆ စီးအားဝင်တိုက်ခဲ့ရာလက်ရှိ ၂ဦး ပွဲချင်းပြီးသေဆုံးထားကြောင်း ကနဦးသတင်းရရှိသည်။သေဆုံးသူမှာ မဟာမြိုင်(၆)လမ်းမှ အဘိုးဖြစ်သူနှင့်မြေးမလေးဖြစ်သည်ဟုကနဦစုံစမ်းသိရှိရထားသည်။Bago Weekly Journal Online Pagehttps://www.facebook.com/bagoweeklyjournal1212

ပဲခူးဆင်ဖြူကွင်းသုဿန်မှ နွေဦးတော်လှန်ရေးသူရဲကောင်းဗိမာန်အားမနက်ဖြန်အပြီးဖျက်ပေးရမည်ဟုဆို

Posted: 18 Apr 2021 07:23 AM PDT

ပဲခူး ဧပြီ ၁၈ ။ပဲခူးဆင်ဖြူကွင်းသုဿန်မှ နွေဦးတော်လှန်ရေးသူရဲကောင်းဗိမာန်အားမနက်ဖြန်အပြီးဖျက်ပေးရမည်ဟု ယနေ့ ပဲခူးပရဟိတ နာရေးကူညီမှုအသင်း ၁၇ သင်းအား‌ ပဲခူးတစကမှခေါ်ယူတွေ့ဆုံပြောကြားသည်ဟု သွားရောက်တွေ့ဆုံသည့် ပရဟိတအသင်းများမှပြောကြားသည်။ဆင်ဖြူကွင်းမှ နွေဦးတော်လှန်ရေးကျဆုံးအုတ်ဂူများအား နေရာရွေ့ရန်၊တဆက်တစပ်တည်းမထားရန်၊နွေဦးတော်လှန်ရေးစာလုံးပါကမ္ဗည်းများအားဖျက်ရန်၊(ဂူ-၇လုံးအား အခြားနေရာရွေ့ရန်) လူနာ

အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဝန်ကြီးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ ဆာဆာ၏ ထုတ်ပြန်ချက်

Posted: 18 Apr 2021 07:21 AM PDT

မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြေညာချက်၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်မြန်မာနိုင်ငံ၏ နှစ်သစ်ကူးအကြို သင်္ကြန်အတက်နေ့ဖြစ်သည့် ဤကနေ့တွင် ကျွန်ုပ်တို့သည် အမျိုးသားညီညွတ်ရေးအစိုးရသစ်ကို ဖွဲ့စည်းလိုက်ပြီဖြစ်ပြီး မြန်မာပြည်သူလူထုအတွက် ခေတ်သစ်ကို စတင်လိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက် ဂုဏ်ယူစွာဖြင့် ကြေညာအပ်ပါသည်။ ကျွန်ုပ်တို့၏ သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံတွင် ညီညွတ်သော အစိုးရတစ်ရပ်ကို

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.