သစ္ထူးလြင္ |
- မန္တလေးမှာ သိမ်းဆည်းခံလူမှုကယ်ဆယ်ရေးကားကို စစ်ကောင်စီတပ်တွေ ထုတ်စီးနေ
- ရုပ်ရှင်သရုပ်ဆောင် မျိုးသန္တာထွန်း ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံရ
- ရန်ကုန်မြို့ပေါ် တားဆီးစစ်ဆေးမှုနဲ့ နေအိမ်ရှာဖွေမှုတွေ ပိုလုပ်လာ
- ဖမ်းဆီးခံရသူများကို ညှင်းပမ်းနှိပ်စက်မှု လူ့အခွင့်အရေးသမားတွေ ဝေဖန်
- ဧပြီ ၁၉ ရက်မှာ သေဆုံးသူတစ်ယောက်နဲ့ အဖမ်းခံရသူ အယောက် ၃၀ ကျော်ရှိ
- စစ်ကောင်စီကိုဆန့်ကျင်တဲ့ ဆရာဝန် ၁၂ဝ ကျော် တရားစွဲခံထားရ
- ပစ်ခတ်သံတွေကြားက ဖားကန့်ပြည်သူတွေ စစ်ကောင်စီကို ဆက်ဆန္ဒပြ
- ဂျာကာတာမြို့ အာဆီယံ အထူးဆွေးနွေးပွဲ ထိုင်းဝန်ကြီးချုပ် မတက်
- ထိုင်းမြန်မာနယ်စပ် လူကုန်ကူးခံရသူ မြန်မာ ၃၀ နီးပါး ထိုင်းဖမ်းဆီး
- ထိုင်း-မြန်မာနယ်စပ် ကုန်စည်စက်လှေ ပစ်ခတ်ခံရ
- အမေရိကန်-ဂျပန် ခေါင်းဆောင်တို့၏ပူးတွဲကြေညာချက်မှကောက်နုတ်ချက်
- ဖားကန့် အာဏာသိမ်းစစ်တပ်၏ တပ်စခန်း ၂ ခုကို KIA သိမ်းပိုက်
- ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ဂျပန် သတင်းထောက်ကို အကျဉ်းထောင်သို့ ပြောင်းရွှေ့
- ထိုင်းစားသောက်ကုန်ပစ္စည်း ၅ မျိုး မြဝတီနယ်စပ်မှတဆင့် တင်သွင်းခွင့် ရုတ်တရက်ပိတ်လိုက်ခြင်းကြောင့် မြန်မာကုန်သည်များ ထိခိုက်မှုကြီးမား
- သံလွင်မြစ်အတွင်း သွားလာသည့် လှေများကို စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စက်လှေများ ရပ်နားထားရ
- မယားဖြစ်သူက ယောကျ်ားဖြစ်သူကို ဓားနဲ့ခုတ်သတ်ပြီး အလောင်းကို လမ်းဘေးအမှိုက်ပုံမှာ စွန့်ပစ်ထား
- ထိုင်းစားသောက်ကုန် (၅)မျိုး နယ်စပ်ကုန်သွယ်ရေးဇုန်မှ တင်သွင်းခွင့် ယာယီပိတ်ဆိုင်း
- အောင်ပန်းမြို့ အမျိုးသားတဦး ကို စစ်ကောင်စီမှ သေနတ်ပစ်သတ်
- CRPH အဖွဲ့ဝင် မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်က ဦးမျိုးနိုင်၏ ပိုင်ဆိုင်မှုများမှ အစိုးရကိုအခွန်ဆောင်သည့် မြေမှအပ မရွှေ့မပြောင်းနိုင်သောပစ္စည်းများ၊ ရွှေ့ပြောင်းနိုင်သောပစ္စည်းများကို ဝရမ်းစွဲကပ် သိမ်းချုပ်ရန် တရားရုံး အမိန့်ထုတ်။
- မိုးညှင်းမြို့တွင် (၁၂)ဘီးယာဉ်အား အရပ်၀တ်စစ်ကောင်စီအဖွဲ့ဝင် လက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ
- သာကေတ(၁၀)တောင် ရပ်ကွက်ရုံး မီးလောင်
- မြင်းခြံ အေးကျင်းရပ်ကွက်ထဲမှာ တပ်နဲ့ရဲကပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီးနောက် လူနေအိမ်အချို့မီးလောင်
- ကျွန်းတောလမ်း ကားမီးလောင်တာကို ရဲတွေလာစစ်
- နယူးဂျာစီက နွေဦးတော်လှန်ရေး ရန်ပုံငွေပွဲ ဒေါ်လာ တသိန်းကျော် ရရှိ
မန္တလေးမှာ သိမ်းဆည်းခံလူမှုကယ်ဆယ်ရေးကားကို စစ်ကောင်စီတပ်တွေ ထုတ်စီးနေ Posted: 19 Apr 2021 08:17 AM PDT မန္တလေးမြို့မှာ ဧပြီလ ၁၁ ရက်နေ့ညက လူနာသွားပို့ရင်း ဖမ်းဆီးသိမ်းဆည်းခံလိုက်ရတဲ့ အရေးပေါ်လူနာတင်ယာဉ်ကားကို စစ်ကောင်စီတပ်တွေက မြို့ထဲ လုံခြုံရေးယူချိန်မှာ ထုတ်စီးနေတယ်ဆိုပြီး သိမ်းဆည်းခံ လူမှုကူညီရေးအဖွဲ့က ထုတ်ပြောလာပါတယ်။အဲဒီကားဟာ ဆန္ဒပြပွဲလူနာမဟုတ်တဲ့ အရပ်သားနာမကျန်းသူကို ဆေးရုံပို့ဖို့ သွားချိန် ညမထွက်ရအမိန့်အသက်ဝင်တဲ့ ည ၈ နာရီကျော်ကျော်မှာ စစ်ဆေးခံရပြီး ပရဟိတ အသင်းသား ၆ ဦးနဲ့ အတူ အဖမ်းခံခဲ့ရတာ |
ရုပ်ရှင်သရုပ်ဆောင် မျိုးသန္တာထွန်း ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံရ Posted: 19 Apr 2021 08:16 AM PDT ရုပ်ရှင်သရုပ်ဆောင် မျိုးသန္တာထွန်း ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံရရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မျိုးသန္တာထွန်းကို ဒီနေ့ ဧပြီ ၁၉ ရက် မနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ၎င်းရဲ့ သားဖြစ်သူက လူမှုကွန်ရက်မှာရေးသားထားပါတယ်။မျိုးသန္တာထွန်းဟာ လွန်ခဲ့တဲ့ ၃ ရက်လောက်တည်းက ပြည်တွင်းခရီးစဉ်ကို သွားရောက်ခဲ့ပြီး အဲဒီကနေ ရန်ကုန်ကို ပြန်အလာ ဒီနေ့မနက်ပိုင်းမှာ ရန်ကုန်လေဆိပ်ကိုအရောက် |
ရန်ကုန်မြို့ပေါ် တားဆီးစစ်ဆေးမှုနဲ့ နေအိမ်ရှာဖွေမှုတွေ ပိုလုပ်လာ Posted: 19 Apr 2021 08:14 AM PDT ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ထောက်ခံဆန္ဒပြပွဲ။ (ဧပြီ ၁၈၊ ၂၀၂၁)စစ်အာဏာသိမ်းမှုကို တက်တက်ကြွကြွ ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ ရန်ကုန်မြို့က မြို့နယ်တွေမှာ လမ်းပေါ်သွားလာနေတဲ့ ယာဉ်တွေကို တားဆီးစစ်ဆေးတာ၊ ညဖက် အိမ်တွေထဲ ဝင်ရောက် စစ်ဆေးဖမ်းဆီးတာတွေကို တပ်တွေက အခုရက်ပိုင်း ပိုလုပ်လာပါတယ်။ ဒီအခြေအနေကြားမှာပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဆက်ရှိနေတဲ့အကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မဆု |
ဖမ်းဆီးခံရသူများကို ညှင်းပမ်းနှိပ်စက်မှု လူ့အခွင့်အရေးသမားတွေ ဝေဖန် Posted: 19 Apr 2021 08:13 AM PDT မုံရွာမြို့ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အာဏာသိမ်း အုပ်ချုပ်နေတဲ့ စစ်ကောင်စီက ဖမ်းဆီးထားသူတွေကို နှိပ်စက်ထားတဲ့ ပုံတွေကို ထုတ်ပြန်ခဲ့ပြီးနောက် ဒါဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်လို့ လူ့အခွင့်အရေးဆောင်ရွက်နေသူတွေနဲ့ ဥပဒေပညာရှင်တွေက ပြောကြားလိုက်ပါတယ်။ အမျိုးသမီးငယ်တွေကိုပါ ရုပ်ပျက် ဆင်းပျက်ဖြစ်တဲ့အထိ ရိုက်နှက်ထားတာဟာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမြောက်တယ်လို့ ထောက် |
ဧပြီ ၁၉ ရက်မှာ သေဆုံးသူတစ်ယောက်နဲ့ အဖမ်းခံရသူ အယောက် ၃၀ ကျော်ရှိ Posted: 19 Apr 2021 08:10 AM PDT စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးမှုတွေကြောင့် ဧပြီလ ၁၈ ရက် မနေ့ နေ့လယ်ပိုင်းကနေ ဧပြီလ ၁၉ ရက် ဒီနေ့ထိ ၂၄ နာရီလောက်အတွင်း RFA က အတည်ပြုလို့ရသမျှ တစ်နိုင်ငံလုံးမှာ သေဆုံးသူ တစ်ယောက်နဲ့ အဖမ်းခံရတဲ့သူ အယောက် ၃၀ ကျော်ရှိခဲ့ပြီး မီးရှို့ခံရတဲ့ ဖြစ်ရပ်တွေလည်းရှိခဲ့ပါတယ်။သေဆုံးတဲ့သူ တစ်ယောက်က မြင်းခြံမြို့ကဖြစ်ပြီး၊ အဖမ်းခံရသူတွေကတော့ ရန်ကုန်က ၁၄ ယောက်၊ မန္တလေးက ၁၀ ယောက်၊ မိုးညှင်းက |
စစ်ကောင်စီကိုဆန့်ကျင်တဲ့ ဆရာဝန် ၁၂ဝ ကျော် တရားစွဲခံထားရ Posted: 19 Apr 2021 08:09 AM PDT ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) နဲ့ စစ်ကောင်စီရဲ့ တရားစွဲဆိုခံထားရတဲ့ ကျန်းမာရေးဝန်ထမ်း အယောက် ၁၀၀ ကျော် ရှိသွားပါပြီ။ အဲ့ဒီအထဲမှာ မြန်မာနိုင်ငံတဝန်းက ပြည်သူ့ဆေးရုံတွေ၊ တိုက်နယ်ဆေးရုံတွေက အတွေ့အကြုံရင့်ကျက်တဲ့ ဆေးရုံအုပ် ဆရာဝန် ဆရာမကြီးတွေ၊ အထူးကုသမားတော်ကြီးတွေ ပါဝင်ပါတယ်။ စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) မှာ ကျန်းမာရေး ဝန်ထမ်းတွေ တက်တက်ကြွကြွ ပါဝင်နေတာနဲ့အမျှ အစိုးရ ဆေးရုံဆေးခန်းတွေ |
ပစ်ခတ်သံတွေကြားက ဖားကန့်ပြည်သူတွေ စစ်ကောင်စီကို ဆက်ဆန္ဒပြ Posted: 19 Apr 2021 08:07 AM PDT ပစ်ခတ်သံတွေကြားက ဖားကန့်ပြည်သူတွေ စစ်ကောင်စီကို ဆက်ဆန္ဒပြကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ဧပြီ ၁၈ ရက်နေ့ကတည်းက ဒီကနေ့အထိ အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်KIA တို့ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံပြည်သူတွေအနေနဲ့ လက်နက်ကြီးပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရပေမဲ့ ညဆီမီးသပိတ်နဲ့ နေ့ခင်းလှည့်လည်ဆန္ဒပြမှုတွေကတော့ ရပ်တန့်မသွားဘဲ ဆက်လက်ဆန္ဒပြလျက်ရှိပါတယ်။ပစ်ခတ်သံတွေကြားက ဖားကန့်ပြည်သူတွေ စစ် |
ဂျာကာတာမြို့ အာဆီယံ အထူးဆွေးနွေးပွဲ ထိုင်းဝန်ကြီးချုပ် မတက် Posted: 19 Apr 2021 08:03 AM PDT ဂျာကာတာမြို့ အာဆီယံ အထူးဆွေးနွေးပွဲ ထိုင်းဝန်ကြီးချုပ် မတက်ဂျာကာတာမြို့မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို မတက်ဖို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဆုံးဖြတ်လိုက်ပြီး ထိုင်းနိုင်ငံကိုယ်စား နိုင်ငံခြားရေးဝန်ကြီးကိုပဲ စေလွှတ်တော့မယ်လို့ အစိုးရသတင်းရပ်ကွက်တစ်ခုကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံနိုင်ငံ ခေါင်းဆောင်တွေ ဆွေးနွေးကြမယ့် |
ထိုင်းမြန်မာနယ်စပ် လူကုန်ကူးခံရသူ မြန်မာ ၃၀ နီးပါး ထိုင်းဖမ်းဆီး Posted: 19 Apr 2021 08:01 AM PDT ထိုင်းမြန်မာနယ်စပ် လူကုန်ကူးခံရသူ မြန်မာ ၃၀ နီးပါး ထိုင်းဖမ်းဆီးမြန်မာနိုင်ငံနဲ့ နယ်စပ်ဖြစ်တဲ့ ထိုင်းနိုင်ငံ ကမ်ချနဘူရီပြည်နယ်၊ တာ့ခ်ပြည်နယ်၊ ချင်းရိုင်ပြည်နယ်တွေမှာ လူကုန်ကူးခံရတဲ့ မြန်မာ ၃၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။ ကိုဗစ်ကပ်ရောဂါထိန်းချုပ်တဲ့အနေနဲ့ ထိုင်းနိုင်ငံက အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားတွေ နိုင်ငံထဲ လာရောက်ခွင့် ပိတ်ပင်ထားချိန် ခုလိုလူကုန်ကူးခံရသူတွေ ဖမ်းမိတဲ့အကြောင်း |
ထိုင်း-မြန်မာနယ်စပ် ကုန်စည်စက်လှေ ပစ်ခတ်ခံရ Posted: 19 Apr 2021 07:59 AM PDT ထိုင်းမြန်မာနယ်စပ် မဲ့စံလက်ဒေသထိုင်းမြန်မာနယ်စပ် မယ်ဟောင်ဆောင်ပြည်နယ် သံလွင်မြစ် အတွင်းမှာ ပြေးဆွဲနေတဲ့ ကုန်စည်ပို့ဆောင်ရေး စက်လှေတွေ စနေ့နေ့က ပစ်ခတ်ခံရတဲ့အကြောင်း မအေးေးအမာက သတင်းပေးပို့ လာပါတယ်။ထိုင်းမြန်မာနယ်စပ် မယ်ဟောင်ဆောင် ပြည်နယ် မဲ့စလက် ဒေသအနီး သံလွင်မြစ်ကြောင်းအတိုင်း ကုန်စည် ပို့ဆောင်နေကြတဲ့ ထိုင်းစက်လှေ သုံးစင်းကို မြန်မာစစ်တပ်က ဧပြီ ၁၇ရက်နေ့က ပစ်ခတ်ခဲ့ကြောင်း ထိုင်းသတင်းတွေမှာ ဖေါ်ပြ |
အမေရိကန်-ဂျပန် ခေါင်းဆောင်တို့၏ပူးတွဲကြေညာချက်မှကောက်နုတ်ချက် Posted: 19 Apr 2021 06:41 AM PDT ဂျပန်ဝန်ကြီးချုပ် ဆူဂါယိုရှီဟိဒဲ ကို အမေရိကန်သမ္မတ ဂျိုးဇက်အာဘိုင်ဒင် က ဧပြီ ၁၆ ရက်တွင် ဝါရှင်တန်ဒီစီ၌ကြိုဆိုအမေရိကန်-ဂျပန် ခေါင်းဆောင်တို့၏ပူးတွဲကြေညာချက်မှကောက်နုတ်ချက်ခေတ်သစ်တစ်ရပ်အတွက် အမေရိကန်-ဂျပန် မိတ်ဖက်လက်တွဲမှု"မြန်မာစစ်တပ်နဲ့ရဲတွေရဲ့ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုကျူးလွန်တာတွေကို မိမိတို့ ပြင်းပြင်းထန်အထန် ကန့်ကွက်ရှုတ်ချပါတယ်။ အကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်ရေး၊ ဖမ်းဆီးထားသူတွေ |
ဖားကန့် အာဏာသိမ်းစစ်တပ်၏ တပ်စခန်း ၂ ခုကို KIA သိမ်းပိုက် Posted: 19 Apr 2021 06:37 AM PDT April 19, 2021/ Kachin News Groupဖားကန့်မြို့နယ် လုံးခင်းအုပ်စု ကန်ဆီး (Ginsi Mare) ကျေးရွာအနီးတဝိုက်တွင် ဧပြီလ ၁၈ရက်နေ့ ညနေပိုင်း ၅နာရီနာအချိန်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်မှ အာဏာသိမ်းစစ်တပ်၏ တပ် စခန်း ၂ခုကို သိမ်းယူနိုင်ခဲ့ကြောင်း သတင်း ရရှိသည်။ကန်ဆီး (Ginsi) ကျေးရွာ၏ အရှေ့ဘက် ၈ မိုင်ခန့် နမ့်ဂျန့် (Nam Jan) ကျေးရွာတွင် တည်ရှိသည့် အာဏာသိမ်းတပ်စခန်းတစ်ခုနှင့် ကန် |
ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ဂျပန် သတင်းထောက်ကို အကျဉ်းထောင်သို့ ပြောင်းရွှေ့ Posted: 19 Apr 2021 06:34 AM PDT ဓာတ်ပုံ - Kyodo ၊ အင်တာနက် စာမျက်နှာများရန်ကုန်၊ ဧပြီ ၁၉၊ ၂၀၂၁ရန်ကုန်မြို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဂျပန် အလွတ်သတင်းထောက် ၁ ဦးကို အကျဉ်းထောင်ဆီ ပြောင်းရွှေ့ ထိန်းသိမ်းလိုက်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံးက ဧပြီ ၁၉ ရက်နေ့မှာ ပြောကြားတယ်လို့ Kyodo သတင်း ဌာနက ဖော်ပြပါတယ်။ရန်ကုန်မှာနေထိုင်တဲ့ တိုကျိုအခြေစိုက် Nikkei စီးပွားရေးနေ့စဉ် သတင်းထောက်ဟောင်း Yuri Kitazumi |
Posted: 19 Apr 2021 06:30 AM PDT ဧပြီလ ၁၉ ရက် ၂၀၂၁ ခုနှစ်။ ကေအိုင်စီထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ တင်သွင်းနေသည့် ထိုင်းစားသောက် ကုန် ပစ္စည်း ၅ မျိုး မြဝတီနယ်စပ်မှတဆင့် တင်သွင်းခွင့်ကို ရုတ်တရက်ပိတ်လိုက်ခြင်းကြောင့် မြန်မာကုန်သည်များအတွက် ထိခိုက်နစ်နာမှု ကြီးကြီးမားမား ရှိနေကြောင်း မြဝတီနယ်စပ်ကုန်သည်ကြီးများ အသင်း ဥက္ကဌ ဒေါ်သင်းသင်းမြတ်က ယနေ့(ဧပြီ ၁၉ရက်) ပြောသည်။ ထိုင်းစားသောက်ကုန်ပစ္စည်း ၅ မျိုး ဖြစ်သော အချိုရည်မျိုးစုံ၊ |
သံလွင်မြစ်အတွင်း သွားလာသည့် လှေများကို စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စက်လှေများ ရပ်နားထားရ Posted: 19 Apr 2021 06:28 AM PDT ဧပြီ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီKNU-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်ထိန်းချုပ်နယ်မြေနှင့် ထိုင်း-မြန်မာနယ်စပ်ကြား သံလွင်မြစ် အတွင်း သွားလာနေသည့် စက်လှေများကို ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့်အတွက် ယခုအချိန်တွင် စက်လှေများသွားလာ၍ မရဲတော့ဘဲ ရပ်နားထားရသည်ဟု စက်လှေမောင်းသူများက ကေအိုင်စီသို့ပြောသည်။အဆိုပါ ဒေသတွင် ဒေသခံများစားဝတ်နေရေးအတွက် ကုန်ပစ္စည်းများသယ်ယူ |
မယားဖြစ်သူက ယောကျ်ားဖြစ်သူကို ဓားနဲ့ခုတ်သတ်ပြီး အလောင်းကို လမ်းဘေးအမှိုက်ပုံမှာ စွန့်ပစ်ထား Posted: 19 Apr 2021 06:21 AM PDT ဧပြီ ၁၉ ၊ ၂၀၂၁ကိုတိုးကြီး (VOM)စစ်ကိုင်းတိုင်း ခန္တီးမြို့ ဇီးဖြူကုန်းရပ်ကွက် မဟာ ရန်အောင်မြင်စေတီ နဲ့ ခလရ ၂၂၉ အကြား လမ်းဘေးအမှိုက်ပုံအနီးမှာ ဧပြီ ၁၈ မနေ့က မနက်ပိုင်းမှာ ပြတ်ရှ ဓားဒဏ်ရာ အများအပြားနဲ့ အမျိုးသားရုပ်အလောင်း ၁ လောင်းတွေ့ရတယ်လို့ သိရပါတယ်။" သေဆုံးနေသူဟာ ခန္တီးမြို့ ဇီးဖြူကုန်း ( နောက်အော်ကုန်း) ရပ်ကွက်က အသက် ၄၇ နှစ်အရွယ် ဦးပါကွေ ဖြစ်တယ် " လို့ ဇီးဖြူကုန်းရပ်ကွက်နေသူက ပြောပါတယ်။သေဆုံး |
ထိုင်းစားသောက်ကုန် (၅)မျိုး နယ်စပ်ကုန်သွယ်ရေးဇုန်မှ တင်သွင်းခွင့် ယာယီပိတ်ဆိုင်း Posted: 19 Apr 2021 06:21 AM PDT ဧပြီ ၁၉ ရက် ၂၀၂၁မြန်မာပြည်သူများ တရုတ်နိုင်ငံ နှင့် စစ်တပ်ပိုင်း ထုတ်ကုန်များကို မသုံးစွဲရန် (Boycott )လုပ်ပြီးနောက်ပိုင်း စစ်ကောင်စီ အုပ်စုမှ နယ်စပ်အတွင်း ကုန်ပစ္စည်း (၅)မျိုး တင်သွင်းခွင့်ကို ယာယီ ရပ်ဆိုင်းသွားမည်ဟု သတင်းရရှိသည်။စစ်တပ်မှ ပြည်သူ့ အာဏာကို ဖေဖော်ဝါရီ ၁ရက်မှ စပြီး လုယက်သိမ်းယူပြီးနောက် ပြည်သူများက စစ်တပ် ထုတ်ကုန်ပစ္စည်းများ နှင့် စစ်တပ်ကို အားပေးနေသည့် တရုတ်နိုင်ငံ ထုတ် ပစ္စည်း |
အောင်ပန်းမြို့ အမျိုးသားတဦး ကို စစ်ကောင်စီမှ သေနတ်ပစ်သတ် Posted: 19 Apr 2021 06:18 AM PDT ဧပြီ ၁၉ ရက် ၂၀၂၁သျှမ်းပြည် တောင်ပိုင်း အောင်ပန်းမြို့ တွင် အကြမ်းဖက်စစ်ကောင်စီမှ အမျိုးသားတဦးကို သေနတ်ပစ်သတ်ခဲ့ပြီး မိသားစုဝင်များကို အလောင်းသွားထုတ်ခိုင်းခဲ့ကြောင်း သတင်းရရှိသည်။ဖြစ်စဉ်မှာ ဧပြီ ၁၁ရက် ည (၁၁)နာရီ ဝန်းကျင်တွင် သူငယ်ချင်းဖြင့် သောက်စားပြီး နေအိမ်ပြန်လာသည့် ပန်းရံဆရာ သည် ဧည့်စာရင်း လိုက်လံ စစ်ဆေးနေသည့် အကြမ်းဖက် စစ်ကောင်စီနှင့် တိုးခဲ့သဖြင့် စစ်ကောင်စီမှ သေနတ်ပစ်ကာ ဖမ်းဆီးခေါ် |
Posted: 19 Apr 2021 06:15 AM PDT CRPH အဖွဲ့ဝင် မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်က ဦးမျိုးနိုင်၏ ပိုင်ဆိုင်မှုများမှ အစိုးရကိုအခွန်ဆောင်သည့် မြေမှအပ မရွှေ့မပြောင်းနိုင်သောပစ္စည်းများ၊ ရွှေ့ပြောင်းနိုင်သောပစ္စည်းများကို ဝရမ်းစွဲကပ် သိမ်းချုပ်ရန် တရားရုံး အမိန့်ထုတ်။Kachinwaveshttps://www.facebook.com/kachinwavesnews |
Posted: 19 Apr 2021 06:07 AM PDT ဧပြီ၊၁၉ မန္တလေး- မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး ပေါ်ရှိ မိုးညှင်းမြို့နယ် လယ်မီးကျေးရွာနှင့် ကျွန်းပင်သာကျေးရွာကြားလမ်းမပေါ်တွင် ယနေ့မနက်(၁၀)နာရီအချိန်က ၁၂ဘီးယာဥ်အား အရပ်ဝတ်လက်နက်ကိုင်အုပ်စုမှ ပစ်ခတ်ခဲ့သဖြင့်ယာဥ်ပေါ်ပါသူ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး အမျိုးသား(၂)ဦး တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရသူ(၂)ဦးနှင့်သေဆုံးသူကို မိုးညှင်းဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။ ပြီးခဲ့သ |
သာကေတ(၁၀)တောင် ရပ်ကွက်ရုံး မီးလောင် Posted: 19 Apr 2021 06:04 AM PDT ရန်ကုန် ၊ ဧပြီ ၁၉-၂၀၂၁သာကေတမြို့နယ် ခိုင်ရွှေဝါလမ်း (၁၀)တောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဒီနေ့ ဧပြီ ၁၉ရက် နေ့လယ် ၂နာရီဝန်းကျင်က မီးလောင်ခဲ့တယ်လို့ အဲ့ဒီ ရပ်ကွက်မှာ နေထိုင်သူတွေဆီက သိရပါတယ်။ မီးစတင်လောင်ကျွမ်းရတဲ့အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးပါဘူး။"ရုံးကတော့ မီးလောင်ပြာကျသွားပြီ" လို့ အဲဒီရပ်ကွက်က မျက်မြင်တွေ့သူတဦးက ပြောပြပါတယ်။အဲဒီမီးလောင်မှုကို မီးသတ်ကားသုံးစီးနဲ့ |
မြင်းခြံ အေးကျင်းရပ်ကွက်ထဲမှာ တပ်နဲ့ရဲကပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီးနောက် လူနေအိမ်အချို့မီးလောင် Posted: 19 Apr 2021 06:02 AM PDT ဧပြီ ၁၉ -၂၀၂၁မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဒီကနေ့မနက်ပိုင်းက ပစ်ခတ်မှုတွေကြောင့်လူတစ်ဦး သေဆုံးခဲ့တဲ့အပြင် နေ့လယ်ပိုင်းမှာလည်း ပစ်ခတ်မှုတွေဖြစ်ပေါ်ခဲ့ပြီးမကြာခင် လူနေအိမ်အချို့မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကနေ စုံစမ်းသိရပါတယ်။" မီးလောင်မှုက အေးကျင်းရပ်ကွက်မှာဖြစ်တာပါ။ ပစ်ခတ်မှုတွေကြောင့် မနက်က အမှတ် ၆ရပ်ကွက်က လူတစ်ဦးသေဆုံးခဲ့ပေမယ့် အေးကျင်းမှာ လူသေဆုံးမှုမရှိဘူး။ မီးလောင်မှုကလည်း |
ကျွန်းတောလမ်း ကားမီးလောင်တာကို ရဲတွေလာစစ် Posted: 18 Apr 2021 08:21 AM PDT ရန်ကုန်မြို့ စမ်းချောင်း ကျွန်းတောလမ်းနဲ့ မဟာမြိုင်လမ်းထောင့်မှာ ရပ်ထားတဲ့ ကားတစ်စီး ဒီနေ့ ဧပြီလ ၁၈ ရက် နေ့လယ် ၃ နာရီကျော်လောက်က ရပ်ထားစဥ်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ပေါက်ကွဲသံတွေကြားခဲ့ရတယ်လို့ ကျွန်းတောလမ်းမှာနေထိုင် မျက်မြင်တွေ့ရှိသူ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။ပေါက်ကွဲသံတွေဟာ ကားတာယာနဲ့ ဆီတိုင်ကီတွေက ပေါက်ကွဲတာလို့ယူဆရပြီးတော့ မီးလောင်ပေါက်ကွဲ မှုဖြစ်ပြီးနောက် မီးသတ်တပ်ဖွဲ့က လာ |
နယူးဂျာစီက နွေဦးတော်လှန်ရေး ရန်ပုံငွေပွဲ ဒေါ်လာ တသိန်းကျော် ရရှိ Posted: 18 Apr 2021 08:19 AM PDT CRPH၊ CDM နဲ့စစ်ဘေးဒုက္ခသည်တွေအတွက် ခွဲဝေလှူဒါန်းမယ့် ရန်ပုံငွေ ဈေးပွဲတော်ကို လောကချမ်းသာ စေတီတော်တည်ရှိရာ အမေရိကန်ပြည်ထောင်စု နယူးဂျာစီမှာ စနေနေ့က ကျင်းပခဲ့ပါတယ်။ ဒီပွဲကို CRPH ကဖွဲ့စည်းလိုက်တဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း မိသားစုနဲ့အတူ တက်ရောက်အားပေးခဲ့ပါတယ်။စေတနာ့ဝန်ထမ်း ဈေးရောင်းကြတဲ့ဆိုင်ပေါင်း ၅၃ ခုရှိပြီး မြန်မာအစားအစာ အမျိုးပေါင်း ၈၀ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.