သစ္ထူးလြင္ |
- The Voice Weekly နဲ့တနင်္သာရီဂျာနယ် အယ်ဒီတာဟောင်းကန့်ဘလူမှာဖမ်းဆီးခံရ
- အေတီအမ် ကတ် အချို့ တစ်ရက်ကို တစ်သိန်းခွဲသာ ထုတ်နိုင်
- ပဲခူးမြို့ သပိတ်လှုပ်ရှားသူတွေကို ရှာဖွေဖမ်းဆီးနေ
- ပေါက်ကွဲမှုတွေကြောင့် ရန်ကုန်လုံခြုံရေး တင်းကြပ်၊ ဖမ်းဆီးမှုတွေ ရှိ
- နိုင်ကျဉ်းဟောင်းအဖွဲ့က ကိုတင်မောင်ဦးနဲ့ စုစုပေါင်း ကိုးယောက် ဖမ်းဆီးခံရ
- တစ်နိုင်ငံလုံးမှာ အနည်းဆုံး တစ်ယောက်သေ၊ အယောက် ၉၀ ကျော် အဖမ်းခံရ
- ယင်းမာပင် သီးကုန်းရွာအနီး ပစ်ခတ်မှုဒေသခံ ၆ဦးကျဆုံး
- ကချင်ပြည် မိုးမောက်မြို့ သျှမ်းလူမျိုး အများစုနေထိုင်သည့် ကျေးရွာအတွင်းကို အကြမ်းဖက်စစ်ကောင်စီ မှ တိုက်လေယာဉ်ဖြင့် ဗုံးများကြဲခြင်း၊ လက်နက်ကြီး၊လက်နက်ငယ်ဖြင့် ပစ်ခတ်ခြင်းတို့ ပြုလုပ်
- သံလွင်မြစ်အတွင်း သွားလာသည့်စက်လှေ ထပ်မံပစ်ခတ်ခံရ
- ပဲခူး NLD ပြန်ကြားရေးအဖွဲဝင်တစ်ဦးဖမ်းဆီးခံရ
- NUG က ပေးအပ်တဲ့တာဝန်တွေကို ထမ်းဆောင်ဖို့အဆင်သင့်ရှိကြောင်း ဆရာများသမဂ္ဂကဆို
- မြန်မာနိုင်ငံဆိုင်ရာ အရှေ့တောင်အာရှ ပြည်သူများ ထိပ်သီးအစည်းအဝေးပွဲတွင်ပါဝင်ကြရန် ဖိတ်ခေါ်
- NCA ချိုးဖောက်သူမှာ စစ်ကောင်စီများသာဖြစ်ကြောင်း KNU တပ်မဟာ ၅ ပြန်လည်ရှင်းလင်း
- မိုးညှင်းမြို့မှာ သပိတ်စစ်ကြောင်းထွက်ချိန် လူငယ် နှစ်ဦး ဖမ်းဆီးခံရ
- အာဏာသိမ်းစစ်ခေါင်းဆောင် ၁၀ ဦးနဲ့ ကုမ္ပဏီ ၂ ခုကို အီးယူ ထပ်မံ ဒဏ်ခတ်အရေးယူလိုက်
- သြဇာအရှိန်အဝါသုံးပြီး မြန်မာနိုင်ငံအရေး ဖြေရှင်းကြဖို့ အာဆီယံခေါင်းဆောင်တွေကို ကုလအတွင်းရေးမှူးချုပ် တိုက်တွန်းလိုက်
- NUG အစိုးရသစ်ကို နိုင်ငံတကာ အသိအမှတ်ပြုအောင်လုပ်မည်
- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဖို့ Global Center for R2P အဖွဲ့ တောင်းဆို
- မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်ရုံးမီးလောင်နေ
The Voice Weekly နဲ့တနင်္သာရီဂျာနယ် အယ်ဒီတာဟောင်းကန့်ဘလူမှာဖမ်းဆီးခံရ Posted: 20 Apr 2021 07:16 AM PDT The Voice Weekly ဂျာနယ် နဲ့တနင်္သာရီဂျာနယ်တို့မှာ အယ်ဒီတာ အဖြစ်ဆောင်ရွက်ခဲ့ပြီး လက်ရှိ မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ISP-Myanmar မှာတာဝန်ထမ်းဆောင်နေတဲ့ ကိုအောင်မျိုးထက် ဒီကနေ့ သူ့ရဲ့ဇာတိ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့မှာ ဖမ်းဆီးခံရပါတယ်။သူဟာ လက်ဘက်ရည်ဆိုင်ထိုင်နေစဥ် မနက် ၁၁ နာရီလောက်က အတူရှိနေသူတချို့နဲ့ အတူအဖမ်းခံခဲ့ရတာ ဖြစ်တယ်လို့ သူ့ရဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။ခရိုင်ရဲမှူးနဲ့ |
အေတီအမ် ကတ် အချို့ တစ်ရက်ကို တစ်သိန်းခွဲသာ ထုတ်နိုင် Posted: 20 Apr 2021 07:14 AM PDT ဧပြီလဆန်းက မြန်မာ ပလာဇာမှာ အေတီအမ်က ငွေထုတ်ဖို့ တန်းစီနေကြစဉ်သင်္ကြန်ရုံးပိတ်ရက်အပြီးပြန်ဖွင့်တဲ့ ဧပြီလ ၂၀ ရက်နေ့မှာ ပုဂ္ဂလိကဘဏ် တစ်ခုဖြစ်တဲ့ အေဂျီဒီဘဏ် အေတီအမ်ကနေ တစ်ရက်ကို ကျပ်တစ်သိန်းခွဲထုတ်နိုင်တယ်လို့ကြေညာခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်း စစ်ကောင်စီ ဗဟိုဘဏ်တာဝန်ရှိသူတွေက တစ်ရက်ကိုအေတီအမ်ကနေ ငါးသိန်းအထိ ထုတ်နိုင်တယ်လို့ပြောခဲ့ပေမဲ့ လက်တွေ့မှာ တော့ ဘဏ်အချို့က နှစ်သိန်း သုံးသိန်းစသဖြင့်သာ ထုတ်ယူ |
ပဲခူးမြို့ သပိတ်လှုပ်ရှားသူတွေကို ရှာဖွေဖမ်းဆီးနေ Posted: 20 Apr 2021 07:12 AM PDT ဖေဖော်ဝါရီလ ၉ ရက်နေ့က ပဲခူးဆန္ဒပြပွဲ မြင်ကွင်း။ (ဓာတ်ပုံ - Burma VJ - ဖေဖော်ဝါရီ ၉၊ ၂၀၂၁)စစ်အာဏာသိမ်းမှုကို အခိုင်အမာဆန့်ကျင်ခဲ့တဲ့ ပဲခူးမြို့ကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေပါသုံး နှိမ်နင်းခဲ့ပြီးနောက် ဆန္ဒပြသပိတ်မှာ ပါဝင်သူတွေ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို လိုက်လံရှာဖွေ ဖမ်းဆီးနေပါတယ်။ ဘုန်းကြီးကျောင်းတွေပါ မချန်လိုက်လံ ရှာဖွေဖမ်းဆီးနေတဲ့အတွက် ဘေးလွတ်ရာ ထွက်ပြေးနေကြရတဲ့ အခြေအနေ |
ပေါက်ကွဲမှုတွေကြောင့် ရန်ကုန်လုံခြုံရေး တင်းကြပ်၊ ဖမ်းဆီးမှုတွေ ရှိ Posted: 20 Apr 2021 07:10 AM PDT လှည်းတန်း၊ ကမာရွတ် မြို့နယ်မှာ တွေ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တချို့။ (ဧပြီ ၁၆၊ ၂၀၂၁)ရန်ကုန်မြို့မှာ အခုရက်ပိုင်း ပေါက်ကွဲမှု အသေးစားတွေဖြစ်နေတာမှာ ဒီနေ့ ဗဟန်းမြို့နယ်ထဲ ပေါက်ကွဲစေတဲ့ပစ္စည်း တွေ့တာကြောင့် လုံခြုံရေးအာဏာပိုင်တွေက ထိန်းချုပ်ဖောက်ခွဲခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူ မရှိပေမဲ့ မသင်္ကာသူ လူငယ်တချို့ ဖမ်းဆီးခံရပါတယ်။ ဒီလိုအခြေအနေတွေကြောင့် လုံခြံုရေးတင်းကြပ်နေတဲ့ အခြေအနေနဲ့ ဆက်ပြီး ဆန္ဒပြနေကြတဲ့ ရန်ကုန် |
နိုင်ကျဉ်းဟောင်းအဖွဲ့က ကိုတင်မောင်ဦးနဲ့ စုစုပေါင်း ကိုးယောက် ဖမ်းဆီးခံရ Posted: 20 Apr 2021 07:08 AM PDT နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့က ကိုတင်မောင်ဦးနဲ့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်လမ်း က သူရိန်အလူမီနီယံလုပ်ငန်းပိုင်ရှင် ဒေါ်နီနီ အပါအဝင် သူ့ဆိုင်က အလုပ်သမားတွေ၊ စုစုပေါင်း ကိုးယောက်ကို ဒီနေ့နေ့လယ်မှာ စစ်တပ်က ဖမ်းသွားပါတယ်။မနက် ၁၁ နာရီကျော်လောက်မှာ သူရိန်အလူမီနီယံဆိုင်ကို စစ်တပ်က ဝိုင်းလိုက်ပြီး ရှာဖွေသလို မွန်းလွဲပိုင်း မှာတော့ အဲဒီလူတွေကို ကားပေါ်ခေါ်တင်သွားတယ်လို့ မျက်မြင်တွေကပြောပါ |
တစ်နိုင်ငံလုံးမှာ အနည်းဆုံး တစ်ယောက်သေ၊ အယောက် ၉၀ ကျော် အဖမ်းခံရ Posted: 20 Apr 2021 07:07 AM PDT နွေဦးတော်လှန်ရေး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ စစ်တပ်က အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်တာ တွေ များတဲ့အတွက် ဆန္ဒပြပွဲကြီးတွေ နည်းသွားပြီး၊ သပိတ်အသေးတွေ နေရာအတော်များများမှာ နည်းပေါင်း စုံ ရှိနေပါသေးတယ်။ စစ်တပ်နဲ့ ရဲရဲ့ အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးမှုတွေကြောင့် ဧပြီလ ၁၉ ရက် မနေ့ နေ့လယ် ပိုင်းကနေ ဧပြီလ ၂၀ ရက် ဒီနေ့ထိ ၂၄ နာရီလောက်အတွင်း RFA က အတည်ပြုလို့ရသမျှ တစ်နိုင်ငံလုံးမှာ သေဆုံးသူ တစ်ယောက် နဲ့ ထပ် |
ယင်းမာပင် သီးကုန်းရွာအနီး ပစ်ခတ်မှုဒေသခံ ၆ဦးကျဆုံး Posted: 20 Apr 2021 06:58 AM PDT မုံရွာ၊ဧပြီ-၂၀စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် သီးကုန်းရွာအနီး ယနေ့ ပစ်ခတ်မှု ဖြစ်ရာ ညနေ ၆နာရီကျော်အထိ ဒေသခံ ၆ဦး ကျဆုံးကြောင်း ရွာခံများကပြောသည်။ညနေ လေးနာရီခန့်တွင် ယင်းမာပင်ရှိ ကျေးရွာများသို့ စစ်တပ်မှပစ်ခတ်မှုများ ပြုလုပ်ပြီး ညနေ ခြောက်နာရီကျော် အထိ သီးကုန်းရွာအနီးတွင် ပစ်ခတ်မှုများဖြစ်နေဆဲဖြစ်ကြောင်း သိရသည်။" အသံအကျယ်ကြီးတွေ ကြားနေရတာ ။ အပေါ်ကနေ ဒရုန်းနဲ့ရှာတာ၊ ရွာဘက်ကလည်း ရသလောက် ခုခံနေတာ၊ |
Posted: 20 Apr 2021 06:53 AM PDT Photo by SKTHကချင်ပြည် မိုးမောက်မြို့ သျှမ်းလူမျိုး အများစုနေထိုင်သည့် ကျေးရွာအတွင်းကို ယခုလ အကြမ်းဖက်စစ်ကောင်စီ မှ တိုက်လေယာဉ်ဖြင့် ဗုံးများကြဲခြင်း၊ လက်နက်ကြီး၊လက်နက်ငယ်ဖြင့် ပစ်ခတ်ခြင်းတို့ ပြုလုပ်ကာ ထိခိုက်ဒဏ်ရာ သေဆုံးသူရှိကြောင်း သိရသည်။SHAN News (Burmese Version)https://www.facebook.com/shannewsburmese |
သံလွင်မြစ်အတွင်း သွားလာသည့်စက်လှေ ထပ်မံပစ်ခတ်ခံရ Posted: 20 Apr 2021 06:46 AM PDT ပြီးခဲ့သည့် ဧပြီလ ၁၇ရက်နေ့တွင် ပစ်ခတ်ခံရသည့် စက်လှေဧပြီ ၂၀ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီKNU-ကရင်အမျိုးသားအစည်းအရုံး မူတြော် (ဖာပွန်)ခရိုင်၊ တပ်မဟာ(၅) ထိန်းချုပ်နယ်မြေ ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ပေါ်တွင် သွားလာနေသည့် စက်လှေတစ်စီးကို ယနေ့ (ဧပြီ ၂၀) နံနက် ၉ နာရီ ဝန်းကျင်ခန့်က စစ်ကောင်စီတပ်၏ ထပ်မံပစ်ခတ်ခြင်းခံခဲ့ရသည်ဟု သိရသည်။အဆိုပါ ပစ်ခတ်ခံရသည့် စက်လှေမှာ သောလယ်ထာ့ရွာမှ စက်လှေဖြစ်ပြီး တစ်ဖက်ကမ်းရွာ၌ |
ပဲခူး NLD ပြန်ကြားရေးအဖွဲဝင်တစ်ဦးဖမ်းဆီးခံရ Posted: 20 Apr 2021 06:46 AM PDT ပဲခူး ဧပြီ ၂၀ ။ပဲခူး NLD ပြန်ကြားရေးအဖွဲ့ဝင်ဦးနေလင်းအား ယမန့်နေ့ညပိုင်းက ဘုရားလမ်းတွင် အရပ်ဝတ်ထားသည့် လူတစ်စုမှဖမ်းဆီးကာ အမှတ် ၁ ရဲစခန်းတွင်စစ်ဆေးမှုများပြုလုပ်နေ့သည်ဟု မိသားစုဝင်များကအတည်ပြုပြောကြားသည်။Bago Weekly Journal Online Pagehttps://www.facebook.com/bagoweeklyjournal1212 |
NUG က ပေးအပ်တဲ့တာဝန်တွေကို ထမ်းဆောင်ဖို့အဆင်သင့်ရှိကြောင်း ဆရာများသမဂ္ဂကဆို Posted: 20 Apr 2021 06:43 AM PDT အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG ) ကို ထောက်ခံကြောင်းနဲ့ ပေးအပ်တဲ့တာဝန်တွေကို ထမ်းဆောင်ဖို့အဆင်သင့်ရှိကြောင်း ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂက ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားလိုက်ပါတယ်။NUG က ပညာရေးဌာနအတွက် တာဝန်ပေးထားတဲ့ ဝန်ကြီးရဲ့လမ်းညွှန်မှုကိုပဲလိုက်နာသွားမယ်လို့ ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောပါတယ်။"ဟုတ်။ ကျနော်တို့ ပညာရေး |
မြန်မာနိုင်ငံဆိုင်ရာ အရှေ့တောင်အာရှ ပြည်သူများ ထိပ်သီးအစည်းအဝေးပွဲတွင်ပါဝင်ကြရန် ဖိတ်ခေါ် Posted: 20 Apr 2021 06:39 AM PDT ဧပြီ ၂၀ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီအာဏာသိမ်း စစ်အုပ်စုကို အာဆီယံ(ASEAN)က ငြင်းပယ်ရေးအတွက် တောင်းဆိုနိုင်ရန် မြန်မာနိုင်ငံဆိုင်ရာ အရှေ့တောင်အာရှ ပြည်သူများ ထိပ်သီးအစည်းအဝေးကို ပါဝင်ကြရန် ရှေ့ပြေးအသံ(Progressive Voice)မှ ယနေ့ ဧပြီလ ၂၀ရက်နေ့တွင် ၎င်း၏ Facebook လူမှုစာမျက်နှာ၌ ဖိတ်ခေါ်ထားကြောင်းတွေ့ရသည်။အဆိုပါ ထိပ်သီးအစည်းအဝေးပွဲကို ယခုလာမည့် ဧပြီလ၂၂ ရက်နေ့တွင် အရှေ့တောင် အာရှ လူထုလူမှု အဖွဲ့ အစည်းများ |
NCA ချိုးဖောက်သူမှာ စစ်ကောင်စီများသာဖြစ်ကြောင်း KNU တပ်မဟာ ၅ ပြန်လည်ရှင်းလင်း Posted: 20 Apr 2021 06:37 AM PDT ဧပြီ ၂၀ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီအပစ်ရပ်သဘောတူစာချုပ် (NCA) ကို ချိုးဖောက်ခြင်းကြောင့် KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) နယ်မြေအပေါ် ဗုံးကြဲပစ်ခတ်သတိပေးခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ၏ ရှင်းလင်းပြောဆိုမှုအပေါ် မဟုတ်မမှန်ကြောင်း KNU တပ်မဟာ(၅)ဘက်မှ ယနေ့ (ဧပြီ ၂၀) ရက်စွဲဖြင့် ပြန်လည်ကန့်ကွက် ထုတ်ပြန်ခဲ့သည်။ဧပြီလ ၉ရက်နေ့က ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ သတင်းစာ |
မိုးညှင်းမြို့မှာ သပိတ်စစ်ကြောင်းထွက်ချိန် လူငယ် နှစ်ဦး ဖမ်းဆီးခံရ Posted: 19 Apr 2021 11:04 AM PDT မိုးညှင်းမြို့မှာ သပိတ်စစ်ကြောင်းထွက်ချိန် လူငယ် နှစ်ဦး ဖမ်းဆီးခံရ ဖမ်းဆီးခံထားရတဲ့ ကချင်ပြည်နယ် မိုးညှင်းမြို့က စစ်ကောင်စီကို အလိုမရှိကြောင်း သပိတ်စစ်ကြောင်းမှာ ပါဝင်သူ နှစ်ဦးကို တွေ့မြင်ရစဉ် / Photo - Citizen Journalistကချင်ပြည်နယ် မိုးညှင်းမြို့မှာ ဧပြီ ၁၉ ရက်၊ ဒီနေ့ မနက်ပိုင်း (၉) နာရီခွဲလောက်က စစ်ကောင်စီကို အလိုမရှိကြောင်း သပိတ်စစ်ကြောင်းမှာပါဝင်သူ လူငယ်နှစ်ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သပိတ် |
အာဏာသိမ်းစစ်ခေါင်းဆောင် ၁၀ ဦးနဲ့ ကုမ္ပဏီ ၂ ခုကို အီးယူ ထပ်မံ ဒဏ်ခတ်အရေးယူလိုက် Posted: 19 Apr 2021 11:02 AM PDT ဧပြီလ ၁၉ ရက်နေ့ အီးယူ နိုင်ငံခြားဝန်ကြီးများ အစည်းအဝေးမှာ အီးယူ ထိပ်တန်းကိုယ်စားလှယ် ဂျိုးဆက် ဘော်ရယ်လ် ကိုတွေ့ရစဉ်အီးယူ ဥရောပသမဂ္ဂက အာဏာသိမ်း စစ်ကောင်စီနဲ့ ဆက်နွှယ်နေသူတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေ နောက်ထပ် ချမှတ်လိုက်တယ်လို့ အီးယူ ထိပ်တန်းကိုယ်စားလှယ် ဂျိုးဆက် ဘော်ရယ်လ် က ပြောပါတယ်။စစ်ကောင်စီနဲ့ ဆက်နွှယ်နေတဲ့ လူပုဂ္ဂိုလ် ၁၀ ဦးနဲ့ အတူ စစ်တပ်ပိုင် စီးပွားရေး ကုမ္ပဏီ ၂ ခုကို ပိုကြီးမားတဲ့ |
Posted: 19 Apr 2021 11:00 AM PDT ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂူတာရက်စ်မြန်မာ့အရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး နည်းလမ်းရှာဖို့ အာဆီယံခေါင်းဆောင်တွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒီကနေ့ ဧပြီလ ၁၉ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။ကုလသမဂ္ဂနဲ့ ဒေသတွင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုံခြုံရေးကောင်စီ အစည်းအဝေးတစ်ခုမှာ မစ္စတာ ဂူတာရက်စ်က အာဆီယံနဲ့ ဆက်ဆံရေးအကြောင်း ပြောစဉ်မှာ သံတမန် |
NUG အစိုးရသစ်ကို နိုင်ငံတကာ အသိအမှတ်ပြုအောင်လုပ်မည် Posted: 19 Apr 2021 10:58 AM PDT မကြာသေးခင်ကမှ ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ ပြည်တွင်းမှာ လူထုထောက်ခံမှု ရအောင် လုပ်ဆောင်မှာဖြစ်သလို၊ ပြည်ပမှာလည်း ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အစိုးရတွေရဲ့ ထောက်ခံမှု ရရှိအောင် လုပ်ဆောင်သွားမယ်လို့ NUG အစိုးရသစ်ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ် က ပြောပါတယ်။NUG ဟာ စစ်ကောင်စီရဲ့ ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေ သိ |
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဖို့ Global Center for R2P အဖွဲ့ တောင်းဆို Posted: 19 Apr 2021 10:56 AM PDT အာဏာသိမ်းစစ်ကောင်စီရဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လူသားမျိုးနွယ်အပေါ် ပြစ်မှု ကျူးလွန်သူဖြစ်တာကြောင့် တကယ်လို့ မြန်မာနိုင်ငံကနေ သူထွက်ခွာရင် နိုင်ငံတကာတရားစီရင်ခွင့်အရ သူ့ကို ဖမ်းဆီးသင့်တယ်လို့ Global Center for R2P အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Simon Adams က သူ့ရဲ့ Twitter လူမှုကွန်ရက်မှာ မနေ့က ရေးသားဖော်ပြခဲ့ပါတယ်။ဧပြီလ၂၄ ရက်နေ့ကျရင် အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော် |
မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်ရုံးမီးလောင်နေ Posted: 19 Apr 2021 10:52 AM PDT မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်ရုံးမီးလောင်နေပြီး ယခုအချိန်ထိမီးငြှိမ်းသတ်နေဆဲအခြေအနေဖြစ်သည်။ မည်သည့်အတွက်ကြောင့် လောင်ကျွမ်းကြောင်း မသိရှိရသေးပေ။Monywa Gazettehttps://www.facebook.com/monywagazette/ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.