Wednesday, April 21, 2021

သစ်ထူးလွင်

သစ်ထူးလွင်


လူ၂ သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်ဆိုတဲ့ သတင်းကြောင့် ကုလအထူးကိုယ်စားလှယ် ထိတ်လန့်တုန်လှုပ်

Posted: 21 Apr 2021 08:43 AM PDT

မြန်မာစစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေအတွင်း လူ ၂ သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ် ဆိုတဲ့ သတင်းကြောင့် အထူး ထိတ်လန့် တုန်လှုပ်မိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ် အင်ဒရူးစ်က သူ့ရဲ့ တွစ်တာမှာ ဖော်ပြထားပါတယ်။စစ်အာဏာရှင် ဆန့်ကျင်တဲ့ ပြည်သူ ၇၃၇ ဦးမက သတ်ဖြတ်ခံခဲ့ရပြီး လူပေါင်း ၃၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။လူသားချင်းဆိုင်ရာ ဘေးဒုက္ခ

ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ ကုလအထူးကိုယ်စားလှယ် စီစဉ်နေ

Posted: 21 Apr 2021 08:42 AM PDT

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတင်း ဘာဂနာ ၂၀၁၈ ခုနှစ်က စစ်တွေမြို့ကို ရောက်ရှိလာစဉ်မြန်မာနိုင်ငံအရေး ဆွေးနွေးမယ့် အာဆီယံ အထူးထိပ်သီးဆွေးနွေးပွဲကြီးမတိုင်ခင် အာဆီယံ ထိပ်တန်းပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတီး ဘာဂနာ မနက်ဖြန် ကြာသပတေးနေ့မှာ ဂျာကာတာမြို့ကို သွားရောက်မယ်လို့ သူ့နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက် ၃ ခုထံက သိရကြောင်း ရိုက်တာစ်

လူ ၅၃ ဦးပါ အင်ဒိုရေတပ် ရေငုတ်သင်္ဘောပျောက်ဆုံး

Posted: 21 Apr 2021 08:36 AM PDT

လူ ၅၃ဦးပါ အင်ဒိုရေတပ် ရေငုတ်သင်္ဘောပျောက်ဆုံးအင်ဒိုနီးရှားရေတပ်က လူ ၅၃ ဦးပါ ရေငုပ်သင်္ဘောတစ်စင်း ဒီကနေ့မနက်မှာပျောက်ဆုံးသွားတာကြောင့် အိမ်နီးချင်း သြစတေးလျနိုင်ငံနဲ့ စင်္ကာပူကို အကူအညီတောင်းပြီး ရှာဖွေနေတယ်လို့ အင်ဒိုနီးရှားစစ်ဖက်အကြီးအကဲက ပြောပါတယ်။ဂျာမဏီနိုင်ငံလုပ် KRI Nanggala-420 ရေငုပ်သင်္ဘောဟာ ဘာလီကျွန်းမြောက်ဖက်ရေပြင်နယ်နိမိတ်ထဲမှာ စစ်ရေးလေ့ကျင့်နေတာဖြစ်တယ်လို့လည်း ရေတပ်ပြောခွင့်ရသူက ပြော

မြန်မာ့အရေး အာဆီယံထိပ်သီး စစ်ကောင်စီအကြီးအကဲတက်ရောက်မည်

Posted: 21 Apr 2021 08:34 AM PDT

(FILES) In this file photo taken on July 19, 2018, Myanmar's Chief Senior General Min Aung Hlaing, commander-in-chief of the Myanmar armed forces, arrives to pay his respects to Myanmar independence hero General Aung San and eight others assassinated in 1စနေနေ့မှာကျင်းပမယ့် မြန်မာ့အရေး အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ထိပ်သီးအစည်းအဝေးကို စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်

တစ်ပတ်ကြာသည်အထိ ကိုဝေမိုးနိုင်နှင့် အဆက်အသွယ်မရသေး

Posted: 21 Apr 2021 08:32 AM PDT

တစ်ပတ်ကြာသည်အထိ ကိုဝေမိုးနိုင်နှင့် အဆက်အသွယ်မရသေး ကိုဝေမိုးနိုင် ဖမ်းဆီးခံရပြီးနောက် Facebook မှာ ထွက်ပေါ်လာတဲ့ ဓာတ်ပုံ။ Photo-CJမုံရွာမြို့ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ဖမ်းဆီးထားတာ တစ်ပတ်တိတိရှိပြီဖြစ်ပေမယ့် အခုချိန်ထိ တွေ့ဆုံခွင့်မရသေးဘူးလို့ အမှုလိုက်ရှေ့နေ ဦးမိုးဇော်ထွန်းက ပြောပါတယ်။ကိုဝေမိုးနိုင်ကို လူသတ်မှု၊ နိုင်ငံမငြိမ်သက်အောင် လှုံ့ဆော်မှု စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီက ဖမ်းဆီး

ဦးပဇင်း ဦးရေဝတကို ရိုက်နှက်ဖမ်းဆီးသွား

Posted: 21 Apr 2021 08:31 AM PDT

ဦးပဇင်း ဦးရေဝတကို ရိုက်နှက်ဖမ်းဆီးသွား မန္တလေးတိုင်း၊ မိုးကုတ်မြို့က အာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ သံဃာတော်တွေ ၂၀၂၁၊ မတ်လအတွင်းက မြင်တွေ့ရစဉ် / Photo: Citizen Journalistမန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ရေပူကျောင်းတိုက်က ဆရာတော် ဦးရေဝတ (ယခင်က ဗကသ ဥက္ကဋ္ဌဟောင်း ကိုရဲရင့်ပိုင်မှူး) ကို ဧပြီ ၂၁ ရက်၊ ဒီနေ့ ညနေ ၄ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျောင်းတိုက် အတွင်းမှာ ရိုက်နှက်ဖမ်းဆီးသွားတယ်လို့

မြင်းခြံမြို့ကျွန်းထဲရွာ တစ်ဒါဇင်ကျော်မှာ စစ်တပ်ကပစ်ခတ်

Posted: 21 Apr 2021 08:19 AM PDT

မြင်းခြံကျေးရွာတွေရဲ့သပိတ်စစ်ကြောင်းဒီနေ့ဧပြီလ၂၁ရက်မှာမြင်းခြံမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းဘေးကျေးရွာတွေကို စစ်တပ်ကပစ်ခတ်နှောင့်ယှက်မှုတွေပြုလုပ်ခဲ့ပါတယ်။မနေ့ညက အမှတ်၁၅ဝေဠုဝတီရပ်ကွက်ထဲမှာ အိမ်၆လုံးမီးလောင်ပြီးနောက် ဒီနေ့မနက်ကစပြီး စစ်တပ်ကရွာတွေဘက်ကိုလိုက်လံနှိမ်နင်းတာဖြစ်ပါတယ်။မနေ့ညဧပြီလ၂၀ရက်က မြင်းခြံဘောလုံးကွင်းအနောက်ဘက် ဝေဠုဝတီရပ်ကွက်ထဲမှာအိမ်တအိမ်စတင်မီးလောင်ခဲ့ပါတယ်။မီးသတ်ကားတွေရောက်လာခဲ့

တလုပ်မြို့သားတွေနဲ့ စစ်တပ်နဲ့ ဧပြီ ၂၀ ရက် အပြန်အလှန်ပစ်ခတ်မှု

Posted: 21 Apr 2021 08:16 AM PDT

တလုပ်မြို့ကျေးရွာအတွင်းမှာ ဆန္ဒပြသူများဧပြီလ ၁၉ ရက်နေ့က မြင်းခြံမြို့မှာ စစ်သားတွေဘက်က အကျအဆုံးများခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးနောက် ဒီနေ့ ဧပြီလ ၂၀ ရက်နေ့မှာတော့ တမြို့လုံးအနှံ့မှာ စစ်ကားအများအပြား လှည့်လှည်မောင်းနှင်နေခဲ့ပါတယ်။ လမ်းတွေအားလုံးပေါ်မှာ စစ်ကားနဲ့စစ်သားတွေကိုသာ တွေ့မြင်ရပြီး လူတွေ တယောက်မှ အပြင်မထွက်ရဲကြဘူးလို့ မြင်းခြံမြို့သား တယောက်က ဘီဘီစီကို ပြောပါတယ်။ညနေ ၃ နာရီကျော်ကျော်

အပြာရောင် အကျႌဝတ် လှုပ်ရှားမှုနဲ့ မြန်မာအနှံ ဆန္ဒပြ

Posted: 21 Apr 2021 08:12 AM PDT

အပြာရောင်အကျႌဝတ်လှုပ်ရှားမှုနဲ့ မြန်မာအနှံဆန္ဒပြမြန်မာနိုင်ငံအနှံ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် အပြာရောင် အင်္ကျီဝတ်လှုပ်ရှားမှု Blue Shirt Campaign ကို ဒီကနေ့ဆင်နွှဲကြပါတယ်။ အကျဉ်းထောင်ထဲမှာ ဝတ်ရတဲ့ အပြာရောင်အိင်္ကျီကိုပဲ အပြင်ထွက်တဲ့အထိ စွဲစွဲမြဲမြဲဝတ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း၊ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၇နှစ်ပြည့် ဂုဏ်ပြုတဲ့အနေနဲ့ရော စစ်ကောင်စီက ဖမ်းဆီး

မုံရွာအနီးကျေးရွာတွေမှာ လုံခြုံရေးတပ်တွေနဲ့ အပြန်အလှန်ပစ်ခတ်လို့ နှစ်ဖက်သေဆုံးမှုရှိ

Posted: 21 Apr 2021 08:10 AM PDT

မုံရွာမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် (ဓါတ်ပုံ ။Kaung Thar / Face Book- Wei Moe Naing)စစ်ကိုင်းတိုင်း မုံရွာ - ယာကြီးလမ်းမှာ စစ်တပ်နဲ့ ကျေးရွာဒေသခံတွေ နှစ်ဖက် အပြန်အလှန် ပစ်ခတ်တာကြောင့် ဒေသခံတွေရော စစ်တပ်ဖက်ကပါ သေဆုံးမှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။မြင်းခြံမြို့က ရွာတွေမှာလည်း စစ်တပ်က ရှာဖွေစစ်ဆေးတာတွေလုပ်နေသလို ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာ သပိတ်မှာပါဝင်သူတွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေပါ

စစ်ကောင်စီတပ် လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးနေ

Posted: 21 Apr 2021 08:08 AM PDT

အာဏာသိမ်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ အသက် ၁၈ နှစ်နဲ့အထက် လူငယ်တွေကို ပစ်မှတ်ထားဖမ်းဆီးနေတာတွေ အခုရက်ပိုင်းအတွင်း ဆက်တိုက်လုပ်ဆောင်နေတယ်လို့ အမည်မဖော်လိုတဲ့ ဆန္ဒပြလူငယ်တွေနဲ့ပြည်သူ တချို့က ပြောပါတယ်။ဧပြီ ၁၉ ရက် ညပိုင်းက ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၈ ရပ်ကွက်က လူငယ် ခုနစ်ဦးကို ရွှေပြည်သာ ရဲစခန်းကို မီးကွင်းပစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ခိုင်လုံတဲ့သက်သေအထောက်အထား မရှိဘဲ ဖမ်းဆီးသွား တယ်လို့ ရပ်ကွက်နေ

ကနီမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးသုံးလို့ သေဆုံးသူ ၁၀ ယောက်ရှိ

Posted: 21 Apr 2021 08:06 AM PDT

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နဲ့ ကနီမြို့အစပ်မှာ ဧပြီလ ၂၀ ရက် မနေ့ညနေပိုင်းက စဖြစ်တဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုနဲ့ ဒေသခံရွာသားတွေရဲ့ပြန်လည်ခုခံမှုအတွင်း ဒေသခံကျေးရွာသား ဆယ်ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ကနီမြို့နယ်က ကျေးရွာတစ်ချို့ကို ဝင်ရောက်ရှာဖွေခဲ့ကြတဲ့ စစ်ကောင်စီတပ်အင်အား ၂၀၀ လောက်ကို ကနီမြို့ ဝင်းကုန်းကျေးရွာအထွက် ယင်းမာပင်မြို့နယ် ကပိုင်ကျေးရွာကိုအလာမှာ ဒေသခံတွေက ပြန်လည် ခုခံ

စစ်ရာဇဝတ်ကောင်ရဲသမီးကို ကျပ် ဘီလျံချီ ထုတ်ချေးတဲ့ ရိုးမ ဘဏ်ကို အရေးယူဖို့ တောင်းဆို

Posted: 21 Apr 2021 07:51 AM PDT

(၂၁/၄/၂၀၂၁)စစ်ရာဇဝတ်ကောင်နဲ့ အာဏာသိမ်းခေါင်းဆောင် မအလ ရဲ့ သမီး ခင်သီရိသက်မွန် ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေထဲက တခုကို ရိုးမဘဏ်က ကျပ် (၂) ဘီလျံနီးပါးထုတ်ချေးခဲ့တယ်လို့ Justice For Myanmar က သတင်းထုတ်ပြန်ထားပါတယ်။ခင်သီရိသက်မွန်ပိုင်တာတွေထဲက တခုဖြစ်တဲ့ Pinnacle Asia ကုမ္ပဏီကို Mytel မိုဘိုင်းဖုန်းတာဝါတိုင်တွေတည်ဆောက်ရေးအတွက်ဆိုပြီး ငွေထုတ်ချေးခဲ့တာပါ။ အ​မေရိကန်က စီးပွါးရေးပိတ်ဆို့တဲ့ မတ်လထဲမှာ မအလရဲ့သမီး

CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဖားအံမြို့မှ ကျောင်းဆရာမတစ်ဦး ဖမ်းဆီးခံရ

Posted: 21 Apr 2021 07:46 AM PDT

ဧပြီ ၂၁ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီကရင်ပြည်နယ်၊ ဖားအံမြို့ တွင် ငြိမ်းချမ်းစွာ အာဏာဖီဆန်မှု (CDM) လှုပ်ရှားမှုအတွင်း ပါဝင်သည့် ကျောင်းဆရာမတစ်ဦးကို ယမန်နေ့ ဧပြီလ ၂၀ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီ၏ ရဲနှင့်စစ်တပ်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။ဖားအံမြို့၊ အမှတ် (၉) ရပ်ကွက်နေ ဆရာမ နန်းရင်ရင်အေးသည် ၎င်း၏အသိမိတ်ဆွေတစ်ဦးကို ငွေပေးချေးထားပြီး ၎င်းချေးထားငွေကို ပြန်လည်တောင်းရာတွင်

ကလေးမြို့တွင် ဆန္ဒပြရာပါဝင်သူ ငါးဦး ဖမ်းဆီးခံရဟုသိရ

Posted: 21 Apr 2021 07:39 AM PDT

စစ်ကိုင်းတိုင်း ကလေးမြို့ တွင် ဆန္ဒပြရာ ပါဝင်သူ ၅ ဦး ကိုစစ်ကောင်စီတပ်ဖွဲ့၀င်များကနေအိမ်တွင်လာရောက်ဖမ်းဆီးဟု ဒေသခံများထံမှ သိရပါသည်။စမ်းမြို့ရပ်ကွက်ဒေသခံ တစ်ဦးက " မနေ့က စမ်းမြို့ ရပ်ကွက်မှာ လူလေးဦး ဖမ်းသွားတယ် ဒီနေ့ တစ်ဦး ထပ်ဖမ်းသွားတယ်လို့ သိရတယ်" ဟုပြောသည်။ကလေးမြို့တွင် ဖမ်းဆီးခံရမှုများ ရှိနေသော်လည်း ဆန္ဒပြပြည်သူများက နေ့စဥ် သပိတ် စစ်ကြောင်းများခွဲကာ သပိတ်မှောက်လျှက်ရှိကြောင်း သိရသည်။Chin

ဗိုလ်ချုပ်ရာပြည့် အပါအဝင် တပ်ထိပ်ပိုင်းခေါင်းဆောင် (၁၁)ဦးကို ထိန်းသိမ်းထားခြင်းမရှိဟု ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောကြား

Posted: 21 Apr 2021 07:37 AM PDT

ဧပြီ ၂၁ရက် ၂၀၂၁တပ်ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် ဗိုလ်ချုပ်ကြီး ရာပြည့် အပါအဝင် (၁၁)ဦးကို ထိန်းသိမ်းထားခြင်း မရှိဟု အကြမ်းဖက် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဂျပန်သတင်းဌာနကို ဖြေကြားခဲ့သည်။ယမန်နေ့ (ဧပြီ ၂၀)ရက်တွင် ဗိုလ်ချုပ်ကြီး ရာပြည့်အပါအဝင် တပ်မတော် ခေါင်းဆောင် (၁၁)ဦးသည် တပ်တွင်း ပုန်ကန်မှုဖြင့် အကျယ်ချုပ် ထိန်းသိမ်းထားပြီး၊ မိသားစုဝင်များ၊ ကိုယ်ရေးအရာရှိ ဒရိုင်ဘာ

RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျန်းကို ဦးတည်ပြီး စစ်ကောင်စီ မှ လက်နက်ကြီး (၃)ချက် ပစ်

Posted: 21 Apr 2021 07:35 AM PDT

ဧပြီ ၂၁ရက် ၂၀၂၁RCSS/SSA ၏ ဌာနချုပ်ရှိရာ လွိုင်တိုင်းလျန်း တပ်စခန်းကို ဦးတည်ပြီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီက ယနေ့ (ဧပြီ၂၁)ရက်  မနက်တွင် လက်နက်ကြီး ၃ချက် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။RCSS/SSA၏ လွိုင်တိုင်းလိုင်း ဌာနချုပ်ကို အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီမှ ယနေ့ ဧပြီ (၂၁) ရက် မနက် ၈ နာရီခွဲအချိန်တွင် ဌာနချုပ်၏ အနောက်ဘက်တွင် လက်နက်ကြီး ၃ ချက်ခန့် ပစ်ခဲ့သော်လည်း RCSS/SSA ဘက်မှ တုန့်ပြန်ခဲ့ခြင်းမ

ကေအဲန်ယူ - ထိန်းချုပ်နယ်မြေများအတွင်းသို့ အကြမ်းဖက်စစ်အုပ်စုတို့၏ ဂျက်လေယာဥ်များ နေ့တိုင်းလာရောက်ထောက်လှမ်း

Posted: 21 Apr 2021 07:32 AM PDT

၁၉ ဧပြီလ ၂၀၂၁ ခုနှစ်ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ ထိန်းချုပ်နယ်မြေများအတွင်းသို့ အကြမ်းဖက်စစ်အုပ်တို့သည် စစ်လေယာဥ်များဖြင့် နေ့တိုင်းလာရောက်ထောက်လှမ်းမှုများပြုလုပ်ခဲ့သည်ဟု ဒေသခံပြည်သူလူထုများ၏ ပြောပြချက်အရ သိရှိခဲ့ရပါသည်။ ဤသို့ အကြမ်းဖက်စစ်အုပ်စုတို့၏ လေယာဥ်များ လာရောက် ပျံဝဲမှုပြုလုပ်သောကြောင့် ဒေသခံပြည်သူလူထုများသည် ထိန့်လန့်ကြောက်ရွံ့ပြီး အစဥ်တစိုက်ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသည်။ထို့သို့

မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမ္မဂ သပိတ်စစ်ကြောင်းတွင် ပါ၀င်သူ ကိုမျိုးထက်နိုင်လင်းအား စစ်ကောင်စီမှ ဖမ်းဆီး

Posted: 21 Apr 2021 07:29 AM PDT

ဧပြီ၊၂၁ မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမဂ္ဂ သပိတ်စစ်ကြောင်းတွင် ပါဝင်လှုပ်ရှား‌နေသည့် ကိုမျိုးထက်နိုင်လင်း၊သမိုင်း ဂုဏ်ထူးတန်း(ဒုတိယနှစ်)ကို ယနေ့ နံနက် (၆)နာရီခွဲ ဝန်းကျင်က စစ်ကောင်စီမှ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ လာရောက်ဖမ်းဆီးချိန်တွင် အိမ်စီးကား(၆)စီး၊ ရဲကား ၂စီးဖြင့် နေအိမ်ဝင်းကို ဝိုင်းထားပြီး အိပ်ခန်းသို့ သွားရောက်ကာ လက်ထိပ်ခတ် ခေါ်ဆောင်သွားကြောင်း သိရသည်။ ကိုမျိုးထက်

အလောင်းတော်ကဿပတောင်ခြေက ရွာတွေမှာ ရွာသားတချို့ ပျောက်ဆုံးနေ

Posted: 21 Apr 2021 07:23 AM PDT

ဧပြီ ၂၁ ၊ ၂၀၂၁စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်အကြား အလောင်းတော်ကဿပတောင်ခြေမှာရှိတဲ့ ရွာတွေထဲကို ဧပြီ ၂၀ မနေ့ညပိုင်းကစလို့ ရဲနဲ့စစ်သားတွေ ဝင်ရောက်လာပြီးနောက်ပိုင်း ရွာသားတချို့ ပျောက်ဆုံးနေတယ်လို့ ယင်းမာပင်မြို့ခံတွေဆီကနေ သိရပါတယ်။ပွီးခဲ့တဲ့ ဧပွီ ၁၅ ရကျညနပေိုငျးက ကနီမွို့နယျ၊ မုံရှာ ယာကွီး ကလေးဝ ကားလမျးလယျဲရှညျ ရှာလမျးခှဲ ဇရပျအနီးမှာ ဖွစျပှားခဲ့တဲ့ ၂ ဖကျ ပစျခတျမှုနဲ့ ပတျသကျလို့

မန္တလေးက ဘာသာပေါင်းစုံ စုပေါင်းအလှူ

Posted: 20 Apr 2021 10:29 AM PDT

 မန္တလေးက ဘာသာပေါင်းစုံ စုပေါင်းအလှူမန္တလေးမြို့မှာတော့ သံဃာတော်တွေ၊ စိန့်ဂျိုးဇတ် ကတ်သလစ် သီလရှင်တွေ၊ အစ္စလာမ်ဘာသာဝင်တွေနဲ့ ဟိန္ဒူဘာသာဝင်တွေ စုပေါင်း ပြီး ဘာသာပေါင်းစုံ အလှူကို ဒီနေ့ပြုလုပ်သွားပါတယ်။မန္တလေးမြို့တွင်း ကျုးကျော် ရပ်ကွက်မှာနေထိုင်သူတွေကို အခြေခံစားသောက်ကုန်တွေလှူကြတာဖြစ်ပါတယ်။ စီးပွားရေးကျပ်တည်းတဲ့အိမ်ထောင်စုပေါင်း ၃၀၀ ကို ဆန်၊ဆီ၊အာလူး ကြက်သွန် အခြေခံစားသောက်ကုန်တွေ ဝေငှလှူဒါန်းတာ

NUG အစိုးရသစ်ကို မတရားအသင်းလို့ စစ်ကောင်စီ ကြေညာ

Posted: 20 Apr 2021 10:27 AM PDT

 NUG အစိုးရသစ်ကို မတရားအသင်းလို့ စစ်ကောင်စီ ကြေညာအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အဲဒီမှာ ပါဝင်သူတွေဟာ မတရားအသင်းနဲ့ မတရားအသင်းမှာပါဝင်သူတွေ ဖြစ်တယ်လို့ စစ်ကောင်စီ မီဒီယာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားမှာ ကြေညာပါတယ်။ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို မတရားအသင်း အဖြစ် မတ်လ ကတည်းက ကြေညာထားပြီးဖြစ်လို့ CRPH က ဖွဲ့စည်းတဲ့ NUG ကို အဲဒီလို သတ်မှတ်တာ ဖြစ်တယ်လို့ အဲဒီကြေညာချက်မှာ ဆိုပါတယ်။CRPH

ဖားကန့်မြို့နယ်တွင်း တိုက်ပွဲများ သုံးရက်ဆက်တိုက်ရှိနေ

Posted: 20 Apr 2021 10:26 AM PDT

KIA ကချင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို ကချင်ပြည်နယ်ရှိ နေရာ တခုတွင်တွေ့ရ။ (ဇန်နဝါရီ ၂၀၊ ၂၀၁၃)ကချင်ပြည်နယ် ဖားကန့်ဒေသမှာ တပ်မတော်နဲ့ KIA အကြား တိုက်ပွဲဖြစ်နေတာ ၃ ရက်ဆက်တိုက် ရှိနေပြီး ဒီကနေ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA က တပ်မတော် တပ်စခန်းတစ်ခုကို ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ အခြေအနေအရ ဖားကန့်မြို့နယ်အတွင်းက တိုက်ပွဲတွေဟာ ရေရှည် ဆက်လက်ဖြစ်ပွားလာနိုင်ကြောင်းလည်း ဒေသခံတွေ

တရုတ် - မြန်မာနယ်စပ် ကုန်ကားတွေကို ကိုဗစ်စည်းမျဉ်းတင်းကြပ်

Posted: 20 Apr 2021 10:24 AM PDT

တရုတ် - မြန်မာနယ်စပ်မှာ တွေ့ရတဲ့ ကုန်တင်ကားများ။ (မှတ်တမ်းဓာတ်ပုံ)တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲက မြို့တွေမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု ပြန်ရှိလာနေတာကြောင့် မြန်မာနိုင်ငံဘက်က တင်ပို့တဲ့ ကုန်ကားတွေအပေါ် တင်းကြပ်တဲ့ စည်းကမ်းတွေ ထုတ်ပြန်လိုက်ပါတယ်။ ကုန်ကားတစီးတိုင်း ကားပေါ်ပါလာတဲ့ ကုန်ပစ္စည်းနမူနာ အခု ၃၀ ကို ကိုဗစ်ရောဂါကင်းစင်မှု ရှိ၊ မရှိ စစ်ဆေးရမယ်လို့ ယူနန်နယ် အစိုးရက ဧပြီလ ၁၉ရက်နေ့က သတ်မှတ်ချက် ထုတ်

မြန်မာ့အရေး အာဆီယံကြားဝင်ဖြေရှင်းမှု တရုတ်လိုလား

Posted: 20 Apr 2021 10:21 AM PDT

မြန်မာ့အရေး အာဆီယံကြားဝင်ဖြေရှင်းမှု တရုတ်လိုလား တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi။Photo: AFPမြန်မာ့အရေး အာဆီယံအသင်းက ဒီတပတ်ထဲ အရေးပေါ် အစည်းအဝေး ခေါ်ယူထားပေမဲ့ ထိရောက်တဲ့ ဖြေရှင်းမှုတွေ ဖြစ်လာနိုင်မလားဆိုတာကတော့ မရေမရာ ဖြစ်နေပါတယ်။အာဆီယံမှာ အရေးပေါ် အစည်းအဝေးကို ဧပြီ ၂၄ စနေနေ့မှာ ကျင်းပဖို့ရှိနေချိန်မှာပဲ ပြဿနာကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းကြဖို့နဲ့ အာဆီယံရဲ့ အကူအညီယူဖို့လည်း တရုတ်

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.