သစ္ထူးလြင္ |
- ဟိုပင် တစ်ဝက်ချောင်းတံတား ၂ စင်းဗုံးခွဲခံရ
- ဗန်းမော်မြို့တွင် ရက်ပိုင်းအတွင်း ဗုံးဆက်တိုက်ပေါက်ကွဲနေ
- ထိုင်းနယ်စပ် အနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေ
- ဘုရားသုံးဆူတွင် စစ်ကောင်စီတပ်နှင့် အမည်မသိလက်နက်ကိုင်အဖွဲ့ကြား ပစ်ခတ်မှုထပ်မံဖြစ်ပွား
- တီးတိန်တွင် လူငယ်တစ်ဦး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ခံရပြီး သေဆုံးဟု သိရ
- သျှမ်းပြည်သူများ ဘဏ်ငွေထုတ်ယူရန် ပိုပြီးခက်ခဲလာသျှမ်းသံတော်ဆင့်
- ဖယ်ခုံမြို့တွင် အရပ်ဝတ်ဖြင့် လူသုံးဦးက ပစ်ခတ်လို့ စစ်ကောင်စီကခန့်အပ်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဒဏ်ရာရ၊ တူဖြစ်သူသေဆုံး
- ဖယ်ခုံမှာ အသစ်ခန့်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ် ပစ်ခတ်ခံရ၊မိသားစုဝင်တစ်ဦး သေဆုံး
- မန္တလေးမြို့ ၇၃လမ်းပေါ်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီး ရဲ ၄ ဦး ဒဏ်ရာရ
ဟိုပင် တစ်ဝက်ချောင်းတံတား ၂ စင်းဗုံးခွဲခံရ Posted: 28 Apr 2021 05:36 AM PDT April 28, 2021/ Kachin News Groupဟိုပင်မြို့နှင့် ၂မိုင်ခန့်ဝေးသော တဝက်ချောင်း ကားလမ်းနှင့် ရထားလမ်း ၂ခု ဧပြီလ ၂၇ရက်နေ့ ည ၁၁နာရီခန့်က မိုင်းခွဲ ခံထားရကြောင်း သိရသည်။ဟိုပင်မြို့အထွက် မြောက်ဘက် ကြာကြီးကွင်းကြာတွင် ကပ်ယက်ရှိသော တဝက်ချောင်းတံတားနှင့် မီးရထားလမ်း ၂ခု မိုင်းခွဲခံရကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။"ည ၁၁နာရီလောက်ရှိပြီ။ တံတား ၂ခုစလုံး မိုင်းခွဲခံရတယ်။ လူနဲ့ကားသွားတဲ့ကုန်းလမ်းတံတား ဘာမှ |
ဗန်းမော်မြို့တွင် ရက်ပိုင်းအတွင်း ဗုံးဆက်တိုက်ပေါက်ကွဲနေ Posted: 28 Apr 2021 05:34 AM PDT April 28, 2021/ Kachin News Groupဗန်မော်မြို့တွင် ရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှု ၄ ကြိမ်ရှိခဲ့ပြီး ထိုအထဲတွင် အစိုးရစုပေါင်းရုံးနှင့် လေယာဉ်ကွင်းတို့ ပါဝင်ခဲ့သည်ဟု သိရသည်။ဧပြီလ ၂၈ ရက်နေ့ ယနေ့ နံနက်ပိုင်း ၈နာရီခွဲအချိန်ခန့်တွင် ဗန်မော်မြို့တွင်း အစိုးရစုပေါင်းရုံးရှေ့တွင် ဗုံးပေါက်ကွဲမူတစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးထံမှ သိရသည်။"ဒီမနက် ၈နာရီခွဲလောက်မှာဟုတ်တယ်။ စုပေါင်းရုံးရှေ့မှာ ဟုတ်တယ်တဲ့ |
ထိုင်းနယ်စပ် အနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေ Posted: 28 Apr 2021 05:47 AM PDT စစ်ရေးပြ အခမ်းအနားတခုမှာ တွေ့ရတဲ့ KNU တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။ တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာတချို့။ ဆန္ဒပြသူများကို လုံခြုံရေး ယူပေးနေတဲ့ KNU တပ်ဖွဲ့ဝင် ၁ ဦး။ဘန်ကောက်၊ ဧပြီ ၂၈၊ ၂၀၂၁ထိုင်းနယ်စပ် အနီး KNU ထိန်းချုပ်နယ်မြေရှိ မြန်မာစစ်တပ် တပ်စခန်း တခုမှာ ဧပြီ ၂၆ ရက်နေ့ အစောပိုင်းက တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ် လို့ Reuters သတင်းက ဖော်ပြပါတယ်။ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် မြန်မာ |
ဘုရားသုံးဆူတွင် စစ်ကောင်စီတပ်နှင့် အမည်မသိလက်နက်ကိုင်အဖွဲ့ကြား ပစ်ခတ်မှုထပ်မံဖြစ်ပွား Posted: 28 Apr 2021 05:29 AM PDT ဧပြီ ၂၈ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ယနေ့ ဧပြီ ၂၈ ရက် နံနက် ၈ နာရီ ဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် အမည်မသိ လက်နက်ကိုင်အဖွဲ့များအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။အဆိုပါ ပစ်ခတ်မှုမှာ မြို့တွင်း နယ်စပ်ဂိတ်ချက်ပွိုင့်နေရာနှင့် တပ်ကုန်းနေရာတွင် လက်ပစ်ဗုံး၊ လက်နက် ငယ်များဖြင့် ၁၅ မိနစ်ကြာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မြို့ခံလူထုထံမှ သိရသည်။" ပစ်တာက ဘယ်အဖွဲ့လဲ |
တီးတိန်တွင် လူငယ်တစ်ဦး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ခံရပြီး သေဆုံးဟု သိရ Posted: 28 Apr 2021 05:23 AM PDT တီးတိန်မြို့တွင် မနေ့ည ဧပြီလ ၂၇ ရက်နေ့ည ၁၀ နာရီဝန်းကျင်တွင် အသက် (၂၀) ဝန်းကျင်အရွယ်တစ်ဦး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးရသည်ဟု သိရသည်။ဒေသခံတစ်ဦးက "မနေ့ညက ပေါက်ကွဲသံကြားရတယ် နောက်ပြီး အသက် ၂၀ အရွယ်လူငယ်၁ ဦး သေနတ်မှန်ပြီး ဆုံးသွားတယ်လို့ သိရတယ်" ဟုပြောသည်။သေဆုံးသူမောင်ထန်းမွမ်းလျန်းမှာ ဓာတ်ဆီဆိုင် ညစောင့်ရန်အတွက် ဆိုင်ကယ်ဖြင့် သွားစဥ် အပစ်ခံရသည်ဟု သိရသည်။မနေ့ညဦးပိုင်း |
သျှမ်းပြည်သူများ ဘဏ်ငွေထုတ်ယူရန် ပိုပြီးခက်ခဲလာသျှမ်းသံတော်ဆင့် Posted: 28 Apr 2021 05:21 AM PDT ဧပြီ ၂၈ရက် ၂၀၂၁သျှမ်းပြည်အတွင်း ဘဏ်ငွေထုတ်ယူမှု တနေ့ထက် တနေ့ ပိုပြီးခက်ခဲလာပြီး၊ မနက် အစောကြီးထကာ သွားရောက်တန်းစီ စောင့်ဆိုင်းနေရကြောင်း စုံစမ်းသိရသည်။စစ်အာဏာသိမ်းပြီးနောက်မြန်မာတဝှမ်းတွင် (၈)နာရီ မှ မနက် (၄)နာရီ ထိ အပြင်မထွက်ရ အမိန့်ထုတ်ထားသည့်ကြားက သျှမ်းပြည်လူထုများသည် ဘဏ်ထဲရှိငွေများထုတ်ယူရန် အတွက် မနက် (၄)နာရီကျော်မှ စတင်ကာသွားရောက် တန်းစီ စောင့်ဆိုင်းထုတ်ယူနေရကြောင်း သိရသည်။"မနက်အစောကြီး |
Posted: 28 Apr 2021 05:16 AM PDT ကန္တာရဝတီတိုင်း(မ်)မနေ့ ၂၇ ရက်ည ၉ နာရီခွဲဝန်းကျင်လောက်မှာ ရှမ်း/တောင်၊ ဖယ်ခုံမြို့မှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ညောင်ပင်သာရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်မှာ အရပ်ဝတ်နဲ့ လူသုံးဦးက ပစ်ခတ်တာကြောင့် အုပ်ချုပ်ရေးမှူးဒဏ်ရာရပြီး တူဖြစ်သူ သေဆုံးသွားတယ်လို့ ဖယ်ခုံမြို့ခံတစ်ဦးက ပြောပါတယ်။"၉ နာရီခွဲပတ်ဝန်းကျင်လောက်မှာပေါ့နော်။ လူသုံးယောက်က ဆင်းလာတယ်တဲ့ ဆင်းလာပြီးတော့မှ လာခေါ်တာပေါ့လေ။ ဦးထွန်းပေါ်ရှိလားလို့ |
ဖယ်ခုံမှာ အသစ်ခန့်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ် ပစ်ခတ်ခံရ၊မိသားစုဝင်တစ်ဦး သေဆုံး Posted: 28 Apr 2021 05:12 AM PDT ဧပြီ၂၈-၂၀၂၀ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ညောင်ပင်သာရပ်ကွက် အုပ်ချုပ်ရေးမှူး နေအိမ်ကို အမျိုးသား ၃ ဦး ရောက်ရှိလာပြီး အမည်တပ်ခေါ်ကာ နေအိမ်ရှေ့ထွက်လာချိန် လက်နတ်ငယ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး မိသားစုဝင်တစ်ဦးသေဆုံးကာ အုပ်ချုပ်ရေးမှူး သေနတ်ကျည်ဆံထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။" အုပ်ချုပ်ရေးမှူးအသစ်ရဲ့နေအိမ်ကို လာပစ်ခတ်သွားတာပါ။ တူဖြစ်သူသေဆုံးပြီး အုပ်ချုပ်ရေးမှူး |
မန္တလေးမြို့ ၇၃လမ်းပေါ်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီး ရဲ ၄ ဦး ဒဏ်ရာရ Posted: 28 Apr 2021 05:10 AM PDT ဧပြီ ၂၈-၂၀၂၁မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၇၃လမ်းနဲ့ ၃၈လမ်းထောင့်မှာ ဒီကနေ့မနက်ပိုင်းက လူမဲ့သပိတ်ပြုလုပ်ထားတဲ့နေရာမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ အနီးအနားနေထိုင်သူတွေပြောပြချက်အရ သိရပါတယ်။အဲ့ဒီနေရာမှာ ဦးထုပ်များ ၊ ပန်းစည်းများ၊ ရေသန့်ဘူးများနဲ့ ဟမ်းစပီကာတို့ကို ရှိနေတာကို မသင်္ကာလို့ ရဲတပ်ဖွဲ့၀င်တွေက တုတ်နဲ့ထိုးပြီး စစ်ဆေးချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ပေါက်ကွဲမှုကြောင့် ရဲ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.