Thursday, April 29, 2021

သစ်ထူးလွင်

သစ်ထူးလွင်


အိန္ဒိယကိုဗစ်ပြဿနာကို တကမ္ဘာလုံး ဘာလို့ အလေးမူသင့်လဲ

Posted: 28 Apr 2021 04:43 PM PDT

ကမ္ဘာ့လူသားတိုင်း အတွက် အန္တရာယ်ကြီးလာစေကိုဗစ်ဒဏ် အလူးအလဲ ခံနေရတဲ့ အိန္ဒိယက မြင်ကွင်းတွေဟာ တကမ္ဘာလုံးကို ခြောက်ခြားနေစေပါတယ်။အိန္ဒိယမှာ အခုလို ကိုဗစ်ကူးစက်မှု အင်မတန် များနေတာဟာ ကမ္ဘာ့လူသားတိုင်း အတွက် အန္တရာယ်ကြီးလာစေပါတယ်။ အကြောင်းကတော့ ကိုဗစ်ဟာ နိုင်ငံနယ်နမိတ်တွေကို ဂရုမစိုက်၊ ဖြတ်ကျော်ပါတယ်။လူမျိုး၊ အသက်အရွယ်၊ လိင်အမျိုးအစား၊ ကိုးကွယ်ရာ ဘာသာတရားကိုလဲ မခွဲခြား .... လူတိုင်း အကူးခံရနိုင်တဲ့

ဘဏ်တွေ တိုကင်တွေနဲ့ အေတီအမ် အနီးက လူတန်းရှည်ကြီးများ

Posted: 28 Apr 2021 04:36 PM PDT

ရန်ကုန်က အေတီအမ်စက်က ငွေထုတ်ဖို့တန်းစီနေကြသူ များကိုတွေ့ရစဥ်ရန်ကုန်မြို့ရဲ့ ပူအိုက်သော ဧပြီလ နှောင်းပိုင်းမနက်ခင်းတစ်ရက်ဖြစ်ပါတယ်။ပုဂ္ဂလိက ဘဏ်တစ်ခုကနေ ငွေထုတ်ဖို့ အတွက် မသင်းသင်းဟာ သူ့ခင်ပွန်းနဲ့အတူ မနက် ၄ နာရီခန့် အိမ်ကကားနဲ့ ထွက်လာခဲ့ပါတယ်။လမ်းမကြီးပေါ်ရောက်တော့ ၄ နာရီကျော်စ ပြုပါပြီ၊ ည ၈ နာရီကနေ မနက်၄ နာရီ ညမထွက်ရ စစ်အုပ်ချုပ်ရေးကာလမို့ လမ်းမကြီး ပေါ်မှာလူသွားလူလာ ကားအသွားအလာ ရှင်းနေပါတယ်။ သူ

ဆိုင်ကယ်မရပ်တန့်၍ဟုဆိုကာ သေနတ်ဖြင့် ပစ်ခတ်ရာမှ မန္တလေးတွင် ပြည်သူတစ်ဦး သေဆုံး

Posted: 28 Apr 2021 04:29 PM PDT

(၂၈/၄/၂၀၂၁)မန္တလေးမြို့ ဈေးချို နာရီစင်အနီး (၈၄)လမ်းပေါ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်အဖွဲ့က ဆိုင်ကယ်များကို ရပ်တန့်စစ်ဆေးစဉ် မောင်းပြီးထွက်ပြေးသည့်အတွက် သေနတ်ဖြင့် ပစ်ခတ်ရာမှ နောက်ကျောတဆင့်မှ ဝမ်းဗိုက်ပေါက်ထွက်ပြီး နေရာတွင် ပွဲခြင်းပြီး သေဆုံးမှု ယနေ့ ဧပြီလ(၂၈)ရက်နေ့ ညပိုင်းတွင် ဖြစ်ပွားကြောင်း သိရသည်။သေဆုံးသူမှာ အသက်(၃၂)နှစ်အရွယ် ကိုညီညီဆိုသူဖြစ်ပြီး  အောင်မြေသာစံမြို့နယ် သီရိမာလာအနောက်

ယင်းမာပင် တမ်းရှောင်ရွာသားတွေ ရိက္ခာ အခက်ကြုံ

Posted: 28 Apr 2021 04:29 PM PDT

ယင်းမာပင် တမ်းရှောင်ရွာသားများစစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်က ကျေးရွာတွေမှာ စစ်တပ်ကအင်အားသုံး အကြမ်းဖက်စီနင်းမှုကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေရတဲ့ အခြေအနေ ဆိုးရွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ရွာပေါင်း ၂၀ ကျော်က ကလေးသူငယ်ကအစ အသက်ကြီးရွယ်အိုထိ လူပေါင်း ထောင်နဲ့ချီပြီး နီးစပ်ရာ တောတွေဘက်ထွက်ပြေးကြတဲ့ အခြေအနေမျိုး သူတသက်တခါမှ မကြုံဘူးဘူးလို့ လူသားချင်းစာနာမှု စေတနာဝန်ထမ်းဒေသခံတဦးက ဗွီအိုအေကို

လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်မယ့်သူတွေကို KNU က ကြိုဆိုတယ်လို့ပြော

Posted: 28 Apr 2021 04:27 PM PDT

ကရင်ပြည်နယ်မှာ KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ ဦးဆောင်မှုနဲ့ တော်လှန်ရေးအင်အားစုတွေ ကြီးမားလာနေတာကို အကြီးအကျယ် စိုးရိမ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီဟာ ကရင်တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကို မက်လုံးပေးစည်းရုံးနေတယ်လို့ မြန်မာ့အရေးလေ့လာသူတွေက သုံးသပ်ပါတယ်။ ရှေ့နေကြီး ဦးကြီးမြင့်က ၁၉၈၈ အရေးတော်ပုံအပြီး ကရင်ပြည်နယ်မှာ ABSDF ကျောင်းသားတပ်မတော် ပေါ်ထွန်းခဲ့သလို အခုလည်း သူတို့ကို လက်နက်ကိုင်တော်လှန်

ကနီမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူတဦး နှိပ်စက်ဒဏ်ရာတွေနဲ့သေဆုံး

Posted: 28 Apr 2021 04:25 PM PDT

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချောင်းမကျေးရွာမှာ ‌ဒေသခံနှစ်ဦးကို ဧပြီလ ၂၇ ရက်နေ့က စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တရက်မှာ တဦးရဲ့အလောင်းကို လာရောက်ထုတ်ယူဖို့ အကြောင်းကြားခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။ဧပြီလ ၂၇ ရက်နေ့ မနက်က အသက် ၃ဝ ကျော်အရွယ် ကိုကျော်နိုင်ဆိုသူနဲ့ တူဖြစ်သူ အသက် ၂ဝ ဝန်းကျင် လူငယ်တို့ နှစ်ဦး ကနီမြို့နယ် သင်းကံ သစ်တောဂိတ်အနီး ဆိုင်ကယ်နဲ့ ဖြတ်သန်းစဉ် စစ်ကောင်စီတပ်

ဘဏ်အကောင့်အသစ်ဖွင့်လျှင် ကန့်သတ်ချက်မရှိ ငွေထုတ်ယူနိုင်သည့်ပေါ် မယုံကြည်

Posted: 28 Apr 2021 04:16 PM PDT

ဧပြီ ၂၈ရက် ၂၀၂၁မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ဘဏ်အကောင့်အသစ်ပြန်ဖွင့်ငွေထည့်သူများ အပ်နှံငွေ ပမာဏာအတွင်း ကန့်သတ်ချက် မရှိဘဲ ငွေထုတ်ယူခွင့်ပြုမည်ဆိုသည့်အပေါ် သံသယများစွာရှိနေကြောင်း ပြည်သူများက ပြောဆိုလိုက်သည်။မြန်မာနိုင်ငံဗဟိုဘဏ် သည် ယမန် ( ဧပြီ ၂၇)  ရက်စွဲဖြင့်  ထုတ်ပြန်ကြောညာထားပြီး မေလ ၃ ရက်နေ့တွင် ဘဏ်အကောင့်သစ်ဖွင့်သူများကို အပ်နှံထားသည့် ငွေ ပမာဏာအတွင်း ကန့်သခတ်ချက်မရှိဘဲ ထုတ်ယူခွင့်ပြုမည်ဟု ရေးသား

မန္တ​လေးစည်ပင် ဒုတိယမြို့​တော်ဝန် ဦး​စောဟန် အိမ် ဗုံးခွဲခံရဟု သတင်းကြားရ။

Posted: 28 Apr 2021 04:12 PM PDT

(ပူးတွဲပါပုံသည် ဦးစောဟန်နှင့်ဇနီးပုံဖြစ်သည်)လွန်ခဲ့တဲ့ရက်က မြို့​တော်ဝန်ဦး​ကျော်ဆန်းအိမ် ဗုံးကွဲခဲ့သေးသည်။ဗုံးပေါက်ကွဲတဲ့နေရာတွေဟာ လုံခြုံရေးချထားတဲ့နေရာတွေဖြစ်တာကြောင့် လက်ရှိအခြေအနေတွေကို မကျေနပ်တဲ့ စစ်တပ်နဲ့ရဲအဖွဲ့ဝင်တွေကပဲ ဖေါက်ခွဲခြင်းဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။Burma News Networkhttps://www.facebook.com/burmanewsnetwork

ကချင်နဲ့ ကရင်ပြည်နယ်ရှိ နေရာအချို့ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်

Posted: 28 Apr 2021 04:10 PM PDT

(၂၈-၄-၂၀၂၁)ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်ရှိ နေရာအချို့ကို အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်တပ်က ဒီနေ့ လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေကဖေါ်ပြပါတယ်။ကချင်ပြည်နယ်ရှိ KIO/KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ ကရင်ပြည်နယ်ရှိ KNU/KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် လူမျိုးစု တော်လှန်ရေးအဖွဲ့ နှစ်ဖွဲ့စလုံးဟာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး ဒီမိုကရေစီအရေး ဆန္ဒပြသူတွေကို ထောက်ခံတဲ့၊ ဆန္ဒပြ

KNUကိုသတင်းပေးတယ်ဆိုပြီး ကျိုက္ကော်က ထမင်းဆိုင်ပိုင်ရှင်ဖမ်းဆီးခံရ

Posted: 28 Apr 2021 04:06 PM PDT

ရန်ကုန်၊ဧပြီ ၂၈၊၂၀၂၁KNUနဲ့စစ်တပ် လက်ရှိဖြစ်နေသောတိုက်ပွဲတွေမှာ စစ်တပ်ဘက်က ကျဆုံးမှုများနေလို့ သထုံမြို့နယ်၊ ကျိုက္ကော်မှ အကောင်းကြိုက်ထမင်းဆိုင်ပိုင်ရှင်ကို KNUသတင်းပေးဟု စွပ်စွဲကာ ဒီကနေ့နေ့လယ်ပိုင်းက စစ်တပ်ကနေ လာရောက်ဖမ်းဆီးခဲ့​တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။"  ၂၃ ရက်နေ့က  KNU က စစ်တပ်ကို ပစ်ခတ်တဲ့ ဖြစ်စဉ်မှာ ကျဆုံးမှုတွေရှိလို့ အကောင်းကြိုက်ဆိုင်ပိုင်ရှင်က KNU ကို သတင်းပေးလို့ဆိုပြီး မတရား

ရန်ကုန်တိုင်းဝန်ကြီးဟောင်းဒေါ်နီလာကျော်ကို အဂတိလိုက်စားမှုနဲ့အမှုဖွင့်ထား

Posted: 28 Apr 2021 08:33 AM PDT

 ရန်ကုန်တိုင်းဝန်ကြီးဟောင်းဒေါ်နီလာကျော်ကို အဂတိလိုက်စားမှုနဲ့အမှုဖွင့်ထားNLD အစိုးရလက်ထက် ရန်ကုန်တိုင်းထဲက ဝန်ကြီးဌာန ၃ ခုကို တာဝန်ယူခဲ့တဲ့ တိုင်းဒေသကြီးဝန်ကြီး ဒေါ်နီလာကျော်ကို ငွေကျပ် သိန်းပေါင်း ၃,၆၄၀ ကျော် အဂတိလိုက်စားမှုနဲ့ ဧပြီလ ၂၇ ရက်ကစလို့ အမှုဖွင့် အရေးယူထားတယ်ဆိုပြီး စစ်ကောင်စီလက်ထက်မှာ အသစ်ခန့်ထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို ကိုးကားကာ စစ်ကောင်စီထိန်းချုပ်ထားတဲ့သတင်းစာ

စီးပွားရေးပိတ်ဆို့မှုတွေ ဆက်လုပ်ဖို့ အမေရိကန်အထက်လွှတ်တော်အမတ်တွေ တောင်းဆို

Posted: 28 Apr 2021 08:31 AM PDT

အမေရိကန်ရောက်မြန်မာတွေကလည်း MOGE ကို အရေးယူပိတ်ဆို့ဖို့ ဘဏ္ဍာရေးဝန်ကြီးရုံးရှေ့မှာ တောင်းဆိုခဲ့ကြလက်ရှိမှာ စစ်ကောင်စီအောက်ရောက်နေတဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ဆီငွေကြေးစီးဆင်းတာရပ်သွားအောင်လုပ်ဖို့ အပါအဝင် မြန်မာအပေါ် အရေးယူပိတ်ဆို့မှုတွေ ထပ်လုပ်ဖို့ အမေရိကန်အထက်လွှတ်တော်အမတ်တွေက စုပေါင်းတောင်း ဆိုလာပါတယ်။ဒီမိုကရက်ရောနဲ့ရီပတ်ပလင်ကန် နှစ်ပါတီ

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို မတရားအသင်းဆက်နွှယ်မှုအပါအဝင် ပုဒ်မများစွာနဲ့ အရေးယူမယ်လို့ ကြေညာ

Posted: 28 Apr 2021 08:29 AM PDT

မုံရွာမြို့မှာ ဆိုင်ကယ်သပိတ်စစ်ကြောင်းနဲ့ ဆန္ဒပြနေစဥ် ဧပြီ ၁၅ သင်္ကြန်အကြတ်နေ့မှာ ကားနဲ့တိုက်ပြီး ဖမ်းဆီးခံခဲ့ရတဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို သူ့ရဲ့ ထွက်ဆိုချက်တွေအရ မတရားအသင်း ဆက်နွှယ်မှု အပါအဝင် ရာဇဝတ်မှု ပုဒ်မတွေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီမီဒီယာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ကြေညာပါတယ်။ဖမ်းဆီးခံထားရတဲ့ ကိုဝေမိုးနိုင်ထွက်ဆိုချက်တွေအရရာဇသတ်ကြီးပုဒ်မ၁၇-၁၊၁၂၄၊၅၁၁တို့နဲ့ထိရောက်စွာ

CRPH ကို အပစ်ရပ်တိုင်းရင်းသား ဆယ်ဖွဲ့ ပံ့ပိုးမည်

Posted: 28 Apr 2021 08:27 AM PDT

CRPH ကို အပစ်ရပ်တိုင်းရင်းသား ဆယ်ဖွဲ့ ပံ့ပိုးမည် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ဆယ်ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို ၂၀၂၁၊ ဧပြီ ၂၇ ရက်နေ့က Video Conferencing နဲ့ ကျင်းပစဉ် / Photo: CJ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကို ဆက်စပ်ညှိနှိုင်း ပံ့ပိုးသွားမယ်လို့

နိုင်ငံတဝန်း ပြည်သူ့ဘက်သား တပ်ကြပ်တစ်ဦးအပါအဝင် နှစ်ဦးသေ၊ ၁၅ ဦးအဖမ်းခံရ

Posted: 28 Apr 2021 08:25 AM PDT

ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ် မင်းတပ်မြို့မှာ မနေ့ညနေက စစ်တပ်ဘက်က အပစ်ရပ်ဖို့ ကမ်းလှမ်းပြီး ခေတ္တရပ်တန့်ခဲ့သလို၊ ဖမ်းခံထားရတဲ့ လူငယ် ခုနစ်ယောက်ကို ဧပြီ ၂၇ ရက် မနေ့ညပိုင်း စစ်ကောင်စီဘက်က ပြန်လွှတ်ပေးလိုက်ပါတယ်။လူငယ်တွေက စစ်တပ်ချထားတဲ့ နေရာတွေကိုသွားတဲ့ လမ်းတွေကို ပိတ်ထားတဲ့အတွက် အဲဒီ လမ်းတွေကို ဖွင့်ပေးရင် သူတို့ဖမ်းထားတဲ့သူတွေ

ရန်ကုန်၊ မန္တလေးနဲ့ ထားဝယ်မှာ ဆန္ဒပြမှုတွေ ဆက်ရှိနေ

Posted: 28 Apr 2021 08:22 AM PDT

နေ့စဉ် လူရာနဲ့ချီ ဆန္ဒထုတ်ဖော်နေတဲ့ မန္တလေးမြို့ စက်မှု သပိတ်မြင်ကွင်း။ (ဧပြီ ၂၈၊ ၂၀၂၁)စစ်အာဏာသိမ်းတာ ရက်ပေါင်း ၈၀ ကျော် ကြာလာချိန်အထိ အကြမ်းဖက်ဖိနှိပ်ခံရမှုတွေ အမျိုးမျိုးကြား ပြည်သူတွေဟာ အာဏာရှင်စနစ်ကို ရရာနည်းနဲ့ ဆန့်ကျင်နေကြတုန်းပါ။ ဒီကနေ့မှာလည်း ရန်ကုန်၊ မန္တလေးနဲ့ ထားဝယ်မြို့တွေမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေဟာ လက်နက်ကိုင်တွေကို ရှောင်ကြဉ်ပြီး နွေဦးတော်လှန်ရေးကို ဆင်နွှဲခဲ့ကြပါ

တမူးနဲ့ မြင်းခြံအနီး စစ်တပ်နဲ့ ဒေသခံအပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပွား

Posted: 28 Apr 2021 08:20 AM PDT

စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၈ ရက်နေ့က မြင်းခြံမြို့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြသည့်မြင်ကွင်း။ (ဖေဖော်ဝါရီ ၀၈၊ ၂၀၂၁)မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက် ဆန္ဒပြနေကြတဲ့အထဲ အကြမ်းဖက် ဖြိုခွဲမှုတွေ ရှိခဲ့တဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ မနေ့ကညက စစ်တပ်နဲ့ ဒေသခံတွေအကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာကြောင့် CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ စစ်သားတဦး သေဆုံးခဲ့ပါတယ်။ အလားတူ မြင်းခြံမြို့

မန္တလေးဈေးတချို့မှာ စည်ပင်နဲ့တပ်ပေါင်းပြီး ဈေးခွန်ကောက်နေ

Posted: 28 Apr 2021 08:18 AM PDT

 မန္တလေးမြို့တွင်းဈေးတစ်ခုမန္တလေးမြို့ စည်ပင်သာယာနယ်နိမိတ်ထဲက ဈေးတချို့မှာ စည်ပင်နဲ့ စစ်တပ်ကလူတွေ ပူးပေါင်းပြီး ဈေးခွန်ကောက်နေလို့ ဈေးသည်တွေက ဘီဘီစီကို ပြောလာပါတယ်။"သားငါးတန်းဘက် သေနတ်တွေနဲ့ချိန်ပြီး ကောက်တာ။ သုံးလစာတောင်းတာ။ အရောင်းဝယ်မကောင်းလို့ ဆောင်စရာ ပိုက်ဆံမရှိဘူးလေ။ သေနတ်တွေချိန်ထားတော့ တလစာ နှစ်သောင်းပေးလိုက်ရတယ်။ ဆိုင်တိုင်းပါသွားတာ"လို့ ချမ်းမြသာစည်မြို့နယ်ထဲက ဈေးသည်တစ်ဦးက ပြောပါတယ်။

မန္တလေးဆန္ဒပြစစ်ကြောင်းကို ကားနဲ့ဝင်တိုက်ဖြိုခွဲပြီး ဖမ်းဆီး

Posted: 28 Apr 2021 08:17 AM PDT

မန္တလေးမြို့ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြ‌ သပိတ်စစ်ကြောင်းတခုကို စစ်ကောင်စီတပ်က စစ်ကားနဲ့ဝင်တိုက်ပြီး ဖြိုခွဲရာ ၇ ဦးဖမ်းဆီးခံရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။"စစ်ကားတွေလာတော့ ခွဲ၊ ခွဲဆိုပြီး ကြုံရာပြေးကြတာ။ မျက်စိရှေ့ထိပ်တိုက် ဖြစ်တော့ ကိုယ်တိုင်လှည့်ပြေးရတာ။ ခုနစ်ယောက်က ပြေးနေရင်း အဖမ်းခံရတာ။ ကောင်လေးတွေကို ဒူးထောက်ခိုင်းပြီး သေနတ်ဒင်တွေနဲ့ ထုတာ။ သူတို့ကို ဆူဇူကီးကား အနီရောင်ပေါ် တင်သွားတာ။

မြန်မာအရေးယူဒဏ်ခတ်မှု ပိုလုပ်ဖို့ ကန်အထက်လွှတ်တော်အမတ်တွေ တိုက်တွန်း

Posted: 28 Apr 2021 08:14 AM PDT

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်က ဆန္ဒပြသူတဦး ကိုင်ဆောင်ထားတဲ့ poster တခု။ (ဧပြီ ၂၄၊ ၂၀၂၁)မြန်မာနိုင်ငံမှာ ဆန္ဒပြပွဲတွေအပေါ် အကြမ်းဖက်နှိမ်နင်းနေတာတွေကို တုံ့ပြန်တဲ့အနေနဲ့ စစ်အုပ်ချုပ်ရေး ကောင်စီပိုင် ရေနံနဲ့ သဘောဝဓါတ်ငွေ့ တူးဖေါ်ရေး စွမ်းအင် ကုမ္ပဏီတွေရဲ့ ဝင်ငွေကို ပိတ်ဆို့တာတွေ အပါအဝင် အရေးယူမှုတွေ ထပ်ပြီး ပြဌာန်းဖို့ ပါတီကြီးနှစ်ရပ်စလုံးက အထက်လွှတ်တော် အမတ် တစုက အမေရိကန် အစိုးရကို

သေဆုံးသူစာရင်း AAPP ထုတ်ပြန်ချက် စစ်ကောင်စီငြင်းဆို

Posted: 28 Apr 2021 08:13 AM PDT

မတ်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ ဆန္ဒပြပွဲအတွင်း သေနတ်ထိမှန်ခဲ့သူ တဦးကို သယ်ဆောင်နေတဲ့ မြင်ကွင်း။ (မတ် ၁၇၊ ၂၀၂၁)မြန်မာနိုင်ငံမှာ ဆန္ဒပြမှုတွေကို လုံခြုံရေးတပ်တွေ အကြမ်းဖက်နှိမ်နင်းရာမှာ ဒီနေ့ထိဆိုရင် လူ ၇၅၅ ဦးသေဆုံးခဲ့တယ်ဆိုတဲ့ AAPP မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးစာရင်းနဲ့ ပတ်သက်လို့ ဒီစာရင်းဟာ မမှန်ကန်ဘဲ ဖောင်းပွနေတယ်လို့ မြန်မာစစ်ကောင်စီက ကြေညာပြောဆိုပါတယ်။တကယ်တမ်းသေဆုံးသူ

သံဃာတွေကို စစ်ကောင်စီက နည်းမျိုးစုံနဲ့ စည်းရုံးနေ

Posted: 28 Apr 2021 08:11 AM PDT

အာဏာသိမ်း စစ်ကောင်စီဟာ မဟန ဆရာတော်ကြီးတွေရဲ့ ကြေညာချက်ထွက်လာပြီးနောက်ပိုင်းမှာ သံဃာတွေရဲ့ဖယ်ကြဉ်မှုကို ပိုမိုရင်ဆိုင်နေရတဲ့အတွက် သံဃာတွေကို စည်းရုံးဖို့ နည်းမျိုးစုံနဲ့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မဟနအဖွဲ့ကြီးကိုပါ ပြင်ဆင်ဖွဲ့စည်းဖို့ ကြံစည်နေတယ်လို့လည်း သတင်းထွက်ပါတယ်။အပြစ်မဲ့ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး မဟန ဆရာတော်ကြီးတွေက မကြာခင်က ကြေညာချက်ထုတ်ပြန် တားမြစ်ခဲ့တဲ့

လူမှုကူညီရေးအဖွဲ့တွေ ရပ်တည်ဖို့ခက်ခဲနေ

Posted: 28 Apr 2021 08:08 AM PDT

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာ သုံးလဆိုတဲ့ အချိန်ကို ရောက်လုချိန်မှာ မြန်မာပြည်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀ ကျော်ကစပြီး ကြီးထွားလာခဲ့တဲ့ လူမှုရေးလုပ်ငန်းတွေ ပရဟိတလုပ်ငန်းတွေ၊ ကယ်ဆယ်ရေးနဲ့ နာရေးကူညီမှုလုပ်ငန်းတွေ အဖြိုခွင်းခံရပြီး ပြန်လည်ပျောက်ကွယ်မယ့် အခြေအနေကို ရောက်လာနေပါတယ်။ အရင်စစ်အစိုးရခေတ်မှာ လူထုရဲ့လိုအပ်ချက်အရ ပေါ်ထွက်လာတဲ့ ဒီအသင်းတွေဟာ လက်ရှိစစ်ကောင်စီ လက်ထက်မှာရပ်တည်ဖို့ ခက်ခဲလာ

စစ်ကောင်စီ အာဏာတည်ရေး အကြမ်းဖက်လုပ်ရပ် တိုင်းပြည်ဖရိုဖရဲ ဖြစ်နိုင် (ပါမောက္ခ Christina Fink)

Posted: 28 Apr 2021 08:06 AM PDT

မှတ်တမ်းဓါတ်ပုံ- မတ်လ ၃၀ ရက်နေ့က ရန်ကုန် ဆန္ဒပြပွဲတခုကို ရဲက ဖြိုခွဲအပြီး မြင်ကွင်းစစ်တပ်ဟာ သူ့အာဏာဆုပ်ကိုင်ဖို့ အကြမ်းဖက်မှုကို အသုံးပြုတာဟာ နိုင်ငံကို ပိုပြီး ဖရိုဖရဲ ပရမ်းပတာဖြစ်စေတယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန် ပါမောက္ခ Christina Fink က သုံးသပ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးလိုက်တဲ့အတွက် ရင်ဆိုင်နေရတဲ့ အကျိုးဆက်တွေ ဘယ်လောက်အတိုင်းအထိရှိနေလဲ။ အမေရိကန် ပြည်ထောင်စု George

အာဆီယံအထူးကိုယ်စားလှယ်ကို အမြန်ဆုံးလက်ခံဖို့ စစ်ကောင်စီကို လူ့အခွင့်အရေး ကိုယ်စားလှယ်တိုက်တွန်း

Posted: 28 Apr 2021 08:04 AM PDT

ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Andrewsအရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံရဲ့ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံတွင်း လာရောက်ခွင့်ပြုဖို့ မြန်မာ စစ်တပ် အကြီးအကဲကို ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်က တောင်းဆိုလိုက်ပါတယ်။ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ အာဆီယံရဲ့ မြန်မာ့ အရေး အထူးအစည်းအဝေး ဘုံသဘောတူညီချက်မှာ အာ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.