သစ္ထူးလြင္ |
- ကရင် IDP တွေအတွက် ရိက္ခာ၊ ဆေးဝါး သယ်ခွင့် ထိုင်းဖက်က ခွင့်ပြုပြီ
- စစ်အုပ်စုက အကြောင်းမဲ့သက်သက် ပစ်သတ်လို့ သေဆုံးခဲ့တဲ့ အမျိုးသမီးကို ဒီနေ့သဂြိုလ်
- မြန်မာနိုင်ငံ ပြည်တွင်းစစ် ဖြစ်ပွားနိုင်ကြောင်း ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး သတိပေး
- စစ်ရှောင်များကို ကူညီမည့် ထောက်ပံ့ရေးပစ္စည်းများကို တစ်ကြိမ်စာ သယ်ဆောင်ခွင့်ရ
- မြဝတီမြို့မှ ဖမ်းဆီးခံရသူ ၁၀၀ ဝန်းကျင်အနက် အသက် ၁၈ နှစ်အောက်သာ အာမခံပေးထားပြီး ကျန်သူများကို မြဝတီနှင့်ဖားအံအချုပ်ထောင်တွင် ထိန်းသိမ်းထား
- စမ်းချောင်း ညောင်တုန်းလမ်း ဆေးကုပေးနေတဲ့ ဓမ္မာရုံကို အကြမ်းဖက်စစ်တပ် ဝင်ဖမ်း
- တောင်ကိုရီးယားက POSCO ကုမ္ပဏီကြီး အာဏာသိမ်းစစ်ကောင်စီနှင့် အဆက်ဖြတ်ဖို့ပြင်ဆင်
- တောင်ကြီး ညောင်ဖြူစခန်းရပ်ကွက်ရုံးမီးလောင်ရာကူညီပေးသူ (၄)ဦးထက်မနည်း စစ်ကောင်စီမှ ဖမ်းဆီးသွား
- အင်တာနက်ဝိုင်ဖိုင်များ ကန့်သတ်ခံရနေချိန် အွန်လိုင်းပေါ်တွင် ဝိုင်ဖိုင်စက် လိမ်လည်ရောင်းချနေသူများလည်း ရှိနေ။
- စစ်အုပ်စုနဲ့အဖွဲ့က အကြောင်းမဲ့သက်သက် ရပ်ကွက်တွေထဲဝင်ပြီး ပစ်ခတ်လို့ မန္တလေးမြို့ မနော်ဟရီလမ်း၊ ၅၄ လမ်းဘက်မှာ အခုည ၉ နာရီခွဲကာနီးလောက်က အမျိုးသမီးတစ်ဦး သေနတ်ကျည်ထိ
- ရေနံဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်းတွေ မြန်မာမှာ Total ကုမ္ပဏီ ဆက်လုပ်မည်
- ဖာပွန်ခရိုင်အတွင်း စစ်တပ်နဲ့ KNU တိုက်ပွဲဆက်ဖြစ်နေဆဲ
- စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ သြစတေးလျနိုင်ငံသားနှစ်ဦး လွတ်မြောက်
- ဧည့်စာရင်းမတိုင်ရင် ဒဏ် ၃ သိန်းလို့ကြေညာ
- တမူးမြို့က စစ်ကားပေါ်ဗုံးကွဲ
- အုပ်ချုပ်သူမရှိတဲ့မြို့ပေါ်ရပ်ကွက်များ
ကရင် IDP တွေအတွက် ရိက္ခာ၊ ဆေးဝါး သယ်ခွင့် ထိုင်းဖက်က ခွင့်ပြုပြီ Posted: 05 Apr 2021 07:44 AM PDT (၅-၄-၂၀၂၁)အာဏာသိမ်းအကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ဗုံးကျဲတိုက်ခိုက်လို့ ထိုင်းနယ်စပ်ကို ထွက်ပြေးလာတဲ့ ကရင်ဒုက္ခသည်တွေအတွက် ရိက္ခာနဲ့ ဆေးဝါ သယ်ယူခွင့်ကို ထိုင်းအာဏာပိုင်တွေက ဒီနေ့ ခွင့်ပြုချက်ပေးလိုက်ပါတယ်။ဒါကြောင့် ရိက္ခာခြောက်နဲ့ ဆေးဝါးတွေ တင်ထားတဲ့ စက်လှေငယ် ၅ စီးဟာ ဒီနေ့မနက်ပိုင်းက ထိုင်းနယ်စပ်ရွာ Mae Sam Laep (မြန်မာအခေါ် စော်လဲထ) ကနေ ထွက်ခွာပြီး သံလွင်မြစ်အတိုင်း အပေါ်ဖက်ကို တက်သွားပြီလို့ ဒေသခံ |
စစ်အုပ်စုက အကြောင်းမဲ့သက်သက် ပစ်သတ်လို့ သေဆုံးခဲ့တဲ့ အမျိုးသမီးကို ဒီနေ့သဂြိုလ် Posted: 05 Apr 2021 07:43 AM PDT မန္တလေး ဧပြီ ၅ဧပြီ၄ ရက်ညပိုင်းက မန္တလေးမြို့ မနော်ဟရီလမ်း၊ ၅၄ လမ်းဘက်မှာစစ်အုပ်စုက ပစ်ခတ်လို့ သေဆုံးခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် မထက်ထက်ဝင်းကို ဒီကနေ့ သဂြိုလ်ပါတယ်။ အမျိုးသားဖြစ်သူနဲ့အတူ အလုပ်ကပြန်လာစဥ် ၈ နာရီကျော်လောက်မှာ စစ်အုပ်စုနဲ့ ထိပ်တိုက်တွေ့မိပြီး ပစ်ခတ်ခံရတာလို့ နီးစပ်သူတွေဆီက သိရပါတယ်။အမျိုးသားဖြစ်သူက ဒဏ်ရာရရှိခဲ့ပြီး မထက်ထက်ဝင်းက ဗိုက်ကျည်မှန်ဒဏ်ရာနဲ့ သေဆုံးခဲ့တာပါ။Photo -CJBurma News |
မြန်မာနိုင်ငံ ပြည်တွင်းစစ် ဖြစ်ပွားနိုင်ကြောင်း ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး သတိပေး Posted: 05 Apr 2021 07:39 AM PDT ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး Heiko Mass ၊ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းယူမှုကို ဆန့်ကျင် ဆန္ဒပြနေကြသူများ၊ မြန်မာ့ တပ်မတော်ရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံဘက် တိမ်းရှောင်လာရတဲ့ ကရင် စစ်ဘေး ဒုက္ခသည်များ၊ မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်တချို့။ဘာလင်၊ ဧပြီ ၅၊ ၂၀၂၁မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်နဲ့ ရင်ဆိုင်ရဖွယ် ရှိတယ်လို့ ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး Heiko Maas က သတိပေး ပြောကြားကြောင်း DPA |
စစ်ရှောင်များကို ကူညီမည့် ထောက်ပံ့ရေးပစ္စည်းများကို တစ်ကြိမ်စာ သယ်ဆောင်ခွင့်ရ Posted: 05 Apr 2021 07:34 AM PDT Photo- The Reportersဧပြီ ၅ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းနံဘေး မဲ့စမ်လက်(သောလယ်ထာ)တွင် သောင်တင်နေသည့် ကရင်စစ်ရှောင်များအတွက် ကူညီမည့် ထောက်ပံ့ရေးပစ္စည်းများကို ယနေ့နံနက်ပိုင်းတွင် နယ်မြေခံထိုင်းအာဏာပိုင်များက တစ်ကြိမ်စာသယ်ဆောင်ခွင့်ပြုလိုက်ပြီဟု သိရသည်။စစ်ရှောင်ကူညီထောက်ပံ့ရေးအတွက် လုပ်ဆောင်နေသူတစ်ဦးက "အနယ်နယ်အရပ်ရပ်က ထိုင်းလူမှုအဖွဲ့အစည်းတွေက လာပြီးညှိနှိုင်းလို့ |
Posted: 05 Apr 2021 07:31 AM PDT ဧပြီလ ၅ ရက် ၂၀၂၁ ခုနှစ်။ ကေအိုင်စီကရင်ပြည်နယ် မြဝတီမြို့တွင် ဖမ်းဆီးခံရသူ လူ ၁၀၀ ဝန်းကျင်ခန့်အနက်မှ အသက် ၁၈ နှစ်မပြည့်သူများကိုသာ အာမခံဖြင့်လွှတ်ပေးထားပြီး ကျန်သူများကို မြဝတီနှင့်ဖားအံမြို့ရှိ အချုပ်ထောင် တို့တွင် ထိန်းသိမ်းထားကြောင်း သိရသည်။ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယအပတ်မှစ၍ မတ်လ ၂၇ ရက်နေ့ထိ မြဝတီမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများနှင့် စပ်လျဉ်း၍ ဖမ်းဆီးခံရသူ စုစုပေါင်း လူ ၁၀၀ |
စမ်းချောင်း ညောင်တုန်းလမ်း ဆေးကုပေးနေတဲ့ ဓမ္မာရုံကို အကြမ်းဖက်စစ်တပ် ဝင်ဖမ်း Posted: 05 Apr 2021 07:23 AM PDT ရန်ကုန် (၅/၄/၂၀၂၁)ဒဏ်ရာရသူတွေကို ဆေးကုသပေးနေတဲ့ ဓမ္မာရုံကို စစ်သားအလုံးအရင်းနဲ့ ဒီကနေ့ နေ့လယ်က အကြမ်းဖက် ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။အရေးပေါ်ဆိုင်ရာ ဆေးပစ္စည်း ကိရိယာများ၊ လမ်းလုံခြုံရေးအတွက် တပ်ဆင်ထားတဲ့ CCTV ဆက်စပ်ပစ္စည်းများနဲ့ အခြားပစ္စည်းများကို သိမ်းသွားသလို ကင်းသမား တဦးနဲ့ ဆရာဝန်မလေးတဦး အပါအဝင် ဆေးဝန်ထမ်း ၉ ဦးကို လက်ထိပ်ခတ် ဖမ်းဆီးသွားတာလို့ ညောင်တုန်းလမ်းနေသူတွေက ပြောပါတယ်။ရပ်ကွက်ဒလန်က |
တောင်ကိုရီးယားက POSCO ကုမ္ပဏီကြီး အာဏာသိမ်းစစ်ကောင်စီနှင့် အဆက်ဖြတ်ဖို့ပြင်ဆင် Posted: 05 Apr 2021 07:21 AM PDT (၅-၄-၂၀၂၁)တောင်ကိုရီးယားက ထိပ်တန်း စတီးလ် ကုမ္ပဏီကြီးဖြစ်တဲ့ POSCO ဟာ အာဏာသိမ်းစစ် ကောင်စီပိုင် ဦးပိုင်ကုမ္ပဏီ (MEHL)နဲ့ ဘယ်လိုအဆက်ဖြတ်နိုင်မလဲဆိုတာကို သုံးသပ် ဆွေးနွေးနေတယ်လို့ ကုမ္ပဏီကြီးနဲ့ နီးစပ်သူတွေကပြောပါတယ်။ဖေဖေါ်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း နေ့စဉ်အကြမ်းဖက်မှုတွေပြုလုပ်နေတဲ့ စစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြသူ ၆၀၀ နီးပါးကို သတ်ဖြတ်ပြီးတဲ့နောက် စစ်တပ်နဲ့ ဆက်စပ်တဲ့ စီးပွားရေး |
တောင်ကြီး ညောင်ဖြူစခန်းရပ်ကွက်ရုံးမီးလောင်ရာကူညီပေးသူ (၄)ဦးထက်မနည်း စစ်ကောင်စီမှ ဖမ်းဆီးသွား Posted: 05 Apr 2021 07:17 AM PDT သျှမ်းသံတော်ဆင့်၊ ဧပြီ ၅ရက်သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမီးလောင်ရာ သွားရောက် မီးငြိမ်းသက်ရာ တွင် ကူညီပေးသည့်သူ (၄)ဦးထက်မနည်း အကြမ်းဖက် စစ်အုပ်စုမှ ဖမ်းဆီးသွားကြောင်းစုံးစမ်းသိရသည်။ယမန်နေ့ (ဧပြီ ၄)ရက် ည ၈နာရီဝန်းကျင်တွင် တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက်ရုံးတွင် ပေါက်ကွဲသံ နှင့်အတူ မီးလောင်မှု ဖြစ်ပွားကာ ရပ်ကွက်နေပြည်သူများက မီးကူငြိမ်းသက်ပေးခဲ့ |
Posted: 05 Apr 2021 07:12 AM PDT 5 April 2021ဝိုင်ဖိုင်စက်ကို အိမ်အရောက်ပို့ပေးမည်ဟုဆိုကာ Wave Money မှတဆင့် ငွေကျပ်တစ်သိန်းကျော် လွဲပို့ပေးပြီးမှ Facebook အကောင့်ကိုလည်း block သွားသည်ဟု အလိမ်ခံရသူတစ်ဦးက ဆက်သွယ်ပြောဆိုလာပါသည်။ဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရပြီး အိမ်သုံး အင်တာနက်ဝိုင်ဖိုင်များကို အချိန်အကန့်အသတ်ဖြင့် ဖွင့်ပေးနေချိန်ဖြစ်သည်။ အချို့မြို့နယ်များတွင် အိမ်သုံးဝိုင်ဖိုင်များကိုလည်း စစ်ကောင်စီဘက်က |
Posted: 04 Apr 2021 04:18 PM PDT စစ်အုပ်စုနဲ့အဖွဲ့က အကြောင်းမဲ့သက်သက် ရပ်ကွက်တွေထဲဝင်ပြီး ပစ်ခတ်လို့ မန္တလေးမြို့ မနော်ဟရီလမ်း၊ ၅၄ လမ်းဘက်မှာ အခုည ၉ နာရီခွဲကာနီးလောက်က အမျိုးသမီးတစ်ဦး သေနတ်ကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။ရပ်ကွက်က သတင်းအရ စစ်အုပ်စုနဲ့အဖွဲ့ဟာ ဗိုက်ကျည်မှန်ပြီး မှောက်လျက်လဲကျသွားတဲ့ အဲဒီအမျိုးသမီးကို ပက်လက်ပြန်လှန်ကာ ဓာတ်ပုံရိုက်ယူပြီး လူနာကိုဒီအတိုင်းထား ထွက်သွားကြတယ်လို့ သိရပါတယ်။Burma News Networkhttps:// |
ရေနံဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်းတွေ မြန်မာမှာ Total ကုမ္ပဏီ ဆက်လုပ်မည် Posted: 04 Apr 2021 04:15 PM PDT ပြင်သစ်အခြေစိုက် Total ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေးကုမ္ပဏီ။ (အောက်တိုဘာ ၁၂၊ ၂၀၁၆)ပြင်သစ် Total ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေး ကုမ္ပဏီက မြန်မာနိုင်ငံ ရတနာဓာတ်ငွေ့ တူးဖော်ရေးက ထုတ်လုပ်ရေးလုပ်ငန်းတွေ ဘေးကင်းကင်းနဲ့ ထုတ်နိုင်နေသ၍ ရပ်ဆိုင်းမှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။ ဒီလို ဆက်ပြီး ထုတ်လုပ်တာဟာ တစိတ်တပိုင်းအားဖြင့် ဝန်ထမ်းတွေကို အကာအကွယ်ပေးတာဖြစ်ပြီး ဆက်မလုပ်ဘူးဆိုရင် စစ်အုပ်ချုပ်ရေးကောင်စီဘက်က |
ဖာပွန်ခရိုင်အတွင်း စစ်တပ်နဲ့ KNU တိုက်ပွဲဆက်ဖြစ်နေဆဲ Posted: 04 Apr 2021 04:14 PM PDT ကရင်ပြည်နယ်တွင်း တနေရာတွင် တွေ့ရသည့် KNU တပ်ဖွဲ့ဝင်တချို့။ (၁၂ ဖေဖော်ဝါရီ ၂၀၁၃)ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီ တပ်တွေနဲ့ KNU တပ်မဟာ ၅ တို့ ဧပြီလ ၄ ရက်နေ့မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ဖာပွန်မြို့တွင်းနဲ့ မြို့ပြင်တွေမှာ စစ်တပ်ဘက်က ပစ်ခတ်မှုတွေ ရှိနေသလို KNU နယ်ထဲမှာတော့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေပါတယ်။ အပြည့်အစုံကို မအေးအေးမာ တင်ပြပေးထားပါတယ်။ကရင်ပြည်နယ် |
စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ သြစတေးလျနိုင်ငံသားနှစ်ဦး လွတ်မြောက် Posted: 04 Apr 2021 04:11 PM PDT စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ သြစတေးလျနိုင်ငံသားနှစ်ဦး လွတ်မြောက် Matthew O'Kane နဲ့ Christa Avery / Photo-CJမြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးခံထားရတဲ့ သြစတြေးလျနိုင်ငံသား နှစ်ဦးကို ဒီနေ့လွှတ်ပေးလိုက်ပြီးလို့ ရိုက်တာ သတင်းကဖော်ပြပါတယ်။Matthew O'Kane နဲ့ Christa Avery တို့ နှစ်ဦးကို ဘာအမှုနဲ့မှ တရားစွဲဆိုခြင်းမရှိဘဲ မြန်မာ နိုင်ငံကနေ ထွက်ခွာခွင့်ပြုလိုက် |
ဧည့်စာရင်းမတိုင်ရင် ဒဏ် ၃ သိန်းလို့ကြေညာ Posted: 04 Apr 2021 04:10 PM PDT ရွှေပြည်သာမြို့နယ်မှာ ဧည့်စာရင်းတိုင်နေကြစဥ်ရန်ကုန်တိုင်း လှိုင်မြို့နယ် ၁၃ ရပ်ကွက်မှာ ဧည့်စာရင်းတိုင်ဖို့ ရပ်ကွက်အုပ်ချုပ်ရေးကောင်စီနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဧပြီလ ၃ ရက်နေ့က လိုက်ကြေညာနေပြီးတော့ ဧည့်စာရင်းမတိုင်ရင် တစ်ယောက်ကိုဒဏ် ၃ သိန်းချမှတ်တာခံရမယ်လို့ကြေညာသွားကြောင်း ရပ်ကွက်နေသူတစ်ဦးကပြောပါတယ်။ဧည့်စာရင်းတိုင် မတိုင် လိုက်စစ်ဖို့ရှိပြီးတော့ ရပ်ကွက်ရုံးမဖွင့်ရင် မြို့နယ်ရုံးကို လာတိုင်ကြဖို့ပြော |
Posted: 04 Apr 2021 04:08 PM PDT တမူးမှာ လမ်းအချိုကို အတားအဆီးတွေချထားတာတွေ့ရစဥ်မြန်မာ-အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်းတမူးမြို့မှာ ဧပြီလ ၄ ရက်နေ့ ညနေပိုင်းက စစ်ကားတစ်စီးပေါ်မှာ ဗုံးကွဲခဲ့ပြီး စစ်ကောင်စီတပ်တွေဖွဲ့ဝင်အချိုသေဆုံးခဲ့တယ်လို့ တမူးမြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။အနည်းဆုံးစစ်သား ၄ ဦးသေဆုံးခဲ့တဲ့လို့သိရပြီး ဒီလက်ပစ်ဗုံးဟာ လူတွေကို ပစ်ဖို့ စစ်တပ်က တပ်သားတစ်ဦး စနက်တံကိုဖြုတ်စဥ်မှာပေါက်ကွဲခဲ့တာလို့ ပြောပေမဲ့ သီးခြားအတည်ပြု |
အုပ်ချုပ်သူမရှိတဲ့မြို့ပေါ်ရပ်ကွက်များ Posted: 04 Apr 2021 04:06 PM PDT အသစ်ခန့်အပ်တဲ့အုပ်ချုပ်ရေးမှူးတွေကို ဆန့်ကျင်ဆန္ဒပြမှုတွေရှိခဲ့ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးရုံးတွေ ပြန်လည်ဖွင့်လှစ်နိုင်ရေးကို အာဏာသိမ်းစစ်ကောင်စီက အထူးကြိုးစားဆောင်ရွက်နေသလို ဖိအားပေးမှုတွေလည်း အများအပြား ပြုလုပ်နေပါတယ်။ အထူးသဖြင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ မြို့ကြီးတွေမှာ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေ ပြန်လည်ဖွင့်လှစ်နိုင်ရေးကို ကြိုးစားဆောင်ရွက်နေတာတွေ့ရပါတယ်။ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူး |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.