Tuesday, April 6, 2021

သစ်ထူးလွင်

သစ်ထူးလွင်


မြန်မာ့အရေး လုံခြုံရေးကောင်စီ ဝင်မစွက်ဖက်ဖို့ တရုတ်သတိပေး

Posted: 06 Apr 2021 06:54 AM PDT

တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Zhao Lijian။မြန်မာနိုင်ငံမှာ သွေးထွက်သံယိုပဋိပက္ခ ဆက်မဖြစ်အောင် ပြန်လည်သင့်မြတ်ရေးလုပ်ဖို့ အားလုံးကို တရုတ်နိုင်ငံက တိုက်တွန်းသွားမယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောပါတယ်။"ဘက်အားလုံးနဲ့ တရုတ်နိုင်ငံက ဆက်ပြီး ဆက်သွယ် ညှိနှိုင်းသွားပါမယ်။ ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ဖို့နဲ့ ဆွေးနွေးပြောဆိုဖို့ အာဆီယံအဖွဲ့နဲ့အတူတကွ တိုက်တွန်းသွားပါမယ်။ မြန်မာနိုင်ငံ

ကျောက်မဲမြို့အဝင် စစ်ဆေးရေးဂိတ် ပေါက်ကွဲမှု ၃ ဦး ဒဏ်ရာရ

Posted: 06 Apr 2021 06:52 AM PDT

ကျောက်မဲမြို့ အဝင်ဂိတ် ပေါက်ကွဲမှုအပြီး မြင်ကွင်း။ (ဓာတ်ပုံ - ဧပြီ ၀၅၊ ၂၀၂၁)ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး-လားရှိုးလမ်းက ကျောက်မဲမြို့အဝင်ဂိတ်မှာ တနင်္လာနေ့ ညနေပိုင်းက ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး လူ သုံး ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီပေါက်ကွဲမှုဟာ ဆိုင်ကယ်နဲ့ လာပစ်သွားတဲ့ လက်လုပ်မိုင်းအဖြစ်လည်း ယူဆတာတွေ ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်က လာတဲ့သတင်းကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဘဏ်လုပ်ငန်းအကန့်အသတ်ကြောင့် ရွှေကို စုလာကြ

Posted: 06 Apr 2021 06:49 AM PDT

လက်ရှိမှာ ဘဏ်တွေရဲ့လည်ပတ်မှု ကန့်သတ်ချက်တွေကြောင့် ပုံမှန်လည်ပတ်နေဆဲလို့ဆိုနိုင်တဲ့ဆောက်လုပ်ငန်းရေးလုပ်ငန်းတွေဘက်က ရွှေကို ဝယ်ယူသိမ်းဆည်းလာတာမျိုးရှိတယ်လို့ မြန်မာ့ရွှေလုပ်ငန်းရှင်များအသင်းဘက်ကဆီကနေ သိရပါတယ်။ဘဏ်တွေပိတ်ထားတာက ရွှေအရောင်းအဝယ် အေးတဲ့ဘက်ကို ရောက်သွားပေမဲ့ ဈေးနှုန်းကိုတော့ မထိခိုက်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ဘဏ်တွေ ပိတ်ထားလို့ ငွေလွှဲပြောင်းမှုအခက်အခဲတော့ကြုံရတယ်လို့ သိရပါတယ်။နောက်ပြီး

သင်္ကြန်မဆင်နွှဲဖို့ လူထုကို မြန်မာလူငယ်တွေ မေတ္တာရပ်ခံနေ

Posted: 06 Apr 2021 06:47 AM PDT

သင်္ကြန်ပွဲ မဆင်နွှဲဖို့ မော်လမြိုင်လူငယ်တွေကလည်း ဒီနေ့ ဧပြီလ ၆ ရက်မှာ လူထုကို တောင်းဆိုထားမြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူထားတဲ့အခြေအနေကြောင့် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် တန်ခူးလဆန်း ၂ ရက်၊ ဧပြီလ ၁၃ ရက်မှာ ကျရောက်မယ့် မဟာအတာသင်္ကြန်ကို မဆင်နွှဲကြဖို့ လူငယ်တွေက လူထုကို မေတ္တာရပ်ခံတောင်းဆိုစာတွေ စတင်ထုတ်ပြန်လာပါတယ်။လက်ရှိ ကျီးလန့်စာ စားနေတဲ့ကာလမှာ သင်္ကြန်ဆင်နွှဲဖို့ လိပ်ပြာမလုံဘူးလို့ လူငယ်တွေ

မန္တလေး အရုဏ်ဦးသပိတ် ဖြိုခွင်းခံရပြီး လေးဦး ဖမ်းဆီးသွား

Posted: 06 Apr 2021 06:45 AM PDT

မန္တလေး အရုဏ်ဦးသပိတ် ဖြိုခွင်းခံရပြီး လေးဦး ဖမ်းဆီးသွား မန္တလေး ချမ်းအေးသာစံမြို့နယ် ၇၃-၇၄ ကြား ၃၁ လမ်းမှာ ၂၀၂၁ ဧပြီ ၆ရက် မနက်က ကျန်းမာရေးမိသားစုသပိတ် ပြင်ဆင်နေချိန် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖေါက်လူစုခွဲခဲ့စဉ် / Photo: MPSမန္တလေးမြို့မှာ စစ်အာဏာရှင်ကျဆုံးရေးအတွက် ကျန်းမာရေးဝန်ထမ်း မိသားစုတွေ စုပေါင်းပြုလုပ်တဲ့ အရုဏ်ဦးသပိတ် ဒီကနေ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် ဖြိုခွဲခံရပြီး လေးဦး ဖမ်းဆီးခံရတယ်လို့

နေရာအနှံ့ တပ်စွဲစစ်ဆေးနေလို့ ကုန်စည်စီးဆင်းမှု ပြတ်တောက်

Posted: 06 Apr 2021 06:43 AM PDT

စစ်တပ်အာဏာသိမ်းတာ ၆၅ ရက်ရှိလာပြီဖြစ်ပြီး နယ်ပေါင်းစုံ လမ်းပေါင်းစုံမှာ ပိတ်ဆို့ စစ်ဆေးနေတာ တွေကြောင့် ကုန်စည်စီးဆင်းမှုတွေ မရှိတော့သလောက် ဖြစ်လာတဲ့အတွက် ပြည်သူတွေ စားဝတ်နေရေး ခက်ခဲလာပါတယ်။အာဏာသိမ်း စစ်ကောင်စီတပ်တွေဟာ နေရာအနှံ့က လမ်းမကြီးတွေပေါ် တပ်စွဲထားပြီး ပိတ်ဆို့ စစ်ဆေး နေတဲ့အတွက် ယာဉ်အသွားအလာတွေက မရှိသလောက်ဖြစ်သွားတာမို့ ကုန်စည်စီးဆင်းမှု ပြတ်တောက် သွားပါတယ်။ လမ်းတွေမှာ အလွန်အမင်း စစ်ဆေးနေ

လူရွှင်တော် ဇာဂနာ အဖမ်းခံရ

Posted: 06 Apr 2021 06:41 AM PDT

လူရွှင်တော် ဇာဂနာ။ (ဓာတ်ပုံ - AP Photo/Khin Maung Win - အောက်တိုဘာ ၁၃၊ ၂၀၁၁)စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက် ပစ်ခတ်ဖြိုခွဲနေသလို ဆန္ဒပြသူတွေ၊ CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေ၊ ထောက်ခံသူတွေကို စစ်တပ်ကဖမ်းဆီးနေတာမှာ ဒီကနေ့မနက်ပိုင်းကတော့ ထင်ရှားတဲ့ အနုပညာရှင်တဦးဖြစ်သူ ဇာဂနာ ခေါ် ဦးသူရကို နေအိမ်မှာ လာဖမ်းသွားတယ်လို့ လူရွှင်တော် ငပျောကျော်က သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးထားပါ

စမ်းချောင်း ပရဟိတဆေးခန်းက ဆရာဝန်အပါအဝင် ၉ ဦး ဖမ်းဆီးခံရ

Posted: 06 Apr 2021 06:40 AM PDT

စမ်းချောင်းမြို့နယ် ညောင်တုန်းလမ်း ဓမ္မာရုံက ပရိဟိတလုပ်နေတဲ့ ဆေးခန်းက ဆရာဝန်တွေနဲ့ လူ ၉ ဦးကို လာရောက်ဖမ်းဆီးသွားတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - CJ - ဧပြီ ၆၊ ၂၀၂၁)ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်၊ ညောင်တုန်းလမ်းမှာ ဧပြီလ ၅ ရက်နေ့က ပရဟိတဆေးခန်းတခုကို ဝင်ရောက်ပြီး ဆရာဝန်များအပါအဝင်လူ ၉ ယောက်ကို ဖမ်းဆီးသွားပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာကပြောပြပေးမှာပါ။မြန်မာနိုင်ငံမှာ စစ်

၅၀၅ (က) နဲ့ တရားစွဲခံထားရတဲ့ သတင်းထောက် ၄ ဦးကို ရုံးထုတ်

Posted: 06 Apr 2021 06:38 AM PDT

ဆန္ဒပြပွဲ သတင်းယူတဲ့ သတင်းထောက်တွေ ဖမ်းဆီး ထိန်းသိမ်းခံရအင်းစိန်ထောင်မှာ ထိန်းသိမ်းထားတဲ့ MPA က ဓာတ်ပုံသတင်းထောက် ကိုရဲမျိုးခန့်၊ ဇီးကွက်သတင်းဌာနက ကိုပြည့်ဖြိုးဇော်၊ 7 Day သတင်းဌာနက ကိုအောင်ရဲကိုနဲ့ အလွတ်တန်း သတင်းထောက် ကိုဗညားဦး တို့ကို ဒီကနေ့ ဧပြီလ ၆ ရက်နေ့မှာ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။ဖမ်းဆီးခံထားရသူတွေကို အာမခံပေးဖို့ လျှောက်လဲချက် ပေးခဲ့ပြီး မကြာခင်မှာ ပြန်လွတ်လာနိုင်တဲ့သဘော ရှိတယ်လို့ အမှု

ပင်လည်ဘူးမြို့သားများ တိုက်ပွဲတိမ်းရှောင်ထွက်ပြေး

Posted: 06 Apr 2021 06:36 AM PDT

ပင်လည်ဘူးမြို့မှာ ဧပြီလ၅ရက်နေ့က ဆန္ဒပြသူတွေကို ရဲကဖမ်းဆီးခဲ့ပြီးနောက် ရဲအဖွဲ့နဲ့ တူမီးသေနတ်ကိုင် အရပ်သားတွေ တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။ဧပြီလ ၅ ရက် တရက်လုံး ည၈နာရီခွဲအချိန်လောက်အထိ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ အရပ်သား၃ဦး ကျဆုံးခဲ့ပါတယ်။ရဲစခန်းအနီးမှာရှိတဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ စာရင်းစစ်ရုံးဟောင်း၊ ဥပဒေရုံးဟောင်း၊ တရားရုံးဟောင်းတွေ မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ဧပြီလ ၆ ရက် မနက်၄နာရီအချိန်

ကျောက်ပန်းတောင်း NLD အမတ် အဖမ်းခံရ

Posted: 06 Apr 2021 06:35 AM PDT

ကျောက်ပန်းတောင်း NLD အမတ် အဖမ်းခံရ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် တိုင်းလွတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်ကို တွေ့ရစဉ် / Photo: CJမန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် တိုင်းလွတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ NLD အလုပ်အမှု ဆောင်အဖွဲ့ဝင်ဖြစ်တဲ့ ဦးအေးခိုင်ကို စစ်ကောင်စီက ဒီကနေ့ နေ့လယ်ပိုင်းက ဖမ်းဆီးသွားပါတယ်။"ရှောင်နေရာကနေ အိမ်ခဏပြန်အလာ၊ မြို့ထဲမှာ ဖုန်းဆက်နေတုန်းဖမ်းခံလိုက်ရတယ်။ ဖုန်းလည်းပါ

စစ်ကောင်စီ သတင်းပေးကြောင့် မော်လမြိုင်ကျွန်းအမတ် အဖမ်းခံရ

Posted: 06 Apr 2021 06:33 AM PDT

စစ်ကောင်စီ သတင်းပေးကြောင့် မော်လမြိုင်ကျွန်းအမတ် အဖမ်းခံရ မော်လမြိုင်ကျွန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရဲကျော်သွင်ကို တွေ့ရစဉ် / Photo CJဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရဲကျော်သွင်ကို စစ်ကောင်စီက ဒီကနေ့ နေ့လယ်ပိုင်းက ဖမ်းဆီးသွားပါတယ်။မြို့နယ်တွင်း ရွာတစ်ရွာမှာ တိမ်းရှောင်နေစဉ် စစ်ကောင်စီသတင်းပေးတစ်ဦးရဲ့ သတင်းပေး တိုင်ကြား ချက်ကြောင့် ဖမ်းဆီးခံရတာ

ကလေးမြို့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (KCA) တာဝန်ရှိသူတစ်ဦးနှင့် အင်တာဗျူး

Posted: 06 Apr 2021 06:22 AM PDT

"မတရားတဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ နေရတာကို သဘောမကျပါဘူးလို့ ဆန္ဒထုတ်ဖော်တဲ့ လူငယ်တွေရဲ့ Genaration Z လူငယ်တွေရဲ့ လှုပ်ရှားမှုကနေ ​သ​​​န္ဓေတည်လို့ပြောရမှာပေါ့ လွတ်လွတ်လပ်လပ် ဆန္ဒထုတ်ဖော်ခွင့် မရတော့ဘဲ၊ ဆန္ဒထုတ်ဖော်တဲ့ခါ သေနတ်နဲ့ ပစ်လို့ပစ်ခံရ ရိုက်ခံရ ဖမ်းခံရတွေ ဖြစ်လာတဲ့ခါကြတော့ သပိတ်စခန်းတွေ စလာတယ် အဲဒီ သပိတ်စခန်းကို လက်နက်အလွန်ကျွံနဲ့ လုပ်လာတဲ့ခါ မခံရပ်နိုင်တာတွေ ဖြစ်လာပြီးတစ်ခါမှ ဆန္ဒမတဲ့

နောင်ချိုမြို့ မွမ်းမံသင်တန်းတက် ကျောင်းဆရာမ တဦး က လူငယ်များကို ထမီလှန်ပြ ခြိမ်းခြောက်မှု ပြုလုပ်

Posted: 06 Apr 2021 06:18 AM PDT

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စစ်အာဏာရှင်အလိုမရှိ ဆန္ဒပြနေသည့် လူငယ်များကို ကျောင်းဆရာမတဦးက ထမီလှန်ပြပြီး  ခြိမ်းခြောက်မှု ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။နောင်ချိုမြို့နယ် ပညာရေးမှူးရုံးမှ စီစဉ်သော မူလတန်းပြဆရာ/ဆရာမများ မွမ်းမံသင်တန်း တက်နေသည့် ပညာရေးဝန်ထမ်းများကို လူငယ်များမှ သင်တန်းတက်ခြင်းကို ရှုတ်ချကြောင်း သွားရောက်ဆန္ဒထုတ်ဖော်စဉ် ကျောင်းဆရာမ တဦးက ထမီလှန်ပြပြီး တုတ်ဖြင့်

RCSS/SSA ထိန်းချုပ်နယ်မြေထဲ လာရောက်ခိုလှုံသူ ၃၀၀ နီးပါးရှိ

Posted: 06 Apr 2021 06:16 AM PDT

ဧပြီ ၆ ရက် ၂၀၂၁ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA) နယ်မြေအတွင်း လာရောက်ခိုလှုံသူ (၃၀၀) နီးပါးခန့်ရှိကြောင်း ဗိုလ်ချုပ် ယွက်စစ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။ဖေဖော်ဝါရီ ၁ ရက် မနက်မှ စတင်ကာ နိုင်ငံတော်၏ အာဏာကို စစ်တပ်မှ သိမ်းယူလိုက်ပြီး၊ ထို့နောက် မြန်မာတဝှမ်းပြည်သူများ၊ အစိုးရဝန်ထမ်းများ၊ ပုဂလိက ဝန်ထမ်းများက စစ်အာဏာရှင် စနစ်ကျဆုံးရေး အတွက် ဆန့်ကျင်ဆနထုတ်ဖော်မှုကို ယနေ့ထိ

လွိုင်ကော်မှာ ဖမ်းဆီးခံရတဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားတဦး သေဆုံး

Posted: 06 Apr 2021 06:09 AM PDT

ဧပြီ ၆-၂၀၂၁ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ မနေ့ ဧပြီ ၅ရက် မနက်က ဆန္ဒပြသူ၁၉ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတဲ့အထဲက အသက် ၅၀ အရွယ် အမျိုးသားကြီးတစ်ဦး ဒီနေ့ ဧပြီ ၆ ရက် မနက် အစောပိုင်းကသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။"သေဆုံးသူက ဖမ်းဆီးခံရစဉ်  ရာဘာကျည်ဆန် ထိမှန်ထားတယ်။ မနေ့ည၉ နာရီလောက်က အဖမ်းခံထားရသူတွေထဲက အချို့ပြန်လွတ်လာချိန်သူလည်းပါတယ်။ကနေ့ မနက် ၅ နာရီလောက်မှာဆုံးသွားတာပါ"လို့ ဒေသခံတစ်

ပင်လည်ဘူး မြို့နယ်ထွေအုပ်ရုံးနဲ့ တရားရုံး မီးလောင်

Posted: 06 Apr 2021 06:08 AM PDT

ဧပြီ ၆ ၊ ၂၀၂၁စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးနဲ့ မြို့နယ်တရားရုံး အဆောက်အဦးတွေ မနေ့ဧပြီ ၅ ရက်ည ၉ နာရီက မီးလောင်ခဲ့တယ်လို့ ပင်လည်ဘူး မြို့ခံတွေကနေ သိရပါတယ်။" မနေ့က မနက်ပိုင်းမှာ ရဲတွေက ဆန္ဒပြ လူတွေကို ပစ်ခတ်ဖြိုခွဲတယ် ၊ ၁ ယောက်သေ၊ ၄ ယောက် ဒဏ်ရာရတယ် ၊ လူ ၂ ဦး အဖမ်းခံရတယ် ၊ ဒါကို မြို့လူထုက ကျေနပ်မှုမရှိလို့ ညပိုင်းမှာ ညသပိတ်လုပ်တယ် ၊ အဲ့ဒီ ညသပိတ်မှာပဲ ထွေ

CNN သတင်းထောက်ချုပ်ရဲ့ မြန်မာပြည်တွင်းကနေ ပထမဦးဆုံးအကြိမ် တိုက်ရိုက်သတင်းပေးပို့ချက်

Posted: 05 Apr 2021 04:36 PM PDT

မြန်မာနိုင်ငံမှာ သတင်းယူဖို့ ရောက်ရှိနေတဲ့ CNN နိုင်ငံတကာ သတင်းထောက်ချုပ် Clarissa Ward က လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး မြန်မာပြည်တွင်းကနေ ပထမဦးဆုံးအကြိမ် တိုက်ရိုက် သတင်းပေးပို့ချက်ကို ဧပြီလ ၅ ရက်နေ့က CNN ရုပ်သံသတင်းကနေ နိုင်ငံတကာကို ထုတ်လွှင့်ခဲ့ပါတယ်။ဒီသတင်းပေးပို့မှုမှာ Clarissa Ward က လွန်ခဲ့တဲ့ ၂ လ က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့ကြောင်း

မန္တလေးမှာ ပုဒ်မ ၅၀၅(က)နဲ့ အရေးယူမယ့် လူစာရင်း ထုတ်ပြန်

Posted: 05 Apr 2021 04:31 PM PDT

မန္တလေး၊ ပုဒ်မ ၅၀၅ (က)၊ အာဏာသိမ်းစစ်တပ်မန္တလေးမြို့မှာ ပုဒ်မ ၅၀၅(က)နဲ့ အရေးယူမယ့် လူဦးရေ ၂၀၀ ကျော် စာရင်းကို အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။အဲဒီလူတွေဟာ နိုင်ငံတော် ငြိမ်၀ပ်ပိပြားမှုကို ထိခိုက်အောင် ပြောဆိုတာတွေ၊ CDM လှုပ်ရှားရာမှာ ပူးပေါင်း ပါဝင်ဖို့ ဖိအားပေး ခြိမ်းခြောက် လှုံ့ဆော်တာတွေ၊ ပြည်သူလူထု အနှောင့်အယှက် ဖြစ်အောင် လမ်းတွေပိတ်ဆို့တာ၊ သံပုံးတီးတာ စတဲ့ စည်းရုံးလှုံ့ဆော်တာတွေ လုပ်နေ

သာယာဝတီမှာ ၂ နှစ်ခွဲအရွယ် ကလေးငယ်အပါအဝင် ၆ ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်

Posted: 05 Apr 2021 04:30 PM PDT

သာယာဝတီ သပိတ်ကို ဦးဆောင်နေသူလို့ ရဲက စွပ်စွဲထားတဲ့ ကိုဂျာလေး ဆိုသူကို မမိတဲ့အတွက် သူ့မိသားစုဝင်တွေနဲ့ ကားသမား အပါအဝင် လူ ၆ ဦးကို ရဲက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။စစ်တပ်က အာဏာသိမ်းခဲ့အပြီး သာယာဝတီ သပိတ်ကို ဦးဆောင်မှုနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သတင်းပြန်ကြားရေး တာဝန်ခံ ကိုဂျာလေးကို ရဲက ပုဒ်မ ၂၅ နဲ့ အမှုဖွင့်ခဲ့ပြီး သူ့ကို ဖမ်းဆီးဖို့ အိမ်ကို အကြိမ်ကြိမ် လာရောက် ဝိုင်းခဲ့တဲ့အတွက် ကိုဂျာလေးက

အကြမ်းဖက်နှိမ်နင်းလို့ ၂၄ နာရီအတွင်း ဆန္ဒပြသူ ခြောက်ဦးသေဆုံး

Posted: 05 Apr 2021 04:28 PM PDT

အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဧပြီလ ၄ ရက် မနေ့ညနေပိုင်းကနေ ဧပြီလ ၅ ရက် ဒီနေ့ညပိုင်းအထိ လူ ခြောက်ဦး သေဆုံးခဲ့ပါတယ်။စစ်ကိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်မှာ ဧပြီလ ၅ ရက် ဒီနေ့ မနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြသူတွေထဲက ဒေသခံ နှစ်ယောက်ကို ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ဒေသခံပြည်သူတွေက အဖမ်းခံရသူ နှစ်ယောက်ကို ပြန်လွှတ်ပေးဖို့ ဝိုင်းဝန်

လက်ပေါ်ကတက်တူးကို စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီး

Posted: 05 Apr 2021 04:24 PM PDT

လက်ပေါ်ကတက်တူးကို စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီး မီးရှို့ခံရသူရဲ့ လက်ကို တွေ့ရစဉ်Photo CJမန္တလေးမြို့၊ ၅၃ လမ်း မနော်ဟရီလမ်းအနီးမှာလည်း ဧပြီလ ၄ ရက်နေ့ မနေ့ည ၇ နာရီခွဲကျော်လောက်က နွေဦးတော်လှန်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ လက်မှာတက်တူး ရေးထိုးထားသူကို အာဏာသိမ်း စစ်ကောင်စီရဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေက တာယာမီးနဲ့မြှိုက်ပြီး တက်တူးကို ဖျက်ဆီးလိုက်ပါတယ်။အဲဒီအမျိုးသားဟာ အိမ်ကနေ လမ်းထိပ်အထွက် အ

ရှမ်းပြည်တောင်ပိုင်းမှာ စစ်ရေးအရှိန်မြင့်လာတာကြောင့် စစ်ဘေးရှောင်တွေအကြား စိုးရိမ်မှုကြီးထွား

Posted: 05 Apr 2021 02:51 PM PDT

ရှမ်း စစ်ဘေးရှောင်ဒုက္ခသည်များ။ (မှတ်တမ်းဓာတ်ပုံ)တောင်ပိုင်းရှမ်းပြည် တပ်မတော် RCSS/SSA အခြေပြုရာ ထိုင်းမြန်မာနယ်စပ်ဘက်ကို မြန်မာစစ်တပ်က ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေပုံရတာကြောင့် လူဦးရေ အဲဒီဒေသဘက်က စစ်ဘေးဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေသူတွေ စိုးရိမ်ပူပန်နေကြပါတယ်။ ဒုက္ခသည် စုစုပေါင်း ၆,၀၀၀ လောက်ရှိတဲ့ ပြည်တွင်း ဒုက္ခသည်စခန်းတွေမှာ အကာအကွယ်အတွက် ကြိုတင်ပြင်ဆင်နေကြတဲ့ ဒီအခြေအနေကို ထိုင်းအခြေစိုက်ဗွီအို

အာဏာသိမ်းစစ်ကောင်စီရဲ့ ရက်စက်မှု တောင်ကိုရီးယား မြို့တော်ဝန် နဲ့ အုပ်ချုပ်ရေးမှူးတချို့ ကန့်ကွက်ဆန္ဒပြ

Posted: 05 Apr 2021 02:47 PM PDT

မှတ်တမ်းဓါတ်ပုံ- မတ်လ ၂၈ ရက်နေ့တုန်းက တောင်ကိုရီးယားနိုင်ငံ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှု။ (ဓါတ်ပုံ မခိုင်ခိုင်မိုးထက်)၂၀၂၁ ခုနှစ် ဧပြီလ (၅) ရက်၊ မနေ့ တနင်္လာနေ့မှာ ကိုရီးယားနိုင်ငံကမြို့တော်ဝန်တွေနဲ့ ဒေသန္တရ အုပ်ချုပ်ရေးမှူး ၂၀ ကျော်ဟာ ဆိုးလ်မြို့တော်မှာရှိတဲ့ မြန်မာသံရုံးရှေ့တည့်တည့်မှာ လာရောက် ဆန္ဒပြခဲ့ ကြတဲ့အကြောင်း မခွါညိုက ပြောပြပေးပါမယ်။ကိုရီးယားနိုင်ငံရဲ့ လူအခွင့်ရေး မြို့တော်တွေ

မိုးကောင်းမှာ ညဘက်လမ်းသွားလမ်းလာတွေကို ခြောက်လှန့်ပစ်ခတ်၊ နှစ်ဦးဒဏ်ရာရ

Posted: 05 Apr 2021 02:45 PM PDT

မိုးကောင်းမှာ ညဘက်လမ်းသွားလမ်းလာတွေကို ခြောက်လှန့်ပစ်ခတ်၊ နှစ်ဦးဒဏ်ရာရ ဒီနေ့ နံနက်ပိုင်း မိုးကောင်းမြို့ ဆန္ဒပြပွဲ / Photo-CJကချင်ပြည်နယ် မိုးကောင်းမြို့မှာ ဒီနေ့ည စစ်ကောင်စီတပ်တွေ ခြောက်လှန့်ပစ်ခတ်လို့ ဒေသခံနှစ်ဦး သေနတ်ကျည်ထိမှန်ပြီး ပြင်းထန်တဲ့ ဒဏ်ရာရသွားတယ်လို့ မျက်မြင်တွေ့သူက RFA ကိုပြောပါတယ်။ဒီကနေ့ည ၉ နာရီကျော်က ညဘက်ဆန္ဒပြတဲ့သူတွေမရှိပေမယ့် စစ်ကောင်စီတပ်သားတွေက ညဘက်လမ်းသွားလမ်းလာ ဆိုင်ကယ်နဲ့

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.