Thursday, April 8, 2021

သစ်ထူးလွင်

သစ်ထူးလွင်


မြဝတီမြို့တွင် PSI စလောင်းများကို ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့မှ လိုက်လံသိမ်းဆည်း

Posted: 08 Apr 2021 06:50 AM PDT

ဧပြီလ ၈ ရက်၊၂၀၂၁ခုနှစ်။ ကေအိုင်စီကရင်ပြည်နယ် မြဝတီမြို့တွင် ယနေ့ (ဧပြီလ ၈ ရက်) နံနက်ပိုင်းက စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့မှ အရောင်းဆိုင်တစ်ချို့ရှိ PSI ဂြိုလ်တု စလောင်းများကို လိုက်လံသိမ်းဆည်းခဲ့ကြောင်း သိရသည်။အဆိုပါသိမ်းဆည်းမှုတွင် မျက်မြင်တွေ့ရှိခဲ့သူ မြဝတီ မြို့ခံတစ်ဦးက "ဒီနေ့ မနက် ရဲစခန်းကို သွားစဉ် PSI စလောင်းတွေ ပုံထားတာတွေ့ရလို့ မေးကြည့်တာ ဒီစလောင်းတွေက အရောင်းဆိုင်တစ်ချို့က

လန်ဒန်မြန်မာသံရုံးဖြစ်စဉ်သည် စစ်ကောင်စီ၏ အနိုင်ကျင့်မှုဟု ဗြိတိန်ဝန်ကြီးရှုတ်ချ

Posted: 08 Apr 2021 06:41 AM PDT

(၈-၄-၂၀၂၁)မနေ့က လန်ဒန်ရှိ မြန်မာသံရုံးက ဖြစ်စဉ်ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အနိုင်ကျင့်မှု၊ ကြီးနိုင်ငယ်ညှဉ်းလုပ်မှုဖြစ်တဲ့အတွက် ရှုတ်ချကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab က ဒီနေ့ ကြေညာချက်ထုတ်ပါတယ်။ဗြိတိန်ဝန်ကြီးဟာ အခုလောလောဆယ် မြန်မာ့အိမ်နီးချင်း အာဆီယံနိုင်ငံတွေဆီ ရောက်နေပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး၊ ကိုဗစ်ကာကွယ်ရေး၊ မြန်မာပဋိပက္ခဖြေရှင်းရေးအတွက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီး

လန်ဒန် မြန်မာသံရုံးရှေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ

Posted: 08 Apr 2021 06:38 AM PDT

(၈-၄-၂၀၂၁)အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတခု ဒီမနက် လန်ဒန်ရှိ မြန်မာသံရုံးရှေ့မှာပြုလုပ်သွားပါတယ်။ "စစ်အာဏာရှင် အလိုမရှိ"၊ "စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ခုံရုံးတင်ပါ"၊ "ကိုယ့်ပြည်သူ ကိုယ်ပြန်သတ်နေတာတွေရပ်ပါ" စတဲ့ ပိုစတာတွေကိုင်ဆောင်ထားတဲ့ ဒါဇင်နဲ့ချီ ရှိတဲ့ လူထုတွေ သံရုံးရှေ့ ချီတက်လာပြီး အခုလို ဆန္ဒပြကြတာပါ။အရင်နေ့ကတွေကလည်း ဒီလိုဆန္ဒပြပွဲတွေ ဆက်တိုက်ရှိနေပေမယ့် မီဒီယာမှာ

ချင်းပြည်နယ် မင်းတပ် မတူပီမြို့တွေမှာအိမ်မှာတပ်ဆင်ထားတဲ့ PSI ဂြိုလ်တုစလောင်းတွေကိုစစ်တပ်နဲ့ရဲကလိုက်လံဖြုတ်သိမ်း

Posted: 08 Apr 2021 06:35 AM PDT

ချင်းပြည်နယ် မင်းတပ် မတူပီမြို့တွေမှာအိမ်မှာတပ်ဆင်ထားတဲ့ PSI ဂြိုလ်တုစလောင်းတွေကိုစစ်တပ်နဲ့ရဲကလိုက်လံဖြုတ်သိမ်းနေတယ်လို့သိရပါတယ်။မွန်ပြည်နယ်ပေါင်မြို့မှာလည်းဂြိုလ်တုစလောင်းတွေလိုက်လံဖြုတ်သိမ်းနေသလိုချင်းပြည်နယ်တခြားမြို့တွေမှာယခုလိုဖြစ်စဥ်မျိုးရှိမရှိကိုစုံစမ်းမေးမြန်းနေဆဲဖြစ်ပါတယ်။Chin Worldhttps://www.facebook.com/Chin-World-167011980026853

စစ်အာဏာသိမ်း အခြေအနေ၊ တိုင်းပြည် မငြိမ်မသက်ဖြစ်ခြင်းနဲ့ စစ်ကောင်စီတပ်တွေရဲ့ ဖိနှိပ်မှုတွေကြောင့် မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံကို စစ်ဘေးရှောင်ရသူတွေ များလာပြီး၊ သူတို့တတွေနဲ့ ပတ်သက်လို့ အိန္ဒိယ ဗဟိုအစိုးရက တိကျရှင်းလင်းတဲ့ လမ်းညွှန်မှု မပေးသေးဘူ

Posted: 08 Apr 2021 06:32 AM PDT

စစ်အာဏာသိမ်း အခြေအနေ၊  တိုင်းပြည် မငြိမ်မသက်ဖြစ်ခြင်းနဲ့ စစ်ကောင်စီတပ်တွေရဲ့ ဖိနှိပ်မှုတွေကြောင့် မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံကို စစ်ဘေးရှောင်ရသူတွေ များလာပြီး၊ သူတို့တတွေနဲ့ ပတ်သက်လို့ အိန္ဒိယ ဗဟိုအစိုးရက တိကျရှင်းလင်းတဲ့ လမ်းညွှန်မှု မပေးသေးဘူးလို့ သိရပါတယ်။အိန္ဒိယဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး 'မီးစတဖက်၊ ရေမှုတ်တဖက် မူဝါဒ' ကို အသုံးပြုနေပြီး၊ စစ်ကောင်စီရဲ့ တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်

အာဏာသိမ်း စစ်ကောင်စီအုပ်စုသည် “ဝ” အပါအဝင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ နှင့် ဆက်တိုက်တွေ့ဆုံ

Posted: 08 Apr 2021 06:29 AM PDT

သျှမ်းသံတော်ဆင့်၊ ဧပြီ (၈)ရက်အာဏာသိမ်းစစ်ကောင်စီ မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်ပြီး "ဝ" အပါအဝင် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ တို့သည် ယခုရက်ပိုင်း ဆက်တိုက် တွေ့ဆုံနေကြောင်း စုံစမ်းသိရသည်။အာဏာသိမ်း စစ်ကောင်စီသည့် ယမန့်( ဧပြီ ၇)ရက်တွင် " UWSA" တပ်ဖွဲ့ မှ စစ်ဦးစီး ဌာနကြီးမှူး ကျောက်ကော်အန်း ဦးဆောင်သည့် အဖွဲ့နှင့် တွေ့ဆုံပြီး၊ ယနေ့(ဧပြီ ၈)ရက် တွင် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (

အာဏာသိမ်းစစ်ကောင်စီ ရဟတ်ယာဉ်ကို SSPP ပစ်ခတ် အဆင့်မြင့် အရာရှိတဦး ထိမှန်

Posted: 08 Apr 2021 06:27 AM PDT

သျှမ်းသံတော်ဆင့်၊ ဧပြီ ( ၈)ရက် အာဏာသိမ်းစစ်ကောင်စီ ၏ ရဟတ်ယာဉ်ကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ ပစ်ခတ်သဖြင့် အဆင့်မြင့်အရာရှိ တစ်ဦး ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ယနေ့ ဧပြီ (၈) ရက် နေ့လည်ပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီ၏ ရဟတ်ယာဉ်သည် SSPP /SSA ၏ ဌာနချုပ် တည်ရှိရာ ဝမ်ဟိုင်း တွင် အကြိမ်ကြိမ် ပျံသန်းနေသဖြင့် SSPP/SSA မှ ပစ်ခတ်လိုက်ကြောင်း၊ ထိုပစ်ခတ်မှုကြောင့်

ပိုသူလှူ၊ လိုသူယူ ၁၂ကြိမ်မြောက်အဖြစ် ယနေ့ ညနေ့ပိုင်းလည်း မိုး​ကောင်းမြို့တွင် ပြုလုပ်။

Posted: 08 Apr 2021 06:25 AM PDT

8 April 2021 - Mogaungကြက်ဥ၊ ဇရစ်၊ ခေါက်ဆွဲခြောက်ထုတ်၊ ဆန်၊ ခရမ်းချဉ်သီး၊ အသားတု၊ ချဉ်ပေါင်ရွက်၊ ကြက်သွန်နီ၊ တို့ဖြင့် မလာရောက်နိူင်သောသူများထံသို့လည်း သွားရောက်ပေး လှူခဲ့ကြ​ကြောင်း သိရသည်။Kachinwaveshttps://www.facebook.com/kachinwavesnews

ကချင်ပြည်နယ်တွင် CDM ဝန်ထမ်း စုစုပေါင်း ၅၅၃၂ ဦးရှိကြောင်း KPICT က ထုတ်ပြန်

Posted: 08 Apr 2021 06:22 AM PDT

8 April 2021KPICT မှ သက်ဆိုင်ရာ CRPH အဖွဲ့ဝင်များနှင့် ပူးပေါင်းကောက်ခံ စုစည်းထားသော လက်ရှိစစ်တမ်းအရ - ကချင်ပြည်နယ်တွင် CDM ဝန်ထမ်းဦးရေ စုစုပေါင်း ၅၅၃၂ ဦးရှိကြောင်း KPICT က ထုတ်ပြန်ခဲ့သည်။ အလွန်ခက်ခဲကြမ်းတမ်းသည့်အခြေအနေတွင် ယခုကဲ့သို့ မိမိဘဝနှင့် မိသားစုဘဝများကို အရင်းပြုကာ CDM တွင် စွမ်းစွမ်းတမံပါဝင်လျက်ရှိကြသော ဝန်ထမ်းပြည်သူတို့အား  KPICT (Kachin Political Interim Coordination Team)မှ အထူး

အာဏာသိမ်းစစ်အုပ်စုတပ် အမှတ်(၃၁၆) အမြောက် တပ်ရင်းမှ ပြည်သူများနေထိုင်ရာဒေသသို့ လက်နက် ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်

Posted: 08 Apr 2021 06:20 AM PDT

 ၈၊ ဧပြီ၊ ၂၀၂၁။ သူးလေသတင်းစဥ်၈၊ ၄၊ ၂၀၂၁ ရက်နေ့ နံနက်(၉း၀၀) အချိန်တွင် အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံတပ် (အမှတ်-၃၁၆) အမြောက်တပ်ရင်းမှ ကေအဲန်ယူ- ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ် တောင်နောက်ခြမ်းရှိ မာန်အောင်ကျေးရွာအတွင်းသို့ လက်နက်ကြီး (၆)လုံးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။လက်နက်ကြီး(၆)လုံးအနက် (၁)လုံးက ရွာတွင်းသို့ ကျရောက်ခဲ့ပြီး ပြည်သူများထိခိုက်ခြင်းမရှိကြောင်း သိရှိရသည်။ ကျန်

တိုင်းပြည်မငြိမ်မသက်ချိန် ကရင်ပြည်နယ်တွင် ပွဲလမ်းသဘင်များ ကျင်းပနေမှုအပေါ် ဝေဖန်မှုများမြင့်တက်

Posted: 07 Apr 2021 07:34 PM PDT

ဧပြီ ၈ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီယခုကာလတွင် ကရင်ပြည်နယ်တွင်း တိုက်ပွဲများဖြစ်ပွား၍ ပြည်သူများတောထဲတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေရ ချိန်ဖြစ်သလို စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံအဝှမ်း ပြည်သူလူထုများ တည်ငြိမ်အေးချမ်းစွာနေထိုင်၍ မရရှိသေးသည့် ကာလဖြစ်သော်လည်း ပြည်နယ်အတွင်းရှိ ကျေးရွာအချို့တွင် ပွဲလမ်းသဘင်များ စည်းကားစွာကျင်းပနေသောကြောင့် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။ကရင်ပြည်နယ်အတွင်း အချို့

လန်ဒန်မြန်မာသံရုံး အပိုင်စီးခံရမှု (သံရုံးရှေ့မြန်မာတဦးနဲ့ မေးမြန်းချက်)

Posted: 07 Apr 2021 07:24 PM PDT

လန်ဒန်မြန်မာသံရုံးဗြိတိန်နိုင်ငံ လန်ဒန်မြို့က မြန်မာသံရုံးကို ဗုဒ္ဓဟူးနေ့မှာ စစ်ကောင်စီဘက်က သိမ်းယူမှုဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ ဗြိတိန်နိုင်ငံခြားရေးဌာနနဲ့ဆက်သွယ် ဆောင်ရွက်နေကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းက သူ့ကို လာရောက်ဝန်းရံသူတွေကို ပြောကြားခဲ့ပါတယ်။ ရုံးချိန်ပြင်ပ သံရုံးအပြင်ဘက်ခတ္တခဏထွက်ခွာချိန်မှာ သူ့အောက်မှာရှိတဲ့ သံမှူးကြီး ဦးချစ်ဝင်းနဲ့ စစ်သံမှူး

စစ်ဘေးကြုံ ကရင်ရွာသားတွေကို ကူညီဖို့ ကုလ စီစဉ်

Posted: 07 Apr 2021 07:19 PM PDT

စစ်ဘေးကြုံ ကရင်ရွာသားများ (AFP PHOTO / FREE BURMA RANGERS via AFPTV)မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းထဲကနေ လတ်တလောရက်တွေအတွင်း နေရပ်ထွက်ခွာ ထွက်ပြေးနေရတဲ့ပြည်သူ ထောင်နဲ့ချီရှိတယ်လို့ ကုလသမဂ္ဂရဲ့ သတင်းစာမျက်နှာမှာ ဧပြီလ ၇ ရက်နေ့က ဖော်ပြေထားပါတယ်။ မွန်ပြည်နယ်ထဲက ဆေးပေးခန်းတခုလည်း ပစ်ခတ်မှုတွေကြောင့် ပျက်စီးသွားတယ်လို့ ဆိုထားပါတယ်။မြန်မာစစ်တပ်ရဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ KNU တို့ကြား တိုက်ပွဲ

မြန်မာပြည်သူတွေကို မေ့မထားဘဲ ဆုတောင်းပေးနေတယ်လို့ အင်္ဂလီကန် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ပြော

Posted: 07 Apr 2021 07:17 PM PDT

မြန်မာပြည်သူတွေကို မေ့မထားဘဲ ဆုတောင်းပေးနေတယ်လို့ အင်္ဂလီကန် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ပြောခရစ်ယာန်တွေရဲ့ အထွတ်အမြတ်ထားရာနေ့ ဖြစ်တဲ့ ယေရှုခရစ် ရှင်သန်ထမြောက်တဲ့ အထိမ်းအမှတ် အီစတာပွဲတော်ကာလကို ကမ္ဘာတဝန်း ကျင်းပ ဆင်နွှဲနေချိန်မှာ မြန်မာပြည်ကြီးနဲ့ မြန်မာပြည်သူတွေ အတွက်လည်း အချိန်ပေး ဆုတောင်းပေးကြဖို့ ခရစ်ယာန်ဘာသာဝင်တွေကို အင်္ဂလီကန် ခရစ်ယာန်အသင်းတော် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဂျိုဆိုင်းယား အီဒိုဝူ

သရုပ်ဆောင် ပိုင်တံခွန် ဖမ်းဆီးခံရ

Posted: 07 Apr 2021 07:16 PM PDT

သရုပ်ဆောင် ပိုင်တံခွန် ဖမ်းဆီးခံရ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတခုမှာတွေ့ရတဲ့ မော်လ်ဒယ် သရုပ်ဆောင် ပိုင်တံခွန်။  Photo: Paing Takhon/Facebookမော်လ်ဒယ် သရုပ်ဆောင် ပိုင်တံခွန်ကို ဒီနေ့ နံနက်အစောပိုင်း ၅ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ အမဖြစ်သူရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။ပိုင်တံခွန်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆို အမှုဖွင့်ထားကြောင်း မနေ့ညက စစ်တပ်

တန့်ဆည်သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းခံရ

Posted: 07 Apr 2021 07:14 PM PDT

အာဏာသိမ်းစစ်ကောင်စီကို နေ့စဉ်ရက်ဆက်လူသိန်းနဲ့ ချီဆန္ဒပြနေတဲ့ တန့်ဆည်မြို့ကို မနေ့ကညနေပိုင်းမှာ စစ်ကားခြောက်စီး ရောက်ရှိလာပြီး အင်အားသုံး ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ပစ်ခတ်မှုကြောင့် လူ ၄ ဦး သေဆုံးတယ်လို့ အတည်ပြုချက် ရရှိပြီးဖြစ်ပေမဲ့ ၈ဦးအထိရှိနိုင်တယ်လို့ RFAကို စာရေးသားပေးပို့လာသူတွေ ရှိပါတယ်။ တန့်ဆည်မြို့က အခြေအနေကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။RFA Burmesehttps://www.rfa.org/

ငွေအပိုယူပြီး ဘဏ်ကနေ ငွေထုတ်ပေးတဲ့ ဝန်ဆောင်မှုသစ် ပေါ်နေ

Posted: 07 Apr 2021 02:40 PM PDT

မြန်မာ ပလာဇာမှာ အေတီအမ်က ‌‌ငွေထုတ်ဖို့ တန်းစီနေကြစဉ်စစ်ကောင်စီ အာဏာသိမ်းအပြီး မြန်မာနိုင်ငံမှာ ဘဏ်တွေကနေ ‌‌ ငွေထုတ်ဖို့ အခက်အခဲတွေ ရှိလာနေရာမှာ ‌ငွေသားလက်ငင်း လိုချင်ရင် ၃ ရာခိုင်နှုန်း ပိုပေးရတဲ့ ငွေလွှဲပြောင်းမှု ဝန်ဆောင်မှုသစ် တစ်ခု ပေါ်နေပါတယ်။ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ အရေးပေါ် ငွေပေးချေစရာ ရှိတဲ့သူတွေဟာ အဲဒီ ငွေလွှဲပြောင်းမှုနဲ့ အလုပ်လုပ်နေကြရတယ်လို့ ရန်ကုန်မြို့က လုပ်ငန်းရှင်တစ်ဦးက

လန်ဒန်မြန်မာ သံရုံးကို စစ်သံရုံးက ဝင်ရောက်ထိန်းသိမ်းထားလို့ဆို

Posted: 07 Apr 2021 02:32 PM PDT

ယူကေနိုင်ငံ လန်ဒန်မြို့က မြန်မာသံရုံးကို စစ်သံရုံးက တာဝန်ရှိသူတွေက ဝင်ရောက် ထိန်းသိမ်းထားတယ်လို့ သိရှိရပါတယ်။လက်ရှိ ယူကေ အချိန် ၇ နာရီ ဝန်းကျင်မှာ သံအမတ်ကြီး ဦးကျော်စွာမင်း သံရုံးအပြင်မှာ ရောက်ရှိနေပြီး ယူကေရောက် မြန်မာတချို့က ဝန်းရံရောက်ရှိနေပါတယ်။သံအမတ်ကြီး မရှိစဥ်မှာ စစ်သံရုံးက လူတွေ သံရုံးထဲကို ဝင်ရောက်သွားတာ ဖြစ်ပြီး အခု အခါမှာ သံအမတ်ကြီးက ယူကေ ရဲတပ်ဖွဲ့ အကူအညီနဲ့ သံရုံးထဲဝင်ဖို့ ကြိုးစားနေ

ထိုင်းမှာ ကူးစက်မြန် ကိုဗစ်မျိုးကွဲ ကူးစက်သူတွေရှိလာ

Posted: 07 Apr 2021 02:32 PM PDT

Therapists wearing face shields wait for costumers at a traditional Thai massage shop which reopened after the Thai government eased isolation measures to prevent the spread of the coronavirus disease (COVID-19) in Bangkok, Thailand, June 3, 2020. REUTERSအလွန်ကူးစက်မြန်ပြီး အရင်ဗြိတိန်မှာတွေ့ခဲ့တဲ့ ကိုဗစ်ပိုးအမျိုးအစားသစ် ထိုင်းနိုင်ငံတွင်းမှာ အချင်းချင်းကူးစက်တာကို ပထမဆုံး စတွေ့ခဲ့ပါတယ်။ထိုင်း

ရွှေလီ တကျော့ပြန် ကိုဗစ်ကြောင့် နယ်စပ်ကုန်သွယ်ရေးထိခိုက်

Posted: 07 Apr 2021 02:30 PM PDT

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့မှာ ကိုဗစ်ရောဂါကူးစက်သူ အယောက် ၆၀ ကျော်လာပြီဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေး ကော်မရှင်က ဒီကနေ့ ထုတ်ပြန်လိုက်ပြီး အသွားအလာ ပိတ်ဆို့မှုတွေနဲ့အတူ မြန်မာ- တရုတ်နယ်စပ် ကုန်စည်စီးဆင်းမှုလည်း လုံးဝရပ်တန့်သလောက် ဖြစ်သွားပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကို ကိုငြိမ်းချမ်းက ပြောပြထားပါတယ်။ရွှေလီမှာ ကိုဗစ်အတည်ပြုလူနာ အသစ် ၂ယောက် ဒီနေ့ ထပ်တိုးလာပြီး မတ်လကုန်ကနေ ဧပြီလ

ဧပြီလ ၇ ရက် ပစ်ခတ်မှုကြောင့် အနည်းဆုံး ၂၆ ယောက်သေဆုံး

Posted: 07 Apr 2021 02:29 PM PDT

ဧပြီလ ၇ ရက် ပစ်ခတ်မှုကြောင့် အနည်းဆုံး ၂၆ ယောက်သေဆုံး ကချင်ပြည်နယ်၊ ဖားကန့်မြို့ ညသပိတ် / Photo: RFAစစ်ကောင်စီရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် မနေ့ညပိုင်းကနေ ဒီနေ့ ဧပြီလ ၇ ရက် ည ၁၀ နာရီအထိ တစ်နိုင်ငံလုံးမှာ ပစ်သတ်ခံရလို့ သေဆုံးတဲ့သူ ၂၆ ယောက်ထက်မနည်းရှိခဲ့တယ်လို့ RFA က အတည်ပြုနိုင်ပါတယ်။စစ်ကိုင်းတိုင်းထဲက ကလေးမြို့မှာ ၁၂ ယောက် အင်းတော်မြို့မှာ ၁ ယောက်၊ တန့်ဆည်မြို့မှာ ၈ ယောက်၊ ရှမ်းပြည်နယ်

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.