သစ္ထူးလြင္ |
- အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ရွာသားများ ထိခိုက်ဒါဏ်ရာရရှိခြင်း
- KIO/KIA မှ ဗိုလ်လောင်းသင်တန်းများခေါ်ယူ
- တရုတ်ထုတ်ကုန်တွေ သပိတ်မှောက်ဖို့ လှုံ့ဆော်မှု အရှိန်မြင့်လာ
- ကုလအထူးကိုယ်စားလှယ် ထိုင်းနိုင်ငံရောက်
- မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် ဘန်ကောက်ကိုရောက်လာ
- ယနေ့ပဲခူးမြို့တွင်စစ်တပ်မှပစ်ခတ်ခဲသောလက်နက်များတွင် ခွင်းဗုံးပါဝင်သည်
- သံအမတ်ကြီး ဦးကျော်စွာမင်းကို ဗြိတိန်မှာဆက်နေဖို့ ဗြိတိန်အစိုးရခွင့်ပြု
- မြန်မာနိုင်ငံအခြေအနေ လုံခြုံရေးကောင်စီကြားနာမှု တိုက်ရိုက်ထုတ်လွှင့်မည်
- ပဲခူးမြို့ ပစ်ခတ်မှု သေဆုံးသူ ၆ဝ ကျော်ရှိပြီလို့ ဒေသခံတွေပြော
- ဖားကန့်အခြေစိုက် အလွတ်တန်း သတင်းထောက် ကိုနောင်ရိုး ဖမ်းဆီးခံရ
- ဖိလစ်မင်းသားကြီး ကွယ်လွန်ကြောင်း ဘာကင်ဟမ်နန်းတော်ကြေညာ
- မြို့တွင်းပစ်ခတ်မှုတွေကြောင့် ပဲခူးမြို့ခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ရ
- လူသတ်မိုင်း တားဆီးရေး ပါဝင်လက်မှတ်ထိုးကြဖို့ မြန်မာအပါအဝင်နိုင်ငံတချို့ကို ကုလတိုက်တွန်း
- ကုလကိုယ်စားလှယ် မြန်မာနိုင်ငံထဲ သွားရောက်နိုင်ရေး ကြိုးပမ်းဆဲ
- ဂြိုဟ်တုစလောင်းတွေ လိုက်သိမ်းပြီး လုံးဝသတင်းအမှောင်ချဖို့ စစ်ကောင်စီလုပ်နေ
- ပဲခူးမှာ စစ်ကောင်စီတပ် ဝင်ရောက်ပစ်ခတ်တာကြောင့် လေးဦး သေဆုံး
- ရန်ကင်းမြို့နယ် ရပ်ကွက်နှစ်ခုက လူငယ်၁၅ဦး ဖမ်းဆီးခံရ
- ပဲခူးမှာ ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် ဒေသခံအချို့ နေရပ်စွန့်ခွာထွက်ပြေး
- ပြည်သူကို လေကြောင်းတိုက်ခိုက်သတ်ဖြတ်တဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြမည်
- "စစ်တပ်က လိုက်ပို့တဲ့နေရာတိုင်းမှာ ဘာပြောရမယ်ဆိုတာ စစ်တပ်က ဇာတ်တိုက်ထားပြီးသား ..."
- သေဆုံးသူ ၁၀ ဦးထက်မနည်းရှိနေသောပဲခူးမြို့တွင်ဆက်လက်ပစ်ခတ်ဆဲ
- ပဲခူးရပ်ကွက်အတွင်းသို့ စစ်ကားအစီး ၂၀ ခန့်ထပ်မံဝင်ရောက်လာသဖြင့် ရပ်ကွက်နေသူများထွက်ပြေးတိမ်းရှောင်
- နိုင်ငံ့ဝန်ထမ်းရွေးချယ်လေ့ကျင့်ခန့်ထားခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအားလုံး ရပ်ဆိုင်းထားကြောင်း ကြေညာချက်
- အာဏာသိမ်းစစ်ကောင်စီကို ငွေကြေးထောက်ပံ့တာတွေ ရပ်ဖို့ RSF တောင်းဆို
- ဗကသ ဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကိုရဲ့ ချစ်သူနဲ့ လူငယ်နှစ်ဦးကို ဖမ်းဆီး
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ရွာသားများ ထိခိုက်ဒါဏ်ရာရရှိခြင်း Posted: 09 Apr 2021 08:14 AM PDT ၂၀၂၁ခုနှစ် ဧပြီလ ၇ ရက်နေ့ ၊ သူးလေသတင်းစဉ် ၂၀၂၁ခုနှစ် ဧပြီလ ၇ ရက်နေ့ နံနက် ၈နာရီအချိန်တွင် အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စု၏ စစ်ကွပ်ကဲအခြေစိုက်(စကခ-၈) လက်အောက်ခံ ခြေမြန်တပ်ရင်း(ခမရ-၄၀၈) မှ မူတြော်ခရိုင် ဒွယ်လိုးမြို့နယ် လေးဖိုးထာအုပ်စု နေကကျေးရွာအတွင်းသို့ လက်နက်ကြီး ၃ လုံးအား ပစ်ချခဲ့သောကြောင့် ရွာသား ၄ ဦး( စောဖိုးအေး၊ နောမူ၊ နောမီးမီးနျင့် စောကျောဆှီး) တို့ ထိခိုက်ဒါဏ်ရာ ရရှိခဲ့ပြီး စောဖားဘိုနှင့် |
KIO/KIA မှ ဗိုလ်လောင်းသင်တန်းများခေါ်ယူ Posted: 09 Apr 2021 08:12 AM PDT ဧပြီ- ၉ ကချင်လွတ်မြောက်ရေးတပ်မတော် KIO/KIA မှ ဗိုလ်လောင်းသင်တန်းများ ဆက်လက်သင်ကြားနိုင်ရန် ခေါ်ယူနေကြောင်းသိရသည်။ ဗိုလ်လောင်းသင်တန်း တက်ရောက်လိုများသည် အမှတ်စဉ် (၃) ခုအနက် မိမိတက်ရောက်လိုသည့် အမှတ်စဉ်တွင် တက်ရောက်သင်ကြားနိုင်မည်ဖြစ်ပြီး ထိုအမှတ်စဉ်များသည် အမှတ်စဉ် (၁၁)၊ အမှတ်စဉ် (၆)နှင့် အမှတ်စဉ် (၅) တို့ဖြစ်ကြောင်း KIO ဗဟိုဌာနချုပ်မှ ဧပြီလ( ၆ )ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။ အမှတ်စဉ် (၁၁)တွင် |
တရုတ်ထုတ်ကုန်တွေ သပိတ်မှောက်ဖို့ လှုံ့ဆော်မှု အရှိန်မြင့်လာ Posted: 09 Apr 2021 08:02 AM PDT ရန်ကုန်တွင် တရုတ်နိုင်ငံအလံကို မီးရှို့ကန့်ကွက်ဆန္ဒပြ (ဧပြီ ၉ ၊ ၂ဝ၂၁) ဓါတ်ပုံ AFPမြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို နည်းမျိုးစုံနဲ့ ဆက်လုပ်နေကြတာမှာ ဒီနေ့တော့ တရုတ်ကုန်ပစ္စည်းတွေကို သပိတ်မှောက်ကြအောင် စည်းရုံးလှုပ်ရှားကြပါတယ်။ အာဏာသိမ်းအစိုးရကို အားပေးနေတယ်လို့ ဆန္ဒပြသူတွေကယူဆထားတဲ့ တရုတ်နိုင်ငံရဲ့ ထုတ်ကုန်တွေကို မသုံးကြဖို့ နှိုးဆော်သလို တရုတ်အလံတွေကို မီးရှို့ဆန္ဒပြကြ |
ကုလအထူးကိုယ်စားလှယ် ထိုင်းနိုင်ငံရောက် Posted: 09 Apr 2021 08:00 AM PDT ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Christine Schraner Burgenerကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ကို ဒီကနေ့ သူရောက်သွားပြီဖြစ်တဲ့အကြောင်း တွစ်တာမှာ ရေးပါတယ်။မြန်မာအာဏာသိမ်း စစ်ကောင်စီဘက်က သူ့ကိုလက်ခံဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ မနေ့က ပြောထားတဲ့အပေါ် စိတ်မကောင်းဖြစ်ရတယ်လို့လည်း ရေးပါတယ်။ သူ့ |
မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် ဘန်ကောက်ကိုရောက်လာ Posted: 09 Apr 2021 07:56 AM PDT (၉-၄-၂၀၂၁)ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Christine Schraner Burgener ဟာ ပြီးခဲ့တဲ့နာရီပိုင်းကပဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုရောက်ရှိလာပါတယ်။ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံက အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို နားချဆွေးနွေးနိုင်ဖို့လို့မျှော်လင့်ရပေမယ့် အကြမ်းဖက်စစ်ဗိုလ်တွေဖက်က သူမနဲ့တွေ့ဖို့ အဆင်သင့် မဖြစ်သေးကြောင်းပြောထားပါတယ်။"ဒေသတွင်း ဆွေးနွေးမှုတွေလုပ်ဖို့ အခု |
ယနေ့ပဲခူးမြို့တွင်စစ်တပ်မှပစ်ခတ်ခဲသောလက်နက်များတွင် ခွင်းဗုံးပါဝင်သည် Posted: 09 Apr 2021 07:50 AM PDT ပဲခူး ဧပြီ ၉ ။ယနေ့ပဲခူးမြို့တွင်စစ်တပ်မှပစ်ခတ်ခဲသောလက်နက်များတွင် ခွင်းဗုံးပါဝင်သည်။၎င်းသည့် M 16 သေနတ်တွင်ထည့်ပစ်ခြင်းဖြစ်နိုင်သည်ဟု လက်နက်ကျွမ်းကျင်သူတစ်ဦးကဆိုသည်။ခွင်းဗုံးသည် ရိုးရိုးလက်ပစ်ဗုံးများထက်ပေါက်ကွဲပိုပြင်းထန်ပြီပစ်မှတ်အားတိကျသည်။ယခုတွေ့ရသည့်ခွင်းဗုံးမှာမပေါက်ကွဲပဲနေအိမ်တစ်ခုသို့ကျရောက်ခြင်းဖြစ်သည်။လက်ရှိတွင် စစ်တပ်မှဝင်ရောက်စီးနင်းထာသော မှော်ကန် ဆိုရှယ်လစ် ပုဏ္ဏားစု ဆံတော်တွင်း မီး |
သံအမတ်ကြီး ဦးကျော်စွာမင်းကို ဗြိတိန်မှာဆက်နေဖို့ ဗြိတိန်အစိုးရခွင့်ပြု Posted: 09 Apr 2021 07:38 AM PDT ရာထူးကဖယ်ရှားခံရသူ ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ် ဦးကျော်စွာမင်းရာထူးကဖယ်ရှားခံရသူ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းကို သူ့ရှေ့ရေးအတွက် စဉ်းစားဆုံးဖြတ်နေချိန် ဆက်ပြီးနေခွင့်ပြုထားမယ်လို့ ဗြိတိန်အစိုးရက သောကြာနေ့၊ ဒီကနေ့မှာ ပြောလိုက်ပါတယ်။ZAWGYI/UNICODE ရာထူးကဖယ်ရှားခံရသူ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းကို သူ့ရှေ့ရေးအတွက် စဉ်းစားဆုံးဖြတ်နေချိန် ဆက်ပြီးနေခွင့် |
မြန်မာနိုင်ငံအခြေအနေ လုံခြုံရေးကောင်စီကြားနာမှု တိုက်ရိုက်ထုတ်လွှင့်မည် Posted: 09 Apr 2021 07:37 AM PDT မှတ်တမ်းဓါတ်ပုံ- ၂၀၁၈ မေလတုန်းက ပြုလုပ်တဲ့ မြန်မာ့အရေး လုံခြုံရေးကောင်စီကြားနာပွဲမြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်ခံထားရတဲ့ လွှတ်တော်အမတ်တွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ အမြင်ကို သိရဖို့ ဗြိတိန်နိုင်ငံက ကြီးမှုးတဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီရဲ့ သီးသန့်ဆွေးနွေးပွဲကို ဧပြီလ ၉ ရက် သောကြာနေ့မှာ ကျင်းပမှာ ဖြစ်ကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ကြာသပတေးနေ့မှာ သတင်းထုတ် |
ပဲခူးမြို့ ပစ်ခတ်မှု သေဆုံးသူ ၆ဝ ကျော်ရှိပြီလို့ ဒေသခံတွေပြော Posted: 09 Apr 2021 07:34 AM PDT ပဲခူးမြို့ ပစ်ခတ်မှု သေဆုံးသူ ၆ဝ ကျော်ရှိပြီလို့ ဒေသခံတွေပြော ပဲခူးမြို့ ဒီကနေ့ ပစ်ခတ်ဖြိုခွဲမှုမြင်ကွင်း / Photo-CJပဲခူးမြို့မှာ ဒီနေ့ နံနက်အစောပိုင်း ၅ နာရီလောက်ကတည်းက ပစ်ခတ်ဖြိုခွဲလို့ သေနတ်ကျည်ထိမှန် သေဆုံးသူ အယောက် ၆၀ ကျော်ရှိသွားပြီလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။RFA က ဒီနေ့ည ၈ နာရီမှာ ဖုန်းဆက်သွယ်ပြောခဲ့တဲ့ သပိတ်မှာပါဝင်သူ နှစ်ဦးက သေဆုံးအလောင်း ၃ လောင်းပဲ ရထားပြီး အလောင်း ၅၇ လောင်းကို |
ဖားကန့်အခြေစိုက် အလွတ်တန်း သတင်းထောက် ကိုနောင်ရိုး ဖမ်းဆီးခံရ Posted: 09 Apr 2021 07:32 AM PDT ဖားကန့်အခြေစိုက် အလွတ်တန်း သတင်းထောက် ကိုနောင်ရိုး ဖမ်းဆီးခံရ ဖမ်းဆီးခံရတဲ့ သတင်းထောက် ကိုနောင်ရိုးကို တွေ့ရစဉ် / Photo: CJကချင်ပြည်နယ် ဖားကန့်မြို့အခြေစိုက် အလွတ်သတင်းထောက်တစ်ဦးဖြစ်တဲ့ ကိုနောင်ရိုးကို ဒီနေ့မနက် ၉ နာရီ အချိန်လောက်က မြို့အဝင် ပန်းတင်တံတားမှာ မြန်မာစစ်သားတွေရဲ့ဖမ်းဆီးမှုကို ခံလိုက်ရတယ်လို့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ မြို့ခံသတင်းထောက်တစ်ဦးက ပြောပါတယ်။သူဟာ လုံးခင်းဘက်ကနေ ဖားကန့် |
ဖိလစ်မင်းသားကြီး ကွယ်လွန်ကြောင်း ဘာကင်ဟမ်နန်းတော်ကြေညာ Posted: 09 Apr 2021 07:30 AM PDT Prince Philip, Duke of Edinburghဗြိတိသျှ ဘုရင်မကြီး ဒုတိယမြောက် အဲလစ်ဇဘက်ရဲ့ ကြင်ရာတော် အက်ဒင်ဘာရာ မြို့စား ဖိလစ်မင်းသားကြီးဟာ သက်တော် ၉၉ နှစ်အရွယ်မှာ နတ်ရွာစံသွားပြီ ဖြစ်တယ်လို့ ဘာကင်ဟမ် နန်းတော်က ကြေညာလိုက်ပါတယ်။ဖိလစ်မင်းသားနဲ့ အဲလစ်ဇဘက် မင်းသမီးတို့ဟာ ၁၉၄၇ ခုနှစ်မှာ ထိမ်းမြားလက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ လက်ထပ်ပြီး ၅ နှစ် အကြာမှာ အဲလစ်ဇဘက် ဘုရင်မကြီး နန်းတက်ခဲ့တာ ဖြစ်တာကြောင့် ဖိလစ်မင်းသားကြီးဟာ |
မြို့တွင်းပစ်ခတ်မှုတွေကြောင့် ပဲခူးမြို့ခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ရ Posted: 09 Apr 2021 07:27 AM PDT မြို့တွင်းပစ်ခတ်မှုတွေကြောင့် ပဲခူးမြို့ခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ရဒီနေ့ ဧပြီလ ၅ ရက် မနက်ငါးနာရီခန့်မှာ ပဲခူးက သပိတ်ခံတပ်နေရာတွေကို စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက ဝင်ရောက်ပစ်ခတ် ဖြိုခွင်းတာကြောင့် သေဆုံးသူဦးရေဟာ ဒါဇင်ချီရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။သေဆုံးအရေအတွက် အတိအကျနဲ့ပတ်သက်လို့ အတည်ပြုချက်ရဖို့ ဘီဘီစီက ကြိုးစားနေပါတယ်။စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူတွေရဲ့ အဓိကခံတပ်တွေကို |
လူသတ်မိုင်း တားဆီးရေး ပါဝင်လက်မှတ်ထိုးကြဖို့ မြန်မာအပါအဝင်နိုင်ငံတချို့ကို ကုလတိုက်တွန်း Posted: 09 Apr 2021 07:25 AM PDT (ဓါတ္ပံု- Karen News)မိုင်းအသုံးပြုမှု တားဆီးရေး နိုင်ငံတကာ သဘောတူညီချက်ကို လက်မှတ်မထိုးရသေးတဲ့ နိုင်ငံတွေအားလုံး လက်မှတ်ရေးထိုး လိုက်နာကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။"မိုင်းအသုံးပြုမှု တားဆီးရေး နိုင်ငံတကာ သဘောတူညီချက်ကို နိုင်ငံပေါင်း ၁၆၀ ကျော် လက်မှတ်ရေးထိုးထားပြီး၊ ကျန်ရှိနေသေးတဲ့ နိုင်ငံတွေ အားလုံး အနေနဲ့လည်း အချိန်မဆိုင်းပဲ အမြန်ဆုံးလက်မှတ်ထိုး လိုက်နာကြဖို့ |
ကုလကိုယ်စားလှယ် မြန်မာနိုင်ငံထဲ သွားရောက်နိုင်ရေး ကြိုးပမ်းဆဲ Posted: 09 Apr 2021 07:23 AM PDT ကုလအထူးကိုယ်စားလှယ် Burgener မြန်မာခရီးစဉ် (MOI)ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ဟာ မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပံ့ပိုးမှုနဲ့ ဆက်လက်ကြိုးစားနေတယ်လို့ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ကြာသပတေးနေ့ ကုလသမဂ္ဂရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။"ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ |
ဂြိုဟ်တုစလောင်းတွေ လိုက်သိမ်းပြီး လုံးဝသတင်းအမှောင်ချဖို့ စစ်ကောင်စီလုပ်နေ Posted: 09 Apr 2021 07:21 AM PDT ဂြိုဟ်တုစလောင်းတွေ လိုက်သိမ်းပြီး လုံးဝသတင်းအမှောင်ချဖို့ စစ်ကောင်စီလုပ်နေ ရန်ကုန်မြို့မှာ ၂၀၂၁ ဖေဖော်ဝါရီ ၁၉ ရက်နေ့က MWD နဲ့ MRTV သတင်းလိမ်နေကြောင်း ပြည်သူတွေ ဆိုင်းဘုတ်ကိုင် ဆန္ဒပြခဲ့စဉ် / Photo: RFAအာဏာသိမ်းပြီးနောက် ကလေးရော လူကြီးပါမချန် ပစ်ခတ်သတ်ဖြတ်နေတဲ့ စစ်ကောင်စီဟာ တစ်နိုင်ငံလုံးမှာ ဖုန်းအင်တာနက်လိုင်းတွေရော၊ ဝိုင်ဖိုင်အင်တာနက်လိုင်းတွေကိုပါ ပိတ်ထားတာဖြစ်ပါတယ်။ဒါပေမဲ့ ထိုင်းနိုင်ငံထုတ် |
ပဲခူးမှာ စစ်ကောင်စီတပ် ဝင်ရောက်ပစ်ခတ်တာကြောင့် လေးဦး သေဆုံး Posted: 09 Apr 2021 06:54 AM PDT ပဲခူးမြို့ ဥဿသီရိရပ်ကွက်မှာ ဧပြီလ ၉ ရက် ဒီနေ့ မနက်အစော ၃ နာရီလောက် အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်တွေ ရက်ကွက်အတွင်း ဝင်ရောက်ပစ်ခတ်တာကြောင့် နေ့လယ်ပိုင်းရရှိတဲ့စာရင်းအရ လေးယောက် သေဆုံးပြီး အယောက် ၃၀ ကျော် ဒဏ်ရာရှိထားပါတယ်။ဥဿသီရိရပ်ကွက်ထဲက ဆံတော်တွင်းလမ်းမနဲ့ မဂ္ဂတစ်လမ်းမကြီးနှစ်ခုမှာရှိတဲ့ အတားအဆီးတွေကို လာရောက်ဖယ်ရှားချိန် ရပ်ကွက်နေပြည်သူတွေက ဆန္ဒပြကန့်ကွက်ကြရင်း ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။နေ့လယ် |
ရန်ကင်းမြို့နယ် ရပ်ကွက်နှစ်ခုက လူငယ်၁၅ဦး ဖမ်းဆီးခံရ Posted: 09 Apr 2021 06:37 AM PDT ရန်ကုန်၊ဧပြီ ၉၊၂၀၂၁ရန်ကင်းမြို့နယ် ၉ရပ်ကွက်နဲ့ ၁၂ ရပ်ကွက်ကလူငယ်၁၅ဦးကို ဒီနေ့ညနေပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်းရပ်ကွက်နေသူတွေဆီက သိရပါတယ်။"ညီမသူငယ်ချင်းဆိုဘာအပြစ်မှမရှိဘူးCBဘဏ်မှာ ပိုက်ဆံသွားထုတ်နေတုန်း ဖမ်းသွားတာ တစ်ချို့ဆို အောင်ကောင်းစံ လက်ဖက်ရည်ဆိုင်ထိုင်နေရင်းတောင် ဖမ်းခေါ်သွားတယ်" ခို့အမှတ် ၉ရပ်ကွက်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။ စစ်သားတွေအပါအဝင် အရပ်ဝတ်နဲ့လူတွေက |
ပဲခူးမှာ ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် ဒေသခံအချို့ နေရပ်စွန့်ခွာထွက်ပြေး Posted: 09 Apr 2021 06:35 AM PDT ဧပြီ ၉-၂၀၂၁ပဲခူးမှာ ဒီနေ့ ဧပြီ ၉ရက် မနက် ၅ နာရီလောက်ကစပြီး နေ့လယ်ပိုင်းအထိ စစ်တပ်နဲ့ရဲရဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးသူဦးရေ ဆယ်ဂဏန်းအထက်မှာရှိခဲ့တဲ့အပြင် အင်အားထပ်မံတိုးမြင့်ချထားတာတွေကြောင့် ဒေသခံအချို့ နီးစပ်ရာတွေကို တိမ်းရှောင်နေကြရတယ်လို့ မြို့ခံတွေဆီက စုံစမ်းသိရပါတယ်။"မနက်ကတည်းက ပစ်ခတ်နေတာ မွန်းတည့်လောက်အထိပဲ။ အတည်မပြုနိုင်သေးပေမယ့် သေဆုံးသူ ဆယ်ဂဏန်းအထက် ဖြစ်နေပြီ။ မဂ္ဂတစ် ၊ အင်းဝင်ဆံတော် |
ပြည်သူကို လေကြောင်းတိုက်ခိုက်သတ်ဖြတ်တဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြမည် Posted: 09 Apr 2021 06:33 AM PDT (၉/၄/၂၁) သောကြာကချင်၊ ကရင် စတဲ့ တိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်က လေကြောင်းကနေ ဗုံးကြဲပစ်ခတ်တိုက်ခိုက်နေလို့ ပြည်သူ အများအပြား ထိခိုက်သေဆုံးပြီး အမြောက်အမြား ထွက်ပြေးပုန်းရှောင်နေရတဲ့အရေး ကမ္ဘာတဝန်း ဆန့်ကျင် လှုပ်ရှားမှုအဖြစ် နော်ဝေနိုင်ငံရောက် တိုင်းရင်းသားတွေက အော်စလိုမြို့တော် ပါလီမန်ရှေ့မှာ မနက်ဖြန် စနေနေ့ စုစည်းဆန္ဒပြပါမယ်။ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ် |
"စစ်တပ်က လိုက်ပို့တဲ့နေရာတိုင်းမှာ ဘာပြောရမယ်ဆိုတာ စစ်တပ်က ဇာတ်တိုက်ထားပြီးသား ..." Posted: 09 Apr 2021 06:31 AM PDT CNN သတင်းထောက်၏ သီးသန့်တိုက်ရိုက် သတင်းပေးပို့ချက်- အပိုင်း ၃"ခဲနဲ့ပေါက်၊ လေးဂွနဲ့ပစ်တဲ့အတွက် ချေမှုန်းရေးရိုင်ဖယ်နဲ့ ပြန်ပစ်ရတာပါလို့ ရှင်က တကယ်ပြောချင်တာလား၊ ကိုယ့် ပြည်သူကို စစ်တပ်က လက်နက်နဲ့ တိုက်ခိုက်တယ်လား၊ စစ်မြေပြင်မှာမှ ဒါမျိုးလုပ်တာမဟုတ်လား"လို့ မေးတော့ ... ဗိုလ်ချုပ်ဇော်မင်းထွန်းက "အဓိကကတော့ သူတို့က လေးဂွနဲ့ပစ်ရုံတင်မကဘူး။ မိုလိုတော့ ..."စစ်တပ်က အာဏာသိမ်းပြီး နှစ်လအတွင်း ဒါဇင်နဲ့ချီတဲ့ |
သေဆုံးသူ ၁၀ ဦးထက်မနည်းရှိနေသောပဲခူးမြို့တွင်ဆက်လက်ပစ်ခတ်ဆဲ Posted: 09 Apr 2021 06:28 AM PDT ပဲခူး ဧပြီ ၉ ။ယနေ့ပစ်ခတ်ခံရ၍သေဆုံးသူနှင့်ဒဏ်ရာရသူများကိုမှော်ကန် ၁၃ လမ်း ရှင်စောပုဘုရားဝင်းဘေးတွင်ပုံထားသည်ဟု မျက်မြင်တွေ့သူများကသတင်းပို့ပြောကြားသည်။မှော်ကန် ၁၃ လမ်း ရှင်စောပုဘုရားဝင်းထဲမှာသေတဲ့သူကောထိတဲ့သူကောပုံထားတယ် ၃၀ ကျော်လောက်ရှိမယ် ဘေးနားကဘုန်းကြီးကျောင်းက ဘုန်းဘုန်းတွေသွားတောင်တာမပေးဘူးဟု ဒေသခံတစ်ဦးကဆိုသည်။မဂ္ဂတစ်လမ်းထိပ်တွင်ပိတ်ထားသဖြင့် ကြက်ခြေနီကားများဝင်ခွင့်မရရှိပါ။မြို့အဝင် ပဲခူး |
ပဲခူးရပ်ကွက်အတွင်းသို့ စစ်ကားအစီး ၂၀ ခန့်ထပ်မံဝင်ရောက်လာသဖြင့် ရပ်ကွက်နေသူများထွက်ပြေးတိမ်းရှောင် Posted: 09 Apr 2021 06:26 AM PDT ပဲခူး ဧပြီ ၉ ညနေ ၄ နာရီ ။ညနေ့ပိုင်းတွင် ပုဏ္ဏားစုရပ်ကွက်အတွင်းသို့ စစ်ကားအစီး ၂၀ ခန့်ထပ်မံဝင်ရောက်လာသဖြင့်ရပ်ကွက်နေသူများကျည်လွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်။လက်ရှိပစ်နေတုန်းပဲ အတားအဆီးတွေကကျန်သေးတယ် အလင်းရောင်ဘက်မှာလဲ ခံတပ်တွေရှိတယ်အားလုံးအပြီးဖယ်မယ်ဆိုရင်မနက်ဖြန်ထိဆက်သွားနိုင်တယ်ဟု ပုဏ္ဏားစုရပ်နေသူတစ်ဦးကပြောကြားသည်။အလင်းရောင်ဘက်ကလဲမြို့ပျက်လို့ဖြစ်နေတယ် အိမ်တွေတံခါးသော့ခတ်ပြီရှောင်နေကြတယ် |
Posted: 09 Apr 2021 06:23 AM PDT ကြေညာချက်အမှတ်(၇/၂၀၂၁)၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက်(၂၀၂၁ ခုနှစ်၊ ဧပြီလ ၉ ရက်)================နိုင်ငံ့ဝန်ထမ်းရွေးချယ်လေ့ကျင့်ခန့်ထားခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအားလုံး ရပ်ဆိုင်းထားကြောင်း ကြေညာချက်ရည်ညွှန်းချက်။ ။ ဒုတိယသမ္မတဦးဆောင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် ၃/၂၀၂၁ ဆုံးဖြတ်ချက်။၁။ ယခုအချိန်သည် တရားမဝင်အာဏာသိမ်းစစ်ကောင်စီမှ နိုင်ငံတော်အာဏာအား လက်နက်အားကိုးဖြင့် |
အာဏာသိမ်းစစ်ကောင်စီကို ငွေကြေးထောက်ပံ့တာတွေ ရပ်ဖို့ RSF တောင်းဆို Posted: 08 Apr 2021 10:17 AM PDT ရခိုင်၊ ကျောက်ဖြူမှာ ထားရှိတဲ့ ပေါ့စကိုအင်တာနေရှယ်နယ် ဓာတ်ငွေ့စက်ရုံအာဏာသိမ်းစစ်ကောင်စီကို ပေးအပ်နေတဲ့ ငွေကြေးအထောက်အပံ့တွေနဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံး ရပ်တန့်ဖို့ မြန်မာနိုင်ငံအတွင်းမှာ လည်ပတ်နေတဲ့ နိုင်ငံခြား ကုမ္ပဏီကြီး ၁၀ ခုကို နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က တောင်းဆိုလိုက်ပါတယ်။အဲဒီထဲမှာ တောင်ကိုရီးယားပိုင် စတီးနဲ့စွမ်းအင် ကုမ္ပဏီကြီး POSCO၊ ပြင်သစ် ဟိုတယ်လုပ်ငန်း Accor၊ ဆွီဒင် |
ဗကသ ဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကိုရဲ့ ချစ်သူနဲ့ လူငယ်နှစ်ဦးကို ဖမ်းဆီး Posted: 08 Apr 2021 10:16 AM PDT ဗကသ ဥက္ကဋ္ဌဟောင်းလည်း ဖြစ်သလို GSC သပိတ်ကော်မတီအဖွဲ့ဝင်တယောက်လည်း ဖြစ်တဲ့ ကိုကျော်ကိုကိုရဲ့ ချစ်သူ မစုဇာလီရှိန်းနဲ့ တခြားလူငယ် ၂ ယောက်ကို အရပ်ဝတ်နဲ့လူတချို့က ဧပြီလ ၆ ရက်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။"ဇာလီက စေပိုင်ဆောက်လုပ်ရေး ကုမ္ပဏီရဲ့ဝန်ထမ်းပါ။ သူက စေပိုင်ကုမ္ပဏီရဲ့ sales executive ပါ။ အိမ်ခြံမြေအရောင်းအဝယ်လုပ်ဖို့အတွက် စျေးကွက်ရှာဖို့ခရီးထွက်တာပါ။ သူက အရင်ကလည်း အဲသလို ခရီးထွက်နေကျပါ။ အခုအဲ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.