သစ္ထူးလြင္ |
- စစ်အာဏာသိမ်း ဆန့်ကျင်ရေး ပြည်ပရောက်မြန်မာတွေ ဆန္ဒပြလှုပ်ရှား
- ကမ႓ာ့နွေဦးတော်လှန်ရေးနေ့ ဆန္ဒပြမှုများ ဖြိုခွဲခံရ၊ ၆ ဦးထက်မနည်း သေဆုံး
- မြို့ကြီး သုံးမြို့က သပိတ်စစ်ကြောင်းတွေ ဖြိုခွင်းခံရ
- ပညာရေးဝန်ထမ်းတွေ ကျောင်းမတက်ရင် ဖမ်းဆီးမယ်လို့ ဖိအားပေးခံနေရ
- HIV ဝေဒနာသည်ကလေးတွေပါ ဖမ်းဆီးနေ
- သီပေါမြို့တွင် အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူများအိမ်ပြင်ထွက်လျှင် သေနတ်ဖြင့် ပစ်မည်ဟု ခြိမ်းခြောက်နေ
- အကြမ်းဖက် စစ်ကောင်စီမှ ဆန္ဒပြသူများကို လိုက်လံပစ်ခတ်နေ
- ဘုရားသုံးဆူတွင် အာဏာသိမ်စစ်အုပ်စုမှ မြို့တွင်းပြည်သူများ၏ နေအိမ်ထဲထိ လိုက်လံဖမ်းဆီးနေ။
- ဖားကန့်သပိတ်ဖြိုခွင်းမှုကြောင့် (၁) ဦးသေ၊ (၅) ဦးထက်မနည်း ဒဏ်ရာရရှိ
- စစ်ကောင်စီ၏တပ်သားများ ၄ဦးထက်မနည်း အပြင်းအထန်ဒဏ်ရာရ
- မှတ်ပုံတင် ၄ သန်းနီးပါး ထုတ်ပေးမယ်လို့ စစ်ကောင်စီကြေညာ
- မင်းတပ်မှာ ဆွေးနွေးမှုတွေ မနက်ဖြန် ဆက်လုပ်မယ်
- စစ်အာဏာရှင်ဆန့်ကျင်ရေး အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်ဒီစီမှာ ဆန္ဒပြနေကြတာဖြစ်ပါတယ်။
- မြင်းခြံမြို့ က ညသပိတ်
- ရနောင်းထောင်က လွတ်ရက်စေ့သူ ၂၀၀ ကျော်ကို မြန်မာဘက်ပြန်ပို့
- တာမွေမြို့ Salvation Army ဘုရားကျောင်းသို့စစ်ကောင်စီတွေအတင်းဝင်ရောက်
- CDF-Hakha က စစ်ကောင်စီကို ရာဇသံပေးလိုက်ပြီ
- သြစတြေးလျက အိန္ဒိယရောက် သူ့နိုင်ငံသားတွေကို ဘာလို့ပြည်ဝင်ခွင့်ပိတ်တဲ့အထိ လုပ်သလဲ
- ဒီကနေ့ ပြုလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး မြင်ကွင်း
- AAPP ကို စစ်ကောင်စီခြိမ်းခြောက်မှု HRW ကန့်ကွက်
- ရန်ကုန် ရန်ကင်းမြို့နယ်တွင်း ပေါက်ကွဲမှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွား
- စစ်အာဏာသိမ်းဆန့်ကျင်မှု ကန့်ကွက်ဆန္ဒပြပွဲများ နိုင်ငံတဝန်း ပုံစံစုံပြုလုပ်
စစ်အာဏာသိမ်း ဆန့်ကျင်ရေး ပြည်ပရောက်မြန်မာတွေ ဆန္ဒပြလှုပ်ရှား Posted: 02 May 2021 08:10 AM PDT ဝါရှင်တန်ဒီစီမြို့တော် သမ္မတအိမ်ဖြူတော်နား ကွင်းပြင်မှာ မေလ၁)ရက် မြန်မာများရဲ့ နွေဦးတော်လှန်းရေး ဒုတိယလှိုင်း ဆန္ဒပြပွဲ။ photo - KMSMမြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာ ၃ လပြည့်လာတဲ့ အချိန်မှာပဲ အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပြည်တွင်း၊ ပြည်ပမှာ ဆက်လက် ပေါ်ပေါက်နေဆဲ ဖြစ်ပါတယ်။ စနေနေ့ကလည်း အမေရိကန်၊ ဥရောပနဲ့ အာရှနိုင်ငံတွေက မြန်မာ့အရေး လှုပ်ရှားသူတွေ ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေး |
ကမ႓ာ့နွေဦးတော်လှန်ရေးနေ့ ဆန္ဒပြမှုများ ဖြိုခွဲခံရ၊ ၆ ဦးထက်မနည်း သေဆုံး Posted: 02 May 2021 08:07 AM PDT ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့ ချီတက်ဆန္ဒပြနေတဲ့ ကျောက်မဲ ပင်မသပိတ်စစ်ကြောင်း။ (မေ ၂၊ ၂၀၂၁)ရန်ကုန်၊ မန္တလေး အပါအဝင် နိုင်ငံတဝန်းက မြို့တွေ အတော်များများမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဒီနေ့ ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းတာတွေကြောင့် နိုင်ငံတဝန်းမှာ ၆ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး အတော်များများ ထိခိုက်ဒဏ်ရာ ရသွားခဲ့ပါတယ် |
မြို့ကြီး သုံးမြို့က သပိတ်စစ်ကြောင်းတွေ ဖြိုခွင်းခံရ Posted: 02 May 2021 08:05 AM PDT မြို့ကြီး သုံးမြို့က သပိတ်စစ်ကြောင်းတွေ ဖြိုခွင်းခံရ ရွှေဘိုမြို့မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦး တော်လှန်ရေးနေ့ ၂၀၂၁ မေလ ၂ ရက်နေ့ မနက်ပိုင်းမှာ ဆန္ဒပြကြစဉ် / Photo: CJမန္တလေး၊ မုံရွာနဲ့ ရွှေဘိုမြို့တို့က စစ်အာဏာရှင် အလိုမရှိကြောင်းဒီကနေ့ မေလ ၂ ရက်နေ့ မနက်ပိုင်းမှာ ဆန္ဒပြတဲ့ သပိတ်စစ်ကြောင်းတွေကို စစ်ကောင်စီတပ်တွေက ဖြိုခွင်းခဲ့ပါတယ်။မုံရွာနဲ့ ရွှေဘိုမြို့တို့က ဆန္ဒပြ |
ပညာရေးဝန်ထမ်းတွေ ကျောင်းမတက်ရင် ဖမ်းဆီးမယ်လို့ ဖိအားပေးခံနေရ Posted: 02 May 2021 08:03 AM PDT ပညာရေးဝန်ထမ်းတွေ ကျောင်းမတက်ရင် ဖမ်းဆီးမယ်လို့ ဖိအားပေးခံနေရ ရန်ကုန်မြို့က အာဏာဖီဆန်ရေးအကြမ်းမဖက်လှုပ်ရှားမှု CDM မှာ ပါဝင်တဲ့ ဆရာမများ။ Photo: AFPမနက်ဖြန် မေ ၃ ရက်နေ့မှာ ပညာရေးဝန်ထမ်းတွေ ကျောင်းပြန်တက်ဖို့နဲ့ ကျောင်းပြန်မတက်ရင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ ဖမ်းဆီးအရေးမယ်ဆိုတဲ့ သတင်းတွေထွက်နေတယ်နေလို့ CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။ဆရာ ၊ ဆရာမတွေ ကျောင်းတက်ရ |
HIV ဝေဒနာသည်ကလေးတွေပါ ဖမ်းဆီးနေ Posted: 02 May 2021 07:56 AM PDT (၂/၅/၂၀၂၁)ဒဂုံမြို့သစ်အရှေ့ပိုင်းမှာရှိတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းဦးစီးလုပ်ကိုင်နေတဲ့ NLD/NACစင်တာက HIVရောဂါဝေဒနာခံစားနေရတဲ့ကလေးငယ် သုံးဦးနဲ့ ဆေးကုသဖို့ရောက်ရှိနေတဲ့သူ ကိုးဦးကို အကြမ်းဖက်စစ်တပ်က ဒီကနေ့ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ အခုလိုဖမ်းဆီးခေါ်ဆောင်သွားတာနဲ့ပတ်သက်ပြီး ဒေါ်ဖြူဖြူသင်းက သူ့ရဲ့လူမှုကွန်ယက်စာမျင်နှာမှာ အခုလိုပြောထားပါတယ်။ "ဒီနေ့တော့ |
သီပေါမြို့တွင် အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူများအိမ်ပြင်ထွက်လျှင် သေနတ်ဖြင့် ပစ်မည်ဟု ခြိမ်းခြောက်နေ Posted: 02 May 2021 07:54 AM PDT သီပေါမြို့ ယနေ့ (မေ ၂)ရက် လူထုသပိတ်စစ်ကြောင်းကို စစ်ကောင်စီမှ ဖြိုခွင်းပြီး နေ့လည် (၁)နာရီနောက်ပိုင်း အိမ်ပြင်ထွက်သူ သေနတ်ဖြင့်ပစ်မည်ဟု ခြိမ်းခြောက်ပြီးနောက် မြင်တွေ့ရသည့် မြင်ကွင်း မေ ၂ရက် ၂၀၂၁သျှမ်းမြောက် သီပေါမြို့ ယနေ့ (မေ ၂)ရက် အကြမ်းဖက်စစ်ကောင်စီ အုပ်စု က နေ့လည် ၁နာရီနောက်ပိုင်း အိမ်ပြင်မထွက်ရန်လိုက်လံအော်နေပြီး အိမ်ပြင်ထွက်သူရှိပါက မည်သူမဆို ပစ်သတ်မှုဟု ခြိမ်းခြောက်နေကြောင်း သိရသည်။ |
အကြမ်းဖက် စစ်ကောင်စီမှ ဆန္ဒပြသူများကို လိုက်လံပစ်ခတ်နေ Posted: 02 May 2021 07:51 AM PDT ယနေ့ နောင်ချို လူထုသပိတ်ကို အကြမ်းဖက် စစ်ကောင်စီမှ သေနတ်ဖြင့် ဖြိုခွင်း အရပ်သား တဦးသေ၊ ဆန္ဒပြသူ (၂၀)ကျော် ဖမ်းခံရသည်။SHAN News (Burmese Version)https://www.facebook.com/shannewsburmese |
ဘုရားသုံးဆူတွင် အာဏာသိမ်စစ်အုပ်စုမှ မြို့တွင်းပြည်သူများ၏ နေအိမ်ထဲထိ လိုက်လံဖမ်းဆီးနေ။ Posted: 02 May 2021 07:46 AM PDT မေလ၊ ၂ ရက်၊ ၂၀၂၁ ခုနှစ်။ သူးလေသတင်းစဥ်ကေအဲန်ယူ- ဒူးပလာယာခရိုင်၊ ဘုရားသုံးဆူမြို့ တွင်း အာဏာသိမ်း ဖက်ဆစ်အကြမ်းဖက် စစ်အုပ်စု တပ်များမှ ယနေ့ နေ့လည် (၁၂)ခန့်အချိန်တွင် မြို့တွင်း ပြည်သူများ နေအိမ်သို့ လိုက်လံစစ်ဆေးပြီး ပြည်သူ (၉)ဦး ကို အကြမ်းဖက်အတင်းအဓမ္မ ဖမ်းဆီးခဲ့ကြောင်း အမည်မဖော် လိုသူ ဒေသခံတစ်ဦးရဲ့ ပြောကြားချက်အရ သိရသည်။အဆိုပါဖမ်းဆီးမှုတွင် ဖက်ဆစ်အကြမ်းဖက်စစ်အုပ်စု လက်ပါးစေတပ်များအပါအဝင် |
ဖားကန့်သပိတ်ဖြိုခွင်းမှုကြောင့် (၁) ဦးသေ၊ (၅) ဦးထက်မနည်း ဒဏ်ရာရရှိ Posted: 02 May 2021 07:45 AM PDT ဓါတ်ပုံ- CJမေ၊၂ယနေ့ မေလ (၂) ရက်နေ့တွင် ဖားကန့်မြို့နယ်၊လုံးခင်း သပိတ်စစ်ကြောင်းမှ စစ်အာဏာရှင် အလိုမရှိကြောင်းဆန္ဒထုတ်ဖော်နေစဉ် ရဲ နှင့် စစ်သားများလာရောက်ဖြိုခွင်းသောကြောင့် အမျိုးသားတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး (၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။သေဆုံးသူအမျိုးသားမှာ လုံးခင်းကျေးရွာ ရပ်ကွက် (၁) တွင် နေထိုင်သူ ကိုဝေဖြိုး၊ အသက် (၃၃) နှစ်ဖြစ်ပြီး နောက်စေ့မှန်သေဆုံး ခဲ့ခြင်းဖြစ်သည်။ဖား |
စစ်ကောင်စီ၏တပ်သားများ ၄ဦးထက်မနည်း အပြင်းအထန်ဒဏ်ရာရ Posted: 02 May 2021 07:41 AM PDT ဟားခါးမြို့တွင် စစ်ကောင်စီရဲ့စစ်သားနှင့် ပြည်သူ့တပ်ဖွဲ့များ ဟားခါးမြို့ပြင်ကျောဘုတ်ဘက်တွင် ညနေ ၆နာရီကျော်ခန့်မှ စတင်ပစ်ခတ်ကျပြီး စစ်သား ၄ဦးထက်မနည်းအပြင်းအထန်ဒဏ်ရာရကြောင်းသိရပါတယ်။ယခုချိန်ထိဆက်လက်ပစ်ခတ်နေဆဲလို့လည်းသိရပါတယ်။ဒေသခံအချို့မှလည်း သေနပ်သံများကြားရတယ်လို့ ၄င်းတို့၏လူမှုကွန်ယက်များတွင်ဖော်ပြထားကြပါတယ်။Chin Worldhttps://www.facebook.com/Chin-World-167011980026853 |
မှတ်ပုံတင် ၄ သန်းနီးပါး ထုတ်ပေးမယ်လို့ စစ်ကောင်စီကြေညာ Posted: 01 May 2021 01:42 PM PDT မှတ်ပုံတင်ဟာ မရှိမဖြစ်နီးပါးအရေးပါတဲ့ နေရာမှာရှိပေမဲ့ ရွေးကောက်ပွဲဥပဒေ မူဘောင်တွေအရတော့ မဲပေးခွင့်အတွက် မှတ်ပုံတင်ပြစရာမလိုဘဲ မဲစာရင်းမှာပါဖို့က အဓိက ဖြစ်ပါတယ်။နိုင်ငံတဝန်း မှတ်ပုံတင် ၃ ဒသမ ၈ သန်းကျော် ထုတ်ပေးမယ့် ပန်းခင်းစီမံချက် ကို မေလ ၃ ရက်မှာ စတင်မယ်လို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။တစ်နှစ်ခွဲ ကြာမယ့် ဒီစီမံချက်ဟာ ၂၀၂၂ နိုဝင်ဘာ ၃ ရက်အထိ ကြာမြင့်မှာ |
မင်းတပ်မှာ ဆွေးနွေးမှုတွေ မနက်ဖြန် ဆက်လုပ်မယ် Posted: 01 May 2021 01:39 PM PDT စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ပစ်ခတ်မှုတွေရှိခဲ့တဲ့ မင်းတပ်မြို့မှာ ဒီကနေ့စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ခဲ့ပြီး စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ မေလ ၂ ရက်နေ့ မနက်ဖြန်မှာ ဆက်လက် ဆွေးနွေးရဦးမယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က သွားရောက်ညှိနှိုင်းခဲ့တဲ့ ကိုယ်စားလှယ် ရွှေဂျိုးဖြူက ဘီဘီစီကို ပြောပါတယ်။ဒီကနေ့ |
စစ်အာဏာရှင်ဆန့်ကျင်ရေး အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်ဒီစီမှာ ဆန္ဒပြနေကြတာဖြစ်ပါတယ်။ Posted: 01 May 2021 01:35 PM PDT စစ်အာဏာရှင်ဆန့်ကျင်ရေး အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်ဒီစီမှာ ဆန္ဒပြနေကြတာဖြစ်ပါတယ်။RFA Burmesehttps://www.facebook.com/rfaburmese |
Posted: 01 May 2021 01:32 PM PDT မြင်းခြံမြို့ က ညသပိတ် |
ရနောင်းထောင်က လွတ်ရက်စေ့သူ ၂၀၀ ကျော်ကို မြန်မာဘက်ပြန်ပို့ Posted: 01 May 2021 01:26 PM PDT ထိုင်းနိုင်ငံ အကျဉ်းထောင်တွေကနေ လွတ်လာပြီးနောက် ရနောင်းမြို့ လူဝင်မှု ကြီးကြပ်ရေး အကျဉ်းစခန်းမှာ ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံသား ၂၁၈ ဦးကို ဒီနေ့ မြန်မာနိုင်ငံဘက် ပြန်ပို့လိုက်ပါတယ်။မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းယူပြီးနောက် နိုင်ငံတွင်း စိုးရိမ်ဖွယ် အခြေအနေ အဖြစ် နိုင်ငံတကာက ပြောဆိုနေချိန်မှာ ထိုင်းနိုင်ငံဘက်က အခုလို ပြန်လွှဲပေးတာ ဖြစ်ပါတယ်။ဒီမြန်မာနိုင်ငံသားတွေဟာ စာရွက်စာတမ်း အထောက်အထားမရှိတာ၊ |
တာမွေမြို့ Salvation Army ဘုရားကျောင်းသို့စစ်ကောင်စီတွေအတင်းဝင်ရောက် Posted: 01 May 2021 01:19 PM PDT ရန်ကုန်၊ တာမွေမြို့နယ် ဗျိုင်းရေအိုးစင်ရပ်ကွက်မှာရှိတဲ့ Salvation Army ဘုရားကျောင်းသို့ စစ်ကောင်စီဝင်တွေက ဧည့်စာရင်းစစ်မယ်လို့ ဒီကနေ့ညပိုင်း ၈ နာရီ ကျော်ကျော်လောက်မှာ အတင်းဝင်သွားတယ်လို့သတင်းရရှိပါတယ်။"ကယ်တင်ခြင်းတပ်တံခါးကိုမဖွင့်ပေးလို့ ကတ်တာနဲ့ဖြတ်ပြီးအထဲဝင်ဖို့ကြိုးစားနေတာ။ မိန်းကလေးတွေပဲရှိတယ်။ အဲ့ထဲမှာကသော့မဖွင့်ပေးလို့ကတ်တာနဲ့ဖြတ်ချတယ်။ အထဲ ရောက်ပြီးမိန်းကလေးဂေဟာထဲက မိန်းကလေးတွေကို ဆွဲ |
CDF-Hakha က စစ်ကောင်စီကို ရာဇသံပေးလိုက်ပြီ Posted: 01 May 2021 01:16 PM PDT သတိပေးထုတ်ပြန်ကြေညာချက်ကြေညာချက် အမှတ် (၁/၂၀၂၁)ရက်စွဲ။ ၂၀၂၁ခုနှစ်၊ မေလ (၁) ရက်ဟားခါးမြို့နယ်တွင် ပြည်သူများကိုမတရားဖိနှိပ်သည့် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များကို ချက်ချင်းရပ်တန့် ပေးရန် CDF-Hakha အနေဖြင့် ဤထုတ်ပြန်ချက်ကို ထုတ်ပြန်ကြေညာသည်။အာဏာလုစစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန်နှင့် ၂၀၂၁ခုနှစ်၊ မေလ (၂) ရက်နေ့မှစ၍ ယဉ်ကျေးသိမ်မွေ့သည့် အကြမ်းမဖက်သောနည်းဖြင့် ငြိမ်းချမ်းစွာ |
သြစတြေးလျက အိန္ဒိယရောက် သူ့နိုင်ငံသားတွေကို ဘာလို့ပြည်ဝင်ခွင့်ပိတ်တဲ့အထိ လုပ်သလဲ Posted: 01 May 2021 08:35 AM PDT အိန္ဒိယမှာ ပိတ်မိနေတဲ့ မစ္စတာ မန်ဒိ ရှာမား သြစတြေးလျတွင် ရှိစဉ်က သူ၏ မိသားစုနှင့်အတူ တွေ့ရစဉ်သြစတြေးလျနိုင်ငံသားတယောက်ဖြစ်တဲ့ မန်ဒိ ရှာမားဟာ သြစတြေးလျက ပြည်ဝင်ခွင့် ခေတ္တပိတ်လိုက်တဲ့ အိန္ဒိယနိုင်ငံရောက် သူတို့နိုင်ငံသားတွေထဲက တဦးဖြစ်ပါတယ်။သူ့လိုပဲ အလားတူ အိန္ဒိယကနေ နေရပ်မပြန်နိုင်ဘဲ ပိတ်မိနေတဲ့ သြစတြေးလျနိုင်ငံသား ၉၀ဝ၀ လောက် ရှိနေပြီး သြစတြေးလျအစိုးရက အိန္ဒိယနဲ့ လေကြောင်းခရီးစဉ်တွေကို ယခုတပတ် |
ဒီကနေ့ ပြုလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး မြင်ကွင်း Posted: 01 May 2021 08:31 AM PDT ဘယ်လ်ဂျီယံနိုင်ငံ အန်းထွပ်မြို့က ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး မြင်ကွင်းဘယ်လ်ဂျီယံနိုင်ငံ အန်းထွပ်မြို့မှာ ဒီကနေ့ ပြုလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး မြင်ကွင်းဘယ်လ်ဂျီယံနိုင်ငံ အန်းထွပ်မြို့မှာ ဒီကနေ့ ပြုလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး မြင်ကွင်းသြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ဒီကနေ့ ပြုလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး မြင်ကွင်းသြစတြေးလျ |
AAPP ကို စစ်ကောင်စီခြိမ်းခြောက်မှု HRW ကန့်ကွက် Posted: 01 May 2021 08:28 AM PDT AAPP ကို စစ်ကောင်စီခြိမ်းခြောက်မှု HRW ကန့်ကွက်မြန်မာနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကို ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုပြီး မြန်မာ အာဏာသိမ်း စစ်ကောင်စီက ခြိမ်းခြောက်နေတာကို ချက်ချင်းရပ်ဆိုင်းဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ကန့်ကွက်လိုက်ပါတယ်။AAPP ဟာ တရားဝင် မှတ်ပုံမတင်တဲ့အတွက် တရားမဝင် လှုပ်ရှားနေတဲ့ အဖွဲ့ဖြစ်ပြီး ဒီအဖွဲ့ဟာ နိုင်ငံ့ဝန်ထမ်းတွေနဲ့ ပြည်သူတွေ အထိတ်တလ |
ရန်ကုန် ရန်ကင်းမြို့နယ်တွင်း ပေါက်ကွဲမှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွား Posted: 01 May 2021 08:25 AM PDT ရန်ကုန်မြို့ လမ်းတခုမှာ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (မတ် ၁၉၊ ၂၀၂၁)ရန်ကုန်မြို့ ရန်ကင်းမြို့နယ်အတွင်းမှာ ဒီနေ့ နေ့လယ်ပိုင်းက ပေါက်ကွဲမှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး မြို့နေရာအနှံ့မှာ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါ့အပြင် တောင်ဒဂုံမြို့နယ်နဲ့ သင်္ဃန်းကျွန်းမြို့နယ်တွေမှာလည်း ဒီနေ့မှာ ဘတ်စ်ကားတွေ မီးလောင်ကျွမ်းတာတွေ၊ ပေါက်ကွဲတာတွေ ရှိခဲ့ပါတယ်။ အခုလို |
စစ်အာဏာသိမ်းဆန့်ကျင်မှု ကန့်ကွက်ဆန္ဒပြပွဲများ နိုင်ငံတဝန်း ပုံစံစုံပြုလုပ် Posted: 01 May 2021 08:22 AM PDT ရွှေပြည်သာမြို့မှာ ပြုလုပ်တဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲ။ (မေလ ၁၊ ၂၀၂၁။ ဓာတ်ပုံ - CJ)ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ မေဒေးနေ့မှာလည်း မြန်မာနိုင်ငံတဝန်းမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ပြီး ဒီမိုကရေစီရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ရှိခဲ့ပါတယ်။ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်ဘက်မှာ ဆန္ဒပြသူတွေ ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။ရန်ကုန်က မြို့နယ်တွေမှာ ပြောက်ကျားသပိတ် ဆန္ဒပြပွဲတွေ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.