Monday, May 3, 2021

သစ်ထူးလွင်

သစ်ထူးလွင်


မြန်မာနိုင်ငံက စက်ရုံတွေကို ကမ္ဘောဒီးယားမှာ ပြောင်းဖွင့်ဖို့ ဟောင်ကောင်လုပ်ငန်းရှင်တွေ စဉ်းစားနေ

Posted: 03 May 2021 06:26 AM PDT

ဟောင်ကောင်အခြေစိုက် ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်အုပ်စုတစ်စုက မြန်မာနိုင်ငံမှာ ရှိတဲ့ သူတို့ရဲ့ စက်ရုံတွေကို ကမ္ဘောဒီးယားနိုင်ငံ ကမ်ပွန်း ဆပိုဒေသက နေရာ ၂၀ လောက်မှာ ပြောင်းရွှေ့ဖွင့်လှစ်ဖို့ စဉ်းစားနေတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဗေ ဆမ်နန်းက ပြောကြောင်း ဖနွမ်းပင်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။အဝတ်အထည်၊ အိတ်နဲ့ ဖိနပ်တွေ ထုတ်တဲ့ စက်ရုံတွေအတွက် သင့်တော်တဲ့နေရာတွေ ရှာဖို့ ဒါမှမဟုတ် အဲဒီမှာ ရှိ

မိုးကုတ်လူမှုကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌ ထိန်းသိမ်းခံနေရ

Posted: 03 May 2021 06:25 AM PDT

မိုးကုတ်မြို့ လူမှုကယ်ဆယ်ရေးအဖွဲ့ မြို့နယ်ဥက္ကဋ္ဌဟာ မနေ့ မေလ ၂ ရက် မနက်ပိုင်းကတည်းက စစ်ကောင်စီရဲ့ထိန်းသိမ်းတာခံနေရပြီး ဒီနေ့ မေလ ၃ ရက်အထိ ပြန်မလွတ်လာသေးဘူးလို့ တိုင်းအဆင့် လူမှုကယ်ဆယ်ရေးရုံးဘက်ကနေ သိရပါတယ်။မိုးကုတ်မြို့အခြေစိုက် အဲဒီကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌရော၊ စေတနာ့ဝန်ထမ်း ၁၅ ဦးနဲ့ အသင်းပိုင် လူနာတင်ယာဉ် ၆ စင်းတို့ ပါ မနေ့က ထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။အသင်းသား စေတနာ့ဝန်ထမ်း ၁၅ ဦး ပြန်လွတ်လာပေမဲ့

ဆန္ဒပြသူတွေကိုနှိမ်နင်းမှု ရန်ကုန်ဒေသခံတွေ လုံခြုံမှုမဲ့

Posted: 03 May 2021 06:22 AM PDT

ရန်ကုန် စစ်အာဏာသိမ်း ဆန့်ကျင်ကန့်ကွက်ဆန္ဒပြ ( မေ၊ ၂ ၊ ၂ဝ၂၁)စစ်အာဏာသိမ်းအုပ်ချုပ်နေတာ ၃ လကျော်ပြီဖြစ်ပေမဲ့ ပြည်သူတွေဟာ စစ်အာဏာရှင်တွေအပေါ် ဇွဲမလျော့ ဆက်လက် ဆန့်ကျင်နေကြပါတယ်။ တပ်တွေဖက်ကလည်း ပြည်သူတွေ ဆန္ဒထုတ်ဖော်တာကို တားဆီးနိုင်ဖို့ ဆက်လက်ဖိနှိပ်နေပါတယ်။ အိမ်စီးကားတွေနဲ့ ဆန္ဒပြသူတွေကို ဖမ်းဖို့ ကြိုးစားတာ၊ သံပုံးတီးတဲ့မြို့နယ်တချို့က လမ်းပေါ်ရပ်ထားတဲ့ ကားတွေ တပ်ဖွဲ့ဝင်တွေ၊ မှန်ခွဲဖျက်စီးတာတွေလုပ်

ဟားခါးတွင် စစ်ကောင်စီတပ်ဖွဲ့နဲ့ ဟားခါး ပြည်သူ့ကာကွယ်ရေးတပ်တို့တိုက်ပွဲဖြစ်ပွါး

Posted: 03 May 2021 06:20 AM PDT

ချင်းကာကွယ်ရေးအဖွဲ့အမှတ်တံဆိပ်ချင်းပြည်နယ် ဟားခါးမြို့မှာ မေလ(၂)ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့လုံခြုံရေးဂိတ်ကို ဟားခါးမြို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့လို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။ ဖမ်းဆီးဆန္ဒပြသူတွေကို ပြန်လွှတ်ပေးဖို့တောင်းဆိုမှုကို တပ်ဖက်က မလိုက်လျောတဲ့အတွက် ခုလို ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ခဲ့တာပါ။ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီးနောက်ပိုင်း လုံခြံုရေးတင်းကြပ်တဲ့

နှစ်ဆယ့်လေးနာရီအတွင်း ငါးဦးသေဆုံး၊ ၁၁ ယောက် ဒဏ်ရာရ

Posted: 03 May 2021 06:18 AM PDT

နိုင်ငံအနှံ့ဖြစ်နေတဲ့ ဆန္ဒပြပွဲတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုဖြစ်ရပ်တွေမှာ ၂၄ နာရီအတွင်း သေဆုံးတဲ့အရပ်သား အနည်းဆုံး ငါးယောက်ရှိပြီး၊ ၁၁ ယောက် ဒဏ်ရာရသလို၊ အဖမ်းခံရသူ တစ်ဒါဇင်ကျော် ရှိခဲ့ပါတယ်။ သေဆုံးတဲ့သူတွေကတော့ စစ်ကိုင်းတိုင်း ဝက်လက်မြို့က သုံးယောက်၊ မကွေးတိုင်း ထီးလင်း မြို့နယ်က နှစ်ယောက်ဖြစ်ပါတယ်။မနေ့က မေလ ၂ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒပြပွဲမှာ

ခြိမ်းခြောက်ခံနေရပေမယ့် CDM လှုပ်ရှားမှု ဆက်လုပ်မယ်လို့ ဆရာ/ဆရာမတွေပြော

Posted: 03 May 2021 06:16 AM PDT

ပညာရေးဝန်ထမ်းတွေအားလုံး မေလ ၃ ရက် ဒီနေ့မှာ ကျောင်းပြန်တက်ဖို့နဲ့ ကျောင်းပြန်မတက်ရင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ ဖမ်းဆီးအရေးမယ်ဆိုတဲ့ ဖိအားပေးခြိမ်းခြောက် ခေါ်ယူနေမှုတွေရှိနေပါ တယ်။ ပညာရေးဝန်ထမ်းတချို့ကတော့ စစ်အာဏာရှင်စနစ် ကျဆုံးတဲ့အထိ CDM ဆက်လုပ်သွားမယ်ဆိုပြီး ဆုံးဖြတ်ချက်ချထားကြသူတွေရှိသလို တချို့ကလည်း ဖိအားပေးခြိမ်းခြောက်မှုတွေကြောင့် ဒီနေ့မှာ ကျောင်း ပြန်တက်တာတွေရှိနေပါတယ်။

မိုးမောက်မြို့နယ် စစ်ကောင်စီ ရဟတ်ယာဉ်ကို KIA မှ ပစ်ချ၊ တိုက်ပွဲပြင်းထန် အရပ်သားသေဆုံးမှုရှိ

Posted: 03 May 2021 06:05 AM PDT

သျှမ်းသံတော်ဆင့်မေ ၃ရက် ၂၀၂၁ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလောကျေးရွာအနီးတွင် ယနေ့ (မေ ၃)ရက် မနက်ပိုင်း တိုက်ပွဲအတွင်းပြင်းထန်ကာ  အကြမ်းဖက် စစ်ကောင်စီမှ တိုက်ခိုက်ရေး ရဟတ်ယာဉ် ကို KIA မှ ပစ်ချလိုက်သဖြင့် ပျက်ကျခဲ့ကြောင်း သတင်းရရှိသည်။ယနေ့ မနက်ပိုင်း အကြမ်းဖက် စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် တရစပ် လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကုန်လောကျေးရွာ မှ  ဘုန်းကြီးတပါးပျံလွန်ခဲ့ပြီး၊ ဒေသခံ (၃)ဦး ၊ထို

လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီးအဖြစ် NUG က ကယန်းတိုင်းရင်းသား ဗဟန်းထန် ကိုခန့်အပ်

Posted: 03 May 2021 06:02 AM PDT

ကန္တာရဝတီတိုင်း(မ်)အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးအဖြစ် ကယန်းတိုင်းရင်းသား ဗဟန်းထန် ကို ခန့်အပ်လိုက်ပါတယ်။တော်လှန်ရေးမိဘနှစ်ပါးမှ ပေါက်ဖွားလာတဲ့ အသက် ၃၉နှစ်အရွယ် တစ်ဦးတည်းသော သားဖြစ်တယ်လို့ သိရပါတယ်။၂၀၁၀ ခုနှစ်မှာ နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျောင်းပြီးခဲ့သူဖြစ်ပါတယ်။မိခင်အဖွဲ့အစည်းဖြစ်တဲ့ ကယန်းပြည်သစ်ပါတီမှာ ယခင်က

လေတပ်ဌာနချုပ်တွေက အဆက်သွယ်မရတဲ့အရာရှိစစ်သည် ၈၀နီးပါးရှိ

Posted: 03 May 2021 06:00 AM PDT

တပ်မတော်လေတပ်ဌာနချုပ်တွေက အရာရှိစစ်သည် ၈၀ နီးပါး တပ်ကနေထွက်ပြီး အဆက်အသွယ်မရဖြစ်နေတယ်လို့ တပ်မတော်လေနဲ့နီးစပ်သူက ဒီဗွီဘီသတင်းဌာနကို အတည်ပြုပြောဆိုပါတယ်။ အခုတပ်မတော်လေက ထွက်သွားတဲ့ အရာရှိစစ်သည်တွေဟာ မန္တလေး တံတားဦး၊ နမ့်ဆန်၊ မြစ်ကြီးနား၊ပုသိမ်၊မင်္ဂလာဒုံနဲ့ တောင်ငူလေတပ်တွေက တပ်မတော်သား တွေဖြစ်တယ်လို့ဆိုပါတယ်။ လေတပ်ဌာနချုပ်တွေမှာ ရှိနေတဲ့တပ်မတော်သားတွေအနေနဲ့ည၈နာရီထိုးမှာတန်းစီရပြီးအဲဒီအချိန်မှာမှမ

ရဟတ်ယာဥ်ပစ်ချခံရပြီး​​​နောက် စစ်​ကောင်စီလက်နက်ကိုင်များ၏ လက်လွတ်စပယ် ပစ်ခတ်​သည့် လက်နက်ကြီးထိမှန်ပြီး ပျံလွန်​​​တော်မူသွားသည့် ဘုန်းကြီးနှင့် ပြည်သူနှစ်ဦး။

Posted: 03 May 2021 05:59 AM PDT

May 3 - Kachinwavesရဟတ်ယာဥ်ပစ်ချခံရပြီး စစ်​ကောင်စီလက်နက်ကိုင်​များသည် လက်နက်ကြီး​များဖြင့် ကျေးရွာများသို့ ရမ်းပစ်သည့်အတွက် ကုန်း​လော ဘုန်းကြီး​ကျောင်းသို့ လက်နက်ကြီး နှစ်လုံးကျပြီး ဘုန်းကြီးတစ်ပါးပျံလွန်​​တော်မူပြီး ပြည်သူနှစ်ဦး​သေဆုံးကာ ၉ ​ယောက် ဒဏ်ရာရရှိခဲ့သည်။ "လက်ရှိချိန်ထိ ဆုံးတာ ၃ ​ယောက်။ အသက် ၅၀ အရွယ် အမျိုးသားနှစ်​ယောက် ​သေဆုံးပြီး ကျောင်းထိုင်ဘုန်းကြီးတစ်ပါးပျံလွန်​​​တော်မူတယ်။

စစ်ကောင်စီ ရဟတ်ယာဥ် တစ်စင်းပစ်ချခံရကြောင်း ကေအိုင်အေမှ အတည်ပြု

Posted: 03 May 2021 05:57 AM PDT

May 3 - Kachinwavesမိုးမောက်မြို့နယ် မြို့သစ်နှင့် ကုန်းလောကြားတွင် စစ်ကောင်စီလက်နက်၏ ရဟတ်ယာဥ်တစ်စီးကို ကေအိုင်အေမှ ယ​နေ့နံနက်ပိုင်း ပစ်ချခဲ့သည်မှာ အတည်ဖြစ်ကြောင်း ကေအိုင်အို သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။ယနေ့နံနက်ပိုင်းမှ စစ်ကောင်စီလက်နက်ကိုင်တပ်များနှင့် ကေအိုင်အေ တိုက်ပွဲဖြစ်ပွား ​နေပြီး ​စစ်​ကောင်စီဘက်မှ လေယာဥ်ဖြင့် တိုက်ခိုက်နေချိန် ကေအိုင်အေက ပစ်ချခဲ့ခြင်း

ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

Posted: 03 May 2021 05:54 AM PDT

ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းCommittee Representing Pyidaungsu Hluttaw - CRPHhttps://www.facebook.com/crph.official.mm/

သာကေတမှာ ညပိုင်းပေါက်ကွဲသံတွေ ဆက်တိုက်ကြားနေရ

Posted: 02 May 2021 05:55 PM PDT

အရပ်ဝတ်တွေနဲ့လူတွေက လိုက်လံဖမ်းဆီးမှုတွေရှိရန်ကုန် သာကေတမြို့နယ်ထဲမှာ အခုညပိုင်းပေါက်ကွဲသံတွေဆက်တိုက်ဆိုသလို ကြားနေရကြောင်း သာကတေနေထိုင်သူတွေက ပြောပါတယ်။ည ခုနှစ်နာရီကျော်က သာကေတ အမှတ် ၃ ဈေး အနီးမှာပေါက်ကွဲသံကြားခဲ့ရသလိုနောက်နာရီဝက်ခန့် အကြာမှာ ဂိတ်ဟောင်းမီးပွိုင့်အနီးမှာ ပေါက်ကွဲသံကြားခဲ့ရတယ်လို့လည်း သူတို့ကပြောပါတယ်။အဲ့ဒီနောက် ဂိတ်‌ဟောင်းအနီးမှာ ည ၈နာရီကျော်က ထပ်မံပေါက်ကွဲသံကြားရကြောင်းသူတို့က က

ယနေ့ဟားခါးမြို့နောက်ဆုံးအခြေအနေ

Posted: 02 May 2021 05:52 PM PDT

ယနေ့ဟားခါးမြို့ကျောဘုတ်ဂိတ်ဘက်တွင် စစ်ကောင်စီတပ်သားများနှင့်ပြည်သူ့တပ် CDF အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ပြီး စစ်တပ်ဘက်မှ ၅ဦးခန့်သေဆုံးခဲ့ကြောင်း ကနေဦးသတင်းအရသိရသည်။ညနေ ၇နာရီခန့်တွင် စတင်ပစ်ခတ်ခဲ့ကြပြီး ၉နာရီဝန်းကျင်တွင်ပြန်လည်ငြိမ်သတ်ခဲ့ကြောင်းသိရသည်။ပြည်သူ့တပ်ထဲမှ အထိခိုက် ဒဏ်ရာမရ ရှိကြောင်းလည်းသိရသည်။Chin Worldhttps://www.facebook.com/Chin-World-167011980026853

တောင်ကိုရီးယား နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ မြန်မာ့နွေဦး ၂၁ ဇာတ်လမ်းတို ပြသ

Posted: 02 May 2021 05:49 PM PDT

Jeonju International Film Festival - JIFF Logo (Credit: jeonjufest.kr)တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပနေတဲ့ ၂၂ ကြိမ်မြောက် Jeonju နိုင်ငံတကာ ရုပ်ရှင်ပွဲတော် (Jeonju International Film Festival - JIFF) ကို သောကြာနေ့က ကျင်းပခဲ့တာမှာ ဒီ ရုပ်ရှင်ပွဲတော်မှာ ပါဝင်တဲ့ ဒါရိုက်တာ ၈ ဦးက မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံတဲ့အနေနဲ့ ကိုရီးယားမှာရှိတဲ့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှု ကွန်ရက်က ကိုယ်စားလှယ် ၂ ဦး

ပဲခူး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်ပြာကျ

Posted: 02 May 2021 05:48 PM PDT

ပဲခူးမြို့ ဇိုင်းမြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်ပြာကျဧပြီလ ဆန်းပိုင်းက စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွဲမှုကြောင့် လူပေါင်း ၂၀၀နီးပါး သေဆုံးခဲ့ရတဲ့ ပဲခူးမြို့မှာ တနင်္ဂနွေနေ့ မနက်အစောပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တရုံး မီးလောင်ပြာကျခဲ့ပါတယ်။ မျက်မြင်သက်သေတဦးပြောပြချက်အရ မီးစလောင်တဲ့ အကြောင်းအရင်းကို မသိရပေမဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးအသစ်ကို ရပ်ကွက်ပြည်သူတွေ သဘောမကျ လက်မခံကြဘူး

စစ်အာဏာရှင်စနစ်ကို အတူတကွ တိုက်ဖျက်ချေမှုန်းရန် ကရင်လက်နက်ကိုင်အဖွဲ့များကို KNLA ဒုစစ်ဦးစီးချုပ်တိုက်တွန်း

Posted: 02 May 2021 08:17 AM PDT

မေလ ၂ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီစစ်အာဏာရှင်စနစ်ကို အတူတကွ တိုက်ဖျက်ချေမှုန်းကြရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA )ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ကရင်လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ကို ယနေ့ (မေ ၂ရက်) တိုက်တွန်းလိုက်သည်။ ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ဒေသဘက်တွင် စစ်ကောင်စီတပ်မှ လေယာဉ်၊ မြေပြင်ဖြင့် ထိုးစစ်ဆင်လာမှုနှင့်ပတ်သက်၍  KNLA ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘော

မေ ၂ ရက် နွေဦးတော်လှန်ရေးနေ့ ပစ်ခတ်မှုတွေကြောင့် အနည်းဆုံး ၆ ဦးသေဆုံး

Posted: 02 May 2021 08:15 AM PDT

သီပေါသပိတ် ပစ်ခတ်မှုမှာ ကျည်ထိမှန်ခဲ့သူတစ်ဦးမေ ၂ ရက်နေ့မှာ မြန်မာနိုင်ငံ မေလ နွေဦးတော်လှန်ရေး အထွေထွေသပိတ်အဖြစ် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ သီပေါ၊ နောင်ချို၊ ဖားကန့်နဲ့ နိုင်ငံအဝှမ်း မြို့တွေမှာ လူထောင်သောင်းချီ ပြန်ထွက်လာခဲ့ကြပြီးဆန္ဒပြခဲ့ကြပါတယ်။အဲ့ဒီ့ သပိတ်စစ်ကြောင်းထွက်လာသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်ကပစ်ခတ်ဖြိုခွင်းခဲ့လို့ သီပေါ ၊ နောင်ချို၊ ဖားကန့်နဲ့ ဝက်လက်မြို့တွေမှာ ၆ဦးထက်မနည်း

ဝက်လက်မြို့မှာ ပစ်ခတ်မှုကြောင့်နှစ်ဦးသေဆုံး

Posted: 02 May 2021 08:12 AM PDT

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်က အာဏာသိမ်းစစ်ကောင်စီ ဆန့်ကျင်ဆန္ဒပြပွဲမှာ ပစ်ခတ်မှုကြောင့် နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက နေတစ်ဆင့်သိရပါတယ်။သေဆုံးခဲ့သူတစ်ဦးဟာ မှတ်ထိရွာက ဖြစ်ပြီးနောက်တစ်ဦးက မြို့ပေါ်က အသက်၄၀ ကျော်အမျိုးသားတစ်ဦးဖြစ်တယ်လို့လည်း သူတို့ကပြောပါတယ်။ဒီကနေ့ မေလ ၂ ရက် ဝက်လက် မြို့က သပိတ်ဖြိုခွင်းမှုမှာ ကျည်ထိမှန်သူ ၇ ဦးခန့်ရှိတယ်လို့လည်းဒေသခံတွေက ပြောပါတယ်။ပစ်ခတ်မှုတွေအပြီးမှာ ဆန္ဒပြသူ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.