သစ္ထူးလြင္ |
- ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ မလွတ်လပ်တဲ့ မြန်မာ့သတင်းသမားတို့ ဘဝ
- လုံခြုံရေးတင်းကြပ်မှုကြား ရန်ကုန်လူငယ်တွေ လျှပ်တပြက်ဆန္ဒပြ
- ကချင်ပြည်နယ် အခြေစိုက် The 74 Media သတင်းဌာန ပိတ်သိမ်းခံရ
- တောင်ကိုရီးယားရောက် ပညာတော်သင်အရာရှိတွေ CDMမှာ ပါဝင်
- ကန်လွှတ်တော်ကြားနာပွဲ သံအမတ်ကြီးဦးကျော်မိုးထွန်း မြန်မာ့အရေးတင်ပြဖို့ ရှိ
- ဟားခါး စစ်ကောင်စီကင်းစခန်း တခုကို ချင်းကာကွယ်ရေးတပ် ထပ်မံတိုက်ခိုက်
- ဗန်းမော်ဆေးရုံ အရေးပေါ်ဌာနရှေ့ ဗုံးပေါက်ကွဲ
- ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီ ထီးလင်းတိုက်ပွဲမှာ ရဲသုံးယောက် သေဆုံး
- ဂျပန်သတင်းထောက် သတင်းမှားများဖြန့်ဝေမှုနဲ့ တရားစွဲဆိုခံရ
- အာဏာသိမ်းမှုကြောင့် telenor မြန်မာ ဒေါ်လာသန်းချီရှုံးရ
- စစ်ကောင်စီ နဲ့ ကြံရာပါ လက်ပါးစေတွေကို ကျည်ဆန် နဲ့ သတိပေးစာပို့ (သိမ်ဇရပ်)
- ကွတ်ခိုင်မြို့ အနီး တိုက်ပွဲပြင်းထန်နေ
- တိုင်းရင်းသားလက်နက်ကိုင်များ အနေနဲ့ တိုက်ပွဲတွေ အမြန်ချုပ်ငြိမ်းပေးဖို့ ပြည်သူများတောင်းဆို
- မိုးမောက်မြို့နယ်တွင် ယနေ့လည်း တိုက်ပွဲဖြစ်ပွားဆဲ
- ဖားကန့်မှော်ဝမ်း သပိတ်ဖြိုခွင်းချိန် အဖမ်းခံရသည့် လူငယ် ၈ ယောက်အား ၅၀၅(က)ဖြင့်အမှုဖွင့်
- ဖရူဆိုမြို့နယ်ထွေအုပ်ရုံးအတွင်း ဗုံးကွဲ
- ထီးလင်းမြို့တွင် စစ်တပ်နှင့်ဒေသခံများ တိုက်ပွဲဖြစ် အကြမ်းဖက် ၄ ဦးသေ၊ ပြည်သူ ၃ ကျဆုံး
- ကိုယ်ပိုင်အိမ်စီးကားများနဲ့ ယောေဒသကိုဖြတ်သန်းသွားလာခြင်းမပြုရန် MDF-ယောနယ်က ထုတ်ပြန်
- ဖာပွန်မြို့နှင့်အနီးနားရှိရွာများတွင် တိုက်ပွဲကြောင့် ဒေသခံများပိတ်မိနေ
- လှိုင်းဘွဲမြို့ ပညာရေးမှူးရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်
- ပဲခူးမြို့နယ်ရှိကမ္ဘေဇဘဏ်များမှတစ်နေလျှင် ၂၀ ဦးသာငွေထုတ်ခွင့်ရရှိမည်
- CDM ပြုလုပ်သည့် ပညာရေးဝန်ထမ်းများ လုပ်ငန်းခွင်သို့ ပြန်မဝင်ပါက ၅၀၅ (က)ဖြင့်ဖမ်းဆီးမည်ဟု ခြိမ်းခြောက်
- လောင်းလုံမှာ ရွာသားနှစ်ဦး ပစ်သတ်ခံရ
- စစ်ကောင်စီ လေကြောင်းကတိုက်နေတဲ့ KNU နယ်မြေထဲ BGF တွေဝင်ရောက်
- ကျောင်းပြန်ဖွင့်ရေး ဆန့်ကျင်သူတွေ အကြမ်းဖက် နှိမ်နင်းခံရ
ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ မလွတ်လပ်တဲ့ မြန်မာ့သတင်းသမားတို့ ဘဝ Posted: 04 May 2021 07:40 AM PDT ၂၀၂၁ မတ်လတုန်းက ရန်ကုန်ဆန္ဒပြပွဲတွေအတွင်း သတင်းဓါတ်ပုံယူနေသော အမျိုးသမီးဓါတ်ပုံ သတင်းထောက် ငြိမ်းလေး (ဓါတ်ပုံ credit: Thant Lwan Wai Chit)မေလ (၃)ရက်ကို ကမ္ဘာလုံးဆိုင်ရာ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ထားပါတယ် ။မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီက သတင်းသမားတွေကို ပစ်မှတ်ထား အကြမ်းဖက်ဖိနှိပ်နေတဲ့ကြားက သူတို့အနေနဲ့ စွန့်စွန့်စားစားသတင်းယူနေရကြောင်း |
လုံခြုံရေးတင်းကြပ်မှုကြား ရန်ကုန်လူငယ်တွေ လျှပ်တပြက်ဆန္ဒပြ Posted: 04 May 2021 07:38 AM PDT မေလ ၄ ရက်နေ့ ရန်ကုန်သပိတ် စစ်ကြောင်း မြင်ကွင်း။ (ဓာတ်ပုံ - ကိုဇော်ဝင်းနိုင် - မေ ၀၄၊ ၂၀၂၁)စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေအပေါ် လုံခြုံရေးတွေက မျက်ခြေမပြတ် စောင့်ကြည့် ဖြိုခွဲနေတဲ့ကြားက ရန်ကုန်မြို့မှာ လူငယ်တွေ လ ျှပ်တပြက်ဆန္ဒပြမှုတွေကို ပြေးလွှားရင်း လုပ်လာကြပါတယ်။ ဒီနေ့လည်း မြို့နယ်တချို့မှာ သူတို့တောင်းဆိုချင်တာကို အချိန်တိုတွင်း တောင်းဆိုဆန္ဒပြပြီး လူစုခွဲခဲ့ကြပါတယ်။ ရန်ကုန်ကလာတဲ့ သတင်း |
ကချင်ပြည်နယ် အခြေစိုက် The 74 Media သတင်းဌာန ပိတ်သိမ်းခံရ Posted: 04 May 2021 07:36 AM PDT ကချင်ပြည်နယ် အခြေစိုက် The 74 Media သတင်းဌာန ပိတ်သိမ်းခံရ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အခြေစိုက် သတင်းအေဂျင်စီဖြစ်တဲ့ The 74 Media ရဲ့ facebook cover photo ကို တွေ့ရစဉ်Photo: The 74 Media - facebookကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အခြေစိုက် သတင်းအေဂျင်စီတစ်ခုဖြစ်တဲ့ The 74 Media ကို လုပ်ငန်း ပိတ်သိမ်းလိုက်ကြောင်း စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက မေလ ၃ ရက်နေ့ မနေ့က အင်တာနက် အီးမေးလ်ကနေတစ်ဆင့် |
တောင်ကိုရီးယားရောက် ပညာတော်သင်အရာရှိတွေ CDMမှာ ပါဝင် Posted: 04 May 2021 07:34 AM PDT အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာ ပြည်တွင်းရှိဝန်ထမ်းတွေသာမက နိုင်ငံတကာကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေတဲ့ အရာရှိတွေဝန်ထမ်းတွေလည်း ပါဝင်နေကြပါတယ်။ တောင်ကိုရီးယားမှာ ပညာသင်ဆုနဲ့ ရောက်ရှိနေတဲ့ မြန်မာတွေနိုင်ငံသားအရေအတွက်ကို အတိအကျ မသိရပေမယ့် ရာနဲ့ချီပြီး ရှိနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီသူတွေထဲမှာ တက္ကသိုလ်ပါမောက္ခတွေနဲ့ ညွန်ကြားရေးမှူး အဆင့်တွေလည်း ပါဝင်ပြီး အများအပြားက CDM |
ကန်လွှတ်တော်ကြားနာပွဲ သံအမတ်ကြီးဦးကျော်မိုးထွန်း မြန်မာ့အရေးတင်ပြဖို့ ရှိ Posted: 04 May 2021 07:31 AM PDT ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း။ (မတ် ၁၁၊ ၂၀၁၉)ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့နဲ့ အမေရိကန်က ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံပိုင် ရန်ပုံငွေတွေကို အရေးပေါ် အကူအညီလိုအပ်နေတဲ့ မြန်မာလူထုအတွက် လူသားစာနာမှု အကူအညီပေးဖို့၊ သူတို့အသက်ရှင်သန်ရေး အထောက်အကူပြုနိုင်ဖို့ NUG ကို သုံးစွဲခွင့်ပြုရေး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး |
ဟားခါး စစ်ကောင်စီကင်းစခန်း တခုကို ချင်းကာကွယ်ရေးတပ် ထပ်မံတိုက်ခိုက် Posted: 04 May 2021 07:30 AM PDT ချင်းကာကွယ်ရေးအဖွဲ့အမှတ်တံဆိပ်။ချင်းပြည်နယ် ဟားခါးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ လုံခြုံရေးကင်းစခန်းတခုကို ဟားခါးမြို့ ဒေသခံပြည်သူ့ ကာကွယ်ရေး အဖွဲ့တွေက မေလ ၃ ရက် တနင်္လာနေ့ ညပိုင်းက ဒုတိယမြောက်နေ့အဖြစ် တိုက်ခိုက်ခဲ့ပါတယ်။ ဖမ်းဆီးဆန္ဒပြသူတွေကို ပြန်လွှတ်ပေးဖို့ အပါအဝင် ဒေသခံတွေရဲ့တောင်းဆိုမှုကို စစ်တပ်ဘက်က မလိုက်လျောလို့ ခုလို ပစ်ခတ် တိုက်ခိုက်တာလို့ ကာကွယ်ရေးအဖွဲ့ပြောခွင့်ရကပြောပါတယ်။ ခုလို |
ဗန်းမော်ဆေးရုံ အရေးပေါ်ဌာနရှေ့ ဗုံးပေါက်ကွဲ Posted: 04 May 2021 07:28 AM PDT ဗန်းမော်ဆေးရုံ အရေးပေါ်ဌာနရှေ့ ဗုံးပေါက်ကွဲ ဗန်းမော်ပြည်သူ့ဆေးရုံကြီး အရေးပေါ်လူနာဌာနရှေ့ ၂၀၂၁ မေလ ၄ ရက်နေ့က ဗုံးပေါက်ကွဲတဲ့နေရာကို တွေ့ရစဉ် / Photo: RFAကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ဗန်းမော်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ အရေးပေါ်လူနာဌာနရှေ့ ပန်းခြံမှာ ဒီနေ့ နေ့လယ် ၂ နာရီဝန်းကျင်ခန့်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဗန်းမော်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။"အသံအကျယ်ကြီး ကြားလိုက်ရတာ။ တမြို့လုံး ဒီအသံကျယ် |
ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီ ထီးလင်းတိုက်ပွဲမှာ ရဲသုံးယောက် သေဆုံး Posted: 04 May 2021 07:25 AM PDT မကွေးတိုင်း ထီးလင်းမြို့နယ်မှာ မေလ ၄ ရက် ဒီနေ့မနက် ၇ နာရီလောက်ကတည်းစပြီး ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တွေနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ဘက် က သုံးယောက်သေတယ်လို့ ထီးလင်းဒေသခံက ပြောပါတယ်။ထီးလင်းမြိုနယ်ထဲက လေးနေရာလောက်မှာ ခုခံတိုက်ပွဲဖြစ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အခြေအနေကောင်းနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထီးလင်းဒေသခံတစ်ယောက်က RFA |
ဂျပန်သတင်းထောက် သတင်းမှားများဖြန့်ဝေမှုနဲ့ တရားစွဲဆိုခံရ Posted: 04 May 2021 07:22 AM PDT ရန်ကုန်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဂျပန်သတင်းထောက် ယူကီကီတာဇူမီ ကို သတင်းမှားများဖြန့်ဝေမှုနဲ့ စစ်ကောင်စီ က တရားစွဲဆိုလိုက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးကပြောပါတယ်။ယူကီကီတာဇူမီဟာစစ်အာဏာသိမ်းကာလအတွင်းဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် တရားစွဲဆိုခံရတဲ့ပထမဆုံးနိုင်ငံခြားသားသတင်းထောက်ဖြစ်ပါတယ်။ယူကီကီတာဇူမီကိုဘယ်လိုပုဒ်မနဲ့ တရားစွဲဆိုတယ်ဆိုတာမသိရပါဘူး။ဒါပေမဲ့ ဂျပန်သံရုံးဘက်က ပြောကြားချက်အရ |
အာဏာသိမ်းမှုကြောင့် telenor မြန်မာ ဒေါ်လာသန်းချီရှုံးရ Posted: 04 May 2021 07:02 AM PDT (၄/၅/၂၀၂၁)အာဏာသိမ်းစစ်တပ်ရဲ့ မိုဘိုင်းအင်တာနက်ဖြတ်တောက်ထားမှုတွေအပါအဝင် လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ကြောင့် နော်ဝေ telenor company အနေနဲ့ ဒေါ်လာသန်းချီဆုံးရှုံးရသလို အစုရှယ်ယာတန်ဖိုးကျဆင်းမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေပြန်ဖွင့်ပေးဖို့နဲ့ လွတ်လပ်စွာရေးသားဖေါ်ပြမှုတွေကို လေးစားတန်ဖိုးထားဖို့ တောင်းဆိုထားကြောင်း telenor company က ပြောပါတယ်။ ပိတ်ဆို့ဟ |
စစ်ကောင်စီ နဲ့ ကြံရာပါ လက်ပါးစေတွေကို ကျည်ဆန် နဲ့ သတိပေးစာပို့ (သိမ်ဇရပ်) Posted: 04 May 2021 07:00 AM PDT (၄/၅/၂၀၂၁)(PDF) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (သိမ်ဇရပ်)က အကြမ်းဖက်စစ်ကောင်စီ နဲ့ သူတို့ရဲ့ လက်ပါးစေတွေကို ကျည်ဆန်ထည့်ထားတဲသတိပေးစာ တွေ ဒီကနေ့ ပေးပို့ ခဲ့တယ်လို့ သိရပါတယ်။အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေ ကိုရပ်တန်းကရပ်ဖို့ စာထဲမှာရေးထားသလို စစ်ကောင်စီနဲ့ ဆက်လက်ပူးပေါင်းနေမယ်ဆိုပါကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (သိမ်ဇရပ်) PDF (Theinzayat) အနေနဲ့ လက်ပိုက်ကြည့်နေမှမဟုတ်ဘူးလို့လည်း သတိပေးထားပါတယ် |
ကွတ်ခိုင်မြို့ အနီး တိုက်ပွဲပြင်းထန်နေ Posted: 04 May 2021 06:58 AM PDT မေ ၄ရက် ၂၀၂၁သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်ဘန်ကျေးရွာအနီးတွင် ယနေ့ ( မေ ၄)ရက် ညနေ ၃နာရီမှ စတင်ကာ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်း ရရှိသည်။အဆိုပါ တိုက်ပွဲသည် အကြမ်းဖက် စစ်ကောင်စီ နှင့် ကိုးကန့် (MNDAA)၊ တအာင်း (ပလောင် ) TNLA၊ ကချင် တပ် (KIA)ပူးပေါင်းတို့ ဖြစ်ပွားကြောင်း၊ လက်ရှိ အချိန်ထိ တိုက်ပွဲများဖြစ်ပွားနေသဖြင့် မန်ဘန်ကျေးရွာပြည်သူများ ဗုံးခိုကျင်းတွင် သွားရောက်နေရ |
တိုင်းရင်းသားလက်နက်ကိုင်များ အနေနဲ့ တိုက်ပွဲတွေ အမြန်ချုပ်ငြိမ်းပေးဖို့ ပြည်သူများတောင်းဆို Posted: 04 May 2021 06:54 AM PDT နေအိမ်ပြာကျသည့်အထိ မီးလောင်ဆုံးရှုံးသွားသော မန်လီကျေးရွာပြည်သူရဲ့ သောကပူဆွေးတဲ့ငိုကြွေးသံ ၊ အားကိုးရာမဲ့ ပြည်သူတွေဘဝကို စာနာပြီး မီးရှို့မှုတွေရပ်တန့်ပေးပါ။ စစ်မီးတွေငြိမ်းပေးပါ။ သျှမ်းပြည်တောင်ပိုင်း နမ္မတူမြို့နယ် မန်လီကျေးရွာအတွင်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှု အနီးတွင် အရပ်သား နေအိမ် (၄၀)ကျော် မီးရှို့ဖျက်ဆီးခံရကြောင်း သတင်းရရှိသည်။နမ္မတူမြို့နယ် မန်လီကျေးရွာ တွင် |
မိုးမောက်မြို့နယ်တွင် ယနေ့လည်း တိုက်ပွဲဖြစ်ပွားဆဲ Posted: 04 May 2021 06:49 AM PDT Source - The Kachin NetMay 4 - Kachinwavesမိုးမောက်မြို့နယ်ရှိ ကေအိုင်အေ တပ်မဟာ(၅) တပ်ရင်း (၂၅)နယ်မြေရှိ ဆလောင်းကုန်းအနီးတွင် ယနေ့ နံနက် ၄နာရီ မှ စ၍ နေ့လည်အထိ တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဆလောင်းကုန်းအနီးဘက်တွင် စစ်ကောင်စီလက်နက်ကိုင်တပ်များမှ လက်နက်ကြီးများနှင့် အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး ကေအိုင်အေတပ်စခန်းရှိရာသို့ စစ်ကောင်စီလက်နက်ကိုင်များခြေလျင်တပ်ဖြင့် ချီတက်လာသည့်အတွက်ကြောင့် |
ဖားကန့်မှော်ဝမ်း သပိတ်ဖြိုခွင်းချိန် အဖမ်းခံရသည့် လူငယ် ၈ ယောက်အား ၅၀၅(က)ဖြင့်အမှုဖွင့် Posted: 04 May 2021 06:47 AM PDT May 4 - Kachinwaves ဧပြီ ၂ရက်နေ့က ဖားကန့်မှော်ဝမ်း သပိတ်ဖြိုခွင်းချိန် ဖမ်းဆီးခံရသည့် ပြည်သူ ၁၂ဦးမှ ၈ဦးကို ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း သပိတ်တွင်ပါဝင်သူတစ်ဦးက ပြောသည်။မှော်ဝမ်းသပိတ်ဖြိုခွင်းချိန် အဖမ်းခံရသည့် အထဲပါသည့် အသက်မပြည့်သူ ၄ဦးမှ သုံးဦးကို အာမခံဖြင့် ပြန်လွတ်ပေးသော်လည်း တစ်ဦးမှာ မိဘမဲ့ဖြစ်ကာ အာမခံပေးမည့်သူမရှိ၍ မလွတ်ပေးသေးကြောင်း သပိတ်တွင် ပါဝင်သူတစ်ဦးက ဆိုသည်။ |
ဖရူဆိုမြို့နယ်ထွေအုပ်ရုံးအတွင်း ဗုံးကွဲ Posted: 04 May 2021 06:38 AM PDT မေလ ၄ရက်နေ့ ဖရူဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး ရုံးမှာ ဗုံး ၂လုံးကွဲ တယ်လို့ သိရပါတယ်။နေ့လည် ၁၁နာရီခွဲလောက်မှာ ကွဲတာဖြစ်ပြီး အထိခိုက် အပျက်အစီးစာရင်းကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။"ဗုံး၂လုံးကွဲတယ်လို့တော့ကြားတယ် လက်ပစ်ပုံးလို့တော့ပြောတယ်"လို့ ဒေသခံတစ်ဦးကပြောပါတယ်။လက်ရှိမှာတော့ ထွေအုပ်ရုံး အနားမှာ လှုံခြုံရေးတွေ တင်းကြပ်ထားတယ်လို့ သိရပါတယ်။Kantarawaddy Timeshttps://www.facebook.com/ |
ထီးလင်းမြို့တွင် စစ်တပ်နှင့်ဒေသခံများ တိုက်ပွဲဖြစ် အကြမ်းဖက် ၄ ဦးသေ၊ ပြည်သူ ၃ ကျဆုံး Posted: 04 May 2021 06:35 AM PDT မကွေးတိုင်း ထီးလင်းမြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် ဒေသခံပြည်သူများ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံ ၃ ဦးနှင့် စစ်ကောင်စီဘက်မှ ၄ ဦးထက်မနည်း သေဆုံးကြောင်း ဒေသခံများက ပြောသည်။ ထီးလင်းမြို့နယ်၊ ပညာရေးမှူးရုံးတွင် မေ ၃ နံနက် ၇ နာရီခန့်က ဖြစ်ပွားခဲ့သော လက်လုပ်မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ထီးလင်းမြို့မှ ၁၅ မိုင်ခန့်အကွာရှိ ထန်းပင်ကုန်းရွာသို့ ရဲနှင့် စစ်တပ်က လာရောက်ရှာဖွေရာတွင် အပြန်အလှန်ပစ်ခတ်မှု |
ကိုယ်ပိုင်အိမ်စီးကားများနဲ့ ယောေဒသကိုဖြတ်သန်းသွားလာခြင်းမပြုရန် MDF-ယောနယ်က ထုတ်ပြန် Posted: 04 May 2021 06:33 AM PDT ကိုယ်ပိုင်အိမ်စီးကားများနဲ့ ယောေဒသကိုဖြတ်သန်းသွားလာခြင်းမပြုရန် MDF-ယောနယ်က ထုတ်ပြန် ၊ ဆက်လက်ပြီး စစ်အာဏာရှင် အားပေးတဲ့ဝန်ထမ်းများ သေဆုံးလျှင် ယောနယ်မြေတွင် မြေသဂြိုလ်ခွင့်ပေးမှာမဟုတ်ကြောင်းရာဇသံပေး။Zalenhttps://www.facebook.com/zalen.info/ |
ဖာပွန်မြို့နှင့်အနီးနားရှိရွာများတွင် တိုက်ပွဲကြောင့် ဒေသခံများပိတ်မိနေ Posted: 04 May 2021 06:24 AM PDT ပြီးခဲ့သည့် ဧပြီလက စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည့် ဖာပွန်ဒေသခံများ။မေလ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီဖာပွန်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားတပ်မတော်-KNLA တပ်မဟာ(၅)တို့အကြားတိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည့်အတွက် ဖာပွန်မြို့နှင့်အနီးနားရှိ ကျေးရွာများတွင် ဒေသခံများ ပိတ်မိနေပြီး စာနပ်ရိက္ခာများလည်း ပြတ်လုနီးပါးရှိနေပြီဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။ဖာ |
လှိုင်းဘွဲမြို့ ပညာရေးမှူးရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ် Posted: 04 May 2021 06:21 AM PDT မေ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ ပညာရေးမှူးရုံးအနီးတွင် ယနေ့(မေ ၄ ရက်)နံနက် ၂ နာရီခွဲ အချိန်ခန့်တွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်ဟု မြို့ခံများက ပြောသည်။ အမည်မဖော်လိုသူ မြို့ခံတစ်ဦးက "ညက ၂ နာရီခွဲခါနီးမှာ လှိုင်းဘွဲဈေးရှေ့က ပညာရေးမှူးရုံးရဲ့ ခြံဘေးအုတ်တံတိုင်းမှာ ကွဲတာ၊ လက်လုပ်မိုင်းလို့ ပြောတယ်။ ထိခိုက်မှုတော့ များများစားစားမရှိဘူး။ တုန်ခါမှုကြောင့် မှန် |
ပဲခူးမြို့နယ်ရှိကမ္ဘေဇဘဏ်များမှတစ်နေလျှင် ၂၀ ဦးသာငွေထုတ်ခွင့်ရရှိမည် Posted: 04 May 2021 06:19 AM PDT ပဲခူး မေ ၄ ။ပဲခူးမြို့နယ်တွင် ကမ္ဘောဇဘဏ်ခွဲ ၇ ခုရှိသော်လည်း ဈေးပိုင်းရှိ ဘဏ် ၅ တစ်ခုတည်းသာငွေထုတ်ခွင့်ပြုထားပြီ တစ်နေလျှင် ၂၀ ဦးသာထုတ်ခွင့်ပြုပြီ တစ်ဦးလျှင်တစ်ပတ် ၅ သိန်းသာထုတ်ခွင့်ပြုသည်ဟု ပဲခူးကမ္ဘောဇဘဏ်များမှစုံစမ်းသိရှိရသည်။လောလောဆယ်က အေတီအမ်ရမယ် ငွေလွှဲက အကောင့်အချင်းချင်းပဲရမယ်ဟု ကမ္ဘောဇေဘဏ်ဝန်ထမ်းတစ်ဦးကဆိုသည်။အေတီအမ်ကဒ်မှာတစ်ဦးလျှင် ၂ သိန်းသာထုတ်ခွင့်ပြုထားသဖြင့် မိသားစုဝင်များသည့်မိသားစု |
CDM ပြုလုပ်သည့် ပညာရေးဝန်ထမ်းများ လုပ်ငန်းခွင်သို့ ပြန်မဝင်ပါက ၅၀၅ (က)ဖြင့်ဖမ်းဆီးမည်ဟု ခြိမ်းခြောက် Posted: 03 May 2021 06:13 PM PDT မေ ၃ရက် ၂၀၂၁သျှမ်းပြည်အတွင်း စစ်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုပြုလုပ်နေသည့် ပညာရေးဝန်ထမ်းများကို ရာဇာသတ်ကြီး ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုနေသဖြင့် တချို့ ပညာရေးဝန်ထမ်းများ စိုးရိမ်စိတ်များဖြင့် လုပ်ငန်းခွင် ပြန်ဝင်နေရကြောင်း စုံစမ်းသိရသည်။အကြမ်းဖက် စစ်ကောင်စီ မှ ကျောင်းများ ပြန်လည်ဝင်ရန် နည်းမျိုးစုံ ကြိုးစားနေပြီး၊ လက်ရှိ CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများကို အလုပ် |
လောင်းလုံမှာ ရွာသားနှစ်ဦး ပစ်သတ်ခံရ Posted: 03 May 2021 06:09 PM PDT မင်းရပ်ရွာသား အသက် ၂၄ နှစ်အရွယ် ကိုဇော်ငြိမ်းတင့်တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်က ရွာသားနှစ်ယောက် စစ်သားတွေရဲ့ ပစ်ခတ်ခံခဲ့ရလို့ သေဆုံးခဲ့ကြတယ်လို့ သူတို့ရဲ့မိသားစုဝင်တွေထံက တစ်ဆင့်သိရပါတယ်။မေလ ၂ ရက် ည ၁၀ နာရီလောက်က လောင်းလုံးမြို့နယ် မင်းရပ်ရွာသား အသက် ၂၄ နှစ်အရွယ် ကိုဇော်ငြိမ်းတင့်ကို ရွာကင်းစခန်းအနီးမှာ ပစ်ခတ်ပြီး သူဆိုင်ကယ်ရော သူ့ကိုပါ စစ်ကားပေါ် တင်သွားခဲ့ပြီးနောက်အလောင်းကိုတော့ မေလ ၄ ရက် |
စစ်ကောင်စီ လေကြောင်းကတိုက်နေတဲ့ KNU နယ်မြေထဲ BGF တွေဝင်ရောက် Posted: 03 May 2021 06:07 PM PDT မှတ်တမ်းဓါတ်ပုံ ၂၀၁၆ စက်တင်ဘာလတုန်းက ကရင်ပြည်နယ်အတွင်း တွေ့ရသော BGF တပ်များကရင်ပြည်နယ် ၊ ဖာပွန်ခရိုင်အတွင်းမှာ မြန်မာစစ်ကောင်စီတပ်စခန်းဖြစ်တဲ့ မယ်ရထာစခန်းကို KNU ကသိမ်းယူပြီးတဲ့နောက် စစ်ကောင်စီဘက်က ၄ရက်မြောက်အဖြစ် သံလွင်မြစ်အနီးက ကရင်ကျေးရွာတွေကို တနင်္ဂနွေနေ့က ဗုံးကြဲတိုက်ခိုက်မူ ထပ်လုပ်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် |
ကျောင်းပြန်ဖွင့်ရေး ဆန့်ကျင်သူတွေ အကြမ်းဖက် နှိမ်နင်းခံရ Posted: 03 May 2021 06:04 PM PDT မှတ်တမ်းဓါတ်ပုံ - ဖေဖော်ဝါရီ ၁၉ ရက်နေ့က စစ်အာဏာသိမ်းတာကို ဆန့်ကျင်ပြီး CDM လှုပ်ရှားမှုမှာပါဝင်နေတဲ့ ဆရာ၊ ဆရာမများဆရာ၊ ဆရာမတွေအပါအဝင် အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လုပ်ကြဖို့ တိုက်တွန်းဆော်သြမှုတွေရှိနေချိန် ကျောင်းပြန်တက်တဲ့ ကျောင်းဆရာတွေကို နယ်မြို့တချို့မှာ ပြည်သူတွေက ဆန္ဒပြခဲ့ကြပါတယ်။တောင်သာမြို့က နန်းမြင့်ကျေးရွာမှာ ခုလို ဆန္ဒပြသူတွေကို တပ်တွေပစ်ခတ်ပြီး အမျိုးသမီးတယောက်ကို ဖမ်းဆီးသွားပါတယ်။ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.