သစ္ထူးလြင္ |
- စလောင်းတပ်ရင် ထောင်ချခံရနိုင်တယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်
- ထိုင်းကိုပို့တဲ့ ဓာတ်ငွေ့ပိုက်လိုင်းကနေ တိုတယ် အတွက် အမြတ် ၉၇ % အထိ ရှိနေ
- ကန်အောက်လွှတ်တော်ကြားနာပွဲ မြန်မာသံအမတ်ကြီးတင်ပြချက် လူ့အခွင့်အရေးလှုပ်ရှားသူတွေ ကြိုဆို
- စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုရပ်တန့်ဖို့ ရခိုင်အမျိုးသားပါတီ ဆုံးဖြတ်
- မန္တလေး ကျောက်ဝိုင်းက ဆိုင်ခန်းတွေကို ပြန်ဖွင့်ဖို့ စစ်ကောင်စီ ဖိအားပေး
- စစ်ကောင်စီတပ်ဖွဲ့ကြောင့် ပျက်စီးသွားတဲ့အင်ဂျင်နီယာရည်မှန်းချက်
- စစ်တပ်နဲ့ ကြုံကြိုက်လို့ အသတ်ခံလိုက်ရသူ လူငယ်
- မြန်မာနိုင်ငံတွင်း အခြေခံစားကုန်စျေးတက်ပြီး စားဝတ်နေရေးကြပ်တည်းလာ
- ပြည်ဗုံးပေါက်ကွဲမှု ကယ်ဆယ်ရေးသမားတဦး ကိုယ်တွေ့
- ကွတ်ခိုင်မှာ စစ်ကောင်စီနဲ့ တအာင်း၊ ကိုးကန့် ပူးပေါင်းအဖွဲ့ တိုက်ပွဲဖြစ် အရပ်သားထိခိုက်မှုရှိ
- ဗုံးကွဲမှုကြောင့် သေဆုံးခဲ့ရတဲ့ NLD အမတ်ရဲ့ ကျန်ရစ်သူ မိသားစုကို စစ်ကောင်စီဖမ်းဆီး
- ဟားခါးတဣသိုလ်ယနေ့ကျောင်းဖွင့်လှစ်သော်လည်း တက်ရောက်သူမရှိ
- အမျိုးသားညီညွတ်ရေး အစိုးရ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ကြေငြာချက်အမှတ် (၃/၂၀၂၁)
- နွမ်းလန့် (Numlang) ကျေးရွာနေအိမ်များသို့ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးပစ်ခတ်
- ဒဂုံတက္ကသိုလ်သို့သွားတဲ့ YBS 30 ပေါက်ကွဲမှုဖြစ်ပွား
- တရုတ်ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးယူနေသည့် အကြမ်းဖက်တပ်ဖွဲ့ဝင် ၃ ဦး ဓားဖြင့်ခုတ်ခံရပြီး သေဆုံး
- မိုးမောက်မြို့နယ်ကျေးရွာများသို့ စစ်ကောင်စီ လက်နက်ကိုင်တွေ လက်နက်ကြီးများဖြင့် ပစ်နေ
- ကျောင်းဖွင့်ရန် ပြင်ဆင်နေသည့် နန်းမား အထက ကျောင်းမိုးကြိုးပစ်ခံရ
- ရန်ကုန်မှာစစ်တပ်အာဏာသိမ်းခြင်းကိုကန့်ကွက်တဲ့သပိတ်တွေမှာပါ၀င်လို့ချင်းတိုင်းရင်းသား ၁ ဦး အဖမ်းခံရ
- မနေ့ည ဟားခါးမြို့တွင်း ပစ်ခတ်မှုတွင် စစ်သားတစ်ဦးကျဆုံးဟုသိရ
- စစ်ကောင်စီ ဘက်မှ ကားတစ်စီး တိမ်းမှောက်ခဲ့ရာ ကားပေါ်ပါ စစ်ကောင်စီ တပ်ဖွဲ့ဝင် (၇)ဦးစလုံး သေဆုံးသွားခဲ့ကြောင်း KNU ဘက်က ပြော
- ဖာပွန်ဒေသပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီးအဆင့်အပါအဝင် ၂၀၀ နီးပါး သေဆုံးခဲ့ဟု KNU ပြော
- ပူတာအိုမြို့နယ် အာဏာသိမ်းစစ်တပ်စခန်းတစ်ခုကို KIA သွားရောက်ပစ်ခတ်
- လေယာဉ်ဆီ သယ်လာသည့် ဆီဘောက်ဆာ ကားတစ်စီးပစ်ခတ်ခံရ။
- ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းကြောင်း ကြေညာခြင်း
စလောင်းတပ်ရင် ထောင်ချခံရနိုင်တယ်လို့ စစ်ကောင်စီ ခြိမ်းခြောက် Posted: 05 May 2021 06:29 AM PDT လွတ်လပ်တဲ့ သတင်းဌာနတွေဟာ ရုပ်သံလိုင်းတွေကို ဆက်လက် ထုတ်လွှင့်ဂြိုဟ်တုစလောင်းတွေ တရားမ၀င် တပ်ဆင်ရင် ထောင်ချတဲ့ အထိ အရေးယူ ခံရနိုင်တယ်ဆိုပြီး စစ်ကောင်စီက ခြိမ်းခြောက် လာပါတယ်။တချို့ ဒေသတွေမှာ စစ်ကောင်စီ တပ်ဖွဲ့၀င်တွေက စလောင်းတွေ လိုက်ဖြုတ်တာမျိုး တွေ ပြုလုပ်နေတာ သီတင်းပတ် အတန်ကြာ ရှိနေပြီ ဖြစ်ပြီး၊ အခု အခါမှာတော့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာကနေ ပြောလာတာ ဖြစ်ပါတယ်။သတင်းစီးဆင်းမှု ထိန်းချုပ် |
ထိုင်းကိုပို့တဲ့ ဓာတ်ငွေ့ပိုက်လိုင်းကနေ တိုတယ် အတွက် အမြတ် ၉၇ % အထိ ရှိနေ Posted: 05 May 2021 06:26 AM PDT ပိုက်လိုင်းကနေ အမြတ် ၉၇% ရှိနေမုတ္တမကမ်းလွန်ပြင် ရတနာ သဘာ၀ဓာတ်ငွေ့ လုပ်ကွက်တွေကနေ ဓာတ်ငွေ့ တူးဖော်ပြီး ထိုင်းကို ပိုက်လိုင်းကနေ တင်သွင်းတဲ့ လုပ်ငန်းဟာ နိုင်ငံခြား ကုမ္ပဏီကြီးတွေ အတွက် အမြတ်မတန်တဆ ရနေပြီး၊ မြန်မာပြည်အတွက် အကျိုးရှိမှုက ပြောပလောက်ဖွယ် မရှိကြောင်း ဖော်ပြနေတဲ့ ငွေကြေး ဆိုင်ရာ စာရွက်စာတမ်းတွေ ပေါက်ကြားလာခဲ့ပါတယ်။အဲဒီ စာရွက်စာတမ်းတွေကို ကိုးကားပြီး Justice for Myanmar အဖွဲ့က |
ကန်အောက်လွှတ်တော်ကြားနာပွဲ မြန်မာသံအမတ်ကြီးတင်ပြချက် လူ့အခွင့်အရေးလှုပ်ရှားသူတွေ ကြိုဆို Posted: 05 May 2021 06:21 AM PDT ကုလဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်မိုးထွန်း။ (ဓာတ်ပုံ - OPCW - နိုဝင်ဘာ ၁၆၊ ၂၀၁၈)စစ်အုပ်ချုပ်ရေးကောင်စီနဲ့ အပေါင်းအပါ စီးပွားရေး လုပ်ငန်းရှင်တွေကို ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူမှုတွေ ဆက်လုပ်သွားဖို့လိုကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးက အမေရိကန်အောက်လွှတ်တော် အမတ်တွေကို တိုက်တွန်းလိုက်တဲ့အပေါ်မှာ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး လေ့လာသူတချို့က ကြိုဆိုထောက်ခံလိုက်ပါတယ်။ ရန်ကုန်က |
စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုရပ်တန့်ဖို့ ရခိုင်အမျိုးသားပါတီ ဆုံးဖြတ် Posted: 05 May 2021 06:19 AM PDT စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုရပ်တန့်ဖို့ ရခိုင်အမျိုးသားပါတီ ဆုံးဖြတ် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာရှိတဲ့ ကုလားတန်မြစ်ကမ်းအနီးက BXI ဆိပ်ကမ်းမှာ ရခိုင်အမျိုးသားပါတီ(ANP) ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဇက်ရေယာဉ်နဲ့ ၂၀၂၀ နိုဝင်ဘာ ၂ရက်နေ့က မဲဆွယ်စည်းရုံးပွဲ ပြုလုပ်နေစဉ် / Photo: RFAရခိုင်အမျိုးသားပါတီ (ANP) အနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရပ်တန့်ဖို့ စစ်တွေမြို့ (ANP) ပါတီရုံးမှာ |
မန္တလေး ကျောက်ဝိုင်းက ဆိုင်ခန်းတွေကို ပြန်ဖွင့်ဖို့ စစ်ကောင်စီ ဖိအားပေး Posted: 05 May 2021 06:17 AM PDT မန္တလေး ကျောက်ဝိုင်းက ဆိုင်ခန်းတွေကို ပြန်ဖွင့်ဖို့ စစ်ကောင်စီ ဖိအားပေး မန္တလေး ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းရှေ့မှာ ကပ်ထားတဲ့ အသိပေးကြေညာစာကို ၂၀၂၁၊ မေ ၅ ရက်နေ့က တွေ့ရစဉ် / Photo: Citizen Journalistကျောက်ဝိုင်းလို့ လူသိများတဲ့ မန္တလေး ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းထဲက ဆိုင်ခန်းတွေကို လာမယ့် မေလ ၁၄ ရက်နေ့ နောက်ဆုံးထားပြန်ဖွင့်ကြဖို့ စစ်ကောင်စီက အဲဒီကျောက်ဝိုင်းရှေ့မှာ အသိပေး ကြေညာစာတွေ |
စစ်ကောင်စီတပ်ဖွဲ့ကြောင့် ပျက်စီးသွားတဲ့အင်ဂျင်နီယာရည်မှန်းချက် Posted: 05 May 2021 06:14 AM PDT တစ်ကိုယ်လုံးသွေးအလိမ်းလိမ်းဖြစ်နေတဲ့ ကိုလျှံဖြိုးအောင်ကို သေဆုံးပြီအမှတ်နဲ့ ကားပေါ်က ထမ်းချပြီး စစ်ဆေးရုံမှာထားခဲ့ကိုလျှံဖြိုးအောင်ဟာ စစ်ကောင်စီတပ်ဖွဲ့တွေ ပစ်ခတ်မှုကြောင့် ညာဘက်လက်တစ်ဖက်ပြတ်၊ ညာဘက်မျက်လုံးတစ်ဖက် ကွယ်သွားရသလို ဘယ်ဘက်ခြေထောက်ကိုလည်း ရာဘာကျည်တွေနဲ့အနီးကပ်ပစ်ခံထားရလို့ လမ်းတောင်ကောင်းကောင်းလျှောက်မရတဲ့ အခြေအနေမှာ ရှိနေပါတယ်တစ်လကျော်ကြာ ဒီဒဏ်ရာတွေကို မကွေးစစ်ဆေးရုံမှာ ကုသထားရပြီး နာ |
စစ်တပ်နဲ့ ကြုံကြိုက်လို့ အသတ်ခံလိုက်ရသူ လူငယ် Posted: 05 May 2021 06:10 AM PDT ညအချိန် ကင်းစောင့်အပြန်မှာ စစ်ကားနဲ့ကြုံကြိုက်လို့ အသတ်ခံလိုက်ရသူ လူငယ်ကိုဇော်ငြိမ်းတင့်မေလ ၂ ရက် ည ၁၀ နာရီထိုးအချိန်။ ထားဝယ်ခရိုင်၊ လောင်းလုံမြို့အတွင်းရှိ မင်းရပ်ရွာထဲကို စစ်ကားတစ်စီး ကြမ်းကြမ်းတမ်းတမ်း မောင်းနှင်ဝင်ရောက်လာပြီး ရွာလယ်တစ်နေရာအရောက်မှာ ရုတ်တရက်ရပ်တန့်သွားပါတယ်။ အဲဒီနောက် ၅ မိနစ်လောက်အကြာမှာ သေနတ်သံ ၆ ချက်ထွက်ပေါ်လာပါတယ်။ ဘာ့ကြောင့် သေနတ်ပစ်ဖောက်သလဲဆိုတာ ဘယ်သူမှမသိကြပါဘူး။အိမ်တစ် |
မြန်မာနိုင်ငံတွင်း အခြေခံစားကုန်စျေးတက်ပြီး စားဝတ်နေရေးကြပ်တည်းလာ Posted: 05 May 2021 06:05 AM PDT စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်းအလုပ်လက်မဲ့ဦးရေ ပေါများတဲ့ အခြေအနေနဲ့ရင်ဆိုင်နေရချိန် အခြေခံစားကုန် ကုန်ပစ္စည်းတချို့စျေးနှုန်းတက်လာတာမို့ စားဝတ်နေရေးကြပ်တည်းတဲ့ ပြဿနာတွေနဲ့ပါ ပြည်သူအများစု ရင်ဆိုင်နေကြရပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန် ပြောပြပေးပါမယ်။ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုများလာတာ၊ ဘေးကင်း |
ပြည်ဗုံးပေါက်ကွဲမှု ကယ်ဆယ်ရေးသမားတဦး ကိုယ်တွေ့ Posted: 05 May 2021 06:02 AM PDT ပြည်မြို့ ဓာတ်ပုံ ..... ဝေဖြိုးပြည်ပြည်မြို့နယ်ထဲက လူ(၅)ဦးသေဆုံးတဲ့ ပေါက်ကွဲမှု ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီက မေလ(၄)ရက် အင်္ဂါနေ့မှာ သတင်းထုတ်ပြန် လိုက်ပါတယ်။ ဒီဖြစ်စဉ်ကို သိနိုင်ဖို့ VOA က တနင်္လာနေ့ည စုံစမ်းမေးမြန်း ခဲ့ချိန်မှာ အဲဒီပေါက်ကွဲမှုဟာ ပါဆယ်ဗုံး ပေါက်ကွဲမှုမျိုးဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး လွှတ်တော်အမတ်တဦးက ဖြေကြားခဲ့ပေမယ့် ၊ စစ်ကောင်စီရဲ့ အင်္ဂါနေ့ သတင်းထုတ်ပြန်ချက်ထဲမှာတော့ |
ကွတ်ခိုင်မှာ စစ်ကောင်စီနဲ့ တအာင်း၊ ကိုးကန့် ပူးပေါင်းအဖွဲ့ တိုက်ပွဲဖြစ် အရပ်သားထိခိုက်မှုရှိ Posted: 05 May 2021 05:58 AM PDT ကွတ်ခိုင်မြို့ကနေ မူဆယ်ဘက်ကိုအထွက် မန်ဘန်နဲ့ နောင်ဆွေကြား အမှိုက်ပုံအနီးမှာ မေလ လေးရက်နေ့ နေ့လယ်နှစ်နာရီလောက်ကစပြီး တိုက်ပွဲတွေဖြစ်ခဲ့တာလို့ ကွတ်ခိုင်မြို့ခံတွေက RFA ကို ပြောပါတယ်။ကွတ်ခိုင် အမြောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတာကို ကြားရတယ်လို့ ပြောပါတယ်။ညနေပိုင်းမိုးချုပ်ခါနီးမှာတော့ တိုက်ပွဲပိုမိုပြင်းထန်လာခဲ့ပြီး ကွတ်ခိုင် ရပ်ကွက် (၁) အနီးထိ ပစ်ခတ်လာ တယ်လို့ အမည်မဖော်လိုသူ တစ်ဦးက RFA ကိုပြော |
ဗုံးကွဲမှုကြောင့် သေဆုံးခဲ့ရတဲ့ NLD အမတ်ရဲ့ ကျန်ရစ်သူ မိသားစုကို စစ်ကောင်စီဖမ်းဆီး Posted: 05 May 2021 05:55 AM PDT ဗုံးကွဲမှုကြောင့် သေဆုံးခဲ့ရတဲ့ NLD အမတ်ရဲ့ ကျန်ရစ်သူ မိသားစုကို စစ်ကောင်စီဖမ်းဆီး ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရတဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD တိုင်းလွှတ်တော်အမတ် ဦးသက်ဝင်းလှိုင် ကို တွေ့ရစဉ် / Photo: Citizen Journalistပဲခူးတိုင်း ပြည်မြို့မှာ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရတဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD တိုင်းလွှတ်တော်အမတ် ဦးသက်ဝင်းလှိုင်ရဲ့ ဇနီးဖြစ်သူကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ |
ဟားခါးတဣသိုလ်ယနေ့ကျောင်းဖွင့်လှစ်သော်လည်း တက်ရောက်သူမရှိ Posted: 05 May 2021 05:48 AM PDT ယနေ့မေလ ၅ ရက်နေ့တွင် တနိုင်ငံလုံးရှိတဣသိုလ်များနှင့်ဟားခါးမြို့ရှိတက္ကသိုလ်နှင့်ကောလိပ်များကို စစ်ကောင်စီမှ ယနေ့ကျောင်းဖွင့်လှစ်ခိုင်းသော်လည်း ကျောင်းသား/သူ တစ်ဦးမှ တက်ရောက်ခြင်းမရှိကြောင်းသိရသည်။"ဒီနေ့တော့ ကျောင်းတက်တဲ့သူမရှိသေးဘူး၊မတွေ့သေးဘူး၊အခုထိတော့ကျောင်းတက်တဲ့သူ မတွေ့သေးဘူး၊" ဟု ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ လျန်ဇာခုပ်မှ Chin World Media သို့ပြောသည်။စစ်ကောင်စီဘက်မှတက္ကသိုလ် |
အမျိုးသားညီညွတ်ရေး အစိုးရ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ကြေငြာချက်အမှတ် (၃/၂၀၂၁) Posted: 05 May 2021 05:46 AM PDT ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေး အစိုးရ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ကြေငြာချက်အမှတ် (၃/၂၀၂၁) ၂၀၂၁ ခုနှစ် ၊ မေလ (၅) ရက်National Unity Government of Myanmarhttps://www.facebook.com/NUGmyanmar |
နွမ်းလန့် (Numlang) ကျေးရွာနေအိမ်များသို့ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးပစ်ခတ် Posted: 05 May 2021 05:44 AM PDT May 5, 2021/ Kachin News Groupမိုးမောက်မြို့နယ် နွမ်လန့် (Numlang) ကျေးရွာအတွင်းသို့ အာဏာသိမ်းစစ်တပ်က လက်နက်ကြီး ၄ လုံးပစ်ထည့်လိုက်ကြောင်း ဒေသခံများ ပြောဆိုချက်မှ သိရသည်။မေလ ၅ရက် ယနေ့မွန်းလွဲပိုင်း ၂နာရီခန့်တွင် အာဏာသိမ်းစစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က လက်နက်ကြီးပစ်ခတ်ခဲ့ရာ အာဏာသိမ်းစစ်တပ်က တန်ပြန်သည့်အနေဖြင့် လူနေအိမ်ရှိရာသို့ လက်နက်ကြီး ၄ ကြိမ် ပစ်ခတ်လိုက်သည်ဟု ဒေသခံ တစ်ဦးက ယခုလို |
ဒဂုံတက္ကသိုလ်သို့သွားတဲ့ YBS 30 ပေါက်ကွဲမှုဖြစ်ပွား Posted: 05 May 2021 05:30 AM PDT ရန်ကုန်တိုင်း၊ ဒဂုံတက္ကသိုလ်ကိုလာတဲ့ YBS 30 ဟာ ဒီနေ့ မေ ၅ ရက် မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ဒဂုံတက္ကသိုလ်အနီး၊ ဘုန်းကြီးကျောင်းကွေ့မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။မေလ ၅ ရက်နေ့ကို စစ်ကောင်စီက တက္ကသိုလ်၊ ကျောင်းတွေကို အတင်းအကျပ်ပြန်လည်ဖွင့်ဖို့ အမိန့်ပေးထားတာ ဖြစ်ပါတယ်။YBS 30 ဟာ စစ်တပ်ပိုင် ဗန္ဓုလကုမ္ပဏီရဲ့ ယာဉ်လိုင်းတွေထဲက တစ်ခုဖြစ်ပြီး |
တရုတ်ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးယူနေသည့် အကြမ်းဖက်တပ်ဖွဲ့ဝင် ၃ ဦး ဓားဖြင့်ခုတ်ခံရပြီး သေဆုံး Posted: 05 May 2021 05:29 AM PDT မန္တလေးတိုင်း ကျောက်ဆည်မြို့ရှိ ကျောက်ဆည်တက္ကသိုလ်အနီး တောမရွာမှာ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းကို လုံခြုံရေးယူနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို မေ ၅ ရက် မနက် ၅ နာရီလောက်မှာ အမည်မသိလူတစ်စုက ဓားတွေနဲ့ ဝင်ခုတ်ရာ ၃ ဦး ပွဲချင်းပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။ကျန်စစ်အုပ်စုအဖွဲ့ဝင်တွေကတော့ သေနတ်ပစ်ဖောက်ပြီး ထွက်ပြေးသွားကြပြီး ဒီဖြစ်စဉ်ကြောင့် တောမရွာထဲကို စစ်ကားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းရှာဖွေနေပြီလို့ ရွာခံ |
မိုးမောက်မြို့နယ်ကျေးရွာများသို့ စစ်ကောင်စီ လက်နက်ကိုင်တွေ လက်နက်ကြီးများဖြင့် ပစ်နေ Posted: 05 May 2021 05:23 AM PDT ပုံဟောင်း အသုံးပြုထားပါတယ်May 5 - Kachinwaves မိုးမောက်မြို့နယ် နွမ်လန့်ကျေးရွာရှိ စစ်ကောင်စီ လက်နက်ကိုင်တပ် ခမရ ၄၃၈မှ ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်နေသည့်အတွက် ကျေးရွာပြည်သူများ စိုးရိမ်ထိပ်လန့်နေကြောင်း ဒေသခံတစ်ဦးကဆိုသည်။ "အခုလေးတင်ပစ်တာ ၄ခေါက်ရှိပြီ။ နေ့တိုင်းလိုလိုပစ်နေတာ။ရွာကလူတွေ အများပိုင်းက ထွက်ပြေးသွားပြီ။ အခုအိမ်စောင့်တဲ့သူ တစ်ယောက်နှစ်ယောက်ပဲရှိတော့တာ။"ဟု |
ကျောင်းဖွင့်ရန် ပြင်ဆင်နေသည့် နန်းမား အထက ကျောင်းမိုးကြိုးပစ်ခံရ Posted: 05 May 2021 05:18 AM PDT May 5 - Kachinwaves ကျောင်းဖွင့်ရန် ပြင်ဆင်နေသည့် မိုးညှင်းမြို့နယ် နန်းမား အထကကျောင်း မိုးကြိုးပစ်ခံရပြီး လေပြင်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့်ကျောင်းဆောင်ကို ကျောင်းအုပ်ဆရာမကြီးကိုယ်တိုင် ပြန်လည်ပြုပြင်ကာ ကျောင်းဖွင့်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။ ဒေသခံပြည်သူများကလည်း ကျောင်းမဖွင့်ရန် ဆန္ဒထုတ်ဖော် နေကြသည်။Kachinwaveshttps://www.facebook.com/kachinwavesnews |
ရန်ကုန်မှာစစ်တပ်အာဏာသိမ်းခြင်းကိုကန့်ကွက်တဲ့သပိတ်တွေမှာပါ၀င်လို့ချင်းတိုင်းရင်းသား ၁ ဦး အဖမ်းခံရ Posted: 05 May 2021 05:14 AM PDT ရန်ကုန်မှာစစ်တပ်အာဏာသိမ်းခြင်းကိုကန့်ကွက်တဲ့သပိတ်တွေမှာပါ၀င်လို့ဖမ်းဆီးခံရတဲ့ ကိုစစ်သွေးခိုင်(ခ)ဂျူကိုဟာ ရခိုင်ပြည်နယ်ဇာတိ စူမ်းတူချင်းမျိုးနွယ်စုဖြစ်ပြီးရ.အဆိုတော် ချောစုခင်ရဲ့မောင်ဝမ်းကွဲတော်စပ်သူလည်းဖြစ်ပါတယ်။ဖမ်းဆီးခံကိုစစ်သွေးခိုင်(ခ)ဂျူကိုတို့အုပ်စုကို တာမွေရဲစခန်းမှာမနေ့ကအထိချုပ်နှောင်ထားပြီးတာမွေရဲစခန်းမှာလူချင်းတွေ့ဆုံခွင့်ရခဲ့ကာဒီမနက်မှာတော့စစ်ကြောရေးစခန်းကိုပို့လိုက်ပြီလို့သူ့မိခင်က |
မနေ့ည ဟားခါးမြို့တွင်း ပစ်ခတ်မှုတွင် စစ်သားတစ်ဦးကျဆုံးဟုသိရ Posted: 05 May 2021 05:10 AM PDT မေလ ၄ ရက်မနေ့ည ၈နာရီခွဲခန့်တွင် ဟားခါးမြို့ စစ်ကောင်စီတပ်သားများခြေကုပ်ယူထားသည့် အင်းဝဘဏ်နားတွင်ပစ်ခတ်မှုရှိခဲ့ပြီး ယင်းပစ်ခတ်မှုတွင် စစ်သားတစ်ဦးသေဆုံးတယ်လို့ Chin Defense Force မှ ယင်းတို့၏လူမှုကွန်ယက်တွင်ဖော်ပြထားကြောင်းသိရသည်။ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သားများနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CDF)အကြား ပစ်ခတ်မှုများ လေးကြိမ်မကရှိခဲ့ပြီး CDF ဖက်မှ ကြေညာချက်အရ စစ်သား ၉ဦးကျဆုံးပြီဖြစ်ကြောင်းသိရ |
Posted: 05 May 2021 05:08 AM PDT ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၅) လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အကြား ယမန်နေ့ (မေလ ၄ရက်)က ဖာပွန်မြို့အနီး ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်မှ ကားတစ်စီး တိမ်းမှောက်ခဲ့ရာ ကားပေါ်ပါ စစ်ကောင်စီ တပ်ဖွဲ့ဝင် (၇)ဦးစလုံး သေဆုံးသွားခဲ့ကြောင်း KNU ဘက်က ပြောသည်။Karen Information Center -KIChttps://www.facebook.com/KICNewsPage |
ဖာပွန်ဒေသပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီးအဆင့်အပါအဝင် ၂၀၀ နီးပါး သေဆုံးခဲ့ဟု KNU ပြော Posted: 05 May 2021 05:07 AM PDT မေလ ၅ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီကရင်အမျိုးသားအစည်းအရုံး- KNU တပ်မဟာ(၅) နယ်မြေ၌ မတ်လနှောင်းပိုင်းမှစ၍ ဖြစ်ပွားခဲ့သည့် နှစ်ဖက်ထိပ်တိုက်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီးအဆင့်အပါအဝင် တပ်ဖွဲ့ ဝင် ၂၀၀နီးပါး သေဆုံးခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ ၅ က ပြောသည်။ ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့မှစ၍ ယခုမေလဆန်းပိုင်းအထိ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၉၄ ဦး သေဆုံးပြီး ၂၂၀ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရာ ကေအဲန် |
ပူတာအိုမြို့နယ် အာဏာသိမ်းစစ်တပ်စခန်းတစ်ခုကို KIA သွားရောက်ပစ်ခတ် Posted: 05 May 2021 05:05 AM PDT May 5, 2021/ Kachin News Groupပူတာအိုမြို့နယ် ဖုန်ကျန်းကျေးရွာရှိ အာဏာသိမ်းစစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မေလ ၄ရက်နေ့ ညက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ဖုန်ကျန်းကျေးရွာအဝင် အာဏာသိမ်းစစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၁ တပ်ဖွဲ့ က ည ၁၀ နာရီခန့်အချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ရာ ၂နာရီခန့်အကြာတိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဖုန်ကျန်းဒေသခံတစ်ဦးထံမှ သိရသည်။"မနေ့ |
လေယာဉ်ဆီ သယ်လာသည့် ဆီဘောက်ဆာ ကားတစ်စီးပစ်ခတ်ခံရ။ Posted: 05 May 2021 05:02 AM PDT မေလ ၅ရက်နေ့ ဒီကနေ့ ညနေပိုင်း ၅နာရီဝန်းကျင်တွင် ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာအုပ်စု လွယ်ကျော်ရွာအနီး လမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်တပ်၏ လေယာဉ်ဆီ တင်လာသည့် ဆီဘောက်ဆာ ကားတစ်စီး ပစ်ခတ်ခံရကြောင်း ဒေသခံများပြောဆိုချက်အရသိရသည်။ပစ်ခံရသည့် ဆီကားတွင်ပါဝင်သူ ၂ဦးသည်လည်း သေဆုံးကြောင်း ဒေသခံများကပြောသည်။သို့သော် KNG သတင်းဌာနမှ အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ဆက်ဖော်ပြမည်။Kachin News Grouphttps |
ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းကြောင်း ကြေညာခြင်း Posted: 05 May 2021 05:01 AM PDT ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရကြေညာချက်အမှတ် ၁/၂၀၂၁ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းကြောင်း ကြေညာခြင်း ၂၀၂၁ခုနှစ် မေလ ၅ ရက်၁။ အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မြန်မာပြည်သူများက အပ်နှင်းသော အခွင့်အာဏာကို ကျင့်သုံးလျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အုပ်ချုပ်ရေးကဏ္ဍကို ဦးဆောင် တာဝန်ယူလျက်ရှိသည်။၂။ အကြမ်းဖက်စစ်ကောင်စီသည် တရားဝင် ပြည်သူ့ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.