Thursday, May 6, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေအမှု ရုံးချိန်း

Posted: 06 May 2021 07:37 AM PDT

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃(၁) ဂ အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ ဒီနေ့ရုံးချိန်းရှိပါတယ်။ ဒီနေ့မှာ အတိုင်ပင်ခံကို စစ်ကောင်စီဘက်က တိုင်ကြားစာကို ရှေ့နေတွေဘက်က မိတ္တူကူးခွင့်ရခဲ့ပါတယ်။ သြစတြေးလျနိုင်ငံသားစီးပွားရေး အကြံပေး မစ္စတာရှောင်တာနဲလ်ဆီကနေ ဖမ်းဆီးရမိတဲ့ စာရွက်စာတမ်း၊ ပစ္စည်းတွေကြောင့် မစ္စတာရှောင်တာနဲလ်ကို တရားစွဲ

သတင်းအတတ်ပညာမေဂျာတန်းမှာ တက်ရောက်သူကျောင်းသားမရှိ

Posted: 06 May 2021 07:35 AM PDT

သတင်းအတက်ပညာမေဂျာတန်းမှာ တက်ရောက်သူကျောင်းသားမရှိမေလ ၅ရက်နေ့မှာ ပညာရေးဝန်ကြီးဌာနလက်အောက်က တက္ကသိုလ် ဒီဂရီ၊ ကောလိပ်တွေမှာ မဟာတန်းနဲ့နောက်ဆုံးနှစ်အတန်းတွေကို ပြန်လည်ဖွင့်လှစ်ခဲ့ပေမဲ့ ဗိုလ်တထောင်မြိုနယ်မှာရှိတဲ့ အမျိူးသားစီမံခန့်ခွဲမူပညာဒီဂရီကောလိပ်က သတင်းအတတ်ပညာမေဂျာမှာ လာရောက်ကျောင်းတက်သူလုံးဝမရှိခဲ့ဘူးလို့ သိရပါတယ်။ဘွဲ့ရဖို့လက်တစ်ကမ်းအလိုမှာရှိနေပေမယ့် ကျောင်းမတက်ဖို့ကျောင်းသားအားလုံး

မြန်မာ့စီးပွားရေးအလားအလာအပေါ် ADB စိုးရိမ်

Posted: 06 May 2021 07:32 AM PDT

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်ကြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက် ပစ်ခတ်တဲ့အတွက် ရာနဲ့ချီတဲ့ အရပ်သားပြည်သူတွေ သေဆုံးခဲ့ရတဲ့ဖြစ်ရပ်တွေကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး အလားအလာအပေါ် စိုးရိမ် ပူပန်မိကြောင်း ADB အာရှဖွံ့ဖြိုးရေးဘဏ်အကြီးအကဲ Masatsugu Asakawa က ရိုက်တာသတင်းဌာနနဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။"မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ လူမှုစီးပွား

စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှု အရပ်သား သုံးဦး သေဆုံး

Posted: 06 May 2021 07:30 AM PDT

နိုင်ငံအနှံ့က ဆန္ဒပြပွဲတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ၂၄ နာရီအတွင်း သေဆုံးတဲ့ အရပ်သား အနည်းဆုံး သုံးယောက်ရှိပြီး ဒဏ်ရာရသူ တစ်ယောက်နဲ့ ဖမ်းဆီးခံရသူ သုံးယောက်ရှိခဲ့ပါတယ်။ သေဆုံးသွားသူတွေကတော့ မန္တလေးမြို့နဲ့ ပြည်မြို့ကဖြစ်ပြီး MMA လက်ဝှေ့သမား ဖိုးသော် ဆိုရင်လည်း ဗုံးပေါက်ကွဲမှုကြောင့် အပြင်းအထန်ဒဏ်ရာရတဲ့ကြားထဲကပဲ အဖမ်းခံထားရပါတယ်။ပဲခူးတိုင်းအနောက်ဘက် ပြည်မြို့ နဝင်းကွက်သစ်ရပ်ကွက်

တက္ကသိုလ်ကျောင်းတွေ ပြန်ဖွင့်ပေမယ့် တက်ရောက်သူနည်းပါး

Posted: 06 May 2021 07:28 AM PDT

ပညာရေးဝန်ကြီးဌာနရဲ့ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ခံ တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီ ကောလိပ်တွေ ကို နောက်ဆုံးနှစ်ကျောင်းသားတွေ ကျောင်းတက်ကြဖို့ မေလ ၅ ရက် မနေ့က ပြန်လည်ဖွင့်လှစ်လိုက်ပေမယ့် ကျောင်းသား ၁၀ ရာခိုင်နှုန်းသာ တက်ရောက်ကြပြီး ကျောင်းအနီးဝန်းကျင် ဗုံးပေါက်ကွဲမှုတွေကြောင့် လုံခြုံ ရေး စိုးရိမ်ရမှုတွေ ရှိနေပါတယ်။တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီ၊ ပါရဂူဘွဲ့ကြိုသင်တန်းတွေ၊ မဟာတန်း (ရေးဖြေ)နဲ့ နောက်ဆုံးနှစ်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မြင့်နိုင် အပါအဝင် ၆ ဦး အဂတိ ဥပဒေနဲ့ အမှုဖွင့်ခံရ

Posted: 06 May 2021 07:04 AM PDT

စစ်ကိုင်း၊ မေ ၆၊ ၂၀၂၁စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင် အပါအဝင် ၆ ဦး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့် ခံရကြောင်း သတင်းရရှိပါတယ်။အဆိုပါ ၆ ဦးမှာ ဒေါက်တာ မြင့်နိုင် အပါအဝင် ဝန်ကြီးဟောင်း ၄ ဦးနဲ့ ဦးစီးအရာရှိ ၂ ဦးတို့ ဖြစ်တယ်လို့ နစက ကောင်စီက မေလ ၅ ရက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး (ဟောင်း) ဦး

ဗုံးကွဲ ဒဏ်ရာတွေ ဆေးကုနေတဲ့ MMA ကစားသမား ဖိုးသော်ကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ခေါ်သွားလို့ ဆို

Posted: 06 May 2021 07:03 AM PDT

ရန်ကုန်၊ မေ ၆၊ ၂၀၂၁ကိုယ်ခံပညာ သိုင်းပေါင်းစုံ MMA fighter ကစားသမား ဖိုးသော် မနေ့ညက ရန်ကုန်မြို့ ကန်တော်ကြီး Utopia တာဝါအနီး ဗုံးပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာတွေ ရရှိလို့ မြောက်ဥက္ကလာ ဆေးရုံကို ပို့ဆောင် ကုသနေရာကနေ လုံခြုံရေး တပ်ဖွဲ့ဝင် တွေက စစ်ဆေးရုံကို ခေါ်ဆောင်သွားတယ်လို့ သတင်း ရရှိပါတယ်။ONE Championship featherweight ကစားသမား အသက် ၃၆ နှစ်ရှိ ဖိုးသော် ရန်ကုန်မှာ ဗုံးကွဲမှုကြောင့် ဒဏ်ရာတွေ

စစ်ကောင်စီတပ်မှ သံလွင်မြစ်အတွင်း သွားလာသည့် စက်လှေအား ထပ်မံပစ်ခတ်

Posted: 06 May 2021 07:00 AM PDT

မေလ ၆ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီKNU- ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅)ထိန်းချုပ်နယ်မြေ သံလွင်မြစ်ထဲတွင် သွားလာနေသည့် ဒေသခံ၏ စက်လှေကို စစ်ကောင်စီတပ်ဘက်မှ ထပ်မံပစ်ခတ်မှုရှိနေသည်ဟု ဒေသခံထံမှ သိရသည်။ပြီးခဲ့သည့် မေလ ၄ ရက်နေ၊ နေ့လည် ၁၁နာရီဝန်းကျင်ခန့်တွင် သံလွင်မြစ်အတွင်း သွားလာနေသည့် ဒေသခံ လှေ တစ်စင်းအား ထီးရော်ထာ စစ်ကောင်စီတပ်စခန်းမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာတွင် စက်လှေကို ထိမှန်

ကွတ်ခိုင် စစ်ကောင်စီ တပ်စခန်း မီးရှို့ခံရ

Posted: 06 May 2021 06:54 AM PDT

မေ ၆ရက် ၂၀၂၁သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့တွင် စစ်ကောင်စီ နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ပေါင်းစု တို့ တိုက်ပွဲတွင် စစ်ကောင်စီ၏ စခန်း တစ်ခု မီးရှို့ခံရကြောင်း သတင်းရရှိသည်။ယမန်နေ့ မေ (၅) ရက်တွင် ည ၈ နာရီ ဝန်းကျင်အချိန်ခန့်တွင် လားရှိုး - ကွက်ခိုင်လမ်းမပေါ်ရှိ စစ်ကောင်စီ၏ စခန်း တစ်ခု မီးလောင်သည်ကို တွေ့ရှိရပြီး နာရီဝက်ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ကို ကြားခဲ့ရကြောင်း ကွက်ခိုင်ဒေသခံ တစ်ဦး က

မူဆယ်မြို့ စစ်ကောင်စီ ကားတစီး မြောင်းထဲ ထိုးကျ၊ ဒဏ်ရာရသူရှိ

Posted: 06 May 2021 06:51 AM PDT

မေ (၆)ရက် ၂၀၂၁သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ ဖွေးဟုန်း မှ မင်္ဂလာ မူဆယ် အသွားလမ်းတွင် စစ်ကောင်စီ ၏ ကား တစ်စီး မြောင်းထဲ ထိုးကျသွားကြောင်း သတင်းရရှိသည်။ယနေ့ မတ် (၆) ရက် မနက် ၈ နာရီ အချိန်ခန့်တွင် စစ်ကောင်စီမှ မောင်းနှင်လာသည့် အိမ်စီးကား တစ်စီး လမ်းဘေးရှိ မြောင်းထဲ ထိုးကျသွားပြီး ထိခိုက်ဒဏ်ရာရ ရှိသူ ရှိကြောင်း မျက်မြင်သက်သေများက ပြောဆိုကြသည်။"သူတို့ အမြန်မောင်းလာတယ်။ ထိုးကျတဲ့နေရာက လမ်းအကွေ့

ဟားခါးမြို့နားရှိကျေးရွာတစ်ခုတွင် စစ်တပ်မှ ပိုက်ဆံ ၁၀သိန်းနှင့် ချင်းရိုးရာပစ္စည်းအချို့လုယက်ယူဆောင်သွားဟုသိရ

Posted: 06 May 2021 06:49 AM PDT

ဟားခါးမြို့နားရှိHniar Hlawn ကျေးရွာတွင် စစ်တပ်မှ ယနေ့မနက်ပိုင်းတွင် ရွာထဲရှိအိမ်တစ်အိမ်တွင် ဝင်ရောက်စီးနှင်းပြီး ပိုက်ဆံ ၁၀သိန်းအပါအဝင်ဘိုးဘွားအမွေ ချင်းရိုးရာအထည်များကို ယူဆောင်သွားကြောင်းသိရသည်။"အဲဒီအိမ်မှာ ဝင်စစ်ဆေးတော့ ချင်းရိုးရာဝတ်စုံထည့်ထားတဲ့ ခရီးဆောင်အိတ်အကြီး ၂အိတ်ရယ်၊သံသေတ္တာက ၃လုံး၊ပြီးရင်ပိုက်ဆံက ၁၀သိန်းယူသွားတယ်၊သူများက လာထားတဲ့ ချင်းဝတ်စုံ ဆာလာအိတ် ၂အိတ်အပြည့်အဲတာတွေလည်း ယူသွားတယ်

မနက်ဖြန်ပလက်၀သွားမည့်စစ်ကားများမင်းတပ်မြို့ကိုဖြတ်မည်

Posted: 06 May 2021 06:48 AM PDT

မနက်ဖြန်၇.၅.၂၀၂၁ ရက်နေ့တွင် ပလက်၀မြို့နယ်ဆမီးမြို့သို့ သွားမည့် တပ်ပြောင်းကားများ မင်းတပ်မြို့တွင်းဖြတ်သန်းမည်ဖြစ်ပြီး၊ဖြတ်သန်းခွင့်မှာ ၇.၅.၂၁ (၁ ရက်တည်းအတွက်သာဖြစ်ကြောင်းမင်းတပ်-မတူပီ လမ်းမကြီးဝဲယာရှိ ပြည်သူများ ခေတ္တရှောင်တိမ်းပေးကြရန်၊နေအိမ်/ဆိုင်ခန်းများ ပိတ်ပေးကြရန်၊လမ်းမကြီးပေါ် သွားလာလှုပ်ရှားခြင်း မပြုကြရန်နှင့် ဖြတ်သန်းပြီးသည့်အချိန်တွင် ပုံမှန်အတိုင်း ပြန်လည်သွားလာနေထိုင်နိုင်ကြောင်း

ထွေအုပ်ကို ပြည်ထဲရေးအောက် ပြန်ပြောင်း

Posted: 05 May 2021 06:25 PM PDT

NLD အစိုးရလက်ထက်မှာ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ကနေ ပြောင်းရွှေ့ခဲ့တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အခုအခါ ပြည်ထဲရေးလက်အောက်မှာ ပြန်ပြောင်းရွှေ့ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ ဒီကနေ့ နေ့စွဲနဲ့ စစ်ကောင်စီက ကြေညာပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၄၁၉အရအခုလို ပြောင်းရွှေ့ခဲ့တာလို့ အဲဒီအမိန့်ကြေညာချက်မှာ ပါရှိပါတယ်။အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ စစ်တပ်ကခန့်ထားတဲ့ ဝန်ကြီးတာဝန်ယူတဲ့

တက္ကသိုလ်တွေ ပထမဆုံးကျောင်းဖွင့်ရက် အခြေအနေ

Posted: 05 May 2021 06:23 PM PDT

တက္ကသိုလ်တွေ ပထမဆုံးကျောင်းဖွင့်ရက် အခြေအနေစစ်အာဏာသိမ်းပြီးနောက် အခြေခံကျောင်းတွေ ပြန်မဖွင့်ခင် တက္ကသိုလ်တွေကို စဖွင့်ပြီး နောက်ဆုံးနှစ်နဲ့ မဟာတန်းတွေကို ဒီနေ့ စဖွင့်ခဲ့ရာမှာ ပုံမှန်ကျောင်းဖွင့်ချိန်တွေနဲ့မတူဘဲ စာသင်ခန်းတွေဆီ လာတဲ့ကျောင်းသားတွေ နည်းပါးလွန်းပြီး တက္ကသိုလ်ကျောင်းဝန်းတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က သွားလာနေတာမျိုးတွေရှိနေပါတယ်။ဒီနေ့ ပထမဆုံးကျောင်းဖွင့်ရက်မှာတော့ ဒဂုံတက္ကသိုလ်

ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် စစ်ကောင်စီ တာဝန်ခံမှုရှိလာအောင် လုပ်ဆောင်ဖို့ အာဆီယံကို ကန်တိုက်တွန်း

Posted: 05 May 2021 06:21 PM PDT

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinkenမြန်မာစစ်ကောင်စီကို သူတို့ကျူးလွန်မှုတွေမှာ တာဝန်ခံမှုရှိလာအောင် အများသဘောတူညီမှုအစီအစဉ်နဲ့ ဝိုင်းဝန်ဆောင်ရွက်ဖို့ အာဆီယံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တိုက်တွန်းလိုက်ပါတယ်။ဗြိတိန်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ သုံးရက်ကြာ G7 စက်မှု ထိပ်သီးနိုင်ငံများရဲ့ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးကို တက်ရောက်နေချိန်မှာ ဝန်ကြီး Blinken

မြန်မာကို လက်နက်ရောင်းချမှု ပိတ်ပင်ဖို့ လုံခြုံရေးကောင်စီကို နိုင်ငံတကာအဖွဲ့အစည်း ၂၀၀ ကျော် တိုက်တွန်း

Posted: 05 May 2021 06:20 PM PDT

မှတ်တမ်းဓါတ်ပုံ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ဆန္ဒပြပွဲအတွင်းတွေ့ရတဲ့ လုံခြုံရေး ရဲတပ်သားတဦးကုလသမဂ္ဂလုံခြုံရေကောင်စီအနေနဲ့ မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှုပိတ်ပင်တဲ့ ဆုံးဖြတ်ချက်ကို ချက်ချင်းပြဌာန်းဖို့ ကမ္ဘာ့အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်က ဗုဒ္ဓဟူးနေ့က တောင်းဆိုလိုက်ပါတယ်။လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေစီကို အဖွဲ့ပေါင်း ၂၀၀ ကျော်က public appeal ပြည်သူ့အသံအဖြစ်ပန်ကြားရာမှာ- ဖေဖေါ်ဝါ

ကိုဗစ်ကာကွယ်ဆေး လာထိုးရင်း မန္တလေးမှာ နှစ်ဦးပစ်ခတ်ခံရ၊ တစ်ဦးသေဆုံး

Posted: 05 May 2021 06:18 PM PDT

ကိုဗစ်ကာကွယ်ဆေး လာထိုးရင်း မန္တလေးမှာ နှစ်ဦးပစ်ခတ်ခံရ၊ တစ်ဦးသေဆုံး ကိုဗစ်ကာကွယ်ဆေး ထိုးနှံခံနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး။ Photo: AFPမန္တလေး၊ အောင်မြေသာစံမြို့နယ်ထဲက အလုပ်သမားဆေးရုံကြီးကနေ ကိုဗစ်ကာကွယ်ဆေးထိုးပြီး ပြန်လာတဲ့ မြန်မာနိုင်ငံဖွား တရုတ်လူမျိုး ၂ ဦးကို စစ်ကောင်စီက ပစ်ခတ်လိုက်လို့ သေနတ်ကျည်ထိမှန်ပြီး တစ်ယောက် သေဆုံးသွားတယ်လို့ မျက်မြင်တွေ့သူတွေက RFA ကိုပြောပါတယ်။သူတို့နှစ်ယောက်ဟာ ကိုဗစ်

သီပေါမြို့ ၈၈ မျိုးဆက် ( ငြိမ်း/ပွင့်) မှ ဦးဒေါ်လာ ကို စစ်ကောင်စီ ဖမ်းဆီးသွား

Posted: 05 May 2021 06:16 PM PDT

မေ (၅)ရက် ၂၀၂၁သျှမ်းပြည် မြောက်ပိုင် သီပေါမြို့ ၈၈မျိုးဆက် (ငြိမ်း/ပွင့်)  မှ ဦးဒေါ်လာ ကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်း အဖွဲ့အစည်း မှ ဦးဒေါ်လာ (ခ) ဦးထွန်းရွှေကို မေ (၃)ရက် ညနေပိုင်းတွင် စစ်ကောင်စီ မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ မည်သည့်အကြောင်းကြောင့် ခေါ်ဆောင်သွားခြင်းကို မသိရှိရကြောင်း သီပေါမြို့ နေ ဦးဒေါ်လာနှင့်နီးစပ်သူ တဦး က

ထီးလင်းမြို့အနီးတွင် ချင်းလူငယ် ၂ ဦးအသတ်ခံရ

Posted: 05 May 2021 06:12 PM PDT

ပုံစာ။ အသတ်ခံရတဲ့ ဆလိုင်းကျူံးဇုန်ထန်(၂၄နှစ်)မကွေးတိုင်း၊ ထီးလင်းမြို့အနီးတွင် ရိုးရာသွားစိုက်လုပ်ငန်းလုပ်ကိုင်တဲ့ ချင်းလူငယ် ၂ ဦးကို မေလ ၄ ရက်တွင် အမည်မသိ အရပ်ဝတ်လူတစ်စုကဖမ်းဆီးသတ်ဖြတ်ခြင်းခံရတယ်လို့ The Chin Journal မှာဖော်ပြထားပါတယ်။အသတ်ခံရတဲ့ ချင်းလူငယ် ၂ ဦးကတော့ ဂန့်ဂေါမြို့ နယ်၊ အုတ်လှကျေးရွာက ဆလိုင်းကျူံးဇုန်ထန်(၂၄နှစ်)၊ ဆလိုင်းဂျိုးနသန် (၁၇နှစ်) တို့ဖြစ်ပါတယ်။ဖြစ်စဉ်မှာ ဆလိုင်းကျူံးဇုန်

ကွတ်ခိုင်တိုက်ပွဲတွင် အကြမ်းဖက် စစ်​ကောင်စီတပ်မှ အရာရှိနှင့်စစ် သည် ၃၀ ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရ၊ ​မြောက်ပိုင်းမဟာမိတ်အဖွဲ့က စစ်ကောင်စီ၏လက်နက်ခဲယမ်းများ ဖမ်းမိ

Posted: 05 May 2021 06:10 PM PDT

ရှမ်းပြည်နယ်၊ကွတ်ခိုင်မြို့နယ် ယ​နေ့ MNDAA၊ KIA၊ TNLA ​မြောက်ပိုင်းမဟာမိတ်ပူး​ပေါင်းအဖွဲ့​များနှင့် အကြမ်းဖက် စစ်​ကောင်စီတပ်​များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်​ကောင်စီတပ်မှ ဗိုလ်ကြီး ၁ ဦးနှင့် စစ်သည် ၃၀ ကျော်ကျဆုံးကာ လက်နက်ခဲယမ်းများ MNDAA ကိုးကန့် အဖွဲ့က သိမ်းဆည်းလိုက်ကြောင်း သတင်းထုတ်ပြန်သည်။ MNDAA ၏ ထုတ်ပြန်ချက်တွင် မေလ ၄ ရက်နေ့ ညနေပိုင်းတွင် KIA နှင့်စစ်ကောင်စီတပ်များ ကွတ်

ကျောင်းဖွင့်ရန် အဓိက ဖိအား​ပေးသူ စီမံဌာနမှူး ဦး​ဆောင်ထန့် ​နေအိမ် အသံဗုံးပစ်ခံရ

Posted: 05 May 2021 10:01 AM PDT

ပုံ။ စီမံဌာနမှူး ဦး​ဆောင်ထန့် May 5 - Kachinwavesမြစ်ကြီးနား ပညာရေးကောလိပ်ဖွင့်ရန် အဓိက ဖိအား​ပေးသူ  စီမံဌာနမှူး ဦး​ဆောင်ထန့်၏ နေအိမ် ယ​နေ့ည ၉နာရီ ၁၅မိနစ်ခန့်တွင် အသံဗုံးဖြင့်ပစ်ခံရ​ကြောင်း သတင်းရရှိသည်။ မြစ်ကြီးနား ပညာရေးကောလိပ်သည် ယ​နေ့​မေ ၅ရက်​နေ့မှ စတင်ပြီး ​ကျောင်းသား အ​​ယောက် ၄၀ခန့်ဖြင့် ဖွင့်လှစ်​နေပြီဖြစ်သည်။ စီမံဌာနမှူး ဦး​ဆောင်ထန့်သည် CDM ဝင်​နေသည့် ဆရာ ဆရာမများကိုလည်း ​ကျောင်းလာရန်

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.