သစ္ထူးလြင္ |
- ထားဝယ်မှာ ဆေးကုသမှုတွေ ရပ်ထားဖို့ ညွှန်ကြားစာ MSF အဖွဲ့ လက်ခံရခဲ့
- တကျော့ပြန်ကချင်စစ်ပွဲ ဆယ်နှစ်ပြည့်အခမ်းအနားသို့ NUG ဒုသမ္မတ ဒူဝါလရှီးလ သဝဏ်လွှာပေးပို့
- တရုတ်နဲ့ အာဆီယံရဲ့မူဝါဒတွေကို NUG သတိထား စောင့်ကြည့်နေ
- ဗိုလ်ချုပ်ထွန်းမြတ်နိုင် မိသားစုတွေအပါအဝင် အကြမ်းဖက်ဥပဒေနဲ့ တရားစွဲခံထားရသူ ၁၀ ဦး လွတ်မြောက်
- ကယားပြည်နယ်အတွင်း စစ်ကောင်စီအကြမ်းဖက်မှုရပ်ဖို့ ကုလအထူးကိုယ်စားလှယ်တိုက်တွန်
- မင်းတပ်နဲ့ ဒီးမော့ဆိုတိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည်တွေ နေထိုင်ရေးပိုခက်ခဲ
- တာချီလိတ် KTV နှင့် နိုက်ကလပ်ဆိုင်များ စစ်ကောင်စီနှင့်ညှိပြီး ပြန်ဖွင့်
- လိုင်ဇာမြို့အနီး ခယာဘွမ့်တွင် စစ်ရိက္ခာပို့နိုင်ရန် ဒေါ့ဖုန်းယန် မှ ကားလမ်းတစ်လျှောက် စစ်အင်အားတိုးချဲ့ချထား
- NCA အတိုင်း လိုက်နာသွားမည်ဟု KNLA စစ်ဦးစီးချုပ် ထုတ်ပြန်
- မိုင်းဆတ်မြို့ လူငယ်အချင်းချင်း ရန်ဖြစ်ရာ တစ်ဦးသေ
- နမ့်လန်မြို့ မန်လီကျေးရွာဈေး မိုင်းပေါက်ကွဲ၊ ပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရရှိ
- အကြမ်းဖက်စစ်ကောင်စီတပ်များသည် စစ်ဖြစ်ပွားနေတဲ့ ဒီမော့ဆိုမြို့နယ်ကို အရပ်လေးမျက်နှာဖြစ်သည့် အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာဖက်မှ စစ်မျက်နှာဖွင့်ပြီး ထိုးစစ်ဆင်မည့် အရိပ်အရောင်ရှိနေကြောင်း KNDF ထုတ်ပြန်။
- အကြမ်းဖက် စစ်ကောင်စီတပ်မှ အင်အား ၃၀၀ ခန့် ဆီးဘူးဒေသကနေ ဒီးမော့ဆို လမ်းကြောင်းအတိုင်း ဦးတည်ပြီး ခရီးဆက်နေ
- ကလေးများကို ကျောင်းပေးတက်ရန် BGF ဖိအားပေးပြောဆိုနေဟု ဒေသခံဆို
- သံတောင်ကြီး ၁၃ မိုင် ပစ်ခတ်မှု စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံး
ထားဝယ်မှာ ဆေးကုသမှုတွေ ရပ်ထားဖို့ ညွှန်ကြားစာ MSF အဖွဲ့ လက်ခံရခဲ့ Posted: 09 Jun 2021 07:24 AM PDT ဆေးကုသမှု လုပ်ငန်းတွေ ဆိုင်းငံ့ထားဖို့ ဒေသန္တရ အာဏာပိုင်တွေဆီက ညွှန်ကြားစာတစ်စောင်ကို တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ရှိတဲ့ MSF နယ်စည်းမထား ဆရာဝန်များအဖွဲ့က မနေ့က လက်ခံရခဲ့တယ်လို့ သိရပါတယ်။ဒီလိုဆိုင်းငံ့လိုက်တဲ့အတွက် MSF က ဆေးကုသပေးနေတဲ့ထားဝယ်မြို့ မေတ္တာရိပ် ဆေးခန်းက HIV/AIDS လူနာ ၂၁၆၂ ဦး အပေါ် တိုက်ရိုက် ထိခိုက်လာနိုင်ပြီး ARV ဆေးကုသ ခံရဖို့ အခက်ကြုံလာမှာ ဖြစ်တယ်လို့ (MSF) နယ်စည်းမထား ဆရာဝန် |
တကျော့ပြန်ကချင်စစ်ပွဲ ဆယ်နှစ်ပြည့်အခမ်းအနားသို့ NUG ဒုသမ္မတ ဒူဝါလရှီးလ သဝဏ်လွှာပေးပို့ Posted: 09 Jun 2021 07:22 AM PDT နေရပ်စွန့်ခွာကချင်စစ်ဘေးရှောင်တွေကို ၂၀၁၈ ခုနှစ်က တွေ့မြင်ရတာဖြစ်ပါတယ်။ဆယ်စုနှစ်ကာလအတွင်း တကျော့ပြန်ကချင်စစ်ပွဲများကြောင့် ကချင်ပြည်သူလူထု တစ်သိန်းနှစ်သောင်းကျော် နေရပ်စွန့်ခွာခဲ့ရပြီး စစ်ရှောင်စခန်းတွေမှာ ဒုက္ခဆင်းရဲအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့နေခဲ့ရချိန်မှာ ၊ နိုင်ငံတော်အာဏာကိုသိမ်းယူမှုကြောင့် ကချင်အမျိုးသားတွေရဲ့ကံကြမ္မာဟာ နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း ဖြစ်ခဲ့ရတယ်လို့ NUG အစိုးရဒုသမ္မတ ဒူဝါလ |
တရုတ်နဲ့ အာဆီယံရဲ့မူဝါဒတွေကို NUG သတိထား စောင့်ကြည့်နေ Posted: 09 Jun 2021 07:19 AM PDT "မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ပြန်လည်စတင်ဖို့ တရုတ်နိုင်ငံက လိုလားတဲ့အတွက်၊ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိတယ်" လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ချုံကျင်းမြို့မှာ ဇွန်လ ၇ ရက်နေ့ကစလို့ နှစ်ရက်ကြာ ပြုလုပ်ခဲ့တဲ့ တရုတ်-အာဆီယံအထူးအစည်းအဝေးမှာ ပြောကြားလိုက်တာပါ။တရုတ်နဲ့ အာဆီယံတို့ လိုလားနေတဲ့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးဟာ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်ကနေ |
ဗိုလ်ချုပ်ထွန်းမြတ်နိုင် မိသားစုတွေအပါအဝင် အကြမ်းဖက်ဥပဒေနဲ့ တရားစွဲခံထားရသူ ၁၀ ဦး လွတ်မြောက် Posted: 09 Jun 2021 07:17 AM PDT ဗိုလ်ချုပ်ထွန်းမြတ်နိုင် မိသားစုတွေအပါအဝင် အကြမ်းဖက်ဥပဒေနဲ့ တရားစွဲခံထားရသူ ၁၀ ဦး လွတ်မြောက် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ငံရဲ့ မိသားစုဝင်တွေအပါအဝင် လွတ်မြောက်လာသူများ ၂၀၂၁ ဇွန် ၉ရက်နေ့က ရုံးချိန်းလာတာကို တွေ့ရစဉ် /Photo: CJရက္ခိုင့်တပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ မိသားစုဝင်တွေအပါအဝင် AAနဲ့ ဆက်စပ်တယ် ဆိုပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးတရားစွဲခံထားရသူ ၁၀ ဦးကို စစ်ကောင်စီက |
ကယားပြည်နယ်အတွင်း စစ်ကောင်စီအကြမ်းဖက်မှုရပ်ဖို့ ကုလအထူးကိုယ်စားလှယ်တိုက်တွန် Posted: 09 Jun 2021 07:15 AM PDT ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင် ဒုက္ခသည်များ (ဓာတ်ပုံ- CJ)ကယားပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်က လက်နက်ကိုင်နဲ့အရပ်သား မခွဲခြားဘဲ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်နေတာတွေကို ရှုတ်ချပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က တောင်းဆိုလိုက်ပါတယ်။မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ကယားပြည်နယ်မှာ လောလောလတ်လတ် |
မင်းတပ်နဲ့ ဒီးမော့ဆိုတိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည်တွေ နေထိုင်ရေးပိုခက်ခဲ Posted: 09 Jun 2021 07:13 AM PDT တောတွင်း ခိုလှုံရာရှာပြီး နေထိုင်နေကြရတဲ့ ကယားပြည်နယ်က စစ်ပြေးဒုက္ခသည်များ (ဓာတ်ပုံ- CJ)ချင်းပြည်နယ်မင်းတပ်မြို့မှာ ဒီရက်ပိုင်းတိုက်ပွဲတွေအတွင်း စစ်ရှောင်တွေ ဘေးလွတ်ရာကိုထပ်မံထွက်ပြေးနေရသလို ကယားပြည်နယ် ဒီးမော့ဆိုမြို့ဘက်မှာလဲ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့အကြား တိုက်ပွဲဖြစ်ပွါးနေ တယ်လို့ဆိုပါတယ်။ လက်ရှိစစ်တပ်ဘက်ကနေ တပ်အင်အားတိုးချဲ့တိုက်စစ်ဆင်နေတာကြောင့် မင်းတပ်နဲ့ ဒီးမော့ဆို ကာကွယ်ရေးတပ် |
တာချီလိတ် KTV နှင့် နိုက်ကလပ်ဆိုင်များ စစ်ကောင်စီနှင့်ညှိပြီး ပြန်ဖွင့် Posted: 09 Jun 2021 07:10 AM PDT ဇွန် ၉ ရက် ၂၀၂၁စစ်အာဏာသိမ်းပြီး (၄) လကျော်ကာလအတွင်း သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ဖျော်ဖြေရေး နေရာများဖြစ်သည် ကာလာအိုကေ (KTV)ဆိုင်များနှင့် နိုက်ကလပ်များ ပြန်ဖွင့်လာကြောင်း စုံစမ်းသိရှိရသည်။စစ်အာဏာသိမ်းပြီးနောက် မြန်မာတစ်နိုင်ငံလုံး ညမထွက်ရအမိန့် ထုတ်ပြန်ထားနေသော်လည်း တာချီလိတ်မြို့ရှိ ုကာလအိုကေဆိုင်များကို စစ်ကောင်စီမှ ဖွင့်လှစ်ခွင့် ပေးထားသည်ဟု စုံစမ်းသိရှိရသည်။"အခု တာချီလိတ်မှာ |
Posted: 09 Jun 2021 07:09 AM PDT June 9, 2021/ Kachin News GroupKIO ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီး ခယာဘွမ် (Hka Ya) ရှိ အာဏာသိမ်းစစ်တပ်ကို ရိက္ခာပို့ရန် ဒေါ့ဖုန်းယန်မှ ခယာကျေးရွာအထိ လမ်းတစ်လျှောက် စစ်အင်အား ၅၀၀ ကျော် ချထားကြောင်း စုံစမ်းသိရှိရသည်။ဗန်းမော်-ဒေါ့ဖုန်းယန်-လိုင်ဇာ လမ်းကြောင်းတစ်လျှောက် အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းသွားလာမှုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကြားဖြတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သောကြောင့် စစ်တပ်က အဆိုပါ |
NCA အတိုင်း လိုက်နာသွားမည်ဟု KNLA စစ်ဦးစီးချုပ် ထုတ်ပြန် Posted: 09 Jun 2021 07:07 AM PDT ဇွန်လ ၉ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး လက်မှတ်ရေးထိုးထားသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) အတိုင်း တိကျစွာလိုက်နာကျင့်သုံးသွားမည်ဖြစ်ကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ယနေ့ ရက်စွဲဖြင့် ၎င်း၏ သဘောထား ထုတ်ပြန်ခဲ့သည်။ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA အနေဖြင့် KNU၏ နိုင်ငံရေး |
မိုင်းဆတ်မြို့ လူငယ်အချင်းချင်း ရန်ဖြစ်ရာ တစ်ဦးသေ Posted: 09 Jun 2021 07:03 AM PDT ဇွန် ၉ ရက် ၂၀၂၁သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့ရှိ လူငယ်အချင်းချင်း ရန်ဖြစ်ရာ လူသတ်မှု ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။ဇွန် ၆ ရက်တွင် မာဖီယားဂိုဏ်းပုံစံဖြင့် ဖွဲ့စည်းထားသည့် (White Star) အဖွဲ့ဆိုသူသည် လူအင်အား (၃၀) ခန့်ဖြင့် ဓါး၊ တုတ်၊ သံကြိုးများနှင့် ရိုက်နက်ခဲ့ကြောင်း သတင်းရရှိသည်။"အပန်းဖြေနေရာ တစ်ခုမှာ တစ်ဖွဲ့ (၂) ယောက်စီ နဲ့ အရက်ထိုင်သောက်နေကြတယ်။ အဲ့ချိန်မှာ အချင်းချင်း စကားများ ရန်ဖြစ် |
နမ့်လန်မြို့ မန်လီကျေးရွာဈေး မိုင်းပေါက်ကွဲ၊ ပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရရှိ Posted: 09 Jun 2021 07:02 AM PDT ဇွန် (၉ )ရက် ၂၀၂၁သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့ မန်လီဈေးအတွင်း လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး၊ ပြည်သူ ( ၂ ) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ယမန်နေ့ (ဇွန် ၈)ရက် မနက်(၂)နာရီတွင် နမ့်လန်မြို့ မန်လီဈေး အတွင်း လက်လုပ်မိုင်းပေါက်ကွဲခဲ့ပြီး၊ မနက် ဈေးရန် အတွက် အိပ်စောင့်သည့် ပြည်သူ (၂ ) ဦး ထိမှန်းခဲ့ကြောင်း သတင်းရရှိကြောင်း သိရသည်။" သူတို့က ဇွန် (၉ )ရက် မနက်မန်လီဈေးနေ့ ရောင်း |
Posted: 09 Jun 2021 06:52 AM PDT အကြမ်းဖက်စစ်ကောင်စီတပ်များသည် စစ်ဖြစ်ပွားနေတဲ့ ဒီမော့ဆိုမြို့နယ်ကို အရပ်လေးမျက်နှာဖြစ်သည့် အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာဖက်မှ စစ်မျက်နှာဖွင့်ပြီး ထိုးစစ်ဆင်မည့် အရိပ်အရောင်ရှိနေကြောင်း KNDF ထုတ်ပြန်။Kantarawaddy Times https://www.facebook.com/KantarawaddyTimes |
Posted: 09 Jun 2021 06:51 AM PDT Photo - CJအကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား ၃၀၀ ခန့်က ကယန်းပြည်သစ်ဌာနချုပ်တည်ရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆီးဘူးဒေသကို ကျော်ဖြတ်ပြီး ဒီမော့ဆိုလမ်းကြောင်းအတိုင်း ခြေလျင်ဖြင့် ခရီးဆက်နေတယ်လို့ သိရပါတယ်။ဒီကနေ့ ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်သားအင်အား (၃၀)ဝန်းကျင်ခန့်ပါတဲ့ ဒန်ဘာကားတစ်စီးနဲ့ ကားအဖြူအသေးတစ်စီက ဦးစွာ ရှေ့ပြေးအနေနဲ့ ဒီမော့ဆိုမြို့နယ်အနောက်ဖက် |
ကလေးများကို ကျောင်းပေးတက်ရန် BGF ဖိအားပေးပြောဆိုနေဟု ဒေသခံဆို Posted: 09 Jun 2021 06:45 AM PDT ဇွန်လ ၉ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ မိဇိုင်းကျေးရွာအုပ်စု၊ ဝဲပျံကျေးရွာရှိ ဒေသခံကျေးရွာသားများကို နယ်ခြား စောင့်တပ် (BGF)မှ ခေါ်ယူ၍ ၎င်းတို့သားသမီးများကို ကျောင်းတက်ခိုင်းရန် ဖိအားပေးပြောဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။စစ်ကောင်စီ ထောက်ခံအားပေးသည့် ကျောင်းအုပ်ဆရာမနှင့် ဒေသခံကျေးရွာသားတချို့၏ တိုင်တန်းမှုကြောင့် ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့က BGF မှ ဗိုလ်တင်ဝင်းဆိုသူက |
သံတောင်ကြီး ၁၃ မိုင် ပစ်ခတ်မှု စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံး Posted: 09 Jun 2021 06:44 AM PDT ဇွန်လ ၉ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ ၁၃ မိုင်တွင် ယမန်နေ့(ဇွန်လ ၈ ရက်)ညက စစ်ကောင်စီနှင့် အမည်မသိ လက်နက်ကိုင်အဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးး စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။အဆိုပါ စစ်ကောင်စီနှင့် အမည်မသိလက်နက်ကိုင်အဖွဲ့တို့ ယမန်နေ့ည ၈ နာရီခွဲဝန်းကျင်တွင် အပြန် အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တစ်ဦးကျဆုံးခဲ့သည်ဟု အမည် |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.