သစ္ထူးလြင္ |
- မင်းတပ်မြို့နယ်တိုက်ပွဲတွင် CDF တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး
- စစ်ကောင်စီလက်ချက်နဲ့မသန်စွမ်းဖြစ်ရသူ အချုပ်နဲ့အမှုဆက်ရင်ဆိုင်နေရ
- ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး အကူညီပေးမူတွေကို လက်ခံဖို့မရှိကြောင်း ရှေ့နေပြော
- တဦးချင်းလုပ်ငန်းရှင်များ ထိုင်းနယ်စပ် ဆပ်ပြာသွင်းခွင့် ပိတ်ပင်
- ရန်ကုန်နဲ့မန္တလေးဆန္ဒပြသူတချို့ဖမ်းဆီးခံရ
- မင်းတပ်မြို့အချုပ်မှာ အရပ်သားတွေ အစားအသောက် လုံလောက်အောင်မစားရဘဲ နှိပ်စက်ခံနေရ
- တာမွေမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ
- လိုင်ဇာမြို့အနီး အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းကို KIA ကြားဖြတ် တိုက်ခိုက်
- စစ်ကောင်စီတပ်ဖွဲ့နှင့်CDFမင်းတပ်အဖွဲ့အကြားတိုက်ပွဲများတွင် CDFမင်းတပ်တပ်ဖွဲ့၀င် ၂၁ ဦး ကျဆုံးပြီဖြစ်ကြောင်းထုတ်ပြန်
- မင်းတပ်မြို့ပေါ်တွင် အခြေခံစားသောက်ကုန်ပြတ်လပ်ဖွယ်အရေးနှင့် ကြုံရဖွယ်ရှိဟုဆို
- ကွတ်ခိုင်-သိန္နီကြား ကားသမားတစ်ဦး ဓားပြတိုက်ခံရပြီး သတ်ခံရ
- နောင်ချိုဈေး ညမထွက်ရအချိန် မီးလောင်မှုဖြစ်
- စစ်ကောင်စီမှ သေနတ်ပစ်ဖမ်းခေါ်သွားသည့် ရွှေညောင်လူငယ်(၂)ဦးအလောင်း ရင်ခွဲခံထားရ
မင်းတပ်မြို့နယ်တိုက်ပွဲတွင် CDF တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး Posted: 08 Jun 2021 09:47 AM PDT ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် အာဏာလုစစ်ကောင်စီတပ်နဲ့ CDFတို့ ယနေ့ (ဇွန် ၈) တိုက်ပွဲ တွင် CDF တပ်ဖွဲ့ဘက်က အသက် ၁၈ နှစ်အရွယ် ဆလိုင်းလိန်းယောအွမ်ကျဆုံးသွားပါတယ်။ယနေ့နံနက်ပိုင်းက မင်းတပ်မြို့နဲ့ ၁၀ မိုင်အကွာဘုရားစခန်းကျေးရွာနဲ့ ယှက်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးများ အဓိကအသုံးပြုကာ တိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက |
စစ်ကောင်စီလက်ချက်နဲ့မသန်စွမ်းဖြစ်ရသူ အချုပ်နဲ့အမှုဆက်ရင်ဆိုင်နေရ Posted: 08 Jun 2021 07:29 AM PDT မကွေးက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို စစ်ကောင်စီတပ်တွေ ဖြိုခွဲချိန် ဒဏ်ရာရပြီးမျက်လုံးတစ်လုံးကွယ်ကာ လက်တစ်ဖက်ပါ ဖြတ်တောက်ခံခဲ့ရတဲ့ ကိုလျှံဖြိုးအောင်ဟာ မကွေးစစ်ဆေးရုံကနေ ဒေါင်းနေအကျဉ်းထောင်ကို ပို့ဆောင်ခံသွားရတယ်လို့ အကိုဖြစ်သူကပြောပါတယ်။မတ်လ ၂၇ ရက်တုန်းက ဆန္ဒပြပွဲမှာ ဖမ်းဆီးခံရသူ ၂၀ ကျော်ထဲကမှ တကိုယ်လုံးသွေးတွေနဲ့ ဒဏ်ရာရခဲ့တဲ့ ကိုလျှံဖြိုးအောင်ကို သေဆုံးပြီအမှတ်နဲ့ ကားပေါ်က ထမ်းချပြီး စစ်ဆေး |
ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး အကူညီပေးမူတွေကို လက်ခံဖို့မရှိကြောင်း ရှေ့နေပြော Posted: 08 Jun 2021 07:28 AM PDT ရှေ့နေဦးခင်မောင်ဇော်ထိန်းသိမ်းခံနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတူနေ မိသားစုဝင်တွေအတွက် ရိက္ခာ ၊ဆေးဝါးနဲ့ငွေကြေးလိုအပ်ချက်တွေရှိတယ်လို့ ပြောကြားချက်နဲ့ပတ်သက်ပြီး အလှူငွေ ပေးပို့လိုတဲ့ ကမ်းလှမ်းချက်တွေရှိလာပေမယ့် လက်ခံမှာမဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ကို ဦးဆောင်သူ ရှေ့နေဦးခင်မောင်ဇော်ကပြောပါတယ်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇွန် ၇ ရက် |
တဦးချင်းလုပ်ငန်းရှင်များ ထိုင်းနယ်စပ် ဆပ်ပြာသွင်းခွင့် ပိတ်ပင် Posted: 08 Jun 2021 07:26 AM PDT ထိုင်း-မြန်မာ နယ်စပ်မှာတွေ့ရတဲ့ ကုန်တင်ကားများ ( ဓာတ်ပုံ- Courtesy)တဦးချင်းကုန်သွယ်မှု လုပ်ငန်းရှင်ကတ် ITC ကိုင်ဆောင်ထားသူတွေအနေနဲ့ မြဝတီနယ်စပ်ကနေ ထိုင်းနိုင်ငံထုတ် ဆပ်ပြာ၊ ဆပ်ပြာမှုန့်တွေကို သွင်းခွင့်မရှိတော့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ကြေညာလိုက်ပါတယ်။ ဒီလိုတင်သွင်းခွင့် ပိတ်လိုက်တဲ့အတွက် စားသုံးသူတွေအပေါ် ဘယ်လို သက်ရောက်မှု ရှိနိုင်ပါသလဲ။ ရန်ကုန်ကပေးပို့လာတဲ့ သတင်းကို ကိုငြိမ်းချမ်းက ပြောပြ |
ရန်ကုန်နဲ့မန္တလေးဆန္ဒပြသူတချို့ဖမ်းဆီးခံရ Posted: 08 Jun 2021 07:24 AM PDT ထားဝယ်မြို့ဆန္ဒပြပွဲ မြင်ကွင်း (ဓာတ်ပုံ-တပ်ပေါင်းစု သပိတ်ကော်မတီ- ထားဝယ်)မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဒီနေ့ဆန္ဒပြကြတဲ့ထဲက ရန်ကုန်မြို့နဲ့ မန္တလေးမှာ ဆန္ဒပြသူတချို့ ဖမ်းဆီးခံရပါတယ်။ ရန်ကုန်မှာ ၄ ယောက် မန္တလေးမှာ ၃ ယောက် အဖမ်းခံရတာပါ။ တခါ ရန်ကုန်မြို့ တာမွေမြို့နယ်က အုပ်ချုပ်ရေးမှုးတယောက် သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။ ခုလို အဖမ်းအဆီး အပစ်အခတ်နဲ့ နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲတွေအကြောင်း ရန်ကုန် |
မင်းတပ်မြို့အချုပ်မှာ အရပ်သားတွေ အစားအသောက် လုံလောက်အောင်မစားရဘဲ နှိပ်စက်ခံနေရ Posted: 08 Jun 2021 07:22 AM PDT စစ်ကောင်စီရဲ့တပ်တွေကို ခုခံတော်လှန်နေတာ တစ်လခွဲကျော်နေပြီဖြစ်တဲ့ ချင်းပြည်နယ် မင်းတပ်မြို့ မှာ နှစ်ဖက်သေဆုံးဒဏ်ရာရတာရှိသလို၊ အဖမ်းခံထားရတဲ့အရပ်သားတွေ အချုပ်ထဲမှာ နှိပ်စက်ခံရတာလည်း ရှိနေပါတယ်။ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့ရဲစခန်းမှာ အချုပ်ကျနေတဲ့သူ ဒေသခံအရပ်သား ၂၀ လောက်ရှိနေပြီး သူတို့ကို အစားအသောက်လုံလောက်အောင် မကျွေးသလို၊ ရေပဲသောက်နေရတာ နှစ်ရက်လောက်ရှိပြီလို့ RFA က စုံစမ်းသိရှိရပါတယ်။ဒါ |
တာမွေမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ Posted: 08 Jun 2021 07:19 AM PDT တာမွေမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ ၂၀၂၁၊ ဇွန် ၈ ရက်နေ့က သေနတ်နဲ့ အပစ်ခံရတဲ့ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင် ကို လူနာတင်ယာဥ်ပေါ် ခေါ်ဆောင်နေတာကို တွေ့ရစဉ် / Photo: Citizen Journalistဇွန်လ (၈) ရက် ဒီမနက် ၁၀ နာရီလောက်က ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင် ကို အမည်မသိ သေနတ်သမားတွေက |
လိုင်ဇာမြို့အနီး အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းကို KIA ကြားဖြတ် တိုက်ခိုက် Posted: 08 Jun 2021 07:10 AM PDT June 8, 2021/ Kachin News GroupKIO ဗဟိုဌာနချုပ်လိုင်ဇာမြို့အနီး လဂျားယန်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက အာဏာသိမ်းစစ်တပ်၏ ရိက္ခာသယ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ဇွန်လ ၈ရက်နေ့ ယနေ့နံနက် ၉နာရီခန့်အချိန်တွင် ဒေါ့ဖုန်းယန်အခြေစိုက် ခလရ (၁၄၂) တပ်ရင်းမှ တက်လာသော စစ်ရိက္ခာသယ်ကား ယာဉ်တန်း ၁၆ စီးကို KIA တပ်ဖွဲ့က ယခင်လိုင်ဇာမြို့အဝင် လဂျားယန် (Laja Yang) ကျေးရွာ |
Posted: 08 Jun 2021 07:07 AM PDT မတရားစစ်အာဏာရှင် ဖြုတ်ချရေး၊ *ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး၊ *ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပေါ်ပေါက်ရေး၊*ချင်းပြည်နယ်နှင့် ချင်းပြည်သူလူထု အသက်အိုးအိမ်လုံခြုံရေး၊ တို့ကိုရည်သန်၍ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင်စစ်ကောင်စီတပ်များနှင့် ဒေသခံ Chinland Defense Force CDF (Mindat) တပ်ဖွဲ့ဝင်တို့ အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် ကျဆုံးခဲ့သော CDF- Mindat အာဇာနည် တော်လှန်ရေးရဲဘော်များမှာ၁။ ဆ |
မင်းတပ်မြို့ပေါ်တွင် အခြေခံစားသောက်ကုန်ပြတ်လပ်ဖွယ်အရေးနှင့် ကြုံရဖွယ်ရှိဟုဆို Posted: 08 Jun 2021 07:06 AM PDT စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မင်းတပ်မြို့ပေါ်နေပြည်သူများ အခြေခံစားသောက်ကုန် ဆန်၊ဆီ၊ဆား ပြတ်လပ်မည့် အခြေနေနှင့် ကြုံတွေ့ရကြောင်း ဒေသခံများထံကသိရပါသည်။မင်းတပ်မြို့ပေါ်တွင် စစ်ဘေးမရှောင်နိုင်သည့် သက်ကြီးရွယ်အို၊ ကလေးငယ် အပါဝင်လူဦးရေ တစ်ထောင်ဝန်းကျင် လူဦးရေ ကျန်ရှိကြောင်းလည်း သိရသည်။ဒေသခံတစ်ဦးက ` ဒီမြို့ပေါ်မှာ တိုက်ပွဲစဖြစ်ကတည်းက စျေးဆိုင်တွေ ပိတ်ထားတာ ၁ လပြည့်တော့မယ် အခုဆို စားဖို့အခက်ခဲလာ |
ကွတ်ခိုင်-သိန္နီကြား ကားသမားတစ်ဦး ဓားပြတိုက်ခံရပြီး သတ်ခံရ Posted: 08 Jun 2021 07:04 AM PDT သျှမ်းသံတော်ဆင့်၊ ဇွန် ၈ ရက်သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် - သိန္နီ ကြားပြည်ထောင်စုကားလမ်းမကြီးပေါ် ကားသမားတစ်ဦး ဓားပြတိုက်ခံရပြီး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇွန် ၆ရက် ည ၈နာရီတွင် မူဆယ်-လာရှိုး လိုင်းကားမောင်းသည့် အသက် (၄၀)ကျော် အရွယ်ရှိ စိုင်းစံညွန့်သည် ကွတ်ခိုင်-သိန္နီ ကြား ဓားပြတိုက်ခံရပြီး အသတ်ခံလိုက်ရကြောင်း သေဆုံးသူနှင့် နီးစပ်သည်ဆွေမျိုးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။" |
နောင်ချိုဈေး ညမထွက်ရအချိန် မီးလောင်မှုဖြစ် Posted: 08 Jun 2021 07:03 AM PDT သျှမ်းသံတော်ဆင့်၊ ဇွန် ၈သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲခရိုင် နောင်ချိုမြို့မဈေး တွင် ယနေ့(ဇွန် ၈)ရက် မနက် ၁နာရီခွဲကျော်တွင် မီးလောင်မှုဖြစ်ပွားကာ ဆိုင်ခန်း (၆)ခန်း ရစရာမရှိအောင်လောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်း (၁၆)ခန်း ပျက်စီးသွားကြောင်း သတင်းရရှိသည်။ အဆိုပါမီးလောင်ကျွမ်းမှုသည် မနက်အစော လူခြေသိပ်ချိန်ဖြစ်ပြီး၊ မည်သည့်အကြောင်းကြောင့် မီးလောင်မှုဖြစ်သည်ကို မသိရှိရကြောင်း၊ မီးလောင်ကျွမ်းမှု တနာရီ |
စစ်ကောင်စီမှ သေနတ်ပစ်ဖမ်းခေါ်သွားသည့် ရွှေညောင်လူငယ်(၂)ဦးအလောင်း ရင်ခွဲခံထားရ Posted: 08 Jun 2021 07:01 AM PDT ဇွန် ၈ရက် ၂၀၂၁ သျှမ်းပြည် တောင်ပိုင်း ရွှေညောင်မြို့ စစ်ကောင်စီမှ ပစ်သတ်ခဲ့သည့် လူငယ် (၂) ဦး ၏ ရုပ်အလောင်း ကို မိသားစုဝင်များ ပြန်သွားထုတ်ရာ ရင်ခွဲထားသည့်ချုပ်ရာများတွေ့ရကြောင်း သတင်းရရှိသည်။လွန်ခဲ့သည့် ဇွန် (၅ )ရက် ည (၈) နာရီတွင် ရွှေညောင်မြို့ မီးပွိုင့်လမ်းဆုံအနီး စစ်ကောင်စီမှ လူငယ် ၃ ဦးကို သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့ပြီး လူငယ် ၂ ဦး သေနတ်ထိမှန်းပြီးသေဆုံးခဲ့သည်။ထို့သေဆုံးသွားသည့် အသက် (၂၁) |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.