သစ္ထူးလြင္ |
- NUG ရဲ့ကျန်းမာရေးဝန်ကြီးဌာနအောက်မှာ ပြည်သူ့ကျန်းမာရေးအဖွဲ့ ဖွဲ့တယ်ဆိုပြီး ဆရာဝန် ၂၀ ကျော်ကို အမှုဖွင့်ဖို့ စစ်ကောင်စီ ပြင်ဆင်နေ
- ကြံခိုင်ရေးပါတီဝင်အချို့ တိုက်ခိုက်ဖျက်ဆီးမှုတွေမှာ ပါဝင်နေတယ်လို့ မင်းကင်းPDF ပြော
- ကန်နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာ့အရေး ထည့်သွင်းဆွေးနွေး
- အကြမ်းဖက်လုပ်ရပ်တွေ အားပေးကြောင်း စွပ်စွဲချက် KNPP ပယ်ချ
- NLD အလုပ်အမှုဆောင်ကို မတွေ့လို့ မိသားစုဝင်တွေကို ဖမ်းဆီး
- ချင်းပြည်နယ်မှာ ဒုက္ခသည် ငါးသောင်းကျော်လာ၊ ရိက္ခာပို့မယ့် လမ်းကြောင်းတွေကို စစ်ကောင်စီ ပိတ်ဆို့ထား
- မင်းတပ်မြို့နယ် ဘုရားစခန်းရွာရှိလူနေအိမ်များ ဝင်ရောက်ဖျက်ဆီးပြီး ရွာသားအချို့ ပစ်ခတ်ခံရ ခြင်းေကြာင့်ဆေးကုသမှူခံယူရန်လိုအပ်နေ
- အကြမ်းဖက်စစ်ကောင်စီတပ်က ရွာသားတွေကို ဖမ်းဆီးရိုက်နှက်ပြီး ပေါ်တာဆွဲနေ
- ကရင်နီပြည်နယ်တွင် အအေးမိပြီးသေဆုံးသွားတဲ့ ၆ ရက်သားအရွယ် ကလေးငယ်အပါအဝင် သေဆုံးသူ ၅၀ ဦးအထိ ရှိလာ
- မင်းတပ် အေးစခန်းရွာမှာ အကြမ်းဖက်သမားတွေ ဘုရားငွေပါမကျန်ခိုးယူ
- ဒလန်သတင်းပေးကြောင့် ကက်သလစ် ဘုန်းတော်ကြီး ၆ ပါးအား စကစတပ်က ဖမ်းဆီးခေါ်ဆောင်
- မြစ်ကြီးနား မြို့ မြစ်ဆုံသွားလမ်းမှာ စစ်ကောင်စီ တပ်ကား မိုင်းခွဲတိုက်ခိုက်ခံရ
- ရွှေကူမြို့နယ် PDF နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီရဲနှင့် စစ်သားများသည် မြို့ပေါ်တွင် လိုက်လံစစ်ဆေး ဖမ်းဆီးနေ
Posted: 13 Jun 2021 06:47 AM PDT ယခင်အစိုးရလက်ထက်မှာ ကျန်းမာရေးဝန်ကြီးဌာနအောက်က တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်း ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း လက်ကျန်ကျပ်ငွေ သန်းချီကို စာရှင်းမရှင်းလင်းဘဲ CDM လုပ်သွားတယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ ဒေါက်တာထားထားလင်းနဲ့အတူ နောက်ထပ် CDM ဆရာဝန် ၂၀ ကျော်ကို ပုဒ်မ ၅၀၅ (က)၊ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)တို့နဲ့ အရေးယူသွားမယ်ဆိုပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။ |
ကြံခိုင်ရေးပါတီဝင်အချို့ တိုက်ခိုက်ဖျက်ဆီးမှုတွေမှာ ပါဝင်နေတယ်လို့ မင်းကင်းPDF ပြော Posted: 13 Jun 2021 06:45 AM PDT ကနီ မင်းကင်းနယ်က နေရပ်စွန့်ခွာထွက်ပြေးသူများမင်းကင်းက ကြံခိုင်ရေး ပါတီဝင်အချို့ စစ်ဝတ်စုံ ဝတ်ပြီး NLD ပါတီ ကိုယ်စားလှယ်နဲ့ ထောက်ခံသူတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးရာမှာ ပါဝင်နေတယ်လို့ ဒေသ ကာကွယ်ရေးတပ်ဖွဲ့ မင်းကင်း PDF က ဇွန်လ ၁၂ ရက်နေ့က ထုတ်ပြောလာပါတယ်။ဒီလိုပါဝင်လာမှုတွေကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဟာ ကြံ့ခိုင်ရေးပါတီကို အကြမ်းဖက်အုပ်စု သတ်မှတ်လိုက်ပြီးတော့ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်သွားမယ်လို့ |
ကန်နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာ့အရေး ထည့်သွင်းဆွေးနွေး Posted: 13 Jun 2021 06:43 AM PDT အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဝဲ) နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Chung Eui-yong. (မတ် ၁၈၊ ၂၀၂၁)ဗြိတိန်နိုင်ငံ၊ Cornwall မြို့မှာ ကျင်းပနေတဲ့ G-7 စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ ထိပ်သီးစည်းဝေးပွဲ ပြင်ပမှာ သီးခြားပြုလုပ်တဲ့ စည်းဝေးပွဲအတွင်း ဒေသတွင်း တခြားကိစ္စရပ်တွေ အပါအဝင် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာရေး ပူးပေါင်းလုပ်ဆောင်ကြဖို့ အရေးကြီးကြောင်း အမေရိကန် |
အကြမ်းဖက်လုပ်ရပ်တွေ အားပေးကြောင်း စွပ်စွဲချက် KNPP ပယ်ချ Posted: 13 Jun 2021 06:41 AM PDT ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း မြန်မာစစ်တပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် တောတောင်ထဲ ပုန်းအောင်နေရတဲ့ ဒေသခံအချို့။မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားသူတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ပံ့ပိုးကူညီနေကြောင်း မြန်မာစစ်ကောင်စီရဲ့ စွပ်စွဲချက်ကို စွပ်စွဲခံခဲ့ရတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ KNPP က ပယ်ချလိုက်ပါတယ်။ ဆန္ဒပြလူငယ်တွေ ကိုယ့်ဘာသာ ခုခံကာကွယ်နိုင်အောင် သင်တန်းပေး |
NLD အလုပ်အမှုဆောင်ကို မတွေ့လို့ မိသားစုဝင်တွေကို ဖမ်းဆီး Posted: 13 Jun 2021 06:38 AM PDT NLD အလုပ်အမှုဆောင်ကို မတွေ့လို့ မိသားစုဝင်တွေကို ဖမ်းဆီး စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ NLD ပါတီဝင် ရပ်ကျေးအလုပ်အမှုဆောင် ဦးထွန်းသန်းရဲ့ သမီးကို တွေ့ရစဉ် / Photo: CJတနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ပဝကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ရပ်ကျေးအလုပ် အမှုဆောင် ဦးထွန်းသန်းကို စစ်ကောင်စီက ဇွန်လ ၁၂ ရက် မနေ့က လာရောက်ဖမ်းဆီးရာမှာ ဦးထွန်းသန်းဟာ အိမ်မှာရှိတာကြောင့် ဇနီး၊ သမီးနဲ့ အစ်ကို |
ချင်းပြည်နယ်မှာ ဒုက္ခသည် ငါးသောင်းကျော်လာ၊ ရိက္ခာပို့မယ့် လမ်းကြောင်းတွေကို စစ်ကောင်စီ ပိတ်ဆို့ထား Posted: 13 Jun 2021 06:37 AM PDT ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်ကစတင်တဲ့ ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်ထဲမှာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် ငါးသောင်းကျော်အထိ ရှိလာနေပြီလို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။ဒုက္ခသည်တွေကို ရိက္ခာပို့မယ့်လမ်းကြောင်းကို စစ်ကောင်စီက ပိတ်ဆို့ထားတာကြောင့် စားရေးသောက်ရေး အခက်အခဲတွေဖြစ်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီ |
Posted: 13 Jun 2021 06:23 AM PDT ၁၃.၆.၂၀၂၁ စစ်ေကာင်စီတပ်ဖွဲ့ဝင်များနှင့် Chinland Defense Force(CDF-Mindat) တို့၏ (၈.၆.၂၀၂၁)ရက်နေ့ကဖြစ်ပွားသော ဘုရားစခန်း(ချောင်းဆုံ) တိုက်ပွဲအတွင်း စစ်ေကာင်စီတပ်ဖွဲ့ဝင်များက မင်းတပ်မြို့နယ်၊ ဘုရားစခန်းရွာရှိ လူနေအိမ်များကုိဝင်ရောက် မွှေနှောက်ဖျက်စီးပြီး ရွာသားအချို့ကုိဖမ်းဆီးရိုက်နှက်ခြင်းနှင့် သေနတ်ဖြင့်ပစ်ခတ်ခြင်းများပြုလုပ် ခြင်းေြကာင့်ရွာသူ/သားအချို့ဆေးကုသမှုခံယူရန်လိုအပ်ေြကာင်းသိရသည်။ |
အကြမ်းဖက်စစ်ကောင်စီတပ်က ရွာသားတွေကို ဖမ်းဆီးရိုက်နှက်ပြီး ပေါ်တာဆွဲနေ Posted: 13 Jun 2021 06:16 AM PDT ကရင်နီပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဒီမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာတွေထဲကို ဝင်လာပြီး ရွာသားတွေကို ဒူးထောက်ခိုင်းကာ ရိုက်နှက်တာတွေ ၊ပေါ်တာဆွဲပြီး ပစ္စည်းထမ်းခိုင်းတာတွေ ပြုလုပ်နေတယ်လို့ ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှ ဒေသခံတစ်ဦးက ပြောပါတယ်။"တချို့ရွာသားဆိုရင်လည်း ဒူးထောက်ပြီးတော့မှ ရိုက်နှက်တာတွေရှိတယ် ဖုန်းတွေသိမ်းသွားတာတွေရှိတယ်။ ဆိုင်ကယ်ဖြတ်သွားဖြတ်လာတဲ့ လူတွေကို ခေါ်ရပ်ပြီးတော့မှ |
ကရင်နီပြည်နယ်တွင် အအေးမိပြီးသေဆုံးသွားတဲ့ ၆ ရက်သားအရွယ် ကလေးငယ်အပါအဝင် သေဆုံးသူ ၅၀ ဦးအထိ ရှိလာ Posted: 13 Jun 2021 06:15 AM PDT ကရင်နီပြည်နယ်တွင် တပ်မတော်က အာဏာသိမ်းပြီးနောက် ဇွန်လ ၁၂ ရက်နေ့အထိ သေဆုံးသူ ၅၀ ဦးအထိ ရှိလာပြီး လသားအရွယ်ငယ်တစ်ဦး၊ ၆ ရက်သားအရွယ် ကလေးငယ်တစ်ဦးတို့ ပါဝင်တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု မှ မှတ်တမ်းပြုလုပ်ထားတဲ့ စာရင်းအရ သိရှိရပါတယ်။သေဆုံးသူ ၆ ရက်သားအရွယ်ကလေးငယ်မှာ စစ်ဘေးရှောင်တဲ့နေရာမှာ အအေးမိပြီး သေဆုံးခြင်းဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့မှာလည်း စစ်ဘေးရှောင်ပြည်သူတွေထဲမှ လသား |
မင်းတပ် အေးစခန်းရွာမှာ အကြမ်းဖက်သမားတွေ ဘုရားငွေပါမကျန်ခိုးယူ Posted: 13 Jun 2021 06:13 AM PDT မင်းတပ်မြို့နယ် အေးစခန်းရွာတွင် အကြမ်းဖက်သမားတွေက အိမ်တိုင်းကိုဖောက်ထွင်းပြီး ဘုရားကျောင်းကိုထည့်ဝင်မယ့် ၁၀ဖို့ ၁ ဖို့အပါအဝင် သိန်း ၃၀ ဝန်းကျင်ခိုးယူသွားကြပါတယ်။အေးစခန်းရွာတွင် အိမ်ခြေ ၄၅ အိမ်ရှိပြီး အိမ်အားလုံးလိုလိုဖောက်ထွင်းခံရတယ်။ဒီအဖြသ်အပျက်ဟာ ဇွန် ၁ ရက်နေ့နဲ့ ၇ ရက်ကြားမှာဖြစ်ခဲ့တာပါ။ စစ်ဘေးရှောင်တွေက ဘုရားကျောင်းဝန်းအတွင်းမှာ အလံဖြူထောင်ပြီး မိုးကာတဲထိုးထားတာလဲ အကုန်ဖျက်ယူကြတယ်လို့ ဒေသခံတွေ |
ဒလန်သတင်းပေးကြောင့် ကက်သလစ် ဘုန်းတော်ကြီး ၆ ပါးအား စကစတပ်က ဖမ်းဆီးခေါ်ဆောင် Posted: 13 Jun 2021 06:11 AM PDT Credit: RVAMyanmarစစ်ကိုင်းတိုင်း၊ ရေဉီးမြို့နယ်၊ ချမ်းသာရွာတွင်ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနှင့် ကက်သလစ်ခရစ်ယာန် ဘုန်းကြီးကျောင်းတွင် လွှတ်တော်အမတ်အား ခိုလှုံခွင့်ပြုထားသည်ဆိုသည့် သတင်းမှားေပးပို့ ခြင်း ကြောင့် ဇွန်လ ၁၂ ရက် ည၌ စစ်ကား ၈ စီး ၀င်ရောက်လာပြီး၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း၊ ကက်သလစ်ဘုန်းတော်ကြီးကျောင်း နှင့် သီလရှင်ကျောင်းအား ဝင်ရောက်စစ်ဆေးခဲ့ပြီး အလည်အပတ်ကြွရောက်နေသော အာဂန္ |
မြစ်ကြီးနား မြို့ မြစ်ဆုံသွားလမ်းမှာ စစ်ကောင်စီ တပ်ကား မိုင်းခွဲတိုက်ခိုက်ခံရ Posted: 13 Jun 2021 06:08 AM PDT 13 June 2021-Kachinwaves မြစ်ကြီးနား မြို့ မြစ်ဆုံသွားလမ်း ၁၁ မိုင်ကျော် လမုန်ဇွမ်ကျေးရွာ ငြိမ်းချမ်းရေး ဂေဟာရှေ့မှာ ယနေ့ညနေ ၅ နာရီကျော်ခန့်က စစ်ကောင်စီ တပ်ကား နှစ်စီး မိုင်းခွဲတိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။"၄ ကြိမ်ဟုတ်တယ် အသံကြားတာ။ မြေကြီးတွေတောင် တုန်တယ်။ မြေကြီးတွေတောင် လမ်းပေါ်မှာ ရောက်နေတယ်။"ဟုဒေသခံတစ်ဦးကဆိုသည်။သေဆုံးသူ ဒဏ်ရာရရှိသူ ရှိမရှိ မသိရသေးကြောင်း |
Posted: 13 Jun 2021 06:07 AM PDT 13 June 2021 - Kachinwavesရွှေကူမြို့ထဲတွင် စစ်ကောင်စီရဲနှင့် စစ်သားများသည် နေအိမ်များကို လိုက်လံစစ်ဆေးပြီး PDF နှင့် ဆက်စပ်သည်ဟု ဆိုကာ ဖမ်းဆီးနေကြောင်း သိရသည်။"အခု ၁၀ယောက်ကျော်ပြီ နေ့လည် ၁၁ နာရီလောက်ကစဖမ်းတာ နာမည်စာရင်းနဲ့ PDF တွေနဲ့ ပတ်သက်တယ်လို့ စွပ်စွဲတယ်" ဟု မြို့ခံတစ်ဦးက ဆိုသည်။Kachinwaveshttps://www.facebook.com/kachinwavesnews/ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.