Tuesday, June 15, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ညောင်လှစံပြရွာထဲ စစ်ကောင်စီတပ် နေအိမ်အချို့ကို ဖျက်ဆီး

Posted: 15 Jun 2021 07:46 AM PDT

ညောင်လှစံပြရွာထဲ စစ်ကောင်စီတပ် နေအိမ်အချို့ကို ဖျက်ဆီး ဒီပဲယင်းမြို့နယ် ညောင်လှစံပြရွာက နေအိမ်တချို့ကို ၂၀၂၁ ဇွန်လ ၁၅ ရက်နေ့က စစ်ကောင်တပ် ဝင်ရောက်ဖျက်ဆီးစဉ် / Photo CJစစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် ညောင်လှစံပြကျေးရွာထဲကို ဒီကနေ့ ဇွန် ၁၅ ရက် နေ့လယ် ၁၂ နာရီ ဝန်းကျင်မှာ ကား ၁၂ စီးနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်လာပြီး လူနေအိမ်အချို့ကို ဖျက်ဆီးသွားသလို အရပ်သားအချို့ကိုလည်း ဖမ်းဆီးခေါ်

ပေါက်မြို့နယ် ကင်းမရွာ မီးရှို့ခံရ

Posted: 15 Jun 2021 07:44 AM PDT

ပေါက်မြို့နယ် ကင်းမရွာမကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်းက ကင်းမကျေးရွာမှာ ဇွန်လ ၁၅ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ပစ်ခတ်မှုတွေအပြီးမှာ ရွာက နေအိမ်တွေ မီးလောင်နေတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ရွာက ဒေသခံ အများစုက ကျေးရွာအပြင်တိမ်းရှောင်နေကြပြီး ရွာနဲ့တစ်မိုင်လောက် အကွာကနေ မီးတောက်တွေကို တွေ့မြင်နေရတယ်လို့ ရွာခံတစ်ဦးကပြောပါတယ်။ကင်းမရွာမှာ လူနေအိမ်ခြေ ၂၄၀ ကျော်ရှိပြီး

မိတ္ထီလာမြို့မှာ ညမထွက်ရအမိန့်ထုတ်

Posted: 15 Jun 2021 07:43 AM PDT

မိတ္ထီလာမြို့မှာ ညမထွက်ရအမိန့်ထုတ်မိတ္ထီလာမြို့နယ်မှာ မနေ့က ဇွန်လ ၁၄ ရက်နေ့က စတင်ပြီး ညမထွက်ရ အမိန့်ထုတ်ပြန်လုက်ပါတယ်။မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တဲ့ အမိန့်စာမှာ ဇွန်လ ၁၄ ရက်နေ့ ကနေ သြဂုတ်လ ၁၃ ရက်နေ့ အထိ နှစ်လကြာကာလအတွင်း ည ၈ နာရီကနေ မနက် ၄ နာရီအချိန်အတွင်း ညမထွက်ရ လို့ ဖော်ပြထားပါတယ်။မိတ္ထီလာ မြို့နယ် နယ်နိမိတ်အတွင်းမှာ အများပြည်သူတွေရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုး

ချင်းပြည်နယ်စစ်ဘေးဒုက္ခသည်များ စားသောက်နေထိုင်ရေးပိုခက်ခဲလာ

Posted: 15 Jun 2021 07:40 AM PDT

တောထဲထွက်ပြေးပုန်းရှောင်နေကြရတဲ့ မင်းတပ်ဒေသခံများ (ဓာတ်ပုံ - Khonumthung သတင်းဌာန)ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တို့ကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာခိုလှုံနေကြရတဲ့ မင်းတပ်မြို့နယ် ကန်ပက်လက် မြို့နယ်နဲ့ ထန်တလန်မြို့နယ်တွေက စစ်ဘေးဒုက္ခသည်တွေ စားရေးသောက်ရေး အတော် အခက် တွေ့နေကြပါတယ်။ သူတို့အတွက် ရိက္ခာပို့ပေးတဲ့ လမ်းကြောင်းတွေကို စစ်တပ်က ပိတ်ထားတဲ့အတွက် အစားအသောက်

ဒေါ်အောင်ဆန်းစုကြည် ၅၀၅(ခ)အမှု တရားလိုစတင်စစ်ဆေး

Posted: 15 Jun 2021 07:38 AM PDT

စစ်အာဏာသိမ်း ဆန့်ကျင်သူများ ဒေါ် အောင်ဆန်းစုကြည်လွတ်မြောက်ရေး တောင်းဆိုစဉ် ( ဓာတ်ပုံ- AFP)နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်ဆောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုထားတဲ့ အမှုတွေထဲက ဒီနေ့ ဇွန်လ ၁၅ ရက်နေ့မှာ အမှု ၂ ခုစစ်ဆေးပါတယ်။ သမ္မတဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့နဲ့ တတွဲထဲအမှုဖြစ်တဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ ချိုးဖောက်မှု၊ တခါ အများပြည်သူတည် ငြိမ်မှုအေးချမ်းမှု ပျက်အောင်

ဖုန်းနဲ့လိမ်ညာဆက်သွယ်ပြီး ဆရာတော်ဦးဇဝန ကို ရိုက်နှက်ဖမ်းဆီး

Posted: 15 Jun 2021 07:36 AM PDT

ဖုန်းနဲ့လိမ်ညာဆက်သွယ်ပြီး ဆရာတော်ဦးဇဝန ကို ရိုက်နှက်ဖမ်းဆီး မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ ဘုရားကြီး ငြိမ်းချမ်းရေးသပိတ်စစ်ကြောင်းက ဆရာတော် ဦးဇဝနကိုတွေ့ရစဉ် / Photo: CJမန္တလေးမြို့မှာ ဇွန်လ ၁၄ ရက် မနေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ ဘုရားကြီး ငြိမ်းချမ်းရေး သပိတ်စစ်ကြောင်းက ဆရာတော် ဦးဇဝနကို ဖုန်းနဲ့ဆက်သွယ်ကာ လိမ်ညာခေါ်ဆိုပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် တွေက ရိုက်နှက်ဖမ်းဆီး

တောင်သာစစ်ကြောရေးမှာ ရွာသားတစ်ဦး နာရီပိုင်းအတွင်း သေဆုံး

Posted: 15 Jun 2021 07:34 AM PDT

မန္တလေးတိုင်း တောင်သာမြို့မှာ ဇွန်လ ၁၃ ရက်နေ့က စစ်ကောင်စီသတင်းပေး အမျိုးသမီးတစ်ယောက် သေနတ်နဲ့ အပစ်ခံရတာကို သံသယရှိတယ်ဆိုကာ ဖမ်းဆီးစစ်ဆေးခံရသူတစ်ဦး စစ်ကြောရေးမှာတင် သေဆုံးခဲ့ရပါတယ်။မန္တလေးတိုင်း တောင်သာမြို့နယ် အင်တဲရွာက အသက် (၃၈) နှစ်အရွယ် ကိုမျိုးမြင့်သန်းဟာ စစ်ကောင်စီ သတင်းပေး အမျိုးသမီးတစ်ယောက် တောင်သာမြို့ပေါ်မှာ သေနတ်နဲ့ပစ်သတ်ခံရတဲ့ကိစ္စမှာ သံသယရှိတယ် ဆိုပြီး အဖမ်းခံရပြီးတဲ့နောက် သုံးနာရီ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.