သစ္ထူးလြင္ |
- ပလက်ဝမြို့ရဲစခန်းတွင်ဖမ်းထားသည့်ချင်းလူငယ် ၅ ဦးကို လက်ထိပ်ခတ်ပြီး စစ်တပ်၀န်းအတွင်းခေါ်ဆောင်သွား
- သျှမ်းပြည်မှ တစ်ဆင့် ကယားပြည်သို့ စစ်ကောင်စီ အင်အားဖြည့် တင်းနေ
- ဒီမော့ဆိုမြို့နယ် ငွေတောင် အထကကျောင်းဝန်းမှာ ပုပ်ပွသေဆုံးလျက်ရှိတဲ့ အလောင်း ၄လောင်းထပ်မံတွေ့ရှိ
- မြန်မာပြည်သူတွေနဲ့တသားတည်းရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်သားငယ် ပြောကြား
- မြန်မာစစ်တပ် ရာဇဝတ်မှုတွေ ဆက်လက် ကျူးလွန်နေကြောင်း ဗြိတိန်သံအမတ်ပြော
- ဒီးမော့ဆိုမြို့နယ်ထဲက တိုက်ပွဲကြောင့် သေဆုံးနေသူတွေအလောင်းကိုသင်္ဂြိုဟ်
- ကင်းမရွာမီးလောင်မှု အပြန်အလှန်စွပ်စွဲအပြစ်တင်
- ရန်ကုန်တိုင်းအတွင်း အုပ်ချုပ်ရေးမှုးတဦးနဲ့ပညာရေးမှုးတဦးသတ်ခံရ
- လှိုင်သာယာ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး
- မင်းကင်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေးယောက်သေဆုံးကြောင်း PDF ပြော
- တာမခန်တွင် စစ်ကောင်စီတပ်က လူနေအိမ်များတွင် သေနတ်ဖောက်ကာ ဝင်စီးနေ
- ဒေါ့ဖုန်းယန်မြို့ပြင် ၂ မိုင်ပတ်လည်တွင် အာဏာသိမ်းစစ်တပ်က မြေမြုပ်မိုင်း အများအပြားထောင်ထား
- ဘုရားသုံးဆူမြို့တွင် BGF တပ်ဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ
- မီဇိုရမ်ပြည်နယ်တွင် ခိုလှုံသော မြန်မာနိုင်ငံသားများကို ငွေကြေးထောက်ပံ့မှုပေးမည်ဟု Mizoram ပြည်နယ်ဝန်ကြီးချုပ်မှ ဆို
- မကွေးတိုင်း ပေါက်မြို့နယ် ကင်မရွာလုံးကျွတ် စစ်ကောင်စီမှ မီးရှို့ပြာကျ
ပလက်ဝမြို့ရဲစခန်းတွင်ဖမ်းထားသည့်ချင်းလူငယ် ၅ ဦးကို လက်ထိပ်ခတ်ပြီး စစ်တပ်၀န်းအတွင်းခေါ်ဆောင်သွား Posted: 17 Jun 2021 08:35 AM PDT ချင်းပြည်နယ် ပလက်ဝမြို့တွင် အဖမ်းဆီးခံချင်းလူငယ် ၅ ဦးကို ယနေ့ဇွန်လ ၁၇ ရက်နေ့တွင် လက်ထိပ်ခက်ကာ ၂၈၉ တပ်ရင်း ဖက်သို့ခေါ်ဆောင်သွားဟု သိရသည်။အဖမ်းဆီးခံ ချင်းလူငယ် ၅ ဦးကို ဇွန်လ ၁၇ ရက်နေ့တွင် မြို့နယ်တရားသူကြီးမှ စစ်ဆေးခဲ့ပြီး ရဲလုပ်ငန်းများ ဆောင်ရွက်ရန် ဇွန်လ ၃၀ ရက်နေ့ကို ရုံးချိန်းသက်မှတ် ခဲ့ပြီးနောက် ခမရ (၅၁၁) တပ်ရင်းမှူးမှ ဦးစီးခေါ်ဆောင်သွားကြောင်း သိရသည်။ ပလက်ဝမြို့တွင် မေလ ၂၈ ရက်နေ့က ဗုံး |
သျှမ်းပြည်မှ တစ်ဆင့် ကယားပြည်သို့ စစ်ကောင်စီ အင်အားဖြည့် တင်းနေ Posted: 17 Jun 2021 08:32 AM PDT Photo by CJသျှမ်းသံတော်ဆင့်၊ ဇွန် ၁၇သျှမ်းပြည်မှ တစ်ဆင့် ကရင်နီပြည် (ကယားပြည်) သို့ စစ်ကောင်စီက စစ်အင်အား တောက်လျှောက် ဖြည့်တင်း နေကြောင်း သတင်းသိရသည်။ ယနေ့( ဇွန် ၁၇)ရက် နေ့လည်ပိုင်းတွင် စစ်ကောင်စီ အုပ်စုသည် သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့မှတဆင့် စစ်အင်အားနှင့် ရိက္ခာအပြည့် တင်ဆောင်လာသော ကားအစီး (၂၀) ခန့်သည့် လွိုင်ကော်မြို့သို့ ရောက်ရှိလာကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ " |
ဒီမော့ဆိုမြို့နယ် ငွေတောင် အထကကျောင်းဝန်းမှာ ပုပ်ပွသေဆုံးလျက်ရှိတဲ့ အလောင်း ၄လောင်းထပ်မံတွေ့ရှိ Posted: 17 Jun 2021 08:29 AM PDT ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ် ငွေတောင် အထကကျောင်းဝန်းမှာ ပုပ်ပွသေဆုံးလျက်ရှိတဲ့ အလောင်း ၄လောင်းကို ဒီကနေ့ ဇွန်လ ၁၇ရက်နေ့ နေ့ခင်းပိုင်းမှာ ထပ်မံ တွေ့ရှိတယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။ နောက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးပစ်သတ်ခံရတဲ့ အနေအထားဖြစ်သလို သေဆုံးတာကြာမြှင့်ပြီဖြစ်တဲ့အတွက် သေဆုံးသူတွေရဲ့အရိုးစုမှာ ဆွေးမြေ့နေပြီဖြစ်တယ်လို့ သိရပါတယ်။ယမန်နေ့(ဇွန်လ၁၆ရက်)နေ့မှာ ဒီမော့ဆိုမြို့နယ်အတွင်းမှာ |
မြန်မာပြည်သူတွေနဲ့တသားတည်းရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်သားငယ် ပြောကြား Posted: 16 Jun 2021 11:57 AM PDT တိုင်းပြည်မှာ ဒီမိုကရေစီပြန်လည်ရရှိဖို့ စည်းစည်းလုံးလုံးနဲ့ တဖန်ပြန်ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူတွေနဲ့ အတူ သူနဲ့ သူ့မိသားစုက တသားတည်းရှိနေတယ်လို့ အဖမ်းဆီးခံထားရပြီး အမှုရင်ဆိုင်နေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း ခေါ် မစ္စတာ ကင်မ်အဲရစ်က ပြောကြားလိုက်ပါတယ်။ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အကြိုအဖြစ် ဇွန်လ ၁၆ ရက်နေ့က နော်ဝေ |
မြန်မာစစ်တပ် ရာဇဝတ်မှုတွေ ဆက်လက် ကျူးလွန်နေကြောင်း ဗြိတိန်သံအမတ်ပြော Posted: 16 Jun 2021 11:55 AM PDT မြန်မာစစ်တပ် ရာဇဝတ်မှုတွေ ဆက်လက် ကျူးလွန်နေကြောင်း ဗြိတိန်သံအမတ်ပြော မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်အမတ်ကြီး မစ္စတာ ဒန်ချက်။ Photo: Reutersမြန်မာစစ်တပ်ဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်အမတ်ကြီး မစ္စတာ ဒန်ချက်က ဒီကနေ့ ပြောလိုက်ပါတယ်။ဇွန်လ ၁၅ ရက်နေ့ညပိုင်းမှာ မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ကင်းမရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ |
ဒီးမော့ဆိုမြို့နယ်ထဲက တိုက်ပွဲကြောင့် သေဆုံးနေသူတွေအလောင်းကိုသင်္ဂြိုဟ် Posted: 16 Jun 2021 11:53 AM PDT ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲကြောင့် သေဆုံးပြီးပုပ်ပွနေတဲ့ ငွေတောင်ကျေးရွာ အတွင်းက အလောင်းတွေကို မြို့နယ်သံဃာနာယကဆရာတော်ကြီးတွေ ခွင့်ပြုချက်နဲ့ ထီးပွင့်ကန်ဆရာတော်၊ဒေါဘူးကူး ဆရာတော်၊ ဒေါပိုးစီ ဆရာတော်၊မစိုးရိမ်တိုက်သစ် ဆရာတော်တွေ ဦးဆောင်ပြီး သံဃာ ၁၈ပါးတို့က ငွေတောင် သုသာန်မှာ ဇွန်လ ၁၆ ရက်နေ့က စုပေါင်း သင်္ဂြိုဟ် ပေးခဲ့တယ်လို့သိရပါတယ်။ဒီရုပ်အလောင်းတွေဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်၊ ဘယ်နှစ်ဦး |
Posted: 16 Jun 2021 11:52 AM PDT ဂျပန်နိုင်ငံမှာ ကျင်းပခဲ့ တဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မြန်မာစစ်အာဏာသိမ်း ကောင်စီကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့တဲ့ မြန်မ့ာလက်ရွေးစင် အမျိုးသားဘောလုံးအသင်း ဂိုးသမား ပြည့်သျှံအောင်ဟာ ဇွန်လ ၁၆ ရက်နေ့က မြန်မာအသင်းနဲ့ အတူ မပြန်ဘဲ ဂျပန်နိုင်ငံအိုဆာကာမြို့က ကန်ဇိုင်း လေဆိပ်မှာ ကျန်နေခဲ့တယ်လို့ သူက ဘီဘီစီကိုပြောပါတယ်။ဂျပန်ရှေ့နေ နဲ့ ဂျပန်နိုင်ငံက မြန်မာအသိုင်းဝိုင်းက သူ့ရဲ့နေရေးထိုင်ရေးအတွက် စီစဥ် |
ကင်းမရွာမီးလောင်မှု အပြန်အလှန်စွပ်စွဲအပြစ်တင် Posted: 16 Jun 2021 11:50 AM PDT မီးလောင်ပစ်စီးသွားခဲ့တဲ့ ကင်းမ ရွာ ( ဓာတ်ပုံ - Courtesy)မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်း ကင်းမရွာမီးလောင်မှုမှာ စစ်ကောင်စီနဲ့ ဒေသခံ PDF တွေဖက် အပြန်အလှန်စွပ်စွဲနေပြီး၊ မီးလောင်မှုကြောင့် နေအိမ်အတွင်း ကျန်းမာရေးမကောင်းတဲ့ သက်ကြီးရွယ်အို ၂ ဦး နေအိမ်ထဲမှာ မီးလောင်ပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိအားဖြင့်တော့ အဲဒီဒေသအနီးမှာ အခြေအနေတွေ တင်းမာဆဲရှိနေတဲ့အကြောင်း ရန်ကုန်က သတင်းပေးပို့ |
ရန်ကုန်တိုင်းအတွင်း အုပ်ချုပ်ရေးမှုးတဦးနဲ့ပညာရေးမှုးတဦးသတ်ခံရ Posted: 16 Jun 2021 11:47 AM PDT ထားဝယ်မြို့ပေါ် လျှပ်တပျက်သပိတ်တခု ( ဓာတ်ပုံ - Dawei Watch)စစ်တပ်က အာဏာသိမ်းတာ ၅ လနီးပါးရှိလာနေချိန်ထိ နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲတွေ ဆက်ရှိနေသလို စစ်ကောင်စီလက်ထက်မှာ အုပ်ချုပ်ရေးမှုးဖြစ်လာသူ၊ သတင်းပေးအဖြစ် ကျော်ဇောသူတစ်ချို့ သတ်ဖြတ်ခံရတာမျိုးတွေလည်း ရှိလာနေတာပါ။ ဒီအကြောင်း ရန်ကုန်က လာတဲ့သတင်းကို မဆုမွန် ပြောပြပေးပါမယ်။ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှုးတစ်ဦး |
လှိုင်သာယာ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး Posted: 16 Jun 2021 11:45 AM PDT လှိုင်သာယာ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာ စစ်ကောင်စီတပ် ကင်းလှည့်နေစဉ် /Photo: RFAရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် အမှတ် ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှဦးဟာ ဒီကနေ့ ဇွန် ၁၆ ရက်နေ့ မနက် ၁၀ နာရီလောက်က ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်ခံရပြီးတဲ့နောက် သေဆုံးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရပ်ကွက်နေပြည်သူတွေက RFA ကို အတည်ပြု ပြောဆိုပါတယ်။လှိုင်သာယာ |
မင်းကင်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေးယောက်သေဆုံးကြောင်း PDF ပြော Posted: 16 Jun 2021 08:22 AM PDT စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ပင်တင်းရွာ၊ ဖတ်ခတ်ချောင်းအနားမှာ စစ်ကောင်စီကိုထောက်ခံတဲ့ ပျူစော ထီး အဖွဲ့ဝင်တွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေနဲ့ စစ်သားတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့နဲ့ ဒေသခံ မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ဇွန်လ ၁၅ ရက် မနေ့မနက်အစောပိုင်းက တိုက်ပွဲ နှစ်ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံးလေးယောက် သေဆုံးတယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ပြောပါတယ် |
တာမခန်တွင် စစ်ကောင်စီတပ်က လူနေအိမ်များတွင် သေနတ်ဖောက်ကာ ဝင်စီးနေ Posted: 16 Jun 2021 08:15 AM PDT ဖားကန့်၊ တာမခန်တွင် ရဲနှင့် စစ်သားအင်အား ၃၀ ခန့်က အိမ်စီးကား ၃စီးဖြင့်ယနေ့ ၂နာရီခွဲအချိန်တွင်ရောက်လာပြီး သေနတ်ဖောက်ကာ လူနေအိမ်အတွင်း ဝင်ရောက်စစ်ဆေးမှုများပြုလုပ်နေကြောင်းသိရသည်။"အခု..အခု ရွာအတွင်းမှာ သေနတ်လာဖောက်နေတယ်။ အကြိမ်ရေမတွက်နိုင်တော့ဘူး။ အချက်ရေတွေအများကြီးဘဲ။ နားနားပြီးပစ်နေတာ အထက်က အမိန့်ဆိုပြီး။ တစ်ချို့က အရမ်းကြောက်နေတယ်"ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။အာဏာရှင်ဆန့်မှု |
ဒေါ့ဖုန်းယန်မြို့ပြင် ၂ မိုင်ပတ်လည်တွင် အာဏာသိမ်းစစ်တပ်က မြေမြုပ်မိုင်း အများအပြားထောင်ထား Posted: 16 Jun 2021 08:06 AM PDT June 16, 2021/ Kachin News Groupဗန်းမော်-လိုင်ဇာ ကားလမ်းမပေါ်ရှိ ဒေါ့ဖုန်းယန်မြို့၏ ၂ မိုင်ပတ်လည်တွင် အာဏာသိမ်းစစ်တပ်က မြေမြုပ်မိုင်း ထောင်ထားလိုက်သဖြင့် မြို့ပြင်ဘက်တွင် အသက်မွေးဝမ်းကြောင်းလုပ်ငန်း လုပ်ကိုင်နေကြသော ပြည်သူများအတွက် အသက်အန္တရယ် စိုးရိမ်နေရကြောင်း သိရသည်။ကဂမ်၊ တံတားညီးနောင် စသောနေရာများတွင် မြေမြုပ်မိုင်းအများအပြားထောင်လိုက်သဖြင့် တောင်ယာလုပ်ကိုင်စားသောက်ရန် ခက်ခဲနေကြောင်း အမည်မ |
ဘုရားသုံးဆူမြို့တွင် BGF တပ်ဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ Posted: 16 Jun 2021 08:01 AM PDT ဇွန်လ ၁၆ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ကေအိုင်စီကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ ရပ်ကွက် ၄ ရှိ လူနေအိမ်တစ်အိမ်တွင် ယနေ့ နေ့လည် ၁၁ နာရီက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာတွင် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ထိမှန် သေဆုံးသွားကြောင်း မြို့ခံများထံမှ သိရသည်။အဆိုပါ ပစ်ခတ်မှုကြောင့် နယ်ခြားစောင့်တပ်အမှတ် ၁၀၂၁ တပ်ဖွဲ့ဝင် မောင်ကျော်ဆိုသူအား ဦးခေါင်းတွင် သေနတ် ဒဏ်ရာ ၃ ချက်ထိမှန်ပြီး ဘုရား |
Posted: 16 Jun 2021 07:59 AM PDT Photo: (DIPR Mizoram)Aizawl, ဇွန် ၁၆ (PTI) Mizoram ၀န်ကြီးချုပ် Zoramthanga ကသူ၏အစိုးရသည်ပြည်နယ်အတွင်းခိုလှုံနေသောမြန်မာနိုင်ငံသားများကို ငွေကြေးထောက်ပံ့ပေးမည်ဟု ဗဟိုလူငယ် Mizo အသင်း (CYMA) မှခေါင်းဆောင်များနှင့် မြန်မာနိုင်ငံသားများအားကယ်ဆယ်ရေးနှင့် ပတ်သက်၍ တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း Mizoram News တွင် ဖော်ပြချက်အရ သိရသည်။ပိုက်ဆံမကြာမီ ထောက်ပံ့နိုင်လိမ့်မည်ဟု Mizoram ပြည်နယ် ဝန်ကြီးချုပ်မှ |
မကွေးတိုင်း ပေါက်မြို့နယ် ကင်မရွာလုံးကျွတ် စစ်ကောင်စီမှ မီးရှို့ပြာကျ Posted: 16 Jun 2021 07:57 AM PDT မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တောင်ပိုင်း ကင်းမကျေးရွာရှိ ပြည်သူများ၏ နေအိမ်များကို စစ်ကောင်စီက ဇွန် (၁၅) ရက်နေ့တွင် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့သဖြင့် အသက်ကြီးသည့် အဘိုးအဘွား (၄) ဦးမီးလောင်ကျွမ်းခံ ရသည့်အပြင် ကျွဲ နွားများလည်း ပါဝင်ကြောင်း စုံစမ်းသိရှိရသည်။ပေါက်မြို့နယ် တောင်ဘက်အစွန်ရှိ ကင်းမရွာတွင် အိမ်ခြေ (၂၅၀) ဝန်းကျင်ရှိပြီး လူဦးရေ (၁၀၀၀) ကျော် နေထိုင်ကြောင်း သိရသည်။SHAN News (Burmese |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.