သစ္ထူးလြင္ |
- ဂန့်ဂေါမှကျောဘက်သို့ ရှေ့ပြေးတက်လာသောခြေလျင်တပ်သား ၁၂ ဦးအား YDF မှသုတ်သင်ရှင်းလင်း
- မုံးကိုးဒေသ နေရာ ၃ ခုမှ တပ်ဆုတ်ခွာမည်ဟု MNDAA ကြေညာ
- ကောလင်းမြို့နယ်၊ ရှမ်းကလုံးကျေးရွာမှ ဒေသခံပြည်သူ ၃ဦး စစ်ကောင်စီဖမ်းဆီးသွား
- အင်ဂျန့်ယန်သို့ စစ်ကောင်စီတပ် အင်အားတိုးချဲ့လာသဖြင့် KIA က လမ်းမကြီးကို ပိတ်ထား
- ပြည်သူ့ခုခံစစ်သတင်းများ (၉ နိုဝင်ဘာလ ၂၀၂၁)
- အစိုးရ (၆) လပြည့် ပြည်သူသို့ အစီရင်ခံတင်ပြခြင်း
- ပုလောမြို့နယ်တွင် စစ်ကောင်စီက အရပ်သားများကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်ထား၊ ပြန်လွတ်ပေး ခြင်းမရှိသေး
- လားရှိုးမြို့ လဝကရုံးအနီး ဗုံးပေါက်ကွဲ ဖြစ်၊ ထိခိုက်မှုရှိ
- ရွာငံမြို့နယ်အတွင်း စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသူ ဓါးဖြင့်ထိုးသတ်ခံရ
- သိန္နီမြို့နယ် စစ်ကောင်စီ တပ်အနီး လက်နက်ကြီးသံကြားရ
- လိုအပ်သည့်နေရာများမှာ နေ့ညမရှောင် ဖောက်ခွဲမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့ စကစ တိုက်ဖျက်ရေးအထူးအဖွဲ့ထုတ်ပြန်
- ဖယ်ခုံမြို့ ရှိ ရွှေနှလုံးတော်ကတ်သလစ်ဘုရားကျောင်း လက်နက်ကြီးစထိမှန်ပျက်စီး
- စစ်ကောင်စီတပ်သားတစ်ဦး CDM ပြုလုပ်ပြီး KGZနဲ့ ပူးပေါင်းပါဝင်လာ
- "Theihding Zaksakna” (သတိပေးအကြောင်းကြားခြင်း)
- နတ်မောက်မြို့ ရဲတပ်ဖွဲ့မှူးရုံးက ရဲမေတဦး CDM ပြုလုပ်
- ကဝ လ.ဝ.က ရုံးကို PDF နှစ်ဖွဲ့ ဗုံးခွဲသတိပေး
- အာဏာရှင်ရင်ဝကို ခြေစုံကန်ပြီး ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့ ရဲအုပ်တစ်ဦးရဲ့ ရင်တွင်းစကား
- ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ
ဂန့်ဂေါမှကျောဘက်သို့ ရှေ့ပြေးတက်လာသောခြေလျင်တပ်သား ၁၂ ဦးအား YDF မှသုတ်သင်ရှင်းလင်း Posted: 10 Nov 2021 06:27 AM PST ဂန့်ဂေါ၊နိုဝင်ဘာ၁၀၊၂၀၂၁။ဂန့်ဂေါမှကျောဘက်သို့ စစ်ကားအစီး ၃၂ စီးထွက်ခွာလာရာ ရှေ့ပြေးတက်လာသော ခြေလျင်တပ်သား ၁၂ ယောက်ကို နိုဝင်ဘာလ ၁၀ရက်နေ့ ၁၂ နာရီခွဲအချိန်တွင်YDFမှ သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း YDF နှင့်နီးစပ်သူတဦး ထံမှသိရသည်။"၁၂ နာရီခွဲအချိန်လောက်မှာ ဂန့်ဂေါမှကျောဘက်သို့ စစ်ကား ၃၂ စီးရောက်လာပါတယ်၊ ခြေလျင်တက်လာတဲ့ခြေလျင်တပ်သား ၁၂ ဦးနဲ့ YDF တို့ အပြန်အလှန်ပစ်ခတ်ကျပါတယ်၊ ယော PDF အဖွဲ့ကခြေလျင်တပ် |
မုံးကိုးဒေသ နေရာ ၃ ခုမှ တပ်ဆုတ်ခွာမည်ဟု MNDAA ကြေညာ Posted: 10 Nov 2021 06:05 AM PST November 10, 2021/ Kachin News Groupရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးဒေသတွင် တပ်စွဲထားသော နေရာ ၃ ခုမှ ဆုတ်ခွာတော့မည်ဟု MNDAA ဘက်က ယနေ့ (နိုဝင်ဘာလ ၁၀ ရက်နေ့) ကိုးကန့် သတင်းတွင် ဖော်ပြထားသည်။မုံးကိုးဒေသ စစ်ရေးတင်းမာနေမှုကို လျော့ကျစေလိုသော ရည်ရွယ်ချက်ကြောင့် MNDAA ဗဟိုဌာနချုပ်မှ မုံးကိုးဒေသရှိ တပ်ခွဲ ၃ ခုကို ဆုတ်ခွာရန် အမိန့်ပေးခဲ့တဲ့အပြင် မုံးကိုး နှင့် ပန်ဆိုင်း တံတားကြားရှိ စနိုက်ပါ |
ကောလင်းမြို့နယ်၊ ရှမ်းကလုံးကျေးရွာမှ ဒေသခံပြည်သူ ၃ဦး စစ်ကောင်စီဖမ်းဆီးသွား Posted: 10 Nov 2021 06:04 AM PST November 10,2021/Kachin News groupနိုဝင်ဘာလ ၁၀ရက်နေ့ စစ်ကိုင်းတိုင်း၊ကောလင်းနယ်၊ ရှမ်းကလုံး ကျေးရွာမှ ဒေသခံ ၃ဦးအား စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးသွားကြောင်း နီးစပ်သူများထံမှ သိရသည်။"ရှမ်းကလုံးရွာက ဒေသခံယောကျ်ားလေးသုံးယောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်။ တစ်ေယာက်ကိုနောက်ပြန်ကြိုးတုတ်တယ် ကျန်တဲ့နှစ်ေယာက်ကိုေတာ့ ဒီအတိုင်းဖမ်းဆီးသွားတယ်။ နောက်ပြန် ကြိုးတုတ်ခံရတဲ့သူက နှိက်စက်ထားရတယ်လို့ သိရတယ်"ဟု နီးစပ်သူ |
အင်ဂျန့်ယန်သို့ စစ်ကောင်စီတပ် အင်အားတိုးချဲ့လာသဖြင့် KIA က လမ်းမကြီးကို ပိတ်ထား Posted: 10 Nov 2021 06:02 AM PST November 10, 2021/ Kachin News Groupအင်ဂျန့်ယန်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များ စစ်အင်အားအများအပြား တိုးချဲ့ လာသဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA က လမ်းမကြီးကို ရက်အကန့်အသတ်မရှိ ပိတ်ဆို့ထားကြောင်း သိရသည်။နိုဝင်ဘာလ ၃ ရက်နေ့မှစကာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ စစ်အင်အား ၂၀၀ ဝန်းကျင်ခန့်သည် အင်ဂျန့်ယန်မြို့နယ်သို့ ဝင်ရောက်လာသောကြောင့် တိုက်ပွဲများ ပြင်းထန်လာနိုင်သည့်အတွက် မည်သူမှ သွားလာဖြတ်သန်ခွင့် မ |
ပြည်သူ့ခုခံစစ်သတင်းများ (၉ နိုဝင်ဘာလ ၂၀၂၁) Posted: 10 Nov 2021 06:01 AM PST တိုင်းရင်းသားညီနောင် အင်အားစုတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်သားတွေနဲ့ ပြည်သူလူထုတို့ရဲ့ အရှိန်အဟုန်မြင့်လာသော တိုက်ပွဲသတင်းတွေကို စုစည်းတင်ဆက်ပေးထားတာကို နားဆင်ကြရမှာဖြစ်ပါတယ်။Committee Representing Pyidaungsu Hluttaw - CRPH https://www.facebook.com/crph.official.mm/ |
အစိုးရ (၆) လပြည့် ပြည်သူသို့ အစီရင်ခံတင်ပြခြင်း Posted: 10 Nov 2021 05:58 AM PST အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နဲ့ ဝန်ကြီးဌာနရဲ့လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထားတာ နားဆင်ကြရမှာဖြစ်ပါတယ်။Committee Representing Pyidaungsu Hluttaw - CRPH https://www.facebook.com/crph.official.mm/ |
ပုလောမြို့နယ်တွင် စစ်ကောင်စီက အရပ်သားများကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်ထား၊ ပြန်လွတ်ပေး ခြင်းမရှိသေး Posted: 10 Nov 2021 05:56 AM PST နိုဝင်ဘာ ၁၀ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီကရင်အမျိုးသားအစည်းအရုံး-KNU ဘိတ်ထားဝယ်ခရိုင်(တပ်မဟာ -၄) နယ်မြေ၊ ပုလောမြို့နယ်အတွင်း စစ်ရေးဝင်ရောက်လှုပ်ရှားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့ကို တိုက်ခိုက်နိုင်ခြင်းမရှိစေရန် ဒေသခံအရပ်သားများကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်ထားကြောင်း ဒေသခံကျေးရွာသားများထံမှ သိရသည်။ယခုလ နိုဝင်ဘာလ ၇ ရက်နေ့တွင် ပုလောမြို့နယ် မဒေါကျေးရွာအတွင်းသို့ စစ်ရေး ဝင်ရောက် လှုပ်ရှားလာ |
လားရှိုးမြို့ လဝကရုံးအနီး ဗုံးပေါက်ကွဲ ဖြစ်၊ ထိခိုက်မှုရှိ Posted: 10 Nov 2021 05:51 AM PST သျှမ်းသံတော်ဆင့်၊ နိုဝင်ဘာလ (၁၀)ရက်သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အမှတ် ၁ ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးရုံး (လဝက)အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း သတင်းသိရသည်။ဖြစ်စဥ်မှာ ယနေ့ နိုဝင်ဘာလ ၁၀ ရက် ညနေပိုင်း ၃ နာရီခွဲဝန်းကျင်အချိန်တွင် ဗုံးတစ်လုံးပေါက်ကွဲပြီးလဝကရုံးဝန်ထမ်း အမျိုးသမီးတစ်ဦးနှင့် မှတ်ပုံတင်လာလုပ်သည့်သူ တစ်ဦး မိုင်းစထိမှန်ကာ ဒဏ်ရာရခဲ့ကြောင်း မျက်မြင် |
ရွာငံမြို့နယ်အတွင်း စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသူ ဓါးဖြင့်ထိုးသတ်ခံရ Posted: 10 Nov 2021 05:50 AM PST သျှမ်းသံတော်ဆင့်၊ နိုဝင်ဘာလ (၁၀)ရက်သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာမှ ဒလန်ဟု သတ်မှတ်ခံရသူသည် ယမန်နေ့ (နိုဝင်ဘာလ ၉ ရက်) ညနေ(၃)နာရီခွဲဝန်းကျင်တွင် ၎င်း၏နေအိမ်အတွင်း၌ရှိနေစဉ် အသတ်ခံလိုက်ရကြောင်း သိရသည်။အသတ်ခံရသူမှာ ကိုနိုင်ဦး ဖြစ်ပြီး ယခင်က စစ်သားလုပ်ခဲ့ဖူးသူဖြစ်ကြောင်း ရွာငံဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။"အသတ်ခံရသူက အရင် စစ်သားတွေကို ရွာထဲခေါ်ဝင်ဖူးတယ်၊ မနေ့ ညနေ |
သိန္နီမြို့နယ် စစ်ကောင်စီ တပ်အနီး လက်နက်ကြီးသံကြားရ Posted: 10 Nov 2021 05:48 AM PST နိုဝင်ဘာ (၁၀)ရက် ၂၀၂၁သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ တပ်အနီးတွင် ယနေ့ (နိုဝင်ဘာ ၁၀ ရက်) မနက် ၉ နာရီ၌ လက်နက်ကြီးပစ်ခတ်သံများ ကြားနေရကြာင်း စုံစမ်းသိရသည်။ယနေ့ မနက် ၉ နာရီတွင် သိန္နီမြို့ရှိ စစ်ကောင်စီတပ် စကခ (၁၆)၊ ၆၉ ခြေလျင်တပ်ရင်း၊ ၃၂၃ ခြေမြန်တပ်ရင်း၊ ၂၄၀ ခြေလျင်တပ်ရင်းတို့အနီး၌ လက်နက်ကြီးဖြင့် ချောင်းပစ်သည့် အသံကြားရပြီး လက်နက်ကြီးကျည်စများလည်း တပ်ကိုကျော်ကာ ပြည် |
Posted: 10 Nov 2021 05:47 AM PST 9 November 2021-Kachinwaves ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကျောင်းသွား၊ ရုံးတက်နေသည့် ဆရာဆရာမများ၊ ကျောင်းသူကျောင်းသားနှင့် ဝန်ထမ်းများရှိနေသဖြင့် ယနေ့ နိုဝင်ဘာလ ၉ရက်နေ့မှစပြီး နေ့ညမရှောင် စစ်ဆင်ရေးလိုအပ်ချက်အရ နေရာအနှံ့ ဖောက်ခွဲမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့ စကစ တိုက်ဖျက်ရေးအထူးအဖွဲ့ (Myitkyina Anti-SAC Force)မှ သတိပေးပြန်ချက် ထုတ်ပြန်လိုက်သည်။နိုဝင်ဘာလ ၇ရက်နေ့ညတွင်လည်း အထက |
ဖယ်ခုံမြို့ ရှိ ရွှေနှလုံးတော်ကတ်သလစ်ဘုရားကျောင်း လက်နက်ကြီးစထိမှန်ပျက်စီး Posted: 10 Nov 2021 05:44 AM PST ဓာတ်ပုံ - CJရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့မှာ ယမန်နေ့ နိုဝင်ဘာလ ၉ ရက်နေ့ ညပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တဲ့အတွက် ဖယ်ခုံမြို့ရှိ ရွှေနှလုံးတော်ကတ်သလစ်ဘုရားကျောင်း လက်နက်ကြီးထိမှန်ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။ဖယ်ခုံမြို့တွင်းနဲ့ ကျေးရွာတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတဲ့အတွက် ဘုရားကျောင်းအပါအဝင် လူနေအိမ်အများ |
စစ်ကောင်စီတပ်သားတစ်ဦး CDM ပြုလုပ်ပြီး KGZနဲ့ ပူးပေါင်းပါဝင်လာ Posted: 10 Nov 2021 05:42 AM PST ဓာတ်ပုံ- Karenni Generation Z Army (KGZ Army)စစ်ကောင်စီတပ်သားတစ်သားတစ်ဦး CDM ပြုလုပ်ပြီး Karenni Generation Z Army (KGZ Army)နဲ့ ပူးပေါင်းပါဝင်လာ တယ်လို့ KZG ကဒီကနေ့ နိုဝင်ဘာလ ၁၀ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။နိုဝင်ဘာလ ၁၁ရက်နေ့မှာ CDM စတင်ပြုလုပ်ခဲ့ပြီး KGZ က ချီးမြှင့်ငွေ ကျပ်သိန်း (၃၀) ကိုလည်း ချီးမြှင့်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ပြည်သူနဲ့အတူ ပူးပေါင်းပြီး ပြည်သူ့ဘက်ရပ်တည်ဖို့ လည်း ထပ်မံဖိတ် |
"Theihding Zaksakna” (သတိပေးအကြောင်းကြားခြင်း) Posted: 10 Nov 2021 05:38 AM PST "Theihding Zaksakna"(သတိပေးအကြောင်းကြားခြင်း)Date - November 10, 2021Letter No. - 20211106Ukna buluh Galkap te tung panin mimal sumbawlna dingin Tender a siau pawlkhat om cih kiza hi. မတရားသဖြင့် အာဏာလုယူထားသော စစ်ကောင်စီမှ ခေါ်ယူသည့် တင်ဒါများကို မိမိတို့အကျိုးစီးပွား တစ်ခု ကိုသာကြည့်ပြီး လျှောက်ထားသူများ ရှိနေသည်ကို သိရှိထားပါသည်။Hih bang Ukna buluh galkapte |
နတ်မောက်မြို့ ရဲတပ်ဖွဲ့မှူးရုံးက ရဲမေတဦး CDM ပြုလုပ် Posted: 10 Nov 2021 05:22 AM PST နတ်မောက်၊ နိုဝင်ဘာ ၁၀၊ ၂၀၂၁။မကွေးတိုင်း၊ နတ်မောက်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ကိုယ်ပိုင်အမှတ် လ/၂၆၉၈၂၇ ရဲတပ်သား ဝေဝေခိုင်ဟာ နိုဝင်ဘာလ ၄ ရက်နေ့ ညနေ ၆ နာရီတွင်တာဝန်ကရပ်နားပြီး CDM ဝန်ထမ်းအဖြစ် YDF (Saw&Kyaukhtu)တပ်ဖွဲ့ထံမှာ ခိုလှုံခဲ့ကြောင်း သိရပါတယ်။ပြည်သူ့ရင်ခွင်ကို ဝင်ရောက်လာလို့ ကောင်းမွန်စွာစောင့်ရှောက်ထားပြီး နိုဝင်ဘာလ ၁၀ ရက်နေ့က ဘေးကင်းလုံခြုံသောနေရာကို ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။စစ် |
ကဝ လ.ဝ.က ရုံးကို PDF နှစ်ဖွဲ့ ဗုံးခွဲသတိပေး Posted: 10 Nov 2021 05:21 AM PST ပဲခူး၊ နိုဝင်ဘာ ၁၀၊ ၂၀၂၁။ပဲခူးတိုင်း၊ ကဝမြို့နယ်က လ.ဝ.က ရုံးကို ဒီနေ့မနက် ၇နာရီဝန်းကျင်မှာ PDF နှစ်ဖွဲ့ပေါင်းပြီး အဝေးထိန်းစနစ်နဲ့ ဗုံးခွဲသတိပေးခဲ့တယ်လို့ ကဝ PDF က ထုတ်ပြန်ထားပါတယ်။အဲ့ဒီသတိပေးဖောက်ခွဲမှုကို ကဝ PDF နဲ့ BDF ပဲခူး အဖွဲ့ နှစ်ဖွဲ့ ပူးပေါင်းပြီး ကဝမြို့နယ်က စစ်အာဏာရှင်ထောက်တိုင်အားလုံးကို နောက်ဆုံးသတိပေးဖောက်ခွဲခဲ့တာဖြစ်တယ်လို့ ပြောထားပါတယ်။မြေလတ်အသံ - Myaelatt Athanhttps:// |
အာဏာရှင်ရင်ဝကို ခြေစုံကန်ပြီး ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့ ရဲအုပ်တစ်ဦးရဲ့ ရင်တွင်းစကား Posted: 10 Nov 2021 05:19 AM PST ပြည်သူ့ရင်ခွင်ခိုလှုံကြသူများ အစီအစဉ် - ၃ - အာဏာရှင်ရင်ဝကို ခြေစုံကန်ပြီး ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့ ရဲအုပ်တစ်ဦးရဲ့ ရင်တွင်းစကားတွေကို နားဆင်ကြရမှာဖြစ်ပါတယ်။Public Voice Television https://www.facebook.com/pvtvmyanmar |
ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ Posted: 10 Nov 2021 04:37 AM PST (၁၀.၁၁.၂၀၂၁)အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိသည်။ သတင်းအချက်အလက်များအရ(၉.၁၁.၂၀၂၁) ရက်နေ့တွင်ရန်သူ့စစ်ရေးပစ်မှတ် - ၁၃ နေရာအုပ်ချုပ်ရေးပစ်မှတ် - ၁၆ နေရာနှင့်စီးပွားရေးပစ်မှတ် - ၁ နေရာတို့ကို |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.