Thursday, November 11, 2021

သစ်ထူးလွင်

သစ်ထူးလွင်


"စစ်တပ်ကိုခေါ် ပြီးတပ်ဆွဲ ခိုင်းမည်ဟုခြိမ်းခြောက်သောဒလန် ကျောင်းထိုင်ဘုန်းကြ​ီးဆွမ်းစားနေချိန် နောက်စိကို ဖောင်းဒိုင်းမိ"

Posted: 11 Nov 2021 07:00 AM PST

နိုဝင်ဘာ ၁၁မန်းလေးတိုင်း ဝမ်းတွင်းမြို့နယ် သဲတောလေးကျေးရွာ ကျောင်းထိုင်ဘုန်းကြီး ဦးသောဘဏ သည်ယနေ့မနက် ၁၁နာရီ တရားဟောကြားစဥ် စစ်တပ်ခေါ် ပြီးရွာထဲကို တပ်စွဲခိုင်းမည်ဟု ရွာသားများကို ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု သိရှိရပါသည်။ထိုနောက် မကြာဘဲ နေ့ခင်း ၁၁နာရီ တရားဟောအပြီး ဆွမ်းစားနေချိန်၌ နောက်စေ့တည့်တည့်မှ ပစ်သတ်ခံရပြီး ပွဲခြင်းပြီး သေဆုံးသွားကြောင်းကြားသိရပါသည်။မည်သည့်အဖွဲ့မှ ပစ်ခတ်ခဲ့သည်ကိုအတည်ပြုနိုင်

ကွမ်းခြံကုန်းမှာ ဖမ်းဆီးခံခဲ့ရသူတွေထဲက နှစ်ဦး စစ်ကြောရေးမှာ သေဆုံးတယ်လို့ မိသားစုဝင်နဲ့နီးစပ်သူတွေပြော

Posted: 11 Nov 2021 06:54 AM PST

ကွမ်းခြံကုန်းမြို့မှာ မတ်လလယ်ပိုင်းတုန်းကမြင်တွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရန်ကုန်တိုင်း ၊ ကွမ်းခြံကုန်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့က စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက်ပိုင်း အနီးနားမှာရှိတဲ့ ဒေးဒနောကျေးရွာနဲ့ အင်္ဂလုံးကျေးရွာအတွင်းက ရွာသား ၄၀ ခန့်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။အဲဒီလိုဖမ်းဆီးခေါ်ဆောင်သွားတဲ့ရွာသားတွေထဲက အယောက် ၃၀ လောက်ကို ဒီရက်ပိုင်း

တစ်လအတွင်း စစ်ကောင်စီတပ်သား ၁,၃၀၀ ကျော် သေဆုံးကြောင်း NUG ထုတ်ပြန်

Posted: 11 Nov 2021 06:52 AM PST

တစ်လအတွင်း စစ်ကောင်စီတပ်သား ၁,၃၀၀ ကျော် သေဆုံးကြောင်း NUG ထုတ်ပြန် ကရင်ပြည်နယ် ဒူးပလာခရိုင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၂၁ ဧပြီလ ၇ ရက်နေ့က တွေ့ရစဉ်။  Photo: AFPမြန်မာတစ်နိုင်ငံလုံးမှာ စစ်ကောင်စီကို လက်နက်စွဲကိုင်တော်လှန်ဖို့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) အရေအတွက်ဟာ နိုဝင်ဘာလကုန်အထိ ၃၈၀ အထိရှိတယ်လို့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျု (MIPS) က RFA ကို ပြောပါ

ထန်တလန်မြို့မှာ နေအိမ် ရှစ်လုံး ထပ်မံမီးရှို့ခံရ

Posted: 11 Nov 2021 06:49 AM PST

ထန်တလန်မြို့မှာ နေအိမ် ရှစ်လုံး ထပ်မံမီးရှို့ခံရ ၂၀၂၁၊ အောက်တိုဘာ ၂၉ ရက်နေ့မှာ မီးရှို့ခံရတဲ့ ထန်တလန်မြို့က နေအိမ်တွေကို တွေ့ရစဉ် / Photo: The Chin Journalချင်းပြည်နယ် ထန်တလန်မြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့က နေအိမ် ၁၆၄ လုံးမီးရှို့ခံခဲ့ရပြီးနောက် နိုဝင်ဘာ ၆ ရက်နဲ့ ၉ ရက်နေ့တွေမှာလည်း နောက်ထပ် နေအိမ် ရှစ်လုံး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။နိုဝင်ဘာ ၆ ရက်နေ့က အိမ်

ကြံခိုင်ရေးပါတီဝင် ပျူစောထီးသင်တန်းဆင်း သေနတ်ပစ်ခံရ၍ သေဆုံး

Posted: 11 Nov 2021 06:32 AM PST

ရေစကြိုနိုဝင်ဘာ ၁၁၊၂၀၂၁။ရေစကြိုမြို့ အမှတ် (၁)ရပ်ကွက်နေ ကြံခိုင်ရေးပါတီဝင် ပျူစောထီးသင်တန်းဆင်း ဒလန်လို့ နာမည်ကြီးနေသူ အောင်သူ (ခ) ဗိုလ်ချုပ် အားနိုဝင်ဘာလ ၁၁ ရက် နေ့လည်  ၂ နာရီဝန်းကျင်ခန့်က ရေစကြိုမြို့ ဆင်ဖြူရှင်တံတားအနီးမှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ "ပျူစောထီးသင်တန်းဆင်းတယောက်ပါ။ PDF ၂ ဖွဲ့ပူးပေါင်းပြီး ပစ်ခတ်ခဲ့တာပါ၊ နေ့လည် ၂ နာရီလောက်က ပစ်ခတ်ခံရပြီး သေဆုံး

မှော်ဘီ အမှတ် ၅၀၁၀ တင့်ကားတပ် လုံခြုံရေးဂိတ် ပစ်ခတ်ခံရပြီး စစ်သား ၁ ဦးသေဆုံး၊ လမ်းများအားလုံးပိတ်၍ ကားများ ဖြတ်သန်းခွင့်မပြုဘဲ စစ်ဆေး

Posted: 11 Nov 2021 05:39 AM PST

ဓာတ်ပုံ- မှော်ဘီတွင် လမ်းများပိတ်ဆို့၍ ကားဖြတ်သန်းခွင့်မပြုဘဲ စစ်ဆေးနေစဉ်။ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရန်ကုန်တိုင်း၊ မှော်ဘီတိုးဂိတ်ရှေ့ရှိ အမှတ် ၅၀၁၀ တင့်ကားတပ် လုံခြုံရေးဂိတ်ကို ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ မှော်ဘီမြို့နယ် သနွေပင်ကျေးရွာ အမှတ်(၅၀၁၀)တင့်ကားတပ်(ယခင် အမှတ်(၂)တင့်ကားတပ်) လုံခြုံရေးဂိတ်ကို ယနေ့ နံနက် ၁၀ နာရီ ၃၀

စစ်ကိုင်းတိုင်းအတွင်း စစ်တပ်ထုတ်ကုန်များအား ရောင်းဝယ်ခြင်း ပြုလုပ်ပါက ဆိုင်ပိတ်သိမ်းခံရမည်ဖြစ်ကြောင်း SPDF သတိပေးတားမြစ်ချက်ထုတ်ပြန်

Posted: 11 Nov 2021 06:13 AM PST

November 11,2021စစ်ကိုင်းတိုင်းအတွင်းရှိ စားသောက်ဆိုင်များ၊ အရက်ဘီယာဆိုင်များတွင် စစ်တပ် ထုတ်ကုန်ရောင်းချမှု၊ ဝယ်ယူမှု မပြုလုပ်ရန် SPDF သတိပေးတားမြစ်ချက်တစ်စောင် ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။အဆိုပါ သတိပေးတားမြစ်ချက်အား နိုဝင်ဘာလ ၃၀ရက်နေ့ထိ နောက်ဆုံးထား၍ လိုက်နာဆောင်ရွက်ကြရန် ပါရှိပြီး လိုက်နာခြင်းမရှိပါက ဆိုင်ပိတ်သိမ်းခြင်း အစရှိသည့် ကြီး‌ေလးသည့် ပြစ်ဒဏ်များ ပေးအပ်မည်ဖြစ်ကြောင်း ပါရှိသည်။Kachin

ကသာမြို့နယ် စစ်ရှောင်ပြည်သူများ၏ နေအိမ်များ ဖောက်ထွင်းခံနေရ

Posted: 11 Nov 2021 05:40 AM PST

November 11,2021ကချင် စစ်ကိုင်းနယ်စပ် ကသာမြို့နယ်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးနေရသော ကျေးရွာအချို့ရှိ နေအိမ်များ ဖောက်ထွင်းခံနေရကြောင်း ဒေသခံများထံမှ သိရသည်။"စစ်ရှောင်နေရတော့ လူတွေ မရှိကြဘူး။ အဲတော့ ဆေးသမားတွေက အခွင့်ကောင်းယူပြီး ခိုးကြတာ အိမ်တွေ ဖောက်ခံရတယ်။ ပြီးတော့ ဈေးဆိုင်တွေလည်း ဖောက်ခံရတယ်" ဟု မိုးတားလေး ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။ကသာမြို့နယ်၊ မိုးတားလေးကျေးရွာ ပြည်သူများသည် ပြီးခဲ့သည့်

စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားသည့် ကောလင်းဒေသခံ ၃ ဦး လက်ပြန်ကြိုးတုတ်ကာ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေ

Posted: 11 Nov 2021 05:40 AM PST

November 11,2021စစ်ကိုင်းတိုင်း၊ ကောလင်းအနောက်ဘက် ရှမ်းကလုံး‌‌ရွာအနီး နိုဝင်ဘာလ ၇ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားသော အရပ်သား ၃ဦးမှာ လက်ပြန်ကြိုးတုတ်ထားကာ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့်အလောင်း ယနေ့ ပြန်လည်တွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။"ဦးစက်အောင်ရဲ့ လယ်တောတဲအောက်မှာ သူ့အမျိုးသမီးသွားတွေ့တာတဲ့။ လက်တွေကိုလည်း နောက်ပြန်ချည်ထားတယ်။ သေနတ်ဒဏ်ရာတွေ နဲ့ အဲမှာ ၉ တန်း တက်မယ့် ကလေးက ဦး

မြိုင်မြို့နယ်ထဲက ဖြတ်လာတဲ့ စစ်ကောင်စီယာဉ်တန်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ

Posted: 11 Nov 2021 05:41 AM PST

မြိုင်၊ နိုဝင်ဘာ ၁၁၊ ၂၀၂၁။မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းက ဖြတ်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို  နို၀င်ဘာ ၁၁ ရက် ဒီကနေ့ တရက်တည်းမှာပဲ မိုင်း ၂ ကြိမ်ဆွဲ တိုက်ခိုက်ခဲ့တယ်လို့ မြိုင် PDF ဆီက သိရပါတယ်။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကွမ်းတောရွာအနီးမှာ  ဒီကနေ့မနက် ၁၀ နာရီခွဲလောက်မှာ မိုင်း ၂ လုံးနဲ့ တကြိမ် တိုက်ခိုက်ခဲ့ပြီးနောက်  နေ့လည် ၁ နာရီလောက်မှာ မြိုင်နဲ့ ရေစကြိုနယ်စပ် လှည်းကုတ်ရွာအနီးမှာ မိုင်း ၃

ပုလောမြို့နယ်တွင် ဒေသခံအမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်

Posted: 11 Nov 2021 05:41 AM PST

နိုဝင်ဘာ ၁၁ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီမြိတ်(ဘိတ်)ခရိုင်၊ ပုလောမြို့နယ် ဂျက်ဂါးကျေးရွာ ရော်ဘာခြံတစ်ခုတွင် အလုပ်လုပ်နေသည့် ရော်ဘာခြံ အလုပ် သမတစ်ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ပစ်သတ်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။စစ်ကောင်စီတပ် ခလရ ၂၈၅ နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တို့သည် ပုလောမြို့နယ်၊ ဂျက်ဂါးကျေးရွာသို့ ဝင်ရောက်လှုပ်ရှားရာတွင် ရော်ဘာခြံတစ်ခြံ၌ အလုပ်လုပ်နေသည့် အလုပ်သမ မဝင်းလဲ့သူ အသက် ၂၃ နှစ်

ပုလောမြို့နယ်အတွင်းက CDM ဝန်ထမ်း အယောက် ၂၀ ခန့်ကို စစ်ကောင်စီတပ် ဖမ်းဆီးသွား

Posted: 11 Nov 2021 05:41 AM PST

နိုဝင်ဘာ ၁၁ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီစစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ရေးလှုပ်ရှားမှု ပိုမိုလုပ်ဆောင်နေသည့် မြိတ်(ဘိတ်)ခရိုင်၊ ပုလောမြို့နယ်အတွင်းက အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်သူ အယောက် ၂၀ခန့်ကို ယမန်နေ့ နိုဝင်ဘာလ ၁၀ရက်နေ့ ညနေပိုင်း တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံ သတင်းအရင်းအမြစ်များထံမှ သိရသည်။၎င်းက "ညနေ ၆နာရီခွဲအချိန်လောက်က သူတို့ ဘယ်ကိုသွားလာတာလဲ မသိဘူး။ ထွက်ပြေး

စစ်ကောင်စီတပ်ပိုင် ထုတ်ကုန်များ ​ရောင်းဝယ်ခြင်း မပြုလုပ်ရန် SPDF ထုတ်ပြန်

Posted: 11 Nov 2021 06:08 AM PST

Photo: Credit ပေးပါသည်။11 November 2021-Kachinwaves စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်ပိုင် ထုတ်ကုန်များကို နိုဝင်ဘာလ ၃၀ရက်နေ့နောက်ဆုံးထားပြီး ရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်ရန်၊ လိုက်နာဆောင်ရွက်မှုမရှိပါက ဆိုင်သိမ်းခံရသည်အထိ ကြီးလေးသောပြစ်ဒဏ်များပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ် (SPDF)မှ သတိပေးထုတ်ပြန်လိုက်သည်။စစ်ကောင်စီတပ်ပိုင် ထုတ်ကုန်များဖြစ်သည့် မြန်မာဘီယာ၊ Adman

မကွေးမြို့က တိုင်းစည်ပင်ရုံး နဲ့ ပညာရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်ခံရ

Posted: 11 Nov 2021 06:08 AM PST

မကွေး၊နိုဝင်ဘာ၁၁၊၂၀၂၁။မကွေးမြို့က တိုင်းစည်ပင်ရုံးနဲ့ တိုင်းဒေသကြီး ပညာရေးမှူးရုံးကို နို၀င်ဘာ ၁၁ ရက် ဒီကနေ့ နေ့လည် ၁၂ နာရီလောက်မှာ ဆက်တိုက်ဆိုသလို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိဿနိုးမြေပြည်သူ့ကာကွယ်ရေးတပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။ မကွေးတိုင်း၊ မကွေးမြို့၊ ပြည်တော်သာလမ်းမကြီး မြောက်ဘက်ရှိ တိုင်းစည်ပင်ရုံးကို ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး တဆက်တည်းမှာပဲ မကွေးမြို့၊  တိုင်းဒေသကြီးပညာရေးမှုးရုံး

စျေးကားစောင့်ရင်း ဂိမ်းဆော့နေတဲ့ လူငယ်အဖွဲ့ကို စစ်အုပ်စုက ပစ်ခတ်လို့ တဦးသေဆုံးပြီး တဦးအဖမ်းခံရ

Posted: 11 Nov 2021 06:08 AM PST

နတ်မောက်၊ နိုဝင်ဘာ ၁၁၊ ၂၀၂၁။မကွေးတိုင်း၊ နတ်မောက်မြို့နယ် စခန်းမကျေးရွာမှာ  နိုဝင်ဘာလ ၁၀ ရက်  ည ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ်တွေရောက်လာပြီး ရွာထိပ်မှာ ဂိမ်းဆော့နေတဲ့ လူငယ်တွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ တဦးသေဆုံးပြီး တဦးဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ရွာမှာ ကထိန်ခင်းမှာဖြစ်လို့ ကထိန်အတွက်လိုအပ်တဲ့ ပစ္စည်းတွေ တင်လာတဲ့ ‌စျေးကားကိုစောင့်ရင်း ဂိမ်းထိုင်စော့နေကြတဲ့ လူငယ် ၅ ယောက်‌လောက်ကို

ဒီးမော့ဆိုတိုက်ပွဲမှာ KNDFတစ်ဦးကျဆုံးပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ၂၀ ဦးသေဆုံး

Posted: 11 Nov 2021 06:08 AM PST

ကန္တာရဝတီတိုင်း(မ်)ဒီကနေ့ (နိုဝင်ဘာ ၁၁ရက်) ထူလွှီးဘီလာနဲ့ ပဒုံငံ ကျေးရွာဖက်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ကရင်နီတပ်မတော်(KA)၊ KNDFပူးပေါင်းတပ်ဖွဲ့တို့  မွန်းလွဲ ၂နာရီဝန်းကျင်မှ ည၆နာရီကျော်အထိ လေးနာရီကျော်ကြာတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး KNDFတပ်ဖွဲ့ ဝင်တစ်ဦး ကျဆုံးခဲ့သလို အကြမ်းဖက် စစ်ကောင်စီတပ်မှ ၂၀ ဦးသေဆုံးခဲ့တယ်လို့ KNDFသတင်းနှင့်ပြန်ကြားရေးဌာနမှ ဒီကနေ့ မှာ သတင်းထုတ်ပြန်ပါတယ်။အင်အားအလုံးအရင်းနဲ့

နေ့တဝက်ခရီးကို ၁၁ ရက်ကြာသွားတဲ့မင်းတပ်-မတူပီကြားက အာဏာသိမ်းစစ်ယာဉ်တန်း

Posted: 11 Nov 2021 06:09 AM PST

အာဏာသိမ်း စစ်ကောင်စီတပ်ယာဉ်တန်းဟာ အောက်တိုဘာ ၃၁ ရက်နေ့ကစပြီး မတူပီမြို့ကနေ မင်းတပ်မြို့သို့စတင်ထွက်ခွာလာရာ လမ်းတွင် CDF Mindat ရဲ့ခြုံခိုတိုက်ခိုက်ခံရလို့ နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းက မင်းတပ်မြို့ ၂၇၄ တပ်ထဲသို့ ရောက်လာကြပါတယ်။ မင်းတပ် နဲ့ မတူပီကြားဟာ ၁၀၄ မိုင်ကွာဝေးပြီး ကားနဲ့ ၆ နာရီကြာသွားရတဲ့ခရီးဖြစ်တယ်။ CDF Mindat က နိုဝင်ဘာ ၂ ရက်နေ့က အာဏာသိမ်း စစ်ကောင်စီတပ်သားတွေတွက်ရှေ့ကနေ လမ်းရှင်းပေးနေတဲ့

မင်းတပ်-မတူပီ လမ်းတလျှောက်တွင် စကစနှင့် CDF-MINDAT တို့ ၉ ရက်မြောက်တိုက်ပွဲဆက်ဖြစ်

Posted: 11 Nov 2021 06:09 AM PST

မင်းတပ်-မတူပီလမ်း ၁၉ မိုင် တွင် နေ့လည် ၁ နာရီကျော်၌ တိုက်ပွဲ စပြီး စကစ  ၁၀ ဦးကျော်ခန့် ကျဆုံးသည်ဟု သိရသည်။ ယခင်တိုက်ပွဲများနှင့်မတူဘဲ စကစယဉ်တန်းရှည်သည် သံချပ်ကာ ၂ စီး ကို ရှေ့ထုတ်ပြီး စစ်ကားများကိုလည်း ၂ စီးဘေးချင်းယှဉ်၍သာ ရှေ့ဆက်တိုးကြသည်ကို တွေ့ရသည်။ CDF-MINDAT ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ရှေ့သံချပ်ကာ ကားပေါ်မှ စက်လတ်(light machine gun)ပစ်သူ အပါအဝင် ၁၀ ဦးကျော်ကျဆုံးပြီး  မိုင်းထိ၍ ဒဏ်ရာရသူ

စစ်ဆေးရေးဂိတ်ကို သေနတ်နဲ့ဝင်ပစ်ခံရလို့ ဒုရဲအုပ်တဦး ဒဏ်ရာရ

Posted: 11 Nov 2021 06:09 AM PST

ကြို့ပင်ကောက်၊ နိုဝင်ဘာ ၁၁၊ ၂၀၂၁။ကြို့ပင်ကောက်မြို့က စစ်ဆေးရေးဂိတ်ကို ဒီနေ့မနက် ၅ နာရီခွဲမှာ သေနတ်နဲ့ ဝင်ပစ်ခံရပြီး ဒုရဲအုပ်တဦး ဒဏ်ရာရရှိခဲ့လို့ ပြည်ဆေးရုံကြီးကို ပို့လိုက်ရတယ်လို့ ကနဦးသတင်းရရှိထားပါတယ်။သေနတ်အတိုနဲ့ ဝင်ပစ်သွားတာဖြစ်ပြီး ဒုရဲအုပ် မောင်မောင်တိုးရဲ့ လက်မောင်း ကိုဖောက်ဝင်ပြီး ညာနံကြား ရှပ်ထိသွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။အဲ့ဒိတိုက်ခိုက်မှုကို ကြို့ပင်ကောက် PDF က လုပ်ခဲ့တာဖြစ်တယ်

ခြေလျင်ထွက်ခွာလာတဲ့ စစ်အုပ်စု မိုင်းခွဲတိုက်ခိုက်ခံရပြီး ၂၅ ဦးဒဏ်ရာပြင်းထန်ရ

Posted: 11 Nov 2021 06:09 AM PST

ပုလဲ၊ နို၀င်ဘာ ၁၁၊ ၂၀၂၁။ ပုလဲမြို့နယ်အတွင်း ခြေလျှင်ထွက်ခွာလာတဲ့ စစ်အုပ်စုကို နို၀င်ဘာ ၁၀ရက် ယမန်နေ့နေ့လည် ၅နာရီလောက်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး တပ်သား ၂၅ ဦးဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့   ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ် ( Pale PDF - headquarters) ကသတင်းထုတ်ပြန်ထားပါတယ်။ စစ်‌ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ၀မ်းဘဲချိုင့်ကျေးရွာကထွက်လာတဲ့ စစ်ကောင်စီတပ်သား ၇၀ ကျော်ကို နဂါးမတောင်အနောက်ဘက် ပုလဲ-ဂန့်

စ.က.စရဲ့ လွိုင်ကော်မြို့တွင်း အရပ်ဝတ်ပျောက်ကြားလုံခြုံရေး အထူးသတိထားရန်လို

Posted: 11 Nov 2021 06:10 AM PST

လုံခြုံရေးအခြေအနေ စိုးရိမ်နေရတဲ့အတွက် လွိုင်ကော်မြို့အတွင်းနေရာအတော်များများမှာ စ.က.စတပ်တွေအနေနဲ့ အရပ်ဝတ်တွေဝတ်ဆင်ပြီး ပျောက်ကြားလုံခြုံရေးသွင်ဆောင်ရွက်နေကြတယ်လို့ အောက်တိုဘာ ၁၁ရက်နေ့မနက်မှာသတင်းရရှိပါတယ်။ စ.က.စတပ်အများစုမှာ အရပ်ဝတ်တွေဝင်ဆင်ထားကြပြီး အချို့မှာ စ.က.စနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတို့ရဲ့ ယူနီဖောင်းဝတ်စုံများကိုလဲ ဝတ်ဆင်ပြီးလုပ်ရှားနေကြတဲ့အတွက် ပြည်သူများအနေဖြင့်

ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ(၁၁.၁၁.၂၀၂၁)

Posted: 11 Nov 2021 06:10 AM PST

(၁၁.၁၁.၂၀၂၁)အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိသည်။ သတင်းအချက်အလက်များအရ(၁၀.၁၁.၂၀၂၁) ရက်နေ့တွင်ရန်သူ့စစ်ရေးပစ်မှတ် - ၁၁ နေရာအုပ်ချုပ်ရေးပစ်မှတ် - ၂၅ နေရာနှင့်စီးပွားရေးပစ်မှတ် - ၄ နေရာတို့ကို

မင်းကင်းမြို့နယ်တွင် စစ်ကောင်စီသတင်းပေး ဒလန်အမျိုးသမီးတစ်ဦး အသတ်ခံရပြီး စကစနှင့် ပျူစောထီးများ ကျေးရွာအတွင်း ဝင်ရောက်မွှေနှောက်

Posted: 11 Nov 2021 06:10 AM PST

မျက်မှောက်ခေတ်၊နိုင်ဝင်ဘာ ၁၁စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် ကူလဲကျေးရွာက စစ်ကောင်စီကိုသတင်းပေး တိုင်ကြားနေတဲ့  အမျိုးသမီးတစ်ဦးကို ဒီကနေ့ အောက်တိုဘာ ၁၁ ရက်မနက်အစောပိုင်း ၂ နာရီ၀န်းကျင်က အမည်မသိအဖွဲ့တစ်ဖွဲ့က ဝင်ရောက်သတ်ဖြတ်တာခံလိုက်ရတယ်လို့သိရပါတယ်။သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ ယောကျာ်းဖြစ်သူက လွတ်မြောက်သွားပြီး နေ့ခင်း ၁ နာရီ၀န်းကျင်မှာတော့ စကစနဲ့ပျူစောထီးအဖွဲ့တွေရောက်လာကာ ကျေးရွာအတွင်းကို

တနင်္သာရီဝန်ကြီးချုပ် ဦးမြင့်မောင်ကို အလုပ်နဲ့ ထောင်ဒဏ် ၁၁ နှစ် အမိန့်ချမှတ်

Posted: 11 Nov 2021 06:10 AM PST

ထားဝယ်၊ နိုဝင်ဘာလ ၁၁တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်ကို ထားဝယ်အကျဉ်းထောင် အထူးတရားရုံးမှ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ အလုပ်နဲ့ထောင်ဒဏ် ၁၁ နှစ် ကျခံရန်အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ဦးမြင့်မောင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၂၅၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉ တို့နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။ယနေ့မှာ  တရားစွဲဆိုခံထားရတဲ့ ပုဒ်မတွေနဲ့

စစ်ကောင်စီတပ် နယ်မြေရှင်းလင်းရာမှာ ဒေသခံအမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ KNU ထုတ်ပြန်

Posted: 11 Nov 2021 06:10 AM PST

ဓာတ်ပုံ - Creditsမော်လမြိုင်၊ နိုဝင်ဘာ ၁၁ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၄ ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရာမှာ ဒေသခံအမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ KNU ဗဟို ထုတ်ပြန်ချက်အရ သိရပါတယ်။ဒီကနေ့ နံနက်စောပိုင်းမှာ စစ်ကောင်စီရဲ့ ခလရ ၂၈၅ တပ်ဖွဲ့ဝင်တွေ မဒေါကျေးရွာမှာ နယ်မြေရှင်းလင်းမှု ပြုလုပ်ခဲ့ပြီးနောက် ထိန်းချုပ်နယ်မြေရှိကျေးရွာနဲ့ ပတ်ဝန်ကျင်ကျေးရွာတွေ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.