သစ္ထူးလြင္ |
- ကော့မှူးမြို့နယ် ကျိုက်ထော်ကားလမ်းပေါ်မှာ ရန်သူကင်းလှည့်ယာဉ်ငယ် ၂ စီး ပစ်ခတ်တိုက်ခိုက်ခံရ ရန်သူတပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိ
- အရာတော်နယ်က စစ်ကောင်စီ သတင်းပေးဆိုသူ သတ်ဖြတ်ခံရ
- မုံရွာမြို့မှာ 2D,3D ရောင်းသူ အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ပက်သက်မှုရှိသူ အမျိုးသမီးတစ်ဦးပစ်သတ်ခံရ
- လှိုင်သာယာမြို့နယ်က စစ်တပ်အမာခံ ထင်ပေါ်ကျော်ကြားသူ လူမိုက်ကြီးခင်စိန် သေနတ်နဲ့ ပစ်သတ်ခံရ
- အာဏာသိမ်းတပ်ဖမ်းဆီးသွားသော ကောလင်း ဒေသခံ ၇ ဦး သေနတ်၊ ဓါးဒဏ်ရာများဖြင့် ထပ်မံသေဆုံးနေ
- အမေရိကန်ဂျာနယ်လစ် Danny Fenster ကို စစ်ကောင်စီက ထောင်ဒဏ် ၁၁ နှစ်ချ
- လက်နက်ကြီးထိမှန်မှုကြောင့် ဘုရားကျောင်း ၇ ကျောင်း ပျက်စီး
- ဖမ်းဆီးခံရတဲ့ပြည်သူတွေကို လူသားဒိုင်အဖြစ် အာဏာသိမ်းစစ်ကောင်စီတပ်က ၄င်းတို့နဲ့အတူတင်ဆောင်သွား
- ပြည်မြို့ အမှတ်(၁) ရဲစခန်းအား PUGF အဖွဲ့(၃)က ဗုံးခွဲတိုက်ခိုက်၊ လူနေအိမ်များရှိနေ၍ ပေါက်ကွဲမှုပြင်းအားကို လျော့ချထား
- စစ်ကောင်စီကို ထောက်ပံ့ကြေးပေးနေတဲ့ ရေနံဆီကား မိုင်းဆွဲတိုက်ခိုက်ခံရ
- နတ်တလင်းမြို့တွင် ရာအိမ်မှူးတဦး၊ဒလန်တဦးနဲ့ ပျူစောထီးတဦး သတ်ခံရပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရ
- ဒီးမောဆိုမြို့နယ် ထူလွှီးဘီလာ နှင့် ပဒုံငံကျေးရွာကြား တိုက်ပွဲမှာ စ.က.စ ၂၀ ဦးသေဆုံး ပြီး KNDF ဖက်ကတစ်ဦးကျဆုံး
- ကောလင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး သူတို့ဆီပြန်လည်ကျရောက်ပေါက်ကွဲ၍ (၁၅) ဦး သေဆုံးပြီး အများအပြားဒဏ်ရာရကုန်
- ပြည်မြို့ရှိ စစ်ကောင်စီ၏ လုံခြုံရေးစခန်း(၁)ခု အတိုက်ခံရပြီး စစ်ကောင်စီလက်ပါးစေ(၃)ဦးသေဆုံးကာ PDF (၁)ဦးကျဆုံး
- ဒိုက်ဦးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ
- KNU/KNLA တပ်မဟာ (၅) ထိန်းချုပ်နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ (၂၃) ကောင် ထပ်မံသေဆုံးပြန်
- မိုးကုတ်မှ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဒလန်အကြီးစား သေနတ်ပစ်ခံရပြီး သေဆုံး
- မတ္တရာမြို့အဝင်စစ်ဆေးရေးဂိတ် ဗုံးပစ်တိုက်ခိုက်ခံရ၍ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ စစ်ဗိုလ်အပါအဝင် (၅) ဦး သေဆုံး
- ထားဝယ်က အမျိုးသမီး မှုခင်းသတင်းထောက် သေနတ်နဲ့ ပစ်သတ်ခံရ
- သထုံရှိ သဘာဝဓါတ်ငွေ့လိုက်လိုင်းတစ်ခု ဖောက်ခွဲဖျက်စီး ခံရ
- ကွမ်းလုံဒေသသို့ စစ်ကူလာသည့်စစ်ကား (၂၈) စီးကို MNDAA ကြားဖြတ်တိုက်ခိုက်၊ စစ်ကား (၉) စီးဖျက်စီးနိုင်ခဲ့
- မြောင်မြို့နယ်၌ စစ်သတင်းပေးနှင့် ပျူစောထီးဟုဆိုသူ စုစုပေါင်း(၄၄)ယောက် အသတ်ခံရ
Posted: 12 Nov 2021 09:31 AM PST နိုဝင်ဘာ ၁၂ကော့မှူးမြို့နယ်၊ မကျီးကန်ရွာနောက်ဘက်ရှိ ကျိုက်ထော် ကား လမ်းမပေါ် တွင် မင်းအောင်လှိုင်စစ်တပ် ကင်းလှည့်ယာဉ်ငယ် ၂ စီးအား ယနေ့ ညနေ ၅ နာရီကျော်ခန့်မှာ ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ရဲ့ ပြည်သူ့တော်လှန်ရေးအင်အားစုများက ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ပစ်ခတ်မှုကြောင့် ကားပေါ်ပါလာတဲ့ ရန်သူတပ်သား ၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘဲ ဆုတ်ခွါထွက်ပြေးသွားခဲ့ပါတယ်။ |
အရာတော်နယ်က စစ်ကောင်စီ သတင်းပေးဆိုသူ သတ်ဖြတ်ခံရ Posted: 12 Nov 2021 08:55 AM PST မျက်မှောက်ခေတ် နို၀င်ဘာ (၁၂)စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကြာပင်လှကျေးရွာက စစ်ကောင်စီသတင်းပေးဆိုသူ ကြည်နိုင်ကို ဒီကနေ့ နို၀င်ဘာ(၁၂)ရက်နေ့မှာအသတ်ခံလိုက်ရတယ်လို့ သိရပါတယ်။သတ်ဖြတ်ခံခဲ့ရသူဟာ စစ်တပ်က အာဏာသိမ်းချိန်မှာ ပျော်ရွှင်နေခဲ့ပြီး အကျိုးစီးပွားအတွက် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေသလို သပိတ်စစ်ကြောင်းတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ကို သတင်းပေးတိုင်နေ တာကြောင့် သုတ်သင်ခဲ့တာလို့ အရာတော်မောင်ဒေ |
Posted: 12 Nov 2021 08:49 AM PST နိုဝင်ဘာ၁၂၊RNAစစ်ကိုင်းတိုင်း၊မုံရွာမြို့ သလ္လာအမှတ်၉ရပ်ကွက် ကျန်စစ်သားလမ်း၊ရတနာစိန်ပန်းကျောင်းအနီးတွင် 2D,3Dရောင်းသူအမျိုးသမီးတစ်ဦးကို အမည်မသိလူတစ်စုက ဒီကနေ့မနက်၉နာရီဝန်းကျင်ခန့်က သေနတ်ဖြင့်လေးချက်ပစ်ခတ်သွားတယ်လို့ အမည်မဖော်လိုသူတစ်ဦးက RNAကိုပြောပါတယ်။RNAကစုံစမ်းသိရှိထားသည့်သတင်းအချက်အလက်အရ 2D,3Dရောင်းသူအမျိုးသမီးသည် မသဇင်ဆိုသူဖြစ်ပြီး ၎င်းသည်အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့နှင့် ပက်သက် |
လှိုင်သာယာမြို့နယ်က စစ်တပ်အမာခံ ထင်ပေါ်ကျော်ကြားသူ လူမိုက်ကြီးခင်စိန် သေနတ်နဲ့ ပစ်သတ်ခံရ Posted: 12 Nov 2021 06:34 AM PST HTY Information (နိုဝင်ဘာလ ၁၂ ရက်)ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်၊ သခင်ကိုယ်တော်မှိုင်းလမ်းနေ စစ်တပ်အမာခံ ထင်ပေါ်ကျော်ကြားသူ လူမိုက်ကြီးခင်စိန်အား ဒီကနေ့ ညနေ (၅:၃၀)ဝန်းကျင်က သေနတ်နဲ့ (၃)ချက် ပစ်ခတ်ခံရကြောင်းသိရသည်။"ပစ်ခံရတာက ဗိုလ်အောင်ကျော်လမ်းမကြီး အုန်းတောတံတားနားမှာ သူကားနဲ့ထွက်လာတုန်း အနားကပ်ပြီးပစ်သွားတာ ပစ်ခံရပြီး သူက ချက်ချင်းမသေဘူး ကားနဲ့ လိုက်သေးတယ် ပြီးမှ ကားကရပ် |
အာဏာသိမ်းတပ်ဖမ်းဆီးသွားသော ကောလင်း ဒေသခံ ၇ ဦး သေနတ်၊ ဓါးဒဏ်ရာများဖြင့် ထပ်မံသေဆုံးနေ Posted: 12 Nov 2021 05:54 AM PST November 12,2021/Kachin News groupစစ်ကိုင်းတိုင်း၊ ကောလင်းမြို့အနောက်ခြမ်းရှိ မိုနံကျေးရွာ၊ ဥက္ကံရွာ၊ ချောင်းနား စသည့်ကျေးရွာများမှ နိုဝင်ဘာလ လဆန်းပိုင်းတွင် စစ်ကောင်စီတပ်ဖမ်းဆီးသွားသည့် ဒေသခံပြည်သူ ၇ ဦး သေနတ်ဒဏ်ရာ၊ ဓါးဒဏ်ရာများဖြင့် အသတ်ခံထားရကြောင်း ဒေသခံများမှ သိရသည်။"ကျနော်တို့ ကြားရသလောက်တော့ ၁၆ နှစ်အရွယ် ကလေးတစ်ဦးကိုဘဲ မှတ်မိတယ်လို့ သိရတယ်။ အဲကလေးက ချောင်းနားရွာကလို့တော့ သိရပြီ။ ကျန်တဲ့ |
အမေရိကန်ဂျာနယ်လစ် Danny Fenster ကို စစ်ကောင်စီက ထောင်ဒဏ် ၁၁ နှစ်ချ Posted: 12 Nov 2021 05:50 AM PST Frontier Myanmar သတင်းဌာန သတင်းခန်းအုပ်ချုပ်မှု အယ်ဒီတာ၊ အမေရိကန်ဂျာနယ်လစ် Danny Fenster ကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၁၁ နှစ်ချမှတ်လိုက်ကြောင်း သိရသည်။ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် စစ်ကောင်စီတရားရုံးက ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်ပြီး Danny Fensterကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ၊ ဗီဇာစည်းကမ်းချိုးဖောက်မှု ၊အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၊ တရားမဝင် အ သင်း ဆက်သွယ်မှုများဖြင့် ကောင်စီက တရားစွဲဆိုခဲ့ |
လက်နက်ကြီးထိမှန်မှုကြောင့် ဘုရားကျောင်း ၇ ကျောင်း ပျက်စီး Posted: 12 Nov 2021 05:46 AM PST ကန္တာရဝတီတိုင်း(မ်)ကရင်နီပြည်နယ်အတွင်းနဲ့ ရှမ်းပြည်တောင်ပိုင်း ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ် ကျည်ထိမှန်မှုကြောင့် ကတ်သလစ်ဘုရားကျောင်း ၆ကျောင်းနဲ့ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်း ပျက်စီးသွားတယ်လို့ PKPF Information Center က ဒီကနေ့ နိုဝင်ဘာလ ၁၂ရက်နေ့မှာ ထုတ်ပြန်ပါတယ်။အဆိုပါ ထုတ်ပြန်ထားတဲ့ စာရင်းအရ ဒီးမော့ဆိုမြို့မှာ မေလအတွင်းက တိုက်ပွဲစတင် |
ဖမ်းဆီးခံရတဲ့ပြည်သူတွေကို လူသားဒိုင်အဖြစ် အာဏာသိမ်းစစ်ကောင်စီတပ်က ၄င်းတို့နဲ့အတူတင်ဆောင်သွား Posted: 12 Nov 2021 05:39 AM PST အာဏာသိမ်းစစ်ကောင်စီတပ်ဟာ မတူပီ-မင်းတပ်ကြားကတိုက်ခိုက်ခံရသလို မင်းတပ်-ပခုက္ကူခရီးစဉ်မှာတိုက်ခိုက်မခံရအောင် မင်းတပ်မြို့ကဖမ်းဆီးခံရတဲ့ ပြည်သူတွေကို လူသားဒိုင်အနေနဲ့ ၄င်းတို့စစ်ယာဉ်တန်းနဲ့အတူ ဒီမနက်တင်ဆောင်ကြမယ်လို့သတင်းရရှိပါတယ်။ မတူပီကနေ မင်းတပ်မြို့သို့ရောက်လာတဲ့ စစ်ကား အစီး ၇၀ ကျော်နဲ့ သံချပ်ကာ ၂ စီးဟာ ဒီမနက် မင်းတပ်ကနေ ပခုက္ကူဘက်ထွက်သွားကြမယ်လို့သိရပြီး ဒီမနက် ၉း၄၅ အချိန်တွင် သံချပ်ကာ ၂ စီး |
Posted: 12 Nov 2021 05:32 AM PST ပြည်၊ နိုဝင်ဘာ ၁၂ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွှေတံချောင်းလမ်းမပေါ်ရှိ အမှတ်(၁) ရဲစခန်းအား PUGF အဖွဲ့(၃) က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့ကထုတ်ပြန်ထားသည်။ယင်းဖောက်ခွဲမှုအား နိုဝင်ဘာလ ၁၁ ရက်နေ့ည (၆) နာရီခွဲခန့်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ရဲစခန်းအတွင်း ထိခိုက်ပျက်စီးမှုနှင့် ဒဏ်ရာရရှိမှုကို သိရခြင်းမရှိသေးကြောင်း သိရသည်။"တော်တော်ကျယ်တယ် ရဲစခန်းထဲလည်းမဟုတ်ဘူး။ သူ့အရှေ့လမ်းမ |
စစ်ကောင်စီကို ထောက်ပံ့ကြေးပေးနေတဲ့ ရေနံဆီကား မိုင်းဆွဲတိုက်ခိုက်ခံရ Posted: 12 Nov 2021 05:31 AM PST မြိုင်၊ နိုဝင်ဘာ ၁၂၊ ၂၀၂၁။မကွေးတိုင်း၊ မြိုင်-ဆားလင်းကြီးနယ်စပ်မှာ စစ်ကောင်စီတပ်ကို ထောက်ပံ့ကြေးပေးနေတဲ့ ရေနံဆီကားတစီးကို နို၀င်ဘာ ၁၂ ရက် ဒီကနေ့မနက် ၁၀ နာရီခွဲလောက်က မိုင်းခွဲတိုက်ခိုက်ပြီး သတိပေးခဲ့တယ်လို့ မြိုင် PDF ဆီက သိရပါတယ်။ "ဆီသယ်ကားကတော့ မီးလောင်သွားတယ်၊ ကားသမားကတော့ ဆင်းပြေးလို့ ဘာမှဖြစ်မသွားဘူး။" လို့ မြိုင် PDF နဲ့နီးစပ်သူတဦးက ပြောပါတယ်။ ဒီဖောက်ခွဲမှုကို မြိုင် PDF ကလုပ်ဆောင်တာဖြစ် |
နတ်တလင်းမြို့တွင် ရာအိမ်မှူးတဦး၊ဒလန်တဦးနဲ့ ပျူစောထီးတဦး သတ်ခံရပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရ Posted: 12 Nov 2021 05:29 AM PST နတ်တလင်း၊ နိုဝင်ဘာ ၁၂၊၂၀၂၁။ပဲခူးတိုင်းအနောက်ခြမ်း ၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ဆီဆုံကုန်းအုပ်စုမှာယမန်နေ့ညနေက ရာအိမ်မှူးတဦး၊ဒလန်တဦးနဲ့ပျူစောထီးတဦးကိုသုတ်သင်ခဲ့နိုင်ခဲ့ပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရရှိကြောင်း နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Phoenix DFက နိုဝင်ဘာ၁၁ ရက်နေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ဆီဆုံကုန်းအုပ်စုစမ်းကြီးရွာက ရာအိမ်မှူးဦးဆန်းဝင်း၊ ရေကြည်ရွာက ဒလန်ဟုနာမည်ထွက်နေသူ ကိုသောင်း |
Posted: 12 Nov 2021 05:25 AM PST ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ထူလွှီးဘီလာနှင့် ပဒုံငံကျေးရွာ အနီး၊ ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲပိုင်း ၁၄:၅ဝ နာရီတွင် အကြမ်းဖက် စ.က.စ နှင့် (KA)၊ Kကရင်နီတပ်မတော်NDF တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲမှာ ညနေ ( ၁၈းဝဝ)နာရီကျော်အထိ ကြာမြင့်ခဲ့ပါသည်။ တိုက်ပွဲအတွင်း အကြမ်းဖက် စ.က.စ ဘက်မှ (၂ဝ) ဦးသေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရမှုများရှိခဲ့ပါသည်။ KNDF တပ်ဖက်မှ တစ်ဦး ကျဆုံး |
Posted: 12 Nov 2021 05:22 AM PST ၁၂ ၊ ၁၁ ၊ ၂၀၂၁ ။ NBungDatKasa စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်အနောက်ခြမ်းဘက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ ယမန်နေ့ နိုဝင်ဘာလ (၁၁) ရက် နံနက်ပိုင်းအချိန်၌ စစ်ကြောင်းခွဲ၍ ထိုးစစ်ဆင်လာရာ ဒေသခံ PDF များမှ ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်လိုက်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့်ပြန်လည်ပစ်ခတ်ရာ အချင်းချင်းဖြစ်တဲ့ ခွဲထားတဲ့တစ်ဖက်စစ်ကြောင်းပေါ်သို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသွား၍ (၁၅) |
Posted: 12 Nov 2021 05:21 AM PST ပုံစာ - ပြည်မြို့၌ ယမန်နေ့က စစ်ကောင်စီတပ်သားများ စစ်ဆေးမှု ပြုလုပ်နေစဥ်ပြည်၊ နိုဝင်ဘာ ၁၂ပဲခူးတိုင်း၊ ပြည်မြို့နယ်ရှိ မှော်ဇာမြို့မ အုပ်ချုပ်ရေးမှူးရုံး၏ လုံခြုံရေးကင်းစခန်းကို ယနေ့မနက်ပိုင်း၌ ပြောက်ကျားတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီလက်ပါးစေ(၃)ဦးခန့်သေဆုံးပြီး အရာရှိ(၁)ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပြည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။ယနေ့ နိုဝင်ဘာ(၁၂)ရက် နံနက်(၃)နာရီခန့်၌ |
ဒိုက်ဦးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ Posted: 12 Nov 2021 05:20 AM PST ပဲခူး၊ နိုဝင်ဘာ ၁၂လူငယ့်ခေတ်ပဲခူးတိုင်း အရှေ့ခြမ်း ဒိုက်ဦးမြို့နယ်၊ သပြေတန်း ရွာကြီးအုပ်စု၊ ဧကရာဇ်ကျေးရွာမှ အကြမ်းဖက်စစ်ကောင်စီခန့် ရာအိမ်မှူး ကိုသန့်ဇင်ဦး ယနေ့ (နိုဝင်ဘာ ၁၂) နံနက်အစောပိုင်း၌ သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။" မနက် စောစော ကိုသန့်ဇင်ဦးက စျေးက ဆိုင်ကယ်နဲ့အပြန်မှာ သေနတ်နဲ့ အပစ်ခံရတယ်လို့ သိရပါတယ်။ နောက်စေ့ကနေ ပွင့်ထွက်ပြီး နေရာမှာတင် ပွဲချင်းပြီး သေသွားပါတယ် " ဟု |
KNU/KNLA တပ်မဟာ (၅) ထိန်းချုပ်နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ (၂၃) ကောင် ထပ်မံသေဆုံးပြန် Posted: 12 Nov 2021 05:15 AM PST ၁၂ ၊ ၁၁ ၊ ၂၀၂၁ ။ NBungDatKasa KNU/KNLA တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ လူသော၊ ဘူးသို၊ ဒွယ်လိုးမြို့နယ်များတွင် အကြမ်းဖက်စစ်ကောင်စီတပ်အား KNLA မှ နိုဝင်ဘာလ (၉) ရက်နေ့နှင့် နိုဝင်ဘာလ (၁၀) ရက်နေ့တို့တွင် ပြောက်ကျားစစ် (၂၂) ကြိမ် တိုက်ခိုက်လိုက်ကြောင်း နယ်မြေခံသတင်းရင်းမြစ်မှ NBung Dat Kasa သို့ ပြောဆိုသည်။ အဆိုပါတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ (၂၃) ကောင် အတည်ပြုသေဆုံးပြီး KNLA ဘက်မှ |
မိုးကုတ်မှ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဒလန်အကြီးစား သေနတ်ပစ်ခံရပြီး သေဆုံး Posted: 12 Nov 2021 05:14 AM PST ၁၂ ၊ ၁၁ ၊ ၂၀၂၁ ။ NBungDatKasa ယနေ့ နိုဝင်ဘာလ (၁၂) ရက် နံနက် (၆) နာရီအချိန်ခန့် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ ကျောက်ဖြူရပ်ကွက်မှ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သတင်းပေး ဒလန်အကြီးစား ကြည်ဖြူ သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတစ်ဦးမှ NBung Dat Kasa သို့ ပြောဆိုသည်။ အဆိုပါအသတ်ခံရသူ ဒလန်အကြီးစား အုပ်ချုပ်ရေးမှူးကြည်ဖြူမှာ ရပ်ကွက်ထူးခြားဖြစ်စဉ်များအား အကြမ်းဖက်စစ်ကောင်စီတပ်သို့ |
Posted: 12 Nov 2021 05:13 AM PST ၁၂ ၊ ၁၁ ၊ ၂၀၂၁ ။ NBungDatKasa ယနေ့ နိုဝင်ဘာလ (၁၂) ရက် နံနက်ပိုင်းအချိန် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့အဝင် (ဒင်္ဂါးချောင်း) စစ်ဆေးရေးဂိတ် ဗုံးပစ်တိုက်ခိုက်ခံရကြောင်း ဒေသခံတစ်ဦးမှ NBung Dat Kasa သို့ ပြောဆိုသည်။ အဆိုပါစစ်ဆေးရေးဂိတ် ဗုံးပစ်တိုက်ခိုက်ခံရသဖြင့် အကြမ်းဖက်စစ်ကောင်စီတပ် စစ်ဗိုလ် (၁) ဦးနှင့် ရဲ (၄) ဦး သေဆုံးသွားကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။ NBung Dat Kasa - Kachin Media |
ထားဝယ်က အမျိုးသမီး မှုခင်းသတင်းထောက် သေနတ်နဲ့ ပစ်သတ်ခံရ Posted: 12 Nov 2021 05:09 AM PST ထားဝယ်၊ နိုဝင်ဘာလ ၁၂တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်၊ ပုံကျွန်းရပ်မှာ နိုဝင်ဘာလ ၁၂ ရက်နေ့ နေ့လည်ပိုင်းက အမျိုးသမီးမှုခင်းသတင်းထောက် တစ်ဦး သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ သိရပါတယ်။သေဆုံးသူမှာ ပုံကျွန်းရပ်နေ ဒေါ်ဇာခြည်ဦး ၄၅ နှစ်ဆိုသူဖြစ်ပြီး စစ်ကောင်စီသတင်းပေး တစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ယနေ့ နေ့လည် ၁၂ နာရီခန့်မှာ ဒေါ်ဇာခြည်ဦး ဟာ ပုံကျွန်းရပ်ရှိ လက်ဖက်ရည်ဆိုင်တစ်ခုမှာ ရှိနေချိန် |
သထုံရှိ သဘာဝဓါတ်ငွေ့လိုက်လိုင်းတစ်ခု ဖောက်ခွဲဖျက်စီး ခံရ Posted: 12 Nov 2021 05:07 AM PST သထုံ၊ နိုဝင်ဘာလ ၁၂သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာနဲ့နောင်ဘိုကျေးရွာကြားရှိ သဘာဝဓါတ်ငွေ့ပိုက်လိုင်းတစ်ခု နိုဝင်ဘာလ ၁၁ ရက်နေ့ ညပိုင်းက ဖောက်ခွဲခံရတယ်လို့ သိရပါတယ်။ယမန်နေ့ည ၆ နာရီကျော်ခန့်မှာ ဓါတ်ငွေ့ပိုက်လိုင်းဖောက်ခွဲခံရတာဖြစ်ပြီး ဓါတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲတာကြောင့် လူနဲ့တိရစ္ဆာန်ထိခိုက်မှုမရှိဘဲ ဓါတ်ငွေ့တွေသာ ယိုစိမ့်ခဲ့တယ်လို့ သိရပါတယ်။"ညက ပေါက်ကွဲသံတော့ အကျယ်ကြီးကြားရတယ်။ မြေပါတုန်တယ်။ မနက်ကျ |
Posted: 12 Nov 2021 05:05 AM PST ကိုးကန့်၊ နိုဝင်ဘာ ၁၂ လူငယ့်ခေတ်သိန္နီခရိုင် ၊ နမ့်စလပ်မှကိုးကန့် ကွမ်းလုံဒေသသို့ စစ်ကူရန်လာသည့် အကြမ်းဖက်တပ်ဖွဲ့၏ စစ်ကား (၂၈)စီး ကို ကြားဖြတ် တိုက်ခိုက်ပြီး ကိုးစီးကို ဖျက်စီးနိုင်ခဲ့ကြောင်း ကိုးကန့် MNDAAက ယနေ့ (နိုဝင်ဘာ ၁၂ ရက်) ထုတ်ပြန်သည်။နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက ကိုးကန့် ကွမ်းလုံဒေသသို့ လာသည့် စစ်ကားများအနက် (၂) စီးကို ကနဦး ဖျက်ဆီးနိုင်ခဲ့ကြောင်း MNDAA ကဆိုသည်။ထို့နောက် ညနေ ၄ နာရီခန့်က |
မြောင်မြို့နယ်၌ စစ်သတင်းပေးနှင့် ပျူစောထီးဟုဆိုသူ စုစုပေါင်း(၄၄)ယောက် အသတ်ခံရ Posted: 12 Nov 2021 05:01 AM PST Photo : CDSOM (မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ဝင်များ)မြောင်၊ နိုဝင်ဘာ ၁၂လူငယ့်ခေတ်ကျေးရွာပေါင်း (၂၄) ရွာမှ စစ်တပ်သတင်းပေးနှင့် ပျူစောထီးဟုဆိုသူ စုစုပေါင်း (၄၄ )ယောက်ကို သုတ်သင်ခဲ့သည်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့က ယနေ့ထုတ်ပြန်သည်။ယင်းစာရင်းများသည် မေလမှ နိုဝင်လာလ (၅)ရက် အထိဖြစ်ပြီး အမည်စာရင်း အတိအကျကို ထုတ်ပြန်ပေးသွားမည်မဟုတ်ဟု ဆိုသည်။အဆိုပါ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.