သစ္ထူးလြင္ |
- နဘားဘူတာမီးရထားရဲစခန်းကို အထူးပျောက်ကြားတပ်ဖွဲ့မှဝင်စီး
- ပခန်းငယ်သို့ စစ်ကူလာသော စခ ကားနှင့် ရခ ဆိုင်ကယ်များ မိုင်းဆွဲခံရ၊ စခ ၆ ဦးသေ၊ အများအပြား ဒဏ်ရာရ
- ချင်းနွားနောက်ရိုင်းများ လိုက်လံအခတ်ခံလိုက်ရသော အနော်ရထာစစ်ဆင်ရေး
- အကြမ်းဖက် စစ်ကောင်စီတပ်၏ ယာဉ်တန်းအား ပုလဲ PDF မိုင်းခွဲရှင်းလင်း၊စစ်ကောင်စီတပ်သား ၃၀ကျော်သေဆုံး
- ပခန်းငယ်ရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်မီးရှို့၊ အကြမ်းဖက်စစ်ကောင်စီ ရဲတွေ ဒါဏ်ရာရ ထွက်ပြေး
- ပလက်၀တိုက်ပဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ၁၁ ဦး သေဆုံး
- ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အခမဲ့ကွန်ပျူတာသင်တန်းကျောင်းနှင့် စာကြည့်တိုက် မီးရှို့ခံရ
- လှိုင်သာယာမြို့နယ်က ကစင်အုပ်ချုပ်ရေးမှူတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံ၍ သေမသေမသိရသေး
- မြန်မာနိုင်ငံမှာ ကလေး ၁၂ သန်းကျော် ကျောင်းမတက်နိုင်တာ ၁၈ လ ရှိပြီ (ကုလ ပြောခွင့်ရ (Farhan Haq)
- ချင်းပြည်နယ် ၄ မြို့နယ်တွင် စာသင်ကျောင်းဖွင့်လှစ်ပြီး ကျောင်းသူ/သား တစ်သောင်းကျော်တက် ရောက်
- CDM လုပ်ပြီး ရုံးပြန်တက်တဲ့ ဝန်ထမ်းတွေကို လျှို့ဝှက်အကြောင်းအရာတွေ အသိမပေးဖို့ စစ်ကောင်စီ ညွှန်ကြား
- ချောင်းဆုံမြို့နယ် NLD ရုံး ဗုံးခွဲ ဖျက်စီးခံရ ၊ ပေါက်ကွဲမှု ပြင်းထန်လို့ ဘေးပတ်ဝန်းကျင် နေအိမ်တွေပါ ပျက်စီး
နဘားဘူတာမီးရထားရဲစခန်းကို အထူးပျောက်ကြားတပ်ဖွဲ့မှဝင်စီး Posted: 13 Nov 2021 05:37 AM PST 13.11.2021( ယနေ့ ) PDF အထူးပျောက်ကြား အဖွဲ့တစ်ဖွဲ့မှ ညနေ 5:10 အချိန်တွင် နဘား မီးရထား ရဲစခန်းအား ဝင်စီး (ရုပ်/သံ)နိုဝင်ဘာ ၁၃စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နဘားဘူတာရဲစခန်းကို အထူးပျောက်ကြားတပ်ဖွဲ့မှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် ။အခူးပျောက်ကြားတပ်ဖွဲ့ဟာ ဒီကနေ့ညနေ ၅နာရီ ၁၀မိနစ်အချိန့်က ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။ လောလောဆယ် ၂ယောက်ထိထားပြီး အသေးစိတ်ကိုတော့ မသိရသောပါ ။ပြည်သူ့ |
ပခန်းငယ်သို့ စစ်ကူလာသော စခ ကားနှင့် ရခ ဆိုင်ကယ်များ မိုင်းဆွဲခံရ၊ စခ ၆ ဦးသေ၊ အများအပြား ဒဏ်ရာရ Posted: 13 Nov 2021 04:49 AM PST ရေစကြို၊ နိုဝင်ဘာ ၁၃ရေစကြိုမြို့နယ် ပခန်းငယ်ရဲစခန်း နိုဝင်ဘာ ၁၃ ရက်နေ့ နေ့လည် ၁ နာရီ ဝန်းကျင်အချိန်က စီးနင်းခံရပြီး စစ်ကူလာသော စခ/ရခ ကား ၁ စီးနှင့် ဆိုင်ကယ် ၆ စီးကို နိုဝင်ဘာ ၁၃ ရက်နေ့ ယနေ့ညနေ ၅ နာရီဝန်းကျင်ခန့်က ပခန်းငယ်နှင့် စဥ့်ကိုင်ရွာကြားတွင် People Defense Force Yesagyo နှင့် Phoenix အထူးပြောက်ကျားတပ်ဖွဲ့ (ရေစကြို) ညီနောင်မဟာမိတ်နှစ်ဖွဲ့ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စခ ၆ ဦးသေဆုံးပြီး |
ချင်းနွားနောက်ရိုင်းများ လိုက်လံအခတ်ခံလိုက်ရသော အနော်ရထာစစ်ဆင်ရေး Posted: 13 Nov 2021 04:40 AM PST "အနော်ရထာစစ်ဆင်ရေး" အမည်ဖြင့် ထိုးစစ်ဆင်လာသော သံချပ်ကာ ၂ စီး ပါဝင်သည့် စစ်ကားအစီး ၈၀ ကျော် စကစယဉ်တန်းရှည်သည် မင်းတပ်မှ မတူပီသို့ အနှောင့်အယှက် အနည်းငယ်ဖြင့် တက်သွားခဲ့သည်။ ပြန်ဆင်းလာရာတွင်လည်း အသွားကဲ့သို့ပင် အနှောင့်အယှက် ကြီးကြီးမားမားမရှိနိုင်ဟု ထင်မှတ်ထားပုံရသည်။ သံချပ်ကာ ပစ်ကူ၊ လက်နက်ကြီး မျိူးစုံပစ်ကူဖြင့် အင်အားကြီးကြီးမားမား ဆင်းလာသည်ကို CDF-MINDAT က ရှိန်မည်ဟု ယူဆထားပုံရသည်။ စစ်ကား ၇၅ |
အကြမ်းဖက် စစ်ကောင်စီတပ်၏ ယာဉ်တန်းအား ပုလဲ PDF မိုင်းခွဲရှင်းလင်း၊စစ်ကောင်စီတပ်သား ၃၀ကျော်သေဆုံး Posted: 13 Nov 2021 03:53 AM PST စစ်ကိုင်းတိုင်း ကလေး-ဂန့်ဂေါဘက်မှ ပုလဲမြို့နယ်တွင်းဝင်ရောက်လာသည့် အကြမ်းဖက်စစ် ကောင်စီတပ်၏ ယာဉ်တန်းနှင့်အတူ ရှေ့ပြေးခြေလျင်တက်လာသည့် စစ်ကောင်စီတပ်သား အင်အား ၅၀ခန့်အား ဗိုလ်နဂါးဦးဆောင်သည့် ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၅) ရဲဘော်မောင်ဝေ ဦးဆောင်သည့် ပြောက်ကျားတပ်ဖွဲ့မှ ယနေ့ နိုဝင်ဘာ ၁၃ရက်နေ့ ၃နာရီ ၅၀မိနစ်အချိန်တွင် မိုင်း၇လုံးဖြင့်ရှင်းလင်းခဲ့သည်ဟု ပုလဲ PDFကထုတ်ပြန်သည်။အကြမ်းဖက်စစ် |
Posted: 13 Nov 2021 03:19 AM PST (နိုဝင်ဘာလ ၁၃ ရက်)မကွေးတိုင်း၊ ရေစကြိုမြို့နယ် ပခန်းငယ်ရဲစခန်းကို နိုဝင်ဘာလ ၁၃ ရက်နေ့ ယနေ့နေ့လယ် ၁ နာရီဝန်းကျင်က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ နာရီဝက်အကြာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။အကြမ်းဖက်စစ်ကောင်စီ ရဲများ ဒါဏ်ရာများဖြင့် ထွက်ပြေးသွားသောကြောင့် စခန်းရှိ စာရွက်စာတမ်းများ၊ ဆိုင်ကယ်၂ စီးနှင့် လက်နက် ၂ လက်ကိုသိမ်းယူ၍ စခန်းအား မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသကာကွယ်ရေးတပ်များက |
ပလက်၀တိုက်ပဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ၁၁ ဦး သေဆုံး Posted: 13 Nov 2021 02:45 AM PST ချင်းပြည်နယ်၊ ပလက်၀မြို့နယ်တွင် နိုဝင်ဘာလ ၉ ရက်နေ့နှင့် နိုဝင်ဘာလ ၁၀ ရက်နေ့ နှစ်ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် CDF-Paletwa တို့အကြား တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၁၁ ဦးသေဆုံးခဲ့ကြောင်း သိရပါသည်။သစ်ထူးလွင် |
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အခမဲ့ကွန်ပျူတာသင်တန်းကျောင်းနှင့် စာကြည့်တိုက် မီးရှို့ခံရ Posted: 13 Nov 2021 02:05 AM PST ပုပ္ပါး၊ နိုဝင်ဘာ ၁၃၊ ၂၀၂၁။မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးမြို့တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဖွင့်လှစ်ထားသော အခမဲ့ကွန်ပျူတာသင်တန်းကျောင်းနှင့် စာကြည့်တိုက်အား နိုဝင်ဘာလ ၁၂ ရက် ညနေပိုင်းက မီးရှို့ဖျက်ဆီးခံရကြောင်းဒေသခံများထံမှ သိရသည်။မီးရှို့ခံရမှုကြောင့် သင်တန်းကျောင်းနှင့် စာကြည့်တိုက်တွင်ရှိသော ပရိဘောကပစ္စည်းများ၊ စာရွက်စာတန်းများ၊ စာအုပ်များ အကုန်ပျက်ဆီးသွား |
လှိုင်သာယာမြို့နယ်က ကစင်အုပ်ချုပ်ရေးမှူတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံ၍ သေမသေမသိရသေး Posted: 13 Nov 2021 02:00 AM PST (နိုဝင်ဘာလ ၁၃ ရက်)ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်(အရှေ့ပိုင်)၊ ကစင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဒီကနေ့ နံနက်(၁၁:၃၀)ဝန်းကျင်ခန့်က စစ်ကောင်စီတပ်စွဲထားသော မိုးလုံလေလုံအားကစားရုံ မလှမ်းမကမ်းတွင် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။အဆိုပါ ပစ်ခတ်ခံရသူသည် ကစင်အုပ်ချုပ်ရေးမှူး ကိုထက် ဆိုသူဖြစ်ပြီး ၎င်း၏ တပည့်ဖြစ်သူများနှင့်အတူ ကားဖြင့်ပြန်လာစဉ် ကနောင်မင်းသားကြီးလမ်း စစ်ကောင်စီတပ်စွဲထားသော မိုးလုံလေလုံ |
မြန်မာနိုင်ငံမှာ ကလေး ၁၂ သန်းကျော် ကျောင်းမတက်နိုင်တာ ၁၈ လ ရှိပြီ (ကုလ ပြောခွင့်ရ (Farhan Haq) Posted: 12 Nov 2021 06:52 PM PST မြန်မာနိုင်ငံမှာကလေးငယ်ပေါင်း ၁၂ သန်းကျော်ဟာ ကျောင်းမတက်နိုင်တာ ၁၈ လကျော်သွားပြီ ဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Farhan Haq ကသောကြာ နေ့မှာပြောဆိုလိုက်ပါတယ်။"မြန်မာနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ကျနော်တို့ရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေရဲ့ ပြောကြားချက်တွေအရ ကလေး ၁၂ သန်းကျော်ဟာ ကျောင်းမတက်နိုင်တာ ၁၈ လကျော်ရှိပါပြီ၊ ဒါကြောင့် ကလေးတွေရဲ့ ပညာရေးနဲ့ ဘဝတိုးတက်ကောင်းမွန်ရေး |
ချင်းပြည်နယ် ၄ မြို့နယ်တွင် စာသင်ကျောင်းဖွင့်လှစ်ပြီး ကျောင်းသူ/သား တစ်သောင်းကျော်တက် ရောက် Posted: 12 Nov 2021 06:18 PM PST ခိုနူမ်းသုန်သတင်း၊ ၁၃ နိုဝင်ဘာ ၂၀၂၁နိုဝင်ဘာလ ၁ ရက်နေ့ကစ၍ စစ်ကောင်စီမှ စာသင်ကျောင်းများကို စတင်ဖွင့်လှစ်ခဲ့ရာ ချင်းပြည်နယ်တွင်လည်း မြို့နယ် ၄ မြို့နယ် တွင် အခြေခံပညာကျောင်းများဖွင့်လှစ်ပြီး ကျောင်းသူ/သား တစ်သောင်းကျော် ကျောင်းတက်ရောက်ကြောင်းသိရသည်။" အခုက တစ်သောင်းကျော်ပဲရှိတယ်၊ ခါတိုင်းက ပုံမှန်တက်တယ်ဆိုရင်တော့ တစ်သိန်းသုံးသောင် ကျော်လောက်ရှိတယ်။ မနှစ်ကလည်း ကျောင်းမတက်တော့ ကျောင်းသားမရှိ၊ ဒီနှစ် |
CDM လုပ်ပြီး ရုံးပြန်တက်တဲ့ ဝန်ထမ်းတွေကို လျှို့ဝှက်အကြောင်းအရာတွေ အသိမပေးဖို့ စစ်ကောင်စီ ညွှန်ကြား Posted: 12 Nov 2021 06:12 PM PST မော်လမြိုင် ၊ နိုဝင်ဘာ (၁၃)CDM လုပ်ပြီး ရုံးပြန်တက်တဲ့ ဝန်ထမ်းတွေကို အရေးကြီးတဲ့ လမ်းညွှန်ချက်တွေနဲ့ လျှို့ဝှက်အကြောင်းအရာတွေကို အသိမပေးဖို့ စစ်ကောင်စီ ညွှန်ကြားထားတယ်လို့ Non CDM ဝန်ထမ်းတွေက ပြောပါတယ်။အာဏာသိမ်း စစ်ကောင်စီဟာ ဌာနဆိုင်ရာတွေရဲ့ အရေးကြီးသတင်းတွေ ပေါက်ကြားမှုများရှိနေတဲ့အတွက် CDM လုပ်ပြီး ရုံးပြန်တက်တဲ့ ဝန်ထမ်းတွေအပေါ် သံသယရှိနေတာပါ။ဒါကြောင့် စစ်တပ် အာဏာသိမ်းစဉ်က CDM လုပ်ပြီး ရုံးပြန် |
Posted: 12 Nov 2021 06:06 PM PST မော်လမြိုင် ၊ နိုဝင်ဘာ (၁၃)နိုဝင်ဘာလ (၁၂)ရက်နေ့ ညပိုင်းမှာ ချောင်းဆုံမြို့နယ် ၊ မြို့မရဲစခန်းရှေ့မှာရှိတဲ့ NLD ပါတီရုံး ဗုံးဖောက်ခွဲ ဖျက်ဆီးခံခဲ့ရပါတယ်။ပေါက်ကွဲမှုဟာ အဆောက်အဦးတစ်ခုလုံးနီးပါး ပျက်စီးတဲ့အထိ ပြင်းထန်ခဲ့ပြီး ဘေးပတ်ဝန်းကျင် နေအိမ်အချို့ပါ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက အတည်ပြုပြောဆိုပါတယ်။" ရဲစခန်းနဲ့ မျက်စောင်းထိုးလောက်ရှိမယ်။ ပေါက်ကွဲမှုကတော့ အတော်ပြင်းထန်တယ်။ အတော်ကျယ်တယ်ဗျ ၊ တချို့ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.