Monday, November 15, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ယောနယ်မှ “အရေးပေါ်အသိပေးထုတ်ပြန်ချက်”

Posted: 14 Nov 2021 09:01 AM PST

"အရေးပေါ်အသိပေးထုတ်ပြန်ချက်"၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ၊ ၁၄ရက်  မိဘပြည်သူများခဗျား။လက်ရှိတင်းမာနေသော စစ်ရေးအခြေအနေများအရ ပုလဲ-‌ကျော-ဂန့်ဂေါ-ကလေးလမ်း၊ ပုလဲ-ကျော-ဂန့်ဂေါ-ဟားခါးလမ်း၊ ပေါက်-ထီးလင်း-မင်းတပ်လမ်း၊ ပေါက်-ကျောက်ထု-မင်းတပ်လမ်း၊ ဂန့်ဂေါ၊ ထီးလင်း၊ ကျော၊ ကျောက်ထု၊ ဆော လမ်းပိုင်းများ တွင် စစ်ကောင်စီဘက်မှ ထိုးစစ်ဆင်လာနိုင်သဖြင့် (၁၄.၁၁.၂၀၂၁) ရက်နေ့မှ (၂၁.၁၁.၂၀၂၁) ရက်နေ့အထိ တစ်ပတ်အတွင်း လုံးဝ(လုံးဝ)

ကလေးမြို့တွင်းနဲ့ နယ်ရွာတွေမှာ ဗုံးပေါက်ကွဲသံတွေကြားနေရ၊ အင်းကျော်ရွာ မီးရှို့ခံရ

Posted: 14 Nov 2021 08:55 AM PST

ကလေးမြို့တွင်း ၂ နေရာတွင်လည်းကောင်း၊ စက္ကန့်ကျေးရွာအနောက်ဘက် ချင်းပြည်နယ်တွင်လည်း ဗုံးပေါက်ကွဲသံတွေကြားရပြီး မြစ်သာမြစ်အရှေ့ဘက် ဥယျာဉ်ကျေးရွာ လူနေအိမ် ၁လုံး ယနေ့ (နိုဝင်ဘာ ၁၄) ကမီးလောင်ပျက်စီးသွားတယ်လို့ဒေသခံတွေထံမှ သတင်းရရှိပါတယ်။ ကလေးမြို့ တာဟန်းရပ်ကွက် ဝယ်စလီဆေးရုံလမ်းကြားမှာရှိတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်နေတဲ့အိမ်ကို ဗုံးပစ်ခံရလို့ တစ်ယောက် သေဆုံးတယ်လို့သိရတယ်။ ဒါ့ပြင် အောင်မင်္ဂလာရပ်ကွက် စကား

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက် ပေါင် ဒေသခံ (၂၀)ထက်မနည်း ဖမ်းဆီးခံရ

Posted: 14 Nov 2021 08:31 AM PST

မော်လမြိုင်၊ နိုဝင်ဘာ ၁၃ပေါင်မြို့မှာ စစ်ကောင်စီခန့် ကဒုံစီးရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်သတ်ခံရပြီးနောက် ဒေသခံပြည်သူ ၂၀ ဦးနီးပါး ဖမ်းဆီးခံထားရတယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဦးကျော်အောင်ကိုနိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက KNU တပ်မဟာ ၁ ၊ ၂ နဲ့ ပေါင်မြို့နယ် Special Force Paung အဖွဲ့တို့က ၎င်းနေအိမ်အရှေ့မှာ သေနတ်ပစ်သတ်ခဲ့တာပါ။ဦးကျော်အောင်အသတ်ခံရတဲ့ကိစ္စနဲ့

ထားဝယ်မှာ လူငယ်တွေ ဆက်တိုက်ဖမ်းဆီးခံနေရ

Posted: 14 Nov 2021 08:29 AM PST

ထားဝယ်၊ နိုဝင်ဘာလ ၁၄တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ နိုဝင်ဘာလ အတွင်း စစ်ကောင်စီဘက်မှ လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးမှုတွေ လုပ်လာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။နိုဝင်ဘာလ ၁၃ ရက်နေ့ညက ထားဝယ်မြို့၊ သင်္ဘောဆိပ်ရပ်ကွက် ဧရာဝတီဘဏ်ရှေ့လမ်းကြားမှာ နေထိုင်သူ ကိုရှိုင်းထက်အောင်နဲ့လူငယ် ၂ ဦး စုစုပေါင်း ၃ ဦးတို့ နေအိမ်မှာ  ဂိမ်းဆော့နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။"ညက ဂိ

မုံရွာမှာ ပစ် သတ်ခံရသည့် သင်္ကန်းအရေခြုံဘုန်းကြီးသည် စစ်တပ်သတင်းပေးနှင့်သူခိုးတစ်ဦးဖြစ်နေ

Posted: 14 Nov 2021 08:09 AM PST

သင်္ကန်းအရေခြုံထားသည့် ဘုန်းကြီးတု တင်ဆောင်ဆင့်(ခ)ဒိန်းဒေါင် မုံရွာသာစည်လမ်းမီးပွိုင့်မှာ ဒီကနေ့မနက်ပိုင်းကအသတ်ခံရစဉ်နိုဝင်ဘာ၁၃၊RNAစစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ သာစည်မီးပွိုင့်အနီး ဒီကနေ့မနက်ပိုင်းမှာ သာသနာခုတုံးလုပ်၍ သင်္ကန်းအရေခြုံထားသော ဘုန်းကြီးအတုတစ်ဦး ပစ်သ တ်ခံလိုက်ရသည်ဟု သိရသည်။အသ တ်ခံရသည့်ကိစ္စနဲ့ပက်သက်ပြီး RNAမှ စုံစမ်းသိရှိချက်အရ ၎င်းသည် ဘုန်းကြီးအတုတစ်ဦးဖြစ်ပြီး စစ်တပ်သတင်းပေးသူ

ဖားကန့်ရှိ စစ်ကောင်စီ တပ်စခန်း ၁ ခုကို တိုက်ခိုက်သိမ်းပိုက်ထားကြောင်း KIO အတည်ပြု

Posted: 14 Nov 2021 07:56 AM PST

November 14, 2021ဖားကန့်မြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်း ၃ ခုကို ဝင်တိုက်ပြီးနောက် ၁ ခုကို သိမ်းပိုက်ထားပြီဟု KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံက အတည်ပြုပြောဆိုသည်။"ဝင်တိုက်တဲ့အဖွဲ့က တပ်စခန်း ၃ နေရာကို ဝင်တိုက်တယ်လို့တော့ကြားတယ်။ ဒါပေမယ့် တစ်ခုသာ သိမ်းနိုင်သေးတယ်လို့ကြားသေးတယ်။ ကျန်တဲ့ တပ်စခန်းခုကိုတော့ သိမ်းတယ်လို့ မကြားမိသေးဘူး"ဟု KIO ဗဟိုဌာနချုပ် ဗိုလ်မှူးကြီးနော်ဘူက KNG ကို အတည်ပြု

ဗန်းမော် စစ်ကောင်စီတပ်၏ စကခ (၂၁)တပ်အနီး ကင်းလှည့်သည့် ယာဉ်တန်း မိုင်းဆွဲခံရ

Posted: 14 Nov 2021 07:54 AM PST

November 14/2021ယနေ့ည ၈နာရီဝန်းကျင် ဗန်းမော်မြို့၊မင်း‌ကျောင်းကုန်းရပ်ကွက်၊  စကခ (၂၁)တပ်အနီး ကင်းလှည့်သည့် ယာဉ်တန်း မိုင်း ၂ကြိမ်ခွဲခံရကြောင်း ဒေသခံများမှ သိရသည်။"ဟုတ်တယ် ဗျ အဲ့ စစ်တပ်နား အနီး ကင်းလှည့် ယဥ်တန်းကို မိုင်းခွဲတာ ကားနည်းနည်း ထိခိုက်တယ် ကြားတယ် ဗျ အသေအပျောက်ကတော့ မနက်မှ သိရမယ်"ဟု ဒေသခံတစ်ဦးကပြောသည်။အဆိုပါ ယာဉ်တန်းမိုင်းဆွဲခံရပြီးနောက် သေနတ်ပစ်သံများလည်း ကြားရကြောင်း ၎င်းကဆက်ပြောသည်။

သရုပ်ဆောင်မော်ဒယ် သန္တာလှိုင် ရန်ကုန်လေဆိပ်ကနေ ဘန်ကောက်လေယာဥ်ပေါ် အတက်မှာ တားဆီးခံရ

Posted: 14 Nov 2021 05:58 AM PST

သရုပ်ဆောင် မော်ဒယ်သန္တာလှိုင်နဲ့ သူ့မိသားစုဝင်အချို့ဟာ ဒီကနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ ရန်ကုန်လေဆိပ်ကနေ ထိုင်းနိုင်ငံ ဘန်ကောတ်မြို့ကို ထွက်ခွာမယ် မြန်မာ့အမျိုးသားလေကြောင်းလိုင်းMAI နဲ့ လိုက်ပါဖို့ကိုရန်ကုန်လေဆိပ်ရောက်လာခဲ့ပြီး လေယာဥ်ပေါ် အတက်မှာ သရုပ်ဆောင် သန္တာလှိုင် တက်ခွင့်မရဘဲ တားဆီးခံလိုက်ရတယ်လို့ အဲ့ဒီခရီးစဥ်နဲ့လိုက်ပါခဲ့သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။သူ့ကို လေဆိပ်မှာ ရဲတပ်ဖွဲ့ဝင်တွေကို စစ်မေးဖို့

ခင်ဦးမှာ ၆၅ နှစ်ရွယ် ရွာသားတစ်ဦး ပစ်သတ်ခံရ

Posted: 14 Nov 2021 05:52 AM PST

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မရမ်းအင်းရွာအနီးက တောထဲမှာ နိုဝင်ဘာ ၁၃ ရက် မနေ့က စစ်တပ်ရဲ့ စစ်ကြောင်း ဖြတ်သွားပြီးနောက် အသက် ၆၅ နှစ်အရွယ် မရမ်းအင်းရွာသားတစ်ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာ တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ရွာသစ်ကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်သား ၃၀ လောက်ဟာ တောတွေထဲကို ခြေလျင်စစ်ကြောင်း ထွက်ခဲ့ပြီး သေနတ်တွေနဲ့ ရမ်းသန်းပစ်ခတ်တာ မနေ့ညပိုင်းက ကြားရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။"သူတို့(

ဘုတလင်မြို့နယ် ကူတော်ရဲစခန်းမှ အကြမ်းဖက်စစ်ကောင်စီ တပ်သားများ မိုင်းဆွဲခံရ

Posted: 14 Nov 2021 05:49 AM PST

နိုဝင်ဘာ ၁၄နိုဝင်ဘာ ၁၁ ရက်နေ့က မောင်းထောင်ရွာ တိုက်တန်းမှာ လူငယ်နှစ်ဦးကို ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ ကူတော်ရဲကင်းစခန်းမှ အကြမ်းဖက် စစ်ကောင်စီတပ်သားများ ဒီကနေ့ နိုဝင်ဘာ ၁၄ရက် နေ့လည်ပိုင်းမှာ မိုင်းဆွဲခံခဲ့ရတယ်လို့သိရပါတယ် ။ဒီမိုင်းဆွဲတိုက်ခိုက်မှုမှာ စကစတပ်သားတစ်ဦး ပေါင်ပြတ်သွားပြီး ရဲစခန်းထဲက ရဲတွေဟာ မောင်းထောင်ပတ်ဝန်းကျင်မာ အရပ်ဝတ်တွေနဲ့ သွားလှုပ်ရှားနေတယ်လို့ ဆိုပါတယ် ။"လက်ရှိကူတော်ရဲကင်းစခန်းမှာ

ပုလဲမြို့နယ်အတွင်း အုပ်စုဖွဲ့လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၁၀ ဦး ကျော်သေဆုံး

Posted: 14 Nov 2021 05:43 AM PST

ပုလဲ၊ နိုဝင်ဘာ ၁၄၊ ၂၀၂၁။ပုလဲမြို့နယ်အတွင်း အုပ်စုဖွဲ့လာတဲ့ စစ်ကောင်စီတပ်သား ၈၀ ကျော်ကို နိုဝင်ဘာ ၁၃ ရက် မနေ့နေ့လည် ၁ နာရီခွဲလောက်မှာ တိုက်ခိုက်ခဲ့လို့ တပ်သား ၁၁ ဦးသေဆုံးကာ အများအပြားဒဏ်ရာ ရှိခဲ့တယ်လို့ ပြည်သူ့တော်လှန်‌ရေးတပ်မတော် PRA ဆီက သိရပါတယ်။စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ (ခင်အေး -ပုလဲ) လမ်းမကြီးပေါ် ၊ နတ်ထိပ်(ပုံတောင်) ဘက်မှဆင်းလာတဲ့ စစ်အုပ်စုကို  ကျောက်ဖြူတောင်ကွေ့မှာ တိုက်ခိုက်ခဲ့တာဖြစ်

ဆိုင်ကယ်ရပ်မပေးလို့ ၁၃ နှစ်အရွယ် ကလေးငယ်တဦးကို ရဲက သေနတ်နဲ့ပစ်

Posted: 14 Nov 2021 05:42 AM PST

နတ်တလင်း၊ နိုဝင်ဘာ ၁၄ ၊ ၂၀၂၁။ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်ရဲစခန်းရှေ့မှာ ကလေးငယ်တဦးမောင်းလာတဲ့ ဆိုင်ကယ်ကိုတားဆီးရာ ရပ်မပေးတဲ့အတွက် ရဲကသေနတ်နဲ့ပစ်ခတ်ခဲ့လို့ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။တောင်ညိုမြို့သစ်အောင်ဇေယျ ၇ လမ်းမှာနေတဲ့ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တဦးဖြစ်ပြီး စိုးရိမ်ရတဲ့အတွက်ပြည်ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။"သူတို့ရဲစခန်းရှေ့ကို

ဖမ်းထားတဲ့ ထားဝယ်တက္ကသိုလ်ကျောင်းသူ တစ်ဦးကို စစ်ကောင်စီ ပြန်လွှတ်ပေး

Posted: 14 Nov 2021 05:36 AM PST

နိုဝင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ ထားဝယ်တက္ကသိုလ်ကျောင်းသူ မမြတ်ဆုမွန်ကို ဒီကနေ့ နိုဝင်ဘာ ၁၄ ရက် မနက် ၁၁ နာရီခန့်မှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ထားဝယ်တက္ကသိုလ် အရှေ့တိုင်းပညာဌာန၊ ပထမနှစ်ကျောင်းသူ မမြတ်ဆုမွန်ဟာ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တယ်ဆိုပြီး နိုဝင်ဘာ ၁၂ ရက်၊ ည ၁၀ နာရီခန့်မှာ အဒေါ်ဖြစ်သူရဲ့ နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါ

မဏိပူရပြည်နယ်မှာ အိန္ဒိယစစ်ယာဉ်တန်း ခြုံခိုတိုက်ခိုက်ခံရပြီး ဗိုလ်မှူးကြီးတဦး ကျဆုံး

Posted: 14 Nov 2021 05:33 AM PST

အိန္ဒိယအရှေ့မြောက်ဘက် မဏိပူရပြည်နယ်မှာ ပြီးခဲ့တဲ့ စနေနေ့က စစ်ယာဉ်တန်း အတိုက်ခံရပြီး ဗိုလ်မှူးကြီးတဦးအပြင် သူ့ဇနီးနဲ့ သားဖြစ်သူ အပါအဝင် တပ်သား ၄ ဦး သေဆုံးခဲ့ရတာမို့ အဲဒီဒေသမှာ ဆယ်စုနှစ်တွေနဲ့ချီ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် တော်လှန်မှုတွေ ပြန်စလာမလားဆိုတဲ့ စိုးရိမ်မှုတွေ တိုးပွားလာနေပါတယ်။ဗိုလ်မှူးကြီး Viplav Tripathi ဟာ သူထိန်းချုပ်ရတဲ့ အာသံရိုင်ဖယ်တပ် တတပ်ကို စစ်ဆေးပြီး အခြေစိုက်စခန်းကို ပြန်အလာ

ရေဦးမြို့နယ်ထဲမှာ ပဒေသာမိုင်းကွဲလို့ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၅ ဦးသေ

Posted: 14 Nov 2021 05:27 AM PST

နိုဝင်ဘာ ၁၄စစ်ကိုင်းတိုင်း - ရေဦးမြို့နယ် လက်မထောင်ချောင်းနားမှာ နိုဝင်ဘာ ၁၄ ရက်နေ့ ဒီကနေ့မနက်ပိုင်းက ပဒေသာမိုင်းကွဲလို့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ဦး သေဆုံးကြောင်း သိရှိရပါတယ် ။အဲ့ဒီတိုက်ခိုက်မှုကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဝေဟင်စွန်ရဲတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ် ။ အဲ့ဒီနောက်စကစ တပ်များရောက်ရှိလားပြီး အဲ့ဒီနားတစ်ဝိုက်မှာရှိတဲ့ ညောင်လည်ရွာ ရွာအိုင်းရွာတို့ကို

ဖားကန့်မှာ ဂျက်လေယာဥ်တွေသုံးပြီးစစ်ကောင်စီက တိုက်နေတယ်လို့ ကေအိုင်အေပြော

Posted: 14 Nov 2021 05:19 AM PST

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒီကနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ စစ်ကောင်စီဘက်က ဂျက်လေယာဉ်တွေ အသုံးပြုတိုက်ခိုက်နေတယ်လို့ KIA ဘက်က ပြောပါတယ်။ကေအိုင်အေ တပ်မဟာ ၉လက်အောက်ခံ တပ်ရင်း၆ နယ်မြေမှာ နိုဝင်ဘာလ ၁၄ ရက်နေ့ မနက် ၇ နာရီလောက်မှာ ဖားကန့်မြို့နယ် လုံးခင်ကျေးရွာအုပ်စု နမ်ဂျန် ဘက်က စစ်ကောင်စီစခန်း ၃ခုကို KIA ဘက်ကနေ ဝင်တိုက်

တီးတိန်မှာ မီးဖွားပြီးစ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရ

Posted: 14 Nov 2021 05:14 AM PST

 ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ်ထဲက အာလွယ် (Aklui) ကျေးရွာမှာ အသက် ၂၇ နှစ် အရွယ် ကလေးမီးဖွားပြီးခါစ မိခင်တစ်ဦးကို စစ်ကောင်စီတပ်သား သုံးယောက်က နိုဝင်ဘာလ ၁၁ ရက်နေ့ ညပိုင်းမှာ အဓမ္မပြုကျင့်ခဲ့ကြတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ ဒေသခံက RFA ကို ပြောပါတယ်။တီးတိန်-ကလေး သွားတဲ့လမ်းပိုင်းမှာရှိတဲ့ အဲဒီရွာကို နိုဝင်ဘာလ ၁၁ ရက် ညပိုင်းမှာ ရွာမြောက်ဘက် ၃ မိုင်အကွာမှာရှိတဲ့ ကနေဒီတောင်ခြေရင်းကနေ စစ်ကောင်စီ

ဖားကန့် စစ်ကောင်စီ တပ်စခန်း ၃ ခုကို KIA တိုက်ခိုက်ဖျက်စီး

Posted: 14 Nov 2021 03:50 AM PST

November 14, 2021/ KNGဖားကန့်မြို့နယ် စစ်ကောင်စီတပ်စခန်း ၃ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ နံနက်ပိုင်း တစ်ချိန်းတည်း တိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း သိရသည်။ကံဆီးကျေးရွာနှင့် ၁၀ မိုင်ခန့်ရှိသော နမ့်ဂျန် (Nam Jan)၊ ဆိုင်းရာ(Seng Ra) နှင့် အောင်လဲန့် (Aung Len)စသော ကျေးရွာတွင် တပ်စွဲအခြေချထားသည့် စစ်ကောင်စီ တပ်စခန်း များကို KIA တပ်မဟာ (၉) လက်အောက်အဖွဲ့က သွားရောက် သိမ်းပိုက်ခဲ့သည်ဟု ကံဆီးဒေသခံတ

လက်ဖက်ရည်သောက်နေတဲ့ USDP ပါတီဝင် သတင်းပေး ဒလန်တစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

Posted: 14 Nov 2021 03:45 AM PST

(နိုဝင်ဘာလ ၁၄ ရက်)မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ဝမ်းတွင်းမြို့၊ လုပ်သားရပ်ကွက်နေ ကြံခိုင်ရေး ပါတီဝင် စစ်ကောင်စီ သတင်းပေး ဒလန်တစ်ဦး နိုဝင်ဘာလ ၁၄ ရက် ဒီကနေ့ နံနက်ပိုင်းက သေနတ်နဲ့ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်းသိရသည်။ပစ်ခတ်ခံရသူသည် တင်မျိုးထွန်း(ခ) ချက်ဖောင်းဆိုသူဖြစ်ပြီး ရွှေနန်းကဖေးဆိုင်တွင် လက်ဘက်ရည်သောက်နေစဉ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်းသိရှိရသည်။ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ

ရန်ကုန် ရွှေပြည်သာက ဘာဖြစ်ဖြစ် စစ်တပ်နဲ့ခြိမ်းခြောက်နေသော စစ်တပ်ပိုင် ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရ

Posted: 14 Nov 2021 03:41 AM PST

(နိုဝင်ဘာလ ၁၄ ရက်)ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၄)ရပ်ကွက် ရာအိမ်မှူးတစ်ဦးကို ဒီကနေ့ နိုဝင်ဘာ ၁၄ ရက် မွန်းလွှဲ (၁၂:၁၅)မိနစ် အချိန်ခန့်က သေနတ်နဲ့ ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်းသိရသည်။အဆိုပါပစ်ခတ်ခံရသူမှာ ၄ ရပ်ကွက်က ရာအိမ်မှူး ဦးတင်မောင်သန်း(ခေါ်) ရခိုင်ကြီး ဆိုသူဖြစ်ပြီး ရပ်ကွက်အတွင် ဘာဖြစ်ဖြစ် စစ်တပ်နဲ့ခြိမ်းခြောက်ခါ ရပ်ကွက်တွင် ပြည်သူအချို့ကိုလည်း စစ်တပ်ခေါ်၍ ဖမ်းစေခိုင်းတာမျိုး

ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ရေးသတင်း အကျဉ်းချုပ် (13/11/21)

Posted: 13 Nov 2021 05:37 PM PST

ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရမှ ထုတ်ဝေသော နေ့စဉ်စစ်ရေးအကျဉ်းချုပ်ယနေ့ပြည်သူ့ရင်ခွင်ခိုလှုံရန် ဆက်သွယ်လာသော တပ်သား(၅)ဦးနှင့်ရဲ(၄)ဦး ရှိသည်။ မှတ်ချက်။ ။ မြေပြင်သတင်းတာဝန်ခံများနှင့် သတင်းဌာနများမှ ဖော်ပြလာသော အချက်အလက်များအပေါ် အခြေခံပြုစုထားသည်။

ပေါင် ကဒုံစီးရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

Posted: 13 Nov 2021 05:29 PM PST

မော်လမြိုင်၊ နိုဝင်ဘာ ၁၃ပေါင်မြို့မှာ စစ်ကောင်စီခန့် ကဒုံစီးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်အောင် ဒီကနေ့ နံနက် ၈ နာရီခွဲခန့်က သေနတ်ပစ်ခံခဲ့ရတယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။ဦးကျော်အောင်က ၎င်းနေအိမ်ရှိစျေးဆိုင်ရှေ့မှာ သန့်ရှင်းရေးလုပ်နေစဉ် ဆိုင်ကယ်မောင်းနှင်လာတဲ့ အမည်မသိလူနှစ်ဦးက အနီးကပ်သေနတ်ပစ်ခတ်ခဲ့ခြင်း ဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။" ကဒုံစီးရပ်ကျေးရုံးအနား

နတ်မောက် မြို့မဈေး မီးညွှန့်ကျိုးပြီး မီးထိန်းနိုင်သွားဟုဆို

Posted: 13 Nov 2021 05:10 PM PST

 နတ်မောက်မြို့မဈေး မီးလောင်နတ်မောက်၊ နိုဝင်ဘာ ၁၃၊ ၂၀၂၁။မကွေးတိုင်း၊ နတ်မောက်မြို့ရှိ နတ်မောက်မြို့မဈေးမှာ နို၀င်ဘာ ၁၃ ရက် ဒီကနေ့ည ၉ နာရီလောက်ကစပြီး မီးလောင်မှုဖြစ်ပွား‌ခဲ့တယ်လို့ ဒေသခံ‌တွေဆီက သိရပါတယ်။"၉ နာရီကျော်ကျော်ကမီးစလောင်တာပါ။ မီးလောင်တာ တော်တော်ကြာပါပြီ၊ မြို့မ‌ဈေးရဲ့မြောက်ဘက်အလယ်ပေါက်က စလောင်တာပါ။" လို့ ဒေသခံတဦးက ပြောပါတယ်။ လက်ရှိအချိန်မှာ ဈေးအတွင်းမီးကူးတာများလာ‌နေပြီး မီး၀င်ငြိမ်းတဲ့သူ

မင်းကင်း ကူလဲကျေးရွာတွင် non-cdm ဆရာနှင့် စစ်ကောင်စီသတင်းပေးဟု အမည်ထွက်သူ ထပ်မံအသတ်ခံရ

Posted: 13 Nov 2021 04:50 PM PST

 နိုဝင်ဘာ ၁၃စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြိုနယ် ကူလဲကျေးရွာမှ စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်သူနှင့် non-cdm ဆရာတစ်ဦး  နိုဝင်ဘာ ၁၃ ရက်နေ့ နံနက် ၉ နာရီခန့်က ​​ ထပ်မံအသတ်ခံလိုက်ရတယ်လို့ သိရပါတယ်။ ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်နေ့က အဖမ်းခံရသည့် ကိစ္စတွင် စစ်တပ်နှင့်အဆက်သွယ်ရှိသည်ဟုဆိုကာ non-cdm ဆရာမိသားစုသည် တောထဲတွင် မြေပဲစိုက်နေစဥ် နဂါးမုန်တိုင်းအဖွဲ့မှလာရောက် သတ်ဖြတ်သွားပြီး အလောင်းလာကောက်သူ ပျူ

သျှမ်းလက်နက်ကိုင်များ တပ်သားသစ် အဓမ္မခေါ် အရပ်သား ထိတ်လန့်သေဆုံးမှုရှိ

Posted: 13 Nov 2021 04:39 PM PST

သျှမ်းသံတော်ဆင့်၊ နိုဝင်ဘာလ (၁၃)ရက်သျှမ်းပြည်တောင်ပိုင်းရှိ မြို့နယ်တချို့တွင် သျှမ်းတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များမှ တပ်သားသစ်ကို နေအိမ်ထဲထိ အတင်းအဓမ္မလာရောက်ခေါ်ယူမှုကြောင့် အရပ်သားများထိတ်လန့် သေဆုံးသည့်အထိရှိကြောင်း စုံစမ်းသိရသည်။လွန်ခဲ့သည့် ရက်ပိုင်းအတွင်း သျှမ်းတပ်များသည် သျှမ်းတောင် မိုင်းရှူးမြို့နှင့် ကျိုင်းတောင်းမြို့နယ်အတွင်း တပ်သားသစ်ကောက်ယူမှု အဓမ္မပြုလုပ်ခဲ့သဖြင့် ဒေသခံများ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.