သစ္ထူးလြင္ |
- ယင်းမာပင်ခရိုင် ပုလဲမြို့နယ်အတွင်း တိုက်ပွဲသတင်း
- လှိုင်သာယာမြို့နယ်ရှိ၊ ကနောင်မင်းသားကြီးလမ်းမပေါ်က စစ်ကောင်စီတပ်စွဲထားသော မိုးလုံလေလုံအားကစားရုံကို လက်နက်ကြီး ပစ်ခတ်
- မြောင်က နာမည်ကြီးဒလန်ဆိုသူကို အမျိုးသမီးပြောက်ကျား စစ်သည်တော်များအဖွဲ့(မြောင်)က ပညာပေးဆုံးမခဲ့
- ဖယ်ခုံမြို့ ညောင်ကုန်း၃ကျေးရွာက ဒေသခံတစ်ဦး ဖမ်းဆီးခံရ
- ရာထူးကနှုတ်ထွက်ထားပြီး အလုပ်ဆက်လုပ်နေတဲ့ အုပ်ချုပ်ရေးမှူးကို ရေစကြို PDF သတိပေးဖောက်ခွဲ
- ပေါက် PDF ခေါင်းဆောင်အမျိုးသမီးတဦးနေအိမ်အား ရဲအင်အားအများအပြားဖြင့် လာရောက်ချိတ်ပိတ်
- ထန်းတပင်နှင့် လှိုင်သာယာသာမက သာကေတနှင့် သန်လျင်တွင်ပါ စစ်ကောင်စီလက်ပါးစေများ ယနေ့ ပစ်သတ်ခံရ
- တာဝေးပစ် GPS ပါ လက်လုပ်ဒုံးများကို KGZ Army ယနေ့ထုတ်ဖော်ပြသ
- မုံရွာ ကညနရုံးကို မဟာမိတ်အဖွဲ့များမှ လက်ပစ်ဗုံး၃လုံးဖြင့် ပစ်ခတ်တိုက်ခိုက်
- ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယင်းမာပင်ခရိုင်အတွင်း သစ်ခိုးထုတ်သည့်ကိစ္စများကိုထိထိရောက်အရောက်အရေးယူထားပြီးဖြစ်ကြောင်းပြည်သူသို့တင်ပြ
- နောင်ကြီးအိုင်ရဲစခန်းအဝင်တွင် စစ်ကောင်စီတပ်ဖွဲ့ကို အရာတော်မြို့နယ်တော်လှန်ရေးအင်အားစုက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ဦးခန့်သေဆုံးနိုင်
- သန်လျင်တံတားအဆင်းရှိ စစ်ကောင်စီဂိတ်နှင့် တိုင်းရင်းသားကျေးရွာအနီး မီးပွိုင့်ကို PDF က ပစ်ခတ်တိုက်ခိုက်
- ပုလဲမြို့နယ်က စစ်တပ်ပိုင် Mytel တာဝါတိုင်ကိုမီးရှို့ဖျက်ဆီး
- သရက်ချောင်းမြို့နယ်က ရာအိမ်မှူးဟောင်း ပစ်သတ်ခံရ
- ဇုတ်သုတ်ကျေးရွာမှာ USDP ကိုယ်စားလှယ်လောင်းတစ်ဦး ပစ်သတ်ခံရပြီးနောက်ပိုင်း ဒေသခံ ၁၂ ဦးထက်မနည်း ဖမ်းဆီးခံရ
- ဗဟန်းမြို့နယ်အတွင်းက သရုပ်ဆောင်ယဉ်လတ်နေအိမ်အနီးပေါက်ကွဲမှုဖြစ်
- ရန်ကုန်က စစ်ကောင်စီလုံခြုံရေးစခန်းတချို့တိုက်ခိုက်ခံရ
- မင်းကင်းနယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င် ၁၀ ဦးသေဆုံး
- ဖယ်ခုံမြို့နယ် စစ်ရှောင်ရှိနေရာ စစ်ကောင်စီက တပ်စွဲပြီး လူငယ်တစ်ဦးကို ဖမ်းဆီးထား
- တမူးမြို့တွင် ကြံ့ခိုင်ရေးနဲ့ မဘသ လူတစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရ
- လှိုင်သာယာမြို့နယ်က စစ်ကောင်စီတပ်စွဲထားသော နေရာ (၂)ခုအား ဗုံးခွဲတိုက်ခိုက်ရပြီး ပစ်ခတ်မှုများဖြစ်ပေါ်
- အမေရိကန်နိုင်ငံသား သတင်းထောက် ဒန်နီဖန်စတာထောင်ဒဏ်၁၁ နှစ် ချမှတ်ခံရပြီးနောက် ၃ ရက် အကြာမှာ ပြန်လွတ်
- မုံရွာမှာ အမျိုးသားတစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်ဆေးမှုတွေရှိ
- တိုက်ပွဲအပြီး ရွာထဲကို ဖြတ်သွားတဲ့ PDF တွေကို ရွာသူရွာသားများ ကြိုဆိုနှုတ်ဆက်
ယင်းမာပင်ခရိုင် ပုလဲမြို့နယ်အတွင်း တိုက်ပွဲသတင်း Posted: 15 Nov 2021 03:03 PM PST ဇေယျာတိုင်း၊ နိုဝင်ဘာ ၁၅ယနေ့ညနေ(၅)နာရီခွဲဝန်းကျင်းတွင် ဂန့်ဂေါ-ကျော ဘက်မှ ထွက်ခွာလာသည့် အကြမ်းဖက် စစ်ကောင်စီ၏ အများစုမိုးကာအလုံပိတ်နဲ့ ယာဥ်တန်း(၃၇)စီးကို လှိုင်းချောင်းလမ်းခွဲအရှေ့ဘက်အရောက် ပုလဲ-ဂန့်ဂေါလမ်းမကြီးပေါ်တွင် Pale PDFတပ်ဖွဲ့များ မိုင်းများခွဲတိုက်ခိုက်ရာ ကား(၂)စီးထိပြီး (၁)စီးမှာလုံးဝပျက်စီးသွားခဲ့ပါတယ်။ ထိုကားကို ကြိုးဖြင့်ဆွဲ၍ သယ်ယူသွားတယ်လို့ သိရပါတယ်။စကစတပ်သား ဒဏ်ရာရအသေဆုံးစာရင်း |
Posted: 15 Nov 2021 03:02 PM PST လှိုင်သာယာမြို့နယ်ရှိ၊ ကနောင်မင်းသားကြီးလမ်းမပေါ်က စစ်ကောင်စီတပ်စွဲထားသော မိုးလုံလေလုံအားကစားရုံကို လက်နက်ကြီး ပစ်ခတ်ခဲ့သော (ရုပ်/သံ)လှိုင်သာယာမြို့နယ်ရှိ၊ ကနောင်မင်းသားကြီးလမ်းမပေါ်က စစ်ကောင်စီတပ်စွဲထားသော မိုးလုံလေလုံအားကစားရုံထဲကို ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ ၏ ပြည်သူ့တော်လှန်ရေးတပ်သားများက ၇၉မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။HTY Information III |
မြောင်က နာမည်ကြီးဒလန်ဆိုသူကို အမျိုးသမီးပြောက်ကျား စစ်သည်တော်များအဖွဲ့(မြောင်)က ပညာပေးဆုံးမခဲ့ Posted: 15 Nov 2021 02:53 PM PST စစ်ကိုင်း၊ နိုဝင်ဘာ ၁၅၊ ၂၀၂၁။စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ချောင်းဆင်းကျေးရွာက နာမည်ကြီးဒလန်တင့်ဆွေဆိုသူကို အမျိုးသမီးပြောက်ကျား စစ်သည်တော်များအဖွဲ့(မြောင်)က ဒီကနေ့ နေ့လည် ၁ နာရီခန့်က ပညာပေးဆုံးမခဲ့ကြောင်း PDF နဲ့ ဒေသခံတွေဆီက သိရပါတယ်။စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ချောင်းဆင်းကျေးရွာက ဒေသခံတွေ အိုးပစ်အိမ်ပစ် ပြေးလွှားရင်းနေကြရပြီး၊ အဲ့ရွာက ဒလန်ရဲ့ မတရားသတင်းပေးလို့ ၄ လပိုင်း ၂၂ ရက်တွင် |
ဖယ်ခုံမြို့ ညောင်ကုန်း၃ကျေးရွာက ဒေသခံတစ်ဦး ဖမ်းဆီးခံရ Posted: 15 Nov 2021 04:54 AM PST ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့ ညောင်ကုန်း၃ကျေးရွာက ဒေသခံတစ်ဦးရဲ့ နေအိမ်ကို စစ်ကောင်စီက ဒီကနေ့ နိုဝင်ဘာလ ၁၅ရက်နေ့မှာ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဖယ်ခုံ PDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ ဖမ်းဆီးခံရသူဟာ ညောင်ကုန်၃ ရွာနေ ကိုညီခင်ဖြစ်ပြီး စစ်သားအင်အား ၅၀ ကျော်အသုံးပြုဖမ်းဆီးခဲ့တယ်လို့ လည်းဆိုပါတယ်။ လက်ရှိအချိန်အထိ သူ့ရဲ့ အခြေအနေကို မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။"မနက်ပိုင်း သူ့အိမ်ကို ရောက်လာပြီးတော့ |
ရာထူးကနှုတ်ထွက်ထားပြီး အလုပ်ဆက်လုပ်နေတဲ့ အုပ်ချုပ်ရေးမှူးကို ရေစကြို PDF သတိပေးဖောက်ခွဲ Posted: 15 Nov 2021 04:51 AM PST ရေစကြို၊နိုဝင်ဘာ ၁၅၊ ၂၀၂၁။ရေစကြိုမြို့နယ်အတွင်းက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးဟာ ရာထူးကနှုတ်ထွက်ထားပေမယ့် လက်ရှိအချိန်ထိ စစ်ကောင်စီလက်အောက်မှာ ဆက်လက်လုပ်ဆောင်နေတာကြောင့် နိုဝင်ဘာ ၁၄ ရက် မနေ့ည ၉ နာရီလောက်မှာ သူ့ရဲ့နေအိမ်ကို ဗုံးဖောက်ခွဲသတိပေးခဲ့တယ်လို့ ရေစကြို PDF ဆီက သိရပါတယ်။မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဂွေးဂုဏ်ကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်ဖြစ်ပြီး၊ ရာထူးက |
ပေါက် PDF ခေါင်းဆောင်အမျိုးသမီးတဦးနေအိမ်အား ရဲအင်အားအများအပြားဖြင့် လာရောက်ချိတ်ပိတ် Posted: 15 Nov 2021 04:48 AM PST ပေါက်၊ နိုဝင်ဘာ ၁၅၊ ၂၀၂၁။မကွေးတိုင်း၊ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Pauk PDF) ခေါင်းဆောင် ဒေါ်လွင်လွင်မြင့်နေအိမ်ကို နိုဝင်ဘာလ ၁၅ ရက်မနက်ပိုင်းက ရဲအင်အား ၁၈ ဦးဖြင့် လာရောက်ချိတ်ပိတ်သွားကြောင်း ပေါက် PDF အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံထံက သိရသည်။"၁၀ နာရီဝန်းကျင်လောက်က အောင်တံခွန်ရပ်ကွက်က ဒေါ်လွင်လွင်မြင့် နေအိမ်ကိုလာပြီး ချိတ်ပိတ်သွားတာဖြစ်ပါတယ်။ ရဲအင်အား ၁၈ ယောက်နဲ့လာကြတာပါ။ ပတ်ဝန်းကျင်ကလူ |
ထန်းတပင်နှင့် လှိုင်သာယာသာမက သာကေတနှင့် သန်လျင်တွင်ပါ စစ်ကောင်စီလက်ပါးစေများ ယနေ့ ပစ်သတ်ခံရ Posted: 15 Nov 2021 04:39 AM PST Photo : CJရန်ကုန်၊ နိုဝင်ဘာ ၁၅ရန်ကုန်၊ သန်လျင်တံတားအဆင်းရှိ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့် တိုင်းရင်းသားကျေးရွာအနီးရှိ ယာဉ်ထိန်းရဲများကို တပြိုင်နက် ပစ်ခတ်တိုက်ခဲ့သည့်အတွက် စစ်ကောင်စီလက်ပါးစေ(၅)ဦး သေဆုံးနိုင်ဖွယ်ရှိသည်ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ယနေ့ နိုဝင်ဘာ(၁၅)ရက် နံနက်(၁၁)နာရီ ဝန်းကျင်က ပြည်သူ့တော်လှန်ရေးတပ်သား (PDF) များက သန်လျင်တံတားအဆင်းရှိ အကြမ်းဖက် |
တာဝေးပစ် GPS ပါ လက်လုပ်ဒုံးများကို KGZ Army ယနေ့ထုတ်ဖော်ပြသ Posted: 15 Nov 2021 04:38 AM PST Photo : KGZ Armyရန်ကုန်၊ နိုဝင်ဘာ ၁၅GPS ပါသည့် တာဝေးပစ် လက်လုပ်ဒုံးများ ရောက်ရှိပြီဟု Karenni Generation Z (KGZ Army)က ယနေ့ ထုတ်ဖော်ပြသသည်။"တစ်မိုင်လောက်အထိ ရောက်နိုင်တယ်။ ပြင်းအားလဲ အထိုက်အသင့်အားကောင်းတယ်။ တိုက်ပွဲ ကြာတာတို့ ပြင်းထန်တဲ့အခါ ဒီဒုံးတွေက သိသာစေလိမ့်မယ်။"ဟု KGZ army မှ တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။ပြီးခဲ့သည့်ရက်ပိုင်းကလည်း တော်လှန်ရေးညီအကိုများအတွက်ဟုဆိုကာ ၎င်းတို့တီထွင် |
မုံရွာ ကညနရုံးကို မဟာမိတ်အဖွဲ့များမှ လက်ပစ်ဗုံး၃လုံးဖြင့် ပစ်ခတ်တိုက်ခိုက် Posted: 15 Nov 2021 04:33 AM PST နိုဝင်ဘာ၁၅၊၂၀၂၁စစ်ကိုင်းတိုင်း၊မုံရွာမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ကညနရုံးကို မဟာမိတ်အဖွဲ့များဖြစ်သည့် Northwest Plains Revolution Forces,RCV,MYPGနှင့်ယက္ခညီနောင်တို့ မဟာမိတ်အဖွဲ့များမှ ပူးပေါင်းကာ ဒီကနေ့မှာ လက်ပစ်ဗုံး၃လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီလိုတိုက်ခိုက်ခြင်းပြုလုပ်ရသည်မှာ စစ်ကောင်စီအလိုကျအခွန်ငွေများရှာဖွေပေးခြင်း၊ ပြည်သူ့တော်လှန်ရေးသများများ၏ ကိုယ်ရေး |
Posted: 15 Nov 2021 04:29 AM PST ပတ်ဝန်းကျင်ထိမ်းသိမ်းရေး ရာသီဥတုပူနွေးလာမှုကို လျော့ချနိုင်ရေး လေထုညစ်ညမ်းမှုကိုကာကွယ်စောင့်ရှောက်ပြီး လူသားတို့အတွက်လိုအပ်သောအောက်ဆီဂျင်များထုတ်ပေးရာတွင် သစ်ပင်များ၏အခန်းကဏ္ဍမှာ အလွန်အရေးပါလှသည်။သို့သော်လည်းပညာမဲ့ပြီး မိမိတို့၏လောဘ အတ္တကိုအခြေခံ၍ သက်တမ်းရင့်လှသည့် သစ်ပင်ကြီးများကို ခုတ်လှဲကာ ကိုယ်ကျိုးစီးပွားရှာနေကြသည့် သစ်ခိုးသမားများကို အရေးယူနိုင်ရေး အတွက် ကြေညာချက်ထုတ်ပြန်ကာတားဆီးခဲ့သည်။ |
Posted: 15 Nov 2021 05:11 AM PST နိုဝင်ဘာ ၁၅စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် နောင်ကြီးအိုင်ရဲစခန်းအဝင်မှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ယနေ့နေ့လည် ၁နာရီ အချိန်မှာ အရာတော်မြို့နယ်တော်လှန်ရေးအင်အားစုက မိုင်းဆွဲတိုက်ခိုက်မှုရှိခဲ့တယ်လို့သိရပါသည် ။အရာတော် မြောက်ပိုင်းနယ်၊ အိုင်လျားရွာနှင့် နောင်ကြီးအိုင်ရွာမြောက်ပိုင်းမှ ဒေသခံပြည်သူ့နေအိမ်များကို ဝင်ရောက်မွှေနှောက်ပြီးပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ နောင်ကြီး |
Posted: 15 Nov 2021 04:23 AM PST (ရုပ်/သံ)နိုဝင်ဘာလ ၁၅ ရက် ရန်ကုန်တိုင်း၊ သန်လျင်တံတားအဆင်းရှိ အကြမ်းဖက် စစ်ကောင်စီ ကင်းစခန်းများကို ဒီကနေ့ နံနက် (၁၁:၀၀)ဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးခန့် ကျည်ဆန်ထိမှန်ကာ သုံးဦးမှာ ပွဲချင်းပြီး သေဆုံးကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ အလားတူ တိုင်းရင်းသားကျေးရွာအနီး မီးပွိုင့်တွင် ငွေကြေးတောင်းခံ |
ပုလဲမြို့နယ်က စစ်တပ်ပိုင် Mytel တာဝါတိုင်ကိုမီးရှို့ဖျက်ဆီး Posted: 15 Nov 2021 04:04 AM PST နိုဝင်ဘာလ ၁၅ ရက်စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ မင်းရွာအနီးက စစ်တပ်ပိုင် Mytel တာဝါတိုင်နဲ့ စက်ခန်းကို ဒီကနေ့ နေလည်(၁:၀၀)၀န်းကျင်က ဒေသခံ PDF အဖွဲ့တွေဖြစ်တဲ့ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့နဲ့ PRA People Revolution Army ပြည့်သူ့တော်လှန်ရေးတပ်ဖွဲ့တို့ပူးပေါင်းပြီး ဖောက်ခွဲဖျက် ဆီးခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါသည်။ဒါပြင် အခုလို မိုင်းဆွဲဖျက်ဆီးခဲ့ရာမှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းတွေကို ဖျက်း |
သရက်ချောင်းမြို့နယ်က ရာအိမ်မှူးဟောင်း ပစ်သတ်ခံရ Posted: 15 Nov 2021 03:41 AM PST မော်လမြိုင်၊ နိုဝင်ဘာ ၁၄တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာအုပ်စုမှာ ရာအိမ်မှူးဟောင်းတစ်ဦး ဒီကနေ့ နံနက်အစောပိုင်းမှာ သေနတ်ပစ်သတ်ခံရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။နိုဝင်ဘာ ၁၄ ရက် နံနက် ၁ နာရီခွဲဝန်းကျင်မှာ ကျောက်လှေကားရွာ ရော်ဘာခြံသွားရောက်ချိန်မှာ သေနတ်ပစ်သတ်ခံရခြင်းဖြစ်တယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။" မနက်အစောပိုင်းမှာ သူ့ရော်ဘာခြံထဲအသွားမှာ သေနတ်ပစ်သတ် |
Posted: 15 Nov 2021 03:39 AM PST ဘီးလင်း၊ နိုဝင်ဘာလ ၁၅ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာမှာ USDP ကိုယ်စားလှယ်လောင်း ဆန်းထွန်းဦး ပစ်သတ်ခံရပြီးနောက်ပိုင်း ဒေသခံ ၁၂ ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ဖမ်းဆီးခံရသူတွေထဲမှာ ဇုတ်သုတ်ကျေးရွာက အမျိုးသမီးတစ်ဦးအပါအဝင် အနီးအနားကျေးရွာနဲ့ဘီးလင်းမြို့ပေါ်က ဒေသခံတွေ ပါဝင်တယ်လို့ သိရပါတယ်။"ဆန်းထွန်းဦး အသတ်ခံရပြီးနောက်ပိုင်း စကစ အဖွဲ့တွေ သူတို့မသင်္ကာတဲ့သူတွေကို လိုက်ဖမ်းတာရှိတယ် |
ဗဟန်းမြို့နယ်အတွင်းက သရုပ်ဆောင်ယဉ်လတ်နေအိမ်အနီးပေါက်ကွဲမှုဖြစ် Posted: 15 Nov 2021 03:26 AM PST ရန်ကုန်မြို့တွင်းပေါက်ကွဲမှုတွေအပြင် သတင်းပေးလို့နာမည်ကြီးသူတစ်ဦးပစ်ခတ်ခံရပြီး သေဆုံးရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက် ဥဿဖရားလမ်းမှာနေထိုင်တဲ့ သရုပ်ဆောင် ယဉ်လတ်နေထိုင်ရာ အိမ်နားမှာဒီကနေ့ နိုဝင်ဘာလ ၁၅ ရက် မနက်အစောပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့တယ်လို့အနီးအနားနေထိုင်သူတွေကပြောပါတယ်။"သူနေတဲ့ အိမ်တော့မဟုတ်ဘူး အိမ်အနားပေါက်တာ၊ အသံကိုတော်တော်ကျယ်တယ်။ သူ့အိမ်က ရေစင်က တိုင်ကီပွင့်ထွက် |
ရန်ကုန်က စစ်ကောင်စီလုံခြုံရေးစခန်းတချို့တိုက်ခိုက်ခံရ Posted: 15 Nov 2021 03:23 AM PST ရန်ကုန်က စစ်ကောင်စီလုံခြုံရေးစခန်းတချို့တိုက်ခိုက်ခံရကလေးငယ်တစ်ဦးအပါအဝင် ပြည်သူတချို့ထိခိုက်မှုရှိတယ်လို့ဒေသခံတွေပြောထန်းတပင်တာဆုံပစ်ခတ်မှုမှာ ဒေသကာကွယ်ရေးတပ်ဘက်ကထုတ်ပြန်လာတဲ့ ဗီဒီယိုမှတ်တမ်းက ဓါတ်ပုံရန်ကုန်တိုင်းအတွင်း သန်လျင်တံတားအဆင်းက စစ်ဆေးရေးဂိတ်၊ တိုင်းရင်းသားကျေးရွာအနီးက မီးပွိုင့်မှာတပ်စွဲထားတဲ့ ယာဉ်ထိန်းရဲတွေနဲ့ လှိုင်သာယာနဲ့ထန်းတပင်တာဆုံစစ်ဆေးရေး ဂိတ်တွေမှာရှိတဲ့ စစ်ကောင်စီတပ် |
မင်းကင်းနယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င် ၁၀ ဦးသေဆုံး Posted: 15 Nov 2021 03:17 AM PST စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ကျောက်ခဲတတ်ကျေးရွာကနေ သင်တောကျေးရွာကို နို၀င်ဘာလ ၁၅ ရက်နေ့ နံနက် ၄ နာရီခန့်က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င် ၈၀ ခန့်ကို မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- မြစ်ရိုးအောက်ဒေသ(ပကဖ)မှ လက်နက်ကြီးနဲ့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား၁၀ ဦးသေဆုံးသွားကြောင်း သိရပါတယ်။ |
ဖယ်ခုံမြို့နယ် စစ်ရှောင်ရှိနေရာ စစ်ကောင်စီက တပ်စွဲပြီး လူငယ်တစ်ဦးကို ဖမ်းဆီးထား Posted: 15 Nov 2021 03:08 AM PST သျှမ်းသံတော်ဆင့်၊ နိုဝင်ဘာ (၁၅)ရက်သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စု ကောင်ဝှပ်ကျေးရွာတွင် စစ်ကောင်စီ တပ်ဖွဲ့သည် ရွာထဲတပ်ဝင်စွဲထားပြီး လူငယ်တစ်ဦးကို ထပ်မံဖမ်းဆီးထားကြောင်း စုံစမ်းသိရှိရသည်။ ထို ကောင်ဝှက်ကျေးရွာသည် စစ်ရှောင်များရှိသည့်ကျေးရွာဖြစ်ပြီး ယမန်နေ့ နိုဝင်ဘာ (၁၄)တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရွာထဲသို့ လာရောက်တပ်စွဲထားပြီး လူငယ်တစ်ဦးကိုပါ ဖမ်းဆီးသွားသောကြောင့် ရွာ |
တမူးမြို့တွင် ကြံ့ခိုင်ရေးနဲ့ မဘသ လူတစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရ Posted: 15 Nov 2021 03:06 AM PST စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ ကြံ့ခိုင်ရေးနဲ့ မဘသ ဘက်ကပါဝင်တဲ့ ဦးချစ်အေး (၆ဝနှစ်) ဟာ ဒီမနက်တွင် ပါဟဲတံတားအနီးတွင် သေနတ်နဲ့ ၂ ချက်ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေထံမှသတင်းရရှိပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်ကို ထောက်ခံသူတစ်ယောက်က ဦးချစ်အေးကို ပရဟိတသမား လို့ လူမှုကွန်ရက်ပေါ်မှာ ရည်ညွှန်း ရေးသားထားတာကိုတွေ့ရပါတယ်။ ဦးချစ်အေးအကြောင်းနဲ့ပတ်သက်ပြီး တမူးမြို့ ဒေသခံတစ်ဦးကို မေးမြန်းထားပါတယ်။ " |
Posted: 15 Nov 2021 02:56 AM PST (နိုဝင်ဘာ ၁၅ ရက်)ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ကနောင်မင်သားကြီးလမ်းပေါ်၊ စစ်ကောင်စီ တပ်စွဲထားသော ရွှေလင်ပန်း မိုးလုံလေလုံအားကစားရုံအနီးတွင် ယနေ့နေ့လည် ၁၂:၅၀ ဝန်းကျင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့၍ နှစ်ဖက် ပစ်ခတ်မှုများလည်း ဖြစ်ပွါးခဲ့သည်။ "ပေါက်ကွဲသံအကျယ်ကြီးကြားရတယ်။ ပြီးတော့ ပစ်တာ အတွဲလိုက်ပဲ ၁၅ ချက်လောက်ရှိတယ်။ တိုက်ပွဲဖြစ်နေတဲ့ အတိုင်းပဲ..အိမ်နောက်ဖက်ကိုဝင်ပြီး ဝပ်နေရတယ်။ နောက်တော့ ရပ်လိုက်၊ |
အမေရိကန်နိုင်ငံသား သတင်းထောက် ဒန်နီဖန်စတာထောင်ဒဏ်၁၁ နှစ် ချမှတ်ခံရပြီးနောက် ၃ ရက် အကြာမှာ ပြန်လွတ် Posted: 15 Nov 2021 02:46 AM PST အင်းစိန်ထောင်အထူးတရားရုံးက ပြီးခဲ့တဲ့ သောကြာနေ့ကမှ ထောင် ၁၁ နှစ် ချမှတ်ခံထားရတဲ့ အမေရိကန်နိုင်ငံသား သတင်းထောက်ဒန်နီဖန်စတာဟာ ဒီကနေ့နိုဝင်ဘာ ၁၅ရက် တနင်္လာနေ့မှာ ပြန်လွတ်လာပါပြီ။ ဒန်နီဖန်စတာဟာ အင်းစိန်ထောင်မှာ ၅လကျော်ထိန်းသိမ်းခံရပြီး အမှုတွေကိုရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ဖရွန်းတီးယားမြန်မာ သတင်းဌာန သတင်းခန်းအုပ်ချုပ်မှုအယ်ဒီတာ ဒန်နီဖန်စတာကို ကျခံနေရတဲ့ထောင်ဒဏ် အပါအဝင်ရင်ဆိုင်နေရတဲ့အမှုတွေကို ရုတ်သိမ်း |
မုံရွာမှာ အမျိုးသားတစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်ဆေးမှုတွေရှိ Posted: 15 Nov 2021 02:44 AM PST မုံရွာမြို့ထန်းတောရပ်မှာနေထိုင်တဲ့ စစ်ကောင်စီသတင်းပေးလို့ သတင်းထွက်သူ ဦးသန်းအောင်ဟာ နိုဝင်ဘာလ ၁၅ ရက်နေ့ မနက် ၇ နာရီကျော်က ထန်းတောဘောလုံးကွင်းအနီးမှာ သေနတ်နဲ့ ၅ချက် ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ မုံရွာဒေသခံတစ်ဦးက ပြောပါတယ်။သူဟာ ဆိုင်ကယ်စီးလာပြီး ဆိုင်ကယ်ဒေါက်ထောက်နေတုန်း ပစ်သွားတာဖြစ်ကြောင်းနဲ့ သူဟာထွက်ပြေးဖို့ ကြိုးစားပေမယ့်လည်း အပစ်ခံလိုက်ရကြောင်းလည်း ရပ်ကွက်နေသူတွေကပြောပါတယ်။သူအပစ်ခံရပြီး |
တိုက်ပွဲအပြီး ရွာထဲကို ဖြတ်သွားတဲ့ PDF တွေကို ရွာသူရွာသားများ ကြိုဆိုနှုတ်ဆက် Posted: 15 Nov 2021 02:38 AM PST ရေစကြို၊ နိုဝင်ဘာ ၁၅၊ ၂၀၂၁။ရေစကြို PDF တပ်ဖွဲ့တချို့ တိုက်ပွဲအပြီး ရွာတစ်ရွာကို ဖြတ်ပြီး လမ်းလျှောက်ပြန်ချိန်မှာ နယ်ခံရွာသူရွာသားများက သွေးသစ္စာသီချင်းသီဆိုပြီး ကြိုဆိုနှုတ်ဆက်ခဲ့ကြတဲ့ မြင်ကွင်းဖြစ်ပါတယ်။"PDF ကို လူတွေက ကြောက်ရွံ့နေတာမျိုး မရှိဘူး ကြိုဆိုထောက်ခံနေတယ်ဆိုတာ ပြနိုင်မယ့် အကောင်းဆုံး ဗီဒီယိုပါပဲဒီအချိန်မှာက PDF နဲ့ NUG ကို ကောင်းကောင်း ပုံဖျက်နေကြတဲ့အချိန် ဒါက အဲ့တာတွေကို ချေဖျက် |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.