Thursday, November 18, 2021

သစ်ထူးလွင်

သစ်ထူးလွင်


လက်နက်ကြီးကြောင့် ကျွဲ၊ နွားများ ထိမှန်သေဆုံးပြီး လူနေအိမ်အချို့ထိခိုက်ပျက်စီး

Posted: 17 Nov 2021 06:42 PM PST

နိုဝင်ဘာ ၁၇ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီဗိုလ်လှကြိုင် ဦးဆောင်သည့် နယ်ခြားစောင့်တပ် -BGF ၁၀၁၃ တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် ယနေ့ နိုဝင်ဘာလ ၁၇ရက်တွင် ကေအဲန်ယူ မူတြော်( ဖာပွန်)ခရိုင် ၊ ဒွယ်လိုးမြို့နယ်ရှိ ပိုမာဟဲ နှင့် နို့ဖောထီး ကျေးရွာထဲသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျွဲ၊ နွားများထိမှန်သေဆုံးပြီး လူနေအိမ်အချို့ ထိခိုက်ပျက်စီးမှုများရှိသည်ဟု ဒေသခံများက ပြောသည်။  နိုဝင်ဘာလ ၁၇ရက်၊ နေ့လည်

NLD အမာခံ တက်ကြွလှုပ်ရှားသူတစ်ဦး၏ အိမ်အတွင်းသို့ ပျူဒလန်အဖွဲ့လာ‌ရောက် ပစ်သွားသော ပါဆယ်ဗုံးကြောင့် အမျိုးသမီး ၃ ဦး၊ အမျိုးသား ၁ ဦးသေဆုံး

Posted: 17 Nov 2021 06:02 PM PST

ရေစကြို၊ နိုဝင်ဘာ ၁၈ရေစကြိုမြို့ အမှတ် ၁၊ ထင်းတန်းရပ်ကွက်တွင် နေထိုင်သော NLD အမာခံ တက်ကြွလှုပ်ရှားသူ ကိုအေးလှိုင် + မမာစီ နေအိမ်အတွင်းသို့ နိုဝင်ဘာ ၁၇ ရက်နေ့ည 10:25 pm အချိန်က ပျူဒလန်အဖွဲ့လာရောက်ပစ်ထည့်သွားသော ပါဆယ်ထုတ်ကို ပံ့သကူ လာပစ်သွားသော ပစ္စည်းထုပ် အထင်ဖြင့် ဖွင့်ဖောက်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး ကိုအေးလှိုင် (၅၂ နှစ်) ဇနီး မမာစီ (၄၅ နှစ်)၊ သမီးဖြစ်သူ မအေးသင်း (၂၀ နှစ်) နှင့် အိမ်နီးချင်းဖြစ်သူ

လှိုင်သာယာ၊ ၁၀ ရပ်ကွက်မှ အာဏာရှင်ကို ခေတ်အဆက်ဆက်ထောက်ခံ၍၊ ပြည်သူကိုဒုက္ခပေးနေသူ ဘင်လာဒင် ပစ်သတ်ခံရ

Posted: 17 Nov 2021 04:22 PM PST

 (နိုဝင်ဘာ ၁၇ ရက်)လှိုင်သာယာ၊ အမှတ် ၁၀ ရပ်ကွက်မှ၊ စစ်ကောင်စီသတင်းပေးအဖြစ် ကျော်ကြားသူ ရပ်ကျေးအဖွဲ့ဝင်  ဘင်လာဒင်(ခေါ်) ကျော်မင်းဦး နိုဝင်ဘာ ၁၇ ရက်နေ့ မနက် ၈:၃၀ ဝန်းကျင်က ဆင်ဖြူရှင်လမ်းမကြီးပေါ်တွင် ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။ "အဲ့ ဘင်လာဒင်က မကောင်းတဲ့ နေရာမှန်သမျှ နာမည်ကျော်တဲ့သူပါ .. သူက အခုမှဒလံလုပ်တာ မဟုတ်ဘူး ဟိုးအရင်ကတည်းက လုပ်တာ" ဟု မြို့နေပြည်သူတစ်ဦးမှ HTY Info သို့ပြောသည်။ဒါပြင် "ဘင်လာ

KNLA တိုက်ခိုက်မှုကိုခံရသည့် BGF တပ်ဖွဲ့ဝင်များ ဒေသဆေးရုံတစ်ခုကို စီးနင်းထိန်းချုပ်ထား

Posted: 17 Nov 2021 03:59 PM PST

နိုဝင်ဘာ ၁၇ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီနယ်မြေကျော် ဝင်ရောက်လာမှုကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၏ တိုက်ခိုက်ခြင်း ခံခဲ့ရသောနယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင်များသည် လက်တုန့်ပြန်သည့် သဘောဖြင့် ဒေသတွင်း ကျေးရွာ တိုက်နယ်ဆေးရုံတစ်ခုကို ဝင်ရောက်စီးနင်းထိန်းချုပ်ထားကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU သထုံခရိုင်က ယနေ့ ညနေတွင် သတင်းထုတ်ပြန်ထားသည်။နိုဝင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်နေ့တွင် KNU သထုံ

နယ်မြေတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို တိုက်ထုတ်ရုံသာရှိကြောင်း KNU ပြော

Posted: 17 Nov 2021 03:52 PM PST

နိုဝင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီKNU-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅)နယ်မြေထဲတွင် ဝင်ရောက်လာသည့် စစ် ကောင်စီတပ်များကို တိုက်ထုတ်ရုံမှလွဲ၍ အခြားရွေးချယ်စရာ နည်းလမ်းမရှိကြောင်း ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော်-KNLA တပ်မဟာ(၅)၏ ဗျူဟာမှူးက ပြောဆိုလိုက်သည်။ယခုနိုဝင်ဘာလမှစ၍ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅)နယ်မြေအတွင်း စစ်ကောင်စီတပ်နှင့် ၎င်းတို့၏လက်အောက် ခံ ကရင်ပြည်နယ်

အဓမ္မပြုကျင့်မှု ကျုးလွန်သူကို သင်းကွပ်မည့် ဥပဒေ ပါကစ္စတန် အတည်ပြု

Posted: 17 Nov 2021 03:44 PM PST

ပါကစ္စတန်နိုင်ငံမှာ အဓမ္မပြုကျင့်မှု ကျုးလွန်သူတွေကို ဓာတုနည်းနဲ့ သင်းကွပ်တာ အပါအဝင် ပြင်းထန်တဲ့ အပြစ်ပေးဖို့နဲ့ အမှုတွေကို မြန်မြန်ဆန်ဆန် စီရင်ဖို့ ဥပဒေတရပ်ကို ဗုဒ္ဓဟူးနေ့မှာပဲ လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ မကြာသေးခင်ကစလို့ အမျိုးသမီးနဲ့ ကလေးတွေအပေါ် အဓမ္မပြုကျင့်မှုတွေ တိုးလာနေရာက ထိထိရောက်ရောက် အရေးယူဖို့ တောင်းဆိုမှုတွေ ထွက်ပေါ်လာရာက လွှတ်တော်က ဥပဒေကို အတည်ပြုလိုက်တာပါ။ဥပဒေသစ်အရ အဓမ္မပြုကျင့်

ဘားအံမြို့နယ်မှာ KNLA တပ်နှင့် BGF တပ်တို့ (၁)ရက်အတွင်း တိုက်ပွဲ (၂)ကြိမ်ဖြစ် ၊ BGF ဘက်မှ ကား ၃ စီးပျက်စီး

Posted: 17 Nov 2021 02:27 PM PST

ဘားအံ၊ နိုဝင်ဘာ ၁၇ကရင်ပြည်နယ်၊ ကေအဲန်ယူ- သထုံခရိုင်၊ ဘားအံမြို့နယ်အတွင်း နိုဝင်ဘာလ ၁၇ ရက်နေ့မှာ KNLA  တပ်နှင့် BGF တပ်တို့ (၁)ရက်အတွင်း တိုက်ပွဲ (၂)ကြိမ်ဖြစ်ပွားခဲ့ပြီး BGF ဘက်မှ ကား ၃ စီးပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ယနေ့ မနက်ပိုင်း  (၁) နာရီခန့်မှာ ကျော်ပစ်ခီးနဲ့ဘောသဗြု ကျေးရွာအနီးမှာ တစ်ကြိမ်၊ ညနေ (၂)နာရီဝန်းကျင်ခန့်တွင် ဖလံတောင်ကျေးရွာအနီးမှာ တစ်ကြိမ် KNLA မှ သွားရောက်ပစ်ခတ် ခဲ့တယ်လို့ သိရပါတယ်။

မြိတ်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်တွေ ပစ်ခတ်ဖမ်းဆီး

Posted: 17 Nov 2021 02:26 PM PST

မော်လမြိုင်၊ နိုဝင်ဘာ ၁၇တနင်္သါရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာ ဆိုင်ကယ်တစ်စီးထဲအတူစီးနင်းလာတဲ့ အမျိုးသားနှစ်ယောက်ကို စစ်ကောင်စီတပ်ဖွဲ့တွေက သေနတ်နှင့် ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။ဒီကနေ့ ညနေ ၅ နာရီကျော်ခန့်က မြိတ်မြို့ပေါ်ရပ်ကွက်တစ်ခုမှာ ဆိုင်ကယ်အတူ စီးနင်မောင်းနှင်လာတဲ့ လူငယ်ပိုင်းအမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက သေနတ်ပစ်ခတ်ဖမ်းဆီးကာ ရိုက်နှက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက

မုံရွာမြို့မှာ ဒီကနေ့ည ကင်းပတ်ပြန်လာသည့် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ပစ်ခတ်သံများထွက်ပေါ်နေ

Posted: 17 Nov 2021 02:23 PM PST

ဓာတ်ပုံ-RNA နိုဝင်ဘာ၁၇စစ်ကိုင်းတိုင်း၊မုံရွာမြို့ကနေ အလုံ-နမခတပ်အတွင်းသွားသို့ ပြန်သွားသည့် စစ်ကောင်စီယာဉ်တန်း၃စီးကို Monywa NightKingအဖွဲ့နှင့်သံမဏိအဖွဲ့သားများမှ ဒီကနေ့ည၁၁နာရီဝန်းကျင်ခန့်ကဂအိုးဘိုတောင်တံတားနှင့်  ငါးဒိုင်အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီကား၁စီးပျက်ဆီးခဲ့သည်ဟု Monywa NightKing  အဖွဲ့မှ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲ့လိုမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ပစ်ခတ်

ကလေးတိုက်ပွဲ အကြမ်းဖက်စစ်ကောင်စီစစ်သား အနည်းဆုံး ၁၇ ဦး သေဆုံး

Posted: 17 Nov 2021 02:11 PM PST

နိုဝင်ဘာလ ၁၇ ရက်၊ ၂၀၂၁ယမန်နေ့ကတည်းက လူသတ်အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ သိမ်းပိုက်နေရာယူထားသည့် PDF (Kalay) တပ်ရင်း ၃ တပ်ခွဲတစ်ခု၏ စခန်းငယ်ကုန်းကို ယနေ့နံနက် ၈ နာရီ ဝန်းကျင်မှစတင်၍ ညနေပိုင်းအထိ PDF (Kalay) နှင့် CNDF ပူးပေါင်းတပ်ဖွဲ့များက ဝိုင်းညှပ်ပိတ်ဆို့၍ တနေ့ကုန်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ တစ်ချိန်တည်းတွင် စစ်ကူဖြည့်ရန် နဂါးပွက်ဘက်မှ စစ်ကြောင်းများခွဲ၍ တက်လာသော စစ်ကောင်စီတပ်ဖွဲ့များကို PDF (

လှေခုတ်ရွာသား အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၈ ဦးကို လူသားဒိုင်းလုပ်ပြီး လက်ပြန်ကြိုးတုတ်ကာ ခေါ်ဆောင်သွား

Posted: 17 Nov 2021 06:10 AM PST

ရေစကြို၊ နိုဝင်ဘာ ၁၇၊ ၂၀၂၁။မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ လှေခုတ်ရွာသား အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၈ ဦးကို လက်ပြန်ကြိုးတုတ်ကာ လူသားဒိုင်းအဖြစ်ပြုလုပ်ပြီး၊ ရေယှားရွာဘက်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။"မနက် ၈ နာရီခွဲကတည်းက ရွာထဲဝင်ပြီး မွှေနှောက်သောင်းကြမ်းနေကြတာပါ။ လှေခုတ်ရွာသား ၁၀ ဦးကို စစ်သားတွေက ရေယှားရွာဘက်ကို လူသားဒိုင်းအဖြစ် အကြမ်းဖက်ဖမ်းဆီးခေါ်

KNU ဖလံတောင်ဆေးရုံကို စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ် ဖျက်ဆီး၊ ကျောင်းသူနှစ်ဦးကို သေနတ်နှင့်ပစ်

Posted: 17 Nov 2021 06:09 AM PST

Photo_KNU, KICနိုဝင်ဘာ ၁၇ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်(တပ်မဟာ -၁) ဖားအံမြို့နယ် ဖလံတောင်ကျေးရွာရှိ တိုက်နယ်ဆေးရုံကို ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် စစ်ကောင်စီနှင့် နယ်ခြား စောင့်တပ် (BGF) ပူးပေါင်းတပ်မှ သွားရောက်ဖျက်ဆီးသည့်အပြင် ကျောင်းမှပြန်လာသည့် ကျောင်းသူ နှစ်ဦးကိုလည်း သေနတ်နှင့်ပစ်ခတ်ခဲ့သည်ဟု KNU သထုံခရိုင်တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီသတင်းပေး ဒလန်ဆိုသူကို KDF ဖမ်းဆီး

Posted: 17 Nov 2021 06:03 AM PST

ဓာတ်ပုံ - KDFကရင်နီပြည်နယ် လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်မှာ နေတဲ့ ဒလန်တစ်ဦးကို ဖမ်းဆီးလိုက်ပြီး Karenni State Police (KSP) ကို အပ်နှံလိုက်တယ်လို့ Karenni Democratic Front ( KDF ) က ယမန်နေ့ နိုဝင်ဘာလ ၁၆ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ဖမ်းဆီးခံရသူဟာ  PDF တွေရဲ့ နာမည်စာရင်းကို စစ်ကောင်စီကို ပေးပို့နေတာရှိနေတယ်လို့ KDF က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။" သပိတ်ကာလတုန်းက သူတို့တွေက သပိတ်တွေနဲ့ လိုက်နေတဲ့ ဆန္ဒ

ရခိုင်က စစ်ကောင်စီတပ်ရင်းတခုတွင် စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်၊ တပ်ခွဲတပ်ကြပ်ကြီး တဦးသေဆုံး

Posted: 17 Nov 2021 05:58 AM PST

ပုဏ္ဏားကျွန်း၊ နိုဝင်ဘာ ၁၇၊ ၂၀၂၁။ပြီးခဲ့သည့်နိုဝင်ဘာ ၁၅ ရက် ညနေပိုင်း ၉ နာရီ ၄၅ မိနစ်ခန့်တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းအတွင်း (ခမရ ၅၅၀) တွင် စစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်မှုဖြစ်၍ တပ်ခွဲတပ်ကြပ်ကြီးတဦး သေဆုံးသွားကြောင်း မိသားစုဝင်များက ပြောသည်။သေဆုံးသွားသူမှာ စစ်မှုထမ်းသက်တမ်း ၃၆ နှစ်ရှိပြီဖြစ်သည့် တပ်ခွဲတပ်ကြပ်ကြီးအဆင့်ရှိ ဘစောချေ (ကိုယ်ပိုင်အမှတ် ၆၄၁၁၉၁)

စစ်ကောင်စီရဲ့ စစ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွါးရေးပစ်မှတ်များအား အရှိန်မြင့် တိုက်ခိုက်ချေမှုန်းမည်ဟု မင်းလှ PDF ထုတ်ပြန်

Posted: 17 Nov 2021 05:54 AM PST

မင်းလှ၊ နိုဝင်ဘာ ၁၇ ၊ ၂၀၂၁။ပဲခူးတိုင်း( အနောက်ခြမ်း) မင်းလှမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လေးစားလိုက်နာကာ စစ်ကောင်စီ၏ စစ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးပစ်မှတ်များအား ပိုမိုအရှိန်မြှင့်တင်ကာ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် အောက်တိုဘာလ (၁၅) ရက်နေ့တွင် အုန်းနှဲချောင်းကျေးရွာ

ခင်ဦးနယ်ညောင်ပင်ကြီးစု ရဲကင်းကို ဒေသခံ PDF တွေ ၀င်ရောက်စီးနင်း

Posted: 17 Nov 2021 05:50 AM PST

ဓာတ်ပုံ- Khin U Local Guerrilla Forceမျက်မှောက်ခေတ် နို၀င်ဘာ(၁၇)စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ညောင်ပင်ကြီးစု ရဲကင်းစခန်းကို ဒေသခံPDF တွေက ဒီကနေ့ နို၀င်ဘာ(၁၇)ရက် နေ့လည်(၂)နာရီ၀န်းကျင်က ၀င်ရောက်စီးနင်းပြီး မီးရှို့ဖျက်စီးခဲ့ကြတယ်လို့ သိရပါတယ်။ရဲကင်းစခန်း မီးလောင်ဖျက်စီးခံခဲ့ရတာကြောင့် ခင်ဦးမြို့ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်က ကား(၄)စီးနဲ့ လာရောက်ချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံသတင်း

နှစ်လအတွင်း Mytel တာဝါတိုင် ၃၆၂ တိုင် ပျက်စီးခဲ့ဟု အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတကာသံရုံးများကို တိုင်ကြား

Posted: 17 Nov 2021 05:46 AM PST

ဓာတ်ပုံ- အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် နိုဝင်ဘာ ၁၇ပြီးခဲ့သည့် စက်တင်ဘာနှင့်အောက်တိုဘာ နှစ်လအတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ဖောက်ခွဲဖျက်ဆီးမှုကြောင့် စစ်တပ်ပိုင် Mytel တာဝါတိုင် ၃၆၂တိုင် ပျက်စီးခဲ့သည်ဟု အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတကာသံရုံးများကို တိုင်ကြားသည့်စာတွင် ဖော်ပြထားသည်။ အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားသည့် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်တွင်းရှိ နိုင်ငံတကာသံရုံးများနှင့်

မုံရွာမြို့မှာ အမျိုးသားတစ်ဦး ဖမ်းဆီးခံရ

Posted: 17 Nov 2021 05:33 AM PST

နိုဝင်ဘာ၁၇စစ်ကိုင်းတိုင်း၊မုံရွာမြို့ အောင်ချမ်းသာရပ်ကွက် ကန်သာယာအုပ်စိုး၂လမ်းမြောက်ဘက် လမ်းကြားမှာရှိသည့် အမျိုးသားတစ်ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်များက အရပ်ဝတ်များဖြင့် ဒီကနေ့ ညနေပိုင်း ၄နာရီဝန်းကျင်ခန့်က ပထမအကြိမ်လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူမှာ ကိုကျော်ဦးဆိုသူဟု သိရပြီး သူ့ကိုဖမ်းဆီးပြီး မကြာမှီ ဒုတိယအကြိမ် လာရောက်ရှာဖွေမီုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ဒါ့အပြင် သာစည်လမ်းဈေး

ကလေးမြို့အလယ်ရှိ အကြမ်းဖက်စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ကလေးဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်၊စစ်ကောင်စီတပ်သား ၂ဦးသေဆုံး

Posted: 17 Nov 2021 05:32 AM PST

ဓာတ်ပုံ-RNAနိုဝင်ဘာ၁၇ စစ်ကိုင်းတိုင်း၊ကလေးမြို့ တာဟန်းရပ်ကွက်မှာရှိသည့် အကြမ်းဖက်စစ်ကောင်စီစစ်ရေးဂိတ်ကို ကလေးဒေသခံကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့နေ့လည်၂နာရီက ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ သိရှိရပါတယ်။"ဒီကနေ့ ကလေးမြို့ရဲ့ တာဟန်းရပ်ကွက် နေကြာလမ်းမှာရှိတဲ့ စစ်ဆေးရေးဂိတ်ကို ဝင်ပစ်တယ်၊စစ်ကောင်စီတပ်သား၂ဦးသေဆုံးတယ်"လို့ PDFတပ်ဖွဲ့ဝင်တစ်ဦးက  ပြောပါတယ်။အဲ့ဒီပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီတပ်သား၂ဦးသေဆုံးပြီးနောက်

ကလေးမှာတိုက်ပွဲဆက်လက်​ဖြစ်ပွားနေပြီး ၊ တပ်ရင်း ၃ မှဆေးအဖွဲ့ဝင်များကို ပြန်မလွှတ်ပေးတဲ့အတွက် အကြမ်းဖက် တပ်တွေကို ကလေးပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝိုင်းထား

Posted: 17 Nov 2021 05:29 AM PST

နိုဝင်ဘာ ၁၇စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ဒီနေ့မနက် ၈ နာရီက ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှဖမ်းဆီးထားသူတွေကို ပြန်လွှတ်မပေးသေးတဲ့အတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဆက်လက် တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။" ဒီမနက်စောစောတုန်းက PDF  လော်စပီကာတွေနဲ့ လှမ်းအော်နေတယ်၊ သူတို့ဆီကဖမ်းထားတဲ့ရဲဘော်တွေကို ပြန်လွှတ်ပေးပါ၊ ပြန်လွှတ်မပေးရင် ဒီနေရာကနေ ထွက်ခွင့်မပေးဘူးလို့အော်ပြောတယ်၊

ညနေပိုင်း ရေယှားရွာသို့ ရောက်ရှိလာပြီး လက်နက်ကြီးများသုံးကာ စတင်ပစ်ခတ်နေ

Posted: 17 Nov 2021 05:25 AM PST

ရေစကြို၊ နိုဝင်ဘာ ၁၇ရေစကြိုမြို့နယ် ရေယှားရွာသို စခများ အင်အား 60 ဝန်းကျင်ဖြင့် 3:45 pm အချိန်တွင် ရောက်ရှိလာပြီး လက်နက်ကြီးများသုံးကာ ပစ်ခတ်နေကြောင်း သိရှိရပါသည်။ရေယှားသို့အလာ လှေခုတ်ရွာမှ ရွာသား ၁၀ ဦးကို လက်ပြန်ကြိုးတုတ်ကာ လူသားဒိုင်းလုပ်ပြီး ခေါ်ဆောင်လာကြောင်း ဒေသခံသတင်း ပေးပို့ချက်အရ သိရှိရပါသည်။Yesagyo Township Info Committee

ဘားအံမြို့နယ်မှာ BGF ဘက်က ကားတန်း တိုက်ခိုက်ခံရ

Posted: 17 Nov 2021 03:47 AM PST

ဘားအံ၊ နိုဝင်ဘာ ၁၇ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကေအဲန်ယူသထုံခရိုင် ကျော်ပစ်ခီးနဲ့ဘောသဗြုကျေးရွာအကြားမှာ နိုဝင်ဘာလ ၁၇ ရက်နေ့ မနက်အစောပိုင်းက BGF ကားတန်း တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ယနေ့မနက် ၁ နာရီကျော်ခန့်မှာ ဖလံတောင်ဘက်က ဆင်းလာတဲ့ BGF အဖွဲ့က ကားလေးစီးကို KNLA တပ်မဟာ(၁)၊ တပ်ရင်း(၁)ဘက်က တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။တိုက်ခိုက်ခံရတာကြောင့် BGF ဘက်မှ တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုရှိပြီး စာရင်းအတိအကျ

PDF Kalay ရဲဘော်တွေ ဖမ်းဆီးတဲ့နေရာမှာ တိုက်ပွဲဆက်ဖြစ်ပွား

Posted: 17 Nov 2021 03:41 AM PST

အမျိုးသမီးငယ်များမှာ PDF (Kalay) တပ်ရင်း ၃ အောက်မှ တပ်ခွဲတစ်ခု၏ ဆေးတပ်ဖွဲ့ဝင်များဖြစ်သည်ကလေးမြို့ အနောက်တောင်ဘက် ချင်းပြည်နယ်မှာ ဒီမနက် ၇ နာရီကစပြီး လက်နက်ကြီးနဲ့ သေနတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေထံမှသတင်းရရှိပါတယ်။ယင်းနေရာတွင် မနေ့က PDF Kalay တပ်ရင်း ၃ တပ်ခွဲက ဆေးတပ်သား အမျိုးသမီး ၁၀ ယောက်နဲ့ ယောက်ျားလေး ၂ ယောက်ဖမ်းကို အာဏာသိမ်း စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းခံရပါတယ်။ PDF Kalay နဲ့ CNDF တပ်တွေက

ပျူသင်တန်းတက်နေတဲ့ ကျောင်းဆရာမတစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

Posted: 17 Nov 2021 03:33 AM PST

မြိုင် ၊နိုဝင်ဘာ ၁၇၊ ၂၀၂၁။မြိုင်မြို့နယ်အတွင်းက ပျူသင်တန်းတက်နေတဲ့ ကျောင်းဆရာမတစ်ဦးကို  ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ရက်ညပိုင်းမှာ ရှင်းလင်းခဲ့တယ်လို့ မြိုင် PDF ဆီကသိရပါတယ်။မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မင်းကန်ရွာက ကျောင်းဆရာမ ဒေါ်စိုးစန္ဒာစောဖြစ်ပြီး ပျူသင်တန်းတက်‌နေတဲ့အပြင် CDMမလုပ်ပဲ ကျောင်းဖွင့်ဖို့အတွက်သာကြိုးစားနေတာကြောင့် ခုလိုရှင်းလင်းခဲ့တာဖြစ်တယ်လို့ မြိုင် PDF နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။"

နန်းမား လျှပ်စစ်ရုံး​ရှေ့ ​ပေါက်ကွဲမှုဖြစ်

Posted: 16 Nov 2021 07:05 PM PST

16 November 2021ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့ရှိ EPC လျှပ်စစ်ရုံးရှေ့၌ နို၀င်ဘာလ ၁၆ရက်နေ့ မနက် ၂နာရီခွဲခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။"နန်းမား EPC ရုံးက စစ်ကောင်စီအတွက် အခွန်ရှာပေးသလိုဖြစ်နေတာကြောင့် အခုလိုဗုံးပေါက်ကွဲမှု ဖြစ်ပွားတာ ဖြစ်နိုင်တယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မြို့အတွင်း စစ်ကောင်စီမှ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.