Friday, November 19, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ဝမ်းတွင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လူငယ်(၂)ဦးကို ပစ်သတ်ကာ (၁၂)ဦးကို ဖမ်းဆီ

Posted: 18 Nov 2021 04:25 PM PST

ဝမ်းတွင်းမြို့နယ်အတွင်း နတ်နန်းစံပြကျေးရွာတွင် အာဏာသိမ်းစစ်တပ်က PDF အကြောင်းပြကာ အင်အားများဖြင့် ဝင်ရောက်အကြမ်းဖက်ပြီး လူငယ်(၂)ဦးကို ပစ်သတ်ကာ (၁၂)ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားမန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း နတ်နန်းစံပြကျေးရွာတွင် အာဏာသိမ်းစစ်တပ်က အင်အား အများအပြားဖြင့် ဝင်ရောက်စီးနင်းပြီး လူငယ်(၂)ဦးကို ပစ်သတ်ကာ အလောင်းယူသွားပြီး လူငယ်(၁၂)ဦးကိုလည်း ဖမ်းဆီးသွားကြောင်း သိ

ဒီးမော့ဆိုတွင် တိုက်ပွဲဖြစ်ပွားနေစဉ် အာဏာသိမ်းတပ်က အရပ်သား နှစ်ဦးကို ပစ်ခတ်ပြီး ကျေးရွာတွင်း မီးရှို့

Posted: 18 Nov 2021 04:21 PM PST

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ယနေ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့က ကရင်နီတပ်မတော် (KA)၊ KNDF တို့နှင့် တိုက်ပွဲဖြစ်သည့် အာဏာသိမ်းတပ်ဘက်က သေဆုံးမှုရှိပြီး လမ်းသွားလမ်းလာ ပြည်သူ (၂) ဦးကို ပစ်သတ်သည့်အပြင် ကျေးရွာတွင်း နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးကြောင်း သိရသည်။လွိုင်ကော်မြို့မှ စစ်အင်အားဖြည့်တင်းရန်လာသည့် စစ်ကား (၂၀) စီးပါ စစ်ယာဉ်တန်းနှင့်တက်လာသည့်  အကြမ်းဖက် အာဏာသိမ်းစစ်တပ်

NLD လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် အဖမ်းခံရ

Posted: 18 Nov 2021 08:41 AM PST

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လွှတ်တော်အမတ်ဟောင်းတဦးဖြစ်သူ ဦးဖြိုးဇေ ယျာသော်ကို ဒီကနေ့ ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းက ရတနာနှင်းဆီ ကွန်ဒိုအိမ် ယာမှာ စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း အမည်မဖော်လိုသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီရဲ့ ထိပ်ပိုင်း တာဝန်ရှိသူတဦးက ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။သူ့ကို မျက်နှာဖုံးစွပ်ပြီး ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ မျက်မြင်သက်သေတွေကို ကိုးကား

အာဆီယံ-တရုတ်ထိပ်သီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရေး တရုတ်ကြိုးပမ်းချက် ကန့်ကွက်မှုနဲ့ကြုံ

Posted: 18 Nov 2021 08:36 AM PST

ရှေ့သီတင်းပတ်အတွင်း တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ရှိတဲ့ အာဆီယံ-တရုတ် ထိပ်သီး စည်းဝေးပွဲမှာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားရေး တရုတ်အထူးသံတမန် စွန်းဂေါ်ရှန်းက ကြိုးပမ်းခဲ့ပေမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က လက်မခံကြဘူးလို့ သံတမန်အသိုင်းဝိုင်းကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။နိုဝင်ဘာ ၂၂ ရက်နေ့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင်

နိုင်ငံတ၀န်း အုပ်ချုပ်ရေးပိုင်းတာ၀န်ရှိသူ ၂၀၀ နီးပါး အသတ်ခံရလို့ စစ်ကောင်စီ ထုတ်ပြန်

Posted: 18 Nov 2021 08:26 AM PST

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေပြည်တော်အပါအ၀င် တိုင်းနဲ့ပြည်နယ်တ၀န်းက မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်တွေမှာ အုပ်ချုပ်ရေးပိုင်း တာ၀န်ထမ်းဆောင်ကြတဲ့ လူပေါင်း ၁၉၈ ယောက် အသတ်ခံခဲ့ရပြီး ဒဏ်ရာရရှိသူပေါင်း ၁၄၈ ဦး ရှိတယ်လို့ စစ်ကောင်စီက နို၀င်ဘာလ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ဒီစာရင်းဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ နို၀င်ဘာလ ၁၆ ရက်နေ့အထိ ရထားတဲ့ စာရင်းတွေ ဖြစ်တယ်လို့ဆိုပြီး ဒီလုပ်ရပ်တွေအတွက် အမျိုးသားညီညွတ်ရေး

ရခိုင်မှာ PDF နဲ့ဆက်စပ်တယ်ဆိုပြီး ခုနှစ်ဦး ဖမ်းဆီးခံထားရ

Posted: 18 Nov 2021 08:24 AM PST

ရခိုင်မှာ ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံထားရသူ ခုနှစ်ဦးအထိရှိလာနေပြီဖြစ်တယ်လို့ သိရပါတယ်။အဲ့ဒီထဲ အသက်မပြည့်သေးတဲ့ ၁၇ နှစ်အရွယ် ကျောင်းသူအမျိုးသမီးငယ်တစ်ဦးလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့ကစပြီး အမျိုးသမီး ၃ ဦးကို သံတွဲမြို့က နေအိမ်တွေမှာ ဖမ်းဆီးသွားခဲ့တာဖြစ်ပြီးတော့ နောက်ထပ်တစ်ဦး ထပ်မံဖမ်းဆီးတာကြောင့် ဖမ်းဆီးခံရသူ အမျိုးသမီး ၄ ဦးအထိရှိလာပြီဖြစ်ပါတယ်

လှိုင်သာယာမြို့နယ် အမှတ်(၂၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး သေနတ်ဖြင့်ပစ်ခတ်ခံရ

Posted: 18 Nov 2021 08:21 AM PST

(နိုဝင်ဘာလ ၁၈ ရက်)ရန်ကုန်တိုင်း၊ လှိုင်သာယာယာမြို့နယ်၊ အနော်ရထာလမ်းမကြီးပေါ်ရှိ အမှတ်(၂၀)ရပ်ကွက်အုပ်ချုပ်ရေးကို ဒီကနေ့ ညနေ့ (၅:၀၀) ဝန်းကျင်ခန့်က သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။အဆိုပါပစ်ခတ်မှုကြောင့် ရုံးတွင်းရှိ အမျိုးသား (၂)ဦး၊ အမျိုးသမီး (၁)ဦး ထိမှန်ခဲ့၍ (မစိုးရိမ်ရ) ဒဏ်ရာများအသီးသီး ရရှိခဲ့ကြောင်းသိရပြီး အမျိုးသမီးမှာ မီးသတ်တပ်ဖွဲ့ဟုသိရသော်လည်း အမျိုးသား (၂)ဦးကိုတော့ဘယ်သူ ဘယ်

စစ်အင်အားဖြည့်တင်းနေတဲ့ စစ်ကောင်စီယဉ်တန်းကို ကရင်နီပူးပေါင်းတပ်မှ တိုက်ခိုက်

Posted: 18 Nov 2021 06:43 AM PST

လွိုင်ကော်ကနေ စစ်ကား အစီး၂၀နဲ့ ဒီးမော့ဆို၊ဖရူဆို၊ဘောလခဲဘက်ကို စစ်အင်အားဖြည့်တင်းနေတယ်လို့  ယူဆရတဲ့ စစ်ကောင်စီယဉ်တန်းကို KA နဲ့ KNDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်ခဲ့တယ်လို့ KNDF က ဒီကနေ့ နိုဝင်ဘာလ ၁၈ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ဒီးမော့ဆိုမြို့နယ် ၅မိုင်နဲ့ ၆မိုင်တစ်လျှောက်မှာ နေ့လည် ၁၂နာရီ၁၀မိနစ်အချိန်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး  စစ်ကောင်စီဘက်က တစ်ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ စစ်

PDF-Kalay စခန်းသိမ်းပိုက်ခံရစဉ် အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦးကျဆုံး

Posted: 18 Nov 2021 06:40 AM PST

November 18, 2021 ကလေးမြို့ အနောက်တောင်ဘက် ချင်းပြည်နယ်အတွင်းက PDF-Kalay တပ်ရင်း ၃ တပ်ခွဲစခန်းကို အာဏာသိမ်း စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၆ ရက်တွင် ဝင်ရောက်သိမ်းယူစဉ် ဆေးတပ်က အမျိုးသမီး ၁ ဦးနဲ့ ရဲဘော် ၂ ယောက်က တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စတေးသွားကြတယ်လို့သတင်းရရှိပါတယ်။ကျဆုံးသွားတဲ့ ရဲဘော်တွေကတော့ မိုင်ချင်းချင်း၊ ကိုမောယာ နဲ့ ကိုပွီးယာတို့ဖြစ်ပါတယ်။ အလောင်းကို ယနေ့က သွားယူကြပြီး ပုပ်ပွနေတာကြောင့်

သန်လျင်တွင် အကြမ်းဖက်စစ်ကောင်စီခန့် ရာအိမ်မှူး တစ်ဦး ပစ်သတ်ခံရ

Posted: 18 Nov 2021 06:34 AM PST

Photo - ပစ်သတ်ခံရသည့် ရာအိမ်မှူး မောင်ကြင်/Thanlyin Channelသန်လျင်၊ နိုဝင်ဘာ ၁၈ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ မြို့ဟောင်း အနောက်ရပ်ကွက်၏ အကြမ်းဖက်စစ်ကောင်စီခန့် ရာအိမ်မှူး မောင်ကြင် ဆိုသူသည် ယနေ့ နိုဝင်ဘာ ၁၈ ရက် နံနက် ၁၀ နာရီကျော်က သေနတ်ဖြင့် ပစ်သတ်ခံရ​​ကြောင်း ဒေသခံများက ပြောသည်။" မောင်ကြင်က မနက်က အောင်သုခလမ်းကို သွားတဲ့အချိန်မှာ ပစ်သတ်ခံရတာပါ။ အောင်သုခလမ်းက လွင် အိမ်ဆောက်ပစ္စည်းဆိုင်ရှေ့လောက်

ပျော်ဘွယ်တွင် စစ်ရိက္ခာတင်လာသည်ဟု ဆိုသည့် ကုန်တင်ရထား တိမ်းမှောက်

Posted: 18 Nov 2021 06:33 AM PST

ဓာတ်ပုံ- ယမန်နေ့ညက တိမ်းမှောက်မှုဖြစ်ပွါးခဲ့သည့် ကုန်တင်ရထားပျော်ဘွယ်၊ နိုဝင်ဘာ ၁၈ ပျော်ဘွယ်မြို့နယ် ကျောင်းကုန်းကျေးရွာအနီး စစ်တပ်ရိက္ခာများ သယ်ဆောင်လာသည့် ကုန်တင်ရထားတစ်စင်း တိမ်းမှောက်မှု ယမန်နေ့ညနေက ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။နိုဝင်ဘာ ၁၇ ရက်၊ ညနေ (၅) နာရီခွဲခန့်က မိုင်တိုင်အမှတ် (၂၈၅) နှင့် (၂၈၆) ကြားတွင်  ကုန်တင်ရထား တစ်စင်းသည် နွားအုပ်အားတိုက်မိပြီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့

ဂန့်ဂေါတွင် ဆာလာအိတ်ထွက်ဝယ်သော ဒုရဲအုပ်နှင့် တပ်သားကို PDF မှတိုက်ခိုက်၊ တပ်သားသေပြီး ဒုရဲအုပ်ထွက်ပြေး

Posted: 18 Nov 2021 06:24 AM PST

 နိုဝင်ဘာ ၁၈ ရက်မကွေးတိုင်း၊ ဂန့်ဂေါမြို့တွင်၊ ယနေ့ နိုဝင်ဘာလ ၁၈ ရက် မနက် ၉:၄၀ ဝန်းကျင်က ဆိုင်ကယ်စီးနင်းလာသော ရဲတပ်ဖွဲ့ဝင် ၂ ဦးကို PDF-GanGaw ပြောက်ကျားတပ်မှ လိုက်လံပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟုသိရသည်။အဆိုပါရဲနှစ်ဦးမှာ ဂန့်ဂေါမြို့နယ်၊ ကန်ရွာရဲစခန်းမှဖြစ်ပြီး စခန်းလုံခြုံရေးအတွက် ဘန်ကာပြုလုပ်ရန် ဆာလာအိတ် ထွက်ဝယ်သော၊ ဒုရဲအုပ်နှင့် ရဲတပ်သားတို့ ဖြစ်သည်ဟု PDF-GanGaw မှ သတင်းထုတ်ပြန်သည်။ တိုက်ခိုက်မှု

အာဏာသိမ်း စစ်ကောင်စီက အလိုရှိနေဆုံး NLD အမတ်ဟောင်း ကိုဖြိုးဇေယျာသော် အဖမ်းခံရကြောင်း သတင်းများထွက်ပေါ်

Posted: 18 Nov 2021 06:22 AM PST

နိုဝင်ဘာလ ၁၈ ရက်အာဏာသိမ်း စစ်ကောင်စီ၏ စွပ်စွဲချက်များတွင်အမြဲတမ်းပါဝင်နေတက်သူတစ်ဦးဖြစ်သလို စစ်တပ်၏ အလိုရှိဆုံး သူတစ်ယောက်ဖြစ်တဲ့ NLD အမတ်ဟောင်း ကိုဖြိုးဇေယျာသော် အဖမ်းခံလိုက်ရပြီကြောင်းသိရသည်။လက်တလော ထွက်ပေါ်နေသော သတင်းများ အရ ကိုဖြိုးဇေယျာသော်အား ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာနှင်းဆီအိမ်ယာကို ဒီနေ့ညနေက  စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းတဲ့အချိန်မှာ အဖမ်းခံရလိုက်ရတယ်သိရပါတယ်။အဆိုပါ ဖမ်းဆီးရမိကြောင်း

ကျိုင်းတုံမြို့ မှာ မိခင်ဖြစ်သူကို သားအရင်းမှ သတ်ပြီး အလောင်းဖျောက်ရန် ကြိုးစား

Posted: 18 Nov 2021 03:37 AM PST

သျှမ်းသံတော်ဆင့်၊ နိုဝင်ဘာလ ၁၈ ရက်သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် မိခင်ဖြစ်သူကို သားအရင်းမှ သတ်ပြီး အလောင်းဖျောက်ရန် ကြိုးစားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၇) နေ့ခင်းပိုင်းအချိန်တွင် ကျိုင်းတုံမြို့ နယ် လွယ်လုံကျေးရွာအုပ်စုရှိ ဟွေလုံကျေးရွာတွင် နေထိုင်သည့် ဒေါ်မီဂျူး အသက် ၅၄ နှစ်ကို ၎င်း၏ သားအရင်းဖြစ်သူက ရိုက်နှက်သတ်ပြီး အလောင်းဖျောက်ရန် ကြိုးစားခဲ့

ရေနံချောင်း စည်ပင်ရုံးနှင့် စိုက်ဘဏ်ရှေ့ ဗုံးပေါက်ကွဲမှုဖြစ်

Posted: 18 Nov 2021 03:22 AM PST

ယနေ့ နို၀င်ဘာလ ၁၈ ရက်နေ့ တွင် People's Defence Force Yenangyaung နှင့် Kyaukpadaung Defence Force (KDF) တို့ ညီနှောင်မဟာမိတ်များအဖြစ် ပူးပေါင်းသော အထိမ်းမှတ်အနေဖြင့် ရေနံချောင်းမြို့နယ် စည်ပင်ရုံးရှေ့၌ အဝေးထိန်း ဗုံးတစ်လုံးနှင့် ရေနံချောင်းမြို့စိုက်ပျိုးရေးဘဏ်ရှေ့တို့တွင် သတိပေး ဗုံးတစ်လုံးအား ဖောက်ခွဲခဲ့ပြီး ထိခိုက်မှု့သတင်းများကိုတော့ စုံစမ်းနေဆဲဖြစ်ကြောင်း Kyaukpadaung Defence Force (KDF) မှ

PDF-GanGawက ပြောက်ကျားတိုက်လို့ ကန်နယ် ရဲတစ်ဦး ပွဲချင်းပြီးသေ၊ ကန်ရွာလူနေအိမ် ၆လုံးထက် မနည်းမီးလောင်ပြာကျ

Posted: 18 Nov 2021 03:13 AM PST

ကန်ရွာလူနေအိမ် ၆လုံးခန့် မီးလောင်ပျက်စီးဂန့်ဂေါ နိုဝင်ဘာ ၁၈ နိုဝင်ဘာလ(၁၈)ရက်ယနေ့ နံနက် ၉ နာရီ ၄၀ ခန့်က ဂန့်ဂေါမြို့နယ်၊ ကန်ရွာရဲစခန်းမှ 125ဆိုင်ကယ် အနီရောင် စီးနင်းကာ စခန်းလုံခြုံရေး အတွက် ဘန်ကာပြုလုပ်ရန် ဆာလာအိပ် ထွက်ဝယ်သော ဒုရဲအုပ် အောင်ရဲသူ (​ရှေ့စီး)နှင့် ရဲတပ်သား (နောက်စီး)အား PDF-GanGaw ပြောက်ကျားတပ်က လိုက်လံပစ်ခတ်ခဲ့လို့ ရဲတပ်သား (နောက်စီး)မှာ နေရာတင်ပွဲချင်းပြီး သေဆုံး၍ ဒုရဲအုပ် (​ရှေ့စီး

သပိတ်ကျင်းက CDM ကျောင်းဆရာ ဖမ်းဆီးခံရပြီး ၂၄ နာရီအတွင်း သေဆုံး

Posted: 18 Nov 2021 02:51 AM PST

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် မြင်သာကျေးရွာက အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်နေတဲ့ အလယ်တန်းပြကျောင်းဆရာ ဦးဇော်မင်းအောင်ကို နိုဝင်ဘာလ ၁၇ ရက် မနေ့က ရဲတပ်ဖွဲ့ဝင်တွေက နေအိမ်ကို လာရောက်ဖမ်းဆီးသွားပြီး ညနေပိုင်းမှာ ကိုဗစ်ကြောင့် သေဆုံးသွားတယ်လို့ ကြာညှပ်ရဲစခန်းက အကြောင်းကြားခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။CDM ဆရာ ဦးဇော်မင်းအောင်ဟာ ကျန်းမာရေးကောင်းမွန်သူဖြစ်လို့ ဒါဟာ

ရန်ကုန်မှာ လူငယ် ၅၀ နီးပါး ဆက်တိုက် ဖမ်းဆီးခံရ

Posted: 18 Nov 2021 02:49 AM PST

ရန်ကုန်မြို့ သံလျင်တံတား၊ မြောက်ဥက္ကလာတံတား၊ ထန်းတပင်မြို့နယ်နဲ့ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာမီးပွိုင့် စတဲ့နေရာတွေက စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တယ်ဆိုပြီး လူငယ် အမျိုးသား ၄၀ ဦး၊ အမျိုးသမီး ခုနစ်ဦး စုစုပေါင်း ၄၇ ဦးကို လက်နက်တွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီက နိုဝင်ဘာ ၁၇ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။ အဲဒီလူငယ် ၄၇ ဦးကို နိုဝင်ဘာလ ၁၂ ရက်နေ့ကနေ ၁၇ ရက်နေ့အတွင်း လက်နက်ငယ်

ရေစကြိုမြို့နယ်က ရဲကင်းစခန်းကို PDF များဝင်တိုက်ခိုက်လို့ ရဲ ၄ဦး သေဆုံး

Posted: 18 Nov 2021 02:42 AM PST

တိုက်ပွဲဖြစ်ပွားနေရာကို ရဟတ်ယာဉ်ပျံဝဲ စစ်ကူစေလွှတ်ရေစကြို၊ နိုဝင်ဘာ ၁၈၊ ၂၀၂၁။မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက မအူအောက်ဆိပ်ရွာ ရဲကင်းစခန်းကို  ဒီနေ့နေ့လယ် ၁နာရီဝန်းကျင်မှာ ဒေသခံ PDF တွေ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲ ၄ဦး သေနတ်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။PDF တွေဝင်တိုက်ချိန်မှာ အပြန်အလှန်ပစ်ခတ်တာတွေဖြစ်ခဲ့ပြီး နာရီဝက်အကြာမှာ စစ်အုပ်က ကင်းစခန်းကိုထားခဲ့လို့ ဒေသခံ PDF တွေက စခန်းကို

ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၅၀ နုတ်ထွက်

Posted: 18 Nov 2021 02:34 AM PST

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၆၀ ကျော်ရှိတဲ့အနက်  ရပ်ကျေး အုပ်ချုပ်ရေးမှူး ၅၀ နုတ်ထွက်ပြီးပြီလို့  မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။"ဒီပဲယင်းမြို့နယ်မှာတော့ စစ်ကောင်စီက ခန့်အပ်တယ်သာဆိုတာ၊ ခန့်အပ်ခံရသူတွေဟာ ခန့်အပ်ပြီးမကြာခင်မှာဘဲ ဆက်တိုက် နုတ်ထွက်လာတာ ဒီနေ့အထိပါပဲ။ သေဆုံးတာ အနည်းငယ်ရှိပေမဲ့ စစ်ကောင်စီနဲ့ မပူးပေါင်းလိုတဲ့အတွက် နုတ်ထွက်ကြတာများတယ်။

အရာတော်မြို့နယ်တွင် စစ်တပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ ခြေလျင်စစ်ကြောင်း မိုင်းဆွဲခံရ

Posted: 18 Nov 2021 02:27 AM PST

နိုဝင်ဘာလ ၁၈၊ SGGစစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် အရှေ့နယ် ဒုံဒစ်ကျေးရွာနှင့် ပေါက်ပင်ဆိပ်ကျေးရွာကို ဝင်ရောက်မွှေနှောက်ပြီး ပြန်လာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံပျူစောထီးများ၏ ခြေလျင်စစ်ကြောင်းကို အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။နိုဝင်ဘာလ ၁၇ရက် ယမန်နေ ညနေ(၅)နာရီက ဒုံဒစ်ကျေးရွာအထွက်တွင် ARA တပ်ဖွဲ့(၃)ဖွဲ့ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာပါ။စစ်ကောင်စီ

ကလေးမြို့တွင် တိုက်ပွဲဆက်ဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးဟု PDF(Kalay) ထုတ်ပြန်

Posted: 18 Nov 2021 02:29 AM PST

ခိုနူမ်းသုန်သတင်း၊ ၁၈ နိုဝင်ဘာ ၂၀၂၁ကလေးမြို့နယ် နဂါးပွက်ရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကို  နိုဝင်ဘာလ ၁၈ ရက် ယနေ့ မနက် ၁၀ နာရီခွဲအချိန်တွင် PDF- ကလေး တပ်ဖွဲ့ဝင်များက သွားရောက်ပစ်ခတ်တိုက်ခိုက်ကာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်ဟု သိရသည်။အဆိုပါတိုက်ပွဲတွင် ကလေးနည်းပညာတက္ကသိုလ်အတွင်းမှ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ ဝင်များကလည်း နဂါးပွက်ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည့်အပြင်

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.