သစ္ထူးလြင္ |
- တိုင်းဧရာရှိ Non CDM ကျောင်းအုပ်များ ကျောင်းပျက်သူမရှိဟု လိမ်လည်တင်ပြနေရ
- ကလေးမြို့နယ်တွင် စကစတပ်မှ ၀ဉတောင်သူတစ်ဦးအား လည်လှီးသတ်ဖြတ်
- ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဖမ်းဆီးရမိသော အာဏာသိမ်းတပ်သား စစ်သုံ့ပန်းများကို လူ့ဂုဏ်သိက္ခာနှင့်အညီ ထိန်းသိမ်းထား
- ခရီးသွားပြည်သူများ စစ်ကောင်စီတပ်ယာဉ်တန်းများနှင့်ခွာ၍ မောင်းနှင်ရန် ကရင်နီ PDF မေတ္တာရပ်ခံ
- ချင်းနှင့်ယောဒေသ တော်လှန်ရေးတပ်ဖွဲ့ လေးဖွဲ့ပူးပေါင်းတိုက်ခိုက်၍ စစ်ကောင်စီတပ်မှအနည်းဆုံး ၄၀သေဟု ထုတ်ပြန်
- ‘တိုက်ပွဲသတင်းထုတ်ပြန်ချက်’
- ဦးဖြိုးဇေယျာသော်ရဲ့ အမဖြစ်သူ ဒေါ်ခင်ပပသော် ထပ်မံဖမ်းဆီးခံရ
- လေကြောင်းနဲ့ပစ်ကူခဲ့တဲ့ ဆောမှာ စစ်ကောင်စီဘက်က ၂၀ဦးထက်မနည်းသေဆုံး
- တစ်ရက်အတွင်း BGF တပ်ဖွဲ့ဝင် ၁၀ ဦးကျဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိဟု KNU ထုတ်ပြန်
- မူးမြစ်ဘေးကျေးရွာများကို စစ်ကောင်စီတပ်ဝင်ရောက်စီးနင်း၊ ဒေသခံ PDF များနှင့် တိုက်ပွဲဖြစ်ပွားနေ
- လောင်းလုံးမြို့နယ်ထဲမှာ ပျူ စောထီးနဲ့သတင်းပေးဒလန်တွေ ပိုမိုသောင်းကျန်းလာ
- ဘီးလင်းမှာ မိုင်းပေါက်ကွဲပြီး အမျိုးသား ၂ ဦးသေဆုံး
- စည်ပင်ရုံးဗုံးပေါက်ကွဲမှုကြောင့် အစောင့်စစ်သားဗုံးထိ သေဆုံး
- အကြမ်းဖက်စစ်တပ်တပ်စွဲထားသော မြင်သာ က.ည.နရုံး ပေါက်ကွဲမှုဖြစ်၊ အခွန်လာဆောင်သူများအား ဖမ်းဆီးထားဟုဆို
- ပဲခူးမြို့နေရာနှစ်ခုတွင် ဗုံးပေါက်၍ စစ်ကောင်စီလက်ပါး စေနှစ်ဦး ဒဏ်ရာပြင်းထန်
- ကားမှောင်ခို တင်သွင်းမှုတွေကို ဗိုလ်မှူးအဆင့်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်နေ
- မွန်က စစ်အုပ်စုထောက်ခံသူတွေကို လက်နက်ဆင်ပြီး ရှေ့တန်းပို့ဖို့ စစ်ကောင်စီ စီစဥ်နေ
- PDF ၃ ဖွဲ့ပေါင်းပြီး ဆိပ်ဖြူမြို့နယ်က Mytel တာဝါတိုင်ကိုဖောက်ခွဲဖျက်ဆီး
- ဒီးမော့ဆိုမြို့ ဒေါခလိုက်လင်းကျေးရွာရှိ နေအိမ် ၃လုံး မီးရှို့ခံရ
- စစ်ကောင်စီတပ် စီးနင်းချိန် ကျဆုံးခဲ့တဲ့ ကလေး PDF တပ်ဖွဲ့ဝင်သုံးဦးကို သင်္ဂြိုဟ်
- ပခုက္ကူမြို့နယ်မှာ ကင်းလှည့်လာတဲ့စစ်အုပ်စုက ရွာသားတစ်ဦးကိုအကြောင်းမဲ့ပစ်သတ်
- ရေဖြူ မြို့နယ်မှာ စစ်ကောင်စီတပ် ကားတွေ ပစ်ခတ်ခံရ ၂ ဦးသေဆုံး ၄ ဦးဒဏ်ရာရ
- ကံပေါက်ဒေသမှာ ဗုံးတွေပေါက်ပြီး စစ်ကောင်စီသတင်းပေးတစ်ဦး ပစ်သတ်ခံရ
- ကလေး၀မြို့နယ်တွင် စစ်ကိုင်း၀န်ကြီးချုပ်ဦးမြတ်ကျော် လိုက်ပါသော ယာဉ်တန်း မိုင်းဆွဲခံရ
- အကြမ်းဖက်စစ်တပ်ကြောင့် ထီးလင်းYDFက ၁၃ဦး၊ CDFမင်းတပ်က ၁ဦး နဲ့ အပြစ်မဲ့ပြည်သူ ၅ဦး ကျဆုံး
တိုင်းဧရာရှိ Non CDM ကျောင်းအုပ်များ ကျောင်းပျက်သူမရှိဟု လိမ်လည်တင်ပြနေရ Posted: 19 Nov 2021 08:55 AM PST ဓာတ်ပုံ - လူမှုကွန်ယက်ပေါ်၌ ပျံ့နှံ့ခဲ့သည့် ကျောင်းသား(၄)ဦးသာရှိသည့် စသင်ခန်းတစ်ခုပုံမအူပင်၊ နိုဝင်ဘာ ၁၉ဧရာဝတီတိုင်း၌ အကြမ်းဖက် စစ်ကောင်စီမှဖွင့်လှစ်သည့် ကျောင်းတက်ရောက်သူများ စာရင်းကိုတင်ပြရာတွင် ကျောင်းပျက်ကွက်သူ မရှိဟု ကျောင်းအုပ်အများစုက လိမ်လည်တင်ပြပေးနေရကြောင်း Non CDM ပညာရေးအသိုင်းအဝန်းမှ သိရသည်။"တက်ရောက်သူ နည်းတဲ့ နေရာနည်း၊ များတဲ့နေရာများတယ်။ အကုန်တော့မတက်ဘူး။" ဟု ဆရာမ တစ်ဦးက ပြောသည်။ |
ကလေးမြို့နယ်တွင် စကစတပ်မှ ၀ဉတောင်သူတစ်ဦးအား လည်လှီးသတ်ဖြတ် Posted: 19 Nov 2021 08:40 AM PST နို၀င်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းက ကလေးမြို့နယ်တွင် စကစတပ်သားများမှ အသက် ၄၈ နှစ်အရွယ် ကလေး ၄ယောက်ဖခင် ၀ဉတောင်သူတစ်ဦးအား ဦးခေါင်းတွင် သေနက်နဲ့ပစ်ခတ်ပြီး လည်လှီးသတ်ဖြတ်ခဲ့ကြောင်း CNO/CNDF ထုတ်ပြန်သည်။ အဆိုပါနေ့တွင် စကစတပ်နှင့် CNDF (ကလေး တပ်မဟာ)/PDF (Kalay) ပူးပေါင်းတပ်ဖွဲ့တို့ တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပြီးစကစဖက်က အကျအဆုံးနှင့် ထိခိုက်ဒဏ်ရာရ များပြားမှုကြောင့် သွားရာလမ်းတစ်လျှောက် ရမ်းသမ်းပစ်ခတ်ခဲ့ |
Posted: 19 Nov 2021 08:37 AM PST ပြည်သူ့ခုခံတွန်းလှစ်စစ်ပွဲအတွင်း ဖမ်းဆီးရမိထားသည့် အာဏာသိမ်းတပ်၏ တပ်သား (၃) ဦးကို လူ့ဂုဏ်သိက္ခာနှင့်အညီ ထိန်းသိမ်းထားပြီး ပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့(ICRC)သို့ ဆက်သွယ်အကြောင်းကြားသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၉) ရက်နေ့၌ ထုတ်ပြန်လာသည်။အမှတ်(၁)စစ်ဒေသအတွင်း နိုဝင်ဘာလ (၇) ရက်နေ့က ဖြစ်ပွားခဲ့သည့်စစ်ပွဲတွင် ဖမ်းဆီးရမိထားသည့် အာဏာသိမ်းတပ်ဘက်မှ တပ်သား |
ခရီးသွားပြည်သူများ စစ်ကောင်စီတပ်ယာဉ်တန်းများနှင့်ခွာ၍ မောင်းနှင်ရန် ကရင်နီ PDF မေတ္တာရပ်ခံ Posted: 19 Nov 2021 08:34 AM PST ခရီးသွားပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ ၏ ယာဉ်တန်းများနှင့် ခွာ၍မောင်းနှင်ရန် အပါအဝင် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF)က ပြည်သူ လူထုများ လိုက်နာပေးရန် အချက်များကို ယနေ့ (နိုဝင်ဘာ၁၉ရက်) ထုတ်ပြန်ခဲ့သည်။ကယား(ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ် (၆)မိုင်ကျေးရွာတွင် နိုဝင်ဘာ ၁၈ရက်က အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ကားတစ်စီး ပျက်စီးခဲ့ပြီး တပ်ဖွဲ့ဝင်နှစ်ဦး |
Posted: 19 Nov 2021 08:33 AM PST မကွေးတိုင်းနှင့် ချင်းပြည်နယ်အစပ် ဆောမြို့နယ်တွင် စစ်ကောင်စီတပ်ကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF)နှင့် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ လေးဖွဲ့ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး ၄၀ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြားကြောင်း တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ကန်ပက်လက် CDFက သတင်းထုတ်ပြန်သည်။ယနေ့ (နိုဝင်ဘာလ ၁၉ ရက်)နံနက် ၈နာရီမှစ၍ ဆောမြို့နယ်အတွင်းရှိ ကျင်းလိန်ရွာနှင့်တောမရွာအကြားတွင်CDF (Kanpetlet)၊ |
Posted: 19 Nov 2021 08:30 AM PST 'တိုက်ပွဲသတင်းထုတ်ပြန်ချက်'နိုဝင်ဘာလ ၊ ၁၉ရက်Yaw Defense Force - YDF |
ဦးဖြိုးဇေယျာသော်ရဲ့ အမဖြစ်သူ ဒေါ်ခင်ပပသော် ထပ်မံဖမ်းဆီးခံရ Posted: 19 Nov 2021 06:37 AM PST ရန်ကုန်မြို့မှာ မနေ့က ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်ရဲ့ အမဖြစ်သူ ဒေါ်ခင်ပပသော်ဟာ ဒီနေ့ မနက် ၈ နာရီခွဲမှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ မခင်ပပသော်ရဲ့ နေအိမ်ကို စစ်ကောင်စီတပ်သားတွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ သူကဆိုပါတယ်။" မခင်ပပ |
လေကြောင်းနဲ့ပစ်ကူခဲ့တဲ့ ဆောမှာ စစ်ကောင်စီဘက်က ၂၀ဦးထက်မနည်းသေဆုံး Posted: 19 Nov 2021 06:31 AM PST ဆော၊ နိုဝင်ဘာ ၁၉၊ ၂၀၂၁။မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကောင်စီနဲ့ PDF တို့ တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းနဲ့ပါ ပစ်ကူခဲ့ပေမယ့် စစ်ကောင်စီဘက်က ၂၀ဦးထက်မနည်းသေဆုံးပြီး PDF ဖက်က ၁ဦးကျဆုံးပြီး ၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆော PDF ဆီက သိရပါတယ်။ဆောမြို့နယ်၊ တောမကျေးရွာနဲ့ ကျင်းလိမ်ကျေးရွာကြားမှာ မနေ့က စဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က အင်အား ၇၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး အကျဆုံးများလို့ |
တစ်ရက်အတွင်း BGF တပ်ဖွဲ့ဝင် ၁၀ ဦးကျဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိဟု KNU ထုတ်ပြန် Posted: 19 Nov 2021 06:29 AM PST နိုဝင်ဘာ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီKNU-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် (တပ်မဟာ ၁ နယ်မြေ) ဖားအံမြို့နယ်ထဲတွင် နိုဝင်ဘာလ ၁၇ ရက်နေ့ တစ်ရက်အတွင်း နယ်ကြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင် (၁၀)ဦးကျဆုံးပြီး (၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU က ယနေ့ သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁ နာရီခန့်က ဖားအံမြို့နယ်၊ မဲသနကျေးနယ်အုပ်စု ကျော်ကေခီးကျေး ရွာအနီးတွင် BGF (၉၉၉)တပ်မ၊ |
မူးမြစ်ဘေးကျေးရွာများကို စစ်ကောင်စီတပ်ဝင်ရောက်စီးနင်း၊ ဒေသခံ PDF များနှင့် တိုက်ပွဲဖြစ်ပွားနေ Posted: 19 Nov 2021 03:36 AM PST အရာတော် နှင့် ဝက်လက်နယ်စပ်မှ မူးမြစ်ဘေးကျေးရွာများကို အကြမ်းဖက်စစ်တပ်ကအင် အားသုံး၍ ဝင်ရောက်စီးနင်းခဲ့ပြီးဒေသခံပြည်သူ့တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း အရာတော်မြို့နယ် တော်လှန်ရေး အင်အားစု ARA မှ ဗိုလ်ပေါက်စီက ပြောသည်။နိုဝင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီကျော်ကအရာတော်အရှေ့နယ်နှင့် ဝက်လက်နယ်အနောက်ခြမ်းမှ မူးမြစ်အနီး ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းနှစ်ခွဲ၍ ဝင်ရောက်လာ |
လောင်းလုံးမြို့နယ်ထဲမှာ ပျူ စောထီးနဲ့သတင်းပေးဒလန်တွေ ပိုမိုသောင်းကျန်းလာ Posted: 19 Nov 2021 03:33 AM PST လောင်းလုံး၊ နိုဝင်ဘာ ၁၉တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်ထဲမှာ ပျူ စောထီးတွေနဲ့သတင်းပေးဒလန်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အားကိုးနဲ့ ပိုမိုသောင်းကျန်းလာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ယခင်က ပျူ စောထီးနဲ့သတင်းပေးဒလန်တွေက စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားသူတွေကို ဖမ်းဆီးနိုင်ဖို့ သတင်းပေးခြင်းသာ လုပ်ဆောင်ခဲ့ရာမှ နောက်ပိုင်းမှာ ဒေသခံတွေရဲ့ နေအိမ်တွေကို ဖျက်စီးတာ၊ ပိုင်ဆိုင်မှုအချို့ကို မီးရှို့ |
ဘီးလင်းမှာ မိုင်းပေါက်ကွဲပြီး အမျိုးသား ၂ ဦးသေဆုံး Posted: 19 Nov 2021 03:32 AM PST ဘီးလင်း၊ နိုဝင်ဘာ ၁၉ဘီးလင်းမြို့နယ်၊ ဝင်းပြန်ကျေးရွာအနီးမှာ နိုဝင်ဘာလ ၁၈ ရက်နေ့ညက မိုင်းပေါက်ကွဲပြီး အမျိုးသား ၂ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။အဆိုပါည ၈ နာရီကျော်ခန့်မှာ ဝင်းပြန်ကျေးရွာမှ ဝဲကြီးကျေးရွာသွားလမ်းဘေးအနီးမှာ လက်လုပ်မိုင်းလာထောင်တဲ့အဖွဲ့မှ မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။"ညက ပေါက်ကွဲသံကြားတယ်။ အကျယ်ကြီးဘဲ။ နောက်မှ စုံစမ်းကြည့်တော့ မိုင်းလာထောင်တဲ့အဖွဲ့က ၂ ယောက် |
စည်ပင်ရုံးဗုံးပေါက်ကွဲမှုကြောင့် အစောင့်စစ်သားဗုံးထိ သေဆုံး Posted: 19 Nov 2021 03:30 AM PST ရေနံချောင်း၊ နိုဝင်ဘာ ၁၉၊ ၂၀၂၁။မကွေးတိုင်း၊ ရေနံချောင်းမြို့မှာ နိုဝင်ဘာလ ၁၈ ရက်နေ့က စည်ပင်ရုံးကို ရေနံချောင်း PDF က နှစ်ကြိမ်မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စည်ပင်ရုံးစောင့် စစ်သားတဦး မိုင်းထိကာ သေဆုံးသွားကြောင်း ရေနံချောင်း PDF က တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။"မနေ့ကနှစ်နေရာဖေါက်ခွဲခဲ့တာ စည်ပင်ရုံးအစောင့်ကြနေတဲ့စစ်သားဗုံးထိပြီး သေသွားပါတယ်။ ဆေးရုံရောက်မှ မနေ့က သေသွားတာ။ သေသွားတဲ့စစ်သားက |
Posted: 19 Nov 2021 03:26 AM PST သင်္ယန်းကျွန်းမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသည့် မြင်သာ က.ည.နရုံးပေါက်ကွဲမှုဖြစ်ပြီးနောက်အခွန်လာဆောင်သူများကို ပြန်မလွတ်ဘဲ ဖမ်းဆီးခေါ်ဆောင်ထားကြောင်း မျက်မြင်သက်သေများကပြောသည်။ ယနေ့ (နိုဝင်ဘာ၁၉ရက်)နေ့လယ် ၁၂ နာရီခွဲခန့်တွင် ပေါက်ကွဲမှုဖြစ်ပြီးနောက် အရေးပေါ်လူနာတင်ယာဉ်ကားများ က.ည နရုံးဝင်းထဲကို မောင်းဝင်သွားသည့်ဟု မျက်မြင် သက်သေများက ပြောသည်။"အစောင့်နေရာမဟုတ်ဘူးတဲ့။ လူတွေကားလိုင်စင်လုပ် |
ပဲခူးမြို့နေရာနှစ်ခုတွင် ဗုံးပေါက်၍ စစ်ကောင်စီလက်ပါး စေနှစ်ဦး ဒဏ်ရာပြင်းထန် Posted: 19 Nov 2021 03:24 AM PST ပဲခူးမြို့တွင် ယနေ့(နိုဝင်ဘာ ၁၉)နံနက်ပိုင်းက နေရာနှစ်ခုတွင် ဗုံးခွဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း Bago City Ranger Force ပါဝင်သည့် ညီနောင်မဟာမိတ် (၅)ဖွဲ့က အသိပေးထုတ်ပြန်သည်။ဖောက်ခွဲတိုက်ခိုက်မှုများကို ကျောက်တွင်းကုန်းလမ်းဆုံနှင့် ပဲခူး အ.ထ.က(၇)ရှေ့ စသည့်နှစ်နေရာ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။"အိမ်မှာနေနေရင်း ကြားလိုက်ရတာ။ အသံကတော့ အ ကျယ်ကြီးပဲ။ အပြင်မထွက်ဖြစ်တော့ |
ကားမှောင်ခို တင်သွင်းမှုတွေကို ဗိုလ်မှူးအဆင့်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်နေ Posted: 19 Nov 2021 03:20 AM PST မော်လမြိုင် ၊ နိုဝင်ဘာ (၁၉)ထိုင်းနယ်စပ်ကနေတဆင့် တရားမဝင် လိုင်စင်မဲ့မော်တော်ယာဉ်တွေကို စစ်အုပ်စုအကြီးအကဲတွေ ကိုယ်တိုင် တင်သွင်းနေတယ်လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့ ရဲအရာရှိ တစ်ဦးက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။စစ်ကောင်စီ လက်အောက်ခံတပ် အကြီးအကဲတွေနဲ့ ရဲတပ်ဖွဲ့ အကြီးအကဲတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် အာဏာကို အလွဲသုံးစားပြုလုပ်ပြီး နယ်စပ်ကနေ တရားမဝင်လိုင်စင်မဲ့ ကားတွေကို မှောင်ခိုတင်သွင်းသူတွေနဲ့ ပူးပေါင်း |
မွန်က စစ်အုပ်စုထောက်ခံသူတွေကို လက်နက်ဆင်ပြီး ရှေ့တန်းပို့ဖို့ စစ်ကောင်စီ စီစဥ်နေ Posted: 19 Nov 2021 03:18 AM PST မော်လမြိုင် ၊ နိုဝင်ဘာ (၁၉)မွန်ပြည်နယ်အတွင်းမှာ သင်တန်ပေးထားတဲ့ စစ်အုပ်စုထောက်ခံတဲ့သူတွေကို စစ်ယူနီဖောင်း လက်နက်အပြည့်အစုံနဲ့ ရှေ့တန်းမှာ တိုက်ခိုက်ခိုင်းဖို့အတွက် စစ်ကောင်စီက လူဦးရေ စာရင်းပြုစုနေတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် ဒေသခံ PDF တွေနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ နေရာတွေကို ပို့ဆောင်ဖို့အတွက် ပျူစောထီး၊ ပြည်သူ့စစ်နဲ့ စစ်အုပ်စုထောက်ခံသူတွေစာရင်းကို |
PDF ၃ ဖွဲ့ပေါင်းပြီး ဆိပ်ဖြူမြို့နယ်က Mytel တာဝါတိုင်ကိုဖောက်ခွဲဖျက်ဆီး Posted: 19 Nov 2021 03:14 AM PST မကွေး၊ နိုဝင်ဘာ ၁၉၊ ၂၀၂၁။မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ အနောက်ကမ်းဖြူကျေးရွာက မိုင်တဲတာဝါတိုင်ကို နိုဝင်ဘာ ၁၈ရက်နေ့ မနေ့က ည၇နာရီမှာ CAF-MGPDF၊ PPDFနဲ့ King Fighter-SGF ၃ဖွဲ့က ပူးပေါင်းဖောက်ခွဲဖျက်ဆီးခဲ့တာဖြစ်တယ်လို့ မကွေး PDF က ထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ရက်မှာ ပေါက်မြို့နယ်က ကြံ့ခိုင်ရေးရုံး နဲ့ ၃၁ရက်မှာ ဆိပ်ဖြူမြို့နယ် အင်းဂံကျေးရွာအနီးရှိ Mytel တာဝါတိုင် ကို မကွေး PDF က ဖောက်ခွဲ |
ဒီးမော့ဆိုမြို့ ဒေါခလိုက်လင်းကျေးရွာရှိ နေအိမ် ၃လုံး မီးရှို့ခံရ Posted: 19 Nov 2021 03:04 AM PST ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့ ဒေါခလိုက်လင်းကျေးရွာရှိ နေအိမ် ၃ လုံးကို ယမန်နေ့ ညနေ ၄ နာရီအချိန်မှာ စစ်ကောင်စီတပ်မှ မီးရှို့ခဲ့တယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။"မနေ့ညက လောင်တဲ့ဟာက ရှို့မီးဆိုတာသေချာတယ်မီးလောင်တဲ့အထဲ ပါသွားခဲ့တဲ့အိမ်ထဲမှာ စစ်သား ရှိနေတာကို တွေ့ရတယ်တဲ့ ရွာသားတစ်ယောက်ကပြောပြတယ်။ သူတို့ ထမင်းဟင်းစားသောက်ပြီး မီးရှို့သွားတာဖြစ်မယ်" လို့ ကျေးရွာဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို |
စစ်ကောင်စီတပ် စီးနင်းချိန် ကျဆုံးခဲ့တဲ့ ကလေး PDF တပ်ဖွဲ့ဝင်သုံးဦးကို သင်္ဂြိုဟ် Posted: 19 Nov 2021 02:59 AM PST (ကျဆုံးသွားတဲ့ PDF တပ်ဖွဲ့ဝင် သုံးဦးအား တောတွင်းတစ်နေရာမှာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့စဉ်) Photo: Kalay PDFစစ်ကိုင်းတိုင်း ကလေးမြို့မှာ နိုဝင်ဘာ ၁၆ ရက်နေ့က ကလေး PDF စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက် တိုက်ခိုက်ချိန်မှာ စခန်းအတွင်းကျဆုံးခဲ့တဲ့ ဆေးတပ်အမျိုးသမီး အပါအဝင် ကျဆုံးသူ သုံးဦးရဲ့ ရုပ်အလောင်းကို နိုဝင်ဘာလ ၁၈ ရက် မနေ့က မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြတယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ကျဆုံးသူ သုံးဦးဟာ |
ပခုက္ကူမြို့နယ်မှာ ကင်းလှည့်လာတဲ့စစ်အုပ်စုက ရွာသားတစ်ဦးကိုအကြောင်းမဲ့ပစ်သတ် Posted: 19 Nov 2021 02:40 AM PST ပခုက္ကူ၊ နိုဝင်ဘာ ၁၉၊ ၂၀၂၁။ ပခုက္ကူမြို့နယ်မှာ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေက ရွာသားတစ်ဦးကို သေနတ်နဲ့အကြောင်းမဲ့ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကျပ်တိုးကျေးရွာအုပ်စု၊ အနောက်တောကျေးရွာက ကိုမြင့်၀င်းဖြစ်ပြီး နို၀င်ဘာ ၁၈ရက် ယမန်နေ့ည ၉နာရီလောက်မှာ ကင်းလှည့်လာတဲ့စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်သတ်လိုက်တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။ " သူကဘာမှမလုပ်ပါဘူး၊ သာမန် |
ရေဖြူ မြို့နယ်မှာ စစ်ကောင်စီတပ် ကားတွေ ပစ်ခတ်ခံရ ၂ ဦးသေဆုံး ၄ ဦးဒဏ်ရာရ Posted: 19 Nov 2021 02:35 AM PST ရေဖြူ ၊ နိုဝင်ဘာ ၁၉တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူ မြိုနယ်၊ သောင်းရင်းအင်းကျေးရွာအနီးမှာ နိုဝင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ကားတွေ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။နိုဝင်ဘာလ ၁၈ ရက်နေ့ ညက ဖားချောင်းကျေးရွာနေ စစ်ကောင်စီသတင်းပေး ဦးကျော်ဦး ပစ်သတ်ခံရပြီး နေအိမ်မီးရှို့ခံရမှု ဖြစ်ပွားခဲ့ပါတယ်။ယနေ့မနက် ၈ နာရီခန့်မှာ ဦးကျော်ဦး ပစ်သတ်ခံရမှုကို လာစစ်ဆေးတဲ့ စစ် |
ကံပေါက်ဒေသမှာ ဗုံးတွေပေါက်ပြီး စစ်ကောင်စီသတင်းပေးတစ်ဦး ပစ်သတ်ခံရ Posted: 19 Nov 2021 02:33 AM PST ရေဖြူ ၊ နိုဝင်ဘာ ၁၉တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူ မြို့နယ်၊ ကံပေါက်ဒေသမှာ နိုဝင်ဘာလ ၁၈ ရက်နေ့ညက ဗုံးတွေပေါက်ပြီး စစ်ကောင်စီသတင်းပေးတစ်ဦး ပစ်သတ်ခံရတယ်လို့ သိရပါတယ်။မနေ့ ည ၉ နာရီကျော်ခန့်မှာ ကံပေါက်ရှိ စရဖရုံး၊ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနဲ့ ကံပေါက်နယ်မြေရဲစခန်းတို့ ဗုံးခွဲခံရပြီး ထိခိုက်ပျက်စီးမှု အခြေနေကိုတော့မသိရသေးပါဘူး။"ကံပေါက်မှာဘဲ ညက ဗုံးဆက်တိုက်ကွဲတယ်လို့ သိရတယ်။ ထိခိုက်ပျက်စီးမှု အခြေနေကို မ |
ကလေး၀မြို့နယ်တွင် စစ်ကိုင်း၀န်ကြီးချုပ်ဦးမြတ်ကျော် လိုက်ပါသော ယာဉ်တန်း မိုင်းဆွဲခံရ Posted: 19 Nov 2021 02:27 AM PST စစ်ကိုင်းတိုင်း ကလေး၀မြို့နယ် ကလေးဝ-တန့်ဆည်-ရေဦးလမ်းပိုင်း မဟာမြိုင်တောတွင်းတနေရာမှာ စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော် လိုက်ပါတဲ့ယာဉ်တန်းကို ဒီကနေ့ နိုဝင်ဘာ(၁၉)ရက် မနက်ပိုင်းမှာ ကလေး၀ PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း၀န်ကြီးချုပ် မြတ်ကျော်ဟာ ကလေး၀မြို့ကနေ မဟာမြိုင်ဆရာတော်ကြီးရဲ့မွေးနေ့ကိုအသွား လမ်းတနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ |
အကြမ်းဖက်စစ်တပ်ကြောင့် ထီးလင်းYDFက ၁၃ဦး၊ CDFမင်းတပ်က ၁ဦး နဲ့ အပြစ်မဲ့ပြည်သူ ၅ဦး ကျဆုံး Posted: 19 Nov 2021 02:16 AM PST ဂန့်ဂေါ နိုဝင်ဘာ ၁၉ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က ဂန့်ဂေါခရိုင်၊ထီးလင်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီက စစ် ဘေးရှောင်ရွာသား ၂ ဦး ကိုရက်စက်စွာသတ်ဖြတ်ခဲ့ပါတယ်။ နိုဝင်ဘာလ ၁၇ ရက်နေ့က ထီးလင်းမြို့နယ် ထန်းပင်ကုန်း ရွာအနီးမှာ အကြမ်းဖက် စကစတပ်နှင့် YDF(ထီးလင်း)၊CDF(မင်းတပ်)ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ YDF(ထီးလင်း)မှ ရဲဘော် ၁၃ဦးCDF(မင်းတပ်)မှ ရဲဘော် ၁ဦးကျဆုံးပြီး YDF(ထီးလင်း)မှ ၂ဦး၊ CDF(မင်း |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.