Sunday, November 21, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ရခိုင်တွင် CDM လုပ်ထားသည့် အထက်တန်းပြဆရာမတစ်ဦး ပထမဆုံး ဖမ်းဆီးခံရ

Posted: 20 Nov 2021 02:51 PM PST

ရခိုင်ပြည်နယ်တွင် CDM လုပ်ထားသည့် အထက်တန်းပြဆရာမတစ်ဦး ပထမဆုံး ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။ဖမ်းဆီးခံလိုက်ရသူမှာ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှ အသက် ၄၀ အရွယ် ဒေါ်ချယ်ရီသက်ရှည်ဖြစ်သည်။သူမသည် တောင်ကုတ်အထက ၂ တွင် အထက်တန်းပြဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယနေ့ နိုဝင်ဘာလ ၂ဝ ရက် နံနက်တွင် သူ၏နေအိမ်မှ ရဲတပ်ဖွဲ့နှင့် စရဖတို့၏ လာရောက်ဖမ်းဆီးခြင်းကို ခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။ရပ်ကွက်သားတစ်

ဦးဖြိုးဇေယျာသော် ဖမ်းမိမှု နောက်ဆက်တွဲ လက်နက်ရာချီနဲ့ လုပ်ကြံသတ်ဖြတ်မှုစာရင်း သိမ်းဆည်းမိတယ်လို့ဆို

Posted: 20 Nov 2021 02:46 PM PST

ရန်ကုန်မြို့ကနေ ဦးဖြိုးဇေယျာသော်ကို ဖမ်းမိမှုကနေ တစ်ဆင့် လက်နက်မျိုးစုံ ရာချီ သိမ်းမိခဲ့တယ်လို့ စစ်ကောင်စီ ရုပ်သံမီဒီယာတွေ ကြေညာပါတယ်။ဒါ့အပြင် ရန်ကုန်မြို့တွင်း ဖောက်ခွဲဖျက်ဆီးရေး ပြုလုပ်မယ့် စာရင်းတွေနဲ့အတူ လုပ်ကြံသတ်ဖြတ်မယ့် စာရင်းပြုလုပ်ထားတဲ့ မှတ်တမ်းစာအုပ်တွေကို သိမ်းဆည်းရမိတယ်လို့လည်း သတင်းမှာ ဖော်ပြသွားပါတယ်။အန်အယ်လ်ဒီ အမတ် ဦးဖြိုးဇေယျာသော်ကို ရန်ကုန်မြို့က တိုက်ခိုက်မှုတချို့နဲ့ ပတ်သက်နေ

တန့်ဆည်မြို့ပေါ်အနီးတဝိုက် ပေါက်ကွဲမှုဖြစ်ပွား၊ ကျေးရွာတွေဘက်မှာလည်း ထွက်ပြေးတိမ်းရှောင်နေရသူ‌‌တွေရှိ

Posted: 20 Nov 2021 02:45 PM PST

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းက ကျေးရွာတွေဘက်မှာ စစ်ကောင်စီဘက်က ဒီနေ့ နို၀င်ဘာ ၂၀ ရက် မနက် အစောပိုင်းက လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ပကာရွာအနီးတဝိုက်က ရွာခံတွေ ထွက်ပြေး တိမ်းရှောင်‌ နေရပါတယ်။အဲဒီလို ထွက်ပြေးတိမ်းရှောင်တဲ့သူတွေထဲက အနည်းဆုံးလူငယ် (၃)ဦးခန့်ဟာ ကျောလည်၊ ကဘဲရွာတွေဘက်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ညနေ (၃)နာရီခွဲလောက်မှာ ကျောလည်၊ ကဘဲရွာအနီးမှာ ပစ်ခတ်မှု

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီကားများကို ရှော့တိုက်ဒုံးဖြင်တိုက်ခိုက် သေဆုံးမှုများရှိနိုင်

Posted: 20 Nov 2021 07:36 AM PST

နိုဝင်ဘာလ ၂၀၊ SGGစစ်ကိုင်းတိုင်းဒေကြီး၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှ စစ်ကောင်စီကားများကို ရှော့တိုက်ဒုံးများ အသုံးပြု၍ တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ယနေ့ နိုဝင်ဘာလ ၂၀ရက် ညနေပိုင်း ၂နာရီခန့်မှာ အရာတော်မြို့နယ်ဘက်ကနေ ဝက်လက်မြို့နယ်ဘက်ကို လာရောက်ခဲ့တဲ့ စစ်ကောင်စီကား ၁စီးကို ရှော့တိုက်ဒုံး ၂လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ရွာသာကြီးကျေးရွာအနီးမှာတိုက်ခိုက်ခဲ့တာ

ဖားချောင်းကျေးရွာမှ စစ်ကောင်စီသတင်းပေးဒလန် အသတ်ခံရပြီး​နောက် ပတ်ဝန်းကျင်အနီးရှိအိမ်များကိုခေါ်ယူစစ်ဆေး

Posted: 20 Nov 2021 06:32 AM PST

ပုံ - သေဆုံးသူ ဦးကျော်ဦး20 November 2021တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ကံပေါက်ဒေသ ဖားချောင်းကျေးရွာမှ စစ်ကောင်စီသတင်းပေးဒလန် ဦး​ကျော်ဦး အသတ်ခံရပြီး စစ်​ကောင်စီမှ ပတ်ဝန်းကျင်ရှိ​နေအိမ်များကို စစ်​ဆေး​​ကြောင်း သတင်းရရှိသည်။ ဒလန်ဦးကျော်ဦးသည် ယမန်နေ့က သေနတ်ဖြင့်ပစ်သတ်ခံရသူဖြစ်သည်။ သတ်ခံရသူအား NUG လက်အောက်မှပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF)နှင့် (KANBAUK DEFENSE FORCE-KBDF) တို့ပူးပေါင်းအဖွဲ့မှလုပ်ဆောင်

မိဘနဲ့ဝေး ပိုင်ဆိုင်မှုတွေပါ ချိတ်ပိတ်ခံထားရတဲ့ PDF ခေါင်းဆောင် တစ်ယောက် (ရုပ်သံ )

Posted: 20 Nov 2021 06:24 AM PST

မြင်းခြံမြို့ ကိုယ်စားပြုMG 6 ပျောက်ကြားတပ်ရဲ့ ခေါင်းဆောင် အသက် ၂၄နှစ်အရွယ် ဗိုလ်ကျော်လင်းထွန်းကို ဆက်သွယ် မေးမြန်းထားပါတယ်။ကျနော် က မြင်းခြံသားပါ အမှတ်၆ ရက်ကွက်က၊ အစကတော့ဆန္ဒလိုက်ပြတယ် နောက်တော့ဖြိုးခွင်းမှု့တွေရှိလာတယ်လေ ၊ အဲ့မှာ ကျနော်တို့ရက်ကွက်က ခံတပ်စဆောက်တာဘဲ မြင်းခြံမာက ခံတပ်ဆောက်တော့ အစကair gun တေနဲ့စပစ်ကျတယ်၊ ကျနော်တို့ Air gun တွေအဆင်မပြေတော့ Gas gun တွေ စလုပ်တယ် နောက်တော့ခံတပ်ကိုဖြို

စစ်ကောင်စီနှင့် ကိုးကန့်MNDAAတို့ မုံးကိုးခရိုင်ဖောင်းဆိုင်ဒေသ၌ တိုက်ပွဲဖြစ်ပွားပြီး ရွာတွင်းသို့လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ အမျိုးသမီးတစ်ဦးသေဆုံး

Posted: 20 Nov 2021 06:08 AM PST

နိုဝင်ဘာလ ၂၀ ရက်နေ့ယမန်နေ့ညနေမှ ယနေ့ နံနက်ပိုင်းအထိ  စစ်ကောင်စီ၏တပ်မ (၇၇)သည် မုံးကိုးခရိုင် ၊ ဖောင်းဆိုင်ဒေသ၊ ရှိကျိကျတောင်တန်းနှင့် မန်ရန်ဒေသတွင်ရှိသော ကိုးကန့်MNDAA၏တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သည်။ ထို့ပြင် စစ်ကောင်စီသည်  မန်ရန်တပ်စခန်းကိုလက်နက်ကြီးများ ဖြင့်ပစ်ခတ်တိုက်ခိုက်စဉ်တွင် လက်နက်ကြီးကျည်တစ်လုံးသည်  ရွာတွင်းသို့ကျရောက်ပေါက်ကွဲပြီး  ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးစထိမှန်ပြီး

ကလေးဒေသခံကာကွယ်ရေးဆေးတပ်ဖွဲ့က အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ပြီး အကြမ်းဖက် ဖက်ဆစ်စစ်တပ်က နားထင်တေ့ပစ်သတ်

Posted: 20 Nov 2021 06:00 AM PST

နိုဝင်ဘာ၂၀စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်မှာ နိုဝင်ဘာ၁၆ရက်နေ့က ကလေးဒေသခံကာကွယ်ရေးဆေးတပ်ဖွဲ့ကို အကြမ်းဖက်စစ်ကောင်စီမှ ဝင်ရောက်စီးနင်း ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပါသည်။ အဲ့ဒီဖမ်းဆီးမှုမှာ အမျိုးသမီး၉ဦးကိုသာ ဓာတ်ပုံနှင့်တကွ ဖမ်းဆီးနိုင်ခဲ့သည်ဟု အွန်လိုင်းပေါ်မှာပြန်နှံ့ခဲ့ပေမယ့် အမျိုးသမီးတစ်ဦးကိုတော့ အဓမ္မပြုကျင့်ပြီး နားထင်တေ့ပစ်သ တ်ခဲ့သည့်သတင်းကိုတော့ ဖုံးကွယ်ထားပေမယ့် ပြည်သူ့သတင်းမီဒီယာ RNAမှ ဒီကနေ့မှာ

ကသာမြို့နယ်ထဲက စစ်ကောင်စီတပ်များကိုKIAနဲ့ ကသာPDF ပူးပေါင်းအဖွဲ့ကတိုက်ခိုက် စကစတပ်သား ၅ဦး ကျဆုံး

Posted: 20 Nov 2021 05:52 AM PST

ဓာတ်ပုံ-တိုက်ပွဲတစ်ခုအတွင်းမှ KIA စစ်သားတစ်ဦးနိုဝင်ဘာ ၂၀ယနေ့ နိုဝင်ဘာ ၂၀ ရက်နေ့ နံနက် ၄နာရီ အချိန်ခန့်တွင် မိုးတားလေးကျေးရွာ တောင်ပေါ်ကျောင်းမှာတပ်ဆွဲထားသော စကစများ ထွက်သွားသည်ဟုသတင်းရရှိသဖြင့်  KIAနဲ့ ကသာPDF လှုပ်ရှားသော ကသာပကဖအဖွဲ့များစစ်ကြောင်းမှ လိုက်လံရှင်းလင်းတိုက်ခိုက်ခဲ့ကြောင်း katha revolution က ထုတ်ပြန်သည်။ မွန်းလွဲ ၂နာရီခန့်တွင် ကသာမြို့နယ်ချောင်းဝကျေးရွာ နှင့် ဆင်ကုန်တိုင်ကျေးရွာကြား

မန္တလေးမြို့တွင် အများပြည်သူပိုင်ပစ္စည်း ခိုးယူလုယက်နေသူများကို GRP အဖွဲ့က ရှင်းလင်းမည်ဟုဆို၊

Posted: 20 Nov 2021 05:45 AM PST

မန္တလေး၊ နိုဝင်ဘာ ၂၀မန္တလေးမြို့ပေါ်တွင် စစ်ကောင်စီ လက်နက်ကိုင်များ ခြေချင်းလိမ်သည်အထိ ကင်းပတ် လှည့်လည်နေသော်လည်း ခိုးဆိုး လုယက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် အဆိုပါ ခိုး၊ဆိုး၊လုနှိုက်များကို မလွှဲမရှောင်သာ ရှင်းလင်းတော့မည်ဟု GRP မြို့ပြပြောက်ကျားအဖွဲ့ (Guerrilla Rangers PDF) က ယနေ့ ထုတ်ပြန်သည်။"ကျွန်တော်တို့ GRP သည် ၁၇.၁၀.၂၀၂၁ တွင် ပြည်သူ့ကာကွယ်ရေး ပျောက်ကျားတပ်ဖွဲ့ အဖြစ် ဖွဲ့စည်းခဲ့သည်။

တန့်ဆည် ပညာရေးမှူးရုံးရှေ့ လမ်းသွားလမ်းလာများကို သေနတ်ပြ ငွေညှစ်နေသည့် စကစများ မိုင်းဆွဲခံရကာ နှစ်ဦးသေ၊

Posted: 20 Nov 2021 05:42 AM PST

တန့်ဆည်၊ နိုဝင်ဘာ ၂၀စစ်ကိုင်းတိုင်း တန့်ဆည်မြို့ပေါ်ရှိ မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ယနေ့ ညနေပိုင်းက လမ်းသွားလမ်းလာ ဒေသခံပြည်သူများကို သေနတ်ပြ ခြိမ်းခြောက်ကာ စစ်ဆေးငွေညှစ်နေသည့် စစ်ကောင်စီ လက်နက်ကိုင်များကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ နှစ်ဦး သေကြောင်း တန့်ဆည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က ထုတ်ပြန်သည်။"ညနေ ၄နာရီခွဲအချိန် တန့်ဆည်မြို့နယ် ရဲစခန်းမှ စကစတပ်များသည် ဆိုင်ကယ်ဖြင့် သုံးစီး၊ ကား အသေး တစ်

CDF ရဲဘော်များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင် စီရဟတ်ယာဥ် (၁) စီး မီးခိုးများထွက်ကာ ကျောက်ထုလေယာဥ်ကွင်းသို့ အရေးပေါ်ဆင်းသက်ခဲ့ရ

Posted: 20 Nov 2021 05:37 AM PST

နိုဝင်ဘာ ၂၀၊မကွေးတိုင်း၊ဆောမြို့နယ်အတွင်း နိုဝင်ဘာလ (၁၉) ရက်နေ့က တိုက်ပွဲတွင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF ရဲဘော်များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ရဟတ်ယာဥ်တစ်စီး ထိခိုက်မှုရှိခဲ့ပြီး  မီးခိုးတလူလူဖြင့် ကျောက်ထုလေယာဥ်ကွင်းသို့ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း ဆော PDF က သတင်းထုတ်ပြန်သည်။အဆိုပါရဟတ်ယာဥ်မှာ မည်သည့်အမျိုးအစားဖြစ်ကြောင်းနှင့် ထိခိုက်ပျက်ဆီးမှုအခြေအနေကို ထုတ်ပြန်ထားခြင်းမရှိပါ

မြောင်မြို့နယ်အတွင်းက ကျေးရွာအချို့ကို စစ်အုပ်စုက မီးရှို့ဖျက်ဆီး

Posted: 20 Nov 2021 03:54 AM PST

မြောင်၊ နိုဝင်ဘာ ၂၀၊ ၂၀၂၁။မြောင်မြို့နယ်အတွင်းက ကျေးရွာအချို့မှာ စစ်ကောင်စီတပ်တွေဝင်ရောက်ပြီး  မွှေနှောက်ရှာဖွေတာတွေအပြင် မီးရှို့ဖျက်ဆီးတာတွေလည်း လုပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းက ဘူးကိုင်းရွာ၊ ဆယ်ကျေးရွာ၊ ခေါင်းခွဲရွာ စတဲ့ကျေးရွာတွေမှာ  နိုဝင်ဘာ ၂၀ ရက် ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီတပ်သား ၅၀ လောက်က ဝင်‌ရောက်ရှာဖွေတာတွေအပြင် မီးရှို့ဖျက်ဆီးတာတွေလည်း လုပ်ခဲ့

မကွေးတိုင်း၊ ပေပင်ခုနှစ်ပင်ရွာက မိုင်တဲတာဝါတိုင်ကို PDF ၃ဖွဲ့ မိုင်းခွဲဖျက်ဆီး

Posted: 20 Nov 2021 03:52 AM PST

ပေါက်၊ နိုဝင်ဘာ ၂၀၊ ၂၀၂၁။မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ပေပင်ခုနှစ်ပင်ကျေးရွာရှိ စစ်ကောင်စီဒေါက်တိုင် မိုင်တဲတာဝါတိုင်ကို နိုဝင်ဘာ ၁၉ ရက် ယမန်နေ့ည ၈ နာရီ ခွဲခန့်က မိုင်းခွဲဖျက်စီးခဲ့တယ်လို့ ပေါက် PDF ဆီက သိရပါတယ်။ "ကျနော်တို့ PDF ၃ ဖွဲ့ပူးပေါင်းပြီး မိုင်းခွဲဖျက်ဆီးခဲ့တာပါ။ အချိန်ကတော့ ည ၈ နာရီခွဲလောက်ပါ။ စစ်ကောင်စီနဲ့ စီးပွားရေးမိတ်ဖက် ပတ်သက်သမျှကို ဖျက်ဆီးသွားမှာပါ။" လို့ ပေါက် PDF ရဲ့ ပြန်ကြားရေး

မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့်ကားများ‌ နေရာနှစ်နေရာတွင် မိုင်းဆွဲခံရ

Posted: 20 Nov 2021 03:51 AM PST

နိုဝင်ဘာလ ၂၀၊ SGGစစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့်ကားများ နေရာနှစ်နေရာမှာ မိုင်းဆွဲခံခဲ့ရပါတယ်။နိုဝင်ဘာလ ၂၀ရက် ယနေ့မနက် ၉နာရီအချိန်ခန့်က စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ ကား၂စီးကို မြောင်မြို့နယ် နဘက်ရွာအလွန်မှာ မိုင်း ၃လုံးခွဲပြီးတိုက်ခိုက်ခဲ့ပါတယ်။ ကား ၁စီးထိမိပြီး ကျန် ၁စီးပေါ်မှ ရမ်းသမ်းပစ်ခဲ့တယ်လို့သိရပါတယ်။ယနေ့မနက် ၉နာရီ၃၀မိနစ်

ဖားချောင်းကျေးရွာဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့် ဝင်ရောက်

Posted: 20 Nov 2021 03:45 AM PST

ရေဖြူ ၊ နိုဝင်ဘာ ၂၀တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူ မြို့နယ် ဖားချောင်းကျေးရွာဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့် ထပ်မံဖြည့်တင်းလာပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ဖားချောင်းကျေးရွာက စစ်ကောင်စီသတင်းပေး တစ်ဦးအသတ်ခံရမှုနဲ့စစ်ဆေးဖို့လာတဲ့ စစ်ကောင်စီကားတွေကို တောင်းရင်းအင်းကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာတွေကြောင့် လုပ်ဆောင်သူတွေကို ရှင်းလင်းဖို့ အင်အားဖြည့် လာတာဖြစ်တယ်

ဒီးမော့ဆို၊ စံပြ ၆ မိုင်တိုက်ပွဲအတွင်း ဇနီးမောင်နှံ နှစ်ယောက် ပစ်သတ်ခံရ

Posted: 20 Nov 2021 03:44 AM PST

ဒီးမော့ဆို၊ စံပြ ၆ မိုင်တိုက်ပွဲအတွင်း ဇနီးမောင်နှံ နှစ်ယောက် ပစ်သတ်ခံရ ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်ရွာရဲ့ ခရစ်ယာန်ဘုရားကျောင်းအနီးမှာ သေနတ်နဲ့အပစ်ခံရလို့ သေဆုံးခဲ့တဲ့ မောင်ထွန်းထွန်းငြိမ်းနဲ့ မချစ်စုဝေ ကို တွေ့ရစဉ် Photo: CJကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်ရွာရဲ့ ခရစ်ယာန်ဘုရားကျောင်းအနီးမှာ နိုဝင် ဘာ ၁၈ ရက်နေ့က စစ်ကောင်စီတပ်တွေ သေနတ်နဲ့ပစ်လိုက်လို့ ဇနီးမောင်နှံ နှစ်ယောက်

လှိုင်သာယာ၊ သောင်ကြီးရဲစခန်းမှာ ပေါက်ကွဲမှုရှိခဲ့ပြီး လူသေဆုံးနိုင်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ကြေညာ

Posted: 20 Nov 2021 03:42 AM PST

သောင်ကြီးရဲစခန်းတိုက်ခိုက်ခံရတဲ့ မှတ်တမ်းဗီဒီယိုစစ်ကောင်စီဘက်ကတော့ လက်လုပ်အသံဗုံးသာဖြစ်တယ်လို့ ထုတ်ပြန်ဒီကနေ့ နိုဝင်ဘာ (၂၀)ရက် မနက်အစောပိုင်းမှာ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာလမ်းမကြီးပေါ်မှာရှိတဲ့ သောင်ကြီးရဲစခန်းကို မနက် (၈)နာရီဝန်းကျင်မှာ ဒေသကာကွယ်ရေးအဖွဲ့က ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒေသကာကွယ်ရေးအဖွဲ့ CGF HTYရဲ့ ထုတ်ပြန်ချက်အရတော့ "မဟူရာ"စစ်ဆင်ရေး လို့သတ်မှတ်ပြီး ၄၀

ခိုး၊ ဆိုး၊ လုယက် ၊ မုဒိန်းမှုများ ကျူးလွန်တဲ့ ကျုံးရိုဆွမ်ကို CNDF က ယနေ့ကွပ်မျက်လိုက်တယ်လို့ထုတ်ပြန်

Posted: 20 Nov 2021 03:39 AM PST

၁။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း ဒုစရိုက်ပေါင်းစုံ ကျုးလွန်သည့် ကျုံးရိုဆွမ်အား ၂၀၂၁ ခုနှစ်၊ နို၀င်ဘာလ (၈) ရက်နေ့တွင် ၎င်းနေထိုင်သည့်ရွာသားများ၏ တိုင်ကြားချက်အရ သွားရောက်ဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။၂။ ကျုံးရိုဆွမ်သည် ကျေးရွာနှင့် အနီးတစ်ဝိုက်တွင် ခိုး၊ ဆိုး၊ လုယက် ၊ မုဒိန်းမှုများ ကျူးလွန်ခဲ့သည့်အတွက် ထောင်ဒါဏ်ကျခံခဲ့ရာမှ အကြမ်းဖက်စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သူ

စစ်ကောင်စီထုတ် Mytel ဖုန်းဆင်းကတ်၊ ငွေဖြည့်ကတ်များကို KNDF က ဖမ်းဆီးရမိပြီး မီးရှို့ဖျက်စီး

Posted: 20 Nov 2021 03:36 AM PST

စစ်ကောင်စီထုတ် Mytel ဖုန်းဆင်းကတ်နဲ့ ငွေဖြည့်ကတ်‌ကို သယ်ဆောင်လာသော ကုမ္ပဏီဝန်ထမ်း အမျိုးသား ၅ဦးကို ကရင်နီအမျိုးသား ကာကွယ်ရေးတပ် ( KNDF ) ၊ ကရင်နီအတပ်မတော် ( KA ) တို့က ဖမ်းဆီးရမိတယ်လို့ ဒီကနေ့ နိုဝင်ဘာလ ၂၀ရက်နေ့မှာ  KNDF က ထုတ်ပြန်ထားပါတယ်။ကုမ္ပဏီဝန်ထမ်းတွေကို ပြန်လွှတ်ပေးခဲ့ပြီး ဖုန်းဆင်းကတ်၊ ငွေဖြည့်ကတ်တွေကိုတော့ မီးရှို့ဖျက်စီးလိုက်တယ်လို့ သိရပါတယ်။Kantarawaddy Times 

ပံ့သကူအမှတ်နဲ့ အထုပ်ယူခဲ့ရာကနေ ပေါက်ကွဲမှုဖြစ်လို့ အမျိုးသားတစ်ဦး သေဆုံး

Posted: 20 Nov 2021 03:29 AM PST

ပံ့သကူအမှတ်နဲ့ အထုပ်ယူခဲ့ရာကနေ ပေါက်ကွဲမှုဖြစ်လို့ အမျိုးသားတစ်ဦး သေဆုံး ပံ့သကူကောက်ရင်း ဗုံးပေါက်ပြီး သေဆုံးသွားတဲ့ အနှေးယာဉ်လုပ်သား ဦးလှထွေး ဓာတ်ပုံကို တွေ့ရစဉ် Photo: Citizen Journalistရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်မှာ နိုဝင်ဘာ ၁၉ ရက် မနေ့ညက အမျိုးသားတစ်ယောက်ဟာ လမ်းပေါ် က အထုပ်တစ်ထုပ်ကို ပံ့သကူအမှတ်နဲ့ ကောက်ယူခဲ့ရာ အဲဒီအထုပ်လက်ထဲမှာတင် ပေါက်ကွဲပြီး သေဆုံး သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်

လှိုင်သာယာ သောင်ကြီးရဲစခန်း ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

Posted: 20 Nov 2021 03:26 AM PST

လှိုင်သာယာ သောင်ကြီးရဲစခန်း ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ လှိုင်သာယာမြို့နယ် သောင်ကြီးရဲစခန်းကို ဗုံးသီးနဲ့ ပစ်ခတ်နေတာကို တွေ့ရစဉ်။ Photo: HTY Informationရန်ကုန်မြို့ လှိုင်သာယာမြို့နယ်က သောင်ကြီးရဲစခန်းကို နိုဝင်ဘာ ၂၀ ရက် ဒီနေ့မနက်ပိုင်းက M 79 ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ ဒေသကာကွယ်ရေးအဖွဲ့က သတင်းထုတ် ပြန်ထားပါတယ်။လှိုင်သာယာမြို့နယ် အနော်ရထာလမ်းမကြီးပေါ်က

ထီးချိုင့်မြို့နယ်အတွင်း ယာခင်းတွေထဲနေထိုင်တဲ့ တောင်သူတွေထွက်ပြေးနေရ တဲတချို့မီးရှို့ခံရတယ်လို့ ဒေသခံတွေပြော

Posted: 20 Nov 2021 03:21 AM PST

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းက သစ်ဆုံးအင်းတောအနီးက ယာခင်းတွေထဲနေထိုင်တဲ့ တောင်သူတွေဟာ မနေ့ နိုဝင်ဘာ (၁၉)ရက်ကစပြီး ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ သစ်ဆုံးအင်း၊ ကျွဲကော၊ အင်းယား၊ ပိန်းချောင်းစတဲ့ ယာခင်းတဝိုက်က အနည်းဆုံးတဲ (၁၀)လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရ တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် ဒီကနေ့ နိုဝင်ဘာ (၂၀)ရက်မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရွာထဲဝင်ရောက် ရှာဖွေမယ်ဆိုတဲ့

ထိုင်းဝန်ကြီးချုပ်နဲ့ အမေရိကန် ထောက်လှမ်းရေး တွေ့ဆုံမှုမှာ မြန်မာ့အရေးဆွေးနွေး

Posted: 20 Nov 2021 03:17 AM PST

အမေရိကန် ထောက်လှမ်းရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေးဗစ်ကိုဟင်နဲ့ ထိုင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့ မနေ့က တံခါးပိတ် တွေ့ဆုံစည်းဝေးခဲ့ပြီး အဲဒီဆွေးနွေးမှုတွေမှာ မြန်မာ့အရေး ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ မနေ့က တွေ့ဆုံဆွေးနွေးမှုမှာ ဒေသတွင်းလုံခြုံရေး၊ မြန်မာနိုင်ငံရဲ့ လုံခြုံရေးအခြေအနေနဲ့ ထိုင်းနိုင်ငံက လူသားချင်းစာနာမှု

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.