သစ္ထူးလြင္ |
- တကူကျေးရွာ ယာယီစျေးက စျေးသည်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မောင်းထုတ်
- စစ်ကောင်စီခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
- ဖြုံဘူးရွာ၌ လူမရှိသောအိမ်များကို ဝင်ရောက်ဖျက်ဆီးမွှေနှောက်ပြီး ဗိုလ်ချုပ်ရုပ်ထုကို စစ်ကောင်စီအဖွဲ့က ဖျက်ဆီးသွား
- ဥသျှစ်ပင်မြို့ အရှေ့ရပ်သာရွာက NLD ပါတီဝင် ၂ ဉီး ဖမ်းဆီးခံရ
- ကလေးဝမြို့နယ်တွင် ဒလန်သတင်းပေးမှု့ကြောင့် ပြည်သူ ၂ ဦး ဖမ်းဆီးခံရ
- မော်လိုက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကြံခိုင်ရေးမှူးအိမ်အား ဗုံပစ်ဖောက်ခွဲ
- ဖြုတ်ချခံရတဲ့ ဆူဒန်ဝန်ကြီးချုပ် အာဏာသိမ်းစစ်တပ်နဲ့ သဘောတူညီချက် ရဖွယ်ရှိနေ
- ကျွန်းလှမြို့ အုန်းရှစ်ကုန်းရွာသားနှစ်ယောက် သေနတ်နဲ့ပစ်သတ်ခံရ
- ကျိုက္ကနဲဘုရားပွဲမှာ ရေနစ်ပြီး ၁၉ ယောက် သေဆုံး၊ ကယ်ဆယ်ရေးတွေ ဆက်ရှာဖွေနေဆဲ
- ကြယ်တောင် တိုက်ပွဲ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ၊ PDF အဖွဲ့က တစ်ယောက်ကျဆုံး
- လောင်းလုံးမြို့နယ်အနီးမှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေထိတွေ့တိုက်ပွဲဖြစ်၊ ပြည်သူတစ်ဦးအပါအဝင် နှစ်ဖက်ထိခိုက်သေဆုံးမှုရှိတယ်လို့ဆို
- အောင်ပန်းမြို့နေ မိသားစုဝင်သုံးဦးကို စစ်ကောင်စီမှ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွား
- တိုက်ပွဲတွင်းဖမ်းမိခဲ့သူ စစ်ကောင်စီတပ်သားတစ်ဦး ထွက်ပြေးသဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သေဆုံ
- ပေါက်မြို့ ခရီးသယ်တင်ကားပေါ်တွင် လက်နက်များဖမ်းမိခြင်းမှာ စစ်ကောင်စီက လုပ်ဇာတ်လုပ်ခြင်းဟု ပေါက် PDF ပြော
တကူကျေးရွာ ယာယီစျေးက စျေးသည်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မောင်းထုတ် Posted: 21 Nov 2021 06:01 AM PST တနင်္သာရီ၊ နိုဝင်ဘာ ၂၁တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာက သံတိုက်ယာယီစျေးမှာ စျေးရောင်းချနေတဲ့ စျေးသည်တွေကို နိုဝင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းမှာ ဆက်လက်စျေးမရောင်းချဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်မောင်းထုတ်ခဲ့တယ်လို့ သိရပါတယ်။ယနေ့မနက် ၆ နာရီကျော်ခန့်မှာ တကူအထက်တန်းကျောင်းရှေ့မှာ ဖွင့်လှစ်ထားတဲ့ ယာယီစျေးက စျေးသည်တွေကို စျေးမရောင်းဘဲ အိမ်ပြန်ကြဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ |
စစ်ကောင်စီခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ Posted: 21 Nov 2021 06:00 AM PST လှိုင်းဘွဲ့မြို့နယ်အောက်ဆီဂျင်စက်ရုံဖွင့်ပွဲမှာ မိန့်ခွန်းပြောနေတဲ့ ဦးစောမြင့်ဦးလှိုင်းဘွဲ့၊ နိုဝင်ဘာ ၂၁အာဏာသိမ်းစစ်ကောင်စီရဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး လိုက်ပါစီးနင်းလာတဲ့ယာဉ်တန်းဟာ ဘားအံ-လှိုင်းဘွဲ့လမ်းပေါ် တနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဒီကနေ့ မနက် ၁၁ နာရီအချိန်ခန့်က ဘားအံ-လှိုင်းဘွဲလမ်းတစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး |
Posted: 21 Nov 2021 05:57 AM PST ရေစကြို၊ နိုဝင်ဘာ ၂၁၊ ၂၀၂၁။ရေစကြိုမြို့နယ် ဖြုံဘူးကျေးရွာစစ်ကောင်စီနှင့် ပျူဒလန်အဖွဲ့များက နိုဝင်ဘာ ၂၀ ရက်နေ့ နေ့လည် ၁၂ အချိန်တွင် သေနတ်များပစ်ဖောက်ကာ ကျေးရွာရှိ ဗိုလ်ချုပ်ကြေးရုပ်ထုကိုလည်းဖျက်ဆီးပြီး အိမ်တွင်းရှိပစ္စည်းများအား မွှေနှောက်ဖျက်ဆီး ပစ္စည်းများ ယူဆောင်သွားကြကြောင်းဒေသခံများထံက သိရပါတယ်။"ဖြုံဘူးရွာကို ၁၂ နာရီဝန်းကျင်လောက်ဝင်တာ၊ဝင်ပြီးတော့သေနတ်တွေ ပစ်ဖေါက်ကြတယ်၊ လူတွေကမရှိကြဘူး၊ ရွာက |
ဥသျှစ်ပင်မြို့ အရှေ့ရပ်သာရွာက NLD ပါတီဝင် ၂ ဉီး ဖမ်းဆီးခံရ Posted: 21 Nov 2021 05:54 AM PST မနေ့ညကအဖမ်းခံရသူ ကိုစည်သူအောင်ပန်းတောင်း၊ နိုဝင်ဘာ ၂၁၊ ၂၀၂၁။ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ အရှေ့ရပ်သာရွာက NLD ပါတီဝင်တဦးကို နိုဝင်ဘာ ၂၀ ရက်နေ့ညက စစ်ကောင်စီကဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ဖမ်းဆီးခံရသူမှာ နိုင်ငံရေးအကျဉ်းသားဟောင် NLD ပါတီဝင် ကိုစည်သူအောင်ဖြစ်ပြီး၊ လာရောက်ဖမ်းစဥ်က သူအပါအဝင် NLD ရပ်ကျေးဥက္ကဌ ဦးကျော်သန်းကိုပါ တပါတည်းဖမ်းဆီးရန် လာရောက်ခဲ့သော်လည်း |
ကလေးဝမြို့နယ်တွင် ဒလန်သတင်းပေးမှု့ကြောင့် ပြည်သူ ၂ ဦး ဖမ်းဆီးခံရ Posted: 21 Nov 2021 05:52 AM PST နိုဝင်ဘာ ၂၁စစ်ကိုင်းတိုင်းဒေသကြီးကလေးဝမြို့နယ် ဇီးဒေါင့်ကျေးရွာနှင့် ကလေးဝ-ရေဦးကားလမ်းဘေးတစ်နေရာက နိုဝင်ဘာ ၂၀ရက်နေ့ ယမန်နေ့ညနှင့် ယနေ့နံနက်ပိုင်းက အကြမ်းဖက်စကစတပ်များဝင်ရောက်ကာ ဒလန်သတင်း ပေးတိုင်ကြားမှု့ကြောင့် ပြည်သူ ၂ဦး ဖမ်းဆီးခံရတာဖြစ်တယ်ဟု သိရပါတယ်။ မနေ့ည ၉ နာရီဝန်ကျင်က ရွာကိုဝင်လာပြီး တစ်ယောက်ဖမ်းပြီး ကျန်တစ်ယောက်ကိုတော့ ဒီနေ့မနက်ကမှ ကားလမ်းဘေးကရွာတစ်ရွာမှာ ဖမ်းတာဖြစတယ်လို့ သိရပါတယ်။ |
မော်လိုက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကြံခိုင်ရေးမှူးအိမ်အား ဗုံပစ်ဖောက်ခွဲ Posted: 21 Nov 2021 05:49 AM PST နိုဝင်ဘာ ၂၁စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်ရဲသွေး ဦးဆောင်သည့် ပျောက်ကျားတပ်ဖွဲ့မှ ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ဥက္ကဌအိမ်အား နိုဝင်ဘာ ၂၀ ရက်နေ့ယမန်နေ့ည ၆ နာရီက ဗုံးပစ်ဖောက်ခွဲခဲ့သည်ဟု သိရပါတယ်။အဆိုပါဖောက်ခွဲမှု့နှင့်အတူ လျှပ်စစ်ရုံး မီတာကျေးအဓမ္မကောက်ခံလျှက်ရှိသော EPC ရုံးအား ဖောက်ခွဲရန်စီစဥ်မှု့မအောင်မြင်ခဲ့ကြောင်းနှင့် မော်လိုက်မြို့နယ် ရပ်ကွက် |
ဖြုတ်ချခံရတဲ့ ဆူဒန်ဝန်ကြီးချုပ် အာဏာသိမ်းစစ်တပ်နဲ့ သဘောတူညီချက် ရဖွယ်ရှိနေ Posted: 21 Nov 2021 05:44 AM PST ရာထူးက ဖြုတ်ချခံထားရတဲ့ ဆူဒန်ဝန်ကြီးချုပ် Abdallah Hamdok.ရာထူးက ဖြုတ်ချခံထားရတဲ့ ဆူဒန်ဝန်ကြီးချုပ် Abdallah Hamdok ဟာ သူ့ကို ဝန်ကြီးချုပ်ရာထူး ပြန်ခန့်ထားရေးအတွက် တနင်္ဂနွေနေ့ အစောပိုင်းမှာ အာဏာသိမ်းစစ်တပ်နဲ့ သဘောတူညီချက် ရရှိထားပြီဖြစ်ကြောင်း ဝန်ကြီးချုပ်နဲ့ နီးစပ်သူရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းက ရေးပါတယ်။ပြီးခဲ့တဲ့လအတွင်း စစ်တပ်အာဏာသိမ်းလိုက်ပြီးတဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ |
ကျွန်းလှမြို့ အုန်းရှစ်ကုန်းရွာသားနှစ်ယောက် သေနတ်နဲ့ပစ်သတ်ခံရ Posted: 21 Nov 2021 05:36 AM PST စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ အုန်းရှစ်ကုန်းရွာကို နိုဝင်ဘာ ၂၀ ရက် မနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်က ဝင်ရောက်လာပြီး ရွာသားနှစ်ယောက် သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။တူမီးသေနတ်တွေ့လို့ဆိုပြီး သေနတ်နဲ့ ပစ်သတ်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျွန်းလှမြို့ခံတစ်ယောက်က ပြောပါတယ်။"မနေ့က စစ်သားတွေ ရွာဘက်လာတယ်ဆိုတာကြားတာနဲ့ အမျိုးသား၊ အမျိုးသမီးတွေ ရှောင်ကြတယ်။ အဲဒီမှာ အမျိုးသား |
ကျိုက္ကနဲဘုရားပွဲမှာ ရေနစ်ပြီး ၁၉ ယောက် သေဆုံး၊ ကယ်ဆယ်ရေးတွေ ဆက်ရှာဖွေနေဆဲ Posted: 21 Nov 2021 05:34 AM PST မွန်ပြည်နယ် သံဖြူဇရပ်မြို့က နာမည်ကြီး ဘုရားပွဲ တစ်ပွဲဖြစ်တဲ့ ကျိုက္ကနဲရေလယ်ဘုရားပွဲလာကြရင်း လူ ၁၉ ယောက် ဒီနေ့ သေဆုံးသွားပါတယ်။နိုဝင်ဘာလ ၂၁ ရက် ဒီကနေ့ မနက်ပိုင်းအစောပိုင်းမှာ ရေမြှင့်တက်လာကြောင့် ရေလယ်ခေါင်မှာရှိတဲ့ ဘုရားကိုသွားတဲ့လမ်း ရေနစ်မြုပ်ပြီး ဘုရားဖူးတွေ အခုလို သေဆုံးသွားရတယ်လို့ ကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။ဒီကနေ့ နေ့လယ် ၂ နာရီအထိ ရုပ်အလောင်း ၁၉ လောင်းကို ပြန်ရှာဖွေရရှိထားပြီး အဲဒီ |
ကြယ်တောင် တိုက်ပွဲ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ၊ PDF အဖွဲ့က တစ်ယောက်ကျဆုံး Posted: 21 Nov 2021 05:28 AM PST လောင်းလုံး၊ နိုဝင်ဘာ ၂၁လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာနဲ့ ဂေါ့အင်းရွာနားရှိ ကြယ်တောင်အနီးမှာ နိုဝင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ၊ PDF အဖွဲ့က တစ်ယောက်ကျဆုံးခဲ့တယ်လို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LPDF က ထုတ်ပြန်ထားပါတယ်။ယနေ့မနက်ပိုင်းမှာ လောင်းလုံးမြို့နယ်ကနေ ဂေါ့အင်းရွာဘက်ကို |
Posted: 21 Nov 2021 05:25 AM PST တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ညှင်းမော်ကျေးရွာနဲ့ ဂေါ့အင်းကျေးရွာအနားမှာ ဒီကနေ့နိုဝင်ဘာ ၂၁ရက်မနက်ပိုင်းကစစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားအပြန်အလှန် ထိ တွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဒီကနေ့မနက်ပိုင်း ၈နာရီခွဲဝန်းကျင်မှာ လောင်းလုံးမြို့နယ် အောက်ပိုင်းကိုဆင်းလာတဲ့ စစ်ကောင်စီတပ်ကားတွေကို ဒေသကာကွယ်ရေးတပ်တွေဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာဖြစ် |
အောင်ပန်းမြို့နေ မိသားစုဝင်သုံးဦးကို စစ်ကောင်စီမှ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွား Posted: 21 Nov 2021 05:20 AM PST သျှမ်းသံတော်ဆင့်၊ နိုဝင်ဘာလ (၂၀)ရက် သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှ မိသားစုဝင်သုံးဦးကို ဓားစာခံအဖြစ် စစ်ကောင်စီတပ်ဖွဲ့မှ ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန်တွင် အောင်ပန်းမြို့ရှိ အမှတ် ၃ ရပ်ကွက်၊ နယ်မြေ ၉၊ ငုဝါလမ်းတွင် ရှိသည့် နေအိမ်တစ်လုံးကို စစ်ကောင်စီတို့မှ အင်အား ၃၀ ခန့်ဖြင့် လာရောက်စီးနင်းကာ အိမ်ထဲမှ မိသားစုဝင် ၃ ဦး |
တိုက်ပွဲတွင်းဖမ်းမိခဲ့သူ စစ်ကောင်စီတပ်သားတစ်ဦး ထွက်ပြေးသဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သေဆုံ Posted: 21 Nov 2021 05:16 AM PST ရေစကြို၊ နိုဝင်ဘာ ၂၁၊ ၂၀၂၁။PDF ၃ဖွဲ့ရဲ့တိုက်ခိုက်ဖမ်းဆီးခံခဲ့ရတဲ့ စစ်ကောင်စီတပ်သားတစ်ဦးဟာ မနေ့က ထွက်ပြေးသွားတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီးသေဆုံးသွားခဲ့တယ်လို့ MG6 ပြောက်ကျားတပ်ရဲ့ ခေါင်းဆောင်ဆီက သိရပါတယ်။နိုဝင်ဘာ ၂၀ရက် နေ့လယ်ပိုင်းမှာ မကွေးတိုင်းရေစကြိုမြို့နယ် ရေလယ်ကျွန်းပေါ်က ရွာတွေကို မွှေနှောက်ဖမ်းဆီးပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတဲ့ စစ်အုပ်စုကို MG6 ပြောက်ကျားတပ်၊ YSO NO.1 နဲ့ ရေလယ်ကျွန်း |
Posted: 21 Nov 2021 05:13 AM PST ပေါက်၊ နိုဝင်ဘာ ၂၁၊ ၂၀၂၁။မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် ခရီးသည်ယာဉ်တစ်စီးကိုမသင်္ကာ၍ ယာဉ်ပေါ်ပါပစ္စည်းများကို ဖွင့်ဖောက်စစ်ဆေးရာမှ ဆိုင်ကယ်အင်ဂျင်အတွင်းထည့်သွင်းလာသည့် ကျည်ဆံများ၊ မွေ့ယာအတွင်း ထည့်သွင်းလာသည့် သေနတ်များ နှင့် အခြားဆက်စပ်ပစ္စည်းများကို ဖမ်းမိတယ်ဆိုတာ စစ်ကောင်စီအဖွဲ့ကလုပ်ဇာတ်လုပ်တယ်လို့ ပေါက် PDF ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။"ခရီးသည်ယာဥ်လိုင်းပေါ်မှာ လက်နက်တွေ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.