သစ္ထူးလြင္ |
- အကြမ်းဖက်စစ်ကောင်စီ အထည်ချုပ်စက်ရုံ တိုက်ခိုက်ခံရ
- NUG ရဲ့ ငွေတိုက်စာချုပ် အားပေးဝယ်ယူသူများပြား
- မြန်မာနိုင်ငံမှာ ဥပဒေမဲ့ အဖမ်းအဆီးများပြားလာမှု ကုလအထူးစိုးရိမ် (အတွင်းရေးမှူးချုပ်ပြောခွင့်ရ Stephane Dujarric)
- ဒီးမော့ဆို အနီး ညပိုင်း တိုက်ပွဲဖြစ်
- ပုသိမ်က တပ်ထဲမှာ ပေါက်ကွဲမှုဖြစ်
- တရုတ်-အာဆီယံ အစည်းအဝေး တွင် လည်း မင်းအောင်လှိုင်ကို မတွေ့ပြန်
- စစ်ကောင်စီ ရေယာဉ်ကို ချင်းတွင်းမြစ်တစ်နေရာကနေ စောင့်ကြိုတိုက်ခိုက်
- တိုင်းဦးစီးရုံးခန်း ဗုံးပေါက်ပြီးနောက် မြင်သာ(က.ည.န)ရုံး ပိတ်ထား
- နတ်လမ်းမှ ရေလယ်ဘုရားသွားဖူးသူများအနက် ရေနစ်သေဆုံးသူဦးရေ (၂၀) အထိ ရှိလာ
- အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ထံ သတင်းပေးပို့နေသော အရက်ရောင်းချသည့်လင်မယားနှစ်ဦး အသတ်ခံရ
- စစ်ကောင်စီ လက်အောက်ခံ BGF စီးနင်းဖျက်ဆီးခဲ့သည့် ဖလံတောင်တိုက်နယ်ဆေးရုံ အပျက်အစီးများ KNU ထုတ်ပြန်
- ကြို့ပင်ကောက်မြို့တွင် ဂိတ်စောင့်စစ်သားကို ပြည်သူတစ်ဦးကဂျင်ကလိဖြင့်ပစ်၍အပြင်းအထန်ဒဏ်ရာရ
- ကျောက်ပန်းတောင်းမြို့နယ် ရေငံရွာတွင် အသက်(၁၀)နှစ်အရွယ် ကလေးငယ် အပါအဝင် (၁၂)ဦးကို အာဏာသိမ်းစစ်တပ်က အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီးသွား
- ကျောက်မဲမြို့နယ်အတွင်း PDF များ မဝင်လာစေရန် အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဟောင်းများကို လက်နက်တပ်ပေးပြီး စောင့်ကြပ်ခိုင်းထား
- ဒီးမော့ဆိုမြို့တွင် အကြမ်းဖက်စစ်ကောင်စီနှင့်ကရင်နီပူးပေါင်းတပ်တို့ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွား
- စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ MNDAA ထပ်မံ သိမ်းဆည်းရမိ
- စစ်တပ်၏ဦးပိုင်က မြန်မာဘရူဝါရီကုမ္ပဏီကို ဖျက်သိမ်းရန် တရားရုံးတွင်ဦးတိုက်လျှောက်ထား
- ကသာနယ်တွင် စစ်တပ်ထုတ်ကုန် ဘီယာများ သယ်လာသည့် စက်လှေကို PDF က တားဆီးကာ ဘီယာများကို ဖျက်ဆီး
- မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌဟောင်း မသဲစုနိုင်ကို စကစများက နေအိမ်အတွင်း အကြမ်းဖက် စီးနင်းဝင်ရောက်ကာ ဖမ်းဆီး
- ထိုင်းတောင်ပိုင်းက ငါးဖမ်းလှေတစ်စင်းပေါ်မှာ မြန်မာနိုင်ငံသားအချင်းချင်း လူသတ်မှုဖြစ်ပွား
- စစ်ကောင်စီရဲ့ ဆီသယ်ယာဉ်ကို ကျောက်ထု PDF မီးရှို့ဖျက်ဆီး
- ခရစ္စတူးဘုရင်ဘုရားကျောင်း ဝင်ရောက်စီးနင်းခံရပြီးနောက် အဖမ်းခံရသူရှိ
- ကျိုက်ထိုမြို့နယ်က စစ်တပ်စခန်းတစ်ခုကို KNLA က သွားရောက်ပစ်ခတ်ခဲ့ရာ စစ်တပ်ဘက်က ၃ ဦး ဒဏ်ရာရရှိ
- စစ်ကောင်စီက ဘားအံမြို့က တံတားတွေမှာ လိုင်စင်မဲ့ယာဉ်တွေကို စတင်ဖမ်းဆီ
- ရွှေကူမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းကို KIA မိုင်းဆွဲတိုက်ခိုက်
အကြမ်းဖက်စစ်ကောင်စီ အထည်ချုပ်စက်ရုံ တိုက်ခိုက်ခံရ Posted: 22 Nov 2021 05:39 PM PST (၂၂.၁၁.၂၀၂၁) ( ကြေညာချက်အမှတ် ၆ / ၂၁) ၁။ ယနေ့ည ၉ နာရီ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်အတွင်း စစ်ခွေးများအခိုင်အမာတပ်စွဲထားသော နေရာများဖြစ်သည့် စနေမ(၅) ထိပ်ရှိ တပ်မတော်အထည်ချုပ်စက်ရုံ ၊ ရွှေလင်ဗန်းကျောင်းရှေ့မှတ်တိုင်အနီး နှင့် မြစိမ်းရောင်အိမ်ရာအနီး တို့တွင် အဝေးထိန်းဗုံး၆ လုံးဖြင့် မိမိတို့ HRDF အဖွဲ့မှ တိုက်ခိုက်ခဲ့ပါသည်။၂။ အဆိုပါတိုက်ခိုက်မှုတွင်စစ်ခွေးများဘက်မှာ ရမ်းသန်းစွာ ပြန်လည်ပစ်ခက်ခဲ့ |
NUG ရဲ့ ငွေတိုက်စာချုပ် အားပေးဝယ်ယူသူများပြား Posted: 22 Nov 2021 05:25 PM PST NUG အစိုးရ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက "အကြမ်းဖက်စစ်တပ် အမြစ်ဖြတ်ဖို့ ငွေတိုက်စာချုပ် ဝယ်ကြစို့" ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုဝင်ဘာ ၂၂ ရက်နေ့ မနေ့က စတင်ရောင်းချတဲ့ အမေရိကန်ဒေါ်လာ ၁ဝဝ၊ ၅ဝဝ၊ ၁ဝဝဝ နဲ့ ၅ဝဝဝ တန်ငွေတိုက်စာချုပ်တွေကို နိုင်ငံတကာရောက် မြန်မာတွေ အလုအယက် ဝယ်ယူနေကြရာမှာ ရောင်းချချိန် ၃ နာရီခွဲအတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းချခဲ့ရတယ်လို့ NUG အစိုးရဝန်ကြီးတစ်ဦးဖြစ်တဲ့ ဒေါက်တာဆာဆာက သူ့ရဲ့ ဖေ့စ် |
Posted: 22 Nov 2021 05:17 PM PST မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်က သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ဝင်တွေ၊ ပြည်သူတွေကို ထင်သလို ဖမ်းဆီးမှုတွေ တိုးလာနေသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ဝင်တွေနဲ့ ဒီမိုကရေစီဖေါ်ဆောင်ဖို့ လုပ်နေသူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာအတွက် ကုလသမဂ္ဂက အထူးစိတ်ပူကြောင်း အတွင်းရေးမှုးချုပ် ပြောခွင့်ရ Stephane Dujarric က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ |
ဒီးမော့ဆို အနီး ညပိုင်း တိုက်ပွဲဖြစ် Posted: 22 Nov 2021 04:46 PM PST ၁၅ မိုင်လောက် ရှည်တဲ့ ဒီးမော့ဆို - မိုးဗြဲကားလမ်း ဘယ်ညာ တလျောက်က နေအိမ်တွေမှာ မရှိသလောက်ဖြစ်သွားကယားပြည်နယ်ဒီးမော့ဆိုမြို့အနီးက စံပြ ခြောက်မိုင်ရွာ နဲ့ ဒေါပိုးစီ ရွာတွေဘက်မှာ စစ်ကောင်စီတပ်နဲ့ KNDFပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNDF က သတင်းတွေထုတ်ပြန်ပါတယ်။လွိုင်ကော်-ဒီးမော့ဆို လမ်းပေါ်က စံပြ ခြောက်မိုင်ရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို KNDF နဲ့ KAတို့က |
ပုသိမ်က တပ်ထဲမှာ ပေါက်ကွဲမှုဖြစ် Posted: 22 Nov 2021 04:44 PM PST ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ထဲက အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ)မှာ နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ပုသိမ်မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။ပေါက်ကွဲမှုအသံကို ၄ မိုင်လောက် ဝေးတဲ့ ပုသိမ်မြို့က ကြားခဲ့ရတယ်လို့လည်း အဲ့ဒီမြို့ခံက ပြောပါတယ်။ပုသိမ်မြို့အနီး သရက်ကုန်းကျေးရွာမှာရှိတဲ့ အမှတ် ၉၀၇ စစ်မြေပြင်အင်ဂျင်နီယာတပ်ထဲမှာ လက်နက်တိုက် ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ တပ်မိသားစုဝင်တွေ |
တရုတ်-အာဆီယံ အစည်းအဝေး တွင် လည်း မင်းအောင်လှိုင်ကို မတွေ့ပြန် Posted: 22 Nov 2021 04:40 PM PST တရုတ်-အာဆီယံ ထိပ်တန်း ခေါင်းဆောင်ကြီးများ အွန်လိုင်း မှ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် မြန်မာ နိုင်ငံ၏ ခေါင်းဆောင် အဖြစ် ခံယူထားသူ မင်းအောင်လှိုင် ကို မည်သူကမျှ လက်မခံ၍ ဘေးထွက် ထိုင် နေရသည့် ရှက်ဖွယ်လိလိ အဖြစ်ကြီး နှင့် ကြုံခဲ့ရပြန်သည်။ ထိုသတင်းကိုလည်း ကမ္ဘာမီဒီယာများက ဝေဝေဆာဆာ ဖေါ်ပြလာကြပြန်သည်။ယခု ဖြစ်စဉ်သည် စစ်ကောင်စီ အဖို့ အာဆီယံ ထိပ်သီး အစည်း အဝေး တက်ရောက်ခွင့် ငြင်းပယ်ခံခဲ့ရစဉ်ထက် အဆပေါင်းများ |
စစ်ကောင်စီ ရေယာဉ်ကို ချင်းတွင်းမြစ်တစ်နေရာကနေ စောင့်ကြိုတိုက်ခိုက် Posted: 22 Nov 2021 09:55 AM PST နိုဝင်ဘာ(၂၂)မုံရွာ အလုံဆိပ်ကမ်းကနေ ဒီကနေ့ မနက်(၉)နာရီဝန်းကျင်က ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီမော်တော်ရေယာဉ်ကို ဒေသခံPDF တွေဖြစ်တဲ့ B-21၊GTFနဲ့ ရပ်ရွာ ပ၊က၊ဖအဖွဲ့တွေ ပူးပေါင်းပြီး နေ့လည်(၂)နာရီဝန်းကျင်မှာ တို က်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။မြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီရေယာဉ်ကို မုဒ်ထောကျေးရွာအနားကနေ စောင့်ကြိုတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ PDF ရဲဘော်တစ်ယောက်က ပြောပါတယ် |
တိုင်းဦးစီးရုံးခန်း ဗုံးပေါက်ပြီးနောက် မြင်သာ(က.ည.န)ရုံး ပိတ်ထား Posted: 22 Nov 2021 09:51 AM PST ပုံစာ - မြင်သာ က.ည.န ရုံး (ပုံဟောင်း)ရန်ကုန်၊ နိုဝင်ဘာ ၂၂ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ်ရှိ မြင်သာ က.ည.န လိုင်စင်ရုံးကို ပိတ်သိမ်းထားကြောင်း မျက်မြင်သက်သေများက လူငယ့်ခေတ်သို့ ပြောသည်။ အကြမ်းဖက်စစ်အောက်စီလက်အောက်ခံ လိုင်စင်လုပ်ငန်းများ ဆောင်ရွက်ပေးသည့် မြင်သာရုံးရှိ တိုင်းဦးစီးအခန်း နိုဝင်ဘာ(၁၉)ရက် နေလယ်ပိုင်းက ပါဆယ်ဗုံးပေါက်ကွဲပြီးနောက် ယခုကဲ့သို့ ပိတ်လိုက်ခြင်းဖြစ်သည်။ပေါက်ကွဲ |
နတ်လမ်းမှ ရေလယ်ဘုရားသွားဖူးသူများအနက် ရေနစ်သေဆုံးသူဦးရေ (၂၀) အထိ ရှိလာ Posted: 22 Nov 2021 09:50 AM PST သံဖြူဇရပ်၊ နိုဝင်ဘာ ၂၂ကျိုက်နဲ ရေလယ်ဘုရားပွဲသို့ သွားရောက်စဉ် ပင်လယ်အတွင်းမျောပါသွားသူများကို ရှာဖွေနေရာ ရုပ်အလောင်း (၂၀)အထိ ရှိလာပြီဖြစ်ကြောင်း ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းမှ သိရသည်။မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲကလောင် ကျေးရွာနှင့် အံခဲကျေးရွာအကြားရှိ ကျိုက်နဲ ဘုရားပွဲသို့ လာရောက်သူများသည် ရေတက်နေသည်ကို ဂရုမပြုဘဲ သွားလာခြင်းကြောင့် ယခုကဲ့သို့ ရေနှင့် မျာပါ ဆုံးပါးသွားကြခြင်းဖြစ်သည်ဟု |
အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ထံ သတင်းပေးပို့နေသော အရက်ရောင်းချသည့်လင်မယားနှစ်ဦး အသတ်ခံရ Posted: 22 Nov 2021 09:47 AM PST ဓာတ်ပုံ-CJနိုဝင်ဘာ ၂၂စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်မြစ်ရိုးအောက်ဒေသ တုံရွာအုပ်စု ရွာသစ်ကုန်းကျေးရွာတွင် နိုဝင်ဘာ၂၁ရက်နေ့ ည၁၀နာရီဝန်းကျင်ခန့်က အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ဝင်တို့အား သတင်းပေးပို့နေသည့် အရက်ရောင်းချသူလင်မယားနှစ်ဦးကို သေနတ်နှင့်ပစ်သတ်သွားတယ်လို့ မိတ်ဖက်မျက်မှောတ်ခေတ်သတင်းဌာနထံမှ သိရသည်။အဲ့ဒီလင်မယားနှစ်ဦးဟာ အရင်ကချဲရောင်းသည့်လုပ်ငန်းကိုလုပ်ကိုင်ခဲ့ပြီး ယခုအခါ အရက်ချက် |
စစ်ကောင်စီ လက်အောက်ခံ BGF စီးနင်းဖျက်ဆီးခဲ့သည့် ဖလံတောင်တိုက်နယ်ဆေးရုံ အပျက်အစီးများ KNU ထုတ်ပြန် Posted: 22 Nov 2021 09:40 AM PST အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF) တပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းပြီး ဖျက်ဆီးခဲ့သည့် ဖလံတောင် တိုက်နယ်ဆေးရုံ အပျက်အစီး ဓာတ်ပုံများကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်ခဲ့သည်။ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ရက်က BGF တပ်ဖွဲ့များသည် ဘားအံမြို့နယ် ဖလံတောင်ကျေးရွာရှိ ၁၆ကုတင်ဆံ့ တိုက်နယ်ဆေးရုံကို ဝင်ရောက် စီးနင်းကာ ဆေးရုံမှ ဆေးဝါးပစ္စည်းမျး၊ လူနာ |
ကြို့ပင်ကောက်မြို့တွင် ဂိတ်စောင့်စစ်သားကို ပြည်သူတစ်ဦးကဂျင်ကလိဖြင့်ပစ်၍အပြင်းအထန်ဒဏ်ရာရ Posted: 22 Nov 2021 09:37 AM PST ပဲခူးတိုင်းအနောက်ခြမ်း ကြို့ပင်ကောက်မြို့တွင် ယနေ့ညနေပိုင်းက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြည်သူတစ်ဦးက ဂျင်ကလိဖြင့်ပစ်ခတ်ခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း ဒေသခံများက ပြောသည်။ယနေ့ (နိုဝင်ဘာ ၂၂ ရက်) ညနေ ၅း၃၀ နာရီအချိန်က ကြို့ပင်ကောက်မြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်အား လောက်လေးခွတွင် သံချွန်ထည့်ပစ်ရသည့် ဆင်းတစ်(ခ) ဂျင်ကလိဖြင့် ပြည်သူတစ်ဦးက တစ်ကိုယ်တော် |
Posted: 22 Nov 2021 09:36 AM PST မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျားနေအိုင့်ကျေးရွာအုပ်စုအတွင်း ရေငံရွာမှ အသက်(၁၀)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် (၁၂)ဦးကို အာဏာသိမ်းစစ်တပ်က အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီးသွားသည့်အပြင် ကျေးရွာတွင်းမှ ကားနှင့်ငွေများကိုပါ ယူဆောင်သွားကြောင်း သိရသည်။၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၁)ရက်နေ့ နံနက်(၆)နာရီခွဲဝန်းကျင်အချိန်က အာဏာသိမ်းစစ်တပ်က သေနတ်များကိုင်ဆောင်ကာ အရပ်ဝတ်များဖြင့် ရေငံ |
Posted: 22 Nov 2021 09:35 AM PST ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်ရှိ စစ်မှုထမ်းဟောင်းများကို အာဏာသိမ်းအဖွဲ့က လက်နက်တပ်ဆင်ပေးပြီး မြို့စွန်မြို့ဖျားနေရာများတွင် နေရာချထားပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF များ ဝင်မလာစေရေးအတွက် စောင့်ကြပ်ခိုင်းထားကြောင်း သိရသည်။အာဏာသိမ်းအဖွဲ့က အဆိုပါအစီအစဉ်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၈)ရက်နေ့ကတည်းက ကျောက်မဲမြို့နယ်အတွင်း စတင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။"အရင်က ဗဟိုဈေးနားမှာ ဆိုင်ကယ်အပ် |
ဒီးမော့ဆိုမြို့တွင် အကြမ်းဖက်စစ်ကောင်စီနှင့်ကရင်နီပူးပေါင်းတပ်တို့ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွား Posted: 22 Nov 2021 09:31 AM PST ၂၀၂၁ ခုနှစ် နိုဝင်ဘာလ၂၂ ရက်နေ့ ဒီးမော့ဆိုမြို့ စံပြ ၆မိုင်နှင့် ဒေါပိုးစီကျေးရွာတို့တွင် အကြမ်းဖက်စစ်ကောင်စီနဲ ကရင်နီပူးပေါင်းတပ်တို့ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၂ ဉီးဆုံးသွားခဲ့ပါသည်။ မိမိတို့ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိပါ။ ထို့အပြင်အကြမ်းဖက်စစ်ကောင်စီသည် တပ်အင်အား ၇၀ ကျော်ဖြင့် စံပြ ၆မိုင် ကက်သလစ်ဘုရားကျောင်းတွင်မှာ တပ်စွဲထားလျက်ရှိပြီး လွိုင်ကော်မြို့ခရစ္စတူး |
စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ MNDAA ထပ်မံ သိမ်းဆည်းရမိ Posted: 22 Nov 2021 09:26 AM PST အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို နိုဝင်ဘာ ၂၁ရက်တွင် ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)က ယနေ့ ထုတ်ပြန်သည်။MNDAA ရှေ့တန်းနယ်မြေ၌ စစ်ကောင်စီတပ်က စွန့်ပစ်ထားသည့် ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သေနတ် ၂လက်၊ ကျည်ဆံများ၊ ဖုန်းနှင့် ကျည်ကာအင်္ကျီများ ကို ရိုက်ကူးထားသည့် ရုပ်သံဖိုင် ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။ ရှေ့တန်းနယ်မြေ၏ တည်နေရာကို ဖော်ပြမထားသော်လည်း ကိုး |
စစ်တပ်၏ဦးပိုင်က မြန်မာဘရူဝါရီကုမ္ပဏီကို ဖျက်သိမ်းရန် တရားရုံးတွင်ဦးတိုက်လျှောက်ထား Posted: 22 Nov 2021 09:24 AM PST (ဓါတ်ပုံ- စစ်ကိုင်းတိုင်းအတွင်းရောင်းချရန်သယ်ဆောင်လာသောမြန်မာဘီယာများကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကဖမ်းဆီးပြီး ဖျက်ဆီးခဲ့သည်။)အာဏာသိမ်းစစ်တပ်ပိုင်မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီက မြန်မာဘီယာထုတ်လုပ်နေသည့် Myanmar Brewery ကုမ္ပဏီကို ဖျက်သိမ်းရန် အနောက်ပိုင်ခရိုင်တရားရုံးကိုဦးတိုက်လျှောက်ထားလိုက်သည်။ ဦးပိုင်ဘက်က နိုဝင်ဘာ ၁၉ ရက်တွင် တရားရုံးကို တင်ပြလျှောက်ထားခဲ့ပြီး ဒီဇင်ဘာ ၁၀ ရက်တွင် |
ကသာနယ်တွင် စစ်တပ်ထုတ်ကုန် ဘီယာများ သယ်လာသည့် စက်လှေကို PDF က တားဆီးကာ ဘီယာများကို ဖျက်ဆီး Posted: 22 Nov 2021 09:21 AM PST စက်လှေဖြင့် သယ်လာသော စစ်တပ်ထုတ်ကုန်များ/ Photo – Indaw Revolution – IRနိုဝင်ဘာ -၂၂စစ်ကိုင်းတိုင်း အထက်ပိုင်း ကသာခရိုင်တွင် ကသာဘက်မှ ရွှေကူဘက်သို ရေကြောင်းလမ်းဖြင့် စစ်တပ်ထုတ်ကုန် မြန်မာဘီယာများ စက်လှေအပြည့် တင်ဆောင်လာသော စက်လှေတစ်စီးကို ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဖြစ်သော မြို့လှ PDF (မိုက်ရူးရဲ အဖွဲ့)က ဖမ်းဆီးကာ ဘီယာများကို ဖျက်ဆီးခဲ့သည်ဟု ဒေသတွင်း တော်လှန်ရေးအင်အားစုတစ်ခု ဖြစ်သော Indaw |
Posted: 22 Nov 2021 09:18 AM PST နိုဝင်ဘာ - ၂၂မိတ္ထီလာမြို့ ရန်မျိုးအောင် ရပ်ကွက်နေ မိတ္ထီလာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဌဟောင်း ဖြစ်သူ မသဲစုနိုင်ကို စစ်ကောင်စီ လက်နက်ကိုင်များက ယနေ့ နိုဝင်ဘာ (၂၂)ရက်တွင် နေအိမ်အတွင်း အကြမ်းဖက်စီးနင်းဝင်ရောက်ကာ သေနတ်ပစ်ဖောက်၍ ဖမ်းဆီးသွားကြောင်း နီးစပ်သူများက MFP သို့ ပြောသည်။ယနေ့ ညနေ (၄)နာရီခွဲကျော်အချိန်တွင် စစ်ကောင်စီ လက်နက်ကိုင်များ မသဲစုနိုင်၏ နေအိမ်သို့ အကြမ်းဖက် စီးနင်းဝင်ရောက်လာကာ |
ထိုင်းတောင်ပိုင်းက ငါးဖမ်းလှေတစ်စင်းပေါ်မှာ မြန်မာနိုင်ငံသားအချင်းချင်း လူသတ်မှုဖြစ်ပွား Posted: 22 Nov 2021 09:13 AM PST နိုဝင်ဘာ-၂၂၊၂၀၂၁ထိုင်းနိုင်ငံတောင်ပိုင်း စတူခရိုင် ပင်လယ်ပြင်ထဲမှာရှိတဲ့ ငါးဖမ်းလှေတစ်စင်းပေါ်မှာ ဒီကနေ့မနက်ပိုင်းက မြန်မာနိုင်ငံသားအချင်းချင်း လူသတ်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ထိုင်းရေတပ် (THAIMECC3 )က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီကနေ့ မနက် ၆ နာရီခွဲအချိန်က စတူခရိုင် ပင်လယ်ပြင်ထဲမှာရှိတဲ့ ငါးဖမ်းလှေတစ်စင်းပေါ်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေဖြစ်ကြတဲ့ အသက် ၂၄ နှစ်အရွယ်ရှိတဲ့ အောင် |
စစ်ကောင်စီရဲ့ ဆီသယ်ယာဉ်ကို ကျောက်ထု PDF မီးရှို့ဖျက်ဆီး Posted: 22 Nov 2021 03:18 AM PST ကျောက်ထု၊ နိုဝင်ဘာ ၂၂၊ ၂၀၂၁။နိုဝင်ဘာ ၂၁ရက် မနေ့က ကျောက်ထု - ပခုက္ကူလမ်းပိုင်းမှာ ဆီသယ်ယာဉ်တစ်စီးကို ကျောက်ထု PDF က စစ်ဆေးခဲ့ချိန်မှာ စစ်ကောင်စီရဲ့ ပုံမှန်ဆီသယ်ပေးနေတဲ့ ကားဖြစ်နေလို့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျောက်ထု PDF က ထုတ်ပြန်ထားပါတယ်။"၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်နေ့တွင် ကျောက်ထု-ပခုက္ကူလမ်းပိုင်းတစ်နေရာ၌ ဆီသယ်ကားတစ်စီးအား Kyaukhtu PDF မှစစ်ဆေးခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်၏ ပုံမှန်ဆီသယ်ယူနေ |
ခရစ္စတူးဘုရင်ဘုရားကျောင်း ဝင်ရောက်စီးနင်းခံရပြီးနောက် အဖမ်းခံရသူရှိ Posted: 22 Nov 2021 03:15 AM PST လွိုင်ကော်မြို့ နောင်ယားရပ်ကွက်ရှိ ခရစ္စတူးဘုရင်ဘုရားကျောင်းကို ရဲ၊ စစ်သားအင်အားအများအပြားက ဒီမနက်ပိုင်းမှာ ဝင်ရောက်စီးနင်းရှာဖွေပြီးနောက် နေ့ခင်းပိုင်းမှာတော့ ဘုန်းကြီး၊ စစ်စတာ၊ ဂရုဏာဆေးခန်းမှ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြင်တွေ့သူတွေက ပြောပါတယ်။ "ကိုယ်တော်ကော စစ်စတာလည်းပါတယ် တူတူခေါ်သွားတာ ရဲကားအငယ် ၂စီးနဲ့ နေ့ခင်း ၁နာရီလောက်ကထင်တယ်။ လူနာတွေလည်းလာခေါ်သွားတယ် ရွှေ |
ကျိုက်ထိုမြို့နယ်က စစ်တပ်စခန်းတစ်ခုကို KNLA က သွားရောက်ပစ်ခတ်ခဲ့ရာ စစ်တပ်ဘက်က ၃ ဦး ဒဏ်ရာရရှိ Posted: 22 Nov 2021 03:09 AM PST စစ်ကောင်စီတပ်က ရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ နေအိမ်အချို့ ပျက်စီးနိုဝင်ဘာ-၂၂၊၂၀၂၁ကျိုက်ထိုမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ(၂၀၇) တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၁ က သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က ၃ ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူ ဒူးသထူခရိုင်က သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၂၁ ရက်နေ့ ညနေ ၆ နာရိအချိန်ခန့်က ကေအဲန်ယူ ဒူးသထူခရိုင် ကျိုက်ထိုမြို့နယ် သိမ် |
စစ်ကောင်စီက ဘားအံမြို့က တံတားတွေမှာ လိုင်စင်မဲ့ယာဉ်တွေကို စတင်ဖမ်းဆီ Posted: 22 Nov 2021 03:01 AM PST အဖွဲ့အစည်းလက်မှတ်ပါတဲ့ လိုင်စင်မဲ့ယာဉ်တွေကိုပါ ဖမ်းဆီးသိမ်းဆည်းသွားမယ်လို့ သိရနိုဝင်ဘာ-၂၂၊၂၀၂၁ဘားအံမှာ လိုင်စင်မဲ့ယာဉ်တွေကို စစ်ကောင်စီက ဖမ်းဆီးသိမ်းဆည်းသွားမှာဖြစ်ပြီး ဒီလိုဖမ်းဆီးသွားမယ့်အကြောင်းကို ဘားအံမြို့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ဆက်ဆံရေးရုံးတာဝန်ခံတွေထံ အသိပေးပြောကြားခဲ့တယ်လို့ ဆက်ဆံရေးရုံးက တာဝန်ခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းက ဘားအံ |
ရွှေကူမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းကို KIA မိုင်းဆွဲတိုက်ခိုက် Posted: 22 Nov 2021 02:59 AM PST ရွှေကူမြို့နယ် တောင်ကတုံးကျေးရွာ၏ အနောက်ဘက်ခြမ်းတွင် စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ မွန်းလွဲ ၂ နာရီခန့်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ရွှေကူမြို့ မြစ်ကြောင်းတစ်လျှောက် ခြေကျင်ဖြင့်တက်လာခဲ့သည့် စစ်ကောင်စီတပ်ကို KIA က မိုင်းခွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက် ထိခိုက်မှုရှိနိုင်ကြောင်း ရွှေကူဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.