Sunday, December 12, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ကလေး၀ - ယာကြီးလမ်းမှ တက်လာသည့် စကစ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး (၃၀) ဦး သေဆုံးဟုဆို

Posted: 11 Dec 2021 06:55 AM PST

MFP ၊ ဒီဇင်ဘာ - ၁၁ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ကလေး၀ - ယာကြီးလမ်းမှ တက်လာသည့် စစ်ကား (၄) စီးပါသည့် ယာဉ်တန်းကို ဒီဇင်ဘာ (၁၀) ရက်နေ့တွင် တောင်တွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် စကစဘက်မှ (၃၀) ဦး သေဆုံးခဲ့ကြောင်း တောင်တွင်း PDF က ထုတ်ပြန်သည်။ " ဒီဇင်ဘာ (၁၀) ရက်နေ့တွင် ကလေးဝမြို့မှ တက်လာသော စစ်ကောင်စီကား (၄) စီးအား (၇၅) မိုင် အရောက်တွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစ

စစ်ကောင်စီမိသားစုများနှင့် ဝန်ထမ်းများနေထိုင်ရာ စက်မှု ၂ သို့ရေပို့သော ရေစက်များကို PRA ဖျက်ဆီး

Posted: 11 Dec 2021 06:46 AM PST

မြိုင်၊ ဒီဇင်ဘာ ၁၁၊ ၂၀၂၁။မကွေးတိုင်း၊ မြိုင်မြို့နယ် အတွင်းရှိ စက်မှု(၂) သို့ ရေပို့နေသော ရေစက်များကို ဒီဇင်ဘာလ ၁၁ရက်နေ့က People Revolution Army (PRA) ပြည်သူ့တော်လှန်ရေးတပ်မတော်၊ တပ်ခွဲ (၁၆) မှ မီးရှို့ဖျက်ဆီးပစ်ခဲ့ကြောင်း PRA မှ ဗိုလ်ဂျပန်က မြေလတ်အသံသို့ပြောပါတယ်။"မနက် ၁၀ နာရီလောက်ကချတာခင်ဗျ၊ ပျက်ဆီးမှုကတော့ ကျနော်တို့ မိုင်းခွဲတာတော့မရှိဘူး၊ ဒီအတိုင်း ဓါတ်ဆီလောင်းတယ်၊ မီးရှို့တယ်ပေါ့၊ သူတို့

ဝမ်းတွင်မြို့နယ်ရှိ သတင်းပေးဒလန်တစ်ဦးကို WTRF ရှင်းလင်း

Posted: 11 Dec 2021 06:41 AM PST

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်ရှိ သတင်းပေးဒလန်ဆိုသူတစ်ဦးကို အဆုံးစီရင်၍ သုတ်သင်ရှင်းလင်းခဲ့ကြောင်း Wundwin Township Revolution Force - WTRF က ယနေ့(ဒီဇင်ဘာ ၁၁)ည ထုတ်ပြန်သည်။"သေဒဏ်စာရင်းထဲက ဒလန်တစ်ကောင် ဝမ်းတွင်းမြို့နယ် မန်ကျည်းအုပ်ကျေးရွာ ပျူစောထီးသင်တန်း ဆင်း စကစ သတင်းပေး ဒလန်အောင်ဆန်းနိုင်အား ၁၁-၁၂-၂၀၂၁ တွင်   WTRFမှ အဆုံးစီရင်ပေးလိုက်သည်"ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ဝမ်းတွင်းမြို့နယ်တွင်

ခရမ်းမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ​သေနတ်ဖြင့် ပစ်ခံရ

Posted: 11 Dec 2021 06:36 AM PST

ခရမ်းမြို့နယ်တွင် ယနေ့(ဒီဇင်ဘာ ၁၁)ညနေပိုင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခံရကြောင်း ဒေသခံများက ပြောသည်။ယနေ့ ညနေ ၆ နာရီခန့်တွင် ခရမ်းမြို့နယ် တမံကြီးကျေးရွာအုပ်ချုပ်ရေးမှူး မြင့်ဇော်နိုင်ဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ခရမ်ဆေးရုံသို့ပို့ထားရပြီး သေဆုံးခြင်းရှိ၊ မရှိကို မသိရသေးပေ။သေနတ်ဖြင့် ပတ်ခတ်ခံရသည့် ဒလန်မြင့်ဇော်နိုင်သည် စစ်ကောင်စီက ဒုတိယအကြမ်ခန့်အပ်သည့် တမံကြီး

ကနီမြို့နယ် ဆယ်ရွာချောင်အုပ်စုတွင် စစ်ကား (၃) စီးမီးလောင်၍ စစ်သား (၄၀) ခန့် သေဟုဆို

Posted: 11 Dec 2021 06:32 AM PST

MFP ၊ ဒီဇင်ဘာ - ၁၁ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ဆယ်ရွာချောင်အုပ်စုအနီးသို့ တက်လာသည့် စကစတပ်ဖွဲ့ယာဉ်တန်းကို ဒီဇင်ဘာ (၁၀) ရက်၊ မနက် (၁၁) နာရီအချိန်တွင် မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကား သုံးစီး မီးလောင်၍ စစ်သား (၄၀) ခန့် သေဆုံးခဲ့ကြောင်း ကနီ PDF (KLG)က ထုတ်ပြန်သည်။ " ဆယ်ရွာချောင်အုပ်စုအနီးသို့ တက်လာသော စကစယာဉ်တန်းကို KLG PDF နှင့် ဒေသခံကာကွယ်ရေး တပ်များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြပါတယ်။

မန္တလေး၌ သပိတ်စုရပ်သို့ လာချိန် စစ်ကားဖြင့် တိုက်ဖမ်းခံရသော မခိုင်ဇင်ဖူးထံမှ ရာချီသော လက်လုပ်မိုင်းများ၊ ဖောက်ခွဲရေး ပစ္စည်းများ ဖမ်းမိဟု စစ်အုပ်စု ထုတ်ပြန်

Posted: 11 Dec 2021 06:30 AM PST

ပုံစာ - မခိုင်ဇင်ဖူး နေထိုင်သော အိမ်မှ ဖမ်းမိသည်ဆိုသော ဖောက်ခွဲရေးပစ္စည်းများMFP ၊ ဒီဇင်ဘာ - ၁၁မန္တလေးမြို့၌ ဒီဇင်ဘာ(၈)ရက်က အရုဏ်ဦးသပိတ်ပြုလုပ်ရန်  စုရပ်နေရာသို့ လာရောက်ချိန် စစ်ကားဖြင့် တိုက်ကာ အကြမ်းဖက် ဖမ်းဆီးခံရသော မခိုင်ဇင်ဖူးထံမှ လက်လုပ်မိုင်း အလုံးရေ (၁၀၀)နှင့်အတူ ဖောက်ခွဲရေးပစ္စည်းများပါ ဖမ်းမိခဲ့သည်ဟု အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲသတင်းထုတ်ပြန်သည်။အသက်(၂၀)အရွယ် မခိုင်ဇင်ဖူးကို စစ်အုပ်စုက

ပုသိမ်ကြီးမြို့နယ်က ဒလံဆိုသူတဦး သေနတ်နဲ့ အနီးကပ်ပစ်ခံရပြီး သေဆုံး

Posted: 11 Dec 2021 06:26 AM PST

ပုသိမ်ကြီး၊ ဒီဇင်ဘာ ၁၁၊ ၂၀၂၁။မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကုန်းရပ်ကွက်က ကြေးစားဒလံဆိုသူ ဦးမောင်စီကို ဒီနေ့ ညနေ ၄နာရီခွဲအချိန်မှာ သေနတ်နဲ့ အနီးကပ် ပစ်ခံရလို့ ‌ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ‌ဒေသခံတွေဆီက သိရပါတယ်။ပုသိမ်ကြီးမြို့နယ် တော်လှန်ရေးအင်အားစု PRF က ဦးမောင်စီကို အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် မီတာအတင်းကောက်တာတွေ မီတာတပ်ဆင်ခ ပိုတောင်းတာတွေကို ဆက်တိုက်လုပ်ဆောင်နေလို့ သေနတ်နဲ့ ပစ်

ဒေါက်တာအောင်မိုးညိုကို တရားစွဲဆိုသူရဲ့စားသောက်ဆိုင် ဗုံးဖောက်ခွဲခံရ

Posted: 11 Dec 2021 06:25 AM PST

မကွေး၊ ဒီဇင်ဘာ ၁၁၊ ၂၀၂၁။မကွေးတိုင်း၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို တရားစွဲဆိုခဲ့သူရဲ့ စားသောက်ဆိုင်ကို ဒီနေ့ညနေ ၃နာရီလောက်မှာ ဗုံးဖောက်ခွဲသတိပေးခဲ့တယ်လို့  MDA-နဂါးတပ်ဖွဲ့ဆီကသိရပါတယ်။ မကွေးမြို့၊ ဈေးလယ်စိုးရပ်ကွက်၊ ကမ်းနားလမ်းရှိ Heart Cafe စားသောက်ဆိုင်က ကိုအောင်မင်းခန့်ဖြစ်ပြီး စစ်ကောင်စီကို သတင်းပေးတိုင်ကြားတာတွေအပြင် စစ်တပ်နဲ့ပက်သက်ဆက်နွယ်တဲ့ လုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေတာကြောင့် ခုလို

မြန်မာ့အရေး ရင်ကြားစေ့ရေးနည်းလမ်းသုံးဖို့ ကမ္ဘောဒီယားသံရုံး ထုတ်ပြန်

Posted: 11 Dec 2021 06:06 AM PST

 မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ရင်ကြားစေ့ရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီယားသံရုံးက ဒီဇင်ဘာ ၁၁ ရက် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။စေ့စပ်ညှိနှိုင်းရေးကို မြန်မာနိုင်ငံက တစ်နည်းနည်းနဲ့ စပြီးဆောင်ရွက်ဖို့လိုနေပြီး ကမ္ဘောဒီယားအနေနဲ့ တစ်ခြားနိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်စွက်ဖက်မှာ မဟုတ်ဘူးလို့ သူ့ရဲ့မူဝါဒကိုပါ ဖော်ပြထားပါတယ်။ဒါပေမဲ့လည်း ကမ္ဘောဒီးယားနိုင်ငံဟာ မြန်မာပြည်သူတွေနဲ့

ရေစကြို ဆင်ခြေရာရွာအနီး ပစ်ခတ်မှုတွေဖြစ် အနည်းဆုံး ၃ ဦးသေဆုံးတယ်လို့ဒေသခံတွေပြေ

Posted: 11 Dec 2021 06:01 AM PST

ဆင်ခြေရာရွာအနီး ရွှေလှံရွာထဲက နေအိမ် ၁၀လုံးလည်း မီးရှို့ခံရမကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် ၊ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ ဆင်ခြေရာရွာအနီးမှာ ဒီကနေ့ဒီဇင်ဘာ ၁၁ရက်မနက်ပိုင်းက စစ်ကောင်စီနဲ့ဒေသကာကွယ်ရေး တပ်တွေကြား တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဘက်ကပြောပါတယ်။ဆင်ခြေရာကျေးရွာမှာ မနေ့ညပိုင်းကစလို့ စစ်ကောင်စီတပ်တွေ တပ်စွဲတာဖြစ်ပြီး ဒီကနေ့မနက်ပိုင်းမှာတော့ ရွာအနီးတိုက်ပွဲတွေ

အသင်းတော်ကိစ္စနဲ့ ခရီးထွက်သွားတဲ့ မကွေးက ဓမ္မဆရာ စစ်ကြောရေးမှာ သေဆုံး

Posted: 11 Dec 2021 06:19 AM PST

အသင်းတော်ကိစ္စနဲ့ ဆောကိုသွားသူ၄ယောက် အနက် ၂ယောက် အဖမ်းခံရပြီး တယောက် စစ်ကြောရေးလက်ချက်နဲ့ ဆုံးမကွေးတိုင်း စေတုတ္တရာမြို့နယ် သက္ကတောင်ကျေးရွာ အရှို နှစ်ချင်း ခရစ်ယာန် အသင်းတော်က ဓမ္မဆရာ အဖြစ် သာသနာပြုလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဆလိုင်းငွေကြာ အဖမ်းခံခဲ့ရပြီး ၃ရက်အကြာမှာ မကွေး ကပစ စစ်ကြောရေးမှာ သေဆုံးသွားခဲ့တယ်လို့ မကွေးလူထု တိုက်ပွဲ​ကော်မတီထံက သိရပါတယ်။ဒီဇင်ဘာ ၆ရက်နေ့ မနက်မှာ စေတုတ္တရာ ကနေ ဆောမြို့

မြန်မာစစ်ကောင်စီကို အလျှော့မပေးဖို့ ကမ္ဘောဒီးယားကို ကန်တိုက်တွန်း

Posted: 11 Dec 2021 05:54 AM PST

ဖနွမ်းပင်မြို့မှာ မီဒီယာတွေကို ရှင်းလင်းပြောကြားနေတဲ့ အမေရိကန် နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ် Derek Chollet. (ဒီဇင်ဘာ ၁၀၊ ၂၀၂၁)အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ မြန်မာ အာဏာသိမ်းစစ်ကောင်စီကို အလျှော့ပေး လိုက်လျောတာမျိုး မလုပ်ဖို့ အမေရိကန် အကြီးတန်း တာဝန်ရှိသူတဦးက တိုက်တွန်းလိုက်ပါတယ်။အမေရိကန် နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ် Derek Chollet က

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.