သစ္ထူးလြင္ |
- ကန်ပက်လက်မြို့တွင် ခရစ်ယာန်ဓမ္မအမှုတော်ဆောင်တစ်ပါးကို စကစတပ်က ပစ်သတ်ပြီးအလောင်းကို လမ်းဘေးတွင်စွန့်ပစ်
- ကလေးမြို့တွင် လင်မယား၂ယောက်အပါအဝင်လူ ၃ယောက်ဖမ်းဆီးခံရ
- စစ်ရှောင်ရင်း လေဖြတ်သွားတဲ့ ၅နှစ်အရွယ် ကလေးတစ်ဦး အကူအညီလိုအပ်နေ
- တပ်ကြပ်ကြီးတစ်ဦး လက်နက်အပြည့်အစုံဖြင့် KNDF ထံလာရောက်ပူးပေါင်း
- ထားဝယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုဥက္ကဌ ရဲ့ မိခင်ဖြစ်သူ ၅၀၅ (က) နဲ့တရားစွဲခံရ
- ရှမ်းမြောက် ဖောင်းဆိုင်ဒေသတွင် စစ်ကောင်စီက လေယာဉ် နဲ့ တိုက်ခိုက်နေ
- မိုင်းကိုင်မြို့နယ် ကျေးရွာအတွင်း ပထမဆုံး အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရ
- ဖယ်ခုံမြို့ ဒိုင်းကာအဖြစ် ဖမ်းဆီးခံရသူ ၁၉ ဦး တောင်ကြီးရဲစခန်းတွင် ချုပ်နှောင်ခံထားရ
- မန္တလေးမြို့၌ စစ်ကောင်စီက သားကို မတွေ့၍ မိခင်ကို ဓားစာခံအဖြစ် ဖမ်းဆီး
- ပုလောမှာ လက်ထောက်မြို့နယ်ပညာရေးမှူး နဲ့ အမျိုးသမီးငယ်နှစ်ဦး စရဖကားနဲ့ တိုက်သတ်ခံရ
- တောင်တွင်းကြီးက စည်ပင်ရုံးနဲ့ ဆက်သွယ်ရေးရုံးတို့မှာ ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွာ
- ကိုယ်ဝန်ဆောင်သူနာပြုနှင့် အမျိုးသား ပစ်သတ်ခံရမှု ၎င်းတို့လက်ချက်မဟုတ်ကြောင်း မန္တလေး PDFအဖွဲ့များ ထုတ်ပြန်
- မန္တလေးမြို့တွင် မြို့ပြပြောက်ကျားတပ်ဖွဲ့GZP အဖွဲ့ ခိုလှုံအိမ် ဝင်စီးခံရ
- မန္တလေး၌ အရပ်ဝတ်ဖြင့် ဈေးဝယ်ထွက်ချိန် ပစ်သတ်ခံရသူသည် တပ်ကြပ် သန့်ဇော်ဆိုသူဖြစ်
- ကနီနှင့် ယင်းမာပင်တွင် စကစများ နှစ်ကြိမ် မိုင်းဆွဲခံရပြီး (၆၀)ခန့် သေနိုင်ဟုဆို
- ကိုးကန့်ဒေသမှာ MNDAA နဲ့ စစ်ကောင်စီတပ်တို့ နေရာအနှံ့တိုက်ပွဲဖြစ်
- စစ်ကောင်စီထိုးစစ်ဆင်၍ မုံးကိုးဒေသတွင် ယနေ့ တိုက်ပွဲပြင်းထန်နေဟု MNDAA ထုတ်ပြန်
- သဲကုန်းမြို့မှာ စစ်ကောင်စီသတင်းပေးလို့ ကျော်ကြားသူ သေနတ်နဲ့ ပစ်ခံရပြီး သေဆုံး
- နည်းပညာနဲ့ ပစ္စည်းမျှဝေသုံးစွဲပြီး စစ်အာဏာရှင်ကို တော်လှန်ဖို့ PDF ၄ဖွဲ့ပေါင်းစည်
- ယင်းမာပင်-ပုလဲလမ်းတွင်စစ်ကောင်စီတပ်မိုင်းဆွဲခံရပြီး ၃၀ ဦးထက်မနည်းသေဆုံးနိုင်ဟု GTF ထုတ်ပြန်
- ကနီမှာ ရေမြုပ်မိုင်းနဲ့တိုက်ခိုက်ခံရတဲ့စစ်ကောင်စီရေယာဉ် နစ်မြုပ်နေပြီလို့ ဒေသကာကွယ်ရေးအဖွဲ့ပြော
- မြန်မာမှာ အခွင့်အရေးချိုးဖောက်မှုတွေ မထင်ထားတဲ့နှုန်းနဲ့မြင့်တက်နေတယ်လို့ ကုလပြော
- ယင်းမာပင်အနီးစစ်ဆင်ရေးကြောင့် ဒေသခံ ၁၉,၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်ရ
- တောင်သာတွင် စာသင်ကျောင်းအတွင်း တပ်စွဲထားသော စကစများ ပစ်ခတ်ခံရပြီး လေးဦးသေ၊ ဗိုလ်အဆင့် စကစတစ်ဦး ပြင်းထန်ဒဏ်ရာရဟုဆို
- ရေဦးမြို့မရဲစခန်းကို ဗုံးငါးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ စကစများ ရေဦးမြို့ပေါ် သောင်းကြမ်းနေပြီး တွေ့သမျှလူ ပစ်ခတ်နေဟုဆို
Posted: 13 Dec 2021 07:30 AM PST ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် အုတ်ဖိုကျေးရွာက ခရစ်တော်ရဲ့အသင်းတော် (Church of Chirst) ဓမ္မအမှုတော်ဆောင် ဆရာတော်အွမ်ကီးဟာ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် အာဏာသိမ်းစစ်ကာင်စီတပ်ကဖမ်းဆီးပြီး နောက်တစ်နေ့တွင် ဦးခေါင်းတွင်ပစ်ကာသေဆုံးသွားတယ်လို့ဒေသခံတွေထံက သတင်းရရှိပါတယ်။ဆရာတော်ရဲ့အလောင်းကို ယနေ့ နေ့လည် ၁၂ လောက်တွင် ပန်းလေပြေဟိုတယ်ရှေ့ လမ်းဘေးမှာ ဒေသခံပြည်သူတွေကပြန်လည်တွေ့ရှိပြီး ညနေပိုင်းတွင် ကန်ပက်လက်မြို့ |
ကလေးမြို့တွင် လင်မယား၂ယောက်အပါအဝင်လူ ၃ယောက်ဖမ်းဆီးခံရ Posted: 13 Dec 2021 07:25 AM PST ကလေးမြို့၊ အောင်မြေမာန်ရပ်ကွက်က ကိုအောင်ခိုင်မြင့် နဲ့ မခင်ဝင်းဖြူ တို့လင်မယားနဲ့ ကိုသက်တို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၂ ရက်နေ့က လာရောက်ဖမ်းဆီးသါားကြတယ်လို့သိရတယ်။ ဘာကြောင့်ဖမ်းဆီးတာလဲဆိုတာမသိရပေမယ့် ရဲစခန်းရဲ့သက်သေခံပစ္စည်းတွေကတော့ NLD တံဆိပ်ဦးထုပ် နဲ့ င်္အကျီတွေ၊ ဖုန်း၊ ကွန်ပျူတာ ၅ လုံး၊ ပရင်တာ တစ်လုံး၊ Gas Mask၊ ဝါယာကြိုး၊ Gas ဗူး၊ tri pot တွေဖြစ်ပါတယ်။ ကိုအောင်ခိုင်မြင့် နဲ့ မခင် |
စစ်ရှောင်ရင်း လေဖြတ်သွားတဲ့ ၅နှစ်အရွယ် ကလေးတစ်ဦး အကူအညီလိုအပ်နေ Posted: 13 Dec 2021 07:18 AM PST ကရင်နီပြည်နယ်မှာ ငါးနှစ်ရှစ်လအရွယ် ကလေးငယ်တစ်ဦး စစ်ရှောင်ရင်းနဲ့ လေဖြတ်သွားခဲ့ရပြီး လက်ရှိမှာ အကူအညီလိုအပ်နေပါတယ်။ တောထဲ စစ်ရှောင်နေတဲ့ အချိန်မှာ ရုတ်တရက် လေဖြတ်သွားခဲ့တာဖြစ်ပြီး သားဖြစ်သူ လေဖြတ်ရောဂါခံစားနေရတာ လေးလကျော်ရှိသွားပြီဖြစ်တယ်လို့ ဖခင်ဖြစ်သူဆီကနေ သိရပါတယ်။" စကားလည်းမပြောတတ်တော့ဘူး ထိုင်လည်းမထိုင်တတ်တော့ဘူး။ သွားလည်း မသွားတတ်တော့ဘူး။ စားလည်း မစားတတ်တော့ဘူး။ဒီအတိုင်းပဲ သူများလှူတဲ့ |
တပ်ကြပ်ကြီးတစ်ဦး လက်နက်အပြည့်အစုံဖြင့် KNDF ထံလာရောက်ပူးပေါင်း Posted: 13 Dec 2021 07:15 AM PST ကန္တာရဝတီတိုင်း(မ်)ကရင်နီပြည်နယ်မှာ ခမရ (၅၃၁) တပ်ရင်းမှ တပ်ကြပ်ကြီးတစ်ဦး လက်နက်အပြည့်အစုံဖြင့် KNDF ထံလာရောက်ပူးပေါင်းခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးဌာနက ဒီကနေ့ ဒီဇင်ဘာလ ၁၃ရက်နေ့မှာ ထုတ်ပြန်ပါတယ်။"စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခြင်းကို လက်မခံနိုင်သဖြင့် ပြည်သူ့ဘက်သို့ မားမားရပ်တည်ဖို့ဆုံးဖြတ်ခဲ့တယ်" လို့ ပြည်သူ့ဖက်ကို ပူးပေါင်းလာတဲ့ တပ်ကြပ်ကြီးပြောကြားထားတဲ့ ရည်ရွယ်ချက်ကို KNDF ကထုတ်ပြန်ထား |
ထားဝယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုဥက္ကဌ ရဲ့ မိခင်ဖြစ်သူ ၅၀၅ (က) နဲ့တရားစွဲခံရ Posted: 13 Dec 2021 07:13 AM PST ထားဝယ်၊ ဒီဇင်ဘာ ၁၃ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုဥက္ကဌ မသီရိမိုးရဲ့မိခင်ဖြစ်သူ ဒေါ်သက်သက်ထွေးကို စစ်ကောင်စီဘက်က ဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုထားတယ်လို့ သိရပါတယ်။နိုဝင်ဘာလ ၈ ရက်နေ့ညမှာ ထားဝယ်မြို့နယ် ကနိုင်းဒါရွာရှိ မသီရိမိုးရဲ့ အသက် ၄၆ နှစ်အရွယ်ရှိ အမေဖြစ်သူ ဒေါ်သက်သက်ထွေးနဲ့ အသက် ၁၆ နှစ်အရွယ်ရှိ ညီမဖြစ်သူတို့ကို ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မသီရိမိုးကို |
ရှမ်းမြောက် ဖောင်းဆိုင်ဒေသတွင် စစ်ကောင်စီက လေယာဉ် နဲ့ တိုက်ခိုက်နေ Posted: 13 Dec 2021 07:10 AM PST တိုက်ပွဲဖြစ်ပွားနေသော နေရာရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲ ဖောင်းဆိုင်ဒေသဘက်မှာ ယနေ့ နံနက် ၃ နာရီခန့်ကစတင်ပြီး စစ်ကောင်စီက လေယာဉ်နဲ့ပါ ထိုးစစ်ဆင်တိုက်ခိုက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။"ချင်ဆိုက်ထန်ဘက်တော့ ဒီ မနက် လေယာဉ်နဲ့ လာပစ်တယ်။ ဘန်မွေးရွာ၊ မန်းယန်ရွာ၊ ဖောင်းဆိုင်ရွာ၊ လရှပ်ရွာ အဲဒီ တကြောလုံး ပစ်နေတယ်။" လို့ စစ်ကောင်စီနဲ့ MNDAA တို့အကြား လက်နက်ကြီး လက်နက်ငယ်တွေနဲ့ |
မိုင်းကိုင်မြို့နယ် ကျေးရွာအတွင်း ပထမဆုံး အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရ Posted: 13 Dec 2021 07:07 AM PST သေနတ်ပစ်ခံရသည့် ပန်ကေတု ကျေးရွာအုပ်ချုပ်ရေးမှူး လုံးစိုင်းကြည်သိန်း ပုံသျှမ်းသံတော်ဆင့်၊ ဒီဇင်ဘာ ၁၃ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတုနယ်မှ အုပ်ချုပ်ရေးမှူး လုံးစိုင်းကြည်သိန်းသည် နေအိမ်ထဲရှိနေစဥ် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း စုံစမ်းသိရသည်။ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၆ နာရီဝန်းကျင်တွင် မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာ၏ အုပ်ချုပ်ရေးမှူး လုံးစိုင်းကြည်သိန်းသည် နေအိမ်အတွင်းရှိနေ |
ဖယ်ခုံမြို့ ဒိုင်းကာအဖြစ် ဖမ်းဆီးခံရသူ ၁၉ ဦး တောင်ကြီးရဲစခန်းတွင် ချုပ်နှောင်ခံထားရ Posted: 13 Dec 2021 07:04 AM PST သျှမ်းသံတော်ဆင့်၊ ဒီဇင်ဘာ ၁၃သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာတွင် စစ်ကောင်စီက ဒိုင်းကာအဖြစ် ဖမ်းဆီးထားသည့် ဒေသခံ ၁၉ ဦးကို တောင်ကြီးမြို့ အမှတ် (၁) ရဲစခန်းသို့ ပို့ဆောင် ချုပ်နှောင်ထားကြောင်း စုံစမ်းသိရှိရသည်။ ထို ရွှေပြည်အေး ဒေသခံ ၁၉ ဦးကို ဖမ်းဆီးသွားပြီးနောက် နိုင်ငံတော်အကြမ်းဖက်ပုန်ကန်မှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ "တောင်ကြီးမြို့ အမှတ် (၁) ရဲစခန်းကို ရောက်သွားပြီ |
မန္တလေးမြို့၌ စစ်ကောင်စီက သားကို မတွေ့၍ မိခင်ကို ဓားစာခံအဖြစ် ဖမ်းဆီး Posted: 13 Dec 2021 07:03 AM PST မန္တလေးမြို့ပေါ် ရပ်ကွက်များ၌ စစ်အုပ်စုက စီးနင်းဖမ်းဆီးမှုများ ဆက်တိုက်လုပ်နေ၊MFP ၊ ဒီဇင်ဘာ - ၁၃မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၄၁ လမ်း ကုန်စိမ်းတန်းညစျေး အနီးရှိ အောင်ချမ်းသာ ရပ်ကွက်အတွင်းသို့ စစ်ကောင်စီ လက်နက်ကိုင်များ ယနေ့ ဒီဇင်ဘာ(၁၃)ရက် မနက်(၁)နာရီဝန်းကျင်တွင် စီးနင်းဝင်ရောက်ကာ သားကို မတွေ့သဖြင့် မိခင်ကို ဖမ်းဆီးပြီး အခြား လူငယ်အမျိုးသား တစ်ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံများက |
ပုလောမှာ လက်ထောက်မြို့နယ်ပညာရေးမှူး နဲ့ အမျိုးသမီးငယ်နှစ်ဦး စရဖကားနဲ့ တိုက်သတ်ခံရ Posted: 13 Dec 2021 06:27 AM PST ဓာတ်ပုံ - ကားတိုက်ခံရပြီးသေဆုံးခဲ့တဲ့ ဦးသာဝင်းနဲ့ အမျိုးသမီးငယ်နှစ်ဦးတနင်္သာရီတိုင်းမ်၊ ဒီဇင်ဘာ ၁၃ ပုလောမြို့နယ် လက်ထောက်ပညာရေးမှူး ဦးသာဝင်းနဲ့ အမျိုးသမီးငယ်နှစ်ဦးဟာ မနေ့ည က ကားတိုက်ခံရပြီး သေဆုံးခဲ့တယ်လို့သိရပါတယ်။ ပုလောမြို့နယ်၊ ဖိုးရှမ်းကမ်းခြေအနီးမှာ ဒီဇင်ဘာလ ၁၂ ရက်ည ၇ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အရှိန်ပြင်းပြင်းနဲ့တိုက်ခဲ့တဲ့ကားဟာ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ) ကားဖြစ်တယ်လို့ |
တောင်တွင်းကြီးက စည်ပင်ရုံးနဲ့ ဆက်သွယ်ရေးရုံးတို့မှာ ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွာ Posted: 13 Dec 2021 06:23 AM PST မကွေး၊ ဒီဇင်ဘာ ၁၃၊ ၂၀၂၁။ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့က မြို့နယ်စည်ပင်ရုံးနဲ့ မြန်မာ့ဆက်သွယ်ရေးရုံးမှာ ဒီဇင်ဘာ ၁၃ ရက် ဒီကနေ့ နေ့လည် ၁၂ နာရီလောက်က ဆက်တိုက်ဆိုသလို ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ မြို့နယ်စည်ပင်ရုံးက စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေအနေနဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကပြုလုပ်ခဲ့တဲ့ Silence Strike မှာပါဝင်တဲ့စျေးဆိုင်တွေကို ဖိအားပေးပိတ်ခိုင်းတာကြောင့် ဖောက်ခွဲခဲ့တာဖြစ်ပြီး၊ မြန်မာဆက်သွယ်ရေး |
Posted: 13 Dec 2021 06:21 AM PST မန္တလေးမြို့ (၆၂)လမ်းတွင် ကိုယ်ဝန်ဆောင်သူနာပြုနှင့် ၎င်း၏အမျိုးသားတို့ ပစ်သတ်ခံရမှုသည် မိမိတို့လက်ချက်မဟုတ်ကြောင်း မန္တလေးမြို့ရှိ ဒေသတွင်း PDF အဖွဲ့များက သတင်းထုတ်ပြန်သည်။ဒီဇင်ဘာ ၁၂ ရက်က ဖြစ်ပွားခဲ့သော သူနာပြုဇနီးမောင်နှံပစ်ခတ်ခံရမှုတွင် UG မြို့ပြပျောက်ကျားနှင့် Local PDF များအနေဖြင့် ပြည်သူများရှင်းလင်းအောင် ထုတ်ပြန်ရန်လိုအပ်ကြောင်း၊ သို့ဖြစ်ပါ၍ ကျွန်တော်တို့ Rangers of Mandalay ROMမြို့ပြ |
မန္တလေးမြို့တွင် မြို့ပြပြောက်ကျားတပ်ဖွဲ့GZP အဖွဲ့ ခိုလှုံအိမ် ဝင်စီးခံရ Posted: 13 Dec 2021 06:18 AM PST မန္တလေးမြို့ရှိ မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သည့် Generation Z Power(GZP)အဖွဲ့ ခိုလှုံအိမ်တစ်လုံးကို စစ်ကောင်စီတပ်၏ ဝင်ရောက်စီးနင်းခြင်းခံခဲ့ရကြောင်း GZPက ယနေ့ (ဒီဇင်ဘာ ၁၃)ထုတ်ပြန်သည်။မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက်ရပ်ကွက် (၄၂) လမ်း၊ (၆၁) လမ်းနှင့် (၆၂)လမ်းကြားရှိ နေအိမ်တစ်လုံးကို ယမန်နေ့(ဒီဇင်ဘာ ၁၂)ည ၁၀နာရီခန့်တွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီဘက်မှလည်း ထုတ်ပြန်ထားသည်။ |
မန္တလေး၌ အရပ်ဝတ်ဖြင့် ဈေးဝယ်ထွက်ချိန် ပစ်သတ်ခံရသူသည် တပ်ကြပ် သန့်ဇော်ဆိုသူဖြစ် Posted: 13 Dec 2021 06:13 AM PST MFP ၊ ဒီဇင်ဘာ - ၁၃မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ၃၇လမ်းနှင့် ရေနီမြောင်းလမ်းရှိ လူစည်ကားသော ရေနီမြောင်းဈေး၌ ယနေ့ မနက်(၇)နာရီကျော်အချိန်က အရပ်ဝတ်ဖြင့် ဈေးဝယ်ထွက်ချိန် ပစ်သတ်ခံရသည့် စစ်ကောင်စီ လက်နက်ကိုင်သည် တပ်ကြပ်အဆင့်ရှိ သန့်ဇော်ဆိုသူဖြစ်ကြောင်း နီးစပ်ရာ အသိုင်းအဝိုင်းက MFP သို့ ပြောသည်။မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ် ရပ်ကွက်ရုံးတွင် အစောင့်ကျနေသော စစ်ကောင်စီ လက်နက်ကိုင်များအနက် တပ်ကြပ်သန့် |
ကနီနှင့် ယင်းမာပင်တွင် စကစများ နှစ်ကြိမ် မိုင်းဆွဲခံရပြီး (၆၀)ခန့် သေနိုင်ဟုဆို Posted: 13 Dec 2021 06:11 AM PST MFP ၊ ဒီဇင်ဘာ - ၁၃စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နှင့် ကနီးမြို့နယ်တွင် ယနေ့ ဒီဇင်ဘာ (၁၃)ရက် မနက်ပိုင်းက စစ်ကောင်စီ လက်နက်ကိုင်များကို နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစ (၆၀)ခန့် သေနိုင်ကြောင်း ရွှေတြိဂံ ကာကွယ်ရေးတပ်ရင်းက သတင်းထုတ်ပြန်သည်။ယနေ့ ဒီဇင်ဘာ(၁၃)ရက် မနက်(၁)နာရီဝန်းကျင်က ကနီမြို့နယ် ဝရာကျေးရွာနှင့် အင်းလည်ချောင်ရွာကြား ချင်းတွင်းမြစ်တွင် သောင်တင်နေသော ကျောက်စိမ်းများ တင်ဆောင်လာသည့် |
ကိုးကန့်ဒေသမှာ MNDAA နဲ့ စစ်ကောင်စီတပ်တို့ နေရာအနှံ့တိုက်ပွဲဖြစ် Posted: 13 Dec 2021 05:52 AM PST စစ်ကောင်စီဘက်က မုံးကိုးခရိုင်မှာ စစ်ကူတွေ အဆက်မပြတ်ဖြည့်တင်းနေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ မြင့်လာနိုင်တယ်ဆိုတဲ့ယူဆချက်တွေအပြီး အခုတိုက်ပွဲတွေပေါ်ပေါက်လာတာပါ။ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ ကိုးကန့်တပ် MNDAA တို့ ဒီဇင်ဘာလ ၁၀ ရက်မှာ နေရာအနှံ့ နာရီနဲ့ချီတဲ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ရာနဲ့ချီတဲ့လက်နက်ကြီးကျည်တွေနဲ့ ပစ်ခတ်မှုလုပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ |
စစ်ကောင်စီထိုးစစ်ဆင်၍ မုံးကိုးဒေသတွင် ယနေ့ တိုက်ပွဲပြင်းထန်နေဟု MNDAA ထုတ်ပြန် Posted: 13 Dec 2021 05:50 AM PST အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့(ဒီဇင်ဘာ ၁၃ရက်)တွင် မုံးကိုးခရိုင်ရှိ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA) ထိန်းချုပ်နယ်မြေသို့ ထိုးစစ်ဆင်နေ၍ တိုက်ပွဲပြင်းထန်နေကြောင်း ပစ်ခတ်သံများပါဝင်သည့် ရုပ်သံဖိုင်နှင့်အတူ MNDAAက သတင်း ထုတ်ပြန်သည်။ စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်ရက်ပိုင်းများအတွင်းက မုံးကိုးဒေသ အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်းသို့ စစ်အင်အားအများအပြား ဖြည့်တင်းနေခြင်းဖြစ်သည်။ ထိုသို့ စစ်ကူများ |
သဲကုန်းမြို့မှာ စစ်ကောင်စီသတင်းပေးလို့ ကျော်ကြားသူ သေနတ်နဲ့ ပစ်ခံရပြီး သေဆုံး Posted: 13 Dec 2021 05:39 AM PST သဲကုန်း၊ ဒီဇင်ဘာ ၁၃၊ ၂၀၂၁။ပဲခူတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့မှာ စစ်ကောင်စီရဲ့ သတင်းပေးလို့ နာမည်ကျော်ကြားနေတဲ့ ဦးဇော်ဝင်းဟာ ဒီနေ့ မနက် ၈နာရီဝန်းကျင်မှာ သေနတ်နဲ့ ပစ်ခံရပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ပုတီးကုန်းက သဲကုန်းကိုသွားတဲ့ ဇလဲ့ရွာနားမှာ သေနတ်အတိုနဲ့ ပစ်ခံရပြီးသေဆုံးသွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။" သူက အာဏာမသိမ်းခင် အရင်ကတည်းက ရဲသတင်းပေး၊ ရဲတွေလာရင် |
နည်းပညာနဲ့ ပစ္စည်းမျှဝေသုံးစွဲပြီး စစ်အာဏာရှင်ကို တော်လှန်ဖို့ PDF ၄ဖွဲ့ပေါင်းစည် Posted: 13 Dec 2021 05:37 AM PST နတ်တလင်း၊ဒီဇင်ဘာ ၁၃၊ ၂၀၂၁။စစ်အာဏာရှင်ကို ပူးပေါင်းတိုက်ခိုက်ဖို့အတွက် နတ်စစ်သည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - နတ်တလင်း၊ ရိုးမစွမ်းအားတပ်ဖွဲ့ ၊ ကျောင်းကုန်း မြို့ပြပြောက်ကြားတပ်ဖွဲ့နဲ့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ တို့ဟာ ဒီဇင်ဘာ ၁၂ရက် မနေ့က မဟာမိတ်ဖွဲ့စည်းလိုက်တယ်လို့သိရပါတယ်။ " နည်းပညာနဲ့ ပစွည်းတွေ မျှဝေသုံးစွဲနိုင်အောင်မဟာမိတ်ဖွဲ့တာ၊ ပဲခူးတိုင်း၊ဧရာဝတီ၊မန္တလေးတို့က ပါတယ်။မြို့သိမ်းတွေဆင်နွှဲ |
ယင်းမာပင်-ပုလဲလမ်းတွင်စစ်ကောင်စီတပ်မိုင်းဆွဲခံရပြီး ၃၀ ဦးထက်မနည်းသေဆုံးနိုင်ဟု GTF ထုတ်ပြန် Posted: 13 Dec 2021 05:22 AM PST ယင်းမာပင်-ပုလဲလမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ခန့် ပါဝင်သော ခြေလျင်စစ်ကြောင်းကို ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်း(GTF)က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှသုံးဆယ်ဦးထက်မနည်း သေဆုံးနိုင်ကြောင်း GTFက ထုတ်ပြန်သည်။ယနေ့(ဒီဇင်ဘာ၁၃ရက်)နံနက်၁၀ နာရီ ၂၈ မိနစ်တွင်ယင်းမာပင်မှ ပုလဲဘက်သို့ ဦးတည်၍ ခြေလျှင် ဖြန့်ဆင်းလာသော အာဏာသိမ်းစစ်ကောင်စီတပ် ၅၀ ကျော်အား ယင်းမာပင်မြို့အထွက်တွင် မိုင်းဆွဲ |
ကနီမှာ ရေမြုပ်မိုင်းနဲ့တိုက်ခိုက်ခံရတဲ့စစ်ကောင်စီရေယာဉ် နစ်မြုပ်နေပြီလို့ ဒေသကာကွယ်ရေးအဖွဲ့ပြော Posted: 13 Dec 2021 05:14 AM PST ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ဆင်းလာတဲ့စစ်ကောင်စီရေယာဉ် ၁၁ စီး အုပ်စုကို ကင်းရွာနဲ့ပဲကင်းရွာကြားမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ဆင်းလာတဲ့စစ်ကောင်စီရေယာဉ် ၁၁ စီး အုပ်စုကို ကင်းရွာနဲ့ပဲကင်းရွာကြားမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့Image caption: ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ဆင်းလာတဲ့စစ်ကောင်စီရေယာဉ် ၁၁ စီး အုပ်စုကို ကင်းရွာနဲ့ပဲ |
မြန်မာမှာ အခွင့်အရေးချိုးဖောက်မှုတွေ မထင်ထားတဲ့နှုန်းနဲ့မြင့်တက်နေတယ်လို့ ကုလပြော Posted: 13 Dec 2021 05:27 AM PST ဒီဇင်ဘာလ ၁၀ ရက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ဖို့ မြန်မာပြည်သူတွေက တိတ်ဆိတ်ခြင်းသပိတ်ဆင်နွှဲတဲ့ ရဲစွမ်းသတ္တိကိုလည်း ကုလ ချီးကျူမြန်မာပြည်တွင်းက အခွင့်အရေးချိုးဖောက်ခံရမှုတွေဟာ မထင်မှတ်ထားလောက်တဲ့နှုန်းနဲ့မြင့်တက်နေတယ်ဆိုပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး(OHCHR)က ပြောလာပါတယ်။''ပြီးခဲ့တဲ့သီတင်းတစ်ပတ်အတွင်းမှာတင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကလေး ၅ ဦးအပါအဝင် လူ ၁၁ |
ယင်းမာပင်အနီးစစ်ဆင်ရေးကြောင့် ဒေသခံ ၁၉,၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်ရ Posted: 13 Dec 2021 05:05 AM PST ဒီဇင်ဘာ ၁၃ ရက်နေ့ မနက်အစောပိုင်းက စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ငမောင်းကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်တွေအကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။ ဒေသတွင်း စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်မှုကြောင့် ခန့်မှန်းခြေ ဒေသခံ ၁၉,၀၀၀ ဝန်းကျင်လောက် အိုးအိမ်စွန့်ခွာတိမ်းရှောင်ကြရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ ယင်းမာပင်ဒေသတွင်း စစ်သတင်းနဲ့ ဒုက္ခသည်တွေရဲ့အခြေအနေ |
Posted: 13 Dec 2021 05:02 AM PST MFP ၊ ဒီဇင်ဘာ - ၁၃တောင်သာမြို့နယ် မင်္ဂလာဦးရပ်ကွက် စာသင်ကျောင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီ လက်နက်ကိုင်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေးဦး သေပြီး ဗိုလ်အဆင့်ရှိ စကစတစ်ဦး အပြင်းအထန် ဒဏ်ရာရသွားသည်ဟု ဒေသခံ တော်လှန်ရေး ပြောက်ကျာတပ်ဖွဲ့ ညီနောင်မဟာမိတ်များက ထုတ်ပြန်သည်။မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့ပေါ်ရှိ စစ်ကောင်စီ လက်နက်ကိုင်မျာကို ဒီဇင်ဘာ(၁၂)ရက် ညနေ(၃)နာရီဝန်းကျင်က သွားရောက် ပစ်ခတ် |
Posted: 13 Dec 2021 05:00 AM PST MFP၊ ဒီဇင်ဘာ၁၃စစ်ကိုင်းတိုင်း ရေဦးမြို့ရှိ မြို့မရဲစခန်းကို ဗုံးငါးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ် (ရေဦး ပ.က.ဖ)က ယနေ့ ဒီဇင်ဘာ (၁၃)ရက် မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်သည်။"ရေဦးမြို့နယ် မြို့မခွေးစခန်း နှင့် အောင်ချမ်းသာ အုပ်မှူးရုံးတို့ကို ပကဖ နှင့် PDF ပူးပေါင်းအဖွဲ့တို့က အသီးနှင့် ပစ်ပြီး ကျည်ဆံဖြင့် တိုက်ခိုက်ခဲ့သည့် PDF/ပကဖတို့ ဘေးကင်းစွာ ပြန်ရောက်ခဲ့ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.