သစ္ထူးလြင္ |
- မင်းကင်းတွင် စစ်ကြောင်းထိုးလာသော စကစများ မိုင်းဆွဲခံရပြီး (၁၀)ဦးသေ၊ မသေသေးသော စကစများ နေအိမ်မီးရှို့ပြီးအပြန် ထပ်မံမိုင်းဆွဲခံရ
- စဉ့်ကိုင်အမတ် ဒေါ်ဝင်းမြမြကို ပုဒ်မ ၅၀၅-က နဲ့စွဲချက်တင်ထား၊ မိသားစုနဲ့ တွေ့ခွင့်မရ
- မြန်မာစစ်ကောင်စီကို အမေရိကန်က နောက်ထပ် ဖိအားပေး အရေးယူသွားဖို့ ရှိ
- သျှမ်းတောင် စစ်ကောင်စီတပ်ဖွဲ့ဝင်၏ ဇနီးများ အခြေခံ စစ်ပညာသင်တန်းတက်ရ
- မိုင်းလားတွင် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ (FPNCC) တွေ့ဆုံ
- ရေဝိုင်းရွာအနီး စစ်ကောင်စီသတင်းပေးလို့နာမည်ကြီးသူ နှစ်ဦး သတ်ခံရ
- ဝမ်းတွင်းနယ်တွင် တိုက်ပွဲဖြစ်၊ WTRF က တိုက်ခိုက်သဖြင့် စကစ နှစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရဟုဆို
- ဝက်လက် ရှိန်းမကားလမ်းဆုံတွင် စစ်ကားကို မိုင်းဆွဲရာ စခန်းမှူးအပါအဝင် စကစ လေးဦးသေဟုဆို
- လေးကေ့ကော်တွင် ညပိုင်း၌ တိုက်ပွဲပြန်ဖြစ်၊ စစ်ကောင် စီတပ် ပစ်သည့်လက်နက်ကြီးကြောင့် စစ်ရှောင်အချို့ဒဏ်ရာရ
- MNDAA တပ်စခန်းများကို စစ်ကောင်စီက လေကြောင်းပစ်ကူဖြင့် ထိုးစစ်ဆင်၊ တစ်ရက်အတွင်း တိုက်ပွဲ ၁၅ကြိမ်ဖြစ်ခဲ့ဟုဆို
- တန့်ဆည်တွင် စကစများ မိုင်းဆွဲခံရပြီး သုံးဦး ပွဲချင်းပြီးသေဟုဆို
- PDF များကို လက်ခံလျှင် ရွာဖျက်မည်ဟု စစ်အုပ်စုက စစ်ကိုင်းတိုင်းအတွင်း ထပ်မံခြိမ်းခြောက်
- လေးကေ့ကော်တိုက်ပွဲစတင်ခြင်းအပေါ် KNU တာဝန်ရှိသူ ပဒိုမန်းမန်းနဲ့မေးမြန်းခန်း
- ဒလန်သေဆုံးမှု သွားစစ်ဆေးသည့် ဝန်းသိုရဲမှူး အပါ အဝင် ရဲခြောက်ဦး အပြန်လမ်းတွင် မိုင်းမိပြီးသေ
- ဇီးကုန်းက အုပ်ချုပ်ရေးမှူးတဦး သေနတ်ဖြင့် ပစ်သတ်ခံရ
- စစ်အုပ်စုကားနှစ်စီး နဲ့ ရဲကင်းတခုကို မြိုင် PDF မိုင်းဆွဲတိုက်ခိုက်လို့ တပ်သားအများအပြားသေဆုံ
- လေးကေ့ကော်မှာ ဒီနေ့မနက်ပိုင်း KNUနဲ့ အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ပွဲစတင်
- လေးကေကော်တိုက်ပွဲ အကြမ်းဖက်စစ်ကောင်စီဘက်က (၆) ဦးသေ
- လေးကေကော်တွင် တိုက်ပွဲ စတင်ဖြစ်ပွား
- စစ်ကောင်စီတပ်ဖွဲ့မှ အာလောင်ကျေးရွာရှိ ဘုန်းတော်ကြီး ၃ပါး အပါအဝင် ၂၁ဦးကိုဖမ်းဆီးခဲ့
- စစ်ကိုင်းမြို့ သာစည်ရပ်နေထိုင်သူ သားအမိနှစ်ဦးကို စစ်ကောင်စီမှဖမ်းဆီးခဲ့
- မယ်လစခန်း ဒုက္ခသည်တွေ ဆူပူဆန္ဒပြ
- ပုလဲမြို့နယ်မှာ စစ်ကောင်စီနဲ့တိုက်ခိုက်ရင်း PDFရဲဘော်တဦး ကျဆုံး
- တပ်ပြေးရှာဖွေရန် အကြောင်းပြချက်နှင့် KNU တပ်မဟာ(၄)တွင် စစ်ကောင်စီတပ် အင်အားဖြည့်လာ
- NATO အရှေ့ဘက် ချဲ့ထွင်မှုမရပ်လျှင် ရုရှားစစ်ရေးအရ တုံ့ပြန်မည်
Posted: 15 Dec 2021 06:43 AM PST MFP ၊ ဒီဇင်ဘာ - ၁၅စစ်ကိုင်းတိုင်း အထက်ပိုင်း မင်းကင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီ လက်နက်ကိုင်များကို ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က ယနေ့ မနက်ပိုင်းတွင် စောင့်ကြို၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစ (၁၀)ဦး သေကြောင်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MK PDF က သတင်းထုတ်ပြန်သည်။ထို့နောက် အဆိုပါ မိုင်းဖောက်ခွဲတိုက်ခိုက်မှုတွင် မသေဘဲ ကျန်နေသော စစ်ကောင်စီ လက်နက်ကိုင်များသည် |
စဉ့်ကိုင်အမတ် ဒေါ်ဝင်းမြမြကို ပုဒ်မ ၅၀၅-က နဲ့စွဲချက်တင်ထား၊ မိသားစုနဲ့ တွေ့ခွင့်မရ Posted: 15 Dec 2021 06:44 AM PST ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက စဉ့်ကိုင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့တဲ့ ဒေါ်ဝင်းမြမြကို ၅၀၅-က နဲ့ စွဲချက်တင်အမိန့်ချခဲ့ပြီး ဒီနေ့(ဒီဇင်ဘာ ၁၅)မှာ တရားလိုပြသက်သေ ပြန်လည် ခေါ်စစ်ဆေးဖို့ ရှိပေမယ့် လိုပြသက်သေမလာလို့ ရုံးချိန်းပြောင်းခဲ့ရတယ်လို့ တရားရုံးအသိုင်းအဝိုင်းက ပြောပါတယ်။ဝန်ထမ်းတွေကို ရုံးမတက်ဖို့ အားပေးအားမြှောက်လုပ်တာ၊ ဆန္ဒပြ ဆူပူလှုံ့ဆော် |
မြန်မာစစ်ကောင်စီကို အမေရိကန်က နောက်ထပ် ဖိအားပေး အရေးယူသွားဖို့ ရှိ Posted: 15 Dec 2021 06:36 AM PST အရှေ့တောင်အာရှ ၃ နိုင်ငံ ခရီးစဥ်ရဲ့ ဒုတိယ ခရီးတစ်ထောက်အဖြစ် မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဒီကနေ့မှာ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအရေး အပါအဝင် ကိစ္စရပ် အတော်များများကို ဆွေးနွေးပြောဆိုခဲ့ပါတယ်။မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအပြီး စစ်ကောင်စီရဲ့ ဖမ်းဆီး ထိန်းသိမ်း ခံထားသူတွေ ပြန်လွတ်လာနိုင်ရေးအတွက် အမေရိကန် အစိုးရက |
သျှမ်းတောင် စစ်ကောင်စီတပ်ဖွဲ့ဝင်၏ ဇနီးများ အခြေခံ စစ်ပညာသင်တန်းတက်ရ Posted: 15 Dec 2021 06:28 AM PST သျှမ်းသံတော်ဆင့်၊ ဒီဇင်ဘာ ၁၅ သျှမ်းပြည်တောင်ပိုင်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဇနီးများ အခြေခံ စစ်ပညာသင်တန်းများကို သင်ယူလေ့ကျင့်နေရကြောင်း စုံစမ်းသိရသည်။သျှမ်းတောင် မြို့နယ်များဖြစ်သည့် အောင်ပန်း၊ ကလော၊ ညောင်ရွှေနှင့် တောင်လေးလုံးမှ စစ်ကောင်စီ တပ်ဖွဲ့ဝင် စစ်သားနှင့် ရဲတို့၏ ဇနီးများသည် အခြေခံ စစ်ပညာသင်တန်းကို တက်ရောက်နေရကြောင်း ဒေသခံများက ပြောသည်။"ဒီဇင်ဘာ ၁၂ ရက် ကတည်းက သင်တန်းပေးနေတာတွေ့ရ |
မိုင်းလားတွင် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ (FPNCC) တွေ့ဆုံ Posted: 15 Dec 2021 06:26 AM PST သျှမ်းသံတော်ဆင့်၊ ဒီဇင်ဘာ ၁၅သျှမ်းပြည် အရှေ့ပိုင်း မိုင်းလားမြို့မှာ ယနေ့ ဒီဇင်ဘာ (၁၅)ရက်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ (FPNCC)နှင့် စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ထိုတွေ့ဆုံဆွေးနွေးမှုသည် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ (၇)ဖွဲ့ထဲက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ တက်ရောက်မှုမရှိကြောင်း စုံစမ်းသိရှိရသည်။"အစည်းဝေးရှိတယ်ဆိုတာကတော့ ကြားပါတယ်။ ဒါပေမယ့် |
ရေဝိုင်းရွာအနီး စစ်ကောင်စီသတင်းပေးလို့နာမည်ကြီးသူ နှစ်ဦး သတ်ခံရ Posted: 15 Dec 2021 06:23 AM PST ဓာတ်ပုံ - အသတ်ခံရသူနှစ်ဦးအနက် တစ်ဦး။တနင်္သာရီတိုင်းမ်၊ ဒီဇင်ဘာ ၁၅ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအုပ်စု ရေဝိုင်းရွာအနီးမှာ စစ်ကောင်စီသတင်းပေးလို့နာမည်ကြီးသူနှစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ရေဝိုင်းရွာအနီးက မြင်းမတတ်ဆိုတဲ့ရွာမှာ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်မှာ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ သေဆုံးခဲ့သူနှစ်ဦးကတော့ အသက် ၄၅ နှစ်ဝန်းကျင်အရွယ် ဦးမြ |
ဝမ်းတွင်းနယ်တွင် တိုက်ပွဲဖြစ်၊ WTRF က တိုက်ခိုက်သဖြင့် စကစ နှစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရဟုဆို Posted: 15 Dec 2021 06:18 AM PST MFP ၊ ဒီဇင်ဘာ - ၁၅ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီ လက်နက်ကိုင်များနှင့် ဝမ်းတွင်းမြို့နယ် တော်လှန်ရေးတပ်ဖွဲ့ (Wundwin Township Revolution Force – WTRF)များ ယနေ့ ဒီဇင်ဘာ(၁၅)ရက် မနက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စကစ နှစ်ဦး သေကြောင်း သတင်းရရှိသည်။မန္တလေးတိုင်း မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်၊ မိတ္ထီလာ - ပင်းတလဲ ကားလမ်းဘေးရှိ အိုမတွေ့ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကျေးရွာ |
ဝက်လက် ရှိန်းမကားလမ်းဆုံတွင် စစ်ကားကို မိုင်းဆွဲရာ စခန်းမှူးအပါအဝင် စကစ လေးဦးသေဟုဆို Posted: 15 Dec 2021 06:15 AM PST တောကြီးမြွေပွေးတပ်ဖွဲ့က စကစများ လိုက်ပါလာသောကားကို မိုင်းဆွဲတိုက်ခိုက်စဉ်/ Photo - တောကြီးမြွေပွေးMFP ၊ ဒီဇင်ဘာ - ၁၅ဝက်လက်မြို့နယ် ရှိန်းမကားလမ်းဆုံတွင် ယနေ့ မနက်ပိုင်းက စကစ ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သစ်ဆိမ့်ရွာစခန်းမှူး အပါအဝင် စစ်ကောင်စီ လက်နက်ကိုင် လေးဦး သေကြောင်း ဝက်လက်ဒေသ တော်လှန်ရေး ပြောက်ကျားတပ်ဖွဲ့ဖြစ်သော တောကြီးမြွေပွေးအဖွဲ့က သတင်းထုတ်ပြန်သည်။ယနေ့ ဒီဇင်ဘာ(၁၅)ရက် မနက်(၇)နာရီ |
Posted: 15 Dec 2021 06:05 AM PST ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော် မြို့သစ်ဧရိယာ၌ ယနေ့ ညပိုင်း၌ တိုက်ပွဲပြန်လည်ဖြစ်ပွားနေကြောင်း အဆိုပါ ဒေသသွားရောက်ခိုလှုံနေပြီး တိုက်ပွဲကြောင့် တိမ်းရှောင်နေရသည့် CDM ဝန်ထမ်းတစ်ဦးက ပြောသည်။"လွန်ခဲ့တဲ့ နာရီဝက်လောက်က စဖြစ်နေတာ။ သေနတ်သံလည်းကြားရတယ်။ လက်နက်ကြီးသံ တစ်ချက်နှစ်ချက်ကြားရတယ်။ လောလောဆယ် သေနတ်သံတွေပဲ ဆက်တိုက်ထွက်နေတယ်"ဟု ၎င်းက ယနေ့ည ၇နာရီခန့်တွင် ပြောသည်။ဒီဇင်ဘာ ၁၄ရက်တွင် စစ်ကောင်စီတပ်က |
Posted: 15 Dec 2021 06:03 AM PST ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)၏ တပ်စခန်းများကို အာဏာသိမ်းစစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် ဗုံးကြဲခြင်း၊လက်နက်ကြီးဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခြင်း၊ မြေပြင်မှ စစ်ကြောင်းများအကြိမ်ကြိမ် ထိုးစစ်ဆင်ခြင်း ပြုလုပ်နေကြောင်း MNDAAက ယနေ့ ထုတ်ပြန်သည်။ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးခရိုင်တွင် ဒီဇင်ဘာ ၁၄ရက်က တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။စစ်ကောင်စီသည် ခြေလျင် |
တန့်ဆည်တွင် စကစများ မိုင်းဆွဲခံရပြီး သုံးဦး ပွဲချင်းပြီးသေဟုဆို Posted: 15 Dec 2021 05:52 AM PST မိုင်းဆွဲခံရပြီးနောက် စကစများ၏ အသုံးအဆောင်ပစ္စည်းအချို့ ပြန့်ကျဲနေစဉ်/ Photo – ပ.က.ဖ တန့်ဆည်MFP ၊ ဒီဇင်ဘာ - ၁၅တန့်ဆည်မြို့နယ် ကျွန်းတောကုန်းရွာအနီး ခြေလျှင် သွားလာနေသော စစ်ကောင်စီ လက်နက်ကိုင်များကို ယနေ့ နေ့လည်ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစ သုံးဦး ပွဲချင်းပြီး သေပြီး နှစ်ဦး ဒဏ်ရာရသွားသည်ဟု တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပ.က.ဖ တန့်ဆည်) က သတင်းထုတ်ပြန်သည်။ယနေ့ ဒီဇင်ဘာ(၁၅)ရက် နေ့ |
PDF များကို လက်ခံလျှင် ရွာဖျက်မည်ဟု စစ်အုပ်စုက စစ်ကိုင်းတိုင်းအတွင်း ထပ်မံခြိမ်းခြောက် Posted: 15 Dec 2021 05:49 AM PST MFP ၊ ဒီဇင်ဘာ - ၁၅ကျေးရွာများ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးနေသော အာဏာသိမ်း စစ်ကောင်စီက PDF များကို လက်ခံပါက ရွာဖျက်မည်ဟု ရေးသားထားသော စာရွက်များကို ယနေ့ ဒီဇင်ဘာ(၁၅)ရက်တွင် စစ်ကိုင်းတိုင်းအနှံ့သို့ ရဟတ်ယာဉ်ဖြင့် ကျဲချကာ ဒေသခံများကို ခြိမ်းခြောက်ခဲ့သည်။ယနေ့ ဒီဇင်ဘာ(၁၅)ရက် နေ့လည်(၁)နာရီ ဝန်းကျင်တွင် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် အထက်ပါ ခြိမ်းခြောက်စာများကို စစ်ကိုင်းတိုင်းအတွင်းရှိ ကောလင်း၊ ကန့်ဘလူ၊ |
လေးကေ့ကော်တိုက်ပွဲစတင်ခြင်းအပေါ် KNU တာဝန်ရှိသူ ပဒိုမန်းမန်းနဲ့မေးမြန်းခန်း Posted: 15 Dec 2021 03:42 AM PST "ကရင့်တော်လှန်ရေးသာမကဘူး တိုင်းရင်းသား တစ်ရပ်လုံးရဲ့ နွေဦးတော်လှန်ရေးမှာကတော့ ကရင် လက်နက်ကိုင်လေးဖွဲ့သာမကပါဘူး ဗမာတွေလည်း တခြား တိုင်းရင်းသားတွေလည်း ပါလာမှာ ဖြစ်ပါတယ်"လေးကေ့ကော်တိုက်ပွဲစတင်ခြင်းအပေါ် KNU တာဝန်ရှိသူ ပဒိုမန်းမန်းနဲ့မေးမြန်းခန်းဒီဇင်ဘာလ ၁၅၊ ၂၀၂၁ ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်နယ်မြေကို အာဏာသိမ်းစစ်ကောင်စီတပ်က |
ဒလန်သေဆုံးမှု သွားစစ်ဆေးသည့် ဝန်းသိုရဲမှူး အပါ အဝင် ရဲခြောက်ဦး အပြန်လမ်းတွင် မိုင်းမိပြီးသေ Posted: 15 Dec 2021 03:41 AM PST (ဝန်းသိုမြို့တွင်းတစ်နေရာအား ယနေ့ညနေပိုင်းက တွေ့ရစဥ်၊ဓာတ်ပုံ - CJ)စစ်ကိုင်းတိုင်း ဝန်းသိုမြို့ အရှေ့ဘက် ကင်းရွာတွင် ဒလန်သေဆုံးမှု သွားရောက်စစ်ဆေးသည့် ဝန်းသိုစခန်းမှူးအပါအဝင် ရဲခြောက်ဦးအပြန်လမ်းတွင် မိုင်းမိသေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ယမန်နေ့(ဒီဇင်ဘာ ၁၄)က ကင်းရွာရှိ သတင်းပေးဒလန်ဆိုသူ လင်မယားနှစ်ဦး အသတ်ခံခြင်းနှင့်ပတ်သက်ပြီး ဝန်းသိုရဲစခန်းမှူးနှင့်အဖွဲ့ ယနေ့နံနက်ပိုင်းတွင် ကားဖြင့် |
ဇီးကုန်းက အုပ်ချုပ်ရေးမှူးတဦး သေနတ်ဖြင့် ပစ်သတ်ခံရ Posted: 15 Dec 2021 03:38 AM PST ဇီးကုန်း၊ ဒီဇင်ဘာ ၁၅၊ ၂၀၂၁။ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်းမြို့မှာ မနေ့ည ၉ နာရီလောက်က အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ ပစ်သတ်ခံရကြောင်း ကျေးရွာသားတွေထံက သိရပါတယ်။မှော်ရအုပ်စု၊ အုပ်ချုပ်ရေးမှူး အသက် ၅၀ အရွယ်ခန့် ကိုတင်ငွေဆိုသူဖြစ်ပြီး ထန်းတပင်ရွာက သူ့ရဲ့နေအိမ်မှာ သေနတ်နဲ့ပစ်သတ်ခံရတာလို့ သိရပါတယ်။"မနေ့က ည ၉ နာရီလောက်မှာ အုပ်ကြီးရဲ့အိမ်ကို ဆိုင်ကယ်နဲ့လာပြီး၊ အုပ်ကြီးရေလို့ခေါ်ပြီး၊ ဝင်ပစ်တာတဲ့ သေနတ်သံ |
စစ်အုပ်စုကားနှစ်စီး နဲ့ ရဲကင်းတခုကို မြိုင် PDF မိုင်းဆွဲတိုက်ခိုက်လို့ တပ်သားအများအပြားသေဆုံ Posted: 15 Dec 2021 03:37 AM PST မြိုင်၊ ဒီဇင်ဘာ ၁၅၊ ၂၀၂၁။မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေစီးလာတဲ့ ကားနှစ်စီးနဲ့ မြိုင်မြို့နယ်အတွင်းက ရဲကင်းတခုကို ဒီဇင်ဘာ ၁၅ရက် ဒီနေ့တစ်ရက်တည်းမှာပဲ ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အများအပြားသေဆုံးခဲ့တယ်လို့ မြိုင် PDF ဆီကသိရပါတယ်။ မကွေးတိုင်း၊မြိုင်မြို့နယ်၊ပခုက္ကူ- မြိုင်လမ်းမ တနေရာမှာ တပ်သား ၆၀ ကျော်လောက် လိုက်ပါလာတဲ့ FAW ကား ၂ စီးကို ဒီနေ့မနက် ၉နာရီလောက်ကမိုင်း၂လုံး |
လေးကေ့ကော်မှာ ဒီနေ့မနက်ပိုင်း KNUနဲ့ အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ပွဲစတင် Posted: 15 Dec 2021 03:26 AM PST ဒီဇင်ဘာ ၁၅၊ ၂၀၂၁ ဒီနေ့ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ခံတပ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ တိုက်ပွဲစတင်ဖြစ်ပွားနေကြောင်း KNU တာဝန်ရှိသူက ပြောပါတယ်။မနေ့က ဒီဇင်ဘာ ၁၄ရက်နေ့က ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ KNU ထိန်းချုပ်နယ်မြေ လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး လွှတ်တော်အမတ်နဲ့ အဲဒီမှာ ခိုလှုံနေသူတွေကို |
လေးကေကော်တိုက်ပွဲ အကြမ်းဖက်စစ်ကောင်စီဘက်က (၆) ဦးသေ Posted: 15 Dec 2021 03:24 AM PST ဒီဇင်ဘာ ၁၅၊ ၂၀၂၁ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းဖမ်းဆီးမှုကြောင့် ဒီနေ့ နံနက်ပိုင်းက စတင်ကာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးတယ်လို့ သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ဟာ အမြောက်ကုန်းကနေ လေးကေကော်မြို့ဘက်ကို လက်နက်ကြီးတွေနဲ့ပစ်နေသလို လေးကေကော်တောင်ဘက် ရသေ့ဂူဘက်မှာလဲ တိုက်ပွဲဖြစ်နေတယ်လို့ ဆိုပါတယ်။ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် အိမ်ယာများ |
လေးကေကော်တွင် တိုက်ပွဲ စတင်ဖြစ်ပွား Posted: 15 Dec 2021 03:22 AM PST ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီမြဝတီတောင်ဘက်ရှိ လေးကေကော်မြို့သစ်တွင် ယနေ့ နံနက် ၁၁ နာရီခွဲဝန်းကျင် က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ စတင်ဖြစ်ပွားနေပြီဖြစ်သည်ဟု သိရသည်။လေးကေကော်တွင် နေထိုင်သူတစ်ဦးက "အခုလက်နက်ကြီးနဲ့ အရင်ပစ်ကြပြီ။ အလုံး ၂၀ ကျော်လောက်ရှိပြီ။ အခု ပစ်တုန်းပါပဲ။ လေးကေကော်ကနေ PDF ရှိတယ်လို့ သူတို့ယူဆတဲ့နေရာတွေကို လက်နက်ကြီးတွေ ပစ်နေ |
စစ်ကောင်စီတပ်ဖွဲ့မှ အာလောင်ကျေးရွာရှိ ဘုန်းတော်ကြီး ၃ပါး အပါအဝင် ၂၁ဦးကိုဖမ်းဆီးခဲ့ Posted: 14 Dec 2021 03:31 PM PST ဒီဇင်ဘာလ ၁၄၊ SGGစစ်ကိုင်းမြို့နယ်၊ အာလောင်ကျေးရွာ နန်းဦးဓမ္မရိပ်သာကျောင်းမှ ဘုန်းတော်ကြီး ၃ပါး အပါအဝင် လူကြီး လူငယ် ၂၁ဦးကို စစ်ကောင်စီမှ ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ဒီဇင်ဘာလ ၁၃ရက် ညနေ ၄နာရီ အချိန်လောက်က အိမ်စီးကား၊ ဘုန်ကြီးကျောင်းကားတွေ အသုံးပြုရောက်လာပြီး စိတ်အထင်နဲ့ PDF လို့စွပ်စွဲတယ်၊ PDF နဲ့ဆက်သွယ်တယ်ဆိုပြီး အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတဦးမှ ပြောပါတယ်။တရာဓမ္မနဲ့မွေ့လျော် |
စစ်ကိုင်းမြို့ သာစည်ရပ်နေထိုင်သူ သားအမိနှစ်ဦးကို စစ်ကောင်စီမှဖမ်းဆီးခဲ့ Posted: 14 Dec 2021 03:30 PM PST ဒီဇင်ဘာလ ၁၄၊ SGGစစ်ကိုင်းမြို့ သာစည်ရပ်နေထိုင်သူ သားအမိနှစ်ဦးကို ဒီဇင်ဘာလ ၁၃ရက် ညနေ ၄နာရီက အိမ်စီးကား၊ ဘုန်းကြီးကျောင်းကားအသုံးပြုပြီး ကား ၃စီးနဲ့ အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ အင်အား ၂၀ခန့်နဲ့ လာရောက်ဖမ်းဆီးသွားတယ်လို့သိရပါတယ်။အဖမ်းခံခဲ့ရတဲ့ အမျိုးသမီးရဲ့ ယောက်ျားက စစ်ဗိုလ်ဖြစ်တယ်လို့သိရပြီး CDM ပြုလုပ်ခဲ့တာကြောင့် မိသားစုဝင်ဖြစ်တဲ့ အမျိုးသမီးနှင့်မိခင်ကို စစ်ကောင်စီတပ်ဖွဲ့မှာ လာဖမ်းသွားတာလို့သိရပါ |
မယ်လစခန်း ဒုက္ခသည်တွေ ဆူပူဆန္ဒပြ Posted: 14 Dec 2021 03:29 PM PST ထိုင်း - မြန်မာ နယ်စပ် တာ့ခ်ပြည်နယ် ၊ထာ့ဆောင်ရမ်းမြို့နယ်ထဲက အကြီးဆုံးဒုက္ခသည်စခန်းတခုဖြစ်တဲ့ မယ်လဒုက္ခသည် စခန်းမှာ စခန်းအုပ်ချုပ်ရေးမှူးက စခန်းတွင်းနေထိုင်သူ၂ ဦး ဆိုင်ကယ်စီးလာချိန် နှာခေါင်းစည်းမတပ်လို့ ဆိုင်ကယ်ပေါ်က ဆွဲချပြီး ဆိုင်ကယ်သိမ်းဆည်းရာကနေ ဒုက္ခသည် ထောင်ဂဏန်းလောက် ဆန္ဒပြမူတွေ ဖြစ်ပြီး လုံခြုံရေးအာဏာပိုင်တွေက သေနတ်ဖောက် လူစုခွဲတာတွေ လုပ်ခဲ့ကြပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မ |
ပုလဲမြို့နယ်မှာ စစ်ကောင်စီနဲ့တိုက်ခိုက်ရင်း PDFရဲဘော်တဦး ကျဆုံး Posted: 14 Dec 2021 03:19 PM PST ပုလဲ၊ ဒီဇင်ဘာ ၁၄၊ ၂၀၂၁။ပုလဲမြို့နယ်မှာ ဒီဇင်ဘာ ၁၃ ရက် မနေ့က မနက်ပိုင်းကဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီနဲ့ PDF အဖွဲ့တွေရဲ့တိုက်ပွဲမှာ PDF ရဲဘော်တဦး ကျဆုံးခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်မတော် - PRA ဆီက သိရပါတယ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ငန်းချောင်းရွာအနီးမှာ မနေ့က မနက် ၁၁ နာရီလောက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေ အများအပြားသုံးပြီး ပြန်လည်ပစ်ခတ်တာကြောင့် ခုလိုကျဆုံးခဲ့တာ |
တပ်ပြေးရှာဖွေရန် အကြောင်းပြချက်နှင့် KNU တပ်မဟာ(၄)တွင် စစ်ကောင်စီတပ် အင်အားဖြည့်လာ Posted: 14 Dec 2021 03:22 PM PST ဒီဇင်ဘာ ၁၄ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီKNU ထိန်းချုပ်နယ်မြေ ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ(၄) ပုလောမြို့နယ်ထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်က ၎င်းတို့၏ တပ်ပြေး (၃)ဦးကို ရှာဖွေရန်အကြောင်းပြချက်ဖြင့် ဒူးရင်းပင်ရှောင်ကျေးရွာတွင် စစ်ကောင်စီက အင်အားဖြည့်တင်းလာ သည်ဟု ဒေသခံများထံမှ သိရသည်။အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒူးရင်းပင်ရှောင်ကျေးရွာရှိ ဘုရားကျောင်းဝင်းနှင့် လမ်းမကြီးဘေးရှိ အနီးအ နားကျေးရွာများတွင်လည်း |
NATO အရှေ့ဘက် ချဲ့ထွင်မှုမရပ်လျှင် ရုရှားစစ်ရေးအရ တုံ့ပြန်မည် Posted: 14 Dec 2021 02:44 PM PST မြောက်အတ္တလန္တိတ် စစ်စာချုပ် အဖွဲ့ NATO ဘက်က အရှေ့ပိုင်းကို ဦးတည် ချဲ့ထွင်မှု အဆုံးသတ်ဖို့ အာမခံချက် မပေးဘူးဆိုရင်တော့ ရုရှားဘက်ကလည်း စစ်ရေး အရ တုံ့ပြန်မှာ ဖြစ်သလို နည်းဗျူဟာမြောက် နျူးကလီးယား လက်နက်တွေ ချထားသွားမယ့် အကြောင်း ထိပ်တန်း ရုရှား သံတမန် တဦးက သတိပေးလိုက်ပါတယ်။ရုရှားဘက်က ခန့်မှန်းခြေ တပ်ဖွဲ့ဝင် ၁၀၀,၀၀၀ လောက် ချထားတဲ့ ယူကရိန်း နယ်စပ်အနီးမှာ ရုရှား စစ်ရေး လှုပ်ရှားမှုတွေကြောင့် အလျင်အမြန် |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.