သစ္ထူးလြင္ |
- မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကြပ်သောင်းဆိပ်စစ်ကောင်စီတပ်စခန်းကို KNLA သိမ်းပိုက်
- ကြပ်သောင်းဆိပ်စစ်ကောင်စီတပ်စခန်းမှာ စခန်းသိမ်းတိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးဖမ်းကို လက်နက်နဲ့အတူဖမ်းဆီးရမိ
- အမျိုးသားညီညွှတ်ရေးအစိုးရက မူလတန်း ဆရာအတတ်ပညာသင်တန်း ဝင်ခွင့်လျှောက်လွှာခေါ်ယူ
- မော်လမြိုင်မြို့က ပရဟိတ ဆရာဝန် တစ်ဦးကို ပုဒ်မ ၅၀၅-(က) ဖြင့် စစ်ကောင်စီက အမှုဖွင့်ထား
- အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ် ၃စီးနဲ့ နှမ်းခါးရွာထဲကို ပစ်ခတ်ရာ ပြည်သူများထိခိုက်မှုရှိနိုင်
- ပလက်ဝမြို့နယ်တွင် လူ(၆)ဦးအား အမည်မသိ မျက်နှာဖုံးစွပ်လက်နက်ကိုင်မှ ပစ်သတ်မှုဖြစ်ပွား
- မုံရွာတွင်စစ်ကောင်စီတပ်ကို သက်ညှာတော့မည်မဟုတ်၍ ပြည်သူများမလိုအပ်လျှင်အပြင်မထွက်ရန်သတိပေး
- ပုလဲနယ်တွင် ဒေသကာကွယ်ရေးအဖွဲ့ပေါင်းစုံ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီအထိအခိုက်များ
- လေးကေ့ကော်တွင် စစ်အင်အားမတိုးချဲ့နိုင်ရန် KNLA က လမ်းကြောင်းများဖြတ်တောက်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများရမ်းသမ်းပစ်ခတ်နေ
- ခရမ်းမြို့ မနေ့ည အားကရုံပစ်ခတ်မှုဖြစ်စဥ်တွင် စစ်သားအချင်းချင်းပြန်ပစ်ခတ်ဟုဆို၊ သေဆုံးအလောင်းများကို ညဘက်တိတ်တဆိတ်သယ်ထုတ်နေရ
- ရဲစခန်းမှထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်း မိုင်း (၃) ကြိမ်ဆွဲတိုက်ခိုက်ခံရ၍ စကစတပ်သား (၁၁) ဦးသေဆုံး
- မြိုင်မြို့နယ်တွင် စကစတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး Grand Royal ဖင်ကြားညှပ်တစ်ဦးအပါအဝင် (၉) ဦးထက်မနည်းသေဆုံး
- လဝက်အတွင်း စစ်တပ်နဲ့ KNU တိုက်ပွဲ (၁၁၁)ကြိမ်ဖြစ်၊ တပ်ဘက်က (၅၀)ကျော် သေဆုံးပြီး KNU ဘက်က တစ်ဦး ကျဆုံး
- ပုလဲမြို့နယ်အတွင်း PRA ရဲ့မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၆ဦးသေ
- မန္တလေးမြို့အဝင် မေမြို့အဆင်းလမ်းတွင် စစ်ကားကို ဗုံးခွဲတိုက်ခိုက်၊ စကစ သုံးဦးသေ ငါးဦး ဒဏ်ရာရဟုဆို
- ဒါရိုက်တာ ကိုပေါက်၏ ဇနီးနေအိမ် သေနတ်ဖြင့် ပစ်ခံရ
- နှမ်းခါးရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဥ်သုံးစီးဖြင့် ပစ်ခတ်၊ အနည်းဆုံးပြည်သူ သုံးဦးသေဆုံးဟု ဒေသခံပြော
- မြန်မာ့ဒီမိုအရေး မဟာဗျူဟာမြောက်ကူနိုင်ဖို့ ကန်ကာကွယ်ရေးဥပဒေပြင်ဆင်မှုမူကြမ်း အထက်လွှတ်တော်အတည်ပြု
- CDM စစ်သားများက ကားမိုင်း စမ်းသပ်ပြီးနောက် PDF များအတွက် အလုံး (၁၀၀၀) ထုတ်လုပ်နေ
- အာရှလမ်းမတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၇ ဦးသေဆုံး သေဆုံးသူတွေထဲမှာ တပ်ခွဲမှူးနဲ့ ဒုတပ်ခွဲမှူးတွေ ပါဝင်
- ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ပျံလွှားအောင် စစ်ဆင်ရေး ၃ ခု ဆောင်ရွက်နိုင်ခဲ့ကြောင်း ထုတ်ပြန်
- ခရမ်းမြို့ မနေ့ညပေါက်ကွဲမှုနှင့် ပစ်ခတ်မှုဖြစ်စဥ်များအပြီးတွင် အပစ်မဲ့ပြည်သူ ၁၀ ဦးခန့် ဖမ်းဆီးခံရ
- တီးတိန်မြို့နယ်မှာ CNF/CNA နဲ့ ZRA တို့ တိုက်ပွဲဖြစ်ပွား
- မင်းတပ်မြို့နယ်တွင် CDF- Mindat နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွား
- ဖမ်းဆီးခံလွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၏ ဖြစ်ပေါ်လာမည့်ကိစ္စအားလုံး စစ်ကောင်စီတာဝန်ခံရမည်ဟု မအူပင်အမတ် သတိပေး
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကြပ်သောင်းဆိပ်စစ်ကောင်စီတပ်စခန်းကို KNLA သိမ်းပိုက် Posted: 17 Dec 2021 06:03 PM PST ဓာတ်ပုံ - ကြပ်သောင်းဆိပ်စခန်းမှဖမ်းဆီးရမိတဲ့ BGFနှင့် စစ်ကောင်စီတပ်သားတချို့နှင့် မီးရှို့ဖျက်ဆီးခဲ့တဲ့တဲတချို့ကိုတွေ့ရစဉ်။ (Photos: Poe Lah YouTube Channel/ Karen History/ KNLA) ဒီဇင်ဘာလ ၁၇ ရက်နေ့ ၊ ၂၀၂၁ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကြပ်သောင်းဆိပ်စစ်ကောင်စီတပ်စခန်းကို KNLA တပ်မဟာာ ၁ တပ်ဖွဲ့ဝင်က သိမ်းပိုက်ထိန်းချုပ်ထားပြီး စခန်းအတွင်းရှိကတုတ်ကျင်းတွေကို လိုက်လံရှင်းလင်းပြီး တဲတချို့ကိုလည်းမီးရှို့ |
Posted: 17 Dec 2021 05:59 PM PST ဒီဇင်ဘာလ ၁၇ ရက်နေ့ ၊ ၂၀၂၁ စစ်ကောင်စီတပ်ဖွဲ့နှင့် BGF ပူးပေါင်းတပ်ဖွဲ့ အခြေစိုက်သည့် မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကြပ်သောင်းဆိပ်တပ်စခန်းကို KNLA တပ်မဟာာ ၁ တပ်ဖွဲ့ဝင်က စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီးနောက် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဝင် ၇ ဦးကိုလက်နက်နဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ တပ်မဟာ ၁ မှ ဗိုလ်ကြီးတစ်ဦးက Salween Press ကို ပြောပါတယ်။ ကြပ်သောင်းဆိပ်တိုက်ပွဲသည် ဒီနေ့မနက် ၅ နာရီကျော်မှာစတင်ဖြစ်ပွားခဲ့ပြီး |
အမျိုးသားညီညွှတ်ရေးအစိုးရက မူလတန်း ဆရာအတတ်ပညာသင်တန်း ဝင်ခွင့်လျှောက်လွှာခေါ်ယူ Posted: 17 Dec 2021 03:01 PM PST ဒီဇင်ဘာ ၁၇၊ ၂၀၂၁ ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကျောင်းသား ကျောင်းသူ လူငယ်များ စဉ်ဆက်မပြတ်ပညာသင်ယူနိုင်ရေးအတွက် ကြားကာလပညာရေးအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်ဖို့အတွက် မူလတန်း ဆရာအတတ်ပညာသင်တန်း ဝင်ခွင့်လျှောက်လွှာခေါ်ယူလိုက်ပါတယ်။ ဒီသင်တန်းက စစ်အာဏာရှင် အမြစ်ပြတ်ပျောက်ကွယ်သွားတဲ့အထိ နည်းမျိုးစုံနဲ့ တော်လှန်ဆန့်ကျင်နေတဲ့ ပြည်သူတွေအတွက် ပညာရေးအခွင့်အလမ်းမဆုံးရှုံးစေဖို့နဲ့ ဆရာအင်အား |
မော်လမြိုင်မြို့က ပရဟိတ ဆရာဝန် တစ်ဦးကို ပုဒ်မ ၅၀၅-(က) ဖြင့် စစ်ကောင်စီက အမှုဖွင့်ထား Posted: 17 Dec 2021 01:03 PM PST မော်လမြိုင် ၊ ဒီဇင်ဘာ ၁၇မော်လမြိုင်မြို့က ပရဟိတ ဆရာဝန် တစ်ဦးဖြစ်တဲ့ ဒေါက်တာ ချမ်းမြေ့အောင်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅-(က) ဖြင့် စစ်ကောင်စီက အမှုဖွင့် အရေးယူ ထားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။ပရဟိတ ဆရာဝန် တစ်ဦးဖြစ်တဲ့ ဒေါက်တာ ချမ်းမြေ့အောင်ကို စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာလ (၅)ရက်နေ့ ည(၁၁)နာရီဝန်ကျင်က နေအိမ်မှာ သွားရောက် ရှာဖွေခဲ့ပြီး နေအိမ်မှာ မတွေ့ရှိ |
အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ် ၃စီးနဲ့ နှမ်းခါးရွာထဲကို ပစ်ခတ်ရာ ပြည်သူများထိခိုက်မှုရှိနိုင် Posted: 17 Dec 2021 12:58 PM PST ဂန့်ဂေါ ဒီဇင်ဘာ ၁၇ ယနေ့ ဒီဇင်ဘာလ ၁၇ရက်နေ့ မွန်းလွဲ ၂နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ စစ်တပ်ရဟတ်ယာဉ် ၃စီးနဲ့ ရုတ်တရက်ရောက်ရှိလာပြီး နှမ်းခါးကျေးရွာ လူနေအိမ်တွေထဲကို စက်သေနတ်တွေနဲ့ အချိန်အတော်ကြာ တရစပ်ပစ်ခတ်ခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် လူနေအိမ်အချို့ထိခိုက်ပျက်စီးမှုတွေရှိနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ် ။ စစ်တပ်ရဲ့အကြမ်းဖက် ပစ်ခတ်မှုကြောင့် ဂန့်ဂေါ-ကလေးလမ်းပိုင်းမှာ အပြစ်မဲ့ပြည်သူသေဆုံးတာတွေ |
ပလက်ဝမြို့နယ်တွင် လူ(၆)ဦးအား အမည်မသိ မျက်နှာဖုံးစွပ်လက်နက်ကိုင်မှ ပစ်သတ်မှုဖြစ်ပွား Posted: 17 Dec 2021 12:56 PM PST ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့စိုးနီနောင်ကျေးရွာနေ ရွာသား ၄ ဦးနှင့် ကုမ္မဏီဝန်ထမ်း ၃ ဦးကို မျက်နှာဖုံးစွပ် လက်နက်ကိုင် ၅ ဦးမှ ရက်စက်စွာပစ်သတ်ခဲ့ရာ ၆ ဦးသေဆုံးပြီး ၁ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့သည့် အပေါ် CDF- Paletwa အနေဖြင့် ကျန်ရစ်မိသားစုနှင့် အတူဝမ်းနည်းကြောင်း ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ချက် ထုတ်ခဲ့သည်။အဆိုပါထုတ်ချက်အရ မျက်နှာဖုံးစွပ်လူ ၅ဦးမှ ဆမီးမြို့နယ် စိုးနီနောင်ကျေးရွာနေ ရွာသား ၄ဦး |
မုံရွာတွင်စစ်ကောင်စီတပ်ကို သက်ညှာတော့မည်မဟုတ်၍ ပြည်သူများမလိုအပ်လျှင်အပြင်မထွက်ရန်သတိပေး Posted: 17 Dec 2021 12:54 PM PST စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် လာမည့် ဒီဇင်ဘာလကုန်မှစ၍ အကြမ်းဖက်စစ်ကောင်စီနှင့်အပေါင်းအပါများအား သက်ညှာတော့မည်မဟုတ်သောကြောင့် ပြည်သူများ မလိုအပ်ဘဲ အပြင်မထွက်ရန် မုံရွာဒေသ အထူးကာကွယ်ရေးတပ်ဖွဲ့က သတိပေးကြေညာသည်။မုံရွာမြို့တွင် နေထိုင်သော မိဘပြည်သူများအနေဖြင့် ကျန်းမာရေးကိစ္စနှင့် အရေးကြီးကိစ္စများမှလွဲ၍ မုံရွာမြို့အတွင်း လမ်းပေါ် သွားလာကူးသန်းမှုများ မပြုလုပ်ကြပါရန် မုံရွာပြည်သူလူထုအား မေတ္တာရပ်ခံ |
ပုလဲနယ်တွင် ဒေသကာကွယ်ရေးအဖွဲ့ပေါင်းစုံ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီအထိအခိုက်များ Posted: 17 Dec 2021 12:47 PM PST ဒီဇင်ဘာ-၁၇ပုလဲမြို့နယ် ပုလဲ ဂန့်ဂေါ လမ်းတစ်လျှောက် စစ်ကြောင်းထိုးနယ်မြေရှင်းလင်းဖို့တက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီကနေ့ ဒီဇင်ဘာလ ၁၇ ရက် တစ်ရက်တည်းမှာပဲ ဒေသကာကွယ်ရေးအဖွဲ့စုံရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ဆယ်ချီပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ ပုလဲဒေသခံတစ်ဦးက ချင်းတွင်းရီဗျူးကိုပြောပါတယ်။အင်အားရာဂဏန်းရှိတဲ့ စစ်ကောင်စီတပ်ဟာ မိုင်းရှင်းလင်းရေးကိရိယာတွေပါ ပါဝင်ပြီး |
Posted: 17 Dec 2021 12:42 PM PST Photo - လေးကေ့ကော်မြို့သစ်တိုက်ပွဲတွင် ယမန်နေ့ကဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမြဝတီ - ဒီဇင်ဘာ ၁၇၊ ၂၀၂၁။တိုက်ပွဲပြင်းထန်နေသည့် ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်နယ်မြေအတွင်းသို့ စစ်ကောင်စီတပ်များ အင်အာတိုးချဲ့မှု မပြုလုပ်နိုင်ရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA/KNDO)တပ်ဖွဲ့ဝင်များ ယနေ့ နေ့လည်ခန့်မှ စတင်ကာ လမ်းကြောင်းဖြတ်တောက်နေကြောင်း သိရသည်။စစ်ကောင်စီတပ်ဖွဲ့ဝင်များက တင့်ကားများဖြင့် |
Posted: 17 Dec 2021 12:40 PM PST ဒီဇင်ဘာ ၁၇ခရမ်းမြို့နယ်တွင် မနေ့က ဒီဇင်ဘာလ ၁၆ ရက်နေ့ည ၉ နာရီကျော်ခန့်က အကြမ်းဖက်စစ်တပ်တပ်စွဲထားသော အားကရုံကို ခရမ်းPDF ကပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ခရမ်းPDF နှင့် အကြမ်းဖက်စစ်အုပ်စုတို့ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့အပြန်အလှန်ပစ်ခတ်မှုများတွင် အကြမ်းဖက်စစ်အုပ်စုထဲမှ စစ်သားတစ်ချို့သည် အချင်းချင်းပြန်လည်ပစ်ခတ်ခဲ့ကြကြောင်း တပ်တွင်းသတင်းပေးပို့ချက်အရ သိရသည်။ ထိုသို့စစ်သား |
ရဲစခန်းမှထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်း မိုင်း (၃) ကြိမ်ဆွဲတိုက်ခိုက်ခံရ၍ စကစတပ်သား (၁၁) ဦးသေဆုံး Posted: 17 Dec 2021 12:30 PM PST ဒီဇင်ဘာ ၁၇စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရွာ ရဲစခန်းမှထွက်လာသော ကား (၂၆) စီးပါ စကစယာဉ်တန်းနှင့် စကစ အင်အား (၇၀)ခန့်အား ယနေ့ ညနေ ၃ နာရီဝန်းကျင်က နဂါးမတောင်ရွာအနားတွင် ပြည်သူ့တော်လှန်ရေးတပ်မတော်-PRA တပ်ခွဲ (၁၁) နှင့် ပုံတောင်တိုက်ဂါးအဖွဲ့မှ ရှေ့ထွက်မိုင်းကြီး (၂) လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစတပ်သား (၅) ဦးသေဆုံးပြီး (၃) ဦး မသေမရှင်ဖြစ်သွားကြောင်း သိရသည်။ထို့အပြင် ယနေ့ မနက် ၁၀ နာရီ |
Posted: 17 Dec 2021 12:28 PM PST Photo - Grand Royal ဖင်ကြားညှပ်၍ သေဆုံးနေသော စကစတပ်သားတစ်ဦးဒီဇင်ဘာ ၁၇မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ယနေ့ နေ့လည် ၂ နာရီခန့်က သရက်ကန်ရဲစခန်းနှင့် ဖလံကိုင်း ရေနံမြေရဲစခန်းကို သွားသော ဆိုင်ကယ် (၇) စီးဖြင့် ရဲတပ်သား (၁၄) ဦးအား မြိုင် PDF မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲတပ်သား (၅) ဦးသေဆုံး၍ (၁) ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်းသိရသည်။တဖန် ညနေ ၃ နာရီခန့်တွင် မြိုင်မြို့နယ်မြောက်ပိုင်းတွင် စကစစစ်ကြောင်းအား |
Posted: 17 Dec 2021 12:26 PM PST ဒီဇင်ဘာ ၁၇ ရက်၊ ဘားအံဒီဇင်ဘာ ၁ ရက်ကနေ ၁၅ ရက်ထိ ကရင်တပ်မတော် (KNU/KNLA)ရဲ့ မူတြော်ခရိုင် တပ်မဟာ(၅)မှာ တိုက်ပွဲ (၁၁၁)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က (၅၄)ဦး သေဆုံးခဲ့ပါတယ်။KNLA နဲ့ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် (BGF)တို့အကြား ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်တပ်ဘက်မှ သေဆုံးသူအပြင် (၃၉)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU က မနေ့ ဒီဇင်ဘာ ၁၆ ရက် ည ၁၁ နာရီခွဲကျော်မှာ ထုတ်ပြန်ထားပါတယ်။စစ်ကောင်စီနဲ့ BGF တို့က |
ပုလဲမြို့နယ်အတွင်း PRA ရဲ့မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၆ဦးသေ Posted: 17 Dec 2021 12:24 PM PST ဒီဇင်ဘာ ၁၇၊၂၀၂၁။ ပုလဲမြို့နယ်အတွင်းက စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၁၇ရက် ဒီနေ့တရက်တည်မှာပဲ နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၆ဦးသေဆုံးကာ အများအပြားဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်မတော် - PRA ဆီကသိရပါတယ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းကနေ ခြေလျင်လျှောက်လာတဲ့ စစ်ကောင်စီတပ်သား ၆၀ ကျော်ကို ဒီနေ့မနက် ၁၀နာရီကျော်လောက်မှာ မိုင်း ၉လုံးနဲ့တိုက်ခိုက် |
မန္တလေးမြို့အဝင် မေမြို့အဆင်းလမ်းတွင် စစ်ကားကို ဗုံးခွဲတိုက်ခိုက်၊ စကစ သုံးဦးသေ ငါးဦး ဒဏ်ရာရဟုဆို Posted: 17 Dec 2021 12:22 PM PST မန္တလေး - ပြင်ဦးလွင်လမ်းပေါ်ရှိ သန့်စင်ကုန်းရွာ/ Photo – CJဒီဇင်ဘာ - ၁၇မန္တလေးမြို့အဝင် သမ္မတောရွာအနီးတွင် ပြင်ဦးလွင်ဘက်မှ ဆင်းလာသော စစ်ကောင်စီ ကားတစ်စီးကို ယနေ့ မွန်းတည့်ချိန်က ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လက်နက်ကိုင် သုံးဦးသေပြီး ငါးဦးဒဏ်ရာရကြောင်း Dragon Rangers Mandalay—DRM (မြို့ပြပြောက်ကျားတပ်ဖွဲ့) က သတင်း ထုတ်ပြန်သည်။ယနေ့ ဒီဇင်ဘာ(၁၇)ရက် မွန်းတည့်(၁၂)နာရီဝန်းကျင်က ပြင်ဦးလွင်ဘက်မှ |
ဒါရိုက်တာ ကိုပေါက်၏ ဇနီးနေအိမ် သေနတ်ဖြင့် ပစ်ခံရ Posted: 17 Dec 2021 08:14 AM PST ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် (၃၂)ရပ်ကွက် ရွှေပြည်သာ (၂)လမ်းရှိ ဒါရိုက်တာ ကိုပေါက်၏ ဇနီးနေအိမ်ကို ကားတစ်စီးဖြင့်လာရောက်၍ သေနတ်ဖြင့်ပစ်ခတ်မှု ယနေ့ညတွင် ဖြစ်ပွားခဲ့သည်။Honda Fit အဖြူရောင် ကားတစ်စီးပေါ်မှ နေအိမ်ကို ယနေ့(ဒီဇင်ဘာ၁၇)ည ၈ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒါရိုက်တာ ကိုပေါက်၏ ဇနီးက ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် Live လွှင့်၍ ပြောသည်။"ကျွန်မအိမ်ကိုသေနတ်နဲ့လာပစ် |
နှမ်းခါးရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဥ်သုံးစီးဖြင့် ပစ်ခတ်၊ အနည်းဆုံးပြည်သူ သုံးဦးသေဆုံးဟု ဒေသခံပြော Posted: 17 Dec 2021 08:09 AM PST အကြမ်းဖက်စစ်ကောင်စီတပ်သည် နှမ်းခါးရွာသို့ ရဟတ်ယာဉ် သုံးစီးဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူ အနည်းဆုံးပြည်သူ သုံးဦး သေဆုံးနိုင်ကြောင်း ဒေသခံများက ပြောသည်။ယနေ့(ဒီဇင်ဘာ ၁၇ ရက်)နေ့လည် ၂ နာရီခွဲခန့်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်သည် ကလေးမြို့နှင့် ယောဒေသအစပ်ရှိ နှမ်းခါးရွာသို့ ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။"စက်သေနတ်တွေရော၊ဗုံးတွေနဲ့ပါ ပစ်တာ။ ကျွန်မတို့ သေပြေ၊ ရှင်ပြေး တစ်ရွာလုံး ပြေးနေရတာ။အခု |
မြန်မာ့ဒီမိုအရေး မဟာဗျူဟာမြောက်ကူနိုင်ဖို့ ကန်ကာကွယ်ရေးဥပဒေပြင်ဆင်မှုမူကြမ်း အထက်လွှတ်တော်အတည်ပြု Posted: 17 Dec 2021 08:05 AM PST မြန်မာ့ဒီမိုကရေစီလူပ်ရှားမှုကို တရားဝင် မဟာဗျူဟာမြောက် ကူညီနိုင်ဖို့ အမေရိကန်ကာကွယ်ရေးဆိုင်ရာဥပဒေပြင်ဆင်မှု မူကြမ်းကို အထက်လွှတ်တော်က အတည်ပြုလိုက်ပါပြီ။အမေရိကန်အထတ်လွှတ်တော်အမတ် Mitch McConnell ဦးဆောင်ပြီး ၂၀၂၂ ဘဏ္ဏာနှစ်အတွက် NDAA လို့အတိုကောက်ခေါ်တဲ့ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေပါ မြန်မာ့အရေးဆိုင်ရာပြင်ဆင်ချက်ကို မနေ့က အတည်ပြုပေးလိုက်ပြီး သမ္မတလက်မှတ်ရေးထိုးဖို့ ပေးပို့လိုက်ပါပြီ။မြန်မာ |
CDM စစ်သားများက ကားမိုင်း စမ်းသပ်ပြီးနောက် PDF များအတွက် အလုံး (၁၀၀၀) ထုတ်လုပ်နေ Posted: 17 Dec 2021 03:48 AM PST ဒီဇင်ဘာ ၁၇DSTA ဆင်း CDM စစ်သားများ ဦးဆောင်၍ ရှေ့ထွက်မိုင်းနှင့် ကားမိုင်းများ အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်ပြီးနောက် PDF နှင့် LDF များအတွက် အရေအတွက်အမြောက်အမြား ထုတ်လုပ်ပေးနေပြီဟု PSPT က ယနေ့ထုတ်ပြန်လိုက်သည်။Project K1 အတွက် ရှေ့ထွက်မိုင်းသာမက ကားမိုင်းအဖြစ်ပါ နှစ်မျိုးအသုံးပြုနိုင်ရန် ကားအဟောင်းများဖြင့် စမ်းသပ်ပြီး တီထွင်ထားခြင်းဖြစ်ကြောင်း People Soldier's Production Team (PSPT) က ဆိုသည်။ |
အာရှလမ်းမတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၇ ဦးသေဆုံး သေဆုံးသူတွေထဲမှာ တပ်ခွဲမှူးနဲ့ ဒုတပ်ခွဲမှူးတွေ ပါဝင် Posted: 17 Dec 2021 03:46 AM PST ဒီဇင်ဘာ - ၁၇၊၂၀၂၁မြဝတီ ကော့ကရိတ် အာရှလမ်းမကြီးမှာ KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား မနေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၇ ဦးသေဆုံးသွားခဲ့ပြီး သေဆုံးသူတွေထဲမှာ အရာရှိအဆင့်ရှိသူတွေ ပါဝင်တယ်လို့ မြေပြင်သတင်းပေးပို့ချက်ကနေ သိရပါတယ်။ ဒီဇင်ဘာ ၁၆ ရက်နေ့ ညနေ ၃ နာရီအချိန်က စစ်ကောင်စီရဲ့ စကခ ၁၃ လက်အောက်ခံတပ် ခမရ ၅၅၆ တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ တပ်ရင်း ၁၈၊တပ်ရင်း ၂၇ |
ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ပျံလွှားအောင် စစ်ဆင်ရေး ၃ ခု ဆောင်ရွက်နိုင်ခဲ့ကြောင်း ထုတ်ပြန် Posted: 17 Dec 2021 03:22 AM PST ဒီဇင်ဘာ ၁၇၊ ၂၀၂၁ ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ ပျံလွှားအောင် စစ်ဆင်ရေး ၃ ခုကိုဆောင်ရွက်နိုင်ခဲ့ကြောင်း ဒီဇင်ဘာလ ၁၇ ရက်နေ့ ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ဒီဇင်ဘာလ ၁၆ ည ၇ နာရီမှာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်က ရဲစခန်းနဲ့ ခရမ်းမြို့ ဘုရားပျိုရဲစခန်းအပြင် ခရမ်းအားကစားရုံဝန်းက အကြမ်းဖက် စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့နေရာကို အဲဒီနေ့ ည ၉ နာရီ ဝန်းကျင်မှာပဲ |
ခရမ်းမြို့ မနေ့ညပေါက်ကွဲမှုနှင့် ပစ်ခတ်မှုဖြစ်စဥ်များအပြီးတွင် အပစ်မဲ့ပြည်သူ ၁၀ ဦးခန့် ဖမ်းဆီးခံရ Posted: 17 Dec 2021 03:20 AM PST Khayan Channeli0f3S65c7c07fusu2or210dt1agh ·Khayan Channel (ဒီဇင်ဘာ ၁၇)ခရမ်းမြို့နယ်တွင် မနေ့ည ပေါက်ကွဲမှုနှင့်ပစ်ခတ်မှုဖြစ်စဥ်များအပြီးတွင် အပစ်မဲ့ပြည်သူ ၁၀ ဦးခန့်ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ ဘုရားပျိုကျေးရွာတွင် ဘုရားပျိုရဲစခန်းပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများအပြီး ၁ နာရီကျော်ကြာသည့်အချိန်တွင် အကြမ်းဖက်စစ်တပ်က ကျေးရွာအတွင်း သန်းခေါင်စာရင်းများလိုက်လံစစ်ဆေးခဲ့ပြီး ထိုသို့စစ်ဆေးခဲ့ရာမှ အပစ်မဲ့ |
တီးတိန်မြို့နယ်မှာ CNF/CNA နဲ့ ZRA တို့ တိုက်ပွဲဖြစ်ပွား Posted: 17 Dec 2021 03:14 AM PST ခိုနူမ်းသုန်သတင်း၊ ၁၇ ဒီဇင်ဘာ ၂၀၂၁ချင်းပြည်နယ်တီးတိန်မြို့နယ် Gawsing ကျေးရွာမှာ ယနေ့နံနက်ပိုင်း ၃ နာရီဝန်းကျင်လောက်မှာ ချင်းအမျိုးသား တပ်မေ တာ် CNF/CNA တပ်ဖွဲ့နဲ့ ဇိုမီးတော်လှန်ရေးတပ်မတော်(ZRA) တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။Gawsing ကျေးရွာဟာ တီးတိန်မြို့ကနေ မိုင် ၃၀ လောက်ဝေးပြီး အိန္ဒိယ-မြန်မာနယ်စပ်ဘက်မှာတည်ရှိတဲ့ကျေးရွာတစ်ရွာ ဖြစ်ပြီး ယနေ့နံနက်ပိုင်း ၃ နာရီဝန်းကျင်လောက်က |
မင်းတပ်မြို့နယ်တွင် CDF- Mindat နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွား Posted: 17 Dec 2021 03:12 AM PST ခိုနူမ်းသုန်သတင်း၊ ၁၇ ဒီဇင်ဘာ ၂၀၂၁ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ဘုရားစခန်းကျေးရွာဘက်သို့ တောလမ်းမှ စစ်ကြောင်းတက်လာသော စစ်ကောင်စီတပ်နှင့် CDF- Mindat တို့အကြား ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က တိုက်ပွဲဖြစ်ပွားခဲ့ကြသည်ဟု CDF-Mindat ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်ကပြောသည်။ " လောလောဆယ်ပဲ စကစတွေ ဘုရားစခန်းရွာထဲကိုဝင်လာတယ်။ ဒီမနက်က တကြိမ်တော့ တိုက်ပွဲဖြစ်ပြီး။ အထိအခိုက်အကျဆုံးတော့ မသိရ |
Posted: 17 Dec 2021 03:09 AM PST လေးကေ့ကော်တွင် အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီထားသည့် ဒီချုပ်အမတ် နှစ်ဦးစလုံးသည် ကျန်းမာရေးကောင်းမွန်သူများဖြစ်ပြီး ဖမ်းဆီးခံရပြီး နောက်ပိုင်း ဖြစ်ပေါ်လာသည့် ကိစ္စအားလုံးအား စစ်ကောင်စီမှ တာဝန်ခံရမည်ဟု မအူပင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အိအိပြုံးက သတိပေးသည်။စစ်ကောင်စီက ကရင်ပြည်နယ် KNUထိန်းချုပ်နယ်မြေဖြစ်သော လေးကေ့ကော်မြို့သစ်အတွင်း ဒီဇင်ဘာ ၁၅ရက်က အဓမ္မဝင်ရောက်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးတက်ကြွ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.