သစ္ထူးလြင္ |
- အာဏာသိမ်းတပ် ရွာထဲဝင်မည့် သတင်းကြား၍ ရွာသားများ ကြောက်လန့် တကြား တိမ်းရှောင်
- အာဏာသိမ်းစစ်တပ်က လွိုင်ကော်မြို့နယ်အတွင်း နောင်လုံနှင့် ကွန်နားရွာများတွင် နေအိမ်များကို ထပ်မံ မီးရှို့
- စစ်ကိုင်းတိုင်းဒီချုပ်ဥက္ကဌနှင့်တိုင်းဥပဒေချုပ်ကို စစ်ကောင်စီက ထောင် ၂ နှစ်ချ
- မြဝတီတွင် ညဖက်တာဝန်ချိန်မှလွဲ၍ ယူနီဖောင်းမဝတ်ရန်BGF စာထုတ်
- တောင်သာတွင် မြို့ဝင်ဂိတ်စောင့် စကစများကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲ၊ နှစ်ဦး ပွဲချင်းပြီးသေ နှစ်ဦးဒဏ်ရာရ၊
- မန္တလေးမြို့လယ်ရှိ ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းများ ပါသွား
- စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲကြီးမားလာနိုင်ကြောင်း KNDO ထုတ်ပြန်
- ကေအဲန်ယူ- သထုံမြို့နယ် အလုပ်အမှု ဆောင် ကော်မတီမှပြည်သူလူထု လိုက်နာရမည့် အချက်(၄)ချက် ထုက်ပြန်
- လေးကေ့ကော်တိုက်ပွဲတွင် PDF တစ်ဦးကျဆုံး
- မုံရွာမြို့မှလာသော စစ်ကောင်စီယာဉ်တန်းအား မြောင် PDF နှစ်ဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စကစတပ်သား (၆) ဦးပွဲချင်းပြီးသေဆုံး
- ၁၃နာရီကြာ ကျသောင်းဆိပ်စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၇ ဦး လက်နက်ချအညံ့ခံ
- အလယ်စုရွာမှာ ကြံ့ဖွံ့ပါတီထောက်ခံသူ အမျိုးသမီးတစ်ဦး ပစ်သတ်ခံရပြီးနောက် ရွာက နေအိမ်တစ်ဆောင်ကို စစ်တပ်က မီးရှို့
- တန့်ဆည်တွင် စျေးဝယ်ပြီး ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲ လေးဦး မိုင်းဆွဲတိုက်ခိုက်ခံရ
- ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီ သံချပ်ကာယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ စကစတပ်များ ရမ်းသမ်းပစ်ခတ်ပြီး တရကြမ်းမောင်းပြေး
- တမူးမြို့နယ် မြို့ရှောင်လမ်းတစ်လျောက်တွင် အပြန်အလှစ်ပစ်ခတ်မှုများဖြစ်ပွားခဲ့၍ စကစဘက်မှ တပ်ကြပ် (၁) ဦးအပါအဝင် (၂) ဦးသေဆုံး
- သန်လျင်မြို့သူရဲကောင်း ကိုဖြိုးမောင်မောင်ဦး(ခ)ဖြိုးကြီးအလောင်းကို အကြမ်းဖက်စစ်တပ်မှပိုင်ရှင်မဲ့ အလောင်းလုပ်ပြီး တိတ်တဆိတ်သဂြိုလ်ခဲ့
အာဏာသိမ်းတပ် ရွာထဲဝင်မည့် သတင်းကြား၍ ရွာသားများ ကြောက်လန့် တကြား တိမ်းရှောင် Posted: 18 Dec 2021 07:34 AM PST စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကံကြီး (အနောက်)ကျေးရွာတွင် ယနေ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့ ညနေပိုင်းက အာဏာသိမ်းစစ်တပ် ဝင်လာသည်ဟု သတင်းရသဖြင့် ရွာသားများ ကြောက်လန့်တကြား တိမ်းရှောင်နေကြရာမှ သတင်းမှားဖြစ်ကြောင်း အတည်ပြုနိုင်သဖြင့် ရွာတွင်းပြန်ဝင်လာကြသည်ဟု သိရသည်။အာဏာသိမ်းစစ်တပ် ဝင်သည့်ကျေးရွာများတွင် အကြမ်းဖက် ဖမ်းဆီးခံရခြင်းများ၊ သတ်ဖြတ်ခံရခြင်းများ၊ ပစ္စည်းများ ယူငင်၊ ဖျက်ဆီးခံရခြင်း |
Posted: 18 Dec 2021 07:32 AM PST ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးအရှေ့ဘက်ခြမ်း နောင်လုံကျေးရွာနှင့် ကွန်နားကျေးရွာတို့တွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့ ညနေပိုင်း၌ အာဏာသိမ်းစစ်တပ်က နေအိမ်များကို ထပ်မံမီးရှို့ကြောင်း သိရသည်။အာဏာသိမ်းစစ်တပ်သည် နေ့လယ် (၁၂)နာရီခွဲဝန်းကျင်ကလည်း နောင်လုံကျေးရွာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အပြင် နေအိမ်တစ်လုံးကိုပါ မီးရှို့သွားခဲ့ပြီးနောက် ညနေ |
စစ်ကိုင်းတိုင်းဒီချုပ်ဥက္ကဌနှင့်တိုင်းဥပဒေချုပ်ကို စစ်ကောင်စီက ထောင် ၂ နှစ်ချ Posted: 18 Dec 2021 07:30 AM PST စစ်ကိုင်းတိုင်းဒေသကြီးဒီချုပ်ပါတီဥက္ကဌနှင့် တိုင်းဒေသကြီး ဥပဒေချုပ်ဖြစ်သူ ဦးခင်မောင်လှကို ပုဒ်မ ၅၀၅-ခဖြင့် စစ်ကောင်စီက ထောင်ဒဏ်(၂)နှစ် ချမှတ်လိုက်သည်။ဦးခင်မောင်လှကို ယမန်နေ့(ဒီဇင်ဘာ ၁၇) က မုံရွာအကျဥ်းထောင်တွင် ထောင်တွင်း အထူးတရားရုံးဖြင့် တရားစီရင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးမှ ဒီချုပ်ပါတီဝင်များကပြောသည်။ ဦးခင်မောင်လှအား ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်ခြင်းကို ကန့်ကွက်ရှုတ်ချ |
မြဝတီတွင် ညဖက်တာဝန်ချိန်မှလွဲ၍ ယူနီဖောင်းမဝတ်ရန်BGF စာထုတ် Posted: 18 Dec 2021 07:28 AM PST ( နယ်စပ်တစ်နေရာတွင် BGFတပ်ဖွဲ့ဝင်များ)အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF)က ၎င်း၏တပ်ဖွဲ့ဝင်များအား ညဖက်တွင် တာဝန်ချိန်မှလွဲ၍ ယူနီဖောင်းမဝတ်ရန် ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။မြဝတီမြို့နယ်အတွင်းရှိ BGF တပ်ရင်း၊တပ်နယ်၊ တပ်ဖွဲ့များအားလုံး ဒီဇင်ဘာ ၁၈ရက်မှစ၍ ညအချိန် တာဝန်မှအပ ယူနီဖောင်း(အပြည့်/တစ်ပိုင်း) လုံဝ ဝတ်ဆင်ခြင်းမပြုရန် BGF က ယနေ့(ဒီဇင်ဘာ ၁၈ရက်) တွင် တပ်ဖွဲ့တွင်း |
Posted: 18 Dec 2021 07:24 AM PST ဒီဇင်ဘာ - ၁၈တောင်သာမြို့တွင် တောင်သာ - ဇဂျမ်း မြို့ဝင်ဂိတ်၌ အစောင့်ကျနေသော စစ်ကောင်စီ လက်နက်ကိုင်များကို ယနေ့ နေ့လည်ပိုင်းတွင် အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စကစ နှစ်ဦး နေရာတွင်ပင် ပွဲချင်းပြီး သေပြီး အခြားနှစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း တောင်သာပြောက်ကျား တပ်ဖွဲ့ TTA (တောင်သာ)က သတင်းထုတ်ပြန်သည်။ယနေ့ ဒီဇင်ဘာ(၁၈)ရက် မနက်(၉)နာရီခွဲဝန်းကျင်က တောင်သာမြို့အဝင်ဂိတ်တွင် အစောင့်ကျနေသော စစ် |
မန္တလေးမြို့လယ်ရှိ ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းများ ပါသွား Posted: 18 Dec 2021 07:21 AM PST ၀ိန့်လီရွှေဆိုင် (ပုံဟောင်း)/ Photo – ၀ိန့်လီရွှေဆိုင်မန္တလေး၌ နှစ်ရက်ဆက် ဓားပြတိုက်ခံရခြင်း ဖြစ်ပြီး အာဏာသိမ်းပြီးနောက် လေးကြိမ်မြောက် ဓားပြမှုဖြစ်၊ဒီဇင်ဘာ - ၁၈ မန္တလေးမြို့လယ်ရှိ ဝိန့်လီရွှေဆိုင် ယနေ့ ညနေပိုင်းတွင် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းအချို့ ပါသွားကြောင်း နီးစပ်သူများက MFP သို့ ပြောသည်။ယနေ့ ဒီဇင်ဘာလ (၁၈)ရက် ညနေ (၅)နာရီခွဲခန့်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း ၈၀၊ ၂၉လမ်းနှင့် |
စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲကြီးမားလာနိုင်ကြောင်း KNDO ထုတ်ပြန် Posted: 18 Dec 2021 07:13 AM PST အကြမ်းဖက်စစ်ကောင်စီက ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်သို့ အင်အားအလုံးအရင်းဖြင့် ပြန်လည်တိုက်ခိုက်မည့် အနေအထားမှာရှိနေကြောင်း တိုက်ပွဲအခြေအနေမှာ ဒီထက်မက ပိုမိုကြီးမားလာနိုင်ကြောင်း ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO က သတင်းထုတ်ပြန်သည်။ယခုလ ၁၅ ရက်နေ့မှ စတင်ကာ လေးကေ့ကော်ဒေသတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များသည် အထိနာပြီး ဆုတ်ခွာသွားသော်လည်း ပြန်လည် တိုက်ခိုက်ရန် အနေအထားမှာ ရှိနေကြောင်း KNDO |
ကေအဲန်ယူ- သထုံမြို့နယ် အလုပ်အမှု ဆောင် ကော်မတီမှပြည်သူလူထု လိုက်နာရမည့် အချက်(၄)ချက် ထုက်ပြန် Posted: 18 Dec 2021 07:08 AM PST ဒီဇင်ဘာ၊၁၈ကေအဲန်ယူ-သထုံခရိုင်၊ သထုံမြို့နယ် အလုပ်မှုဆောင်ကော်မတီမှ ပြည်သူလူထုများ လိုက်နာရမည့် အချက် (၄)ချက်ပါ ကြေညာ ချက်တစ်စောင် ထုက်ပြန်သည်။(၁) ခရီးသွားလာခွင့်ကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ သွားလာခွင့်ပြုသည်။ ၎င်းကန့်သတ်ချိန်ကို ကျော်လွန်၍ ခရီးသွားလာခွင့်မပြုပါ။(၂) သထုံခရိုင်-သထုံမြို့နယ်၊ တပ်ရင်း (၂)ထိန်းချုပ်နယ်မြေအတွင်း မော်တော်ယာဥ်ဖြစ်သည့် ကားဖြင့် ခရီးသွားလာပါက ကားမှန်များကို ချ၍ |
လေးကေ့ကော်တိုက်ပွဲတွင် PDF တစ်ဦးကျဆုံး Posted: 18 Dec 2021 07:01 AM PST ဒီဇင်ဘာ ၁၈လေးကေ့ကော်တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်အား တော်လှန်တိုက်ခိုက်ရင်း ရဲဘော်ဗညားဟာ ပြည်သူအတွက် ကာကွယ်အသက်ပေးသွားကြောင်း 96 Soldiers -PDF ကတာဝန်ရှိသူတစ်ဦးမှ လူမှုကွန်ယက်ပေါ်တွင် မျှဝေထားပါတယ်။အကြမ်းဖက်စစ်ကောင်စီဘက်မှ အကျအဆုံးများလည်း အများအပြားရှိပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းလျက်ရှိပါတယ်။ဘားအံ့မြို့မှ လေးကေ့ကော်ဘက်သို့ တင့်ကား (၂) စီးအပါအဝင် စစ်ကား (၁၄) စီးစစ်ကူသွားကြောင်းလည်း သိရှိပါ |
Posted: 18 Dec 2021 06:58 AM PST ဒီဇင်ဘာ ၁၈စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှလာသော စစ်ကောင်စီကားများအား ယမန်နေ့ ဒီဇင်ဘာ ၁၇ ရက်နေ့က ချောင်ဦးမြို့မရောက်ခင် ငါ့ရှန်ရွာနှင့် နတ်ရေကန်ရွာကြားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စကစတပ်သား (၆) ဦးသေဆုံး၍ ဒဏ်ရာပြင်းထန်သူ (၂) ဦးရှိခဲ့ကြောင်းသိရသည်။အဆိုပါတိုက်ခိုက်မှုအား မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( Myaung People`s Defense Force TGR)နှင့် Young Fighters People's Defence |
၁၃နာရီကြာ ကျသောင်းဆိပ်စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၇ ဦး လက်နက်ချအညံ့ခံ Posted: 18 Dec 2021 06:57 AM PST ဒီဇင်ဘာ ၁၈ဘီလင်းမြို့နယ် ကျသောင်းဆိပ်ရွာမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် ပူးပေါင်းစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီအဖွဲ့ဝင် ၇ဦး လက်နက်ချအညံ့ခံခဲ့ပါတယ်။ အဲဒီစခန်းဟာ နယ်ခြားစောင့်တပ်ရင်း ၁၀၁၃ နဲ့ စစ်ကောင်စီတပ်စွဲထားပြီး မွန်ပြည်နဲ့ ကရင်ပြည်အစပ် ကေအဲန်ယူ တပ်မဟာ ၁ နယ်မြေထဲမှာရှိတာဖြစ်ပြီး မနေ့က တပ်မဟာ၁တပ်ဖွဲ့နဲ့ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။ |
Posted: 18 Dec 2021 06:55 AM PST ဒီဇင်ဘာ ၁၇ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်က အလယ်စုကျေးရွာမှာ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး နေအိမ်မှာ ပစ်သတ်ခံရတယ်လို့သိရပါတယ်။ အလယ်စုရွာမှာနေထိုင်တဲ့ ဒေါ်ကျင်ရွှေဟာ ဒီဇင်ဘာလ ၁၇ ည ၇ နာရီခွဲဝန်းကျင်က နေအိမ်မှာ သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။ ဒေါ်ကျင်ရွှေ ကြံ့ခိုင်ရေးပါတီထောက်ခံသူဖြစ်တယ်လို့ဒေသခံတွေကပြောဆိုကြပြီး ဘယ်အဖွဲ့က သတ်ခဲ့တယ်ဆိုတာတော့မသိရသေးပါဘူး။ ဒေါ် |
တန့်ဆည်တွင် စျေးဝယ်ပြီး ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲ လေးဦး မိုင်းဆွဲတိုက်ခိုက်ခံရ Posted: 18 Dec 2021 06:53 AM PST တန့်ဆည် - ဒီဇင်ဘာ ၁၈၊ ၂၀၂၁။ ဆိုင်ကယ်နှစ်စီးနှင့် ဈေးဝယ်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲလေးဦးသည် ယမန်နေ့ နံနက်ပိုင်းက တန့်ဆည်မြို့တော်ခန်းမနှင့် စာကြည့်တိုက်အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။ တန့်ဆည်မြို့မဈေးမှ ဈေးဝယ်ပြီး ရဲစခန်းသို့ ပြန်လာစဉ် လမ်းခုလတ်တွင် မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။ "သူတို့က |
Posted: 18 Dec 2021 06:50 AM PST ဒီဇင်ဘာ ၁၈ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ဂျိုင်း- ကော့ကရိတ်တံတားသို့ ဖြတ်သန်းလာသော သံချပ်ကာကား (၂)စီး၊ ဖောကား (၂)စီး၊ စုစုပေါင်း (၄)စီးပါသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းအား (၉)တိုင်လမ်းဆုံနှင့် တံတားကျိုးနေရာအနီးတွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ရှေ့ထွက်မိုင်း (၄)လုံးတိတိ ဖောက်ခွဲခံရပြီးနောက် စကစယာဉ်တန်းသည် တရကြမ်းမောင်းပြေးပြီး အနီးနားကို ရမ်းသမ်းပစ်ခတ် |
Posted: 18 Dec 2021 06:49 AM PST Photo - Tamu PDF တပ်ရင်း (၁) တပ်ခွဲ (၃)မှ BSO တပ်ဖွဲ့ဝင်များ (ပုံဟောင်း)ဒီဇင်ဘာ ၁၈ တမူးမြို့၊မြို့ရှောင်လမ်းတလျှောက်တွင် ယနေ့ နံနက် ၈ နာရီခွဲအချိန်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Tamu-တပ်ရင်း(၁)မှ တပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် နဂါးမင်းသမီး ရဲကင်းစခန်းမှ စကစတပ်ဖွဲ့ဝင်များနှင့် ထိတွေ့၍ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။" အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်အတွင်း အကြမ်းဖက်စစ်ကောင်စီ( |
Posted: 18 Dec 2021 06:46 AM PST Photo - သန်လျင်မြို့သူရဲကောင်း ကိုဖြိုးမောင်မောင်ဦး(ခ)ဖြိုးကြီးရဲ့အလောင်းကို မြှုပ်နှံထားသော ပျဥ်ထောင်ကျောင်းသုဿာန်ပုံဒီဇင်ဘာ ၁၈ရက်မနေ့က လဟာရပ်ကျေးရွာပစ်ခတ်မူဖြစ်စဥ်၌ မိမိရဲဘော်များကိုလွတ်မြောက်စေပြီး အကြမ်းဖက်စစ်တပ်ကို ရဲရဲရင့်ရင့် တစ်ယောက်တည်းခုခံခဲ့ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့သော သန်လျင်မြို့ရဲ့သူရဲကောင်း ကိုဖြိုးမောင်မောင်ဦး(ခ)ဖြိုးကြီး အလောင်းကို အကြမ်းဖက်စစ်တပ်ကနေ မိသားစုများအား |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.