Friday, December 24, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ကညှင်မြိုင်စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီဘက်မှ သေဆုံးမှုရှိ၊ လက်နက်များရရှိဟု KIA ထုတ်ပြန်

Posted: 24 Dec 2021 08:14 AM PST

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကညှင်မြိုင် ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို (KIA)က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုရှိပြီး စစ်လက်နက်များ ရရှိခဲ့ကြောင်း KIA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။KIA အမှတ်(၉)တပ်မဟာ၊ အမှတ်(၄၄) တပ်ရင်း နယ်မြေ၊ ဆားမှော်ဒေသ၊ ကညှင်မြိုင်တွင် ဒီဇင်ဘာ ၂၄ရက် နံနက် ၃အချိန်ခန့်က တိုက်ပွဲဖြစ်ခဲ့​ကြောင်း၊ကညှင်မြိုင်တွင် တပ်စွဲထားသော စစ်

၂၀၂၃ ခုနှစ်သြဂုတ်လအတွင်း ရွေးကောက်ပွဲပြန်လည်ကျင်းပမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ပြော

Posted: 24 Dec 2021 08:02 AM PST

နိုင်ငံတည်ငြိမ်အေးချမ်းမှုပေါ်မူတည်ပြီး ၂၀၂၃ ခုနှစ်သြဂုတ်လအတွင်း ရွေးကောက်ပွဲပြန်လည် ကျင်းပနိုင်ရေး ဆောင်ရွက်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောလိုက်ပြန်ပါတယ်။ မနေ့ ဒီဇင်ဘာ ၂၃ရက်က သွားရောက်ခဲ့တဲ့ တပ်မတော်ဆေးတက္ကသိုလ် ၊တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ၊ တပ်တော် ( ကြည်း) ဗိုလ်သင်တန်းကျောင်း ( မှော်ဘီ) တို့က ကျောင်းအုပ်၊နည်းပြနဲ့ သန္ဓေ အရာရှိတွေနဲ့တွေ့ဆုံ

နယ်ခြားစောင့်တပ် ၄ ဦးကို စစ်ကောင်စီသတ်ဖြတ်ခဲ့ပြီး၊ ကလေးတွေအပါအဝင် အမျိုးသမီးတွေပါ ဖမ်းဆီးခေါ်ဆောင်

Posted: 24 Dec 2021 07:52 AM PST

ဒီကနေ့ ဖရူဆိုမြို့နယ်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ဖရူဆိုမြို့နယ်ထဲက နယ်ခြားစောင့်တပ် ၄ဦးကို သတ်ဖြတ်ခဲ့ပြီး လမ်းသွားလမ်းလာ အမျိုးသမီးတွေနဲ့ ကလေး ၁၀ ဦးကို ဖမ်းဆီးခဲ့တယ်လို့ KNDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။"အမျိုးသမီးကောကလေးကောပါတယ်ဗျ။ ဒါပေမဲ့လူဦးရေအတိကျတော့ကျနော်မသိဘူး။…နယ်ခြားစောင့်တပ်တွေတောင်မှ စစ်တပ်ကသတ်တယ်ဆိုတော့ ဘားမှ ပြောစရာအကြောင်းမရှိဘူးလို့ကျနော်ပြောချင်တယ်။ နယ်ခြား

ပါယ်ငါးဆယ်ရွာ အုပ်ချုပ်ရေးမှူးဟောင်း ဒလန်လုပ်နေသူတဦး အနီးကပ်ပစ်သတ်ခံရ

Posted: 24 Dec 2021 07:42 AM PST

ဒီဇင်ဘာလ ၂၄ရက် မနက်ပိုင်းက စစ်ကိုင်းမြို့နယ်၊ ထန်းတောကျေးရွာအုပ်စု၊ ပါယ်ငါးဆယ်ရွာမှ အုပ်ချုပ်ရေးမှူးဟောင်း စကစသတင်းပေး ဒလန် ဦးမြင့်ဆွေ လက်ဘက်ရည်ဆိုင်ထိုင်နေချိန် တိမ်ကြားမင်းခေါင်းအဖွဲ့မှာ နားထင်သို့ သေနတ်နှစ်ချက်ပစ်ခတ် သုတ်သင်ရှင်းလင်းခဲ့ပါတယ်။စစ်ကောင်စီ သတင်း‌ပေးဒလန်၊ အုပ်ချုပ်ရေးမှူးများအနေဖြင့် ပြည်သူကိုသစ္စာဖောက်သည့်လုပ်ရပ်များအား ချက်ချင်းရပ်တန့်ရန်နှင့် ဆက်လက် ကျူးလွန်နေပါက သုတ်သင်

မုံရွာ-အရာတော်ကားလမ်းပေါ်တွင် စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲခံရပြီး စကစတပ်သား (၁၅) ဦးသေဆုံးကာ (၂၀) ဦးမသေမရှင်ဖြစ်

Posted: 24 Dec 2021 07:31 AM PST

ဒီဇင်ဘာ ၂၄၊ PDFNewsflash စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်ကားလမ်းပေါ်  ယနေ့ နံနက် ၉နာရီခန့် အချိန်က ၃၆၉-(သစ်ကျင်းကြီး)တပ်အထွက်လမ်းဆုံတွင် စစ်ကောင်စီတပ်များမှ အရာရှိကြိုရန် စောင့်နေသော တပ်သား (၂၅) ဦးပါ ဖောကား (၁)စီး၊ အရာရှိပါလာသော အင်အား (၂၀) ခန့်ပွိုင့်ကား (၂) စီး တို့သည် PDF များထောင်ထားသော မိုင်းကွင်းပေါ်တည့်တည့်ရပ်နေသောကြောင့် ကားပေါ်မှအဆင်းတွင် မိုင်း (၅) လုံး ရှေ့ထွက်မိုင်း (၁) လုံးဖြင့် နှစ်

မြန်မာဘက်ကပစ်သည့် လက်နက်ကြီး ကျည် (၇) လုံး ထိုင်းဘက်သို့ကျပြီး သီးနှံစိုက်ခင်းများပျက်စီး

Posted: 24 Dec 2021 03:45 AM PST

ဒီဇင်ဘာ ၂၄ ရက် ၂၀၂၁ခုနှစ်။ ကေအိုင်စီယနေ့ ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းကတည်းက  ဖြစ်ပွားလျက်ရှိသော မြဝတီတောင်ဘက်ခြမ်း လေးကေကော်ဒေသ တိုက်ပွဲမှ မြန်မာဘက်ကပစ်သည့် လက်နက်ကြီး ကျည် (၇) လုံး ထိုင်းဘက်သို့ ကျခဲ့၍ သီးနှံစိုက်ခင်များ ပျက်စီးခဲ့ကြောင်း မျက်မြင်များက ပြောသည်။ ယနေ့ နံနက် ၁၀ နာရီခန့်က မြန်မာဘက်က ပစ်လိုက်သည့် လက်နက်ကြီး ကျည် (၇) လုံး တဖက် ထိုင်းဘက်ခြမ်းကို ကျခဲ့ကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့

ဖားကန့်တွင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ရေမဆေးသမား ၄ ဦးခန့် ထိခိုက်ဒဏ်ရာရ၊ တစ်ဦးသေဆုံး

Posted: 24 Dec 2021 03:41 AM PST

ဖားကန့်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရေမဆေးသမားများ ၄ ဦးထက်မနည်း ကျည်ထိမှန်ဒဏ်ရာရှိကာ တစ်ဦးသေဆုံးသွားကြောင်းသိရသည်။ဒီဇင်ဘာလ ၂၃ရက်နေ့ ည ၈နာရီဝန်းကျင်တွင် ဖားကန့်စစ်ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ခတ်ခဲ့သောကြောင့် မော်မောလီယန်အနီး အင်ဘလာခရှိ ကျောက်စိမ်းကုမ္ပဏီဝင်းတစ်ခုတွင် လက်နက်ကြီး ၂လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးက KGN သတင်းဌာနကိုပြောဆိုခဲ့သည်။"ဖြစ်သွားတာက ည

မွန်ပြည်နယ်မှာ ရွှေဈေး ၁၈ သိန်းကျော်ထိ ပြန်လည် မြင့်တက်လာ

Posted: 24 Dec 2021 03:41 AM PST

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၄)မွန်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း မီးလင်း အခေါက်ရွှေဈေး တစ်ကျပ်သားကို ၁၈ သိန်းကျော် တကျော့ပြန် ပြန်လည် မြင့်တက် လာတယ်လို့ မွန်ပြည်နယ် ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။ရွှေဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်နေတဲ့ ဒေါ်လာဈေးနဲ့ ဘတ်ဈေးတွေ မြင့်တက်ပြီး မတည်ငြိမ်တာ၊ ကမ္ဘာ့ရွှေဈေး မြင့်တက်နေတာနဲ့ မြန်မာ့ငွေကြေး တန်ဖိုး ကျဆင်းနေလာတာကြောင့် ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါ

တိုက်လေယာဉ် (၃)စီး လေးကေ့ကော်မြို့အနီး ဝဲပျံပြီးနောက် ဗုံးကြဲတိုက်ခိုက်ခဲ့

Posted: 24 Dec 2021 03:38 AM PST

လေးကေ့ကော်၊ ဒီဇင်ဘာ ၂၄လေးကေ့ကော်မြို့အနီးဧရိယာမှာ ယခုမွန်းလွဲပိုင်းမှာပဲ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ် (၃) စီးပျံဝဲနေပြီး လှည့်လည်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ဘားအံဘက်ကနေ လွန်ခဲ့တဲ့ (၃:၃၅) မိနစ်ခန့်က ဖြတ်သန်းလာတဲ့ တိုက်လေယာဉ် (၃)စီးဟာ ကော့ကရိတ်မြို့ကို ဖြတ်သန်းပြီး မြဝတီမြို့ကနေ လေးကေ့ကော်အနီးကို ရောက်ရှိနေတာဖြစ်ပါတယ်။ အဆိုပါ တိုက်လေယာဉ်ဟာ မှော်ဘီလေတပ်စခန်းကနေ မွန်းလွဲ (၃:၁၉) မိနစ်မှာ

ပုလဲနယ်တွင် စစ်​ကောင်စီတပ်ကို ​ရှေ့​နောက်ညှပ်တိုက်ရာ ၂၂ဦး​သေဟု ဗိုလ်နဂါး​ပြော

Posted: 24 Dec 2021 03:36 AM PST

အောင်ပွဲဖြင့်ပြန်လာ​သော ဗိုလ်နဂါးနှင့်အဖွဲ့ကို ​ဒေသခံများ သ​ပြေပန်းဖြင့်ဆိုကြိုစစ်ကိုင်းတိုင်း ပုလဲမြို့နယ်တောင်ပိုင်းရှိ ကံပေါက်နှင့် ညောင်ကုန်း​ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားရာ စစ်​ကောင်စီတပ်သား ၂၂ ဦး သေဆုံးကြောင်း ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)ခေါင်းဆောင် ဗိုလ်နဂါးက လူထုနွေဦးသို့ ပြော သည်။တိုက်ပွဲ ဖြစ်စဥ်မှာ ဒီဇင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီခန့်က ခြေလျင်

သံ​တောင် (၁၃)တွင် ​စျေးဝယ်လာသည့် စစ်​ကောင်စီတပ်သားနှစ်ဦး ပစ်သတ်ခံရ

Posted: 24 Dec 2021 03:33 AM PST

သံတောင်မြို့ (၁၃)မိုင်၌ စစ်ကောင်စီတပ်သားနှစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံသတင်းရင်းမြစ်များက ​ပြောသည်။ယနေ့(ဒီဇင်ဘာ ၂၄ ရက်)နံနက် ၈နာရီ၄၅မိနစ်အချိန် တွင် သံတောင်မြို့ဆေးရုံအောက်လမ်းမပေါ် ဈေးဝယ်ရန်    အရပ်ဝတ်ဖြင့် ဆိုင်ကယ်မောင်းလာသည့် စစ်ကောင်စီတပ်သား နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရခြင်း ဖြစ်သည်။ပစ်ခတ်ခံရမှုဖြစ်စဥ်တွင် ဆိုင်ကယ်မောင်းသူမှာ ပွဲချင်း ပြီးသေဆုံးခဲ့ပြီး နောက်မှပါလာသူတစ်ဦးမှာ ပြင်းထန်ဒဏ်ရာဖြင့်

စစ်ကောင်စီပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးထိမှန်မှုကြောင့် ဘာဒိုဒေသခံတစ်ဦး သေဆုံး

Posted: 24 Dec 2021 03:28 AM PST

ဒီကနေ့ (ဒီဇင်ဘာလ ၂၄ရက်) မနက်ပိုင်းမှာ ကရင်နီပြည် လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်မှုကြောင့် ပြင်းထန်တဲ့ဒဏ်ရာနဲ့ ဘာဒိုဒေသခံတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။အိမ်ပေါ်ကျလာတဲ့ လက်နက်ကျည်ကြောင့် ဘာဒိုဒေသခံ အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်တဲ့အတွက် သေဆုံးသွားတာဖြစ်ပါတယ်။"အကြမ်းဖက်စကစမှ ဘာဒိုရွာကို တမင်သက်သက်ပစ်ခတ်မှုကြောင့် ရွာသားတစ်ဦးဒဏ်ရာ

ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်း ပစ်ခတ်သံကြားတဲ့အတွက် ဒေသခံထွက်ပြေးတိမ်းရှောင်နေရ

Posted: 24 Dec 2021 03:21 AM PST

ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ ဒီကနေ့ (ဒီဇင်ဘာ ၂၄)ရက် မနက်ပိုင်း ၁၁နာရီခွဲအချိန်မှာ ပစ်ခတ်သံကြားတဲ့အတွက် ဖရူဆိုဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။"မိုဆိုရွာဖက် စစ်သားတွေတက်လာတာ ပစ်ခတ်သံတွေကြားနေရပြီ ပြည်သူတွေလဲ ကပျာကယာနဲ့ပြေးနေကြတာ ဘားမှထွေထွေထူးထူးမယူသွားကြဘူး။ ပြေးရတဲ့ထဲ မိုဆို၊ ဒေါခရော့ခူ၊ ဖရူဆိုမြို့ထဲက လာရှောင်နေတဲ့သူလည်းပါတယ် အခုတော့ လူတွေမရှိတော့ဘူး။" လို့ ဒေသခံတစ်ဦးက ကန္တာရ

နတ်ချောင်းရွာ ဒေသခံ (၁၁)ဦးခန့် စစ်ကောင်စီတပ် သတ်ဖြတ်ထား အလောင်းမကောက်နိုင်သေး

Posted: 24 Dec 2021 03:15 AM PST

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းရွာတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည့်အတွက် စစ်ကောင်စီတပ်မှ  ပစ်ခတ်သတ်ဖြတ်ထားသည့် အလောင်းများ ကောက်ယူနိုင်ခြင်းမရှိသေးကြောင်း ဒေသခံရင်းမြစ်များထံမှ သိရသည်။" အခုလက်ရှိမှာ ပစ်ခတ်သံတွေပြန်ကြားနေရပြီတဲ့ခင်ဗျ။ ‌နောက်ဆုံးကြားထားရတဲ့ သတင်းအရတော့  သေဆုံး(၁၁)ဦးလောက်ရှိပြီ အလောင်းမကောက်ရဲကြသေးဘူးလို့သိရပါတယ်" ဟု ဒေသရင်းမြစ်မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။နတ်

မိုးကောင်း ဆားမှော်ကျေးရွာအနီး စစ်ကောင်စီ တပ်စခန်း ၂ ခုကို KIA တိုက်ခိုက်ဖျက်စီးခဲ့

Posted: 24 Dec 2021 03:12 AM PST

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာဖြင့် ၂ မိုင်ခန့်ဝေးသော ကညှင်မြိုင်ကျေးရွာအနီးရှိ စစ်ကောင်စီ တပ်စခန်း ၂ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ နံနက်ပိုင်းက တိုက်ခိုက်ဖျက်စီးနိုင်ခဲ့ကြောင်း KIO ဘက်အတည်ပြု ပြောဆိုသည်။"KIA ဘက်က စစ်ကောင်စီ တပ်စခန်း ၂ခုကို သွားရောက်တိုက်ခိုက်သိမ်းပိုက်တာမှန်ပါတယ်။ ကျနော်တို့ဘက်ကတော့ တပ်စခန်းတွေ မီးရိူ့ဖျက်ဆီးပြီးမှ ပြန်နောက်ဆုတ်ခဲ့တယ်လို့ ကြားတယ်။

❌နိုင်ငံတကာအစိုးရများ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် လုပ်နေတာတွေ ရပ်တန့်ပါ

Posted: 24 Dec 2021 03:05 AM PST

အကြမ်းဖက် စစ်အုပ်စု၏ မီဒီယာဖော်ပြချက်အရ (၁၂) ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနှင့် အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေးဆိုင်ရာ ကျွမ်းကျင်သူများ အလုပ်အဖွဲ့ အစည်းအဝေး (ADMM-PLUS EWG-CT) ကို အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် မြန်မာစစ်တပ်က ပူးတွဲ ကျင်းပ၍ ပူးတွဲဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဩစတျေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊

ပိတိုင်ရွာတွင် ခရီးသည်များလိုက်ပါလာသော ယာဥ်တန်းကို ဖက်ဆစ်တပ်များ တိုက်ခိုက်

Posted: 23 Dec 2021 07:54 PM PST

 ပုံစာ - မြိတ်မှထားဝယ်ဖက်သို့ တက်လာသောတိုက်ခံရသည့် ခရီးသည် ယာဥ်ဖြစ်ပါသည်။ထားဝယ် ၊ဒီဇင်ဘာလ ၂၄ ရက်ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးကျေးရွာအုပ်စု၊ ပိတိုင်ရွာတွင် ခရီးသည်များလိုက်ပါလာသောယာဥ်တန်းကို ယနေ့နံနက်စောပိုင်းက ဖက်ဆစ်တပ်များ တိုက်ခိုက်ခဲ့သည်။ဒီဇင်ဘာ(၂၄)ရက်၊နံနက်(၄)နာရီခန့် မြိတ်ဖက်မှ ထားဝယ်ဖက်သို့ ဦးတည်လာသော ခရီးသည်ယာဥ်တန်းတိုက်ခိုက်ခံရကြောင်း ဒေသခံတစ်ဦးကဆိုသည်။"ခရီးသည်ယာဥ်တန်း

ကာဒီနယ်ချားစ်ဘိုနှင့် အကြမ်းဖက်စစ်​ခေါင်း​ဆောင် မင်း​အောင်လှိုင် ​တွေ့ဆုံမှု ကက်သလစ်ဘာသာဝင်များ ဝမ်းနည်းစိတ်ပျက်၊ တုန်လှုပ်မိဟု ICJM ထုတ်ပြန်

Posted: 23 Dec 2021 07:48 PM PST

▪️ကက်သလစ်ဘာသာဝင်များအ​ပေါ် ကိုယ်စားမပြုဟုဆို—People's Spring ကာဒီနယ်ချားစ်ဘိုနှင့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်အဖွဲ့တွေ့ဆုံမှုအပေါ် ကက်သလစ်ဘာသာဝင်များအနေဖြင့် အင်မတန်ထိတ်လန့်တုန်လှုပ် ဝမ်းနည်းစိတ်ပျက်ရကြောင်း Independent Catholics For Justice in Myanmar (ICJM) က သဘောထားကြေညာချက် ထုတ်ပြန်သည်။ တွေ့ဆုံခြင်းသည် မြန်မာပြည် ကက်သလစ်ဘာသာဝင်များအားလုံးနီးပါး၏ ဆန္ဒနှင့်ဆန့်ကျင်သည့် အတွက်

KNU တပ်မဟာ ၅ နယ်မြေရှိ မာဖိုးကျိုးတပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်မိုင်းဆွဲတိုက်ခိုက်ခံရလို့ ၅ ဦးပွဲချင်းပြီးသေဆုံး

Posted: 23 Dec 2021 07:29 PM PST

ဓာတ်ပုံ - KNLA တပ်မဟာ ၅ နယ်မြေက စစ်ကောင်စီတပ်စခန်းတစ်ခုကိုတွေ့ရစဉ်။ (Photo: Salween Press) ဒီဇင်ဘာလ ၂၄ ရက်နေ့၊ ၂၀၂၁ ကရင်ပြည်နယ် ဖာပွန်ခရိုင် ခေါပုတ်ကျေးရွာအုပ်စုရှိ မောဖိုးကျိုးစစ်ကောင်စီတပ်စခန်းမှတပ်ဖွဲ့ဝင်တွေကို ယမန်နေ့မနက် ၉  နာရီခန့်တွင် KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ KNLA တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို

လေးကေ့ကော် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ဒေသခံတချို့ ညဘက်မှာ ထိုင်းဘက်ထွက်ပြေး

Posted: 23 Dec 2021 07:33 PM PST

လေးကေကော်ဒေသအတွင်း တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိုင်းဘက်တိမ်းရှောင်လာကြသည့်  ဖလူးနှင့်မင်းလက်ပံမှဒေသခံများကို ထိုင်းဘက်ကဝင်ခွင့်ပြုညကာလအချိန်တွင် ထိုင်းဘက်ဝင်ရောက်ကြမည့် မြန်မာစစ်ဘေးရှောင်များကို ဒီဇင်ဘာ - ၂၃နေ့ ယနေ့ည သန်းခေါင်ယံမတိုင်မီအချိန်တွင် ထိုင်းနယ်ခြားစောင့်တပ်က ဝင်ရောက်ခိုလှုံခွင့်ပေးလိုက်ခြင်းဖြစ်သည်။ ထိုင်းနယ်ခြားစောင့်တပ်များက  မြန်မာစစ်ဘေးရှောင်များကို အစပိုင်းတွင် 

လေးကေကော်ဒေသ ညဘက် လေယာဉ်ဗုံးကြဲကာ လက်နက်ကြီးဖြင့် အချက် ၅၀ကျော် ပစ်ခတ်တိုက်ခိုက်ခံရ

Posted: 23 Dec 2021 07:13 PM PST

ဒီဇင်ဘာ ၂၄ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီမြ၀တီမြို့တောင်ဘက် ၉မိုင်ခန့်အကွာအဝေးရှိ လေးကေကော်နယ်မြေဘက်ကို ဒီဇင်ဘာလ ၂၃ရက် ယမန်နေ့ ညပိုင်းက  စစ်ကောင်စီမှ လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးဖြင့် အချက်ပေါင်း ၅၀ကျော် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ယမန်နေ့ ည ၁၀နာရီခွဲခန့်တွင် ကနဦး လေယာဉ်ပျံသန်းလာပြီး ဗုံးနှစ်လုံး ပစ်ချတိုက်ခိုက်ခဲ့ပြီး တစ်ဆက်တည်း တွင် လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်

မြိတ်-ထားဝယ်ကားလမ်းမှာ ခရီးသည်ကားတွေကို စစ်ကောင်စီတပ်တွေ ပစ်ခတ်

Posted: 23 Dec 2021 07:08 PM PST

တနင်္သာရီတိုင်းမ်၊ ဒီဇင်ဘာ ၂၄ သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်ကားလမ်းမပေါ်မှာ ဒီနေ့မနက် စောစောက ခရီးသည်ကားလေးစီးနဲ့ကုန်ကားတစ်စီးလမ်းမှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပါတယ်။ သရက်ချောင်းမြို့နယ်၊  ပိတိုင်ရွာမှာ ဒီနေ့နံနက် ၄ နာရီခွဲဝန်းကျင်က မြိတ်ဘက်ကလာတဲ့ကားတွေ ပစ်ခတ်ခံခဲ့ရပြီး စစ်ကောင်စီတပ်တွေက ပစ်ခတ်ခဲ့တယ်လို့ အနီးအနားရွာက ဒေသခံတွေကဆိုပါတယ်။ စစ်ကောင်စီတပ်တွေ ဘာကြောင့် ခရီးသည်ကားတွေကိုပစ်ခတ်ခဲ့တယ်ဆိုတာကို

အာဏာသိမ်းစစ်ကောင်စီမှ လေးကေကော်အား လေယာဉ် ဖြင့် ဗုံးကြဲ တိုက်ခိုက်

Posted: 23 Dec 2021 10:04 AM PST

၂၄ ဒီဇင်ဘာ ၂၀၂၀ ကေအဲန်ယူ - ဗဟို၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၂၃ )ရက်နေ့ ည (၁၀)နာရီ (၁၀)မိနစ် အချိန်တွင် အာဏာသိမ်း စစ်ကောင်စီမှ ဗုံးကြဲလေယဉ်ပျံဖြင့်လေးကေကော်ဒေသကို ဗုံး (၂ )လုံးလာကြဲသွားခဲ့ပါသည်။ ထို့ပြင် အာဏာသိမ်း  စစ်ကောင်စီဖက်မှလက်နက်ကြီးအချက်ပေါင်းများစွာဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ပါသည်။အာဏာသိမ်းစစ်ကောင်စီသည် ဆိုးဝါးပြင်းထန်သော လူသတ်မှု နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်ပေါ်စေမည့် လေကြောင်း

KNU တပ်မဟာ ၆ တွင် နှစ်ရက်အတွင်း စစ်ကောင်စီတပ် ၉ ကျဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိ

Posted: 23 Dec 2021 09:42 AM PST

ဒီဇင်ဘာ၂၃ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) တပ်မဟာ (၆) နယ်မြေထဲတွင် KNLA နှင့် စစ်ကောင်စီတပ်အကြား နှစ်ရက်အတွင်း ဖြစ်ပွားသည့် ထိတွေ့ပစ်ခတ်မှုတွင် စစ်ကောင်တပ်ဘက်မှ ၉ ဦးကျဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူက ယနေ့ သတင်းထုတ်ပြန်ထားသည်။  ဒီဇင်ဘာလ ၂၁ရက်၊ နေ့လည် (၁၁) ခွဲနာရီ ဝန်းကျင်အချိန်ခန့်တွင် KNLA တပ်ရင်း(၁၈)၊ တပ်ရင်း(၂၇) ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီ

ကော့နွဲ့ရွာကို ယခုညမှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်နေ

Posted: 23 Dec 2021 09:36 AM PST

ကော့ကရိတ်၊ ဒီဇင်ဘာ ၂၃ကော့ကရိတ်မြို့၊ အာရှလမ်းမကြီးအနီးက စစ်ကောင်စီတပ်နဲ့ KNLA တို့ စစ်ရေးတင်းမာနေတဲ့ ကော့နွဲ့ကျေးရွာကို ယခုညမှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတယ်လို့ ရွာခံတဦးထံမှ သိရပါတယ်။ယခုရက်ပိုင်းအတွင်းတိုက်ပွဲ (၅) ကြိမ်လောက်ဖြစ်ပွါးပြီးနောက်မှာ ယခုညအတွငိး လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ သိရပါတယ်။ယခုညမှာလည်း ကော့ကရိတ်ကနေ မြဝတီကို တက်တဲ့ လမ်းဟောင်းကနေ စစ်ကားတွေ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.