သစ္ထူးလြင္ |
- စစ်ကောင်စီသတင်းပေး ဘုရားသူခိုးဂိုဏ်းခေါင်းဆောင် ဒလန်စိန်တုံး ကို ဇေယျာညီနောင်အဖွဲ့မှ အပြီးသတ်သုတ်သင်ရှင်းလင်း
- စစ်ကိုင်းတွင် စကစနောက်လိုက် ဒလန် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ရုံးတွင်းဝင်ရောက်ပစ်ခတ်ရှင်းလင်းခံရ
- တာချီလိတ်တွင် တရားဝင်ရော တရားမဝင်ပါ ကိုင်ဆောင်ထားသည့် လက်နက်များ အပ်နှံ့ရန် စစ်ကောင်စီ လိုက်လံကြေညာ
- ကော့ကရိတ် အာရှလမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူး တပ်ခွဲမှူးတွေအပါအဝင် ၉ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိ
- ကော့ကရိတ် - မြဝတီတိုက်ပွဲ စစ်ကောင်စီပူးပေါင်းတပ် (၇)ဦးသေ ၊ လေကြောင်းပစ်ခတ်မှုတွေပါ လုပ်ခဲ့
- ပြည်မြို့ ရွှေမင်းသမီးဟိုတယ်ကားပါကင် ကို (PUGF) ကဖောက်ခွဲ
- သရက်ချောင်းမှာ စစ်ကား ၄ စီးပါယာဥ်တန်းမိုင်းဆွဲခံရပြီးနောက် နေအိမ်တစ်ဆောင်ကိုမီးရှို့ခဲ့
- ရေဖြူမြို့နယ် မိုင်တိုင် ၁၉-၂၀ ကြား သင်တန်းဆင်း ဖက်ဆစ်တပ်သားများလိုက်ပါလာသောယာဥ် မိုင်းဆွဲခံရ
- ထားဝယ်မြို့ လမ်းဆုံကြီးမီးပွိုင့်တွင် ဖက်ဆစ်တပ်သားများအား Guerrilla Dawei မှ မိုင်းဆွဲတိုက်ခိုက်
- ထီးချိုင့်နယ် ဧရာဝတီမြစ်အတွင်း စကစ၏ အမြန်ရေယာဉ်ကို မိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်
- တန့်ဆည်နှင့် ရေဦးနယ် ကျေးရွာများကို စကစများ ရွာစဉ်ပတ်မွှေကာ ဆက်လက်မီးရှို့ဖျက်ဆီး လုယက်နေ
- ကော့ကရိတ်ဘက်မှာလည်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုစတင်
- မှော်ဘီမြို့ရှိ ခမရ(၉၁)ဂိတ် ဗုံးဖြင့် တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား နှစ်ဦးသေ YLFဟု အသိပေး
- စစ်ကောင်စီကို အပြင်းထန်ဆုံး တုံ့ပြန်သွားမည်ဖြစ်ကြောင်း KNPP ပြော
- ဒီးမော့ဆို မြို့မရဲစခန်းမှာ တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ဦးသေဆုံး၊ ဒေသခံ နေအိမ်တစ်လုံးမီးရှို့ခံရ
- ကော့ကရိတ်-မြဝတီ အာရှလမ်းတွင် တိုက်ပွဲဆက်ပွားပြီး စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ် ၁၀ ဦးထက်မနည်းကျဆုံ
- လွှတ်တော်ကိုယ်စားလှယ်ဆလိုင်းမျိုးထိုက်ရဲ့ အိမ်နဲ့ ဘုရားကျောင်းချိတ်ပိတ်ခံရ
- မန္တလေးတွင် တကကအဆင့်ရှိ စကစ လက်နက်ကိုင်တစ်ဦး၏ ကား မိုင်းဖောက်ခွဲခံရ
- မုံရွာ အမှတ်(၁၆)ခြေလျှင်တပ်ရင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်
- ဒီးမော့ဆိုထွေအုပ်ရုံးဝန်ထမ်းကို KDFက ဖမ်းပြီး ကရင်နီရဲတပ်ဖွဲ့ထံအပ်နှံ
- ကလေးမြို့နယ် နတ်ချောင်းရွာ နေအိမ်အချို့ကို စစ်ကောင်စီတပ် ထပ်မံ မီးရှို့၊ ပစ်ခတ်သံများ ဆက်တိုက်ကြားရဟုဆို
- တိုက်ပွဲတွင်းသတင်းရယူနေတဲ့ သတင်းသမားကဗျာဆရာအေစိုင်းကေ လက်နက်ကြီးထိမှန်သေဆုံး
- တန့်ဆည် မြောက်အင်းရွာမှာ နေအိမ်တွေအများအပြားမီးရှို့ခံရ
- KPICT နှင့် NUG ပူးပေါင်း၍ ငွေတိုက်စာချုပ်များကို စတင်ရောင်းချပေးနေပြီဟု ထုတ်ပြန်
- Save the Children in Myanmar စီမံကိန်းများကို ယာယီရပ်ဆိုင်းထား
Posted: 26 Dec 2021 07:46 AM PST ဒီဇင်ဘာလ ၂၆၊ SGGစစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆင်မြေကျေးရွာမှ စစ်ကောင်စီသတင်းပေး ဘုရားခိုးဂိုဏ်းခေါင်းဆောင် ဒလန် စိန်တုံး ခေါ် သိန်းကျော် ကိုအပြီးသတ် သုတ်သင်ရှင်းလင်းမှုအား ယမန်နေ့ ဒီဇင်ဘာလ ၂၅ရက် နေ့ကဇေယျာညီနောင်အဖွဲ့က ဆိုင်းတောင်အထိလိုက်လံပြီး လတ်စသတ်သုတ်သင်ရှင်းလင်းခဲ့တယ်လို့သိရပါတယ်။အောင်တိုဘာလ ၁၉ရက်နေ့က စစ်ကောင်စီသတင်းပေး ဘုရားသူခိုး ဒလန် စိန်တုံး ခေါ် သိန်းကျော်ကို ပထမအကြိမ်သုတ်သင် |
စစ်ကိုင်းတွင် စကစနောက်လိုက် ဒလန် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ရုံးတွင်းဝင်ရောက်ပစ်ခတ်ရှင်းလင်းခံရ Posted: 26 Dec 2021 07:44 AM PST ဒီဇင်ဘာလ ၂၆၊ SGGစစ်ကိုင်းမြို့၊ ဇေယျာကွက်သစ်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးကို ယနေ့ ဒီဇင်ဘာလ ၂၆ ရက် နံနက် ၁၀:၄၅ နာရီအချိန်က အမျိုးသား၂ဦးက သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ် ဒလန်ရှင်းတယ်လို့သိရပါတယ်။စစ်ကောင်စီလက်ကိုင် ဒလန် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကိုရှင်းလင်းရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဆိုင်ကယ်၂စီးဖြင့် လူ၄ဦး ရောက်လာပြီး ၂ဦးကရုံးအတွင်းဝင်လာကာ ထောက်ခံစာလုပ်လိုကြောင်းပြောကြားခဲ့ပြီး ရာအိမ်မှူးကထောက်ခံစာ |
တာချီလိတ်တွင် တရားဝင်ရော တရားမဝင်ပါ ကိုင်ဆောင်ထားသည့် လက်နက်များ အပ်နှံ့ရန် စစ်ကောင်စီ လိုက်လံကြေညာ Posted: 26 Dec 2021 07:38 AM PST မဲခေါင်၊ ဒီဇင်ဘာ ၂၆လက်နက်အားကိုးဖြင့် အာဏာသိမ်းထားသည့် စစ်ကောင်စီက တာချီလိတ်မြို့တွင် လက်နက်ကိုင်ဆောင် ထားသူများ လာရောက်အပ်နှံ့ကြရန် ဒီဇင်ဘာလ ၂၆ရက်က လိုက်လံကြေညာနေကြောင်း ဒေသခံများထံမှ သိရသည်။တရားဝင် ကိုင်ဆောင်သည်ဖြစ်စေ၊ တရားမဝင်ကိုင်ဆောင်သည်ဖြစ်စေ လက်နက်များကို ဒီဇင်ဘာလ မကုန်ခင် လာရောက်အပ်နှံ့ရန်နှင့် ရဲစခန်းတွင် သွားရောက်အပ်နှံ့ရန် စိုးရိမ်မှုရှိပါက ရပ်ကွက်ရုံးများတွင် အပ်နှံ့ကြရန် ကြေညာသွား |
Posted: 26 Dec 2021 07:33 AM PST ထိခိုက်သေဆုံးဒဏ်ရာရတာတွေ များပြားနေလို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ဒီဇင်ဘာ-၂၆၊ ၂၀၂၁ကော့ကရိတ်မြို့ အာရှလမ်းပိုင်းမှာ ဒီကနေ့မနက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ စစ်ကောင်စီတို့အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးနဲ့ တပ်ခွဲမှူးအဆင့်ရှိသူတွေအပါအဝင် ၉ ဦးသေဆုံးသွားခဲ့တယ်လို့ နယ်မြေခံ KNLA လုံခြုံရေးအဖွဲ့ထံကနေ သိရပါတယ်။ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့ မနက် ၅ နာရီ |
ကော့ကရိတ် - မြဝတီတိုက်ပွဲ စစ်ကောင်စီပူးပေါင်းတပ် (၇)ဦးသေ ၊ လေကြောင်းပစ်ခတ်မှုတွေပါ လုပ်ခဲ့ Posted: 26 Dec 2021 07:19 AM PST မော်လမြိုင် ၊ ဒီဇင်ဘာ (၂၆)ကော့ကရိတ်မြို့နယ် အာရှလမ်းမအနီးမှာ ဒီကနေ့ မနက်ပိုင်းက KNLAနဲ့ စစ်ကောင်စီ BGF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ နယ်မြေခံ ကေအဲန်ယူသတင်းရင်းမြစ်တစ်ဦးထံကနေ ပြောပါတယ်။ ဒီကနေ့မနက် ၆ နာရီအချိန်ကစပြီး ကေအဲန်ယူ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် အာရှလမ်းမအနီးက ကေအဲန်ယူမွေးမြူရေးဇုန် |
ပြည်မြို့ ရွှေမင်းသမီးဟိုတယ်ကားပါကင် ကို (PUGF) ကဖောက်ခွဲ Posted: 26 Dec 2021 07:18 AM PST ပြည်၊ ဒီဇင်ဘာ ၂၆၊ ၂၀၂၁။ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွှေမင်းသမီးဟိုတယ် ကားပါကင် ကို ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း ပြည့်မြို့နယ်ပြည့်သူကာကွယ်ရေးအဖွဲ့(PYAY PDF) ကထုတ်ပြန်ထားသည်။ပေါက်ကွဲမှုမှာ ဒီဇင်ဘာ ၂၆ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်ခန့်က ဖြစ်ပြီး ထိခိုက်ဆုံးရှုံးမှုအခြေနေကို မသိရကြောင်း မြို့ခံများက ပြောသည်။"ပေါက်တုန်းကတော့ ကားဘီးပေါက်တာလိုလို ဘာလိုလို ဖြစ်နေကြသေးတယ်။ သိပ်မကြာဘူး စစ်ကောင်စီတပ်သားတွေ |
သရက်ချောင်းမှာ စစ်ကား ၄ စီးပါယာဥ်တန်းမိုင်းဆွဲခံရပြီးနောက် နေအိမ်တစ်ဆောင်ကိုမီးရှို့ခဲ့ Posted: 26 Dec 2021 07:11 AM PST တနင်္သာရီတိုင်းမ်၊ ဒီဇင်ဘာ ၂၆ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်က သရက်နှစ်ခွရွာအနီးမှာ မနေ့ညက စစ်ကား ၄ စီးပါယာဥ်တန်းမို့င်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဒီဇင်ဘာလ ၂၅ ရက်ည ၁၀ နာရီဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ "ပထမဆုံး ရွာထိပ်လောက် ပေါက်ကွဲသံစကြားရတာပဲ။ ပြီးတာနဲ့ သေနတ်တွေ ၁နာရီလောက် ဆက်တိုက်ပစ်ခတ်သံကြားရတယ်။သေနတ် |
ရေဖြူမြို့နယ် မိုင်တိုင် ၁၉-၂၀ ကြား သင်တန်းဆင်း ဖက်ဆစ်တပ်သားများလိုက်ပါလာသောယာဥ် မိုင်းဆွဲခံရ Posted: 26 Dec 2021 07:09 AM PST ထားဝယ် ၊ဒီဇင်ဘာလ ၂၆ ရက်ထားဝယ်ခရိုင်၊ရေဖြူမြို့နယ် မိုင်တိုင် ၁၉- ၂၀ ကြား သင်တန်းဆင်းရာမှ ပြန်လာသော ဖက်ဆစ်တပ်ယာဥ် မိုင်းဆွဲတိုက်ခိုက်ခံရသည်။ဒီဇင်ဘာ(၂၅)ရက်တွင် (ခ.မ.ရ ၄၀၈ ကလိန်အောင်)တပ်ရင်း မှ သင်တန်းဆင်းရာမှ ပြန်လာသော ဖက်ဆစ်တပ်ယာဥ်ကို Yephyu People Defence Fore မှမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။ယင်း ဖက်ဆစ်တပ်သားများ၏ ထိခိုက်ကျဆုံးမှုကို ယခုအချိန်ထိ မသိရှိရသေးပေ။ အဆိုပါ မိုင်းဆွဲ |
ထားဝယ်မြို့ လမ်းဆုံကြီးမီးပွိုင့်တွင် ဖက်ဆစ်တပ်သားများအား Guerrilla Dawei မှ မိုင်းဆွဲတိုက်ခိုက် Posted: 26 Dec 2021 06:06 AM PST ထားဝယ် ၊ဒီဇင်ဘာလ ၂၆ ရက်ထားဝယ်မြို့ လမ်းဆုံကြီးမီးပွိုင့်တွင်''သွေးကြွေးဆပ်မည်''စာတန်းပါပိတ်ဖြူချိတ်ဆွဲ၍ ဖက်ဆစ်တပ်များလာရောက်ရှင်းလင်းဖြုတ်ချ အချိန်တွင် မိုင်းဆွဲခံရသည်။ ဒီဇင်ဘာ(၂၆)ရက်၊နံနက်(၁၁)နာရီအချိန်ခန့်တွင် ဖက်ဆစ်တပ်သား လေးဦး ရပ်ဝတ်ဖြင့် စာတန်းပါပိတ်ဖြူလာဖြုတ်ချအချိန်တွင် ထားဝယ်ပျောက်ကြားတပ်အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။ "ဖက်ဆစ်တပ်သားတွေ ဒဏ်ရာတော့မရလိုက်ဘူး။မိုင်း |
ထီးချိုင့်နယ် ဧရာဝတီမြစ်အတွင်း စကစ၏ အမြန်ရေယာဉ်ကို မိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက် Posted: 26 Dec 2021 06:01 AM PST MFP ၊ ဒီဇင်ဘာ - ၂၆စစ်ကိုင်းတိုင်း ထီးချိုင့်မြို့အနီး ဧရာဝတီမြစ်အတွင်း သွားလာနေသော စစ်ကောင်စီ၏ အမြန်ရေယာဉ်တစ်စီးကို မြစ်လယ်သောင်ပြင်တွင် ရှေ့ထွက်မိုင်း လေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြေခွေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ဒီဇင်ဘာ(၂၅)ရက် မနက်(၁၁)နာရီကျော်အချိန်က လက်နက်၊ ရိက္ခာနှင့် စကစ(၃၀)ခန့် တင်ဆောင်ကာ ဧရာဝတီမြစ်ကြောင်းအတိုင်း ထီးချိုင့်ဘက်မှ ကသာ |
တန့်ဆည်နှင့် ရေဦးနယ် ကျေးရွာများကို စကစများ ရွာစဉ်ပတ်မွှေကာ ဆက်လက်မီးရှို့ဖျက်ဆီး လုယက်နေ Posted: 26 Dec 2021 05:40 AM PST တန့်ဆည်မြို့နယ် မြောက်အင်းကျေးရွာသို့ ယနေ့ ဒီဇင်ဘာ(၂၆)ရက်တွင် စကစ အကြမ်းဖက်သမားများ ဝင်မွှေကာ ကျေးရွာအတွင်း မီးရှို့နေစဉ်/ Photo - ပေးပို့MFP ၊ ဒီဇင်ဘာ - ၂၆စစ်ကောင်စီ လက်နက်ကိုင် အကြမ်းဖက်သမားများသည် ယနေ့ ဒီဇင်ဘာ၉၂၆)ရက် မနက်ပိုင်းတွင် စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် မြောက်အင်းကျေးရွာအတွင်းသို့ စီးနင်းဝင်ရောက်ကာ မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများက MFP သို့ ပြောသည်။"အိမ်တွေလား ဘာ |
ကော့ကရိတ်ဘက်မှာလည်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုစတင် Posted: 26 Dec 2021 05:37 AM PST ကော့ကရိတ်မြို့နယ် အာရှလမ်းမဘက်မှာ ဒီကနေ့မနက်ပိုင်းက KNLAနဲ့ စစ်ကောင်စီ BGF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ကေအဲန်ယူသတင်းရင်းမြစ်တစ်ဦးထံကနေ သိရပါတယ်။ကေအဲန်ယူ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် အာရှလမ်းမအနီးမှာရှိတဲ့ ကေအဲန်ယူမွေးမြူရေးဇုန်အနီးမှာ ဒီကနေ့ မနက် ၆ နာရီအချိန်ကစပြီး နှစ်ဖက်ထိတွေ့ပစ်ခတ်မှု |
မှော်ဘီမြို့ရှိ ခမရ(၉၁)ဂိတ် ဗုံးဖြင့် တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား နှစ်ဦးသေ YLFဟု အသိပေး Posted: 26 Dec 2021 05:36 AM PST ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ ခြေမြန်တပ်ရင်း ခမရ(၉၁)ဂိတ်အား ဗုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြ ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သည့် Yangon Liberation Force - YLF က ထုတ်ပြန်သည်။ယနေ့(ဒီဇင်ဘာ ၂၆)နံနက် ၈ နာရီ ၄၅ ခန့်က ခမရ(၉၁)ဂိတ်အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။"တိုက်ခိုက်မှုကြောင့် စစ်ခွေးနှစ်ဦးသေဆုံးကြောင်းသိရှိ |
စစ်ကောင်စီကို အပြင်းထန်ဆုံး တုံ့ပြန်သွားမည်ဖြစ်ကြောင်း KNPP ပြော Posted: 26 Dec 2021 05:33 AM PST ဒီဇင်ဘာလ ၂၄ရက်နေ့က စစ်ကောင်စီမှ ကရင်နီပြည်သူကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်းအပေါ် KNPP မှ ပြင်းထန်စွာ ကန့်ကွက်သလို လူထုနဲ့တစ်သားတည်းရပ်တည်ပြီး အဆုံးစွန်အထိ အပြင်းထန်ဆုံး တန်ပြန် လုပ်ဆောင်သွားမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး-၁ ခူးဒယ်နီယာယ်က ပြောပါတယ်။"တကယ်တမ်းပြောရရင်တော့ အဆုံးစွန်အထိပဲပေါ့ တန်ပြန်ပြန်ချမှရမယ် ပြင်းထန်ဆုံးပြန်လုပ်ရမယ် လူထုကို ကျနော်တို့အဖွဲ့အစည်းက |
Posted: 26 Dec 2021 05:31 AM PST ဒီးမော့ဆို မြို့မရဲစခန်းမှာ ရှိနေတဲ့ စစ်ကောင်စီကို ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( DMO- PDF)နဲ့ KGZ တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ဦးကျဆုံးခဲ့တယ်လို့ DMO_PDF ကဒီကနေ့ ဒီဇင်ဘာလ ၂၆ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။တိုက်ပွဲဟာ ဒီဇင်ဘာလ (၂၅) ရက်နေ့ မွန်းလွဲ ၃နာရီ ၄၅မိနစ်အချိန်မှာ ဖြစ်ပွားခဲ့ပြီး ၂နာရီကြာအောင်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ဒါ့အပြင် ညနေ ၇နာရီ ၄၅မိနစ်အချိန်မှာလည်း |
ကော့ကရိတ်-မြဝတီ အာရှလမ်းတွင် တိုက်ပွဲဆက်ပွားပြီး စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ် ၁၀ ဦးထက်မနည်းကျဆုံ Posted: 26 Dec 2021 05:26 AM PST ဒီဇင်ဘာလ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီကော့ကရိတ် မြဝတီ အာရှလမ်းသစ် လမ်းပိုင်းပေါ်ရှိ KNU-ကရင် အမျိုးသားအစည်းအရုံး မွေးမြူရေးခြံအနီးသို့ ကော့ကရိတ်ဘက်မှ စစ်ကောင်စီ တပ်နှင့် ကရင်နယ်ခြားစောင့်တပ်ပူးပေါင်းစစ်ကြောင်း များ တက်လာသဖြင့် ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ ၊ နံနက် ၆နာရီကျော်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့များနှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်ဟု သိရသည်။ "မနက်စောစော သူတို့ အာရှလမ်းမ |
လွှတ်တော်ကိုယ်စားလှယ်ဆလိုင်းမျိုးထိုက်ရဲ့ အိမ်နဲ့ ဘုရားကျောင်းချိတ်ပိတ်ခံရ Posted: 26 Dec 2021 05:22 AM PST ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဆမီးမြို့မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုကော်မတီဝင်၊ ချင်းပြည်နယ် NLD ပါတီ အတွင်းရေးမှူး နဲ့ ၂၀၂၀ ပလက်ဝမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အနိင်ရ ဆလိုင်းမျိုးထိုက်နေအိမ်ကို ယနေ့ ဒီဇင်ဘာ ၂၆ ရက် မနက် ၁၁ နာရီလောက်က အာဏာသိမ်းစစ်ကောင်စီတပ်က ချိတ်ပိတ်လိုက်တယ်လို့သတင်းရရှိပါတယ်။၎င်းတို့ခြံဝန်းမှာဆောက်ထားတဲ့ Mission Baptist အသင်းတော်ကိုလည်း ချိတ်ပိတ်ကြပါတယ် |
မန္တလေးတွင် တကကအဆင့်ရှိ စကစ လက်နက်ကိုင်တစ်ဦး၏ ကား မိုင်းဖောက်ခွဲခံရ Posted: 26 Dec 2021 05:16 AM PST ကားမီးလောင် ပျက်စီးပြီး အနီးရှိ အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရ၊MFP၊ ဒီဇင်ဘာ - ၂၆မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ကျုံးဘေး လမ်း(၈၀)နှင့် (၈၁)လမ်းကြား၊ (၁၇)လမ်းနှင့် (၁၈)လမ်းကြား ချယ်ရီဝင်းအတွင်း ရပ်ထားသော ကားတစ်စီး ယနေ့ ဒီဇင်ဘာ(၂၆)ရက် မနက်ပိုင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အဆိုပါ ကားသည် တပ်ကြပ်ကြီးအဆင့်ရှိ စစ်ကောင်စီ လက်နက်ကိုင်တစ်ဦး၏ ကားဖြစ်ကြောင်း MFP ၏ သတင်းရင်းမြစ်များက ပြောသည်။အဆိုပါ ပေါက်ကွဲ |
မုံရွာ အမှတ်(၁၆)ခြေလျှင်တပ်ရင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် Posted: 26 Dec 2021 05:13 AM PST MFP ၊ ဒီဇင်ဘာ - ၂၆မုံရွာမြို့ရှိ ခလရ (၁၆) ခေါ် အမှတ် (၁၆) ခြေလျှင်တပ်ရင်းကို တာဝေးပစ် လက်နက်ကြီး နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြင်းမူ ပြည်သူ့ပြောက်ကျား ကွန်မန်ဒိုတပ်ဖွဲ့ People's Guerillas Commando - Myinmu က သတင်းထုတ်ပြန်သည်။ဒီဇင်ဘာ(၂၅)ရက် ညနေ(၅)နာရီကျော်အချိန်က မုံရွာမြို့ ခလရ(၁၆)တပ်ဝင်းသို့ တာဝေးပစ် နှစ်လုံးဖြင့် ပစ်ခက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီ လက်နက်ကိုင်များဘက်က ည( |
ဒီးမော့ဆိုထွေအုပ်ရုံးဝန်ထမ်းကို KDFက ဖမ်းပြီး ကရင်နီရဲတပ်ဖွဲ့ထံအပ်နှံ Posted: 26 Dec 2021 05:06 AM PST စစ်ကောင်စီအားပေးထောက်ခံ၍ ဒီးမော့ဆိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်သော ဦးအောင်မိုးကို ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (KSP) ထံသို့ အပ်နှံခဲ့သည်ဟု ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)က ယနေ့ ထုတ်ပြန်သည်။ ဦးအောင်မိုးကို ဒီဇင်ဘာ ၂၅ရက် ည ၈နာရီခန့်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့ (ဒီဇင်ဘာ ၂၆ရက်) တွင် KSP ထံသို့ လွှဲပြောင်းခဲ့ကြောင်း ကရင်နီဒီမိုကရက်တစ်တပ်ဦးက ဆိုသည်။ ကရင်နီဒီမိုကရက်တစ်တပ်ဦး( |
Posted: 26 Dec 2021 05:05 AM PST (နတ်ချောင်းရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရစဥ်)စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ကလေးမြို့နယ် နတ်ချောင်းရွာရှိနေအိမ်အချို့ကို ယနေ့(ဒီဇင်ဘာ ၂၆ရက်)ညနေပိုင်း၌ ထပ်မံမီးရှို့နေပြီး ပစ်ခတ်မှုများလည်း ပြုလုပ်နေကြောင်း နတ်ချောင်းရွာဒေသခံတစ်ဦးက ပြောသည်။ဒီဇင်ဘာ ၂၂ရက်က စစ်ကောင်စီတပ်က နတ်ချောင်းရွာသို့ ဝင်ရောက်ပြီး ဒေသခံများကို ဖမ်းဆီး၊သတ်ဖြတ်မှုများပြုလုပ်ခဲ့ရာ |
တိုက်ပွဲတွင်းသတင်းရယူနေတဲ့ သတင်းသမားကဗျာဆရာအေစိုင်းကေ လက်နက်ကြီးထိမှန်သေဆုံး Posted: 26 Dec 2021 05:03 AM PST ဒီဇင်ဘာ ၂၅ ရက်က လေးကေ့ကော်ဒေသတွင်း၊ထီးမယ်ဝါးခီးတိုက်ပွဲ မှာ စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် တိုက်ပွဲတွင်း သတင်းယူနေတဲ့ ဖက်ဒရယ်ဂျာနယ်ရဲ့ အယ်ဒီတာတစ်ဦးဖြစ်တဲ့ သတင်းစာဆရာ၊ ကဗျာဆရာအေစိုင်းကေဟာ လက်နက်ကြီးထိမှန်သေဆုံးခဲ့ပါတယ်။ဒီကနေ့မှာတော့ ကဗျာဆရာအေစိုင်းကေ ရဲ့ မြေချဈာပနကို ဒီကနေ့တောတွင်းတစ်နေရာမှာ ပြုလုပ်ခဲ့ပါတယ်။ မနေ့က စစ်ကောင်စီရဲ့ ပစ်ခတ်မှုတွေကြား သူ့အနားကိုလက်နက်ကြီးကျခဲ့ရာက ဦးခေါင်းကိုထိမှန်သေဆုံး |
တန့်ဆည် မြောက်အင်းရွာမှာ နေအိမ်တွေအများအပြားမီးရှို့ခံရ Posted: 26 Dec 2021 05:00 AM PST စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ မြောက်အင်းရွာမှာ ဒီကနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းက နေအိမ် ၉၀ ခန့်မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေထံက တစ်ဆင့်သိရပါတယ်။တစ်ရွာလုံးနီးပါးကို မီးရှို့ထားခဲ့တာလို့လည်း ဒေသခံတွေကပြောသလို မီးလောင်နေတဲ့ အိမ်တွေကို ရိုက်ထားတဲ့ရုပ်သံကိုလည်း ဒေသခံအချို့က ဆိုရှယ်လူမှုကွန်ရက်မှာ တင်ထားတာကိုတွေ့ရပါတယ်။စစ်ကောင်စီတပ်တွေဟာမြောက်အင်းရွာထဲကို အင်အား ၆၀ ခန့်နဲ့ ဝင်ရောက် မီးရှို့ |
KPICT နှင့် NUG ပူးပေါင်း၍ ငွေတိုက်စာချုပ်များကို စတင်ရောင်းချပေးနေပြီဟု ထုတ်ပြန် Posted: 25 Dec 2021 04:56 PM PST လိုင်ဇာ၊ ဒီဇင်ဘာ ၂၅KPICT နှင့် NUG ပူးပေါင်း၍ ငွေတိုက်စာချုပ်များကို ပြည်တွင်းပြည်ပ၌ စတင်ရောင်းချမည်ဖြစ်ပြီး ဝယ်ယူရမည်နည်းလမ်းများကို website ပေါ်တွင် ကြေညာပေးသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သည်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ၏ ငွေတိုက်စာချုပ်များကို ပြည်တွင်း၌ KIO ၏ ဘဏ်စနစ်များအသုံးပြု၍ ရောင်းချသွားမည်ဟု ဒီဇင်ဘာ (၇) ရက် ထုတ်ပြန်ကြေညာပြီးနောက် ယခုကဲ့သို့ ထပ်မံထုတ် |
Save the Children in Myanmar စီမံကိန်းများကို ယာယီရပ်ဆိုင်းထား Posted: 25 Dec 2021 04:43 PM PST ဖရူဆိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ပြည်သူများကို မီးရှို့သတ်ဖြတ်။ဒီဇင်ဘာလ ၂၅ ရက်နေ့ ၊ ၂၀၂၁ ခုနစ်- မြန်မာနိုင်ငံအရှေ့ခြမ်း၊ ကယားပြည်နယ်တွင် မြန်မာစစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အမျိုးသမီးများ၊ ကလေးများအပါအဝင် အရပ်သားပြည်သူ ၃၈ ဦးထက်မနည်း မီးရှို့သတ်ဖြတ်ခံရမှုကို Save the Children အနေဖြင့် ပြစ်တင်ရှုတ်ချလိုက်သည်။ ကျွန်ုပ်တို့၏ ဝန်ထမ်းနှစ်ဦးသည် အနီးအနားရှိ ကျေးရွာတစ်ခုတွင် |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.