Tuesday, December 28, 2021

သစ်ထူးလွင်

သစ်ထူးလွင်


အစီး ၃၀ ပါစစ်ကောင်စီယာဥ်တန်းကို ထီးချိုင့် PDF မိုင်းခွဲတိုက်ခိုက်၊ ထိခိုက်ကျဆုံးများနိုင်ဟုဆို

Posted: 28 Dec 2021 05:44 AM PST

အစီးရေ ၃၀ ပါသည့် စစ်ကောင်စီယာဥ်တန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ထီးချိုင့်တော် လှန်ရေးအဖွဲ့(TR)က ယနေ့(ဒီဇင်ဘာ ၂၈) ထုတ်ပြန်သည်။တိုက်ခိုက်မှုများကို ယနေ့နံနက် ၁နာရီမထိုးမီကစတင်ခဲ့ခြင်းဖြစ်ပြီး တွင်းငယ်ဘက်မှထွက်လာသော စစ်​ကောင်စီတပ်အား ထီးချိုင့်မြို့အဝင်ဂိတ်အနီး မိုင်းလေးလုံဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ထို့အပြင် နံနက် ၁ နာရီ ၁၇ မိနစ်ခန့်တွင် အစီးရေ ၃၀ ပါ စစ်

စစ်​ကောင်စီတပ်ကို ထီးချိုင့်နှင့် အင်း​တော်​ဒေသခံကာကွယ်​ရေးတပ်များက တိုက်ခိုက်၁၀ဦးထက်မနည်း​သေဆုံး၊ ဒဏ်ရာရ

Posted: 28 Dec 2021 05:43 AM PST

ကသာခရိုင်အတွင်း အင်အားဖြည့်တင်းလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ယာဉ်တန်းကို ထီးချိုင့်နှင့်အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်များကရှေ့ဆင့်နောက်ဆင့် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က၁၀ ဦးထက်မနည်း ​သေဆုံးထိခိုက်ပြီး အထိနာခဲ့​ကြောင်း​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့များထံမှသိရသည်။ယနေ့နံနက် တစ်နာရီခန့်က ကားအစီးရေ ၃၀ခန့်ပါဝင်သော စစ်ကောင်စီယာဉ်တန်းကို ထီးချိုင့် မြို့ ဝင်ဂိတ်အနီးတွင် တစ်ကြိမ်၊   အင်းတိန် နှင့် ဇီး

ရေဦးနယ် ထန်းဘဲလှရွာအနီးတွင် အမျိုးသားတစ်ဦး အလောင်းတွေ့၊ စကစများ ရွာစဉ်ပတ်မွှေကာ ဆက်လက်သောင်းကျန်းနေပြီး လူသတ်၊ ပစ္စည်းလု၊ မီးရှို့နေ

Posted: 28 Dec 2021 05:40 AM PST

ရေဦးမြို့နယ် ထန်းဘဲလှရွာအနီး ကားလမ်းဘေးတွင် ကိုဖြိုးကို၏ အလောင်းကို တွေ့ရစဉ်/ Photo – CJMFP ၊ ဒီဇင်ဘာ - ၂၈စစ်ကိုင်းတိုင်း  ရေဦးမြို့နယ် ထန်းဘဲလှရွာအနီး ရေဦး-တမာတော ကားလမ်းဘေးတွင် ယနေ့ နေ့လည်ပိုင်းက  အမျိုးသားတစ်ဦး၏ အလောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။သေဆုံးနေသူသည် ရေဦးမြို့ အောင်ချမ်းသာရပ် (ကံတွင်းရပ်)နေ ဆိုင်ကယ်ကယ်ရီ မောင်းသူ အသက်(၃၀)အရွယ် ကိုဖြိုးကို ဆိုသူဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

အရာတော်တွင် ကျောင်းရှေ့ အစောင့်ကျနေသော စကစများကို မိုင်းဆွဲ၊ အသေများနိုင်ဟုဆို

Posted: 28 Dec 2021 05:38 AM PST

MFP ၊ ဒီဇင်ဘာ - ၂၈စစ်ကိုင်းတိုင်း အရာတော်မြို့ အထက်တန်းကျောင်းရှေ့တွင် အစောင့်ကျနေသော စစ်ကောင်စီ လက်နက်ကိုင်များကို ယနေ့ မနက်ပိုင်းတွင် မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စကစများ အသေများနိုင်ကြောင်း Ayadaw Bone Naing PDF – A.B.N PDF က သတင်းထုတ်ပြန်သည်။ယနေ့ ဒီဇင်ဘာ(၂၈)ရက် မနက်(၉)နာရီခွဲတွင် အရာတော်မြို့ အထက်တန်းကျောင်းရှေ့၌ အစောင့်ကျနေသည့် သေနတ်တကားကားဖြင့် ရှိနေသော စကစများကို မိုင်း

NUG ကိုတရားဝင်ကူညီနိုင်မယ့်ပြင်ဆင်ချက်ပါဝင်တဲ့ NDAAဥပဒေကို သမ္မတဘိုင်ဒန်လက်မှတ်ထိုး

Posted: 28 Dec 2021 05:33 AM PST

မြန်မာ့ဒီမိုကရေစီအရေးတွန်းအားပေးနိုင်သလို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တရားဝင် မဟာဗျူဟာကျ ကူညီနိုင်မယ့် ပြင်ဆင်ချက်တွေပါဝင်တဲ့အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ - NDAA သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။၂၀၂၂ ဘဏ္ဏာနှစ်အတွက် NDAA လို့ အတိုကောက်ခေါ်တဲ့ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ မှာမြန်မာ့အရေးပြင်ဆင်ချက်ပါဝင်တာဖြစ်လို့ စစ်ကောင်စီကို အရေးယူနိုင်ဖို့အပြင်

သရုပ်ဆောင် ပိုင်တံခွန် အလုပ်ကြမ်းနဲ့ ထောင် ၃ နှစ် ချမှတ်ခံရ

Posted: 27 Dec 2021 04:18 PM PST

ရန်ကုန်မြို့၊ အင်းစိန်ထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ သရုပ်ဆောင်၊မော်ဒယ် ပိုင်တံခွန်ကို အင်းစိန်ထောင်တွင်းတရားရုံးကနေ ဒီနေ့ ဒီဇင်ဘာလ ၂၇ ရက်မှာ အလုပ်ကြမ်းနဲ့ထောင် ၃ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ပိုင်တံခွန်ဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အမှုကို အင်းစိန်ထောင်ထဲကနေ ရင်ဆိုင်ခဲ့ရပြီး လနဲ့ချီအကြာမှာ အခုလို အမိန့်ချမှတ်ခံလိုက်ရတာပါ။''တကယ်တော့ ဒီနေ့က ကိုပိုင်တံခွန်ကို အမိန့်ချဖို့ မဟုတ်ဘူး။ လိုပြသက်သေ

ကျွန်းလှမှ PDFသားအဖတိုက်ပွဲဝင်ရင်း ဖခင်ကျဆုံးပြီး သားဖြစ်သူအဖမ်းခံရ

Posted: 27 Dec 2021 04:09 PM PST

အကြမ်းဖက်စစ်​ကောင်စီတပ်ကို လက်နက်ကိုင်ခုခံတိုက်ပွဲဝင်နေသည့် ကျွန်းလှမြို့ခံသားအဖနှစ်ဦးအနက် တစ်ဦးကို စစ်ကောင်စီက သတ်ဖြတ်လိုက်ပြီး တစ်ဦးကိုဖမ်းဆီးသွားသည်။ကျွန်းလှမြို့၊ ကန်ဇွန်းအင်းကျေးရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၂ ရက်တွင်လေကြောင့်မှ တိုက်ခိုက်ခဲ့ပြီး အဆိုပါ​နေ့တွင် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်သားအဖ နှစ်ဦးမှ ဖခင်ဖြစ်သူကျဆုံးကာ သားဖြစ်သူဖမ်းဆီးခံရခြင်းဖြစ်​ကြောင်း ကျွန်းလှ ပြည်သူကာကွယ်ရေးတပ်ဖွဲ့

ရန်ကုန်တက္ကသိုလ်ကျောင်းသားတစ်ဦး စစ်ကြောရေးတွင် ကျဆုံး

Posted: 27 Dec 2021 03:36 PM PST

ရန်ကုန်တက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်သည့် ကိုအောင်ဘုန်းကျော်သည် စစ်ကြောရေး၌ ယနေ့(ဒီဇင်ဘာ ၂၇)ကျဆုံးသွားကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်သည်။ကိုအောင်ဘုန်းကျော်သည် ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနမှ တတိယနှစ်ကျောင်းသားတစ်ဦးဖြစ်ပြီး ယမန်နေ့(ဒီဇင်ဘာ ၂၆)က တာမွေမြို့နယ်တွင် စစ်ကောင်စီက မတရားဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ထိုသို့အဖမ်းခံရပြီး တစ်ရက်အကြာ စစ်ကြောရေး

စစ်ကောင်စီက သံဖိုကျေးရွာကို ဝင်ရောက်မီးရှို့၊ တရွာလုံးနီးပါးထွက်ပြေးတိမ်းရှောင်ကြ

Posted: 27 Dec 2021 03:26 PM PST

ခိုနူမ်းသုန်သတင်း၊ ၂၇ ဒီဇင်ဘာ ၂၀၂၁ကလေးမြို့နယ်တောင်ပိုင်း သံဖိုကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့များ ယနေ့နံနက်ပိုင်းက ဝင်ရောက်လာကာ စပါးကျီ တိုက်ကို မီးရှို့သွားခဲ့ကြပြီး လူနေအိမ်များမီးမကူးစက်မီ ရွာသားများက အချိန်မှီငြိမ်းသတ်နိုင်ခဲ့ကြသည်ဟု သံဖိုကျေးရွာ သားတစ်ဦးကပြောသည်။" စကစဘက်က ခြေကျင်နဲ့လာကြတယ် တစ်ရွာလုံးကိုမွှေမယ်လို့ သတင်းရကြတယ်လေ အဲလိုကြားတဲ့အချိန်မှာ ကျနော်တို့ပြေးကြတာပေါ့ အဲဒီချိန်မှာ သူတို့က

မင်းတပ်မြို့နယ်တွင် တိုက်ပွဲပြင်းထန်ဆဲ၊ စစ်ကောင်စီတပ်ဖွဲ့ မှ ၈ ဦး ခန့်သေဆုံးပြီး CDF မှ ၁ ဦးကျဆုံး

Posted: 27 Dec 2021 03:23 PM PST

ဒီဇင်ဘာလ ၁၇ ရက်နေ့မှစပြီး မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်မှ စစ်ကြောင်း နှစ်ကြောင်းနှင့် CDF – Mindat တို့ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၈ ဦးခန့်ကျဆုံးကာ ဒဏ်ရာရရှိသူ အများအပြားရှိပြီး CDF – Mindat မှရဲဘော် ၁ ဦးရှစ်မွှေးရွာတိုက်ပွဲတွင် ကျဆုံးကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုသည်။ ဒီဇင်ဘာလ (၂၄) ရက်နေ့က မင်းတပ်မြို့ပေါ်အရှေ့ပြင်ရပ်ကွက်တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး

နာရေးပို့ပြီးပြန်လာတဲ့ ပျူစောထီးတဦး သေနတ်နဲ့ ပစ်သတ်ခံရ

Posted: 27 Dec 2021 03:10 PM PST

ရေစကြို၊ ဒီဇင်ဘာ ၂၇၊ ၂၀၂၁။မကွေးတိုင်း၊ ရေစကြို့မြို့နယ်၊ ပခန်းငယ်ရွာက ပျူစောထီးအဖွဲ့ဝင် ကိုဝင်းအောင်ဆိုသူကို ဒီဇင်ဘာလ ၂၆ ရက်နေ့က နာရေးပို့ပြီးအပြန်မှာ ညောင်စောက်ကျေးရွာအနီး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။အသက် ၄၀ ဝန်းကျင်အရွယ် ပခန်းငယ်‌ရွာက ကိုဝင်းအောင်ဆိုသူဖြစ်ပြီး၊ ညောင်စောက်ကျေးရွာကို နာရေးသွားပို့ပြီးအပြန်မှာ အသတ်ခံရကာ၊ ဘယ်အစည်းက သတ်သွားမှန်း မသိသေးဘူးလို့ ဒေသခံတဦးက ပြောပါ

ဖမ်းဆီးခံထားရတဲ့ သတင်းထောက်ရဲ့ ရုံးချိန်းကိုလာတဲ့ ဇနီးသည်ကို စစ်ကောင်စီထပ်မံ ဖမ်းဆီး

Posted: 27 Dec 2021 03:00 PM PST

သာယာဝတီ၊ ဒီဇင်ဘာ ၂၇၊ ၂၀၂၁။ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းထောက် ကိုငြိမ်းချမ်းဝေရဲ့ ဒီကနေ့ရုံးချိန်းကို လာရောက်ခဲ့တဲ့ သူရဲ့ဇနီးသည်ကို သာယာဝတီခရိုင်တရားရုံးမှာပဲ စစ်ကောင်စီက ဖမ်းဆီးလိုက်တယ် ဒေသခံတွေဆီက သိရပါတယ်။ဖမ်းဆီးခံရသူမှာ Bago Weekly ဂျာနယ် သတင်းထောက် ကိုငြိမ်းချမ်းဝေရဲ့ဇနီး မဝေဝေလွင်ဖြစ်ပြီး၊ ပုဒ်မ ၁၂၃(ဂ) နဲ့ သာယာဝတီခရိုင်တရားရုံးမှာ ရုံးထုတ်မှာဖြစ်လို့

ခရမ်းမြို့ ရိုးကြီးကျေးရွာ ဒလန်ညီအကိုနှစ်ဦး အပစ်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ စစ်တပ်က ရွာခံအပစ်မဲ့ပြည်သူနှစ်ဦးကို ဖမ်းဆီးထား

Posted: 27 Dec 2021 02:58 PM PST

Khayan Channel (ဒီဇင်ဘာ ၂၇)ခရမ်းမြို့နယ် ရိုးကြီးကျေးရွာတွင် ယနေ့နေ့လည် ၁၂ နာရီခန့်က ဒလန်မိုးကျော်နှင့် သူ့အကိုဖြစ်သူတို့နှစ်ဦးကို အမည်မသိအဖွဲ့တစ်ခုမှ သေနတ် ၅ ချက်ပစ်ခတ်ခဲ့ပြီး ထိုနှစ်ဦးမှာနေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။ ထိုကိစ္စနှင့်ပတ်သက်၍ အကြမ်းဖက်စစ်တပ်က ယနေ့ညနေ ၃ နာရီခွဲခန့်က ရွာခံအပစ်မဲ့ပြည်သူနှစ်ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။ ထိုအဖမ်းဆီးခံခဲ့ရသည့်ပြည်သူများကို

ခရမ်းမြို့ ရိုးကြီးကျေးရွာ ဒလန်မိုးကျော်နှင့် သူ့အကိုတို့နှစ်ဦး ယနေ့ပစ်ခတ်ခံရပြီး နေရာမှာတင်ပွဲချင်းပြီး သေဆုံး

Posted: 27 Dec 2021 02:54 PM PST

ဓာတ်ပုံ - ဒလန်မိုးကျော်ပုံ။Khayan Channel (ဒီဇင်ဘာ ၂၇)ခရမ်းမြို့နယ် ရိုးကြီးကျေးရွာ ဒလန်မိုးကျော်နှင့် သူ့အကိုဖြစ်သူ ကို၀င်းတို့နှစ်ဦး ယနေ့နေ့လည် ၁၂ နာရီခန့်က ၎င်းတို့နေအိမ်နားတွင် ရေပိုက်ပြင်နေစဥ် အမည်မသိအဖွဲ့တစ်ခုက သေနတ် ၅ ချက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ သေနတ်ပစ်ခတ်မှုဒဏ်ရာများကြောင့် နေရာမှာတင် နှစ်ဦးစလုံးပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ယခုအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ဖြစ်ပွားရာ

ကျောမြို့ ကာကွယ်ရေးပစ္စည်းစက်ရုံမှ ထွက်လာသော စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ရာ ခုနစ်ဦးသေဟု ဗိုလ်ဂျပန်ပြော

Posted: 27 Dec 2021 08:41 AM PST

မကွေးတိုင်း ကျောမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံမှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ခုနှစ်ဦးသေဆုံးကြောင်း ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA) ဦးဆောင်သူ ဗိုလ်ဂျပန်က လူထုနွေဦးသို့ ပြောသည်။ယနေ့(ဒီဇင်ဘာ ၂၇) နေ့လည် ၁၂ နာရီ ခွဲခန့်ကစ၍ ပုလဲ-ဂန့်ဂေါလမ်းမကြီး၌ ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA) တပ်ခွဲ(၂ /၁၇) နှင့် စစ်ကောင်စီတပ်တို့ သုံးနာရီကြာတိုက်ပွဲဖြစ်ပွား

လေးကေ့ကော်မြို့သစ်အနီးတိုက်ပွဲတွင် PDF ရဲဘော်တစ်ဦး ထပ်မံကျဆုံး

Posted: 27 Dec 2021 08:40 AM PST

လေးကေ့ကော်မြို့သစ်နှင့် အနီးဝန်ကျင်ကျေး ရွာများတွင်ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF)ဝင် ရဲဘော်တစ်ဦး ထပ်မံကျဆုံးသွားကြောင်း ကျဆုံးရဲဘော်၏မိတ်ဆွေများက အတည်ပြုသည်။ကျဆုံးသွားသည့် PDF တပ်ဖွဲ့ဝင်မှာ ကိုအာကာဆိုသူဖြစ်ပြီး ၎င်းနှင့်အတူ အခြားရဲဘော်တစ်ဦးတို့သည် စစ်ကောင်စီတပ်များ၏ မြေပြင်ပစ်ခတ်မှုအတွင်း ပိတ်မိခဲ့ရာမှ ရဲဘော်အာကာ ကျဆုံးခဲ့ခြင်းဖြစ်သည်။ကိုအာကာအပါအဝင် PDF တပ်ဖွဲ့ဝင်

ဒုတပ်ကြပ်အဆင့်ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦး လက်နက်နှင့်အတူ KNU ထံ ထွက်ပြေးလာ

Posted: 27 Dec 2021 08:19 AM PST

 ပြီးခဲ့သည့် မတ်လဆန်းပိုင်းက ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေအတွင်း အာဏာဖီဆန်ရေး(CDM) ဝင်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ Photo_KNU Mutrawဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် ၊ တပ်မဟာ ၅ နယ်မြေ၊ ဒွယ်လိုးမြို့နယ် တွင် အခြေချလှုပ်ရှားသည့် စစ်ကောင်စီတပ်ဖွဲ့မှ ဒုတပ်ကြပ်တစ်ဦးသည် လက်နက်နှင့်အတူ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် -KNLA ၊ တပ်မဟာ ၅ ထံသို့ ထွက်ပြေးလာ

မန္တလေးခရိုင် တရားရုံး ဒုတိယထပ်တွင် ပေါက်ကွဲခြင်း ဖြစ်ပြီး ထိခိုက်သေဆုံးမှု အခြေအနေ မသိရသေး

Posted: 27 Dec 2021 08:16 AM PST

MFP ၊ ဒီဇင်ဘာ - ၂၇မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၅လမ်းနှင့် ၃၄လမ်းရှိ မန္တလေးခရိုင် တရားရုံး ဒုတိယထပ်တွင် ယနေ့ မနက်ပိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အဆောက်အဦး အတွင်းပိုင်းနှင့် လေကာမှန်များ ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း စစ်ကောင်စီ အုပ်ချုပ်ရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူများက MFP သို့ ပြောသည်။ယနေ့ ဒီဇင်ဘာ(၂၇)ရက် မနက်(၁၀)နာရီကျော်အချိန်က ချမ်းအေးသာစံမြို့နယ် ၆၅လမ်း၊ ၃၃လမ်းနှင့် ၃၄လမ်းကြား

တန့်ဆည်မြို့လယ် အဝိုင်းပတ်တွင် စကစများကို မိုင်းဆွဲတိုက်ခိုက်မှု စကစ လေးဦးသေ၊ လေးဦး ဒဏ်ရာရဟုဆို

Posted: 27 Dec 2021 08:13 AM PST

MFP ၊ ဒီဇင်ဘာ - ၂၇စစ်ကိုင်းတိုင်း တန့်ဆည်မြို့ အဝိုင်းပတ်တွင် ယနေ့ မနက်ပိုင်းက စစ်ကောင်စီ လက်နက်ကိုင်များကို မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ လေးဦးသေပြီး လေးဦး ထိခိုက်ဒဏ်ရာရသည်ဟု အတည်ပြုနိုင်ကြောင်း တန့်ဆည် ပြည်သူ့ရဲဘော်အဖွဲ့ က သတင်းထုတ်ပြန်သည်။"ယနေ့ နေ့နံနက် မိုင်း‌ဆွဲဖြစ်စဉ်တွင် စစ်ခွေး လေးကောင် သေဆုံး၍ လေးကောင် အပြင်းအထန် ဒဏ်ရာရရှိကြောင်း သတင်းအတည်ပြု ရရှိပါသည်" ဟု တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့

စစ်ကောင်စီတပ်မီးရှို့၍ နတ်ချောင်းရွာ မီးရှိန်ပြင်းနေ၊ နေအိမ်၁၀လုံးထက်မနည်း မီးလောင်၊ စစ်ရှောင်များ၏ ဖုန်းများကို စစ်​ကောင်စီသိမ်းထားဟုဆို

Posted: 27 Dec 2021 07:44 AM PST

ကလေးမြို့နယ်ရှိ နတ်ချောင်းရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့(ဒီဇင်ဘာ၂၇) ညပိုင်း၌ ထပ်မံမီးရှို့ခဲ့ရာ ည ၁၀နာရီခန့်ထိ မီးလောင်နေဆဲဖြစ်ကြောင်း နတ်ချောင်းရွာခံတစ်ဦးက ပြောသည်။"အိမ် ၁၀အိမ်လောက် ခန့်မှန်းခြေမီးထဲပါ။ လူအသေအပျောက်တော့မကြားရသေးဘူး။ မီးရှိန်ပြင်းနေတုန်းပါ" ဟု ၎င်းက ဆိုသည်။ဒီဇင်ဘာ ၂၂ရက်မှစ၍ နတ်ချောင်းရွာသို့ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ ယခင်နေ့များကလည်း ကျေးရွာရှိ နေအိမ် ငါးလုံးထက်

စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် လက်နက်အင်အားဖြည့်ပြီး နတ်ချောင်းရွာကို ထပ်မံမီးရှို့

Posted: 27 Dec 2021 07:42 AM PST

ယမန်နေ့ညက တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ကလေးမြို့နယ် နတ်ချောင်းရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် လက်နက်အင်အားဖြည့်တင်းပြီး နေအိမ် ငါးလုံးထက်မနည်းကိုလည်း ထပ်မံမီးရှို့နေကြောင်း နတ်ချောင်းရွာခံက ပြောသည်။နတ်ချောင်းရွာတွင်ဒီဇင်ဘာ ၂၂ရက်ကစ၍ စစ်ကောင်စီတပ်များဝင်ရောက်လာ၍ ရွာသားများ ဖမ်းဆီးသတ်ဖြတ်ခံရခြင်း၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခြင်းများ ရှိခဲ့သည်။  ဒီဇင်ဘာ ၂၆ရက်ညက

ငွေကြေးကောက်ခံနေသော စံပြ ပြည်သူ့စစ်အဖွဲ့ကို KIA တိုက်ခိုက်ပြီး ကား ၁ စီး နှင့် လက်နက်များသိမ်းယူ

Posted: 27 Dec 2021 07:38 AM PST

ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာအနီး စံပြကျေးရွာ၏ အနောက်ဘက်ခြမ်း လမ်း ၄ ဆုံနေရာတွင် ယနေ့နံနက် ၁၁ နာရီဝန်းကျင်ခန့်က စစ်ကောင်စီအောက် ပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ပြည်သူ့စစ်အဖွဲ့သည်  KIA အဖွဲ့ရှိရာ လောဒ်ဂျာမှော်ဘက်အထိ စစ်ရေးလှုပ်ရှားမှုများပြုလုပ်လာသည်သာမက ပြည်သူများထံမှ ငွေကြေးကောက်ခံမှုများပြုလုပ်နေသဖြင့် KIA တပ်ရင်း  (၁၄)

နတ်ချောင်းကျေးရွာအနီးတိုက်ပွဲတွင်း စစ်ကောင်စီတပ်မှ ပစ်သတ်ထားသည့် ဒေသခံပြည်သူများ၏ အလောင်းများ ကောက်ယူရန် ခက်ခဲနေဆဲ

Posted: 27 Dec 2021 07:36 AM PST

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ဘက်ရှိ နတ်ချောင်းကျေးရွာအနီး ဒီဇင်ဘာလ ၂၂ ရက်ည မှစပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ပစ်ခတ်သတ်ဖြတ်ထားသည့် ဒေသခံပြည်သူ အလောင်းများ ကောက်ရန်ခက်ခံနေကြောင်း နီးစပ်သူများထံမှ သိရသည်။"ကျနော်တို့ဆီမှာ ဒီနေ့ နောက်ဆုံးကြားရတဲ့ သတင်းအရတော့ ၁၄ လောင်းလောက်ရှိနေပြီလို့ သိရတယ်ခင်ဗျ လောလောဆယ်တော့ အဲရွာနားတစ်ဝိုက် တိုက်ပွဲဖြစ်နေသေးလို့ သေနေတဲ့အလောင်းကောက်ယူဖို့တောင်

လေးကေကော်ဒေသကို စစ်ကောင်စီတပ်မှ (၄) ကြိမ်မြောက် လေယာဉ်ဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်

Posted: 27 Dec 2021 07:26 AM PST

ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်-KNLA တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ လေးကေကော်ဒေသကို  စစ်ကောင်စီတပ်မှ (၄) ကြိမ်မြောက် လေယာဉ်ဖြင့်  ပစ်ခတ်တိုက် ခိုက်မှုအဖြစ် ယနေ့ ဒီဇင်ဘာလ ၂၇ရက်၊ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် ထပ်မံပြုလုပ်ခဲ့သည်။ လေးကေကော်ဒေသကို စစ်ကောင်စီတပ်မှ ပထမအကြိမ် လေယာဉ်ဖြင့် ပစ်ခတ်ခြင်းကို ဒီဇင်ဘာ ၂၃ ရက် ည ၁၀ နာရီ

အာရှလမ်း တိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်းမှူး အပါအဝင် ၉ ဦးသေဆုံး၊ ဒေသခံတစ်ထောင်ဝန်းကျင် တိမ်းရှောင်နေရ

Posted: 27 Dec 2021 07:23 AM PST

ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီကရင်ပြည်နယ် မြဝတီမြို့နှင့် ကော့ကရိတ်မြို့ကြား အာရှလမ်းမပေါ်တွင် ဒီဇင်ဘာလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တပ်ရင်းမှူးအပါအဝင် ၉ ဦးထက်မနည်းသေဆုံးပြီး တိုက်ပွဲဂယက် ကြောင့် အနီးအနားရှိ ဒေသခံတစ်ထောင်ဝန်းကျင်ခန့်လည်း တိမ်းရှောင်နေရသည်ဟု သိရသည်။ယမန်နေ့ အာရှလမ်းမပေါ်ရှိ ကေအဲန်

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.