Wednesday, December 29, 2021

သစ်ထူးလွင်

သစ်ထူးလွင်


မိုးရွှေကူးရွာတွင် ဖက်ဆစ်တပ်များနှင့် ပျူစောထီးတို့ ကင်းလှည့်ပြီးအပြန် မိုင်းဆွဲခံရ

Posted: 28 Dec 2021 05:00 PM PST

ထားဝယ် ၊ဒီဇင်ဘာလ ၂၈ ရက်သရက်ချောင်းမြို့နယ်၊စော်ဖျားကျေးရွာအုပ်စု၊မိုးရွှေကူးရွာထိပ်လမ်းတွင် ယနေ့ညနေပိုင်း ဖက်ဆစ်တပ်များနှင့်ပျူစောထီးတို့ ကင်းလှည့်ပြီးအပြန် မိုင်းဆွဲခံရသည်။ဒီဇင်ဘာ(၂၈)ရက်၊ညနေ(၄)နာရီခွဲခန့် ပျူစောထီးအဖွဲ့ဝင် ဦးမောင်ရီ နှင့်သားဖြစ်သူ အပါဝင် ဖက်ဆစ်တပ်များ Vigo ကားဖြင့် ကင်းလှည့်ပြီးအပြန်မိုင်းဆွဲခံရကြောင်း ရွာသားတစ်ဦးကဆိုသည်။"မိုင်းဆွဲတိုက်ခိုက်ပေမဲ့ အချိန်နောက်ကျသွားလို့ထင်တယ်။

သထုံမှာ ဘဏ်ငွေသယ်ကားတစ်စီး ဓါးပြတိုက်ခံရ ၊ ကျပ်သိန်း ၈၀၀ ကျော်ပါသွား

Posted: 28 Dec 2021 04:57 PM PST

သထုံ၊ ဒီဇင်ဘာ ၂၈သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့အနီး ရန်ကုန်-မော်လမြိုင်ကားလမ်း ပေါ်မှာ ဒီဇင်ဘာလ ၂၇ ရက်နေ့က ဘဏ်ငွေသယ်ကားတစ်စီး ဓါးပြ တိုက်ခံရပြီး ကျပ်သိန်း ၈၀၀ ကျော်ပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။အဆိုပါ နေ့လည် ၁ နာရီခန့်မှာ သထုံ MAB ဘဏ်က ငွေသယ် ပရိုဘောက်ကားကို အမည်မသိ လက်နက်ကိုင် လူတစ်စုက ဓါးပြတိုက်သွားတာဖြစ်ပါတယ်။"ကားက ဘဏ်ကနေ ဆီဆိုင်တွေမှာ ငွေလိုက်သိမ်းတဲ့ကားလို့ သိရတယ်။ ငွေလိုက်သိမ်းပြီး အပြန်

ကလေး-ဂန့်ဂေါလမ်းပိုင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၂၀ ဦးသေ

Posted: 28 Dec 2021 04:46 PM PST

ကလေး-ဂန့်ဂေါလမ်းပိုင်း၌ ဖြစ်ပွားလျှက်ရှိသော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ စစ်သားနှင့်ရဲ ၂၀ ဦးသေဆုံးခဲ့ကြောင်း PDF-GanGaw က ယနေ့(ဒီဇင်ဘာ ၂၈) ထုတ်ပြန်သည်။အဆိုပါတိုက်ပွဲများအနက် ဒီဇင်ဘာ ၂၆ ရက်တွင် တစ်ကြိမ်၊ ၂၇ ရက်တွင် တစ်ကြိမ်နှင့် ၂၈ ရက်(ယနေ့)တွင် နှစ်ကြိမ် အသီးသီးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ စစ်သား ၁၈ ဦးနှင့် ရဲနှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ဒီဇင်ဘာ ၂၆ ရက်က

တန့်ဆည်မြို့နယ် လဝကဦးစီးမှူး သေနတ်ဖြင့်ပစ်သတ်ခံရ

Posted: 28 Dec 2021 04:43 PM PST

တန့်ဆည်မြို့နယ် လူဝင်မှုကြီးကြပ်​ရေးဦးစီးမှူး ဦးဝင်ဇော်သည် အစည်းအဝေးမှအပြန် သေနတ်ဖြင့်ပစ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ဦးဝင်းဇော်သည့် ယမန်နေ့(ဒီဇင်ဘာ ၂၇)နံနက် ၁၀နာရီခွဲခန့်တွင် ခရိုင်အစည်းအဝေးသွားတက်ပြီး ရွေဘိုမြို့မှအပြန်လမ်းတွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ရွှေဘို-တန့်ဆည်လမ်း ကာဒီးကျေးရွာနှင့် တန်စပ်ကျေးရွာအကြား သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံး

ရွှေညဝါဆရာတော်အား အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ထောင် (၂)နှစ် ချ

Posted: 28 Dec 2021 11:17 AM PST

မန္တလေးမြို့တွင် ဖေဖော်ဝါရီလ(၁)ရက်နေ့က စစ်တပ်ကို ဝေဖန်မှုကြောင့်ဟုဆိုတာ ဖမ်းဆီးခံရသည့် ရွှေညဝါဆရာတော်အရှင်ပညာသီဟအား ပုဒ်မ ၅၀၅-ခ ဖြင့် ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင်  ထောင်ဒဏ် (၂)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။ရွှေညဝါဆရာတော်ကြီး အရှင်ပညာသီဟအား ဖမ်းဆီးစဉ်ကာလတုန်းက ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ကာ တရားစွဲဆိုခံထားရသော်လည်း ခုခံချေပမှုများအရ ပုဒ်မ ၅၀၅-ခ သို့ ပြောင်းလဲပြီး ထောင်ဒဏ်(၂)နှစ်အဖြစ်

ဂန့်ဂေါမြို့နယ်တွင်း ကျေးရွာများ မီးရှို့နေသည့် အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်များ ခရမ်းချောင်းရွာတွင် မိုင်းဆွဲခံရ

Posted: 28 Dec 2021 11:16 AM PST

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ စမ်းမြို့ရွာကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်နေ့က ပျူစောထီးနှင့်ပေါင်း၍ မီးရှို့ခဲ့ကြသည့် အာဏာသိမ်းစစ်တပ်မှ တပ်ဖွဲ့ဝင်များ ယနေ့ ဒီဇင်ဘာလ (၂၈)ရက်နေ့က ခရမ်းချောင်းရွာသို့ အလာလမ်း၌ မိုင်းဆွဲခံရကြောင်း သိရသည်။အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် တောင်ခင်ရန်းကျေးရွာမှ အရာရှိက အစည်းအဝေးခေါ်သဖြင့် သွားတက်ပြီး မြောက်ခင်ရန်းကျေးရွာသို့ ပြန်လာကြစဉ် မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း သိရသည်။  

ရန်ကုန်တောင်ပိုင်းခရိုင် စစ်ဆေးရေးဂိတ် ၄၀ မမ ဗုံးသီးဖြင့်ပစ်ခံရမှုတွင် ဒဏ်ရာရရှိသောစကစတပ်သား (၃) ဦး ဆေးရုံတွင် ထပ်မံသေဆုံး

Posted: 28 Dec 2021 10:56 AM PST

ဒီဇင်ဘာ ၂၈ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် တော်ခရမ်းလေးကျေးရွာ တိုက်ကြီးလမ်းထိပ်ရှိ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်အား ဒီဇင်ဘာလ ၂၆ရက်နေ့  နံနက်ပိုင်းက ဒေသခံ PDF များက ၄၀မမ ဗုံးသီးနဲ့ ပစ်ခတ်ခဲ့ပြီး‌ ယမန်နေ့က စစ်ကောင်စီတပ်သား (၁) ဦးသေဆုံးသွားခဲ့ပြီး ဒဏ်ရာရရှိသူ အများအပြားလည်းရှိကြောင်းသိရသည်။အဆိုပါစစ်ဆေးရေးဂိတ်အား ဗုံးပစ်တိုက်ခိုက်ခံရပြီး ဒဏ်ရာပြင်းထန်ခဲ့တဲ့ စစ်ကောင်စီတပ်သား (၁) ဦးဟာ

မုံရွာမြို့တွင် မြို့နယ်စီမံခန့်ခွဲရေးရုံး Non-CDM ဗိုလ်ကတော် (၁) ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

Posted: 28 Dec 2021 10:55 AM PST

ဒီဇင်ဘာ၂၈စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် မြို့နယ်စီမံခန့်ခွဲရေးရုံး Non-CDM ဗိုလ်ကတော် (၁) ဦး ယနေ့မနက်က ရေကူးကန်လမ်းမှာ သေနတ်နှင့်ပစ်သ တ်ခံရကြောင်း မုံရွာသတင်းရင်းမြစ် RNA မှသိရသည်။ "ဒီမနက်၉နာရီလောက်မှာ ရေကူးကန်၁၉လမ်းအနီးမှာ အမည်မသိလူတစ်စုက ပစ်သ တ်သွားတာ၊ သေနတ်၇ချက်ဖြင့် တခါတည်း ပွဲချင်းပြီးသေဆုံးသွားတာ၊သူ့ယောင်္ကျားကတော့ ၃ပွင့်ဗိုလ်တစ်ဦး"ဟု ဒေသခံတစ်ဦးကပြောကြောင်း RNA မှဖော်ပြသည်။သေနတ်ဒဏ်ရာ (၇)

အကူညီပေးရေးဝန်ထမ်းနှစ်ဦးကို စစ်​တပ်က သတ်ဖြတ်လိုက်ကြောင်း Save the Children အတည်ပြု

Posted: 28 Dec 2021 10:50 AM PST

ဓာတ်ပုံ- ကယားပြည်နယ်တွင် စစ်တပ်က အကြမ်းဖက်ဖျက်ဆီးမီးရှို့ခဲ့သော မော်တော်ယဥ်များ။ဒီဇင်ဘာလ ၂၄ရက်နေ့က မြန်မာနိုင်ငံအရှေ့ခြမ်း၊ ကယားပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် မြန်မာစစ်တပ်၏  အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဥ်တွင် ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ပြည်သူ ၃၅ ဦးထက်မနည်း အသက်သေဆုံးခဲ့ရပြီး Save the Children၏ ဝန်ထမ်းနှစ်ဦးလည်း ပါဝင်ခဲ့ကြောင်း ယနေ့တွင် အတည်ပြုခဲ့သည်။စစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်ခံလိုက်ရသော

နတ်ချောင်းပြည်သူ ၁၇ ဦးကို အကြမ်းဖက်စစ်ကောင်စီက ပစ်သတ်ထားပြီး ရွာကိုလည်း ၅ ကြိမ်​မြောက် မီးရှို့

Posted: 28 Dec 2021 10:48 AM PST

ကလေးမြို့နယ် နတ်ချောင်း ကျေးရွာပြည်သူ ၁၇ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်သတ်ထားပြီး ယနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က ရွာရှိနေအိမ်များကို ၅ ကြိမ်မြောက် မီးထပ်ရှို့နေသည်ဟု သိရသည်။ ဒီဇင်ဘာလ ၂၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာအတွင်း ပိတ်မိနေသူများကို သတ်ဖြတ်ခြင်းဖြစ်ပြီး နေအိမ်များကိုလည်း ၂၃ ရက်နေ့ကတည်းက အကြိမ်ကြိမ် မီးရှို့နေခြင်း

PDF-GanGaw မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး သေဆုံး

Posted: 28 Dec 2021 10:44 AM PST

မကွေးတိုင်းဒေသကြီး ၊ ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်များ ဒီဇင်ဘာလ ၂၆ ရက်၊ ၂၇ ရက်နှင့် ၂၈ တို့၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးခဲ့သည်။ ဒီဇင်ဘာလ ၂၆ ရက်၌ ကလေး-ဂန့်ဂေါကားလမ်း လမ်းပိုင်းတွင် ဂန့်ဂေါမှ ကလေးဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို PDF-GanGaw တပ်ခွဲ(၁၇) ကြယ်ဖြူအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၇ ဦး သေဆုံး

ရှမ်းတောင်တွင် စစ်ဆင်ရေးများ လုပ်ဆောင်တော့မည် ဖြစ်ကြောင်း PDF အဖွဲ့များ ကြေညာ

Posted: 28 Dec 2021 10:43 AM PST

မဲခေါင်၊ ဒီဇင်ဘာ ၂၈ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဒေသဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်း နှင့်အတူ  စစ်ဆင်ရေးများ လုပ်ဆောင်တော့မည် ဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF များက ယနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။စစ်အာဏာရှင် တော်လှန်ရေးသည် အရှိန်အဟုန် မြင့်တက်လာခဲ့ပြီ ဖြစ်၍ တောင်ကြီးမြို့ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ (TPDF)၊ ‌ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG)၊ ရွှေညောင်မြို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (

ဂန့်ဂေါတွင် စစ်ကောင်စီနှင့် YDF တို့တိုက်ပွဲဖြစ်

Posted: 28 Dec 2021 10:41 AM PST

မဲခေါင်၊ ဒီဇင်ဘာ ၂၈ဂန့်ဂေါမြို့မြောက်ဘက် မိုင်တိုင်အမှတ်၁၇/၁ နှင့် ၁၈/၁ ကြား YDF -ဂန့်ဂေါ တပ်ရင်း (၄ )နှင့် အကြမ်းဖက်စစ်ကောင်စီတို့ ယနေ့ (ဒီဇင်ဘာ ၂၈) နေ့လယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။တိုက်ပွဲဖြစ်ပွားပြီးနောက် YDF တပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းမှုဆောင်ရွက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးသောခန္ဓာကိုယ်အစိတ်အပိုင်းများ၊ သေဆုံးသွားသူများ၏ အဝတ်အစား အပိုင်းအစများ၊ မပေါက်ကွဲသေးသောလက်နက်ကြီး ကျည်များ

မြင်းခြံတွင် ပျူစောထီးဆိုသူများက ဒေသခံတစ်ဦးကို ဖမ်းဆီး သတ်ဖြတ်၊ စကစနှင့် ပျူများ မြင်းခြံနယ်တွင် သောင်းကျန်းနေပြီး လူသတ်၊ လုယက်၊ ဖမ်းဆီးနှိပ်စက်ခြင်းများ လုပ်ဆောင်နေ

Posted: 28 Dec 2021 10:39 AM PST

ဒီဇင်ဘာ - ၂၈မန္တလေးတိုင်း မြင်းခြံမြို့နယ် လယ်သစ်ရွာမှ ဒေသခံ အမျိုးသားတစ်ဦးကို တစ်ရွာတည်းသား စကစနှင့် ပူးပေါင်းနေသော ပျူစောထီးဆိုသူ များက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ညှဉ်းပန်းနှိပ်သက် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ဒီဇင်ဘာ(၂၅)ရက် ညပိုင်းတွင် မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာမှ ကိုရဲဝင်းဇော် (ခ) ကုလားကို ပျူစောထီးအဖွဲ့ဝင် လေးဦးက ကျေးရွာစာသင်ကျောင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဒီဇင်ဘာ(၂၆)

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.