သစ္ထူးလြင္ |
- စစ်တပ်ယန္တရား ရပ်တန့်ရန် မတူပီမြို့သို့ စက်သုံးဆီသယ်ခွင့် CDF ကပိတ်ထား၊ စစ်ကောင်စီတပ်က ကုန်ကား ၁၀ စီးကို ကုန်ချခွင့်မပြုပဲ ဖမ်းဆီး
- ထန်တလန်မြို့ ဘုရားကျောင်းတစ်ကျောင်းအပါအ၀င် နေအိမ် ၁၉ လုံး မီးလောင်ဆုံးရှုံး
- ရန်ကုန်တိုင်း၊ အလုံမြို့နယ်တွင် လူထု ပျောက်ကြား သပိတ်စစ်ကြောင်းကို ကားဖြင့်တိုက်ပြီး ပစ်ခတ် ဖြိုခွင်းခံရ
- သေနတ်နဲ့ပစ်ခံရတဲ့ စစ်မှုထမ်းဟောင်းတဦး ဆေးရုံကိုသွားတဲ့လမ်းမှာ ထပ်ပြီးတိုက်ခိုက်ခံရလို့သေဆုံး
- အိမ်စီးကားနှစ်စီးနဲ့လာတဲ့ စစ်ကောင်စီတပ်တွေကို MVRF မိုင်းဆွဲတိုက်ခိုက်လို့ တပ်သား ၃ ဦးသေဆုံ
- ထီးချိုင့်တွင် စကစ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ တစ်စီး မီးရှို့ဖျက်ဆီး
- ဖုန်းအော်ပရေတာများ ဈေးနှုန်းတိုးမြှင့် ကောက်ခံခြင်း မပြုရန် သတိပေး
- KIA တိုက်ခိုက်လိုက်သည့် စစ်ကောင်စီယာဉ်တန်းကို ထီးချိုင့်PDFက နေရာ ၈ခု၌ မိုင်းဖြင့် ထပ်မံတိုက်ခိုက်၊ အနည်းဆုံး ယာဉ် ၂စီးပျက်စီး
- ညောင်တုန်းမြို့တွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
- စစ်ကောင်စီနဲ့ CDF ကန်ပက်လက်တို့ အပြန်အလှန်ပစ်ခတ် စစ်အုပ်စုက ၂ဦးသေဆုံး
- သေနတ် ၆ချက်ပစ်ပြီး နွားထိုးကြီးနယ်က လောင်းကစားဝိုင်းကို PDF တွေ သတိပေး
- CDM ဆရာ၀န်တွေကို စစ်ကောင်စီက အလုပ်ထုတ်စာပို့ အကြွေးဆပ်ခိုင်း
- ထန်တလန်မြို့မှာ ဒီမနက်ကစပြီး တစ်နေကုန်မီးလောင်
- KNU တပ်မဟာ ၅ တွင် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် ထပ်မံကျဆုံး
- ပါပေါင်ကျေးရွာတွင် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်သေဆုံး၊ ဗန်းမော်မြို့ ဖမ်းဆီးခံရသည့် မိသားစု ၃ဦးအနက် တစ်ဦးလွှတ်မြောက်လာ
- တောင်ကိုရီးယားမှာ ကိုဗစ်ကူးစက်မှု စံချိန်တင်များပြား
- ဗကသ ကျောင်းသားဟောင်း ကန့်ဘလူမြို့နယ်ထဲ အသတ်ခံရ
- နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းနေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ပြောကြား
- မြောင်မှာ စစ်ကောင်စီပိုင် သင်္ဘောနှစ်စီးကို ဒေသကာကွယ်ရေးတပ်က ထိန်းသိမ်း၊ မြို့အဝင်အထွက်ဂိတ်တွေထားရှိစစ်ဆေးမယ်လို့ ထုတ်ပြန်
- ဒီးမော့ဆိုမှာ တိုက်ပွဲ ဖြစ်ပြီးနောက် အိမ် ၅လုံးကို စစ်ကောင်စီ မီးရှို့ခဲ့တယ်လို့ KNDF ပြော
- စစ်ကောင်စီကားတစီးနဲ့ မြိုင်စစ်ဆေးရေးဂိတ်ကို Myaing PDF မိုင်းဆွဲတိုက်ခိုက်
- မကွေးမြို့ ထွေအုပ်ရုံးထဲရှိ စစ်ကောင်စီတပ်သားများအား မကွေးတိုင်းတပ်တော်နဂါးတပ်ဖွဲ့က ဗုံးဖြင့်လာပစ်
- သထုံ လဝက ရုံးရှေ့ ဗုံးပေါက်ကွဲမှုဖြစ်ပွား
- သထုံ ရွှေစာရံ ဘုရားရှေ့ စစ်ကောင်စီကား ဗုံးပေါက်မှုအပြီး Sunday KTV ဆိုင်က မန်နေဂျာအပါအဝင် ၁၅ ဦးထက်မနည်း ဖမ်းဆီးခံရ
- လှိုင်သာယာတွင်၊ ပုဂ္ဂိုလ်ရေးပြသနာရှိသူများကို စစ်ကောင်စီတပ်သားများမှ သေနတ်ဖြင့်ပစ်ဖမ်းရာမှ တစ်ယောက်သေ၊ နှစ်ယောက်ဒဏ်ရာရ
Posted: 04 Dec 2021 07:16 PM PST ခိုနူမ်းသုန်သတင်း၊ ၄ ဒီဇင်ဘာ ၂၀၂၁ချင်းပြည်နယ် မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ်ယန္တရားလည်ပတ်မှု ရပ်တန့်စေရန်အတွက် မတူပီမြို့သို့ စက်သုံဆီ သယ်ယူခွင့်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Matupi) က ပိတ်ပင်ထားသည်ဟု သိရသည်။ပြီးခဲ့သည့်နိုဝင်ဘာလ ၂၅ ရက်နေ့ကစ၍ စက်သုံးဆီသယ်ယူခွင့်ကို CDF-Matupi က ပိတ်ပင်ထား ခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ကားဖြင့် ယာဉ်မလှည့်နိုင်အောင်၊ ထိုးစစ်ဆင်လာသည့်အခါ ယာဉ်အသုံး မပြု |
ထန်တလန်မြို့ ဘုရားကျောင်းတစ်ကျောင်းအပါအ၀င် နေအိမ် ၁၉ လုံး မီးလောင်ဆုံးရှုံး Posted: 04 Dec 2021 07:10 PM PST ဒီဇင်ဘာ ၄ရက်နေ့တွင် ထန်တလန်မြို့တွင်း ရပ်ကွက် ၂ခုတွင် မီးလောင်မှုထပ်မံဖြစ်ပွားရာ UPC ဘုရားကျောင်းအပါအ၀င် နေအိမ် ၁၉ လုံး ထပ်မံဆုံးရှုံးရကြောင်း Thantlang Placement Affairs Committee မှ ထုတ်ပြန်ထားသည်။ဘုရားကျောင်းရပ်ကွက် (Biakinn Sang) တွင် နေအိမ် ၂လုံးနှင့် ဈေးရပ်ကွက် (Market Sang) တွင် ဘုရားကျောင်းတစ်ကျောင်းအပါအ၀င် နေအိမ် ၁၇ လုံး၊ စုစုပေါင်း အိမ် ၁၉ လုံး မီးလောင်သွားပါတယ်။ထန်တလန်မြို့တွင် ဘုရား |
Posted: 04 Dec 2021 07:06 PM PST ၅ ဒီဇင်ဘာ ၂၀၂၁ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ပန်းပင်ကြီးလမ်း မှာ ဒီဇင်ဘာ ၅ ရက်နေ့ယနေ့ နံနက် ၈ နာရီခွဲ အချိန် စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်လူထုသပိတ်စစ်ကြောင်းကို စစ်တပ်က ကားနဲ့ ဝင်တိုက်၊ သေနတ်ဖြင့်ပစ်ခတ် ဖမ်းဆီးသဖြင့် ဆန္ဒပြ ပြည်သူတချို့ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း၊ သတင်းထောက်တစ်ဦး ဒဏ်ရာရရှိထားကြောင်း ဆန္ဒပြ သပိတ်အဖွဲ့တွေထံက သိရပါတယ်။ လတ်တလော သိရတဲ့ အချက်အလက်တွေအရ ဆန္ဒပြသူ ၁၀ ဦးထက်မနည်း အ |
သေနတ်နဲ့ပစ်ခံရတဲ့ စစ်မှုထမ်းဟောင်းတဦး ဆေးရုံကိုသွားတဲ့လမ်းမှာ ထပ်ပြီးတိုက်ခိုက်ခံရလို့သေဆုံး Posted: 04 Dec 2021 06:48 PM PST ရေစကြို၊ ဒီဇင်ဘာ ၄၊ ၂၀၂၁။ ရေစကြိုမြိုနယ်က စစ်မှူးထမ်းဟောင်းတဦးလည်းဖြစ် ပျူစောထီးခေါင်းဆောင်လို့လည်း ယူဆထားသူတဦးကို ဒီဇင်ဘာ ၃ရက် မနေ့ကမနက် ၈နာရီလောက်မှာသေနတ်နဲ့ပစ်ပြီး ရှင်းလင်းခဲ့တယ်လို့ 27 Revolution force အဖွဲ့ဆီကသိရပါတယ်။ သေဆုံးသူဟာ မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် ၁နယ်မြေ၊ ထင်းတန်းရပ်မှာနေတဲ့ ဦးမာတာ ဆိုသူဖြစ်ပြီး စစ်ကောင်စီအလိုကျလုပ်ကိုင်ဆောင်ရွက်နေတာတွေအပြင် ရေစကြိုမြို့နယ်အတွင်းက ဆိုင် |
အိမ်စီးကားနှစ်စီးနဲ့လာတဲ့ စစ်ကောင်စီတပ်တွေကို MVRF မိုင်းဆွဲတိုက်ခိုက်လို့ တပ်သား ၃ ဦးသေဆုံ Posted: 04 Dec 2021 06:42 PM PST မြိုင်၊ ဒီဇင်ဘာ ၄၊ ၂၀၂၁။မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေလိုက်ပါတဲ့ အိမ်စီးကားနှစ်စီးကို ဒီဇင်ဘာ ၄ ရက် ဒီကနေ့နေ့လည်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ တပ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ Myaing Villages Revolution Front - MVRF ဆီက သိရပါတယ်။ မကွေးတိုင်း၊ မြိုင်-ဗဟင်းလမ်းမပေါ် က ဘောင့်ဘင်ရွာအနီးမှာတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကားတစီးကတော့ ပျက်စီးသွားတယ်လို့ MVRF ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ "ဒီကောင်တွေက |
ထီးချိုင့်တွင် စကစ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ တစ်စီး မီးရှို့ဖျက်ဆီး Posted: 04 Dec 2021 06:26 PM PST MFP ၊ ဒီဇင်ဘာ - ၄စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်း ဖြတ်သန်းမောင်းနှင်လာသည့် စစ်ကောင်စီ ရိက္ခာတင်ယာဉ်တန်းကို ယနေ့ ဒီဇင်ဘာ (၄)ရက်တွင် ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ HPDF က နေရာခုနှစ်နေရာတွင် မိုင်း(၁၄)လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။စစ်ကောင်စီ၏ ရိက္ခာတင်ယာဉ်တန်းကို ထီးချိုင့် HPDF က ရှေ့ထွက်မိုင်း (၁၄)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ထိခိုက်ပျက်စီးမှု ရှိသလို |
ဖုန်းအော်ပရေတာများ ဈေးနှုန်းတိုးမြှင့် ကောက်ခံခြင်း မပြုရန် သတိပေး Posted: 04 Dec 2021 06:28 PM PST ဒီဇင်ဘာလ ၅၊ SGGစစ်ကောင်စီ ညွှန်းကြားခိုင်းစေချက်အရ ဖုန်းခေါ်ဆိုခနှင့် အင်တာနက်အစီအစဉ်များ ဈေးနှန်းပြောင်းလည်းသွားမည်လို့ ဖုန်းဆက်သွယ်ရေး အော်ပရေတာသီးသီးက မကြာမီက အကြောင်းစာပေးပိုထားပြီးဖြစ်ပါတယ်။ပြည်သူမျက်နှာကြည့်ပြီး ပြည်သူ့အကျိုးစီးပွားအတွက် လုပ်ကိုင်ဆောင်ရွက်ကြရန်၊ ဈေးနှုန်းတိုးမြှင့်ကောက်ခံမယ်ဆိုလျင် စစ်အာဏာရှင်အုပ်စု၏ လက်ပါးစေလို့ယူဆမည်ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်များမှ ထိရောက်တဲ့အရေးယူမှု |
Posted: 04 Dec 2021 06:27 PM PST (စစ်ကောင်စီ၏ စက်သုံးဆီယာဥ်မိုင်းထိ့၍ မီးလောင်ပျက်စီးခဲ့သည် ။ဓါတ်ပုံ-CJ)ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်း၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်လိုက်သည့် စစ်ကား ၃၀ကျော်ပါ စစ်ကောင်စီယာဉ်တန်းကို ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က နေရာ ၈ခု၌ မိုင်းခွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းထပ်မံပြုလုပ်ခဲ့ကြောင်းPDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထီးချိုင့် |
ညောင်တုန်းမြို့တွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ Posted: 04 Dec 2021 05:50 PM PST ညောင်တုန်းမြို့မှစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ယနေ့(ဒီဇင်ဘာ ၄ရက်) ညနေပိုင်းတွင် သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း ဒေသခံများကပြောသည်။ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့ အမှတ်(၇) ရပ်ကွက် ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမင်းသူကိုအမျိုးသားတစ်ဦးက သေနတ်ဖြင့် ပစ်သတ်သွားခြင်းဟု ကနဦးသတင်းရရှိသည်။"ညနေ ၆ နာရီလောက်က ပစ်သွားတာ။ မင်းသူတော့ သေတယ်လို့ကြားတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။ညောင်တုန်းမြို့သည် |
စစ်ကောင်စီနဲ့ CDF ကန်ပက်လက်တို့ အပြန်အလှန်ပစ်ခတ် စစ်အုပ်စုက ၂ဦးသေဆုံး Posted: 04 Dec 2021 05:43 PM PST ကန်ပတ်လက်၊ ဒီဇင်ဘာ ၄၊ ၂၀၂၁။ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အတွင်းက အထက်တန်းကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကိုကန်ပက်လက် CDF က ဝင်ရောက်ပစ်ခတ်လို့ အပြန်အလှန် ၄၅မိနစ်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၂ဦး သေဆုံးခဲ့တယ်လို့ CDF ဆီက သိရပါတယ်။အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်အုပ်ကို CDFက ဝင်ပစ်ခဲ့တာဖြစ်ပြီး မနေ့က ဖြစ်တဲ့ တိုက်ပွဲမှာလည်း စစ်ကောင်စီက ၂ဦး သေဆုံးခဲ့သေတယ်လို့ ကန်ပက်လက် CDFက |
သေနတ် ၆ချက်ပစ်ပြီး နွားထိုးကြီးနယ်က လောင်းကစားဝိုင်းကို PDF တွေ သတိပေး Posted: 04 Dec 2021 05:33 PM PST မြင်းခြံ ၊ဒီဇင်ဘာ ၄၊ ၂၀၂၁။မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်၊ ဘုရားကြီးကျေးရွာမှာ စစ်ကောင်စီကို ငွေပေးပြီးလုပ်နေတဲ့လောင်းကစားဝိုင်းကို ဒီဇင်ဘာ ၄ရက် ဒီနေ့မှာ သေနတ် ပစ်ဖောက်ပြီး သတိပေးခဲ့တယ်လို့ 27 Revolution Forces ရဲ့တာဝန်ရှိသူကပြောပါတယ်။" လောင်းကစားဝိုင်းလုပ်နေလို့သတင်းပေးလို့သွားပြီး သေနတ်ခြောက်ချက်ပစ်တာပါ။ သိမ်းသင့်တာတွေသိမ်းပြီး လူတော့ပြန်လွှတ်လိုက်တယ်၊ " လို့ သူကပြောပါတယ်။ အဲ့ဒိကစားဝိုင်း |
CDM ဆရာ၀န်တွေကို စစ်ကောင်စီက အလုပ်ထုတ်စာပို့ အကြွေးဆပ်ခိုင်း Posted: 04 Dec 2021 05:30 PM PST ကမ္ဘာတလွှားမှာ ကိုဗစ်မျိုးကွဲသစ်ပေါ်လာလို့ စိုးရိမ်မှု ကြီးထွားလာချိန်မှာ မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီက ကျန်းမာရေး ၀န်ထမ်းတွေကို ထပ်မံ ဖိအားပေးမှုတွေ လုပ်ဆောင်လာပါတယ်။အကြောင်းအမျိုးမျိုးကြောင့် CDM လုပ်ထားပြီး ရောက်ရာနေရာမှာ လူထုကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ နိုင်ငံတဝန်းက ဆရာ၀န် ၆၀ ဦး လောက်ကို စစ်ကောင်စီ ကျန်းမာရေး၀န်ကြီးဌာနက အခုရက်ပိုင်းအတွင်း ရာထူးကထုတ်ပယ်ကြောင်းစာတွေ ပေးပို့ခဲ့ |
ထန်တလန်မြို့မှာ ဒီမနက်ကစပြီး တစ်နေကုန်မီးလောင် Posted: 04 Dec 2021 05:27 PM PST ဒေသခံတွေ မနေတော့တဲ့ ချင်းပြည်နယ် ထန်တလန်မြို့ပေါ်မှာ ဒီဇင်ဘာ ၄ ရက် ဒီနေ့မနက်ပိုင်းကစလို့ ညနေ ၅ နာရီခွဲအထိ တစ်နေကုန် မီးလောင်နေတယ်လို့ မြို့အနီးတဝိုက်က ဒေသခံတွေက ပြောပါတယ်။ဒီနေ့ မနက် ၉ နာရီဝန်းကျင်ကစလို့ လူမရှိတော့တဲ့ ထန်တလန်မြို့ပေါ် ဈေးရပ်ကွက်ကနေ မီးလောင်ကျွမ်းတာဖြစ်ပြီး ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်းလည်း မီးလောင်သွားတယ်လို့ ထန်တလန်မြို့နယ်ထဲက ဒေသခံ တစ်ယောက်က RFA ကို ပြောပါတယ်။"လောင်တာက မနက် |
KNU တပ်မဟာ ၅ တွင် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် ထပ်မံကျဆုံး Posted: 04 Dec 2021 05:17 PM PST ဒီဇင်ဘာ ၃ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်(တပ်မဟာ ၅) နယ်မြေတွင် တစ်လအတွင်း ရင်ဆိုင်တိုက်ပွဲပေါင်း ၁၅၀ ကျော်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ၁၀၀ ကျော် ကျဆုံးခဲ့သည်ဟု ကေအဲန်ယူ မူတြော် သတင်းစဉ်က ယနေ့ ဒီဇင်ဘာလ ၃ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ကေအဲန်ယူ မူတြော်သတင်းစဉ်၏ ထုတ်ပြန်ချက်အရ နိုဝင်ဘာလ ၁ရက်မှ ၃၀ရက်နေ့အထိ တစ်လအတွင်း ရင်ဆိုင်တိုက်ပွဲပေါင်း ၁၅၁ ကြိမ်ဖြစ်ပွား |
Posted: 04 Dec 2021 05:19 PM PST ဗန်းမော်မြို့နယ်၊ ပါပေါင်းကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ရွာအတွင်းသို့ လက်နက်ကြီး ယမ်းပစ်ခဲ့ရာ ဒေသခံတစ်ဦး ကျည်ထိမှန်သေဆုံးကြောင်း ဒေသခံများမှ သိရသည်။သေဆုံးသူသည် ပါပေါင်းကျေးရွာမှ NLD ရပ်ကျေးအလုပ်အမှုဆောင် အဖွဲ့ဝင် ကိုမြင့်အေးဆိုသူဖြစ်ကြောင်း သိရသည်။ဒီဇင်ဘာ ၃ ရက်နေ့ နံနက် ၇နာရီဝန်းကျင်က ရေကြောင်းလမ်းဖြင့် တက်လာသည့် စစ်ကောင်စီတပ်အား KIAနှင့် PDF များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက် |
တောင်ကိုရီးယားမှာ ကိုဗစ်ကူးစက်မှု စံချိန်တင်များပြား Posted: 04 Dec 2021 05:06 PM PST တောင်ကိုရီးယားနိုင်ငံမှာ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း စံချိန်တင် များလာနေပြီး ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ အိုမီခရွန် ကူးစက်ခံရသူ ၃ ဦး ထပ်မံတွေ့ရှိကြောင်း အတည်ပြုထားတာနဲ့ အတူပဲ အာဏာပိုင်တို့ဘက်ကလည်း နယ်စပ်တွေကို ထိန်းချုပ်နိုင်ရေးနဲ့ လူတွေကြား အကွာအဝေးတခုခြားပြီး နေထိုင်ရေး စည်းကမ်းတင်းကျပ်ဖို့ အရေးတကြီး ဆောင်ရွက်နေကြပါတယ်။ကူးစက်မှုအသစ် ၅,၃၅၂ ဦးရှိကြောင်း ကိုရီးယား |
ဗကသ ကျောင်းသားဟောင်း ကန့်ဘလူမြို့နယ်ထဲ အသတ်ခံရ Posted: 04 Dec 2021 04:56 PM PST ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသ ဗဟိုလုပ်ငန်းကော်မတီဝင် တိုင်းရင်းသားရေးရာ တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ဖူးတဲ့ ကိုနှင်းအောင်ဟာ ဒီဇင်ဘာလ ၃ ရက် မနေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် တင်းငုတ်ကြီးရွာနားမှာ အသတ်ခံခဲ့ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။ကိုနှင်းအောင်ရဲ့ ရင်ဘတ်နဲ့ မျက်လုံးမှာ သေနတ်ကျည်ဆန် ထိမှန်ထားတာတွေ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကန့်ဘလူမြို့ ဒေသခံ |
နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းနေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ပြောကြား Posted: 04 Dec 2021 05:19 PM PST စစ်ကောင်စီလက်ထက် နိုင်ငံတကာရဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်မှုတွေ ကျဆင်းလာတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းပြီး ၁၀ လအကြာ ဒီဇင်ဘာ ၃ ရက်မနေ့က ပထမဆုံးအကြိမ် ထုတ်ဖော်ပြောလိုက်ပါတယ်။ဖေဖော်ဝါရီ ၁ ရက် အရေးပေါ် အခြေအနေကြေညာပြီး အာဏာသိမ်းချိန်ကစလို့ နိုင်ငံတွင်း မတည်ငြိမ် မှုတွေဖြစ်ရာကနေ နိုင်ငံတကာရဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ |
Posted: 04 Dec 2021 04:48 PM PST မြောင်မှာ စစ်ကောင်စီပိုင် သင်္ဘောနှစ်စီးကို ဒေသကာကွယ်ရေးတပ်က ထိန်းသိမ်းစစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်အတွင်း မြို့အဝင်အထွက်ဂိတ်တွေကို ဒီဇင်ဘာ ၃ ရက်နေ့ကစတင်ထားရှိပြီး မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့-CDSOM က ဦးဆောင်စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ အဲဒီအဖွဲ့ရဲ့ ဒီဇင်ဘာ ၃ ရက်နေ့စွဲနဲ့ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။အဲဒီဂိတ်တွေမှာ စစ်ဆေးစဉ် စစ်ကောင်စီနဲ့ ဆက်နွှယ်ပတ်သက်တဲ့ |
ဒီးမော့ဆိုမှာ တိုက်ပွဲ ဖြစ်ပြီးနောက် အိမ် ၅လုံးကို စစ်ကောင်စီ မီးရှို့ခဲ့တယ်လို့ KNDF ပြော Posted: 04 Dec 2021 04:42 PM PST ဒီးမော့ဆို မြို့နယ် ထူလွှီးဘီလာ ကျေးရွာနားမှာ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် KNDF ၊ ကရင်နီတပ်မတော် KA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ တပ်တွေ မနေ့က မနက်ပိုင်း တိုက်ပွဲဖြစ်ပြီး အိမ်ငါးလုံး မီးရှို့ခံရတယ်လို့ KNDF က ပြောပါတယ်။အဲဒီတိုက်ပွဲ အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးဒဏ်ကြောင့် KNDF ဘက်က တယောက် ထိခိုက် ဒဏ်ရာရခဲ့ပြီး မစိုးရိမ်ရဘူးလို့ KNDF ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။စစ်ကောင်စီ တပ်တွေဘက်က |
စစ်ကောင်စီကားတစီးနဲ့ မြိုင်စစ်ဆေးရေးဂိတ်ကို Myaing PDF မိုင်းဆွဲတိုက်ခိုက် Posted: 03 Dec 2021 09:44 AM PST မြိုင်၊ ဒီဇင်ဘာ ၃၊ ၂၀၂၁။မြိုင်မြို့နယ်ထဲကဖြတ်လာတဲ့ စစ်ကောင်စီကားတစီးနဲ့ မြိုင်မြို့အထွက်က စစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာ ၃ ရက် ဒီနေ့တရက်တည်းမှာပဲ မိုင်ဆွဲတိုက်ခိုက်ခဲ့တယ်လို့ Myaing PDF ဆီက သိရပါတယ်။မကွေးတိုင်း၊မြိုင်-ဗဟင်းလမ်းမပေါ်မှာ စစ်ကောင်စီတပ်တွေစီးလာတဲ့ FAW ကားကို ဒီနေ့ ညနေ ၄ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ဒဏ်ရာရရှိသူတွေများတယ်လို့ Myaing PDF ရဲ့တာဝန်ခံတဦးကပြောပါ |
မကွေးမြို့ ထွေအုပ်ရုံးထဲရှိ စစ်ကောင်စီတပ်သားများအား မကွေးတိုင်းတပ်တော်နဂါးတပ်ဖွဲ့က ဗုံးဖြင့်လာပစ် Posted: 03 Dec 2021 09:43 AM PST မကွေး၊ ဒီဇင်ဘာ ၃၊ ၂၀၂၁ မကွေးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးပေါင်းစုံထဲတွင် စောင့်နေသော ရဲသား စစ်သားများအား Magway Division Army Hidden Dragon မကွေးတိုင်းတပ်တော်နဂါးတပ်ဖွဲ့ က ဗုံး ၁ လုံးပစ်ခဲ့ကြောင်း ယင်းတပ်ဖွဲ့ထံကသိရပါတယ်။ပစ်ခတ်မှုမှာ ဒီဇင်ဘာလ ၃ ရက်နေ့၊ နေ့လည် ၁ နာရီခန့်ကဖြစ်ပြီး ဖြစ်စဥ်နှင့်ပတ်သက်လို့ "ဒီနေ့တော့ MDA-နဂါးတွေ မကွေးမြို့ ပြည်တော်သာ ရပ်ကွက်ထဲက အထွေအထွေ |
သထုံ လဝက ရုံးရှေ့ ဗုံးပေါက်ကွဲမှုဖြစ်ပွား Posted: 03 Dec 2021 09:41 AM PST သထုံ၊ ဒီဇင်ဘာ ၃သထုံမြို့ရှိ မြို့နယ်လဝကရုံးရှေ့မှာ ဒီဇင်ဘာလ ၃ ရက်နေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရတာမရှိဘဲ ရုံးရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ် ၃ စီးခန့်နဲ့ရုံးတံခါးတွေ ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။"ဗုံးကရုံးရှေ့ လာပစ်ချသွားတယ်လို့ သိရတယ်။ သထုံ လဝက ရုံးကလဲ နာမည်ထွက်နေတာကြာပြီး။ ရုံးကိုလာပြီး မှတ်ပုံတင်က အစ လာလုပ်သူတွေကို ငွေတောင်းတာ |
Posted: 03 Dec 2021 09:40 AM PST မော်လမြိုင်၊ ဒီဇင်ဘာ ၃သထုံမြို့ ရွှေစာရံဘုရားရှေ့ရှိ ရုပ်သေးကုန်းမှာ ဒီဇင်ဘာလ ၂ ရက်နေ့ညက စစ်ကောင်စီကားတစ်စီး ဗုံးပေါက်ပြီးနောက်ပိုင်း Sunday KTV ဆိုင်က မန်နေဂျာအပါအဝင် ၁၅ ဦးထက်မနည်း ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။အဆိုပါညမှာ ဗုံးပေါက်ခဲ့တဲ့ စစ်ကောင်စီကားဟာ Sunday KTV ဆိုင်က ထွက်လာပြီး နောက်ပိုင်း ရုပ်သေးကုန်းအရောက်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။စစ်ကောင်စီကား ပေါက်ကွဲမှုဖြစ်ပေါ်တဲ့ ကိစ္စဟာ |
Posted: 03 Dec 2021 09:35 AM PST ဒီဇင်ဘာ ၃ ရက်ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရခိုင်ရိုးလေးကျေးရွာတွင် ယမန်နေ့ ဒီဇင်ဘာ ၂ ရက်နေ့၊ ညနေ ၄:၀၀ နာရီဝန်းကျင်က ကားတစ်စီးကိုတားရာ မရပ်ပေးသဖြင့် စစ်ကောင်စီတပ်သားများမှ သေနတ်ဖြင့် အချက်ပေါင်းများစွာပစ်ခတ်ခဲ့မှု ဖြစ်ပွါးခဲ့သည်။ အဆိုပါပစ်ခတ်မှုတွင် တစ်ဦးကျည်ထိမှန်သေဆုံးကာ၊ နှစ်ဦးကိုဒဏ်ရာများဖြင့် ဖမ်းဆီးထားခဲ့ပြီး၊ ကျန်နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု သိရသည်။"ပစ်ခံရတဲ့ Light Truck |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.