Monday, December 6, 2021

သစ်ထူးလွင်

သစ်ထူးလွင်


တွံတေးမြို့ခံ စစ်သတင်းပေးဒလန်နှင့် မပတ်သက်ရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတိပေး

Posted: 05 Dec 2021 07:45 AM PST

ရန်ကုန်၊ ဒီဇင်ဘာ ၅တွံတေးမြို့နယ်တွင် စစ်ကောင်စီကို သတင်းပေးခြင်းနှင့် ပေးကမ်းထောက်ပံ့မှု ပြုလုပ်နေသည့် ဦးအုန်းကြွယ်၏ စီးပွားရေးလုပ်ငန်းနှင့် ပတ်သက် ဆက်နွယ်ခြင်း မပြုဘဲ လူမှုပြစ်ဒဏ်ခတ်ရန် တွံတေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တောင်းဆိုထားသည်။ဦးအုန်းကြွယ်သည် တွံတေးမြို့ ရွှေဆံတော်ရပ်ကွက် ခလရ ၇၀ လမ်းတွင် နေထိုင်သူဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ အမတ်ဟောင်းလည်းဖြစ်သည်။၎င်းသည် ချမ်းမြေ့ဂုဏ်ဆီဆိုင်ကို

ပြည်သူကို အကြမ်းဖက်သည့် မည်သည့်ရဲ့နှင့် စစ်သားကိုမဆို CDM အဖြစ်လက်မခံဟု ပြည်သူ့ရင်ခွင်အဖွဲ့ကြေညာ

Posted: 05 Dec 2021 07:43 AM PST

ရန်ကုန်၊ ဒီဇင်ဘာ ၅ ပြည်သူများအပေါ်  အကြမ်းဖက်မှုကျူးလွန်ထားသည့် မည်သည့် တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကိုမဆို CDM အဖြစ်လက်မခံဟု ပြည်သူ့ရင်ခွင်အဖွဲ့က ယနေ့ ဒီဇင်ဘာ(၅)ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ယနေ့ ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်၌ ရန်ကုန်လူထုသပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်ကောင်စီက ကားဖြင့်တိုက်၊ သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းသည့် ဖြစ်စဥ်ကိုအခြေခံ၍ "ပြည်သူ့ရင်ခွင် ခိုလှုံသူများ စိစစ်လက်ခံခြင်းနှင့် စပ်လျဉ်း

အုပ်ချုပ်ရေးမှူးတွေက တဆင့် စစ်သားစုဆောင်းတာတွေရှိနေလို့ အမြန်ဆုံးနှုတ်ထွက်ကြဖို့ ကံမ PDF သတိပေး

Posted: 05 Dec 2021 07:35 AM PST

ကံမ၊ ဒီဇင်ဘာ ၅၊ ၂၀၂၁။မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်ထဲက ကျေးရွာတွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတဆင့် တပ်သားစုဆောင်း‌နေတာတွေရှိနေလို့ အုပ်ချုပ်ရေးမှူးရာထူးကနေ အမြန်ဆုံးနှုတ်ထွက်ဖို့ ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။ကံမမြို့နယ်အတွင်းမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေ ရပ်/ကျေးစာရေးတွေကို ဒီဇင်ဘာ ၁၅ရက် နောက်ဆုံးထားပြီး နှုတ်ထွက်ကြဖို့နဲ့ နောက်ဆုံးထုတ်ပြန်ချက်ဖြစ်တာကြောင့် 

မြို့သစ်မှာ ဖခင်ကိုမတွေ့လို့ ၁၂ သား ကလေးအပါအဝင် ၃ ဦးကို စစ်ကောင်စီဖမ်းဆီး

Posted: 05 Dec 2021 07:34 AM PST

မြို့သစ်၊ ဒီဇင်ဘာ ၅၊ ၂၀၂၁။မကွေးတိုင်း၊ မြို့သစ်မြို့နယ် စတုံဂွေးကုန်းရွာမမှာ မနေ့ည ၁၁ နာရီခန့်က ၁၂ နှစ်အရွယ် ကလေးတဦးအပါအဝင် အမျိုးသား ၃ ဦးကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။"ဖခင်ဖြစ်သူ ဦးဇော်ဝင်းကို မတွေ့လို့ သူ့ရဲ့သား ၁၂ အရွယ်ကလေး ဗညားဟန်ကိုလည်းဖမ်းတယ်။ နောက်ထပ် အမျိုးသား ၂ ယောက်ကိုလည်းထပ်ဖမ်းတယ်။ အဓိကတော့ ကြံခိုင်ရေးပါတီက ဒလန် အုပ်ချုပ်ရေးမှူး စိုးမင်းထွန်းနဲ့ နေ

ဆားလင်းကြီးတွင် မိုင်းထိသဖြင့် မြို့နယ်ရဲမှူး အပါအဝင် စကစ နှစ်ဦး သေ၊ နှစ်ဦး ဒဏ်ရာရ၊အလောင်းလာကောက်သော်လည်း မိုင်းထိသည့်ကားကို လာယူသူမရှိသေ

Posted: 05 Dec 2021 07:27 AM PST

ဆားလင်းကြီး - ညောင်ပင်ကြီး ကားဘမ်းဘေးတွင် တွေ့ရသော မိုင်းထိထားသည့် ကား/ Photo – CJMFP ၊ ဒီဇင်ဘာ - ၅စစ်ကိုင်းတိုင်း ဆားလက်းကြီးမြို့နယ် တုံရွာအနီး ညောင်ပင်ကြီးလမ်းပေါ်တွင် ယမန်နေ့ ဒီဇင်ဘာ(၄)ရက် ညနေပိုင်းက စစ်ကောင်စီ လက်နက်ကိုင်များ မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် မြို့နယ်ရဲမှူးအဆင့်ရှိသူ အပါအဝင် စစ်ကောင်စီ လက်နက်ကိုင် နှစ်ဦး သေကာ အခြား နှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိကြောင်း ဒေသခံများနှင့် စစ်ကောင်စီ ရဲ

မန္တလေးတွင် ဗိုလ်အဆင့်ရှိ စစ်ကောင်စီ လက်နက်ကိုင်တစ်ဦး၏ နေအိမ်ကို ဗုံးပစ်တိုက်ခိုက်

Posted: 05 Dec 2021 07:23 AM PST

ရန်ကုန်သပိတ် ဖြိုခွင်းသတ်ဖြတ် ခံရမှုအပေါ် တုန့်ပြန်ခြင်းဟု M.P.F ဆို၊MFP ၊ ဒီဇင်ဘာ - ၅မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်နေ ဗိုလ်အဆင့်ရှိသူ စစ်ကောင်စီ လက်နက်ကိုင်တစ်ဦး၏ နေအိမ်ကို ယနေ့ ဒီဇင်ဘာ(၅)ရက် မနက်ပိုင်းတွင် ဗုံးပစ် တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ တစ်ဖွဲ့ဖြစ်သော Mandalay Phoenix Force – M.P.F က သတင်းထုတ်ပြန်သည်။အာဏာသိမ်း စစ်ကောင်စီ လက်အောက်တွင် လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ဗိုလ်အဆင့်

ရန်ကုန်သွေးကြွေးအတွက် ဘဏ်အစောင့်ချထားသော စစ်ကောင်စီတပ်ကို မုံရွာ GDFတိုက်ခိုက်၊ ရဲတစ်ဦးသေဆုံး

Posted: 05 Dec 2021 07:18 AM PST

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းဖြစ်စဥ်အား သွေးကြွေးစပ်သည့်အနေဖြင့် စီးပွားရေးဘဏ်၌ အစောင့်ချထားသော စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာမြို့ပြပြောက်ကျားတပ် Generation Defence Force - GDF က ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်သည်။ယနေ့(ဒီဇင်ဘာ ၅)ညနေ ၅ နာရီခန့်တွင် မုံရွာမြို့ ဗိုလ်ချုပ်လမ်းရှိ မြန်မာ့စီးပွားရေးဘဏ်အဆောက်အအုံ၌ လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်

ပဲခူးအမှတ်(၂)စခန်းအနီး လှည့်ကင်းရဲများ မိုင်းဆွဲတိုက်ခိုက်ခံရ

Posted: 05 Dec 2021 07:15 AM PST

ပဲခူးမြို့ အမှတ်(၂)ရဲစခန်းအနီး လှည့်ကင်းလှည့်သည့် စစ်​​ကောင်စီလက်​အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို ယ​နေ့(ဒီဇင်ဘာ ၅)ညတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပဲခူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(BPDF)က ထုတ်ပြန်သည်။"ပဲခူးမြို့အမှတ်(၂)ရဲစခန်းမှဆိုင်ကယ်များဖြင့် လှည့်ကင်းထွက်သည့် ရဲများကိုအမှတ်(၂) ရဲစခန်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသည်။ ရန်သူထိခိုက်မှုနောက်ဆက်တွဲသတင်းကို မသိရှိရသေးပေ"ဟု ထုတ်ပြန်ချက်တွင်

ZRA က PDF-Zoland ဦးဆောင်သူ တစ်ယောက်ကို နေအိမ်မှာ သေနတ်နဲ့ပစ်သတ်

Posted: 05 Dec 2021 06:52 AM PST

ချင်းပြည်နယ်၊ တီးတိန်မြို့ စကောလမ်ရပ်ကွက်မှာနေထိုင်တဲ့ PDF-Zoland အဖွဲ့ရဲ့ တီးတိန်မြို့နယ်တာဝန်ခံ ဦးကျင်ရှန်ဆုမ် (၃၈)နှစ်ကို ဒီမနက် ဒီဇင်ဘာ ၅ ရက် မနက် ၄ နာရီလောက်တွင် ZRA တပ်သားနှစ်ယောက်က သေနတ်နဲ့ပစ်သတ်သွားတယ်လို့ သတင်းရရှိပါတယ်။ PDF-Zoland ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "မနေ့က ဦးကျင်ရှန်ဆုမ်နဲ့ မြန်မာပြည်ဆိုင်ရာ ZRA အကြီးအကဲ ဆရာပါမာန်တို့ ဖုန်းနဲ့စကားပြောကြတယ်။ သူတို့စခန်းကို လာခဲ့ပါလို့ဖိတ်တယ်။

မနက်ဖြန်ကစပြီး ကလေးလေဆိပ်ကို စကစဘက်က ရက်အကန့်အသတ်မရှိပိတ်

Posted: 05 Dec 2021 06:50 AM PST

စစ်ကိုင်းတိုင်း၊ ကလေးမြို့လေဆိပ်ကို မနက်ဖြန် ဒီဇင်ဘာ ၆ ရက်ကစပြီး စစ်ကောင်စီဘက်က လုံခြုံရေးအကြောင်းပြကာ ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။ကလေးမြို့ကနေ ပြည်မဘက်သွားရာလမ်းဖြစ်တဲ့ ယောနယ်တဝိုက်မှာတိုက်ပွဲပြင်းထန်တာကြောင့် ခရီးသွားပြည်သူတွေဟာ လေယာဉ်ကိုပဲ အသုံးပြုလာကြပါတယ်။ ကလေး-ကလေးဝ- မုံရွာလမ်းဟာလည်း မြေနီလမ်းသာဖြစ်လို့ ခရီးကြမ်းကာ တခါတလေလမ်းမှာ ၃,၄ ညလောက်အိပ်လေ့ရှိတာကြောင့်ရယ်၊ ကားခဈေး

ဆန္ဒပြသူများအား အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းသည့် စစ်ကောင်စီလုပ်ရပ် အရေးယူနိုင်ရေး နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်နေဟု CRPH ထုတ်ပြန်

Posted: 05 Dec 2021 06:43 AM PST

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများအား ကားဖြင့်ဝင်တိုက်ပြီး ပစ်ခတ်ဖြိုခွင်းခဲ့သည့် စစ်ကောင်စီ၏ လူမဆန်သော ရာဇဝတ်မှု ကျူးလွန်သည့်လုပ်ရပ်အပေါ် လိုအပ်သည့် အရေးယူမှု လုပ်ဆောင်နိုင်ရေး နိုင်ငံတကာ အသိုက်အဝန်းနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ထုတ်ပြန်သည်။ယနေ့( ဒီဇင်ဘာ ၅ရက်)နံနက်က ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းပေါ်တွင် ကျူးလွန်ခဲ့သည့်

ငြိမ်းချမ်းစွာဆန္ဒပြသူများကို အာဏာသိမ်းစစ်တပ်ကကားဖြင့် တိုက်အကြမ်းဖက်မှု ၁၀ကြိမ်ထက်မနည်းရှိဟု NUGထုတ်ပြန်

Posted: 05 Dec 2021 06:42 AM PST

-ပြည့်ရင်သွေးများကို လူမဆန်စွာ သတ်ဖြတ်သည့် စစ်အာဏာရှင် အပြီးတိုင်အမြစ်ဖြတ်ရေး အဆုံးသတ်ထိ တိုက်ပွဲဝင်မည်ဟု ထပ်လောင်း ကတိပြုရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်တွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သူများကို ကားဖြင့်တိုက်၍ အကြမ်းဖက် ဖမ်းဆီး၊ သတ်ဖြတ်ခဲ့သည့် လုပ်ရပ်သည် စစ်ကောင်စီတပ်၏ အင်မတန်နိမ့်ကျ၊ လူ့ကျင့်ဝတ်မဲ့မှု ပြယုဂ်တစ်ခုဖြစ်ပြီး အလားတူ ဖြစ်စဉ်များစွာရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့

ဆန္ဒပြသူတွေဖြိုခွင်းခံရပြီးနောက် ပန်းပင်ကြီးလမ်းထဲ ဗုံးပေါက်

Posted: 05 Dec 2021 06:39 AM PST

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ ဒီဇင်ဘာ ၅ ရက် ဒီနေ့မနက်က ဆန္ဒပြလူငယ်တွေ ကားနဲ့တိုက် ဖြိုခွင်းခံခဲ့ရပြီးနောက် ဗုံးပေါက်ကွဲခဲ့ရာမှာ သုံးယောက် ဒဏ်ရာအနည်းငယ် ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။၁၁ နာရီ ၄၅ မိနစ်လောက်မှာ ပန်းပင်ကြီးလမ်းထဲ ပေါက်ကွဲသံ နှစ်ချက် ကြားခဲ့ရပြီး အမျိုးသား သုံးယောက် ထိခိုက်ဒဏ်ရာရခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ မြေပြင်ကယ်ဆယ်ရေး လုပ်ကိုင်နေတဲ့ အဖွဲ့ တစ်ဖွဲ့က ပြော

ရန်ကုန်ဆန္ဒပြသူတွေ စစ်ကားနဲ့တိုက် လူစုခွဲခံရမှု ကန်သံရုံးထုတ်ပြန်

Posted: 05 Dec 2021 06:37 AM PST

ရန်ကုန်မြို့ထဲ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်ကားနဲ့တိုက်ပြီး လူစုခွဲလို့ ဆန္ဒပြသူ အများအပြား သေဆုံးတယ်ဆိုတဲ့ သတင်းအပေါ်မှာ ထိတ်လန့်တုန်လှုပ်မိတယ်လို့ ရန်ကုန် အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလူအုပ်ထဲကို စစ်တပ်က ကားနဲ့ အနောက်ကနေ ဝင်တိုက်ပြီး သေနတ်နဲ့ပစ်ခတ် အကြမ်းဖက် ဖြိုခွင်းလိုက်တာကြောင့် ၅ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးထက်မနည်း

ကားနဲ့တိုက်ခံရတဲ့ လူထုသပိတ်အတွက် စစ်ရေးအရှိန်မြှင့် တုံ့ပြန်မယ်လို့ (NUG)ရဲ့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ထုတ်ပြန်

Posted: 05 Dec 2021 06:35 AM PST

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းပေါ်မှာ ဆန္ဒပြလူငယ်တွေကို စစ်ကောင်စီဘက်က ကားနဲ့တိုက်ပြီး ပစ်ခတ်ဖြိုခွင်းခဲ့တာအတွက် ပြန်လည်တုံ့ပြန်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။ဒါ့ပြင် ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုသခွင့်မပေးဘဲ စစ်ကြောရေးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကြားသိရတဲ့အတွက် လူထုနဲ့အတူ စိတ်ထိခိုက်ရတယ်လို့လည်း အဲဒီ

ပစ်ခတ်ဖြိုခွဲခံရတဲ့ ရန်ကုန်လူထုသပိတ် သေဆုံးသူ ၅ ဦးခန့်ရှိ

Posted: 05 Dec 2021 06:33 AM PST

ဖြိုခွဲဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးလည်း ပြင်းထန်ဒဏ်ရာရတယ်လို့ မျက်မြင်တချို့ပြောသပိတ်စပြီး မိနစ်ပိုင်းမှာပဲ ကားနဲ့တိုက် ဖြိုခွင်းခံခဲ့ရတာလို့ ဆန္ဒပြပွဲမှာပါဝင်သူ တချို့က ပြောပါတယ်။ဒီနေ့ ဒီဇင်ဘာလ ၅ ရက်မနက်ပိုင်းမှာ ကားနဲ့တိုက်ပြီး ပစ်ခတ်ဖြိုခွဲခံရတဲ့ရန်ကုန်လူထုသပိတ်မှာ ကနဦးသတင်းတွေအရ သေဆုံးသူ ၅ ဦး၊ သေနတ်ထိမှန်သူ ၈ ဦးနဲ့ ဖမ်းဆီးခံရသူ ၁၀ ဦးခန့်ရှိတယ်လို့ သပိတ်မှာပါဝင်သူတချို့နဲ့မျက်မြင်တချို့

ရန်ကုန်လူထုသပိတ်စစ်ကြောင်းကို ကားဖြင့်တိုက်ပြီး ပစ်ခတ် ဖြိုခွင်းခံရမှု ရုပ်/သံ

Posted: 05 Dec 2021 06:21 AM PST

 ၂၀၂၁ ဒီဇင်ဘာလ ၅ ရက်နေ့ ရန်ကုန်တိုင်း၊ ကြည့်မြင့်တိုင်မြို့နယ်တွင် ရန်ကုန်လူထုသပိတ်စစ်ကြောင်းကို ကားဖြင့်တိုက်ပြီး ပစ်ခတ် ဖြိုခွင်းခံရမှု ရုပ်/သံ (၁)၂၀၂၁ ဒီဇင်ဘာလ ၅ ရက်နေ့ ရန်ကုန်တိုင်း၊ ကြည့်မြင့်တိုင်မြို့နယ်တွင် ရန်ကုန်လူထုသပိတ်စစ်ကြောင်းကို ကားဖြင့်တိုက်ပြီး ပစ်ခတ် ဖြိုခွင်းခံရမှု ရုပ်/သံ (၂)၂၀၂၁ ဒီဇင်ဘာလ ၅ ရက်နေ့ ရန်ကုန်တိုင်း၊ ကြည့်မြင့်တိုင်မြို့နယ်တွင် ရန်ကုန်လူထုသပိတ်စစ်ကြောင်းကို ကား

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.