Thursday, December 9, 2021

သစ်ထူးလွင်

သစ်ထူးလွင်


မိတ္ထီလာတွင် အမျိုးသားနှစ်ဦး စီးလာသည့် ဆိုင်ကယ်ကို စစ်တပ်က တားဆီးစစ်ဆေးနေစဉ် မောင်းပြေးသဖြင့် သေနတ်ဖြင့် ပစ်ခံရ

Posted: 08 Dec 2021 07:17 AM PST

 ဒီဇင်ဘာ - ၈ မန္တလေးတိုင်း မိတ္ထီလာမြို့တွင် ယနေ့ ဒီဇင်ဘာလ (၈)ရက် ညနေ လေးနာရီကျော်အချိန်၌ အမျိုးသားနှစ်ဦး စီးလာသည့် မော်တော်ဆိုင်ကယ်ကို စစ်တပ်က တားဆီးစစ်ဆေးနေစဉ် မောင်းပြေးသဖြင့် သေနတ်ဖြင့် ပစ်ခံခဲ့ရကြောင်း သတင်းရရှိသည်။ စစ်တပ်က တားဆီးစဉ် ဆိုင်ကယ်နောက်မှ လိုက်ပါသူက ဆင်း၍ ငုတ်တုပ်ထိုင်နေစဉ် မောင်းနှင်သူက ဆိုင်ကယ်ကို မောင်းပြေးသဖြင့် စစ်ကောင်စီအဖွဲ့ဝင်က သေနတ်ဖြင့် ပစ်ခတ်ရာ နောက်ကျော ထုတ်ချင်းပေါက်

နမ့်စန်အခြေစိုက်လေတပ် ရဟတ်ယာဉ် အသုံးပြုပြီး ထောက်ပို့လုပ်ဆောင်နေ

Posted: 08 Dec 2021 07:10 AM PST

ဒီဇင်ဘာ ၈သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ အခြေစိုက် အာဏာသိမ်းစစ်ကောင်စီ၏ လေတပ်မှ ရဟတ်ယာဉ် အသုံးပြုပြီး ထောက်ပို့လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သတင်းသိရသည်။"ဒီနေ့မှာ ပုဇဉ်း (ရဟတ်ယာဥ်)တွေက ပုံမှန်ထက် တက်လိုက်ဆင်းလိုက် လုပ်နေတော့ လူလာချသလား၊ လူသယ် သွားသလား တစ်ခုခုပဲ၊ ရိက္ခာပို့တာလည်း ဖြစ်နိုင်တယ်လေ၊ ထောက်ပို့လုပ်ငန်းတွေ လုပ်နေတယ်လို့ မြင်တယ်" ဟု နမ့်စန်မြို့နေ အမည်မဖော်လိုသည့် ပြည်သူတစ်ဦးက သျှမ်း

နန်းဖဲကျေးရွာ မဲ့စလောင်းတောင်ခြေအနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်မှ ၃ဦးသေ ၂ဦးဒဏ်ရာရ

Posted: 08 Dec 2021 07:07 AM PST

ယမန်နေ့ ဒီဇင်ဘာလ ၇ ရက်နေ့ ညနေ ၃ နာရီအချိန်မှာ ဘောလခဲမြို့နယ် နန်းဖဲကျေးရွာ မဲ့စလောင်းတောင်ခြေအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်တို့ မိနစ် ၃၀ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၃ဦးသေဆုံး၊ ၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးဌာနက ဒီကနေ့ ဒီဇင်ဘာလ ၈ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ဒါ့အပြင် ညပိုင်းမှာလည်း ဒီးမော့ဆိုမြို့နယ်ရဲစခန်း နဲ့ ငွေ

မန်းတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ မန်းမြို့တော်ဝန် ဒေါက်တာ ရဲလွင် ကို ထောင်ဒဏ်အသီးသီးချမှတ်

Posted: 08 Dec 2021 07:03 AM PST

ဒီဇင်ဘာ ၈၊ ၂၀၂၁ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို အကြမ်းဖက်စစ်ကောင်စီရဲ့ တရားရုံးအမည်ခံ ရုံးက ဒီကနေ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်ပါတယ်။ ဒေါက်တာ ဇော်မြင့်မောင်ကို ပုဒ်မ ၅၀၅ အမှုကို ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအမှု ပုဒ်မ ၂၅ နဲ့ ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၃၀ အတွက် ထောင်ဒဏ် ၁ နှစ် တပေါင်းတည်းကျခံစေတာဖြစ်ပါတယ်။ မန္တလေးတိုင်း အိုးဘိုထောင်တွင်းက တရားအမည်ခံ

ရှုံးနိမ့်မှုတွေကြုံနေရတဲ့ စစ်ကောင်စီဟာ လူထုအပေါ်ဖိနှိပ်အကြမ်းဖက်မှုတွေ ပိုလုပ်လာရဟု အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ပြောကြား

Posted: 08 Dec 2021 07:01 AM PST

ဒီဇင်ဘာ ၈ ၊ ၂၀၂၁အကြမ်းဖက်စစ်ကောင်စီဟာ  ရှုံးနိမ့်မှုတွေကြောင့် အမျိုးမျိုးဖိနှိပ် ရက်စက်အကြမ်းဖက်တဲ့ အနေအထားမျိုးတွေ ပိုမိုတွေ့လာရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားပါတယ်။ယနေ့ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ လတ်တလော စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ် မီးမောင်းထိုး

အသံတိတ်သပိတ်ပြုလုပ်မည့်နေ့တွင် စျေးဆိုင်များနှင့် ကုမ္ပဏီလုပ်ငန်းအချို့လည်း ပူးပေါင်းပါဝင်မည်

Posted: 08 Dec 2021 06:51 AM PST

ဓာတ်ပုံ- လာမည့် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ပြုလုပ်မည့် အသံတိတ်သပိတ်ကမ်ပိန်းရန်ကုန်၊ ဒီဇင်ဘာ ၈အသံတိတ်သပိတ်ဆင်နွဲမည့် ဒီဇင်ဘာ၁၀ရက်တွင် စျေးဆိုင်များနှင့်ကုမ္ပဏီလုပ်ငန်းအချို့က ပူးပေါင်းပါဝင်သည့်အနေဖြင့် ဆိုင်ပိတ်ထားခြင်း၊ လုပ်ငန်းယာယီနားခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းတို့၏ဖေ့ဘွက်ခ်လူမှုကွန်ရက်မှ တဆင့် အသိပေးထားကြကြောင်း သတင်းရရှိသည်။စစ်အာဏာရှင်ကို တော်လှန်နေကြသည့် မြန်မာနိုင်ငံသားများစွာက လာမည့်

စစ်တပ်ပိုင် မြဝတီရုပ်သံလိုင်းမှ မုံရွာမြို့ လူငယ်များကို ဖမ်းဆီးရမိသည့်ဟု ထုတ်ပြန်ကြေညာ

Posted: 08 Dec 2021 06:49 AM PST

ဒီဇင်ဘာ၈စစ်ကိုင်းတိုင်း၊မုံရွာမြို့မှာ လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက အကြမ်းဖက်စစ်ကောင်စီများ၏ဖမ်းဆီးခြင်းကိုခံခဲ့ရသော လူငယ်၆ယောက်၏ ဓာတ်ပုံကို စစ်တပ်ပိုင်မြဝတီရုပ်သံလိုင်းမှ ဒီကနေ့ညမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။လွန်ခဲ့သည့် နိုဝင်ဘာ၂၆ရက်နေ့ ကျောက္ကာလမ်းဘေးရှိ ဟိုတယ်တစ်ခုတွင် ပိတ်၍ အကြမ်းဖက်စစ်ကောင်စီများ၏ ဖမ်းဆီးခြင်းခံလိုက်ရသော ကိုသီဟ(ခ)သီဟဇော်၊အိတုံနှင့်သက်နိုင်းကိုကိုတို့ဖြစ်ကြပြီး အလားတူဒီဇင်ဘာ၃ရက်

တန်ဆည်မြို့နယ်အတွင်း စစ်ကြောင်းပြန်ခေါက်ခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်များကိုတန်ဆည်ပြည်သူ့ရဲဘော်အဖွဲ့က မိုင်းဆွဲတိုက်ခိုက် စကစတပ်သား ၆ဦးသေဆုံး

Posted: 08 Dec 2021 06:46 AM PST

ဇေယျာတိုင်း၊ ဒီဇင်ဘာ ၈ဒီဇင်ဘာလ ၈ရက် ဒီကနေ့တွင်တန်ဆည်မြို့နယ်ကပေါင်းကျကျေးရွာမှ တပ်ပြန်ခေါက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တန်ဆည်ပြည်သူ့ရဲဘော် အဖွဲ့ကမိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။စစ်ခွေးအုပ်စုကို စီတုံးလုံးချောင်း မယ်တော်ကြီးနတ်နန်း တောင်းဘက်တွင် ပြည်သူ့ရဲဘော်အဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူအများအပြားရှိတယ်လို့ တန်ဆည်ပြည်သူ့ရဲဘော်

အကြမ်းဖက်စစ်ကောင်စီမှ မီးသတ်သမားများအား စစ်မှုထမ်းခိုင်းရန်စီစဥ်နေကြောင်းသိရ

Posted: 08 Dec 2021 06:43 AM PST

ဇေယျာတိုင်း၊ ဒီဇင်ဘာ ၈အကြမ်းဖက်စစ်ကောင်စီမှ မြန်မာတနိုင်ငံလုံးရှိ မီးသတ်တပ်ဖွဲ့ဝင်များကို စစ်မှုထမ်းခိုင်းရန် ရဲတပ်ဝင်များရဲ့ဇနီးမယားများကို စစ်သင်တန်းပေးရန်စီစဉ်နေကြောင်း သိရှိရသည်။ 'တပ်ကထွက်ပြေးတဲ့သူနဲ့ တိုက်ပွဲကျတာတွေများလာတော့ တပ်သားအင်အားနည်းလာတယ်။ စုဆောင်းလို့မရတော့တာကြောင့် အရင်စစ်မှုထမ်းဟောင်းတွေကို စစ်မှုထမ်းခိုင်းတယ် အဲ့တာထပ်မလုံလောက်တော့ အခုမီးသတ်တပ်ဖွဲ့ဝင်တွေကို စစ်မှုထမ်းခိုင်းဖို့

အိန္ဒိယစစ်ဦးစီးချုပ်နှင့်ဇနီးအပါအဝင် အဆင့်မြင့်အရာရှိများ လိုက်ပါသွားသည့် ရဟတ်ယာဉ်ပျက်ကျ

Posted: 08 Dec 2021 06:36 AM PST

အိန္ဒိယစစ်ဦးစီးချုပ်နှင့် ဇနီးအပါအဝင် ထိပ်တန်းအရာရှိများ လိုက်ပါသွားသည့် ရဟတ်ယာဉ်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့ နေ့လယ်ပိုင်းတွင် တမီလ်နာဒူးဒေသတွင် ပျက်ကျသွားကြောင်း သိရသည်။အဆိုပါ ရဟတ်ယာဉ်တွင် စစ်ဦးစီးချုပ်၊ ၎င်း၏ဇနီးနှင့် ထိပ်တန်းအရာရှိအချို့အပါအဝင် စုစုပေါင်း (၉) ဦးလိုက်ပါသွားခြင်းဖြစ်ကြောင်း သိရသည်။IAF Mi-17V5 အမျိုးအစားရဟတ်ယာဉ် ပျက်ကျရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြကြောင်း သိရသည်။

ခရီးသည်တင်ယာဥ် သစ်ပင်ဝင်တိုက်မိ၍ ခရီးသည် နှစ်ဦး​သေ၊ နှစ်ဦးဒဏ်ရာရ

Posted: 08 Dec 2021 06:30 AM PST

လပွတ္တာ-မြောင်းမြ ကားလမ်းတွင်  ခရီးသည်တင်ယာဉ်တစ်စီး လမ်းဘေးသစ်ပင်အားအရှိန်ဖြင့် ဝင်တိုက်မိသဖြင့် ခရီးသည်နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့သည်။ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက်အပါအဝင် စုစုပေါင်း ၃၅ဦးလိုက်ပါလာသည့် ခရီးသည်တင် ကားသည် ယနေ့(ဒီဇင်ဘာ ၈ရက်) ညနေ ၄နာရီခန့်တွင်  လပွတ္တာ-မြောင်းမြ ကားလမ်းတစ်နေရာတွင် တိုင်း​ရော့ပြုတ်ပြီး လမ်း​ဘေးသစ်ပင်ကိုအရှိန်ဖြင့် ဝင်တိုက်ခဲ့ခြင်းဖြစ်​ကြောင်း​ဒေသခံအချို့က​

မူဆယ်ဘက် အင်အားဖြည့်လာသည့် စစ်ကောင်စီယာဉ်တန်းကို KIA တိုက်ခိုက်ရာ ကားတစ်စီး မီးလောင်ပျက်စီး

Posted: 08 Dec 2021 06:28 AM PST

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ဘက်သို့ စစ်အင်အား ဖြည့်တင်းလာသည့် အာဏာသိမ်း စစ်ကောင်စီတပ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ယနေ့(ဒီဇင်ဘာ၈) နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ ကားတစ်စီး မီးလောင်ပျက်စီးခဲ့ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။KIA တပ်မဟာ(၄)၊ တပ်ရင်း(၈)နယ်မြေ ကွတ်ခိုင်မြို့ နယ် နမ့်ဘာချီးကျေးရွာအနီး ပြည်ထောင်စုလမ်းပေါ်၌ ဒီဇင်ဘာ ၈ရက် မနက် ၂နာရီ ၄၅မိနစ်ခန့်က တိုက်ပွဲဖြစ်ခဲ့သည်

KNLA, PDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊ စစ်တပ်ဘက်က ၅ ဦး သေဆုံး

Posted: 08 Dec 2021 05:59 AM PST

ဒီဇင်ဘာ ၈ ရက်၊ ဘားအံစစ်ကောင်စီတပ်နဲ့ ကရင်တပ်မတော် (KNU/KNLA)၊ PDF ပူးပေါင်းတပ်တို့အကြား ဒီဇင်ဘာ ၆ ရက်က ဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်တပ်ဘက်က ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ ၄၀၇)စစ်ကြောင်း မထောကျေးရွာသို့ ထွက်ခွာလာရာ မြေနီကုန်းနဲ့ ထီးဂေလိုကြားအရောက်မှာ KNLA တပ်မဟာ(၅) လက်အောက်ရှိ တပ်သားတွေက ဆွဲမိုင်းနဲ့ ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိ

တနိုင်းမြို့နယ်၊အောင်လောဒ့် ကျေးရွာအနီးက ချောင်းမှာ ပျောက်ဆုံးတဲ့ ကလေး (၃) ဦး ရေနစ်သေဆုံးလျက်တွေ့ရှိ

Posted: 08 Dec 2021 05:53 AM PST

ဒီဇင်ဘာ၊၈ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ အောင်လောဒ့်ကျေးရွာအနီးက ချောင်းတစ်ခုမှာ ပျောက်ဆုံးသွားတဲ့ ကလေး (၄)ဦးအထဲက  (၃)ဦးကို ဒီဇင်ဘာ(၇)ရက်နေ့ ညနေပိုင်းက ရေနစ် သေဆုံးလျှက် ပြန်လည် တွေ့ရှိရတယ်လို့ သိရပါတယ်။ အဲဒီကလေးတွေဟာ ဒီဇင်ဘာလ(၆)ရက်နေ့က ပျောက်ဆုံးသွားတာ ဖြစ်ပြီး နောက်တစ်နေ့ ညနေပိုင်းမှာတော့ (၃)ဦးကို သေဆုံးလျှက်တွေ့ရပြီးတော့ တစ်ဦးပဲ အသက်ရှင် ကျန်နေခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ "ကလေးတွေက မိဘတွေ

ကပေါင်းကျကျေးရွာက ပြန်သွားတဲ့ စစ်အုပ်စု မိုင်းထိပြီး ၆ဦး သေဆုံး

Posted: 08 Dec 2021 05:49 AM PST

တန့်ဆည်၊ ဒီဇင်ဘာ ၈၊ ၂၀၂၁။တန့်ဆည်မြို့နယ် ၊ ကပေါင်းကျကျေးရွာမှာတပ်စွဲထားတဲ့ စစ်အုပ်တွေ ဒီကနေ့ ပြန်သွားကြပြီး လမ်းမှာ မိုင်းမိလို့ ၆ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။တန့်ဆည်မြို့မှာ ၂လနီးပါး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ဒီနေ့မနက်ပိုင်း အဲ့ဒီရွာက အပြန် စည်တုံးလုံး ချောင်းနားမိုင်းမိပြီး ၆ဦးသေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။" ကပေါင်းကျ ကံဖျားကျောင်းနဲ့ သီးကုန်းကျောင်းကို တပ်

မန္တလေး စာသင်ကျောင်းအနီး စကစများကို တိုက်ခိုက်ခံရမှူ ဒဏ်ရာရသူ‌တွင် ဗိုလ်မှူးတစ်ဦး ပါဝင်

Posted: 08 Dec 2021 03:40 AM PST

MFP ၊ ဒီဇင်ဘာ - ၈ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် လက်ရွေးရပ်ကွက်ရှိ အမှတ်(၁၈) အလကခွဲကျောင်းဘေး စကစအဖွဲ့ဝင်များ တပ်စွဲထားသည့်နေရာကို ယနေ့နံနက်ပိုင်းက တိုက်ခိုက်မှုမှာ Generation Z Power ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့(မန္တလေး)နှင့် Black Image (Mandalay) တို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်သည်။ ယင်းတိုက်ခိုက်မှုကြောင့် စကစအဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး နှစ်ဦးခန့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့

မြိုင်မှာ စစ်ကောင်စီကားနှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ

Posted: 08 Dec 2021 03:35 AM PST

မြိုင်၊ ဒီဇင်ဘာ ၈၊ ၂၀၂၁။မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်တွေတင်လာတဲ့ ကားနှစ်စီးကို ဒီဇင်ဘာ ၈ ရက် ဒီနေ့ နေ့ခင်း ၃ နာရီလောက်မှာ မိုင်းဆွံတိုက်ခိုက်ခဲ့တယ်လို့ မြိုင် PDF ဆီက သိရပါတယ်။ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ပခုက္ကူ-မြိုင် လမ်းပေါ်မှာ စစ်သား ၄၀ လောက် တင်လာတဲ့ ကား ၂ စီးကို မိုင်း ၁၁ လုံးနဲ့  တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကားတစီးက‌တော့‌ ထိခိုက်ပျက်စီးသွားတယ်လို့ မြိုင် PDF ရဲ့တာ၀န်ရှိသူတဦးက ပြောပါ

ပေါက်မြို့နယ်မှာ စစ်ကောင်စီထောက်ပို့ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခံရ

Posted: 08 Dec 2021 03:33 AM PST

ပေါက်၊ ဒီဇင်ဘာ ၈၊ ၂၀၂၁။ပေါက်မြို့နယ်မှာ စစ်ကောင်စီထောက်ပို့ယာဥ်တန်းကို ဒီဇင်ဘာ ၈ ရက် ဒီနေ့မနက် ၇ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့  ပေါက် PDF ဆီက သိရပါတယ်။ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ငမို့ကြီးကျေးရွာနဲ့ ရွှေလှံကျေးရွာအကြား ပခုက္ကူ - မင်းတပ် လမ်းမကြီးပေါ်မှာ စစ်ကောင်စီထောက်ပို့ယာဥ်တန်း ၁၃ စီးလောက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အဲ့ဒီကားတွေထဲက တစီးက‌တော့ မိုင်းထိခဲ့တယ်လို့ ပေါက် PDF ရဲ့

လမ်းမတော်မြို့နယ် NLD အမျိုးသမီးလုပ်ငန်းအဖွဲ့မှာပါဝင်သူ သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံး

Posted: 08 Dec 2021 03:29 AM PST

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ လမ်းမတော်မြို့နယ်ပါတီအမျိုးသမီးလုပ်ငန်းအဖွဲ့က မခင်မျိုးဆိုသူဟာ ဒီနေ့ ဒီဇင်ဘာလ ၈ ရက်မနက်ပိုင်းမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ဘီဘီစီက သိရှိရပါတယ်။မခင်မျိုးဟာ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်ထဲက ၉ ရပ်ကွက်၊ ဇော်ဂျီလမ်းထဲမှာရှိတဲ့ဈေးမှာ ဆန်ရောင်းချဖို့ ဈေးဆိုင်ဖွင့်နေချိန် အိမ်စီးကားနဲ့လာတဲ့သေနတ်သမားရဲ့ပစ်ခတ်တာခံခဲ့ရတာလို့ ဒီဖြစ်စဉ်ကိုသိရှိတဲ့ဒေသခံ

မြန်မာစစ်တပ်နဲ့ ဆက်စပ်သမျှ စီးပွားရေးဆိုရင် ဖေ့စ်ဘုတ်ပေါ်က ဖယ်ရှား

Posted: 08 Dec 2021 05:45 AM PST

ဖေ့စ်ဘုတ်နဲ့ အင်စတာဂရမ်တို့ရဲ့ မိခင်ကုမ္ပဏီ မက်တာ 'Meta' က သူတို့ပိုင် ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေ ပေါ်ကနေ မြန်မာအာဏာ အာဏာသိမ်းစစ်တပ်ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေတဲ့ စီးပွားရေး လုပ်ငန်းတွေကို ကိုယ်စားပြုနေတဲ့ ပေ့ဂျ်စာမျက်နှာတွေ၊ ဂရုပ် အုပ်စုတွေ၊ အကောင့်တွေကို ဖယ်ရှားပါတယ်။အဓိပ္ပာယ်ကတော့ အာဏာသိမ်း စစ်တပ်ရဲ့ စီးပွားရေး အဖြစ် သိထားသမျှ လုပ်ငန်းတွေကို ဖေ့စ်ဘုတ် အပါအဝင် Meta ကုမ္ပဏီက ပိုင်တဲ့ ဆို

ထန်တလန် မီးလောင်မှုထပ်မံဖြစ်ပွားကာ အိမ် ၃၈ လုံးပြာကျသွား

Posted: 07 Dec 2021 05:58 PM PST

ဒီဇင်ဘာလ ၅ ရက်တွင် ထန်တလန်မြို့ပေါ် ရပ်ကွက် ၃ခုတွင် မီးလောင်မှုထပ်မံဖြစ်ပွားကာ လုံတီာလ်ရပ်ကွက်ရှိ အထက(ခွဲ) ကျောင်းအပါအဝင် လူနေအိမ် ၃၈ လုံး  မီးလောင်ဆုံးရှုံးခဲ့ရသည်။ လုံတီာလ်ရပ်ကွက် (Lungtial Sang) တွင် ၁၉ အိမ်၊ ဈေးရပ်ကွက် (Market Sang) တွင် ၈အိမ်နှင့် ဘုရားကျောင်းရပ်ကွက် (Biakinn Sang) တွင် ၁၁ အိမ်တို့ ဖြစ်သည်။ Chin News Journal - CNJ

ဝင်းရေးမြို့နယ်တွင် စစ်ကောင်စီနှင့် နယ်မြေခံ YPDF ကြား တိုက်ပွဲ(၂)ကြိမ်ဖြစ်

Posted: 07 Dec 2021 05:53 PM PST

ဒီဇင်ဘာ ၇ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီကေအဲန်ယူနယ်မြေ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ် ကနင်ကမော့ကျေးရွာအုပ်စုတွင် ယနေ့(ဒီဇင်ဘာလ ၇ရက်)တွင် နယ်မြေခံ YPDF နှင့် စစ်ကောင်စီတပ်ဖွဲ့ကြား တိုက်ပွဲ(၂)ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိသည်ဟု ဒေသ ခံများထံမှ သိရသည်။နှစ်ဖက် ထိပ်တိုက်တိုက်ပွဲမှာ မနက် (၈)နာရီဝန်းကျင်တွင် လိမ္မော်ခြံနှင့် အောင်သပြေရွာကြားတွင် တစ်ကြိမ်၊ မွန်းလွှဲ (၁)နာရီကျော်တွင် အောင်သာယာ

သိန္နီမြို့ ပန်လော့တိုးဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွါး အရပ်သား ကားသမားဒဏ်ရာရ

Posted: 07 Dec 2021 04:52 PM PST

ပစ်ခတ်မှုဖြစ်ပွါးတဲ့ ပန်လော့တိုးဂိတ်ဒီဇင်ဘာလ ၇ ရက် ၂၀၂၁သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ ပန်လော့တိုးဂိတ်တွင် ယနေ့ည ဒီဇင်ဘာ ၇ ရက် ည ၇ နာရီအချိန်ခန့်က မိုင်းကွဲမှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။ မိုင်းကွဲမှုတွင်ကားသမား တဉီး  ဉီးခေါင်း ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်းလည်းသိရသည်။မိုင်းကွဲမှုဖြစ်ပွါးခဲ့ပြီးနောက်(တဖက်တည်းသာ) ပြန်လည်ပစ်ခတ်သံ ကိုလည်း နာရီ၀က်ခန့်အကြာ ကြားရသည်ဟု သိန္နီဒေသခံများက ပြောသည်။ မည်သည့်

စစ်ကောင်စီက ဒီပဲယင်း အနောက်ဘက်ခြမ်းကို ရဟတ်ယာဥ်တွေသုံးပြီးတိုက်

Posted: 07 Dec 2021 04:41 PM PST

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အနောက်ဘက်ခြမ်းက ရွာတွေဖြစ်တဲ့ အောင်စည်မြေ၊ ဝန်းရံ၊ ကုန်းရိုး ရွာတွေရဲ့အနီး လယ်တောတွေထဲက စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေ ဒီကနေ့ ဒီဇင်ဘာလ ၇ ရက်နေ့ မနက်အစောပိုင်းကတည်းက အပြန်အလှန်ပစ်ခတ် တာတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။အဲဒီလိုပစ်ခတ်နေရင်း နေ့ခင်းပိုင်းမှာတော့ စစ်တပ်ကိုပိတ်ဆို့ထားတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ကို ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်သလို၊ နောက်ထပ် ရဟတ်ယာဉ်နဲ့

မုံရွာတစ်ဖက်ကမ်းမှာ မီးရှို့ထားတဲ့ဒေသခံ ၁၁ ဦးရဲ့ အလောင်းတွေတွေ့

Posted: 07 Dec 2021 04:39 PM PST

စစ်ကိုင်းတိုင်း မုံရွာမြို့တစ်ဖက်ကမ်း ဆားလင်းကြီးမြို့နယ် ဒုန်းတောကျေးရွာအနီးမှာ မီးရှို့ခံထားရတဲ့ ဒေသခံ အမျိုးသား ၁၁ ဦး အလောင်းတွေကို ဒီဇင်ဘာလ ၇ ရက်နေ့မနက်ပိုင်းက တွေ့ရတယ်လို့ ဆားလင်းကြီးဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။မုံရွာတစ်ဖက်ကမ်းက ဆားလင်းကြီးမြို့နယ် ဒုန်းတော ဂုဏ်တော ကျေးရွာတွေအနီးမှာ ရွှေတောင်ဦးကုန်းပေါ်က ဆင်းလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံလုံခြုံရေးတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ဒေသခံ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.