Wednesday, January 19, 2022

သစ်ထူးလွင်

သစ်ထူးလွင်


ရန်ကုန်မှာ စက်သုံးဆီစျေးတွေတက်

Posted: 18 Jan 2022 04:15 PM PST

ဇန်နဝါရီလ ၁၈ ရက် ရန်ကုန်စက်သုံး‌ဆီဆိုင်တစ်ခုက ထုတ်ပြန်ထားတဲ့ စျေးနူန်းများရန်ကုန်မှာ တစ်ပတ်အတွင်း စက်သုံးဆီစျေးတွေ သိသိသာသာတက်လာကြောင်းရန်ကုန်မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။အခု ရက်သတ္တပတ်အတွင်းကစပြီး စက်သုံးဆီစျေးတွေ သိသိသာသာ တက်လာတာဖြစ်တယ်လို့ သူကပြောပါတယ်။ပြီးခဲ့တဲ့တစ်ပတ်က အိမ်စီးကားတွေ အသုံးများတဲ့ ၉၂ တစ်လီတာကို ၁၄၄၅ ကျပ်ကနေ ၁၅၄၀ ကျပ်ခန့်ဖြစ်လာပြီး အရင် တစ်လီတာကို ကျပ် ၁၅၀၀ ဝန်းကျင်စျေးရှိ

ဂန့်ဂေါက ရွာတရွာကို စစ်သားနဲ့ ပျူစောထီးအဖွဲ့တွေ ရွာလုံးကျွတ်မီးရှို့နေ

Posted: 18 Jan 2022 09:25 AM PST

ဂန့်ဂေါ၊ ဇန်နဝါရီ ၁၈၊ ၂၀၂၂။မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ စန်းမြို့ရွာကို စစ်ကောင်စီနဲ့ ပျူစောထီးပူပေါင်းအဖွဲ့က ဇန်နဝါရီလ ၁၈ ရက် ဒီနေ့နေ့လည် ၁ နာရီလောက်ကစပြီး ရွာလုံးကျွတ်မီးရှို့နေတယ်လို့ Peploe Defence Force - Gangaw Battalion တာဝန်ခံက ပြောပါတယ်။ "မြောက်ခရမ်းကနေပြီးတော့ ပျူစောထီးနဲ့ စစ်ကောင်စီကစစ်သားတွေ လာရှို့ကြတာ၊ အင်အားကသူတို့က များတယ်။ အင်အား ၇၀ လောက်နဲ့လာရှို့သွားတာ၊ နေစရာအိမ်လည်းမရှိတော့

ဂန့်ဂေါနယ်စန်းမြို့ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက မီးရှို့

Posted: 18 Jan 2022 09:24 AM PST

ဂန့်‌ဂေါ ဇန်နဝါရီ ၁၈ဂန့်ဂေါမြို့နယ်၊ စန်းမြို့ရွာကို ဒီနေ့ည‌ေနပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီး စုစုပေါင်း အင်အားတစ်ရာခန့်နဲ့ ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေလုပ်ခဲ့ပါတယ်။ထိခိုက်ပျက်ဆီးဆုံးရှုံးမှုတွေ၊ ဒေသခံတွေ အဖမ်းခံရ မခံရဆိုတာတွေတော့ အတိအကျမသိရသေးပါဘူး။ Gangaw Youths Voice

ဟုမ္မလင်း PDF၏ပထမဆုံးတိုက်ပွဲ စစ်​ကောင်စီတပ်သား ၅ ဦးထက်မနည်း​သေဆုံးနိုင်ဟုထုတ်ပြန်

Posted: 18 Jan 2022 09:17 AM PST

အကြမ်းဖက်စစ်ကောင်စီအား တိုက်ခိုက်သည့် ဟုမ္မလင်းPDF၏ ပွဲဦးထွက်တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား (၅)ဦးထက်မနည်း သေဆုံးပြီး PDFများ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့​ကြောင်း ဟုမ္မလင်း ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ (HPDF) ကကြေညာသည်။ဟုမ္မလင်းPDF၏ ပွဲဦးထွက်တိုက်ပွဲကို  ဟုမ္မလင်းမြို့နယ်၊ နမ်ပတ်ကား ကျေးရွာ အနီးတွင် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းအား မိုင်းဆွဲ တိုက်ခိုက်ခြင်းဖြင့် ယနေ့(ဇန်နဝါရီ ၁၈ရက်)

တန့်ဆည်နယ်တွင် အင်အား(၃၀)ခန့်ရှိ စကစနှင့် ပျူ ပူးပေါင်းအုပ်စုကို မိုင်းဆွဲတိုက်ခိုက်၊ စကစ ငါးဦးသေပြီး တော်လှန်ရေး ရဲဘော်တစ်ဦး ကျဆုံး၊

Posted: 18 Jan 2022 08:56 AM PST

ဇန်နဝါရီ - ၁၈စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် သဲစားကျေးရွာ အရှေ့ဘက် ဆည်ဘောင်အနီးတွင် ယနေ့ ညနေပိုင်းက အင်အား(၃၀)ခန့် ရှိသော စကစနှင့် ပျူများ ပူးပေါင်းအုပ်စုကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စကစ ငါးဦး သေကြာင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပ.က.ဖ က သတင်းထုတ်ပြန်သည်။ယနေ့ ဇန်နဝါရီ(၁၈)ရက် ညနေ(၃)နာရီဝန်းကျင်က စကစနှင့် ပျူ ပူးပေါင်းအုပ်စုကို  တန့်ဆည် ပြည်သူ့ကာကွယ်ရေး

ဒီပဲယင်းနယ်တွင် စကစများနှင့် ဒေသခံကာကွယ်ရေးတပ်များ နာရီဝက်ခန့်ကြာ အနီးကပ်တိုက်ပွဲဖြစ်၊

Posted: 18 Jan 2022 08:55 AM PST

စကစကို တိုက်ခိုက်ရန် လေ့ကျင့်နေသည့် Freedom Revolution Force - FRF ရဲဘော်များ/ Photo – FRF ဇန်နဝါရီ - ၁၈စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ဆပ်ပြားကျင်းရွာချောင်းအနီး တပ်စွဲထားသော စကစများကို ယနေ့ ညနေပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်များက သတင်းထုတ်ပြန်သည်။ယနေ့ ဇန်နဝါရီ(၁၈)ရက် ညနေ(၅)နာရီဝန်းကျင်က ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်း

စစ်ကောင်စီ လက်အောက်ခံ စစ်ကိုင်းတိုင်း ကလေးမြို့ မူးယစ်တပ်ဖွဲ့စု(၅)၊ အဖွဲ့ဝင်နဲ့ တမူးမြို့နယ် PDF တို့ တိုက်ပွဲအတွင်း ရဲမှူးအပါအဝင် ရဲ ၅ ဦး သေဆုံးခဲ့

Posted: 18 Jan 2022 08:53 AM PST

စစ်ကောင်စီ လက်အောက်ခံ စစ်ကိုင်းတိုင်း ကလေးမြို့ မူးယစ်တပ်ဖွဲ့စု(၅)၊ အဖွဲ့ဝင်နဲ့ တမူးမြို့နယ် PDF တို့ တိုက်ပွဲအတွင်း ရဲမှူးအပါအဝင် ရဲ ၅ ဦး သေဆုံးခဲ့ပါတယ်။မနေ့ ဇန်နဝါရီ ၁၇ ရက် နေ့လယ် ၃ နာရီခွဲက တမူးမြို့ကနေ ကလေးမြို့သို့ ထွက်လာစဥ် မိုင်းဆွဲ တိုက်ခိုက်ရာ ရဲမှူး၊ ဒုရဲမှူး၊ ရဲအုပ်၊ ရဲတပ်ကြပ်နဲ့ ဒုတပ်ကြပ်တို့ သေဆုံးခဲ့တယ်လို့ တမူး PDF က ဒီနေ့လယ်မှာ ထုတ်ပြန်လာပါတယ်။ဓာတ်ပုံ- Tamu-PDFShwe Phee Myay News

မြို့ပြတော်လှန်ရေးကို အထောက်အကူပြုဖို့ ပြည်သူတိုင်း သတင်းပို့ကြပါစို့။

Posted: 18 Jan 2022 08:49 AM PST

မြို့ပြတော်လှန်ရေးကို အထောက်အကူပြုဖို့ ပြည်သူတိုင်း သတင်းပို့ကြပါစို့။‼️ တော်လှန်ရေး တစ်နှစ်ပြည့်ခါနီး ဖြစ်လာတဲ့အချိန်မှာ သက်ဆိုင်ရာကို ပုံမှန်သတင်းပေးတဲ့ တာဝန်သိပြည်သူ အရေအတွက် ပိုပိုများလာဖို့ လိုအပ်လာပါတယ်။ စစ်ကြောရေးထဲ ရောက်ပြီး လူမဆန်အောင် နှိပ်စက်ခံရတဲ့သတင်း ကြားမှ နှလုံးကြေကွဲ ဝမ်းနည်းနေမဲ့အစား ပြည်သူများ အားလုံး တက်တက်ကြွကြွ သတင်းပေးပေးကြဖို့ RSN နဲ့ မြိုပြ​​ပျောက်ကြား အင်အားစုများအားလုံး

ကသာတွင် စစ်ကောင်စီဗုံးကြဲသဖြင့် ကလေးနှစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရ

Posted: 18 Jan 2022 08:42 AM PST

ပုံ/ တိုက်​လေယာဥ်ဖြင့် ပစ်ခတ်ခဲ့​သော​ကြောင့် ပျက်စီးသွား​သော ​မှတ်တိုင်​ကျေးရွာက စေတီ​တော်။ကသာ - ဇန်နဝါရီ ၁၈၊ ၂၀၂၂။ တိုက်ပွဲဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် မှတ်တိုင်ကျေးရွာကို ယနေ့မွန်းလွှဲ ၂ နာရီခွဲခန့်က စစ်ကောင်စီတပ်တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အသက်မပြည့်သည့် ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်

တန့်ဆည်တွင် စစ်ကောင်စီထုတ်ကုန် မြန်မာဘီယာများကို ပြည်သူ့ကာကွယ်ရေးတပ်များ ထပ်မံဖျက်ဆီး

Posted: 18 Jan 2022 08:41 AM PST

တန့်ဆည် - ဇန်နဝါရီ ၁၈၊ ၂၀၂၂။ စစ်ကောင်စီတပ်က ကျောထောက်နောက်ခံပြုထားသည့် ဘီယာများကို တန့်ဆည်မြို့နယ်တွင် ယ‌မန်‌ေန့ မွန်းလွှဲ ၂ နာရီခန့်က ထပ်မံစစ်ဆေးတွေ့ရှိသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များက ဖျက်ဆီးလိုက်ကြောင်း သိရသည်။ မန္တလေး - ကလေး - တမူး လမ်းမပေါ်သို့ ၁၂ ဘီးကားဖြင့် မြန်မာဘီယာ (Myanmar Beer) ဖာ ၂၀၀ တင်ဆောင်လာသည်ကို တွေ့ရှိသောကြောင့် တန့်ဆည် ပြည်သူ့ကာကွယ်ရေးတပ်(ပကဖ)နှင့် မဟာမိတ် အဖွဲ့တို့ ပူးပေါင်း

ခြေလျင်စစ်ကောင်းထိုးလာသော စစ်ကောင်စီတပ်အား KIA နှင့် PDF ပူးပေါင်းတိုက်ခိုက်၊ စကစတပ်သား အနည်းဆုံး (၁၅) ဦးသေဆုံး

Posted: 18 Jan 2022 08:39 AM PST

ဇန်နဝါရီ ၁၈ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ရွှေငြိမ်းချမ်းရွာမှ ခြေလျင်စစ်ကြောင်းထိုး၍ ​တက်လာသော စကစအင်အား (၅၀) ကျော်ခန့်အား ယမန်နေ့ မနက် ၈ နာရီ ၅၀ မိနစ်ခန့်တွင် အမှတ်ကြီးကုန်းရွာအနီး၌ မြို့လှ PDF နှင့် KIA ပူးပေါင်းတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသည်။အဆိုပါတိုက်ပွဲအတွင်း စကစဘက်မှ (၁၅) ဦးထက်မနည်းသေဆုံး၍ ဒဏ်ရာရရှိသူ အများအပြား

မန္တလေး ကျွဲဆည်ကန်ဘဏ်ရှေ့တွင် တပ်စွဲထားသော စကစကင်းဗုံးပစ်ခံရ၍ စကစတပ်သား (၂) ဦး လေပေါ်မြောက်တက်သွားကာ သေဆုံး

Posted: 18 Jan 2022 08:36 AM PST

ဇန်နဝါရီ ၁၈မန္တလေး ၁၁၅ လမ်း ကျွဲဆည်ကန်ဘဏ်တွင် တပ်စွဲထားသော စစ်ကောင်စီကင်းအား ယနေ့ ညနေပိုင်းက Rangers Of Mandalay နှင့် YNO MDY PDF မှ ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့ရာ စကစတပ်သား (၂) ဦးသေဆုံးသွားကြောင်း သိရသည်။" ၁၁၅ လမ်း ကျွဲဆည်ကန်ဘဏ်တွင် တပ်စွဲထားသော စကစကင်းကို ROM PDF နှင့် YNO MDY PDF တို့ ပူးပေါင်း အသီးကျွေးခဲ့ရာ လေပေါ်မြောက်တက်သွားပြီး မြေကြီးကိုအနမ်းပေး၍ မနိုးသောအိပ်ခြင်းဖြင့် ငရဲပို့ပေးခဲ့ပါတယ်၊

ထိုင်းဘက်ခြမ်းရှိ လေးကေ့ကော်စစ်ဘေးရှောင် တချို့ ယနေ့ နေရပ်ပြန်၊ လေးကေ့ကော်နယ်မြေ လုံးဝစိတ်ချရသည့်အခြေအနေ မရှိသေးဟု အုပ်ချုပ်ရေးမှူး ပြော

Posted: 18 Jan 2022 08:22 AM PST

ပုံစာ-မြန်မာ၊ ထိုင်းနယ်စပ် သောင်ရင်းမြစ်ကမ်း ထိုင်းနိုင်ငံဘက်ခြမ်း၌ မြန်မာစစ်ရှောင်တချို့ ခိုလုံနေကြစဥ်ဇန်နဝါရီလ ၁၈ ၊ ၂၀၂၂ ခုနှစ် ။ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်နယ်မြေအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ကမ်း ထိုင်းနိုင်ငံဘက်ခြမ်းရှိ မဲ့ကိုကင်းရွာ   စစ်ရှောင်စခန်း၌ ခိုလုံနေသူ တချို့ ယနေ့ ဇန်နဝါရီလ ၁၈ရက် နံနက်ပိုင်းတွင် နေရပ်ပြန်ခဲ့ကြသည်ဟု

ဘီးလင်းမြို့နယ်၌ စစ်ကောင်စီတပ်ကားနှင့် တိုးဂိတ်တို့ကို KNLA တိုက်ခိုက်၊ စစ်သား ၃ ဦးခန့်သေဆုံး

Posted: 18 Jan 2022 08:20 AM PST

ဇန်နဝါရီလ ၁၈ ရက် ၊ ၂၀၂၂ ခုနှစ် ။မွန်ပြည်နယ် သထုံမြို့မှ ဘီးလင်းမြို့ဘက်သို့ဆင်းလာသောစစ်ကောင်စီတပ်ကားတစ်စီးအား KNLA တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ခန့်သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၇ ညနေပိုင်းတွင် KNU တပ်မဟာ ၁ နယ်မြေအတွင်းရှိ ဘီးလင်းမြို့အဝင် ရန်ကုန်-မော်လမြိုင်ကား လမ်းဘေး၌ စစ်ကောင်စီတပ်ကားအား KNLA တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။အဆိုပါ

KIA နှင့် မြို့လှ PDF ပေါင်းတိုက်သဖြင့် စစ်ကောင်စီ ၁၅ ယောက်ခန့်သေ

Posted: 18 Jan 2022 08:17 AM PST

မဲခေါင်၊ ဇန်နဝါရီ ၁၈စစ်ကိုင်းတိုင်း၊ မြို့လှမြို့၊ ရွှေငြိမ်းချမ်းရွာမှ ခြေလျင်တက်လာသည့် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်အား အမှတ်ကြီးကုန်းကျေးရွာအနီးတွင် KIA နှင့် မြို့လှ PDF ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၁၇ မနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ ယောက်ခန့် ကျဆုံးသည်ဟု မြို့လှ PDF က ယနေ့ထုတ်ပြန်သည်။တိုက်ခိုက်မှုတွင် လက်နက်ကြီး၊လက်နက်ငယ်များ အပြန်အလှန်ပစ်ခတ်ခဲ့ပြီး မြို့လှ PDF ဘက်မှလည်း

မုံရွာတွင် ည​နေ ၅ နာရီ​နောက်ပိုင်းအပြင်မထွက်ရန် တော်လှန်ရေးအဖွဲ့များမေတ္တာရပ်ခံ

Posted: 18 Jan 2022 08:16 AM PST

မဲခေါင်၊ ဇန်နဝါရီ ၁၈မုံရွာမြို့အတွင်း ညနေ ၅ နာရီနောက်ပိုင်းမှစ၍ အမဲလိုက်မည်ဖြစ်၍ အရေးကိစ္စကျန်းမာရေးကိစ္စမှလွဲ၍ အပြင်မထွက်ရန် အထူးမေတ္တာရပ်ခံကြောင်း မုံရွာမြို့ရှိ မြို့ပြပျောက်ကြားအဖွဲ့များက ​မေတ္တာရပ်ခံသည်။  အဆိုပါထုတ်ပြန်ချက်ကို Monywa NigtKing,Monywa Heroes Group,ACF Monywa,Monywa The Boys,Monywa Ninja,Monywa Phoenix,လောကနတ်,မုံရွာသံမဏိတပ်ဖွဲ့ တို့မှ ပူးပေါင်းထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

မုံရွာတွင် PDF စခန်းတစ်ခုမီးရှို့ခံရကာ စစ်တပ်က အမျိုးသား၄ဦးကို သေနတ်ဖြင့်ပစ်သ တ်၍ ၅ဦးအရှင်ဖမ်းဆီး

Posted: 18 Jan 2022 08:11 AM PST

ဇန်နဝါရီ၁၈ ၊မုံရွာစစ်ကိုင်းတိုင်း၊မုံရွာမြို့နယ် လယ်ဇင်စံပြကျေးရွာကို အကြမ်းဖက်စစ်တပ်က ယမန်နေ့ဇန်နဝါရီ၁၇ရက်နေ့ ညနေပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ပြီး အမျိုးသား၄ဦးကို သေနတ်ဖြင့် ဦးခေါင်းတေ့ပစ်သတ်၍ ၅ဦးအရှင်ဖမ်းဆီးခံရကြောင်းသိရသည်။  စစ်တပ်ကို လယ်ဇင်စံပြကျေးရွာကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် PDFစခန်းတစ်ခုကို မီးရှို့ဖျက်ဆီးကာ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်ရကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား (၅) ဦးသေဆုံ

Posted: 18 Jan 2022 08:09 AM PST

 ဇန်နဝါရီ၁၈ မုံရွာစစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် နမ်ပတ်ကားကျေးရွာအနီးမှာဇန်နဝါရီ၁၈ရက်နေ့ကစစ်ကောင်စီယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်သား၅ဦးသေဆုံးတယ်လို့ သိရသည်။ "ဒီနေ့ နေ့လည်၁၂နာရီက နမ်ပတ်ကားကျေးရွာအနီး စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲတိုက်ခဲ့တယ်၊ကျွန်တော်တို့က သူတို့ထွက်လာကိုသတင်းရလို့ကြိုစောင့်နေတာ၊စစ်ကောင်စီတပ်သား၅ဦးသေဆုံးတယ်၊သူတို့ပြန်ပြီးပစ်တာတွေလုပ်တယ်၊ကျွန်တော်တို့အဖွဲ့ကထိခိုက်မရှိဘဲဆုတ်

ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာက ပျူစောထီးအဖွဲ့ဝင်တစ်ဦး အသတ်ခံရပြီး ယနေ့အချိန်ထိ အလောင်းလာကောက်သူမရှိ

Posted: 18 Jan 2022 08:07 AM PST

ဇန်နဝါရီ ၁၈ရက်စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ကံကြီးကုန်းကျေးရွာမှ ပျူစောထီး မိုးကျော်ဆိုသည့် အဖွဲ့ဝင်တစ်ဦး ဇန်နဝါရီလ ၁၇ ရက်နေ့ နေ့လည် ၂ နာရီတွင် အသတ်ခံရကြောင်း ဒေသခံများထံကသိရသည်။"နဂါးတှငျးကြေးရှာ နှငျ့ လယျတောျကြေးရှာ ကွားရှိ ဆူးဖွူတောအနီးထူးထဲမှာ ဓားဖွငျ့ မသမေခငြျးသတျပစျတာပါ။ စစျကောငျစီက လကျနကျတှတေပျဆငျပေးထားတော့ ဒီကောငျတှေ ဂြိုကွှနပွေီး ပွညျသူတှကေို ဒုက်ခပေးနတော ဒါကွောငျ့ သုတျသငျရှငျးလငျး

စစ်ကောင်စီတပ်နှင့်နီးစပ်သူ သံဖြူဇရပ်မြို့နယ် YMBA အတွင်းရေးမှူး ဌေးအောင် သေနတ်နဲ့ ၅ ချက်ပစ်သတ်ခံရ

Posted: 18 Jan 2022 08:06 AM PST

ဓာတ်ပုံ- စစ်အာဏာသိမ်းမှုကိုထောက်ခံခဲ့သည့် ဗုဒ္ဓ ဘာသာကလျာဏယုဝအသင်း YMBAအသင်းအဖွဲ့ဝင်များဇန်နဝါရီ ၁၈ ရက်မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ် စစ်ကောင်စီ သ တင်းပေးဟု နာမည်ကြီးသူ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)၏အတွင်းရေးမှူး ဇန်နဝါရီ ၁၇ ရက် ညနေပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။ပစ်သတ်ခံရသူမှာ သံဖြူဇရပ်မြို့နယ်၊ ကျုံဂဒတ်ရွာ တွင်နေထိုင်သူ မြို့နယ်  YMBAအတွင်းရေးမှူး ဦးဌေးအောင် ဆိုသူဖြစ်

ရေကြည်မြို့နယ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ဒလန် ဆန်းတင့်၏ သတင်းပေးမှုကြောင့် CDM ကျောင်းဆရာတစ်ဦး အပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

Posted: 18 Jan 2022 08:04 AM PST

(ရေကြည်)၊ ဇန်နဝါရီ ၁၈ ရက်ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ဒလန်၏ သတင်းပေးမှုကြောင့် CDM ကျောင်းဆရာတစ်ဦး အပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ယမန်နေ့ မနက်ပိုင်းက သတင်းပေး(ဒလန်)တစ်ဦးဖြစ်သူ ဆန်းတင့်အား အမည်မသိသေနတ်သမားက ပစ်ခတ်ခဲ့ပြီးနောက် ၎င်း၏ သတင်းပေးမှုဖြင့် CDM ကျောင်းဆရာတစ်ဦး၊ Non -CDM ကျောင်းအုပ်တစ်ဦး အပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်းအား စစ်

ပြည်သူနေအိမ်တွေမှာ ပစ္စည်းခိုးယူနေတဲ့ သူခိုးတစ်ဦး ဖမ်းမိ

Posted: 18 Jan 2022 08:02 AM PST

ဒီကနေ့(ဇန်နဝါရီ ၁၈)ရက် မနက်ပိုင်း ၁၀နာရီခွဲ အချိန်မှာ ပြည်သူတွေရဲ့ နေအိမ်မှာ ပစ္စည်းခိုးယူနေတဲ့ သူခိုးတစ်ယောက်ဖမ်းမိခဲ့တယ်လို့  ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)က သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုလင်းလင်းက ပြောပါတယ်။" ဒီ ဒေါဥခူ အနောက်ပိုင်းရပ်ကွက်လောက်မှာကျမယ်။ အဲ့ဒီမှာ ကျနော်တို့ ဒီနယ်မြေရှင်းလင်းရေးလုပ်ရင်းနဲ့ပေါ့။ ကင်းတွေ ဘာတွေ ကျနော်တို့ ချရင်းနဲ့ အဲ့ဒီမှာ အဲ့ဒီအိမ်မှာကလည်း အိမ်ပိုင်ရှင်ရှိတယ်။

မြစ်ကြီးနား မီးရထားဝန်းမှ CDM ဝန်ထမ်းများအား တစ်ပတ်အတွင်းပြောင်းရွှေ့ခိုင်း

Posted: 17 Jan 2022 10:43 AM PST

17 January 2022 မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်ရှိ မီးရထားဝန်းနေအိမ်လိုင်းခန်းများအတွင်း နေထိုင်နေကြသည့် CDM ဝန်ထမ်းများကို တစ်ပတ်အတွင်း နေအိမ်လိုင်းခန်းမှ ပြောင်းရွှေ့ခိုင်းသည့်အတွက်ကြောင့် CDM ဝန်ထမ်းများ အခက်အခဲဖြစ်နေကြောင်း သိရသည်။တစ်ပတ်အတွင်းပြောင်းရွှေ့ခိုင်းမှုကြောင့် ပြောင်းရွှေ့နေနိုင်ကြသည့် ဝန်ထမ်းများရှိသလို အဆင်မပြေသည့်အတွက် ပြောင်းရွှေ့နေရန် မတတ်နိုင်ကြသည့်ဝန်ထမ်းများလည်းရှိပြီး

မုံရွာမြို့ခံလူငယ်တစ်ဦး စစ်တပ်၏ ဖမ်းဆီးခြင်းခံရပြီး နာရီပိုင်းအကြာတွင် သေဆုံး

Posted: 17 Jan 2022 10:23 AM PST

မုံရွာ၊ ဇန်နဝါရီ ၁၇စစ်ကိုင်းတိုင်း မုံရွာမြို့က မြို့ခံလူငယ်တစ်ဦးကို ဇန်နဝါရီ ၁၆ ရက်တွင် စစ်တပ်ကအကြောင်းပြချက်မဲ့ ဖမ်းဆီး သတ်ဖြတ်လိုက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။ယမန်နေ့ (ဇန်နဝါရီလ ၁၆) နေ့လယ်ပိုင်းက စျေးသွားဝယ်နေချိန်တွင် ကိုစံပေါ (ခ) ကိုထွန်းအောင်နိုင်ကိုစစ်တပ် က ဖမ်းဆီးသွားပြီးနောက် ညနေ (၆)နာရီမှာ သေဆုံးခဲ့ခြင်းဖြစ်သည်။"ဒီနေ့မနက်သူတို့ ဆက်သွယ်လာတဲ့အချိန်မှသိရတာ။ မနေ့ကဖမ်းသွားတယ်။   ညနေ(၆

ကရင်နီပြည်သူလူထုအနေဖြင့် ဗုံးခိုကျင်းများ အမြန်ဆုံးတူးထားရန် KSCC ကြေညာ

Posted: 17 Jan 2022 10:21 AM PST

ပုံစာ- KSCCမှ ထုတ်ပြန်ထားသည့် ဗုံးခိုကျင်းတူးရမည့် အချက်လက်များကယား၊ ဇန်နဝါရီ ၁၇ကရင်နီပြည်သူလူထုအနေဖြင့် လေကြောင်းတိုက်ခိုက်မှုရန်ကို ကာကွယ်နိုင်ရေးအတွက် ဗုံးခိုကျင်းများ အမြန်ဆုံး တူးထားကြရန် ကရင်နီပြည်နယ်အတိုပင်ခံကောင်စီ KSCC က အရေးပေါ်ကြေညာချက်ကို ယနေ့ (ဇန်နဝါရီ ၁၇) ထုတ်ပြန်သည်။အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် ကရင်နီပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်းတစ်ခု ကို လေကြောင်းမှ ဗုံးကြဲ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.